Social Icons

Thursday, October 16, 2014

KAF ဖွဲ့စည်းခြင်းအပေါ် KNU နှင့် DKBA ကြေညာချက်များထုတ်ပြန်

mizzima-kaf
ကရင်အမျိုးသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ ၄ဖွဲ့က ကော်သူးလေတပ်မတော်(KAF)အဖြစ် အောက်တိုဘာလ ၁၃ရက် နေ့က ပြန်လည်ပေါင်းစည်းလိုက်သည့်အပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တို့က ကြေညာချက်အသီးသီး ထုတ်ပြန်လိုက်သည်။
အောက်တိုဘာ ၁၄ရက်စွဲပါ ကေအဲန်ယူ၊ ကာကွယ်ရေးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် KNLA နှင့် KNDO သည် ကေအဲန်ယူ ၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင် တည်ရှိပြီး နိုင်ငံရေးပြဿာနာများကို နိုင်ငံရေးနည်းဖြင့် ဆက်လက်ဆွေးနွေး အဖြေရှာသွား မည်ဖြစ်သလို ၁၅ကြိမ်မြောက် ကွန်ဂရက်က ချမှတ်ထားသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များ စည်းလုံးညီညွတ်ရေးကော်မတီ (Unity Committee for Karen Armed Groups) အနေဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါကြေညာချက်နှင့် ပတ်သက်၍ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီက “ဒီလိုဖြစ်တဲ့အပေါ်မှာ KNU တစ်ခုလုံးကို ထိခိုက်သွားစရာအကြောင်းမရှိပါဘူး။ ဒီပြဿနာတွေက အသေးအမွှားလေးတွေပါ။ အချင်းချင်းတွေပဲ အမြင်မတူတာကို ပြန် လည်ညှိနှိုင်းသွားရမှာသာဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ DKBA က ကော်သူးလေတပ်မတော်(KAF) ဖွဲ့စည်းခြင်းကို အကြွင်းမဲ့ လက်ခံသော်လည်းထုတ်ပြန် ချက်ပါ စာသား နှင့် သဘောထားများအပေါ် အားလုံး သဘောတူမှုမရှိသော်လည်း ကရင်လက်နက် ကိုင်တပ်ဖွဲ့များ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်း စည်းရေးအတွက် အောက်တိုဘာလ ၂၉ရက်နေ့တွင် စုကလိမြို့နယ်ခွဲရှိ၊ ဆုံဆည်းမြိုင်ရွာ(ကော့သူးမွဲခီး)၌ ကရင်လက်နက်ကိုင် တပ်ဖွဲ့များမှ တာဝန်ရှိသူများအား ဖိတ်ခေါ်ကာ ဆက်ဆွေးနွေးသွားရန်ရှိကြောင်း ရှင်းလင်းထုတ်ပြန်ထားသည်။
“ပြည်သူတွေ လိုလားချက်ကြောင့် အားလုံးသဘောတူ လက်မှတ်ထိုးထားတာပါ။ သဘောမတူတာတော့ မဟုတ်ပါဘူး။ ဆိုလို တာက အသေးစိတ် ညှိနှိုင်းဆွေးနွေးမှုတွေ မရှိသေးတဲ့အတွက်ကြောင့် ထုတ်ပြန်ချက် ထုတ်လိုက်တဲ့အပေါ်မှာ စာအရေးအသား အားနည်းချက်တွေ ရှိတဲ့သဘောကို ဆိုလိုခြင်းသာဖြစ်ပါတယ်”ဟု DKBA ဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်က ပြောသည်။
ယခုလို ကရင်လက်နက်ကိုင်အဖွဲ့များ စုစည်းကာ KAF ဖွဲ့စည်းလိုက်ခြင်းအပေါ် ထောက်ခံကြောင်း၊ ကာကွယ်ရန်အတွက်သာ ဖြစ်ပြီး ကျူးကျော်ရန်မဟုတ်ကြောင်း၊ အဖွဲ့အား ပိုမိုကျစ်လစ်စေချင်ပြီး စစ်ရေးပူးတွဲ လေ့ကျင့်မှုများကို လုပ်စေချင်ကြောင်း ဖားအံမြို့နေ ၈၈ အရေးတော်ပုံကျောင်းသားဟောင်း ကရင်ပြည်သူတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။
ကော်သူးလေတပ်မတော် (Kawthoolei Armed Forces -KAF) ဖွဲ့စည်းအပြီး ထုတ်ပြန်သည့် သဘောတူညီ ချက်တွင် အမျိုး သားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ပေါ်ပေါက် ရေးအတွက် တိုင်းရင်းသားတပ် ပေါင်းစုများ၊ ပြည်သူများ၊ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင် အားစုများဖြင့် လက်တွဲသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
၁၉၄၉ခုနှစ်အတွင်း ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)သည် အင်းစိန်တိုက်ပွဲမှ ပြန်ဆုတ်ခွာသည့်အချိန် ကရင်လက် နက်ကိုင်တပ်များ ပြန်လည်စုစည်းပြီး Karen Armed Forces – KAF အဖြစ် ၁၉၄၉ခုနှစ် နှစ်ကုန်ပိုင်းတွင် တောင်ငူ၌ စတင်ဖွဲ့ စည်းပြီး ထိုစဉ်က စနစ်တကျ မဖွဲ့စည်းနိုင်ခဲ့ပေ။

အစိုးရ စစ်တပ်နှင့် KIA တပ်ရင်း ၆ တို့ အကြား အငြင်းပွား နယ်မြေမှ ရွာသားများအား တခြားသို့ တိမ်းရှောင် ခွင့်မပြု


အစိုးရ စစ်တပ်နှင့် KIA တပ်ရင်း ၆ တို့ အကြား နယ်မြေ အငြင်းပွားရာ ဒေသဖြစ်သည့် ဖားကန့်မြို့နယ် ကင်ဆီဆိုင်း ရာဒေသ  အောင်ဘာလီ ကျေးရွာ ဒေသရှိ ဒေသခံ များအား အစိုးရ စစ်တပ်မှ တခြား ဒေသသို့ ထွက်ပြေးခွင့် မပြုကြောင်း  ကချင် ငြိမ်းချမ်းရေး ကွန်ယက် ဒေါ်ခေါန်ဂျာက ပြောသည်။
“ရွာထဲကိုအကုန်ပြန်ဝင်ခိုင်းတယ်”ဟု ၎င်းက ဆိုသည်။ အောက်တိုဘာ ၁၅ ရက် မနက် ၁၀ နာရီခန့်က အစိုးရစစ်တပ်နှင့်ဖားကန့်ဒေသခံ ဘာသာရေးဆရာများ နှင့်တွေ့ဆုံပြီး ရွာသားများရွှေ့ပြောင်းရေးကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းခဲ့ကြောင်း အောင်ဘာလီ ကျေးရွာဥက္ကဋ္ဌ  ဦးအားချူ ကပြောသည်။
ရွာသားများ ထွက်မပြေးရန်နှင့် ကျေးရွာကို ပြန်လည်ထိန်းသိမ်းရန် နှစ်ဖက်ညှိနှိုင်း ခဲ့ခြင်းဖြစ်ကြောင်း ဦးအာချူက ဆိုသည်။
တဖက်တွင်လည်း ရွာတွင်းသို့ အစိုးရစစ်တပ်ဝင်ရောက်အခြေချနေထိုင်မည်ကို  စိုးရိမ်လျက်ရှိကြောင်း ဒေသ ခံအချို့ က ဆိုသည်။
“အခုအခြေနေက ဗမာစစ်ကြောင်းက ဝင်ကိုဝင်မယ်လို့ပြောတယ်။ အောင်ဘာလီကို ဝင်လို့ရတယ် ပြန် ထွက်လို့မရတော့ဘူး။လမ်းတွေလည်းအားလုံး ပိတ်ထားတယ်”  ဟုအမည်မဖော်လိုသူ တစ်ဦး ကပြောသည်။
 ဥရုမြစ်အရှေ့ဘက်ခြမ်းရှိ အောင်ဘာလီကျေးရွာအနီးတဝိုက် တပ်စွဲထားသော KIA တပ်များ  ဖယ်ရှားရန် အစိုးရစစ်တပ် တပ်မ ၆၆ လက်အောက်ခံတပ်ရင်းတစ်ခုက အောက်တိုဘာလ ၁၄ ရက် တွင်နှုတ်ဖြင့် အကြောင်းကြားခဲ့ရာမှ ဒေသခံများ စိုးရိမ်မှုဖြစ်လာရခြင်းဖြစ်သည်။
ပြဿနာတစ်စုံတစ်ရာဖြစ်ပွားပါက ဒေသခံများတိမ်းရှောင်နိုင်ရန် ကျေးရွာအကျိုးပြုအဖွဲ့တစ်ခုဖြစ်သည့် ဖားကန့် အကျိုးဆောင်အဖွဲ့နှင့် ဘာသာရေးဆရာများက ကားများစီစဉ်ပေးမည်ဖြစ်ကြောင်း ဦးအာချူး ကဆိုသည်။
အောင်ဘာလီကျေးရွာတွင်အခြေချနေထိုင်သူ ၆၀၀ ၀န်းကျင်ခန့် ရှိသည်။

Wednesday, October 15, 2014

အရေးကြီးတဲ့ အလုပ်ကိစ္စတွေကိုမှတ်သားပေးမယ့်-Business Calendar Pro v1.4.8.1 APK



 
 
 
 
 
 
 
 
 
 
Posted by Win Hlaing 
အခုကျွန်တော်တင်ပေးလိုက်တဲ့ Application လေးကတော့ မိမိရဲ့ တစ်နေ့စာ တစ်ပတ်စာ တစ်လစာ လုပ်ဆောင်ရမယ့် အလုပ်ကိစ္စတွေ ၊ ချိန်းထားတဲ့ နေ့တွေ အချိန်တွေ ၊ စတာတွေကို မှတ်တမ်းလေးတစ်ခု လုပ်ပြီးမှတ်နိုင်တဲ့ Application လေးတစ်ခုဖြစ်ပါတယ်ဗျာ။ Calender မှာ မိမိအရေးတကြီး လုပ်စရာရှိ
တဲ့နေ့တွေကို ရွေးပြီး အရောင်နဲ့အမှတ်အသားလုပ်နိုင်ပါတယ်။ တစ်ရက်ချင်းစီကိုလည်း အကြောင်းအရာ များရေးပြီး အသေးစိတ်မှတ်သားထားနိုင်ပါတယ်။သတိမေ့တက်သူများနဲ့ လုပ်ငန်းကြီးလုပ်နေသူများ 
အတွက် ပိုပြီးသင့်တော်ပါလိမ့်မယ်။ အသေးစိတ်ကိုတော့ အောက်မှာ Screen Shot တွေ စာတွေနဲ့ ရှင်းပြ ထားပါတယ်ဗျာ။ Android OS 2.0 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Calendar-Application with scroll- and zoomable multi-day view and much more
Business Calendar is a complete calendar application that is synchronising with your Google calendars!

Features :
  • smooth scroll- and zoomable multi-day view
  • graphical and textual presentation
  • month, agenda, day and event view
  • quickly fade in/out calendars using the favorite bar
  • search function
  • drag&drop functionality
  • configurable widgets in different sizes for month, week, agenda and day view
  • easy switching between timeline bars and event titles in month view
  • intuitive new handling option: just move your finger over some days of interest in month view to open them in the multi-day view
  • quick day overview when adding a new event
  • many options for recurrent events (e.g. to add a recurrent event that takes place every other week on Tuesday and Thursday)
  • option to link a contact to an event
  • configurable font sizes for the app and the widgets
  • option to select individual calendars for each widget
  • context-sensitive help system to optimize your work with Business Calendar 
အဆင့် ၁ အောက်မှာ Download Here ဆိုတာကိုနှိပ်ကိုက်ပါ။
အဆင့် ၂ Adfly မှာ 5 seconds လောက်စောင့် ပေးပါ။
အဆင့် ၃ << SKIP AD>> ကို နှိပ်ပေးပါ။
အဆင့် ၄ Download link ကျလာပါလိမ့်မယ်။
အဆင့် ၅ ဖိုင့်လေးကိုဒေါင်းပေးလိုက်ပါ။
အဆင့် ၆ အဆင်ပြေပါသွားပြီး။

ဆယ်လပိုင်း ဆယ်ရက်နေ့မှာပြောသော အမေရိကန်သမ္မတ အိုဘားမား၏ 10 10 ( Ten Ten ) မိန့်ခွန်း

ဘာသာပြန်သူ - ကိုညီညီ ( တောင်ကြီး )
.
အားလုံး မင်္ဂလာပါ..
အမေရိကန်နိုင်ငံရဲ့ အလုပ်လက်မဲ့ရာခိုင်နှုန်းဟာ ( ၆ ) ရာခိုင်နှုန်းအောက် ကို ( ၆ ) နှစ်အတွင်းမှာ ပထမဦးဆုံးအကြိမ် ကျဆင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ( ၄ ) နှစ်ကျော်ကာလအတွင်း ကျွန်တော်တို့ရဲ့ စီးပွားရေးဟာ အလုပ်အကိုင်သစ်ပေါင်း ( ၁ဝ ) သန်းကျော် ဖန်တီးပေးနိုင်ခဲ့တယ်။ ဒါဟာ ပုဂ္ဂလိက ကဏ္ဍ သမိုင်းမှာ အနှောင့်အယှက်ကင်းကင်း နဲ့ အရှည်ကြာဆုံး ထိန်းထားနိုင်ခဲ့တာဖြစ်တယ်။
.
( ၁၉၉၀ ) နောက်ပိုင်း အလုပ်အကိုင်အခွင့်အလမ်းများ မြှင့်တင်နိုင်ခဲ့တာနဲ့အညီ အခြေခံမိသားစုရဲ့ လုပ်အားခကို တိုးပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ပြည်သူတွေဟာ အားအင်တွေ ညှစ်ထုတ်ပြိး ခိုင်းစားခံနေရတယ်လို့ စိတ်ခံစားမှုဖြစ်နေရတာ ကျွန်တော်သိတယ်။ ဒါကြောင့် အလုပ်သစ်တွေ အလျင်အမြန်ဖော်ထုတ်ကြဖို့ မူဝါဒသမားတွေကို ကျွန်တော် တိုက်တွန်းနေသလို နာရီစားလုပ်ခ တိုးပေးဖို့ ပြောနေတာပေါ့။
.
အခြေခံအဆောက်အဦတွေ တည်ဆောက်တဲ့ မူဝါဒတွေ ချမှတ်တဲ့နေရာမှာ အမျိုးသမီးတွေ လုပ်ခတန်းတူရရှိဖို့ သေချာအောင် ဆောင်ရွက်ရမယ်။ ဒီကနေ ရှေ့ဆက်ပြီး လူငယ်ကျောင်းသားတွေရဲ့ စာသင်စားရိတ်ချေးငွေကို အလွယ်တကူ ပြန်လည်ပေးဆပ်နိုင်အောင် လုပ်ရမယ်။ လုပ်အားခ တိုးပေးခြင်းဟာ ပြည်သူတွေ ကြိုတင်စီစဉ်နိုင်အောင် ကူညီဖို့ အလွယ်ကူဆုံးနဲ့ အမြန်ဆုံးနည်းလမ်းဖြစ်တယ်။
.
ပြည်သူများ မိမိကိုယ်ကို မေးကြည့်ကြပါ .. အခြေခံလစာနဲ့ တစ်နှစ်လုပ်အားခ ဒေါ်လာ ( ၁၄၅ဝဝ ) နဲ့ ချို့တဲ့ဆင်းရဲစွာ ရပ်တည်နိုင်သလားလို့။ ဒီလမ်းစဉ်ဟာ မမှန်ပါဘူး။ အလုပ်ကြိုးစားသူဟာ ထိုက်သင့်တဲ့ လုပ်ခ ရရမယ်။
.
လက်ရှိမှာ ဖယ်ဒရယ်အစိုးရသတ်မှတ်ချက်အရ တစ်နာရီကို ( ၇.၂၅ ) ဒေါ်လာ ရကြတယ်။ ( ၁ဝ.၁ဝ ) ဒေါ်လာကို တိုးမြှင့်သတ်မှတ်ပေးဖို့ အချိန်ကျရောက်ပါပြီ။ တစ်ဆယ်ဒေါ်လာ တစ်ဆယ်ဆင့်လို့ပဲခေါ်ခေါ်၊ တစ်ဆယ် တစ်ဆယ် = 10 10( Ten Ten ) လို့ပဲခေါ်ခေါ် ဒီငွေကို တိုးပေးလိုက်ရင် အမေရိကန်ပြည်သူ ( ၂၈ ) သန်း ပေါ်မှာ အကျိုးရှိစေမယ်။ ဟုတ်ပါတယ် လူပေါင်း ( ၂၈ ) သန်းပါ။
.
အသက် ( ၃၅ ) နှစ်တန်းမှာ အများစုက နာရီစားလုပ်ခနည်းတဲ့ အမျိုးသမီးတွေဖြစ်တယ်။ အခုလို အပိုရမယ့်ငွေဟာ မိသားစုရပ်တည်ရေး နဲ့ ကုန်ကျစားရိတ်တွေအတွက် အကူအညီရစေလိမ့်မယ်။ ဒီငွေပို ငွေလျှံထဲကနေ ဒေသန္တရ စီးပွားရေးတွေပေါ်မှာလည်း ပိုသုံးစွဲနိုင်လာပြီး လူတန်းစေ့နေနိုင်ပါစေလိမ့်မယ်။ စီးပွားရေးတိုးတက်မှလည်း လူအများအကျိုးရှိစေနိုင်မယ် မဟုတ်လား။
.
ဒါပေမယ့် ဒါကို အတည်ပြုပေးဖို့ လွှတ်တော်က တင်းခံနေတာ ( ၇ ) နှစ်ရှိပြီ။ ဟုတ်တယ် ( ၇ ) နှစ်တောင် ရှိပြီ။ ဒီနှစ်မှာ လွှတ်တော်မှာ ဆွဲတင်နိုင်ခဲ့သော်ငြားလည်း ရီပတ်ဘလစ်ကန်တွေက ငြင်းပယ်ခဲ့ပြန်တယ်။ ဒါကို လွှတ်တော်မှာ ကျွန်တော်တောင်းဆိုတာနဲ့ တစ်ပြိုင်တည်း ပြည်နယ် ( ၁၃ ) ခု၊ မြို့ကြီး ( ၂၁ ) မြို့နဲ့ ကိုလံဘီယာပြည်နယ်တို့က လိုက်ပြီးတောင်းဆိုခဲ့တယ်။ နောက်ထပ်ပြည်နယ် ( ၅ ) ခုကလည်း နောက်လမှာ အစိုးရကူငွေအပြင် နာရီစားလုပ်ခတိုးပေးဖို့ တောင်းဆိုဖွယ်ရှိနေတယ်။
.
ကုမ္ပဏီအများစုဟာ သူတို့ရဲ့လုပ်သားတွေကို လုပ်ခတိုးပေးဖို့ ပြင်ဆင်နေကြပြီ။ မကြာသေးခင် စစ်တမ်းတစ်ခုအရ အသေးစား စီးပွားရေးလုပ်ငန်းတွေက 10 10 ( Ten Ten ) ဈေးနှုန်း ကို ဖြည်းဖြည်းမှန်မှန်တိုးပေးနေတာ တွေ့လာရတယ်။ ကျွန်တော် တတ်နိုင်သလောက် တိုက်တွန်းခဲ့ပေမယ့်လည်း ဖယ်ဒရယ် ကိုယ်စားလှယ် ကန်ထရိုက်တာများက သူတို့လုပ်သားများကို ( ၁ ) နာရီ 10 10 ပေးပြီး လိုက်ပါဆောင်ရွက်ဖို့ အထူးလိုအပ်နေပါတယ်။
.
ဒီတစ်ပတ် သောကြာနေ့ ( 10-10-2014 ) မှာ စီးပွားရေးအစုအဖွဲ့တွေ၊ အလုပ်လုပ်နေတဲ့ မိခင်တွေ၊ အလုပ်သမား သမဂ္ဂတွေ နဲ့ မြို့တော်ဝန် ( ၆၅ ) ဦးအပါအဝင် လူအုပ်ကြီးက အလုပ်ကြိုးစားတဲ့ အမေရိကန်ပြည်သူတွေကို လုပ်ခတိုးပေးဖို့အဆိုကို အခုလို ဆက်ပြီး ပိတ်ဆို့တင်းခံမထားကြဖို့ ရီပတ်ပလစ်ကန်ကို တောင်းဆိုဖို့ရှိပါတယ်။ အကြောင်းရင်းက အမေရိကန်မြေမှာ အချိန်ပြည့်အလုပ်လုပ်ပြီး အလုပ်ကြိုးစားတဲ့ မည်သူမဆို မိသားစုကို ဆင်းရဲချို့တဲ့စွာ ပျိုးထောင်ဖို့ မလိုပါဘူး။
.
တိုက်ပွဲဆက်ဝင်သွားနေတာနဲ့တစ်ပြိုင်နက် နိုင်ရမယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။ အမေရိကန်နိုင်ငံဟာ အခုအချိန်မှာ ဆုကြေးခံစားရဖို့ ထိုက်တန်တယ်။ အမေရိကားဟာ မိဘပြည်သူတွေရဲ့ အလုပ်ကြိုးစားမှုအတွက် ဆုကြေးခံစားရစေဖို့ အဖိုးထိုက်တန်တဲ့ ထာဝရမြေ ဖြစ်တယ်ဆိုတာ ကျွန်တော်ပြောလိုပါတယ်။
.
ကျေးဇူးတင်ပါတယ်။
.
သမ္မတ အိုဘားမားမိန့်ခွန်း ( ၁ဝ-၁ဝ-၂ဝ၁၄ ) ဝေါ်ရှင်တန်ဒီစီ
.
Ref: The White House

ဖုန်းကိုလေနဲ့တစ်ချက်မှုတ်ပေးလိုက်ရုံနဲ့ Lock ပွင့်စေမဲ့ - M! Unlock v1.0 APK





 
 
 
 
 
Posted by Win Hlaing 

ဒီကောင်လေးကတော့ အားလုံးကြိုက်နှစ် သက်မယ်လို့ ထင်ပါတယ်ဗျာ. သင့် ဖုန်းကိုလေလေးတစ်ချက် မှုတ်ပေးလိုက်ရုံနဲ့ Lock ပွင့်စေမှာဖြစ်ပါတယ်..။
အရင်ဆုံးဒီကောင်လေးကို installလုပ်ပြီးရင်. applicationထဲဝင်လိုက်ပါ..။ပြိး၇ ပုံမှာပြထားတဲ့ သော့ပုံကို Tap above to Turn Off the Air Blowကိုပြောင်းပေးပါ..။ပြီးရင် ပြန်ထွက်ပြိး စမ်းကြည့်ပါ..။အောက်က ပုံလေးလိုပေါ်လာပြီဆိုရင်..လေမှုတ်ပြီး ဖွင့်ကြည့်ပါ..။
တကယ်လို လေနဲ့ မှုတ်တာတောင် Screen lockမပွင့်သေးဘူးဆိုရင်တော့ သော့ပုံလေးကိုလက်နဲ့ဖိထားပြိး မှ လေမှုတ်ကြည့်ပါ ပွင့်သွားပါလိမ့်မယ်..။
နောက်တစ်မျိုး ဖုန်းကို လှုပ်ပေးရင်(Shake လုပ်ပေးရင်) လည်း lockပွင့်ပါတယ်။
ကျွန်တော်စမ်းကြည့်သလောက် တင်ထားပေးတာပါ...။အသစ်အဆန်းလေးမို့လို့ ကလိကြည့်ချင်တယ် ဆိုရင်တော့ ဒေါင်းသွားပါခင်ဗျာ ။
တစ်ခုတော့၇ှိတယ်သုံးလေးကြိမ်လောက် သုံးပြိးရင် ဒီlockလေးက ပျောက်သွားတတ်တာမို့ ဒီapkလေးထဲ ထပ်ဝင်ပြီး သော့ပုံလေးကို Turn on ကနေ Turn off ပြန်လုပ်ပေးဖို့ လိုပါတယ်
အောက်မှာဒေါင်းယူနိုင်ပါပီဗျာ. ။

 Blow air to unlock app for android phone    

M! Unlock Blow Air to unlock app
အဆင့် ၁ အောက်မှာ Download Here ဆိုတာကိုနှိပ်ကိုက်ပါ။

အဆင့် ၂ Adfly မှာ 5 seconds လောက်စောင့် ပေးပါ။

အဆင့် ၃ << SKIP AD>> ကို နှိပ်ပေးပါ။

အဆင့် ၄ Download link ကျလာပါလိမ့်မယ်။

အဆင့် ၅ ဖိုင့်လေးကိုဒေါင်းပေးလိုက်ပါ။

အဆင့် ၆ အဆင်ပြေပါသွားပြီး /


သီချင်းရဲ့အသံထွက်ပိုကောင်းစေမယ့်-Equalizer + Pro (Music Player) v1.1.2 APK



 
 
 
 
 
 
 
 
Posted by Win Hlaing 

သီချင်းနားထောင်တာဝါသနာပါသူများအတွက် Sound Effect ပေါင်းများစွာကိုစိတ်ကြိုက် ချိန်ညှိ နိုင်တဲ့ Android Player လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ Equalizer ဆိုတဲ့အတိုင်းပါဘဲ မိမိနားထောင်တဲ့ သီချင်း နဲ့လိုက်ဖက်ညီမယ့် Sound Effect 13မျိုးကိုစိတ်ကြိုက်ရွေးချယ်ပြီးနားထောင်နိုင်ပါတယ်ဗျာ။ Acoustic , Classical , Dance , Electro , Flat , Folk , Hip-Hop , Jazz , Latin , Metal , Pop , R&B , Rock စတဲ့ Sound Effect တွေဖြစ်ပါတယ်ဗျာ ။ ကျွန်တော် သီချင်းတစ်ပုဒ်ထဲကို အခြား Music Player တွေနဲ့ယှဉ်ပြီး နားထောင် ကြည့်ပြီးပါပြီ။ အခု တင်ပေးထားတဲ့ Equalizer + Pro နဲ့နားထောင်ရတဲ့ သီချင်းအသံကပိုပြီး အရသာရှိ ပါတယ်ဗျာ။ Android OS 2.3. နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါ တယ်ဗျာ။




Equalizer + Pro (Music Player) - screenshot      Equalizer + Pro (Music Player) - screenshot

Equalizer + Pro (Music Player) - screenshot      Equalizer + Pro (Music Player) - screenshot

Equalizer + Pro (Music Player) - screenshot    

 Boost and improve your sound quality and volume thanks to Equalizer+! Equalizer + is both a music track player and a frequency equalizer. Access your own music library directly from the app. Set the frequencies you like for your songs and save your presets. Equalizer + enables you to control 5 different band frequencies. Adjust each filter to bring out the best in your music. More to the mow frequency filters, you’ll have the possibility to amplify even more your bass sounds thanks to the Bass Booster option. Finally, you’ll be able to visualize your sound thanks to a spectrum analyser, directly available from the app.

Rediscover your music thanks to the new equalizer app! Plug in your headphones or turn your speakers on, and listen to your songs as if you were in a studio. Enjoy volume at its best! There’s nothing like a good equalizer to boost your parties or just boost your music listening experience.

A must have to listen to your music!
The premium version natively includes:
BASS BOOST: to boost the volume of your bass like never before!
SAVE” option to record your customized frequency presets
Possibility to edit and/or delete your presets
“FADE”: to ensure a smooth string of music
“DUALSCREEN” option to display your equalizer on a second screen


Features:
  • 5 bands equalizer (from low bass to highs)
  • Audio player (directly available in the app)
  • Unlimited access to your native music library (you can order your songs by album/title/artist or playlist)
  • Background play mode (to keep playing your songs while you consult other apps or while your device is in stand-by mode)
  • Music search available
  • 11 equalizer presets based on different music genres
  • Double-clic option to quickly and easily reset the volume of the frequency filters
  • Visible music progress bar
  • “Repeat” function to keep listening to your songs over and over again (3-status button: repeat one song, repeat a whole playlist, no repetition)
  • “Shuffle” function: plays your songs in a random order
  • Media Bass volume control
  • Vintage and refined design
  • Professional sound rendering
  • Simple and friendly user interface
  • Visualizer window: one audio spectrum animation is provided with the app (like on the former Windows Media Player). You can display the visualizer in full-screen.
အဆင့် ၁ အောက်မှာ Download Here ဆိုတာကိုနှိပ်ကိုက်ပါ။

အဆင့် ၂ Adfly မှာ 5 seconds လောက်စောင့် ပေးပါ။

အဆင့် ၃ << SKIP AD>> ကို နှိပ်ပေးပါ။

အဆင့် ၄ Download link ကျလာပါလိမ့်မယ်။

အဆင့် ၅ ဖိုင့်လေးကိုဒေါင်းပေးလိုက်ပါ။

အဆင့် ၆ အဆင်ပြေပါသွားပြီး /


ရှမ်းတောင်ပိုင်းတွင် တိုက်ပွဲများကြောင့် ဒုက္ခသည်များကူညီရေး အခက်ကြုံ

ရှမ်းပြည်တောင်ပိုင်း, ကျေးသီးမြို့နယ်, SSPP/ SSA , အစိုးရစစ်တပ်, ငြိမ်းချမ်းရေး , တိုင်းရင်းသား, အပစ်အခတ်ရပ်စဲရေး
ဝမ့်ဝပ် ဘုန်းကြီးကျောင်းရှိ ဒုက္ခသည်များကို ဇူလိုင်လ အတွင်းက တွေ့ရစဉ် ( ဓာတ်ပုံ – Hsen Pai Media / Facebook)
 
ရှမ်းပြည်နယ် တောင်ပိုင်းတွင် အစိုးရစစ်တပ်နှင့် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA) တို့အကြား  တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ စစ်ဘေးရှောင်ဒုက္ခသည် ၂၀၀ ကျော်သည် ကျေးသီး မြို့နယ် ဖာဆောင် ကျေးရွာအုပ်စု ဝမ့်ဝပ်ဘုန်ကြီး ကျောင်းတွင် ခိုလှုံနေကြရပြီး စစ်ရေးတင်းမာနှင့် လုံခြုံရေး စိတ်မချရမှုတို့ကြောင်း ဒုက္ခသည်များ ကူညီရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရှိရသည်။
အစိုးရ စစ်တပ်နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA ) တို့အကြား ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းမှ စတင်၍ စစ်ရေးအခြေအနေ ပြန်လည် တင်းမာပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသည့် အတွက် ဒေသခံပြည်သူ ၂၀၀ ကျော် သည် ဖာဆောင် ကျေးရွာအုပ်စု အနီးရှိ ဝမ့်ဝပ် ဘုန်းကြီးကျောင်းတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ လက်ရှိ အချိန်တွင် တိုက်ပွဲများ ရပ်တန့်နေသော်လည်း  စစ်ဘေးရှောင် ဒုက္ခသည်များကို သွားရောက် ကူညီရန် စစ်တပ်က တားဆီး ထားကြောင်း၊ ထို့ပြင် တိုက်ပွဲများ အချိန်မရွေး ပြန်လည် ဖြစ်ပွားနိုင်သဖြင့် အကူအညီပေးရေး ဆောင်ရွက်သူများ ဒုက္ခသည်များထံ သွားရောက်ရန် လုံခြုံရေး စိုးရိမ်မှုကြောင့် မသွားရဲကြဟု သိရှိရသည်။
“ဒုက္ခသည်တွေကို သွားကူညီဖို့ အတွက် အရမ်းကို ခက်ခဲနေတယ်။ လမ်းမကြီးမှာ တိုက်ပွဲတွေ ဘယ်အချိန် ပြန်ဖြစ်မယ် ဆိုတာ မသိဘူး။ တချို့ကျေးရွာက ရွာသားတွေကို စစ်တပ်က ရွာပြင် ပေးမထွက်ဘူး။ ကျေးသီးဘက်ကို ပေးမလာတာတွေ ရှိ နေတယ် ” ဟု စစ်ဘေးရှောင် ဒုက္ခသည်များကို သွားရောက် ကူညီပေးနေသည့် ကျေးသီးမြို့နယ် ဒေသခံဦးစိုင်းလိန်ခမ်း က ဧရာဝတီကို ပြောသည်။
အောက်တိုဘာလဆန်းပိုင်းတွင် SSPP/SSA တပ်နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သဖြင့် ဒုက္ခသည် ဦးရေ ထပ်မံတိုးတက်လာကြောင်း၊ ဒုက္ခသည်များသည် ၎င်းတို့၏ စားဝတ်နေရေး အတွက် မိမိနေရပ်သို့ ပြန်၍ စိုက်ပျိုးရေး လုပ်ငန်းများ ပြန်လုပ်ကိုင်လိုကြသော်လည်း လုံခြုံရေး စိတ်မချရသဖြင့် မပြန်ရဲကြကြောင်း စစ်ရှောင် ဒုက္ခသည်များကို သွားရောက် ကူညီကြသော ကျေးသီးမြို့ ဒေသခံများက ဆိုသည်။
SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဦးစပ်ခွန်ဆိုင်ကမူ “ လောလောဆယ် ကျနော်တို့ တိုက်ပွဲတွေ ရပ်ထားပါတယ်။ ဒုက္ခသည်တွေကို ကူညီဖို့အတွက် ကျနော်တို့က အမြဲတမ်း ကြိုဆိုပါတယ်။ ဒီကိစ္စတွေကို ကျနော်တို့ အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တွေနဲ့ တွေ့ဆုံရင် တင်ပြ ပေးသွားပါမယ်” ဟု ဧရာဝတီကို ပြောသည်။
လတ်တလော စစ်ဘေးရှောင် ဒုက္ခသည်များနှင့် အဆက်အသွယ် မရရှိသည်မှာ ၁၀ ရက်ခန့် ရှိပြီဖြစ်ပြီး ဒုက္ခသည်များသည် စားဝတ်နေရေး ခက်ခဲနေကြကြောင်း၊ စစ်ဘေးရှောင်သူများတွင် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီး ရွယ်အိုများ ပိုမိုများပြားကြောင်း စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီနေသည့်  မူဆယ်ဒေသခံ ဦးစိုင်းမြတ်အောင်က ပြောသည်။
“စစ်ဘေးရှောင် ဒုက္ခသည်တွေ အတွက် ရန်ပုံငွေပွဲတွေ ပြုလုပ်ပြီး သွားရောက် လှုဒါန်းဖို့ ကြိုးစားနေတယ်။ အဲဒီ ဒေသကို သွားကူညီဖို့ အတွက် အခု လမ်းကြောင်းတွေ ပိတ်ထားတယ်။ ဆောင်တွင်း ရောက်နေပြီ ဆိုတော့ သူတို့တွေ အတွက် အဝတ်တွေ လိုအပ်မယ်” ဟု ဦးစိုင်းမြတ်အောင် ဆက်ပြောသည်။
ရှမ်းပြည်နယ်အတွင်းရှိ တိုက်ပွဲများဖြစ်ပွားလျက်ရှိသော နေရာများတွင် အစိုးရ စစ်တပ်သည် ဒေသခံ ရွာသားများကို ရိုက်နှက်ခြင်း၊ ဒေသခံများ နေအိမ်မှ ပစ္စည်းများ လုယက်မှုနေသောကြောင့်ဒေသခံများ ထွက်ပြေး တိမ်းရှောင် နေရ ကြောင်း အောက်တိုဘာ ၁၀ ရက်နေ့ထုတ်ပြန်သော ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

သတင်း-ဧရာဝတီ

ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၏ ပေးစာ အပေါ် SSPP/SSA ကန့်ကွက်

သံလွင် အနောက်ခြမ်း UWSA ၀တပ်ဖွဲ့ ထိန်းချုပ် နယ်မြေ နှင့် ကပ်လျက် ရှိသည့် သျှမ်းပြည် တပ်မတော် SSPP/SSA တပ်စခန်းများ၊ လှုပ်ရှား စစ်ကြောင်း များအား ရုပ်သိမ်း ပေးရန် လုံခြုံရေး နှင့် နယ်စပ် ရေးရာ ဝန်ကြီး  ဗိုလ်မှူးကြီးအောင်သူ ပေးပို့လာသည့် အိပ်ဖွင့် ပေးစာအား SSPP/SSA မှ ကန့်ကွက် ရှုပ်ချသည်ဟု ဆိုသည်။
“ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့တွေ့တဲ့အခါ ကျနော်တို့ ကန့်ကွက် ကြောင်း ပြောမယ်။အဲလို ခဏခဏမလုပ်ပါနဲ့ ကျနော်တို့ ပြောမယ်။  သူတို့ဘက်ကလုပ်လာ ရင်လည်း ကျနော်တို့က ကန့်ကွက်သွား မယ်။ ” ဟု SSPP/SSA အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင် ကပြောသည်။
သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်ဒေသအား မြန်မာအစိုးရစစ်တပ် အားဖြည့်တိုက်ခိုက်မှုပြ မြေပုံ
သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA ထံသို့ သျှမ်းပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး  ဗိုလ်မှူးကြီး အောင်သူက အောက်တိုဘာ ၉ ရက်နေ့ က  တပ်စခန်းများ ဆုတ်ပေးရန် စာရေးသားပေးပို့ခဲ့သည်။
“ကျနော်တို့ ဒီလွယ်လန်းနဲ့ နမ့်ဆီကျိန်စခန်းတွေက တောထဲမှာ ရှိတဲ့ စခန်းတွေ လေ။ ဘယ်သူ့ကိုမှလဲ အနှောင့် အယှက် မပေးဘူး။ လမ်းမကြီးမှာလဲ မဟုတ်ဘူး။ မြို့လဲမဟုတ်ဘူး။  တောထဲမှာ။ ဒါကြောင့် ကျနော်တို့တော့ မဆုတ်နိုင်ဘူး” ဟု  စဝ်ခွန်ဆိုင်းကပြောသည်။
အလားတူ အောက်တိုဘာလ ၁၃ရက်နေ့ကလည်း ကျေးသီး- ၀မ့်ဝပ်- ခိုလောင်းတလျှောက်ရှိ SSPP တပ်များအားလည်း (သဘောတူညီ ချက် အတိုင်း) ကားလမ်းမှ ၃ မိုင်အကွာသို့ဆုတ်ပေးရန် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) တိုင်းက ထပ်မံ ညွှန်ကြားလာသည်ဟု SSPP ကပြောသည်။
“ကျေးသီး- ပန်စယ့်- လွယ်ယွဲ - ခိုလောင်းလမ်းမ တလျှောက်တဲ့။ ဒီလမ်းတွေက ၁၉၉၅ ခုကတည်းက ကျနော်တို့ လုပ်လာ တာဒီလမ်း။ အစိုးရလမ်းမဟုတ်ဘူး။ ပြီးတော့ ကျနော်တို့ သဘောတူထားတဲ့အတိုင်း လို့ ပြောလာတာ ဘာသဘောတူညီ ချက်တုန်း။ တခါမှ သဘော မတူထားရဘူး တပ်ဆုတ်ဖို့ဘာဖို့က။ ၂၀၀၅ တုန်းက ရိက္ခာအခက် အခဲရှိလို့ နမ့်ပုတ်မှာ လာနေပါရစေလို့  ဗမာစစ်တပ်က ကျနော်တို့ဆီကို တောင်းဆို လာပြီးတော့ ၃-၄ ယောက် လာပြီးစခန်းချပြီးနေတယ်။ အဲ့ကတည်းက ခုချိန်အထိဘဲနေနေတာ။ တပ်ကိုပြန်မ ဆုတ်တာ။   ကျနော်တို့ခင်းတဲ့ လမ်းမှာလာလဲ လာနေသေးတယ်။  ကျနော်တို့ကို ကျူးကျော်တယ်ဆိုပြီး တပ်ဆုတ်ခိုင်းတယ်။ ဒါတရားလားပေါ့။”
ဗိုလ်မှူးကြီး အောင်သူမှပေးပို့အကြောင်းကြားသည့်စာတွင် - သျှမ်းပြည်တပ်မတော်ကြောင့် ဒေသခံကျေးရွာ လူထုက ကြောက်ရွံ့ခြင်း၊ နေထိုင်လုပ်ကိုင်စားသောက်ရန် ခက်ခဲခြင်းတို့ဖြစ်ပေါ်နေသဖြင့် တပ်ဆုတ်ခိုင်းခြင်းဖြစ်သည်ဟု  ပါရှိသည်။
ယခုကဲ့သို့ အစိုးရမှ တပ်ဆုတ်ခိုင်းခြင်းအကြောင်းနှင့်ပတ်သက်၍ နယ်စပ်ရေးရာ နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက “ ၀ ကို စစ်ရေးအရ ခြိမ်းခြောက်ချင်တာ ပါတယ်။ အခုဖယ်ခိုင်းတဲ့ လွယ်လန်းတို့ဘာတို့ဆိုတာ အမြင့်ပိုင်းမှာရှိတယ် ၊ အဲဒီကနေ ၁၅၅ မမ လောက်နဲ့ ထိုင်ထားမယ်ဆိုရင် ၀ နယ်ကို ခြိမ်းခြောက်လို့ရတယ်။ စစ်ရေးအရ အသာစီးရအောင်လုပ်နေတာ တွေကတော့ နိုင်ငံရေးအရ ရိုးသားမှုမရှိတဲ့ ခြေလှမ်းတွေလို့ ဆိုရမှာပါ” ဟုပြောသည်။
သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေး ထိုးထား ပြီးဖြစ်သည်။

လက်နက်ကြီး ပစ်ခဲ့သည့် လက်သည်အား အစိုးရနှင့် ပူးပေါင်း စုံစမ်း သွားရန် DKBA ဆန္ဒရှိဟုဆို


လူသေဆုံးမှု ရှိခဲ့သည့်ကော့ကရိတ်၊ မြ၀တီ ကားလမ်း ဒေါန တောင်ပေါ်ရှိ အလယ်ဘိုတဲ စခန်း အနီး လက်နက်ကြီး ပစ်ခတ် ခဲ့သူ လက်သည် တရားခံအား အစိုးရ အာဏာပိုင် များမှ စုံစမ်း ဖော်ထုတ် သွားပါက ပူးပေါင်း ဖော်ထုတ် သွားရန် ဆန္ဒ ရှိကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) တပ်ဖွဲ့မှ ကလို့ထူးဘော စစ်ဗျူဟာ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။
 “ဒီကိစ္စကို စုံစမ်း ဖော်ထုတ်ဖို့ ကျတော်တို့ကို လုပ်ပိုင်ခွင့်မှ မပေး ထားတာ။ အစိုးရက စုံစမ်း ဖော်ထုတ်မယ် ဆိုရင်လည်း ကျတော် တို့ကို မိတ်ဆွေလို ဘောထား ရင်တော့ ပါဝင် ပါ့မယ်။ ရန်သူလို သဘော ထားတယ် ဆိုရင်တော့ ဘယ်လို ပူးတွဲ ပါဝင် နိုင်မလဲ” ဟု ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့၊ မနက် ၉ နာရီ မှ ၁၁ နာရီ အချိန် အထိ ကော့ကရိတ် မြို့နယ်တွင် အစိုးရ တပ်နှင့် DKBA တပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွား နေကြစဉ် ဒေါန တောင်ပေါ်ရှိ အလယ်ဘိုတဲ စခန်း အနီးသို့ လက်နက်ကြီး ကျခဲ့၍ လူ (၄) ဦး သေဆုံး ခဲ့ရကာ (၁၀) ဦး ထိခိုက် ဒဏ်ရာ ရခဲ့သည်။
အဆိုပါ အလယ်ဘိုတဲ အခန်းအနီး၌ ကျရောက် ခဲ့သည် လက်နက်ကြီး ကျမှုကို အစိုးရ တပ်ဖက်မှ DKBA အဖွဲ့၏ လုပ်ဆောင် ချက်ဟု စွပ်စွဲ ပြောဆို ထားပြီး DKBA တပ်ကမူ ၎င်းတို့ လက်ချက် မဟုတ်ကြောင်း ငြင်း ချက် ထုတ်၍ ပြောကြား ထားသည်။
“အဲလို လက်နက်ကြီး ကျည်ဆံမျိုး ကျတော်တို့ ဆီမှာလည်း မရှိဘူး။ ကျတော်တို့ အဖွဲ့ မဟုတ်ဘူး ဆိုတာ ကျတော်တို့ စစ်ဖြစ် ခဲ့တဲ့ဒေသခံ လူထု တွေကို မေးလို့ ရပါတယ်။ ကျတော်တို့ သက်သေ ပြနိုင် ပါတယ်” ဟု ဗိုလ်မှူးကြီး စောဆန်းအောင်ကပြောသည်။
အဝေးမှ နေ၍ လှမ်းပစ်သည့်လက်နက်ကြီး ကျရောက် ပေါက်ကွဲ မှုကြောင့် လူသေဆုံးမှု၊ ဒဏ်ရာ ရခဲ့မှု ဖြစ်ပွား ရာ နေရာတွင် DKBA တပ်ဖွဲ့ အပြင် အခြား လက်နက်ကိုင် အဖွဲ့ များလည်း အများ အပြား ရှိနေပြီး ထိုလက်နက်ကြီး ပစ်ခတ် ခဲ့သည့် လက်သည် တရားခံအား စုံစမ်း ဖော်ထုတ် သွားမည် ဖြစ်ကြောင်း ကော့ကရိတ် မြို့နယ် ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထို့အပြင် ကော့ကရိတ် မြို့မ ရဲစခန်းမှ စခန်းမှူး မြင့်အောင်က အရပ် သားနှင့် ထိခိုက် ဒဏ်ရာရသော လူများကို ဆက်လက် စစ်ဆေး နေဆဲ ဖြစ်ပြီး ထပ်မံ၍ စုံးစမ်း ဖော်ထုတ် သွားမည် ဖြစ်ကြောင်းလည်း အတည်ပြု ပြော ကြားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့မှ စ၍ အစိုးရ တပ်နှင့် DKBA တပ်တို့အကြား မွန်ပြည်နယ် ကျိုက်မရော မြို့မှ စ၍ နှစ်ဖက် ပစ်ခတ်မှု စတင် ဖြစ်ပွား ခဲ့ကြပြီး ၊ ထိုမှ ဆက်၍ ကြိုကြား ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပေါ် လာခဲ့သည်။
နှစ်ဖက် စစ်ရေး တင်းမာမှု လျော့ချ နိုင်ရေး အတွက် စစ်ဆင်ရေး အထူး အဖွဲ့ - ကစထ (၄) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး မှလည်း မိမိ တပ်အား မိမိ ထိန်းသိမ်းရန် အတွက် DKBA တပ်ဖွဲ့အား စက်တင်ဘာ လနှောင်းပိုင်း၌ သတိပေး ပြောဆို ထားပြီး ဖြစ်သည်။
DKBA နှင့်အစိုးရ တို့သည်ပြီးခဲ့သည့်၂၀၁၁ ခုနှစ်နိုဝင်ဘာ လတွင်ဒုတိယ အကြိမ် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ထားပြီးအစိုးရနှင့်အပစ်အခတ် ရပ်စဲ ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနက် တတိယမြောက်အပစ်အခတ် ရပ်စဲရေးလတ်မှတ် ရေးထိုး ထားသည့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း ဖြစ်သည်။

တိုက်ပွဲများထပ်မံဖြစ်မှု ရေကာတာစီမံကိန်းများနှင့် ဆက်စပ်နေဟု သံလွင်မြစ်စောင့်ကြည့်ရေးအဖွဲ့ပြော


ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုများမှာ သံလွင်မြစ်ပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်သွားမည့် ဟတ်ကြီးရေကာတာစီမံကိန်းနှင့် ဆက်စပ်မှုများရှိနေကြောင်း သံလွင်မြစ်စောင့် ကြည့်ရေးအဖွဲ့(Salween Watch-SW)က အောက်တိုဘာလ ၁၃ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ပြောဆိုလိုက်သည်။
သံလွင်မြစ်စောင့်ကြည့်ရေးအဖွဲ့တွင် ပါဝင်သည့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှု ကွန်ယက်(KESAN) ဒါရိုက်တာ စောပေါလ်စိန်ထွားက “တိုက်ပွဲဖြစ်နေတာတွေရဲ့ နောက်ကွယ်မှာ ရေကာတာ စီမံကိန်းတွေနဲ့ ဆက်စပ်တယ်လို့ ယူဆ တယ်။ အဓိကကတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ရင်းနှီးမြုပ်နှံသူတွေက ဒီဒေသမှာရှိတဲ့ လက်ရှိအခြေ အနေနဲ့ နောက်ကွယ်က အခြေအနေတွေကို သိအောင်ပြချင်တဲ့သဘော ဖြစ်ပါ တယ်”ဟု ပြောသည်။

အဆိုပါရေကာတာစီမံကိန်းသည် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ(၇)၊ တပ်မ ဟာ(၅)နယ်မြေနှင့် ထိစပ်နေကာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) တပ်များလည်း လှုပ်ရှားသွားလာနေသည့်နယ် မြေဖြစ်ပြီး စက်တင်ဘာလကုန်ပိုင်းမှစ၍ ကရင်ပြည်နယ်အတွင်း လှုပ်ရှားနေသော DKBA နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ပြန် လည်ဖြစ်ပွားမှုအပေါ် အခြေခံကာ ယခုလို ပြော ဆိုလိုက်ခြင်းဖြစ်သည်။
KNU ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက “အခုဖြစ်နေတာကတော့ ကျနော့်အမြင် စီမံကိန်းတွေနဲ့ မဆိုင်လောက်ပါ ဘူး။ ပြီးတော့ လက်ရှိအခြေအနေထိ သူတို့ဘက်က စီမံကိန်းပြန်စဖို့ ဆက်သွယ်ပြောဆို လုပ်ဆောင်တာမရှိသေးဘူး”ဟု ဆို သည်။
Salween Watch ၏ ထုတ်ပြန်ချက်ထဲတွင် ရေကာတာစီမံကိန်းများသည် ပဋ္ဋိပက္ခနယ်မြေများအတွင်း၌သာ တည်ရှိနေသည်ဟု ပြောဆိုထားပြီး မကြာသေးမှီက တိုက်ပွဲများပြန်လည်ဖြစ်ပွားနေမှုများနှင့် စစ်အင်အားချဲ့ထွင်မှုများကို ပြစ်တင်ရှုတ်ချထားသည် ကို တွေ့ရသည်။
ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ မေလကလည်း အစိုးရတပ်များက အဆိုပါနယ်မြေအတွင်း အခြေချလှုပ်ရှားနေသော DKBA တပ်များကို ဖယ်ရှားပေးရန် ပြောဆိုမှုများရှိခဲ့ပြီး DKBA အနေဖြင့် ဟတ်ကြီးရေကာတာစီမံ ကိန်း ပြုလုပ်မည်ကို သဘောမတူဘဲ အဆိုပါနယ် မြေမှ ဖယ်ရှားပေးရန် ငြင်းဆန်မှုများရှိခဲ့သည်။
သံလွင်မြစ်ပေါ်ရှိ ဟတ်ကြီးရေကာတာစီမံကိန်းနှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက် မှုများကို စောပေါလ်စိန်ထွား က “ရေကာတာဆောက်လိုက်မယ်ဆို အနီးနားဝန်းကျင်ကျေးရွာတွေ ကနေ ရေမြုပ်ဧရိယာတွေဖြစ်လာမယ်။ သဘာဝပတ်ဝန်း ကျင်နဲ့ ဒေသခံ အသက်မွေးမှု ထိခိုက်လာမယ်။ ဆက်လုပ်မယ်ဆို တိုက်ပွဲတွေဖြစ်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ ဒုက္ခသည်တွေ များလာလိမ့်မယ်”ဟု ဆက်လက် ပြောဆိုသည်။
၎င်းအပြင် အဖွဲ့အစည်းပေါင်း ၁၃၁ဖွဲ့က ဦးဆောင်ကာ သံလွင်မြစ်တစ်လျှောက် ရေအားလျှပ်စစ်စီမံကိန်း များအား ကန့်ကွက် ကြောင်း ရှမ်း၊ ကယား၊ ကရင်၊ မွန်ပြည်နယ်ရှိ ဒေသခံတိုင်းရင်းသားများ၏ လက်မှတ်များကို ကောက်ခံလျှက်ရှိရာ ယခုလက်ရှိ တွင် လက်မှတ်အရေအတွက် သုံးသောင်းကျော် ရရှိနေပြီဖြစ်သည်ဟု သိရသည်။
ယင်းသို့ ကောက်ခံရရှိသောလက်မှတ်များကို အောက်တိုဘာလကုန်တွင် နိုင်ငံတော် သမ္မတရုံး အပါအဝင် တရုတ်သံရုံးနှင့် ထိုင်းသံရုံးများသို့ ပေးပို့သွားကာ ကြေညာချက်များလည်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကရင်မြစ်ချောင်းများစောင့်ကြည့် လေ့လာရေးအဖွဲ့ထံမှ သိရသည်။
လျှပ်စစ်ဓာတ်အား ၁၃၆၀မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းကို ယခင်အစိုးရလက်ထက် လျှပ်စစ်စွမ်း အားဝန်ကြီးဌာန၊ The Electricity Generating Authority of Thailand (EGAT)နှင့် China’s Sinohydro Corporation ကုမ္ပ ဏီတို့က ၂၀၀၆ခုနှစ်တွင် သဘောတူ လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။

Tuesday, October 7, 2014

ကရင် လက်နက်ကိုင်တို့၏ မူးယစ်ဆေးတိုက်ဖျက် ကော်မတီ လုပ်ငန်းများ ရပ်ဆိုင်းထားရ

Narcotic
ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကရင်လက်နက်ကိုင် အဖွဲ့ငါးဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီ၏ လုပ်ငန်းများရပ်ဆိုင်းသွား သည်ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။
“ခုချိန်မှာ မူးယစ်ဆေးဝါးဖမ်းတာကို လုပ်လိုက်ရင် အချင်းချင်းပြန်ပစ်ကြလို့ဆုံးမှာ မဟုတ်တော့ဘူး။ အခြေ အနေတွေ ပြန်ငြိမ်တော့မှ စနိုင်မယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။

ကော်မတီကို ဇူလိုင်လ ၁၅ ရက်က ဖွဲ့စည်းကာ နှစ်လကျော်အတွင်း နယ်မြေအလိုက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဆောင်ရွက်ခြင်း၊ အစီရင်ခံစာများရေးသား တင်သွင်းခြင်းတို့ ဆောင်ရွက်ထား ကြသည်။
သို့သော် လုပ်ငန်းဆောင်ရွက်ချိန်အတွင်း စစ်ဆေးမှုများသာ ဆောင်ရွက်နိုင်ခဲ့ပြီး မူးယစ်ဆေးရောင်းဝယ် သည့် အဖွဲ့အစည်းလိုက် ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိဘဲ ရောင်းချသူအနည်းငယ်ကိုသာ ဖမ်းဆီးနိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ကော်မတီကို ကရင်တိုင်းရင်းသား လက်နက်ကိုင်များ ညီညွတ်ရေး ကော်မတီဝင်များဖြစ်သော ကရင်အမျိုး သား အစည်းအရုံး (KNU)၊ နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီအကျိုးပြု ကရင့်အမျိုးသား တပ်မတော်(DKBA) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA Peace Council)၊ KPF (ဟောင်သရော အထူးဒေသ) အဖွဲ့တို့မှ အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းထားသည်။
မြန်မာနိုင်ငံ အရှေ့တောင်ဘက်ဒေသများတွင် ၂၀၁၂ ခုနှစ် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ အပစ်အ ခတ်ရပ်စဲပြီးချိန်မှစ၍ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှုနှုန်းများ မြင့်တတ်လာကာ ကရင်လက်နက်ကိုင် အဖွဲ့များ ပါဝင်ပတ်သက်နေကြောင်း ထိုင်းနိုင်ငံအခြေစိုက် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ၂၀၁၄ ခုနှစ်၊ မေလက ထုတ် ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။
မူးယစ်ဆေးဝါးနှင့် ဆက်စပ် ပြစ်မှုကျူးလွန်သူများအဖြစ် တပ်မတော်၊DKBA၊ KNU၊ ၊ ကရင် ငြိမ်းချမ်း ရေးကောင်စီ၊KPF (ဟောင်သရော အထူးဒေသ)တို့မှ နယ်ခြားစောင့် တပ်မှူးများနှင့် စစ်သားများကို ပါဝင်သည်ဟု ဖော်ပြသည်။

အစိုးရ တပ် ပစ်ခတ်သော လက်နက်ကြီးကြောင့် သျှမ်းဒေသခံ နှစ်ဦး သေဆုံး


သျှမ်းပြည် တောင်ပိုင်း ကျေးသီး မြို့နယ် အတွင်းရှိ သျှမ်းပြည် တပ်မတော် တပ်စခန်းအား တိုက်ခိုက် သိမ်းပိုက်ရာတွင် မြန်မာ အစိုးရ တပ်မတော်မှ ပစ်ခတ်သော လက်နက်ကြီးများမှာ ရပ်ရွာ၊ နေအိမ်များသို့ ထိသောကြောင့် ကျေးရွာသား နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု သိရသည်။
သေဆုံးသွားသူများမှာ အောက်တိုဘာ သျှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ မိုင်းကောဝ် - နောင် ဆွမ်းကျေးရွာအုပ်စု ဝမ့်မတ်ဟု (ရွာ) နေ ဦးပေါထော့ဝ်ဥ အသက် ၇၇ နှစ်နှင့် ဝမ့်ဝပ်ကျေးရွာအုပ်စု ငူးလိန်ရွာ နေ ဦးလုံးဝါလင်လူ အသက် (၅၃) နှစ် တို့ဖြစ်ကြပြီး အောက်တိုဘာလ ၃ရက်နေ့နှင့် ၄ရက်နေ့အတွင်း အစိုးရ တပ်မတော် မှ ပစ်ခတ်သော လက်နက်ကြီးကြောင့် နေအိမ် အတွင်းတွင် ပွဲချင်းပြီးသေဆုံးသည်ဟု ရွာသားများက ပြောသည်။

“တာဖါဆောင်တပ်စခန်းကို တစ်ရက်လုံးလုံး လက်နက်ကြီးပစ်တယ်။ စခန်းမသိမ်းနိုင်ဘူး။ ညနေတော့ ငူးလိန်ရွာကိုပါ ထုတော့တာဘဲ။ အဲဒီမှာက မီးဖိုချောင်ထဲမှာ ရှိနေတဲ့ လုံးဝါလင် လုံးကု ပွဲချင်းပြီးဘဲ။ ဝမ့်မတ်ဟုရွာက လုံးဥ ကတော့ ခြံထဲမှာ လက်နက်ကြီးဒဏ်ထိလို့ သူလဲ ပွဲချင်းပြီး။ သူ့သားမက်က မသေဘူး ဗုံးစ ၁၅ နေရာ ထိမှန်တယ်။ ဒဏ်ရာပြင်း တယ်။ စိတ်ပူရတယ်သူလည်း” - ကူညီကယ်ဆယ်ရေး အတွက် သျှမ်းပြည်တပ်မတော် နယ်မြေအတွင်းရောက် နိုင်ငံရေးပါတီဝင် တစ်ဦးကပြောသည်။
သျှမ်းပြည်တပ်မတော် နယ်မြေ အတွင်း ထိုးစစ်ဆင်နေသော မြန်မာ အစိုးရ တပ်မတော် နှင့် သျှမ်းပြည် တပ်မတော် SSPP/SSA တို့အကြား လေးရက်အတွင်း စခန်းသိမ်းတိုက်ပွဲ နှင့် ရင်ဆိုင်တိုက်ပွဲပေါင်း ၂၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။
သျှမ်းပြည်တပ်မတော် သည် မြန်မာ နေပြည်တော်အစိုးရ နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးထားသည့်တပ်ဖွဲ့ဖြစ်သည်။

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .