ဖားကန့်မြို့ ဗျူဟာမှူးရုံး မှ အောက်ခြေတပ်ရင်းသို့
စစ်ဆင်ရေးအတွက် အဆင်သင့် ပြင်ဆင်ထားရန် နိုဝင်ဘာလ(၁၅)ရက်နေ့ က
ညွှန်ကြားထားကြောင်း သိရသည်။ ယင်းသို့ ညွှန်ကြားချက်တွင် KIA တပ်ရင်း(၆)
တပ်တည်ရာ ကံဆီးရွာ ကို အမြစ်ပြတ်ချေမှုန်းရန်အတွက် ရိက္ခာလက်နက်ပစ္စည်းများ
ရောက်ရှိပြီဖြစ်၍ မကြာမှီကာလအတွင်း ခလရ၊ ခမရ (၅၂)၊ (၃၄၇)၊ (၁၆)၊ (၂၂၉)၊
(၂၂၈)၊ (၃၈၃)၊ (၃၁၈)တပ်ရင်း များအားလုံး ပူးပေါင်းဖြန့်ခွဲ၍
အထူးထိုးစစ်ဆင်စနစ်ဖြင့် စစ်ဆင်ရေးပြုလုပ်သွားမည် ဖြစ်သဖြင့် မိမိတပ်များ
လက်နက်ကြီး၊ လက်နက်ငယ် ခဲယမ်းများ အဆင်သင့် ပြင်ဆင်ထားရန်ဟု
ညွှန်ကြားကြောင်း သိရှိရသည်။
ဖားကန့်ဒေသတွင် ၁၂၀ မမ၊ ၈၁ မမ လက်နက်ကြီးများကို အမြောက်တပ်ရင်း(၂၀၈) က တောင်ကုန်း (၂)ခုတွင် နေရာဖြန့်ချထားပြီး ဖြစ်သည်။ အထူးထိုးစစ်ပြုလုပ်ရန်အတွက် လိုအပ်သော ရိက္ခာ၊ လက်နက် ပစ္စည်းများကို နိုဝင်ဘာလ(၁၃)ရက်နေ့ စတင်ကာ စစ်ယာဉ်(၅၀)ခန့်နှင့် စတင်ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

No comments:
Post a Comment