Social Icons

Friday, November 16, 2012

မြန်မာအစိုးရစစ်တပ် စစ်ဆင်ရေးလှုပ်ရှားမှု

  •  (myitkyina)
  • ခမရ(၃၁၈)တပ်ရင်း၊ ဒုတိယတပ်ရင်းမှူး ဦးစီးသော စစ်ကြောင်းသည် ကားမိုင်းမြို့နယ်၊ မအူပင်ကျေးရွာ၊ နမ်ဖာကျေးရွာတ၀ိုက် လှုပ်ရှားလျက်ရှိကြောင်း သိရှိရသည်။
  • နိုဝင်ဘာလ(၁၄)ရက်နေ့တွင် စစ်မော်တော်ယာဉ်(၄၄)စီး ပါဝင်သော မြန်မာအစိုးရစစ်ယာဉ်တန်းသည် မိုးကောင်းမြို့ မှ ဖားကန့် သို့ ချီတက်သွားကြောင်း သိရှိရသည်။
  • နိုဝင်ဘာလ(၁၄)ရက်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး သည် ရဟတ်ယာဉ်ဖြင့် ပန်ဝါမြို့သို့ သွားရောက်၍ စစ်ဆင်ရေးအတွက် ညွှန်ကြားကာ ညနေပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် သို့ ပြန်လည်ရောက်ရှိကြောင်း စစ်တပ်အသိုင်းအ၀ိုင်းမှ သိရှိရသည်။
  • ခလရ(၇၄)၊ ခမရ(၃၄၇) ပူးပေါင်းစစ်ကြောင်းအင်အား(၁၀၀)ခန့် သည် ကားမိုင်းမြို့နယ်၊ လဘန် ကထောင်ကျေးရွာတ၀ိုက် စစ်ဆင်ရေးပြုလုပ်နေကြောင်း သိရှိရသည်။
  • နိုဝင်ဘာလ(၁၅)ရက်နေ့တွင် ခလရ(၁၃)တပ်ဖွဲ့ဝင်တို့သည် ကားမိုင်းမြို့နယ်၊ ကောင်ရာကျေးရွာရှိ ခရစ်ယာန်ဆုတောင်းတောင်သို့ အတင်းဝင်ရောက်တပ်စွဲထားကြောင်း သိရှိရသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .