Social Icons

Monday, November 26, 2012

SSA တောင်ပိုင်းနှင့် အစိုးရတပ် တိုက်ပွဲထပ်ဖြစ်

အပစ်အခတ် ရပ်စဲရေး သဘောတူထားသည့် ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းနှင့် အစိုးရတပ်များ ပြီးခဲ့သည့် စနေနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ SSA တောင်ပိုင်းဘက်မှ ၁ ဦးကျဆုံး၍ ၁ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း အခြေစိုက် လှုပ်ရှားနေသော အစိုးရတပ်၏ ခြေလျင်တပ်ရင်း အမှတ် ၅၅၃၊ ၅၅၄ တပ်ဖွဲ့ဝင်များနှင့် ၃ နာရီခန့် အကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း SSA တောင်ပိုင်း တပ်ဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။ အစိုးရတပ်ဖက်မှ အကျအဆုံးနှင့် ဒဏ်ရာရစာရင်းကိုမူ မသိရှိရပေ။
(irrawaddy)

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .