Social Icons

Monday, December 23, 2013

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် မွန်လူမျိုးအမည် မမှားယွင်းစေရန် လှုံ့ဆော်မှုများ ပြုလုပ်မည်



လာမည့် ၂၀၁၄ မတ်လ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် မွန်လူမျိုးအမည် မှားယွင်းမှု မရှိစေရန် လှုံ့ဆော်မှုများ ပြုလုပ်သွားမည်ဖြစ်သည်ဟု မွန်လူမျိုးလူဦးရေ ကောက်ယူရေးစီမံချက် စီမံခန့် ခွဲမှုဒါရိုက်တာအဖွဲ့ဝင် ဦးမင်းစိုးအောင်က ဒီဇင်ဘာ ၂၂ တွင် မဇ္ဈိမကို ပြောသည်။လှုံ့ဆော်မှုများ ပြုလုပ်ရာတွင် ရန်ကုန်တိုင်းအတွင်းတွင် လုပ်ဆောင်မည်ဖြစ်ပြီး လက်ကမ်းစာစောင်များ ရိုက်နှိပ်ဖြန့်ဝေခြင်း၊ ရေဒီယိုမှ အသံလွှင့်ကြေညာခြင်း၊ မီဒီယာများမှတစ်ဆင့် လူထုကိုအသိပေးခြင်း၊ မွန်ရိုးရာအထိမ်းအမှတ် အခမ်းအနားများမှတစ်ဆင့် အသိပေးခြင်းတို့ကို လာမည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ အတွင်း ပြုလုပ်မည် ဖြစ်သည်။ဦးမင်းစိုးအောင်က “ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာမှာ လူမျိုးစု မမှားအောင်လို့ လှုံ့ဆော် မှုတွေကို ပြုလုပ်သွားမှာပါ”ဟု ပြောသည်။ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် ဖြေဆိုရမည့် မေးခွန်း ၄၀ ကျော်ရှိပြီး မေးခွန်း နံပါတ် (၈)တွင် လူမျိုးစုအမည်မေးမြန်းထားကာ မွန်လူမျိုးကို ကုတ်နံပါတ် ၆၀၁ ဟု သတ်မှတ်ထားသည်။ကုတ် နံပါတ်ထည့်သွင်းရာတွင် မှားယွင်းမှု ဖြစ်ပေါ်ပါက ထောက်ပြ ပြောဆိုနိုင်စေရန်အတွက် လှုံ့ဆော်သွား မည်ဖြစ်သည်ဟု ဦးမင်းစိုးအောင်က ဆိုသည်။ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မွန်တိုင်းရင်းသားရေးရာဝန်ကြီး ထားရှိနိုင်ရန် ရည်ရွယ်၍ ကောက်ယူသည့် မွန်လူမျိုးလူဦးရေစာရင်း ကောက်ယူရေးစီမံချက်ကိုလည်း ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူမှုမတိုင်ခင် ပြီးဆုံးအောင် ကောက်ယူမည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်မှ ဒီဇင်ဘာလ ၂၂ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း အလုံ၊ ကြည့် မြင်တိုင်နှင့်စမ်းချောင်းမြို့နယ်များတွင် မွန်လူမျိုးသန်းခေါင်စာရင်း ကောက်ယူမှုစာရင်းဇယားများအရ မွန် လူဦးရေ ၃၀၀၀၀ ကျော် ရှိနေပြီဖြစ်သည်။လူမျိုးလူဦးရေစာရင်း ကောက်ယူရေးစီမံချက်အရ စမ်းသပ်ကောက်ယူသော မွန်အိမ်ထောင်စု ၃၀ ၌ ၁၀ စုသာ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းတွင် မွန်လူမျိုးဟု စာရင်းအမှန်တွေ့ရှိရသည်ဟု ဆိုသည်။
(Mizzima) 23,December, 2013

တိုင်းရင်းသား အဖွဲ့ခေါင်းဆောင်များနဲ့ ဝန်ကြီး ဦးအောင်မင်း တွေ့ဦးမည်


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အခုလ ၂၉ ရက်နေ့ ထပ်မံတွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အခုလ ၂၉ ရက်နေ့ ထပ်မံတွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။နှစ်ဖက်ခေါင်းဆောင်တွေ အဲဒီလို တွေ့ဆုံဆွေးနွေးမှာနဲ့ ပတ်သက်ပြီး NCCT အဖွဲ့က ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ခုလို အတည်ပြုပြောဆိုပါတယ်။"သူတို့လာမယ်ပြောတယ်၊ တကယ်လာမှာက ၂၆ ရက်နေ့ကတည်းက လာမယ်၊ ဒါပေမဲ့ ဘုရားဖူး၊ အနားယူ၊ အပန်းဖြေ၊ ကျနော်တို့ကိုကတော့ ၂၉ မှ တွေ့မယ်။ တွေ့သော်လည်းပဲ အလွတ်သဘောတွေ့မယ်၊ ဆွေးနွေးတဲ့ဟာကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်လေ၊ အဲ့စာချုပ်ရေးနေတာ၊ ဟိုး လိုင်ဇာ၊ မြစ်ကြီးနားမှာ ရေးတယ်၊ အဲ့ဒါကို ပြန်ရေးတယ်၊ ရေးပြီးတာနဲ့နောက် ရန်ကုန်ကို သွားပြတယ်၊ ဟိုက တချို့သဘောထားပြန်ပေးတယ်၊ ပြန်ရေးတယ်၊ ၂၉ ရက်နေ့ ပြန်ပြမယ်၊ ပြီးရင် လောခီးလာမှာ ပြန်ရေးမယ် မပြီးတတ်သေးဘူး၊ ဘယ်လိုမှ ပြလို့လည်း မရသေးဘူး။ ရှုတ်ရှက်ခတ်နေတယ်"တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ၁၃ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ NCCT အဖွဲ့ဝင် ခေါင်းဆောင်တွေဟာ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် မူကြမ်းနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၃ ရက်ကြာ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြပြီး နောက်ဆုံး သဘောတူထားတဲ့အချက်တွေကို ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ကို ပြန်ပြီး တင်ပြဆွေးနွေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ဒီဆွေးနွေးပွဲကို ၀န်ကြီး ဦးအောင်မင်းနဲ့အတူ စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတချို့ လိုက်ပါလာမယ်လို့ သိထားရပေမဲ့ ဘယ်သူဘယ်ဝါ ပါဝင်ကြမယ်ဆိုတာကိုတော့ အတိအကျပြောဆိုဖို့ ခက်နေသေးကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။
By (RFA) 23 ,December, 2013

Hkyen Bum Ntsa Na Myu Tsaw Ni

Myu kaba (Facebook)
  




ခေါင်းဆောင်မဖြစ်ထိုက်သောသူ ၈ မျိုး

ခေါင်းဆောင်မဖြစ်ထိုက်သောသူ ၈ မျိုး
 ဘုရင့်သားကား အမတ်ကြီးအားမေး၏။မည်သို့သောသူသည် ခေါင်းဆောင်ဖြစ်ထိုက်သနည်း။အမတ်ကြီးက အရှင့်သားခေါင်းဆောင်ဖြစ်ထိုက် မဖြစ်ထိုက်ကို မှန်းဆ၍မရ လက်တွေ့လေ့လာမှ မြင်နိုင်ပေ၏။သို့ပေမယ့် ခေါင်းဆောင် မဖြစ်ထိုက်သောသူ(ခေါင်းဆောင်မခန့်အပ်သောသူ)၈ မျိုးရှိ၏ 
တစ်-ကိုယ့်ထက်သာတဲ့သူကို မနာလိုသောသူ
 နှစ် - ကိုယ့်အလိုကျ စကားပြောသူရဲ့စကားကိုသာ ယုံကြည်သောသူ 
သုံး - အခြားသူအမှားသာမြင်ပြီး ကိုယ့်အမှားကို မမြင်သောသူ
 လေး - ဆုံးဖြတ်ချက်များကို ပြတ်သားစွာမချတတ်သူ(ဆုံးဖြတ်နိုင်စွမ်းမရှိသူ)
 ငါး - အရက်အလွံ့အကျွံ့သောက်သောသူ
 ခြောက် - ကတိများစွာပေးပြီး နောက်ကွယ်မှာ တုံ့ဆိုင်းတတ်သူ 
ခုနှစ် - ငွေကြေးများများပေး၍ အများချစ်ခင်အောင်ဆောင်ရွက်သူ
 ရှစ် - ပြောသည့်စကားအတိုင်း လိုက်မလုပ်နိုင်သူ 
ထို ၈ မျိုးကား ခေါင်းဆောင်မခန့်အပ်ရာ။ မင်းသား သိပ်နားမလည်သေးသဖြင့် အမတ်ကြီးက ရှင်းပြသည်။ ကိုယ့်ထက်သာသူကို မနာလိုသောသူကား အရည်အချင်းရှိသော်ငြားလဲ မနာလိုစိတ်များပါက ကိုယ့်အချင်းချင်းပင်ဖြစ်စေ မကောင်းကြံတတ်၏။ ကိုယ့်အလိုကျ စကားပြောသူကိုသာ ယုံကြည်သောသူသည် အရည်အချင်းတဖြည်းဖြည်းညံ့ဖျင်းလာတတ်၏။အတ္တစိတ်ဝင်တတ်ပြီး အမှန်တ၇ားကို မြင်ရဖို့ခက်ခဲ၏။ အခြားသူအမှားသာ မြင်ပြီး ကိုယ့်အမှားမမြင်တတ်သောသူသည် လွဲချခြင်းမျိုးဖြစ်တတ်၏။ ထိုသူကြောင့် လူကောင်း။လူတော်တွေ အလွန်နစ်နာရပေမည်။ ဆုံးဖြတ်ချက်ပြတ်သားစွာ မချနိုင်သူကား ကလေးသာသာပင်ဖြစ်၏။နှစ်ဖက်လွန်ဆွဲသော ကိစ္စများတွင် မပြတ်သားမှုကြောင့် အရှုပ်အထွေးများစွာဖြစ်တတ်၏။ အရက်သေစာ အလွံ့အကျွံ့သောက်သူကား ထုံထိုင်း၏။ဒေါသကြီးလွယ်၏။ မှတ်ဉာဏ်ချို့ယွင်း၏။ထိုလူကား အသုံးမ၀င် လူ့အောက်ကျသက်သက်သာ။ ကတိများစွာပေးပြီး နောက်ကွယ်မှာ ပေါ့ပေါ့တန်တန်နေသူကား ဖြစ်သလိုလုပ်တတ်၏။အနားနီးမှ ပြုလုပ်တတ်သောကြောင့် များစွာအကျိုးထိခိုက်၏။ ငွေကြေးများများပေး၍ အများချစ်ခင်အောင် ဖြားယောင်းသူကား ပိုအရေးကြီး၏။ထိုသူကား ကောက်ကျစ်သည့်အမျိုးအစားဖြစ်၏။ ပြောသည့်စကားအတိုင်း လိုက်မလုပ်နိုင်သူကား အလုပ်ကိစ္စများကို အပြီးစီးနိုင်၊အထူးသဖြင့် ဂုဏ်သိက္ခာကို ထိခိုက်နိုင်၍ ဆင်ခြင်သင့်ပေသည်။ 
 မောင်စိုင်း

တခါတလေလည်း ဒါမျိုးလိုတယ်။

အင်္ဂလိပ်စာ အသံထွက် မရသောသူများအတွက် အသံထွက်ရေးထားပါတယ် From-Zayar Real

The YANGON TIMES DAILY NEWS PAPER.

ကချင်မျိုးနွယ်စုများအားလုံး သန်းခေါင်စာရင်းတွင် ကချင်အမည် တစ်မျိုးတည်းသာ သုံးမည်


20 December 2013 by Mizzima ( ဖနိဒါ )

ကချင်မျိုးနွယ်စု များစွာရှိသည့်အနက် “ကချင်” ဆိုသော အမျိုးသားအမည်တစ်မျိုးတည်းကို အသုံးပြုရန် ကချင် လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပနေသော ကချင်အမျိုးသားများ၏ အနာဂတ်နှင့် ရှေ့ဆက် နိုင်ငံရေးလုပ်ငန်းစဉ် ရှင်းလင်းဆွေးနွေးပွဲက ဒီဇင်ဘာ ၁၉ ရက်တွင် ဆုံးဖြတ်လိုက်သည်။

၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်တွင် စတင်ကောက်ယူမည့် သန်းခေါင်စာရင်း ကောက်ယူမှုတွင် လူမျိုးနေရာတွင်“ကချင်”ဟု ထည့်သွင်းသွားရန် သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ “ကျွန်တော်တို့က ကချင်ဆိုတဲ့ခေါင်းစဉ် ကချင်မျိုးနွယ်စုထဲမှာ ပါဝင်တဲ့ လောင်ဝေါ၊ လချိတ်၊ ဇိုင်ဝါ၊ ဂျီးဖော့ အားလုံးပါတယ်။ အဲဒါ ကြောင့် သန်းခေါင်စာရင်းထည့်တဲ့အခါ ကချင်ဆိုတဲ့အမည်နာမကို အားလုံးသုံးဖို့ဆိုပြီး တက်ရောက်လာ သူ အားလုံး သဘောတူပြီး ဆုံးဖြတ်တယ်”ဟု ဆွေးနွေးပွဲ တက်ရောက်လာခဲ့သူ ကချင်ငြိမ်းချမ်းရေးအဖွဲ့ PCG မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

အစိုးရမှကောက်ခံမည့် သန်းခေါင်စာရင်းတွင် ကချင်လူမျိုးစု ၁၂ ခု ထည့်သွင်းထားသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ဆိုလိုက်ပြီး ကချင်လူမျိုးစု ခြောက်စုသာ ရှိသည်ဟု ဆိုသည်။

“အစိုးရက တခြားဆီဖြစ်တယ်ဆိုပြီး ခွဲပေးလိုက်တယ်။ အဲဒါကို ဆွေးနွေးကြတယ်။ ကျွန်တော်တို့က အရင်ကတည်းကနေ စကားမတူပေမယ့် လူမျိုးတစ်မျိုးပဲ။ ရိုးရာယဉ်ကျေးမှုကလည်း တစ်မျိုးတည်းပဲ” ဟု ပြောသည်။

ကချင်မျိုးနွယ်စု ဂျိန်းဖော့၊ လောင်ဝေါ်၊ လချိတ်၊ ဇိုင်ဝါး၊ လီဆူ၊ ရ၀မ်နှင့် နုန် ဟူ၍ ခုနစ်မျိုးရှိသည်ဟု သတ်မှတ်သော်လည်း မြစ်ကြီးနားမြို့ ကချင်ယဉ်ကျေးမှုအဖွဲ့က နုန်နှင့်ရ၀မ်အား ပေါင်းလိုက်ကာ ကချင်မျိုးနွယ်စု ခြောက်မျိုးသာ သတ်မှတ်ထားသည်ဟု ဦးဒွဲပီဆားက ပြောသည်။

၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှစတင်ကာ ဧပြီလ ၁၀ ရက်အထိ တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူရာတွင် မျိုးနွယ်စုပေါင်း ၁၃၅ မျိုးကို အခြေခံ၍ ကောက်ယူသွားမည်ဆိုသည့်အပေါ် တိုင်းရင်းသားများအကြား စိုးရိမ်မှုများ ရှိနေသည်။

“လူမျိုးစုတွေ စဉ်းစားနိုင်တာကတော့ လူမျိုး ၁၃၅ မျိုးဆိုပြီးတော့ ခွဲပြီး လုပ်လိုက်တဲ့အပေါ်မှာ တချို့က တော့ ဥပမာ ချင်းဆိုရင်တော့ တစ်မျိုးတည်း တစ်ပြည်ထောင်ထဲမှာဘဲ။ ဒါပေမဲ့ သူက ၅၃ မျိုးတောင် ထွက်ထားတော့ ဒါက တမင်တကာကို ပိုပြီးကွဲသွားအောင် လုပ်တဲ့သဘော သက်ရောက်နိုင်မလားဆိုတဲ့ဟာမျိုးတွေ စိုးရိမ်တယ်”ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အတွင်း ရေးမှူး နိုင်ဟံသာက ပြောသည်။

ထို့ပြင် သန်းခေါင်စာရင်းကောက်ခံရာတွင် ဒေသအလိုက် ဘာသာစကားနားလည်သည့် လူများကိုသာ သန်းခေါင်စာရင်း ကောက်ခံစေရန် ထည့်သွင်းစဉ်းစားစေလိုသည်ဟု “အစိုးရက လူမျိုးစု ၁၃၅ စုကို အခြေခံပြီးတော့ ကောက်မယ်ဆိုတဲ့အပေါ်မှာ ကျွန်မတို့ စိုးရိမ်တဲ့အချက်က ဒါက သိပ်များနေတယ်။ သိပ် ဖောင်းပွနေတယ်”ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှအဖွဲ့ဝင် မနင်လီခေါန်က ဒီဇင်ဘာ ၁၂ ရက်က မဇ္ဈိမ ကို ပြောသည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူပြီးစီးသည့်အချိန်တွင် အစိုးရ သတ်မှတ်ထားသည့် တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၃၅ မျိုးသည် အတိုးအလျှော့အပြောင်းအလဲ ရှိလာနိုင်သည်ဟု ယဉ်ကျေး မှုဝန်ကြီးဌာနက ဒု-၀န်ကြီး ဒေါ်စန္ဒာခင်က သတင်းဌာနများသို့ ထုတ်ဖော်ပြောဆိုထားသည်။

လတ်တလော သန်းခေါင်စာရင်းကောက်ခံမည့်သူများကို သင်တန်းပေးနေပြီဖြစ်ပြီး လူဝန်မှုကြီးကြပ်ရေး ၀န်ထမ်းများနှင့်အတူ မူလတန်း၊ အလယ်တန်း ကျောင်းဆရာ၊ ဆရာမများနှင့် တက္ကသိုလ် ကျောင်းသားများကို ခေါ်ယူအသုံးပြုသွားမည်ဖြစ်သည်။

ငြိမ်းချမ်းရေးအဖွဲ့နှင့် တင်းမာ၍ မိုဘိုင်း စစ်ဆေးရေးအဖွဲ့ လက်နက်တပ်ဆင်

Mobile Team, မိုဘိုင်း စစ်ဆေးရေး အဖွဲ့, ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့ နောင်ရိုး အထူးဒေသ KEAP, ကန့်သတ် ကုန်ပစ္စည်း
မြ၀တီ-ကော့ကရိတ် တောင်ပေါ်လမ်းကြောင်းမှ သယ်ဆောင်လာသော ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များအား တင်ဆောင်ဆောင်လာသည့် ယာဉ် တစီး (ဓာတ်ပုံ – သစ်နေမိုး / ဧရာဝတီ)
ကရင် ငြိမ်းချမ်းရေး အဖွဲ့ တဖွဲ့ ဖြစ်သော နောင်ရိုး အထူးဒေသ (KEAP) အဖွဲ့အား တရားမ၀င် ကုန်သွယ်မှု ထိန်းချုပ်ရေး အဖွဲ့ (Mobile Team) က ကန့်သတ် ကုန်ပစ္စည်းများ စစ်ဆေးခဲ့သည့် ဖြစ်စဉ်တွင် တင်းမာမှု ပြဿနာများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ဆေးရေး အဖွဲ့ရှိ ရဲတပ်ဖွဲ့ဝင်များကို လက်နက်အစုံ တပ်ဆင်ပေး လိုက်ကြောင်း သိရသည်။
မြ၀တီ-ရန်ကုန်လမ်း စစ်တောင်း-ဒိုက်ဦးလမ်းဆုံ အနီး ညောင်ခါးရှည် ရွာတွင် ယခု လဆန်းပိုင်းကKEAP အဖွဲ့ သယ်ဆောင် လာ သော တရားမ၀င် ကန့်သတ် ကုန်ပစ္စည်းများကို မိုဘိုင်း စစ်ဆေးရေးအဖွဲ့က ထိန်းသိမ်းခဲ့ကြောင်း၊ နောက်တရက်တွင် KEAP အဖွဲ့က လက်နက်ကိုင် လူအင်အား ၁၀ ဦးကျော်ဖြင့် လာရောက်၍ ပြန်လည် ယူဆောင်သွားခဲ့ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ရဲတပ်ဖွဲ့ဝင်များကို လက်နက်များ တပ်ဆင်ပေးရခြင်း ဖြစ်ကြောင်း မိုဘိုင်း စစ်ဆေးရေး အဖွဲ့တာဝန်ရှိသူ တဦးက ပြောသည်။
“ဒီလမ်းကြောင်းက ဒါကိုခွင့်ပြုပေးလို့ မရဘူး၊ ပစ္စည်းရော ကားတွေရော တားထားတာပေါ့၊ နောက်တနေ့ မနက်မှာ အဲ့ဒီအဖွဲ့က လက်နက်အင်အား ၁၀ ယောက်လောက်နဲ့လာပြီး မပေးဘူးလား ပေးမှာလား ခြိမ်းခြောက် ပြောဆိုပြီး ကားတွေ မောင်းသွားတယ်” ဟုလည်း ၄င်းက ဧရာဝတီကို ပြောပြသည်။
ကရင်ပြည်နယ် ဘီးလင်းဒေသ အခြေစိုက် KEAP အဖွဲ့က ဘီယာဖာ ၅၇၀ ကို Super Custom နှစ်စီးဖြင့် အပြည့်သယ်ဆောင် လာ ခြင်း ဖြစ်ပြီး မိုဘိုင်း စစ်ဆေးရေး အဖွဲ့၏ ဥပဒေအရ စစ်ဆေးဆုံးဖြတ်မှုကို လိုက်နာခြင်း မရှိဘဲ အလွတ် သယ်ယူသွားကြ ခြင်း လည်း ဖြစ်သည်ဟု ဆိုသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မိုဘိုင်း စစ်ဆေးရေး အဖွဲ့က ပြည်နယ်အစိုးရသို့ တင်ပြခဲ့ရာ ပြည်နယ် လုံခြုံရေးဝန်ကြီး ကိုယ်တိုင် လာရောက်ခဲ့ကြောင်းနှင့် ကန့်သတ်ပစ္စည်းများနှင့် ထွက်ပြေးသွားသူများအား မွန်ပြည်နယ်တွင် ထိန်းသိမ်းမိခဲ့ကြောင်း သိရသည်။
ထွက်ပြေး သွားသူများကို ထိန်းသိမ်းနိုင်ခဲ့ပြီး နောက်ပိုင်း ရက်အနည်းငယ် အတွင်း KEAP အဖွဲ့ခေါင်းဆောင်က မိုဘိုင်း စစ်ဆေး ရေး အဖွဲ့သို့ လာရောက်ပြီး ရန်လိုသော သဘောမျိုးဖြင့် တင်းမာစွာပြောဆိုသွားခဲ့သည်ဟု မိုဘိုင်း စစ်ဆေးရေး အဖွဲ့ တာဝန်ရှိသူက ပြောသည်။
“အဲ့ဒီကြားမှာ သူတို့ခေါင်းဆောင် လာပြီး ရန်ရှာမယ် ဘာညာ ပြောသွားပြန်ရော၊ ကျနော်တို့လည်း စဉ်းစားတာပေါ့၊ ဒီတိုင်းဆိုရင် တော့ မဖြစ်ဘူး၊ ဟိုက သေနတ်တွေ ဘာတွေနဲ့ လာတယ်၊ မတော် ပစ်သွားရင် ကိုယ့်မှာလည်း ဘောလ်ပင်ပဲ ရှိတယ်ပေါ့၊ ရဲတွေကိုတော့ သေနတ်တွေ ဘာတွေ ထုတ်ပေးသင့်တယ် ဆိုပြီး တင်ပြတော့ အခု ခရိုင် ရဲမင်းကြီး ကိုယ်တိုင်လာပြီး Mobile Team က ရဲအဖွဲ့ကို လက်နက် အပြည့်အစုံ ထုတ်ပေးထားတယ်”ဟု ၄င်းက ပြောပြသည်။
လက်ရှိတွင် မိုဘိုင်း စစ်ဆေးရေးအဖွဲ့ခေါင်းဆောင်က အဆိုပါ တရားမ၀င် ကန့်သတ် ကုန်ပစ္စည်းများ မောင်းနှင်သွားသူအား ပဲခူး အမှတ်(၁) ရဲစခန်းတွင် ပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်ထားကြောင်း တာဝန်မှူး ဒု ရဲအုပ် ညီညီက ပြောသည်။
“နောင်ရိုး အထူးဒေသ အဖွဲ့က ဗိုလ်မှူး အဆင့်ရှိတဲ့ စောငွေဟောက် ဆိုသူပါ၊ လက်ရှိကတော့ စစ်ဆေးဆဲပေါ့၊ သူက အာမခံနဲ့ အပြင် မှာပါပဲ၊ သူတို့အဖွဲ့ ခေါင်းဆောင် ကိုယ်တိုင် လာပြီး အပ်သွားခဲ့တာပါ”ဟု ၄င်းက ပြောပြသည်။
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု အဓိက လမ်းကြောင်းများ ဖြစ်သော မူဆယ်-မန္တလေး လမ်းကြောင်းတွင် မိုဘိုင်း စစ်ဆေးရေး အဖွဲ့ ၁ နှင့် မြ၀တီ-ရန်ကုန် လမ်းကြောင်းတွင် မိုဘိုင်း စစ်ဆေးရေး အဖွဲ့ ၂ ကို ထားရှိ စစ်ဆေးကြောင်း၊ အခြား နယ်စပ် ထွက်ပေါက် ရှောင်ကွင်း လမ်းများတွင်လည်း မိုဘိုင်း စစ်ဆေးရေး အဖွဲ့ငယ်တချို့ဖြင့် တရားမ၀င်ကုန်သွယ်မှု ထိန်းချူပ်ခြင်းများ ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။
စားသုံးသူ ကာကွယ်ရေးနှင့် တရားမ၀င် ကုန်သွယ်မှုများ လျော့နည်း ကျဆင်းစေရေး လှုပ်ရှား တားဆီးရေး အဖွဲ့ဟုခေါ်သည့် (Mobile Team) မိုဘိုင်း စစ်ဆေးရေး အဖွဲ့၏ တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီကို ၂၀၁၂ ခု ဒီဇင်ဘာ ၁၂ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
irrawaddy

Thursday, December 19, 2013

နေပြည်တော် ဆီးဂိမ်းကို နိုင်ငံခြား ဧည့်သည်များ အံ့သြ

ဆီးဂိမ်းပွဲတော်, နေပြည်တော်,ကမ္ဘာလှည့် ခရီးသွား
ကြီးကျယ်လွန်းသော နေပြည်တော်ကို နိုင်ငံခြားဧည့်သည်များက အထူးအဆန်းအဖြစ် ရှုမြင်ကြသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
၂၇ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတဲ့ မြန်မာနိုင်ငံရဲ့ မြို့တော်သစ် နေပြည်တော်မှာ ကြီးကျယ်သော အဆောက်အဦများစွားဖြင့် ဖွံဖြိုး တိုးတက်လျက်ရှိသော်လည်း မြို့ကြီး သီးသီးသန့်သန့် တည်ရှိနေခြင်းက ထူးဆန်း အံသြစရာ ကောင်းနေကြောင်း နေပြည်တော် ဆီးဂိမ်း ပြိုင်ပွဲသို့ရောက် နိုင်ငံခြားသား ဧည်သည်များက မှတ်ချက်ပြု ကြသည်။
နေပြည်တော်တွင် အဆောက်အဦး ကောင်းများစွာရှိပြီး  ကြီးမားကျယ်ပြန့်သော လမ်းများဖြင့် လှပနေသော်လည်း စည်းကမ်း ပိုင်းဆိုင်ရာတွင် အားနည်းချက်များ ရှိနေသေးကြောင်း နိုင်ငံခြားသား တချို့က ပြောသည်။ ယင်းအပြင် နေပြည်တော်မှာ ဆင်းရဲ ချမ်းသာ လူတန်းစား အလွှာစုံကို မတွေ့မြင်ရဘူးဟု ၎င်းတို့က ဆိုသည်။
“ အခု မြန်မာက ပွင့်လင်းသွားပြီ ဆိုတော့ ခရီးသွားရတာ အဆင်ပြေတယ်။ နေပြည်တော်ကြီးက ရန်ကုန်လောက် ကားတွေ ၊ လူတွေ မများဘူး။ ဒီတိုင်းပြည်က တခြားမြို့တွေလို မဟုတ်ဘဲ သပ်သပ်ကြီး ဖြစ်နေတာ အရမ်း အံသြစရာပဲ။ လူတွေကလည်း ကားတွေ ဆိုင်ကယ်တွေနဲ့ ချမ်းသာတဲ့ပုံပဲ။ ရန်ကုန်က လူဦးရေ ၈ သန်းကို ဒါမျိုး ဖန်းတီးပေးသင့်တယ် ”ဟု နေပြည်တော် ဆီးဂိမ်းသို့ သီးသန့် လာရောက် လည်ပတ်သူ ဂျာမနီနိုင်ငံသား Mark က ဆိုသည်။
နေပြည်တော် ဆီးဂိမ်းသို့ ရောက်ရှိ လာသော Mark တို့ ကမ္ဘာလှည့် ခရီးသွား အဖွဲ့သည် ရန်ကုန် ၊ မန္တလေးနှင့် ပုဂံသို့ အလည်အပတ် ခရီး သွားရောက်ခဲ့ပြီး ဖြစ်ရာ မန္တလေးနှင့် ပုဂံရှိ မြန်မာ ပြည်သူများမှာ သူတို့၏ တိုင်းပြည်တွင် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပွဲတော် (ဆီးဂိမ်း) ပြိုင်ပွဲကြီး ကျင်းပနေသည်ကို မသိရှိကြကြောင်း Mark တို့အားပြောဆိုသည်ဟု ဧရာဝတီသို့ ပြောပြသည်။
“ တကယ်ဆိုရင် ကိုယ့်နိုင်ငံမှာ ဒီလောက်ကြီးတဲ့ အားကစားပွဲကြီး လုပ်တာ ပြည်သူတွေ သိသင့်တာပေါ့။ ပုဂံက ပြည်သူတွေ မသိတာ ထားလိုက်တော့၊ မန္တလေးမှာ အမျိုးသမီး ဘောလုံးပွဲ ရှိတာပဲ ။ သူတို့ သိသင့်တာပေါ့။ မှန်းပြောရရင် အစိုးရက နိုင်ငံတကာကို ကြွားချင်လို့ သက်သက် လုပ်ပြတာမျိုး ဖြစ်နေမလား” ဟု Markက မှတ်ချက်ပြု ပြောဆိုသည်။
နေပြည်တော်သည် မြန်မာနိုင်ငံတွင် နေရာ အသစ်တခုကဲ့သို့ သီးသီးသန့်သန့် တည်ရှိနေခြင်းသည် အပြောင်းအလဲ တခုဖြစ်ပြီး အလွန် ဖွံဖြိုးတိုးတက်သော တိုင်းပြည်ကြီး တခုသို့ အလုပ် လာလုပ်နေရသည်ဟုပင် ခံစားရကြောင်း ထိုင်းနိုင်ငံ အခြေစိုက် Nation Man ကုမ္ပဏီမှ အသက် ၄၆ နှစ်အရွယ် ထိုင်းလူမျိုး Mr.MonGkon က ဧရာဝတီသို့ ပြောသည်။
“ ဒီကို မရောက်ခင်က နေပြည်တော်ကို ဒီလောက် ကြီးကျယ် ခမ်းနားလိမ့်မယ်လို့ ထင်မထားဘူး။ တကယ်နေရာ အသစ်တခုပဲ။ ကျနော်က ဒီမှာ လက်ဝှေ့စင် အတွက် လိုအပ်တာတွေ လာကူတာ။ ဒါပေမဲ့ နေပြည်တော်ထက် မန္တလေးကို ပိုကြိုက်တယ်။ အဲဒီက မြန်မာတွေက ဖော်ရွှေတယ်။ မန္တလေးက ကျနော်တို့ နိုင်ငံနဲ့ ပိုတူတယ်” ဟု Mr.MonGkon က ဆိုသည်။
Mr.MonGkon သည် မြန်မာနိုင်ငံ လက်ဝှေ့ အဖွဲ့ချုပ်အတွက် လက်ဝှေ့စင်နှင့် လက်ဝှေ့ ပစ္စည်းများ ကူညီ ထောက်ပံပေးရန် နည်းပညာ အကူအညီပေးနေသူတဦး ဖြစ်ပြီး နေပြည်တော်သို့ နှစ်ကြိမ်မြောက် ရောက်ရှိလာသူဖြစ်သည်။
“ ဒီမှာ လူတိုင်းက ကွမ်းတံတွေးကို ကြုံသလို ထွေးနေတာမျိုး တွေ့ရတယ်။ ထွေးတဲ့သူတွေအတွက် ထွေးဖို့နေရာတို့ ၊ အမှိုက်ပုံးတို့ ပေးထားတာလည်း မတွေ့ဘူး။ စည်းကမ်း လိုက်နာဖို့အတွက် အမှိုက်ပုံးတို့ ၊ ကွမ်းတံထွေးတဲ့ နေရာတို့ ထားပေးသင့်တယ်။ ထိုင်းမှာလည်း တချို့နေရာတွေက ညစ်ပတ်ပေမယ့် မြန်မာတွေလိုတော့ ကွမ်းတအား မစားကြဘူး။ နိုင်ငံတိုင်းမှာလည်း စည်းကမ်း မလိုက်နာတဲ့ သူက ရှိတာပဲ”ဟု ထိုင်းနိုင်ငံသား မစ္စတာ Mr.MonGkonက ပြောသည်။
နေပြည်တော်သည် ရန်ကုန်မြို့ထက် ပိုကောင်းမွန်ပြီး မလေးရှားနိုင်ငံ ပူထရာဂျာနာ ဒေသနှင့် ဆင်တူကြောင်း ၊ မြန်မာ့ ရိုးရာ လက်မှု ပစ္စည်းများ ၀ယ်ယူချင်သော်လည်း နေပြည်တော်တွင် ရှာမတွေ့ကြောင်း ပထမဆုံးအကြိမ် နေပြည်တော်သို့ ရောက်ရှိလာသော မလေးရှားနိုင်ငံမှ အသံလွှင့်အင်ဂျင်နီယာ မစ္စတာ အင်မန်အီဟတ်က ပြောသည်။
“ မြန်မာတွေ ဧည့်ဝတ်ကျေတယ် ။ ဆီးဂိမ်း အပြင်အဆင်ကလည်း အရမ်းကောင်းတယ်။ ခြင် ပြဿနာကတော့ ကြီးကြယ်တဲ့ Issue ကြီးမဟုတ်ပါဘူး။ အခုတော့ အဆင်ပြေသွားပြီ ။ ဒီမှာ နေရာတိုင်းကို လွတ်လွတ်လပ်လပ် သွားလို့ ရနေတာပဲ ” ဟု မလေးရှားနိုင်ငံ National Sport Council မှ မစ္စတာ ဘက်စမန်က ဆိုသည်။
“ဒီဆီးဂိမ်း အားကစား ကွင်းထဲမှာတော့ သယ်ယူ ပို့ဆောင်ရေးက သိပ်အဆင်မပြေဘူး။ ကားတွေက အချိန်မမှန်ဘဲ သူဘာသာ သွားနေတယ်။ ဒါပေမဲ့ ကျနော်က မွတ်စလင်ဆိုတော့ ဆိုင်တွေမှာ စားရတာ အဆင်ပြေပါမလား စိတ်ပူတာ။ အဆင်ပြေတယ်။ ဟာလာ အစားအစာတွေ ရတယ်။ တခုက မြန်မာ့ရိုးရာ လက်မှုပညာ ပစ္စည်းတွေတော့ ၀ယ်ချင်တယ်။ ဒီမှာရောင်းတာက ဆီးဂိမ်းနဲ့ ပတ်သက်တာတွေပဲ ဖြစ်နေတယ်”ဟု အင်မန်အီဟတ်က ဆိုသည်။
အာရှ အားကစား အဖွဲ့ချုပ်မှ ထိုင်း နိုင်ငံသား မစ္စတာ Paiboon က “ နေပြည်တော်ကြီးက တကယ် ကောင်းပါတယ်။ အပြင်မှာ ကြားခဲ့ရသလို စစ်တပ်က ထိန်းချုပ်ထားတယ်။ မလွတ်လပ်ဘူးဆိုတာ မဟုတ်ဘူး။ ဒီမှာ ဟိုတယ်တွေလည်း အများကြီး ဖွင့်ထားတယ်။ ဒါပေမဲ့ ဟိုတယ်တွေပဲ ရှိပြီး စီးပွားရေး ဖွံဖြိုးတာတော့ မတွေ့ရဘူး။ မြန်မာတွေ ခုထက်ထိ သနပ်ခါး လိမ်းနေသေးတယ်။ ဒါပေမဲ့ နောက်ကျရင်တော့ မိတ်ကပ်တွေ
ပြောင်းလိမ်း ကြလိမ့်မယ်။ ထိုင်းမှာတော့ ယဉ်ကျေးမှု ပြောင်းသွားပြီ ”ဟု ဆိုသည်။
ဆီးဂိမ်းပြိုင်ပွဲသို့ လာရောက် ယှဉ်ပြိုင်သော ဗီယက်နမ် နိုင်ငံအသင်းမှ အားကစားသမားများအတွက် တည်းခိုရန် ပေးထားသည့် နေအိမ်အချို့တွင် ခြင် အန္တရာယ် ရှိနေပြီး ခြင်ပြဿနာ အပါအ၀င်၊ တခြားပြဿနာ တချို့ကြောင့် အားကစား သမားများ၏ စွမ်းရည် အပေါ် သက်ရောက်မှု ရှိနေသည်ဟု ဗီယက်နမ် အခြေစိုက် သတင်းဌာန တခုက ဖော်ပြခဲ့သောကြာင့် ကျန်းမာရေးဝန် ကြီးဌာနက ခြင်ထောင်များ ထပ်မံ ဖြည့်ဆည်းပေးခြင်းဖြင့် ခြင် ပြဿနာကို ဖြေရှင်းပေးရကြောင်း သိရသည်။
နေပြည်တော်တွင် နိုင်ငံခြားသားများကို ၀န်ဆောင်မှု ပေးနေသော အငှားတက္ကစီယာဉ် စရိတ်မှာ အနည်းငယ် ဈေးကြီးသည်ဟု ဂျာမနီ နိုင်ငံသား မစ္စတာ Toddy က ပြောသည်။ ကမ္ဘာလှည့် ခရီးသည်များကို မြန်မာ Tourist Police က အကူအညီ ပေးသည်ဟု ၎င်းက ဆိုသည်။
“ ကျနော်တို့ အဖွဲ့ ဟိုတယ်ဇုန်ကနေ ဒီကို ကားငှားလာတာ ဒေါ်လာ ၂၀ ပေးရတယ်။ ဈေးကြီးပေမယ့် အစိုးရက ဆီးဂိမ်းကို ဘယ်လိုလုပ်ထားလဲ ဆိုတာ စိတ်ဝင်စားလို့လာကြည့်တာ။ မြန်မာကို ရောက်တော့ Tourist Police တွေက ကူညီတယ်။ မျက်နှာတွေက ပြုံးနေတာပဲ။ ဆီးဂိမ်း ပွဲထဲကိုလည်း ၀င်ခွင့်ရတယ်။ ဒီထဲမှာတော့ ပွဲတွေကို ကြည့်လို့ရမယ့် Time Scaledule ရှာတာတော့ အခုထိ မတွေ့သေးဘူး”ဟု မစ္စတာ Toddy က ပြောသည်။
ဘောလုံးပွဲတွင် အိမ်ရှင် မြန်မာကို အနိုင်ရစေချင်ပြီး အင်ဒိုနီးရှား အနိုင်ရသွားသည့် အတွက် စိတ်မကောင်းကြောင်း ဂျာမနီနိုင်ငံသား Rainerက ယခုလို ပြောဆိုသေးသည်။”တီမောနဲ့ ထိုင်းတုန်းက တီမောကို အားပေးတယ်။ မြန်မာနဲ့ ထိုင်းမှာတော့ မြန်မာကို အားပေးခဲ့တယ်။ မြန်မာတွေ ရှုံးတာနဲ့ ရှက်လို့ ရန်ကုန်မှာ ရန်တွေ ဖြစ်ကြတာ မင်းသိလား” ဟု Rainer မေးခွန်းထုတ်သည်။
(irrawaddy)

ပါတီ ၉ခု ပူးပေါင်း၍ ဖက်ဒရယ် မဟာမိတ်အဖွဲ့ ဖွဲ့စည်းရန် သဘောတူ


IMG_6509

ဒီဇင်ဘာ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)

မြန်မာနိုင်ငံရှိ ဒီမိုကရေစီ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားပါတီ ၉ ပါတီ ပါဝင်သည့် ဖယ်ဒရယ် ဒီမိုကရေစီမဟာ မိတ်အဖွဲ့(FDA)အမည်ရှိ စုပေါင်းအဖွဲ့အစည်းတစ်ခုကို လာမည့် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလတွင် ဖွဲ့စည်းသွားရန် ရှိသည်ဟု သိရသည်။
အဆိုပါ ပါတီတို့သည် ရန်ကုန်မြို့၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ရုံးတွင် ယမန်နေ့က တွေ့ဆုံခဲ့ကြ ပြီးနောက် FDA ကို ဖွဲ့စည်းသွားရန် သဘောတူခဲ့ကြခြင်းဖြစ်သည်ဟု ထိုအဖွဲ့ထဲတွင် ပါဝင်သည့် ကရင်ပြည်သူ့ ပါတီ(KPP) ဒုဥက္ကဌ စောစေးဝါးက ကေအိုင်စီသို့ ပြောသည်။
“မနေ့က ကျနော်တို့ ပါတီတွေ တွေ့ကြတယ်။ လောလောဆယ်တော့ ပမာဏ ညှိနှိုင်းတဲ့ အဆင့်ပဲ ရှိသေးတယ်။ ဇန်န၀ါရီ ဒုတိယအပတ်လောက်မှာ ထပ်ပြီးတော့ တွေ့ဆုံဆွေးနွေးမယ်။ ဘာဆက်လုပ်မလဲဆိုတာ ထပ်မံ ဆွေးနွေးကြဖို့ ရှိပါတယ်”ဟု စောစေးဝါးက ပြောဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စများတွင် ပါတီငယ်များစုစည်းပြီး တစ်စုတစ်စည်းထဲ ဖြစ်အောင် စကားပြောနိုင်ရန်နှင့် ဖက်ဒရယ်ကဲ့သို့ ကိစ္စမျိုး၌ တစ်ပါတီတစ်မျိုးစီ စကားပြောမည့်အစား စုစုစည်းစည်း တစ်သံတည်းထွက်အောင် ရည်ရွယ်၍ FDA ကို ဖွဲ့စည်းရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ဇန်န၀ါရီလထဲတွင် ဖွဲ့စည်းသွားမည့် FDA အဖွဲ့ထဲတွင် ကရင်ပြည်သူ့ပါတီ(KPP)၊ ချင်းတိုးတက်ရေးပါတီ(CPP)၊ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီနှင့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့ဖြစ်ကြောင်း သိရသည်။

Wednesday, December 11, 2013

နေပြည်တော် ဆီးဂိမ်း တရုတ် အဓိက ထောက်ပံ့မှုဖြင့် ဖွင့်လှစ်

ဆီးဂိမ်း, မြန်မာ, တရုတ်, နေပြည်တော်
နေပြည်တော်ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနား (ဓာတ်ပုံ – ဆီးဂိမ်း Facebook)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်း ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို တရုတ်နိုင်ငံ၏ အကူအညီ၊ အထောက်အပံ့များဖြင့် ယနေ့ ညပိုင်းတွင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်ရေးအတွက် တရုတ် အကူအညီ များစွာ ရယူခဲ့ပြီး မြန်မာက ရယူထားသော အကူအညီများတွင် ဆီးဂိမ်း ပြိုင်ပွဲဝင်မည့် မြန်မာ ကစားသမား ၂၀၀ ခန့် အတွက် တရုတ်နည်းပြများဖြင့် လေ့ကျင့်ခြင်း၊ ပြိုင်ပွဲများတွင် လိုအပ်မည့် လေ့ကျင့်ရေး အထောက်အကူ ပစ္စည်းများ ရယူခြင်း၊ ဖွင့်ပွဲပိတ်ပွဲတွင် အသံစနစ် အပါအ၀င် ဆလိုက်မီးများ၊ အပြင်အဆင်များ၊ နည်းပညာများနှင့် အကူအညီများ ရယူခြင်း၊ ဆီးဂိမ်းပြိုင်ပွဲရလဒ်များကို အချိန်မီသတင်း ထုတ်ပြန်ပေးသည့် နည်းစနစ်များ ရယူခြင်း များ ပါဝင်ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်နှင့် အစိုးရတာဝန်ရှိသူများက ဧရာဝတီသို့ ပြောဆိုသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ ကျော်ကြာမှ ပြန်လည်ကျင်းပခွင့် ရရှိခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲအတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၃၆ သန်း ကျော်တန်ဖိုးရှိ အကူအညီများ ထောက်ပံ့ခဲ့ကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့ ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Yang Houlan က ပြောဆိုခဲ့သည်။
ဆီးဂိမ်းပြိုင်ပွဲတွင် တရုတ်နိုင်ငံ၏ အကူအညီနှင့် အထောက်အပံ့များ အဓိက ရယူခြင်းသည် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သြဇာ လွှမ်းမိုးမှု မည်မျှကြီးမားသည်ကို သိသာစေပြီး မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ လောင်းရိပ်အောက်မှ ခွဲမထွက် နိုင်သေးသည်ကို မြင်သာ ထင်သာရှိစေသည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။
နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက “ဘေဂျင်းအိုလံပစ်ကို ဖွင့်ခဲ့တဲ့ အတိုင်းပဲ တရုတ်က ဒီမှာလာလုပ်နေတယ်။ ဖွင့်ပွဲလုပ်မဲ့ အားကစားရုံကြီးကလည်း တရုတ် ဗိသုကာ ပညာရှင်တွေရဲ့ လက်ရာပဲ။ ပြည်တွင်း ကုမ္ပဏီကတာဝန်ယူ ဆောက်တယ်ဆိုပေမယ့် တရုတ်အင်ဂျင်နီယာတွေရဲ့ အကြံဥာဏ်နဲ့ ဆောက်ထားတာ။ ဖွင့်ပွဲပိတ်ပွဲ ကိုလည်း တရုတ်ရဲ့ ကူညီပံပိုးမှုနဲ့ပဲ လုပ်ရတယ်။ အဲလိုလုပ်နိုင်ဖို့ တရုတ်ပညာရှင်တွေ လွန်ခဲ့တဲ့ ၂ လ လောက် ကတည်းက နေပြည်တော်ကို ရောက်နေတာ။ ဒါတွေကို ကြည့်ရင် မြန်မာဟာ တရုတ်သြဇာကနေ မလွတ်သေးဘူးဆိုတာ တွေ့ရတယ်´´ ဟု ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ဆိုးရွားစွာကျဆင်းလျက်ရှိသော တရုတ်နိုင်ငံ၏ ပုံရိပ်ကို ပြန်လည်မြင့်တင်ရန် ကြိုးစားသည့်အနေဖြင့်  မြန်မာနိုင်ငံကို အကူအညီပေးခြင်းဖြစ်ကြောင်း၊ ၂၀၁၅ ရွှေးကောက်ပွဲအပြီး မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရန်နှင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် မြန်မာပြည်သူများ လက်ခံလာစေရန် နည်းဗျူဟာပြောင်း၍ အပေးအယူလုပ်နေခြင်းဟု ယုံကြည်ကြောင်း ပြည်တွင်းဂျာနယ်များတွင် နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ စာရေးဆရာ ဇာနည်စိုးထွဋ်က ပြောသည်။
“တရုတ်အလံတောင် မီးရှို့ခံနေရတဲ့အတွက် ပြည်တွင်းမှာ တရုတ်ရဲ့ ပုံရိပ်က လုံးဝမကောင်းဘူး။ မြန်မာကို စီးပွားရေးအရ နယ်ချဲ့ဖို့က အရင်အစိုးရလို ပေါ်တင်လုပ်လို့ မရတော့ဘူး။ Hard Power (အမာပုံစံ) ၀င်လို့ မရတော့တဲ့အတွက် လူမှုရေးလုပ်ငန်းတွေနဲ့ ပြန်ဝင်လာတယ်။ ဆေးရုံဆောက်ပေးမယ်။ ကန်ထရိုက်ကို တရုတ်ကယူမယ်။ပြီးရင် တရုတ်ဆေး ပဲသွင်းမယ်ဆိုရင်တော့ သူတို့ဗျူဟာက အောင်မြင်မှာ မဟုတ်ဘူး”ဟု ဇာနည်စိုးထွဋ်က ဆိုသည်။
စစ်အစိုးရလက်ထက်တွင် နိုင်ငံတကာ၏ ပိတ်ဆို့ဒဏ်ခတ်မှုများကြောင့် မြန်မာနိုင်ငံသည် တရုတ်ရင်ခွင်ထဲသို့ ရောက်ရှိသွားခဲ့ပြီး ယနေ့အချိန်ထိ ရုန်းမထွက်နိုင်သေးသေးကြောင်း၊ ဦးသိန်းစိန်အစိုးရအနေဖြင့် တရုတ်အားထားနေရမှုကို ပြန်လည်သုံးသပ်သင့်ပြီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်အမတ် ဦးသိန်းဆွေက ဧရာဝတီသို့ ပြောသည်။
“ တရုတ်က သူ့အကျိုးစီးပွားအတွက် နိုင်ငံတိုင်းကို အကူအညီပေးနေတာ။ ဘယ်နိုင်ငံမှ သူ့အကျိုးစီးပွားမပါဘဲ တခြားနိုင်ငံတွေကို အလကား မကူညီဘူး။ ကျနော်တို့ အစိုးရအနေနဲ့ ရေရှည်အတွက် အမြင်ကျယ်ကျယ်နဲ့ လေ့လာ ဆန်းစစ်ဖို့ လိုပြီ”ဟု ဦးသိန်းဆွေက ဆိုသည်။
တိုင်းပြည်ဂုဏ်သိက္ခာ မြင့်တင်နိုင်ရန် တရုတ်နိုင်ငံ၏ အကူအညီများစွာ ရယူနေသော်လည်း ဆီးဂိမ်းဖွင့်ပွဲတွင်  ပြည်သူများ ပါဝင်ဆင်နွှဲခွင့် နည်းပါးကြောင်း ဝေဖန်မှုများ ရှိနေသည်။
(နေပြည်တော်ဆီးဂိမ်း ဖွင့်ပွဲ အခမ်းအနား တက်ရောက်နေသည့် ဧရာဝတီသတင်းထောက် စနေလင်း နှင့် ထက်နိုင်ဇော် ပူးပေါင်းရေးသားသည်)

လက်တွေ့ကျပြီး တန်းတူရည်တူ၊ သွေးရိုးသားရိုး၊ ညှိနှိုင်းဆွေးနွေးကြရန်

မောင်ကျော်စွာ။    ။“တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး”သည် အလှမ်းဝေးလျက်ရှိ၏။ “၂၀၀၈ အခြေခံ ဥပဒေ“ ပြင်ဆင်ရေးအတွက် မေတ္တာရပ်ခံ ထားသည့်  “၄ပွင့်ဆိုင်” တွေ့ဆုံဆွေးနွေးရေး ဆိုသည်ကလည်း မျှော်လင့်ချက်မရှိချေ။ လမ်းပိတ်နေပြီ။ မည်သို့ရှေ့ဆက်ကြမည် နည်း။ ညှိနှိုင်းဆွေးနွေးကြဖို့လိုပါသည်။ တန်းတူရည်တူ သွေးရိုးသားရိုး ညှိနှိုင်းဆွေးနွေးကြမည်ဆိုလျှင် ပိတ်နေသောလမ်းပွင့်ပြီး ရှေ့ခရီးဆက်နိုင်ပါလိမ့်မည်။
“၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးကို အာဏာရကြံ့ဖွံ့ပါတီမှ ဖွဲ့ပေးထားသည့် ၁၀၉ ဦးကော်မတီ၏ ဆုံးဖြတ်ချက်အတိုင်းသာ လွှတ်တော်သို့တင်ပြီး လွှတ်တော်၌ အများစုဖြစ်သော ကြံ့ဖွံ့အမတ်များနှင့် စစ်သားအမတ်များက စိတ်ကြိုက် အဆုံးအဖြတ်ပေး မည်ဆိုလျှင် တစ်ဖက်သတ်ကျသည့်အဖြေသာ ထွက်လာမည်။ အင်အားစုအားလုံး လက်ခံနိုင်သည့် အဖြေမရနိုင်ပါ။ အတိုက်အ ခံပါတီကြီးဟုဆိုသော ဒီချုပ်၏အမတ်များသည် ၁၀၉ ဦး ကော်မတီတွင်လည်း အနည်းစု ၇ ဦးသာ ဖြစ်သည်။
တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးတွင်လည်း အလားတူပင် ဖြစ်သည်။ နိုဝင်ဘာလ ၄ရက်နေ့က မြစ်ကြီးနား မြို့၌ အစိုးရဘက်မှ ပေးအပ်လာသည့် “တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်”တွင် ပါရှိသော ရပ်တည်ချက်သဘောထားအတိုင်းသာ ဦးသိန်း စိန်ကြံ့ဖွံ့အစိုးရက ဆက်လက် ဆုပ်ကိုင်ဆွေးနွေးမည်ဆိုလျှင် တစ်ပြည်လုံးအပစ်ခတ်ရပ်စဲရေး ဖြစ်မြောက်လာနိုင်စရာအ ကြောင်း လုံးဝ မရှိတော့ချေ။ စာချုပ်ပါသဘော ထားသည် လက်နက်ကိုင် တိုင်းရင်းသားအင်အားစုများ ချွင်းချက်မရှိ လက်နက်ချ ပြီး “၂၀၀၈အခြေခံဥပဒေ”အောက် ခေါင်းငုံ့ဝင်ရေးသာဖြစ်သည်။
လွှတ်တော်ထဲဝင်ပြီး ဆောင်ရွက်လျှင် “တစ်စုံတစ်ရာ ဖြစ်နိုင်ကောင်းသည်”ဟု ဒီချုပ် အပါအဝင် အတိုက်အခံ နိုင်ငံရေးပါတီအ ချို့ တွေးထင်စိတ်ကူး မျှော်လင့်ခဲ့သမျှသည်လည်း သဲထဲရေသွန်သည့်ပမာ ထင်တိုင်းမ ပေါက် သည်ကို လွှတ်တော်တွင်း အတိုက် အခံ နိုင်ငံရေးပါတီများ၏ လက်တွေ့ဘဝက ထင်ထင်ရှားရှား အဖြေပေးနေပြီ ဖြစ်သည်။
မည်သူတင်သွင်းသည့် “အဆိုတစ်ရပ်” သို့မဟုတ် တိုင်းပြည်နှင့် လူမျိုးစုံပြည်သူများအတွက် မည်မျှပင် ကောင်းမွန်သည့် “ဥပဒေ ကြမ်းတစ်ခု”ပင် ဖြစ်နေပါစေ အများစုဖြစ်သော ကြံ့ဖွံ့ပါတီနှင့် စစ်သားအမတ်များ လက်မခံလျှင် အကောင်အထည်ပေါ်လာစရာ အကြောင်းမရှိ။ လွှတ်တော်တွင်း ဆုံးဖြတ်မှုမှန်သမျှကို အာဏာရပါတီ၏ လွှတ်တော်အမတ်များ ရာစုကသာ ဆုံးဖြတ်ခြင်းဖြစ် သည်။
“၂၀၀၈ အခြေခံဥပဒေ” ကို ပြင်ဆင်ခြင်း သို့မဟုတ် အသစ်ရေးဆွဲခြင်း မပြုနိုင်သမျှ ကာလပတ်လုံး ဒီမိုကရေစီစံနှုန်း ပြည့်ဝရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ သမ္မတဖြစ်ရေးတို့သည်လည်း စိတ်ကူးအိပ်မက်အဖြစ်သာ ရှိမြဲရှိနေပါလိမ့်မည်။
လွှတ်တော်တွင်း အတိုက်အခံ အမတ်ဦးရေ စုစုပေါင်းကလည်း အာဏာရပါတီကို ဖိအားပေးနိုင်လောက်သည့် အင်အားမရှိချေ။  သို့ပါ၍ လွှတ်တော်တွင်း အင်အားချိနဲ့လှသည့် (အာဏာရပါတီအမတ်များ စုစုပေါင်း၏ အစွန်းထွက်မျှပင် မရှိသော) အတိုက်အ ခံပါတီများမှ အမတ်များမှာ “ကန့်ကွက်ပါသည်” ပြောဆိုခြင်းထက် ဘာမျှပို၍ ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်ချေ။ လွှတ်တော် တွင်း အတိုက်အခံပါတီအမတ်များ၏ “ကန့်ကွက်ပါသည်”ဆိုသော ပြောဆိုသံကပင် “၂၀၀၈အခြေခံဥပဒေနှင့် စည်းကမ်းပြည့်ဝ သော ဒီမိုကရေစီ” ကို အရောင်တင် အလှခြယ်ပေးနေခြင်းမျှသာ ဖြစ်နေတော့သည်။
ဤအတိုင်းဆိုလျှင် လူမျိုးစုံပြည်သူများ လိုလားနေသည့် ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးတည် ဆောက် ရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးတို့သည် လွှတ်တော်တွင်းနည်းလမ်းဖြင့် အကောင်အထည်ပေါ်လာနိုင်စရာ အကြောင်းမရှိတော့ချေ။
အထင်အရှား မြင်တွေ့နေရသောအချက်မှာ “၂၀၀၈ အခြေခံဥပဒေ”ကို တိုင်းရင်းသားအင်အားစုများနှင့် ဒီမိုကရေစီ အင်အားစု များက လက်ခံနိုင်ခြင်းမရှိသည့် အချက်ဖြစ်သည်။ “၂၀၀၈အခြေခံဥပဒေ”ကို ပြင်ရမည် သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရမည် ဟူ၍ သဘောထား ထုတ်ဖော်နေကြသည်။
တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများဘက်က နိုင်ငံရေး ဆွေးနွေးလိုသည့်အချက်မှာလည်း ဒီမိုကရေစီရေး၊ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ် သည်။ ဒီမိုကရေစီ အင်အားစုများဘက်ကလည်း ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသာ ဖြစ်သည်။ အခြေခံ ခြင်း တူနေပြီဖြစ်သည်။
တူနေသော အခြေခံပေါ်တွင် အင်အားစုအားလုံး အတူတကွ လျှောက်လှမ်းနိုင်မည့် လက်တွေ့လုပ်ငန်းစဉ် တစ်ခု ချမှတ်ပြီး လူမျိုး စုံပြည်သူများထံ ရှင်းလင်းတင်ပြကာ လက်ရှိ ကြံ့ဖွံ့အစိုးရအပေါ် အရေးဆိုသင့်သည်။ အတိုက်အခံများအတွက် လမ်းမပေါ်က ပြည်သူများ၏ အင်အားသည်သာ မှီခိုအားထားစရာဖြစ်သည်။ လမ်းမပေါ်က ပြည်သူများအင်အား စွမ်းပကားကို မေ့လျော့၊ ပစ် ပယ်၊ အလေးမထားဘဲ နေမည်ဆိုလျှင် အာဏာရအုပ်စိုးသူများ၏ ပြုသမျှ နုမြဲနုနေရပေလိမ့်မည်။
ယခုအခါ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ တွေ့ခွင့်၊ ဆုံခွင့်ရနေကြပြီလည်း ဖြစ်သည်။ သို့ပါ၍ အတိုက်အခံ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် တိုင်းရင်းသားအင်အားစုများ အလျင် အမြန် ဆွေးနွေးတိုင်ပင် ညှိနှိုင်းကြသင့်ပြီ ဖြစ်ပါသည်။
အချိန်နှင့် ငွေကြေးတို့ကို အလဟဿ ဖြုန်းတီးနေသည့် “လုပ်ငန်းကော်မတီ၊ ဦးအောင်မင်းနှင့် MPC”တို့၏ ဗုံမဟုတ်၊ ပတ်မ ဟုတ် ပါမစ်ငြိမ်းချမ်းရေး၊ မုသာဝါဒ လေပွေဝဲကတော့ကို ချက်ချင်းရပ်ဆိုင်းပစ်ကာ လူမျိုးစုံပြည်သူများ၏ မျှော်လင့်ချက်များအ တွက် လက်တွေ့ကျပြီး တန်းတူရည်တူ၊ သွေးရိုးသားရိုး၊ ညှိနှိုင်းဆွေးနွေးကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။  

အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်ပူးပေါင်းပါဝင်ရေး ကြိုးပမ်းမည်ဟုဆို


အမျိုးသားပြန်လည်သင့်မြတ်ရေးညီလာခံ ကျင်းပနိုင်ရန် အကောင်အထည်ဖော်မည့် ကော်မတီ၏ ဦးစားပေးလုပ်ငန်းစဉ်သည် အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်တို့ ပူးပေါင်းပါဝင်လာရေးဖြစ်သည်ဟု ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက် အကောင်အထည်ဖော်ရေး ကော်မတီဝင် ဦးတိုးကျော်လှိုင် က ဒီဇင်ဘာ ၁၀ ရက်တွင် မဇ္ဈိမကို ပြောသည်။
“ဒီကော်မတီကနေ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ ပူးပေါင်းပါဝင်လာဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်သွားမှာ ဖြစ်ပါတယ်”ဟု ၄င်းကပြောသည်။
အဆိုပါကော်မတီကို လာမည့် ရက်သတ္တပတ်အတွင်းဖွဲ့စည်းသွားမည်ဖြစ်ပြီး ကျောင်းသား၊ လူငယ်၊ နိုင်ငံရေး၊ လူမှုရေး၊ တိုင်းရင်းသားလက်နက်ကိုင်များ စသဖြင့် ကဏ္ဍအသီးသီး၊ အင်အားစုအသီးသီးမှ ကိုယ်စားပြုနိုင်မည့် ပုဂ္ဂိုလ်များကို အဓိကထားစုစည်းသွားရန် စီစဉ်ထားခြင်းဖြစ်သည်။
ညီလာခံ အကောင်အထည် ဖော်ရေးကော်မတီဖွဲ့စည်းနိုင်ရန် ပြင်ဆင်ရေးအဖွဲ့ဝင် ၁၇ ဦးဖြင့် ဆောင်ရွက် သွားရန် စီစဉ်ထားပြီး ဒီဇင်ဘာလ ၁၄ရက်တွင် ရန်ကုန်မြို့ရှိ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့၊ ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းတွင် အစည်းအဝေးကျင်းပရန်ရှိသည်။
 “ပြင်ဆင်ရေးအဖွဲ့အစည်းဝေးပြီးရင် ၈၈နဲ့တွေ့ဆုံထားတဲ့အဖွဲ့အစည်း ၁၀၀ ကျော်ကို ရန်ကုန်ကို ဖိတ်ကြား ပြီး အားလုံးသဘောတူလက်ခံတဲ့ ညီလာခံအကောင်အထည်ဖော်ရေး ကော်မတီဝင်တွေကို ရွေးချယ်သွား မှာပါ”ဟု ဦးတိုးကျော်လှိုင်က ပြောသည်။
ညီလာခံပြင်ဆင်ရန် ရှစ်လေးလုံးငွေရတုကျင်းပစဉ်က ရရှိထားသည့် အလှူငွေ များထဲမှ သိန်းနှစ်ရာကို ရန်ပုံငွေ အဖြစ်ထားရှိမည်ဖြစ်သည်။

ကချင့် အမျိုးသားအလံ ကိုယ်စီ ဖြင့် မနော ကနေ သော ကချင်လူထု

တိုင်းရင်းသားအဖွဲ့များ၏ အပစ်ရပ်စာချုပ်မူကြမ်းကို ကေအဲန်ယူနယ်မြေ၌ ဆွေးနွေးမည်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရေးဆွဲထားသည့် အချက် ၁၁ချက်ပါ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းကို ဒီဇင်ဘာလ တတိယပတ် ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဖားအံခရိုင်၌ ကျင်းပမည့် ဒုတိယအကြိမ် တိုင်းရင်းသားအဖွဲ့များ ညီလာခံတွင် ဆွေးနွေး မည်ဖြစ်ကြောင်း ကေအဲန်ယူက ပြောဆိုသည်။
ကေအဲန်ယူ တွဲဘက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်းက “ကျနော်တို့ တိုင်းရင်းသားဘက်က ပြင်ဆင်ရေး ဆွဲထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို အကျယ်တ၀င့် အဓိပ္ပါယ်ဖွင့်ဆိုပြီးတော့ ဆွေးနွေး တင်ပြသွားမယ်။ အဲဒါပြီးမှပဲ နိုင်ငံရေးအရ ဘယ်လိုသွားမလဲဆိုတာ ရှေ့ဆက်ပါလာမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ကေအဲန်ယူ၏ (၁၅)ကြိမ်မြောက် ညီလာခံအပြီး ဒုတိယအကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီအစည်း အဝေးကို ဒီဇင်ဘာ ၂ရက်မှ ၇ရက်နေ့အထိ ကျင်းပခဲ့ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့(NCCT)နှင့် မြန်မာအစိုးရဘက်မှ ပြင်ဆင်ရေးဆွဲထားသည့် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းများကို ဆွေးနွေးသုံးသပ်ခဲ့ကြောင်း ကေအဲန်ယူက ဒီဇင်ဘာ ၇ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ထားသည်။
၎င်းကေအဲန်ယူ ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဒုတိယအကြိမ်မြောက် ညီလာခံကို ဒီဇင်ဘာ ၁၈ရက်မှ ၂၀ရက်နေ့အထိ ကေအဲန်ယူနယ်မြေ၌ လက်ခံကျင်းပ သွားမည့်အကြောင်းနှင့် တနိုင်ငံလုံးဆိုင် ရာ သန်းခေါင်စာရင်းကောက်ခံမှုတို့ကို ဆွေးနွေးခဲ့ကြသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ပဒိုမန်းမန်းမန်းက “အစည်းအဝေးမှာ ဒုတိယအကြိမ် ကေအဲန်ယူနယ်မြေမှာ လုပ်မယ့် ညီလာခံကို ဘယ်လိုလုပ်သွားမလဲ။ ညီလာခံပြီးရင် အစိုးရနဲ့ ဘယ်လိုဆက်တွေ့မလဲပေါ့။ နောက် သန်းခေါင်စာရင်း ကောက်ရင် ကရင်မျိုးနွယ်စုအားလုံးဟာ ကရင် လူမျိုးဆိုတာရဲ့ အောက်မှာပဲ ထားရမယ်။ အဲဒါတွေ ဆွေးနွေးတယ်။”ဟု ပြောသည်။
ကေအဲန်ယူ ဗဟိုအမြဲတမ်း ကော်မတီဝင် ၄၅ဦး တက်ရောက်ခဲ့သည့် ယင်းအစည်းအဝေးတွင် ၎င်းတို့၏ (၁၅)ကြိမ်မြောက် ညီလာခံမှ ချမှတ်ထားသော လုပ်ငန်းစဉ်များနှင့် ဌာနဆိုင်ရာ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို ပြန်လည်သုံး သပ်ခဲ့ကြသလို ရှေ့လုပ်ငန်းစဉ်များလည်း ချမှတ်ခဲ့သည်ဟု ကေအဲန်ယူ၏ ကြေညာချက်တွင် ပါရှိသည်။
ကေအဲန်ယူနယ်မြေအတွင်း ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဒုတိယအကြိမ်မြောက် ညီလာခံတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အားလုံးကို ဖိတ်ကြားထားပြီး ၎င်းအဖွဲ့များသည် ညီလာခံသို့ တက်ရောက်ကြမည်ဟု မျှော်လင့်ကြောင်း လည်း ကေအဲန်ယူက ပြောဆိုသည်။
ကေအဲန်ယူ ဗဟိုအမြဲတမ်းကော်မတီဝင် ဒူးပလာယာခရိုင်ကိုယ်စားလှယ် ပဒိုစောလစ္စတန်က “တိုင်းရင်းသား ညီလာခံကိစ္စ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးကို ဖိတ်ကြားဖို့ကိစ္စ အသေအချာ ဆွေးနွေးခဲ့ကြပြီးမှ အများသဘောတူ ဆုံးဖြတ်လိုက် ကြတာ ဖြစ်ပါတယ်။”ဟု ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၀ရက်မှ နိုဝင်ဘာ ၂ ရက်နေ့အထိ ကချင်ပြည်နယ် လိုင်ဇာဌာနချုပ်တွင် ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ပထမအကြိမ်မြောက် ညီလာခံတွင် NCCT က ပြင်ဆင်ရေးဆွဲထားသည့် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို လက်မှတ်ထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့တွင် ကေအဲန်ယူလည်း ပါဝင်ခဲ့သည်။

KNPP သုံးလပတ် အစည်းအဝေးပြီးဆုံး

သတင်း - ကန္တာရ၀တီတိုင်း(မ်)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏ (၃)ရက်တာ ကျင်းပသော (၃) လပတ်လုပ်ငန်းသုံးချက် အစည်းအဝေး ဒီဇင်ဘာ (၉)ရက်နေ့တွင် ပြီးဆုံးသွား ခဲ့ကြောင်း ဒုတိယဥက္ကဌ ဖြစ်သူ ခူဦးရယ်က ပြောသည်။

 “ အထူးသဖြင့် အစိုးရနဲ့ပတ်သက်တဲ့ကိစ္စတွေ၊ ပြီးတော့ လူထုအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ် တဲ့ကိစ္စတွေ ကို အကောင်အထည် ဖေါ်ထားတာ ရှိပါတယ်။ အဲဒါတွေ ကိုပြန်လည် သုံးသပ်တဲ့ အစည်းအဝေးပါ” ဟုဆိုပါသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ၏ အခြေအနေများ၊ အခက်အခဲ များကို ဆွေးနွေးပြီး ရှေ့လုပ်ငန်း စဉ်များကို ဆုံးဖြတ်ကြပါ သည်။ အထူး သဖြင့် ပြည်နယ်အစိုးရ ထိမ်းချုပ်သော အရပ်ဒေသများတွင် ပင်မူးရစ်ဆေး ၀ါးပြသနာထူပြော သောကြောင့် အစိုးရနှင့်မည်သို့ ပူးပေါင်း ဆောင်ရွက်နိုင်သည့် နည်းလမ်း များ၊ အရပ်ဖက် လူ့အဖွဲ့ အစည်းများ အပါအ၀င် လူထု ပါဝင်နိုင်သော အခန်းကဏ္ဍများ ကို သုံးသပ် ဆုံးဖြတ် ကြခြင်း ဖြစ်ပါသည်။

အလားတူ ဒေသဖွံ့ဖြိုး ရေး ဆောင်ရွက်သည့် နေရာတွင်လည်း အစိုးရ ပါဝင်သည့် အခန်း ကဏ္ဍများတွင် နှောင့်နှေး ကြန့် ကြာမှုများပြီး အကူအညီ အားနည်မှုများ ရှိကြောင်း၊ လူထုသည် နေရာတကာ၌ ပါဝင်နိုင် ခြင်း မရှိသော်လည်း အထိရောက်ဆုံး ကိစ္စများတွင် ကိုယ်ထူ ကိုယ်ထ ပါဝင်မှု များဖြင့်သာ ဆောင်ရွက်နေ ရသည်ဟု ကရင်နီ လူမှုရေး အဖွဲ့အ စည်း တဖွဲ့မှ အတွင်းရေး မှူး တဦးက ဆိုပါသည်။

“ ဒေသဖွံ့ဖြိုး ရေးဟာ နာမည်ကောင်း ဟစ်တာဘဲ ရှိတယ်။ အစိုးရလည်း ဘာမှမပေးပါဘူး။ သူတို့ကိစ္စ လောက်ဘဲ လမ်းတံတား တွေလုပ်ပြီးတော့ ဒေသဖွံ့ဖြိုး ရေးကို အတာချတယ်။ လူထု တကယ်လိုတဲ့ အရာတွေကိုတော့ တခု လောက်ပြပါ သူတို့ ပေးတာရှိလားလို့” ဟု ဆိုခဲ့ပါသည်။

KNPP သည် ပညာရေး ကျန်းမာရေး ကိစ္စများတွင် ပြန်လည် သုံးသပ်ခဲ့ရာ ကျေးရွာတိုင်း၌ ပညာသင်နိုင်ကြား ရေး အတွက် လိုအပ်ချက်များ ကိုမည်သို့ ပံ့ပိုးရမည်ကို စဉ်းစား သုံးသပ်ပြီး နည်းလမ်းများ ဆုံးဖြတ်ကြပါသည်။

ကျန်းမာရေး ကဏ္ဍတွင် အစိုးရလက်လှမ်း မမှီသော နေရာများမှ လူထုများအတွက် ဆေးပေးခန်းများ ဖွင့်လှစ်မှု။ ပုံမှန် လို အပ်သည့် ဆေးဝါးများ နှင့် အရေးတကြီး ဆေးဝါး  ရရှိမှုများ၊ ကူစက်ရောဂါ အချိန်မှီ သိရှိနိုင်မှုများ မည်သို့ ဆောင် ရွက်ကြ ရမည်ကို ဆုံးဖြတ်ခဲ့ပါသည်။

KNPP နှင့် အစိုးရ တို့သည် ဒေသဖွံ့ဖြိုးရေး အစီစဉ်များ အတွက်  သဘောတူ ဆုံးဖြတ်ထား သော်လည်း အကောင်အ ထည်ဖေါ် ဆောင်ရွက်ခြင်း မရှိဟု ဆိုပါသည်။  အထူးသဖြင့် KNPP နှင့် လူထု များကသာ ကိုယ်ထူ ကိုယ်ထ လိုက်လံ ဆောင်ရွက်နေကြခြင်းသာ ရှိကြောင်း လူမှုအဖွဲ့အစည်းများမှ ဆိုပါသည်။

ယင်းအစည်း အဝေးသို့ KNPP ဌာနဆိုင်ရာများသာ တက်ရောက်ကြပြီး KNPP ဌာနချုပ် နာမိုစခန်းတွင် ကျင်းပခဲ့ကြ ပါသည်။ နက်ဖြန်တွင် ပါတီရေးရာ သုံးသပ်ဆွေးနွေး ပွဲ ရှိသည့် အတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) တွင် ကျင်းပသော လက်နက်ကိုင် တိုင်းရင်း သားများ၏ ဒုတိယအကြိမ် ညီလာခံသို့ ကိုယ်စား လှယ်ကို ရွေးချယ်ကြ မည်ဖြစ် ပါသည်။

တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT) ၏ KNPP အဖွဲ့ဝင် ကိုယ်စားလှယ် သည် အတွင်းရေးမှူး (၂) ဖြစ်သူ ဦး ရွှေမျိုးသန့် ဖြစ်ပြီး ညီလာခံတက်ရောက်မည့် ကိုယ်စားလှယ် များမှာ ပါတီထိပ်ပိုင်း ခေါင်း ဆောင်များ ဖြစ်ပါသည်။

KNPP သည် အစိုးရနှင့် ၂၀၁၂ ခုနှစ် မတ်လတွင် အပစ် အခတ်ရပ်စဲ နိုင်ခဲ့ပြီး သဘောတူညီချက် အမျိုးမျိုး လက်မှတ် ထိုးထားခဲ့ သော်လည်း ယနေ့အထိ အကောင်အထည်ဖေါ် ခြင်းမရှိဟု သုံးသပ်ကြသည်။

ဒုတိယအကြိမ် ညီလာခံ သို့လည်း "၀" နှင့် မိုင်းလားအဖွဲ့ တက်ရောက်ရန် အဆင်သင့် မဖြစ်သေးဟု ဆို

ဒုတိယအကြိမ် ညီလာခံ သို့လည်း "၀" နှင့် မိုင်းလား 
=============================
အဖွဲ့ တက်ရောက်ရန် အဆင်သင့် မဖြစ်သေးဟု ဆို 
=============================
(ရွှေဟင်္သာ)
အထက်ပါနှစ်ဖွဲ့ တက်ရောက်ရန် မရှိသေး ကြောင်းလက်နက်ကိုင်တိုင်းရင်းသားများ၏ဒုတိယအကြိမ်ညီလာခံကျင်းပရေးအစီစဉ်ညှိနှိုင်းပွဲတွင်  တင်ပြကြသည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင် စီ(UNFC) ၏ အတွင်းမှူး (၂) ဖြစ် သူ ခွန် ဥက္ကာမှ ဆိုပါသည်။

ယင်းညှိနှိုင်းပွဲကို တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT)နှင့်ကရင်အမျိုးသားအစည်းအရုံးတို့သည်ထိုင်းနိုင်ငံနိုင်မဲဆောက်မြို့၌ ယမာန်နေ့၌ ညှိနှိုင်း ခဲ့ကြပါသည်။

 “ ဖိတ်ကြားတဲ့အခါ သိထားရအောင်လေ။ ညီလာခံကို အဖွဲ့ပေါင်း (၁၈)ဖွဲ့ထက် မနဲတော့ ဖိတ်မှာပါ။ NCCT အဖွဲ့ အပြင် UNFC တဖွဲ့ချင်း မှာ ပါတဲ့ လူတွေ ကို မကြာခင် KNU ဖက်က ဖိတ်ကြားလွှာ ပို့တော့မှာပါ။”ဟု ဆိုပါသည်။

ဒုတိယအကြိမ် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ ညီလာခံကို ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၇) နယ်မြေ ကရင်ပြည်နယ် လှိုင်းပွဲမြို့နယ် နယ်စပ်ရှိ လေးဝါးခေါ် လောခီးလား စခန်းတွင် ကျင်းပမည် ဖြစ်ပါသည်။ ယင်းညီလာခံသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် မှ ဖွဲ့စည်းခဲ့သော လက်နက်ကိုင် တိုင်းရင်းသား များ၏ တ နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT)အဖွဲ့ဝင်များ၊ UNFC အဖွဲ့ဝင်များမှ တဖွဲ့ချင်း ဆီမှ ကိုယ်စားလှယ် များနှင့် UNFC အဖွဲ့ဝင် မဟုတ်သော မြန်မာနိုင်ငံလုံး ဆိုင်ရာ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကို လေ့လာသူအဖြစ် ဖိတ်ကြားသွားမည်ဟု KNU အတွင်းရေးမှူး(၂) ဖြစ်သူ ပဒိုမန်းမန်းက ဆိုပါသည်။

“ ABSDF ကိုတော့ လေ့လာသူ အဖြစ် ဖိတ်မယ်။ UNFC ၁၂ ဖွဲ့ကတော့ တဖွဲ့ချင်းကို (၃)ယောက်နှုန်း နဲ့ ဖိတ်မှာပါ။ NCCT ကတော့ ပါပြီးသားလေ။ အားလုံး အဖွဲ့ (၁၈)ဖွဲ့ လောက် လိုင်ဇာကို တက်တဲ့အဖွဲ့ အားလုံးပါမယ်။ ကိုယ်စား လှယ်ကတော့ အနည်းဆုံး (၇၀)ကျော်လိမ့် မယ်ထင်တယ်” ဟု ဆိုပါသည်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT) သည် ကျင်းပရန်ရှိသည့် ညီလာခံ သို့ တက် ရောက်ပါရန် ၀ပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSP) အဖွဲ့နှင့် မိုင်းလားအဖွဲ့ တို့အား ဖိတ်ကြား ထား သော်လည်း အဆင်သင့် မဖြစ်သေး၍ တက်ရောက်နိုင်မည် မဟုတ်ပါကြောင်း အကြောင်း ပြန်ထားသည်ဟု ခွန်ဥက္ကာမှ ဆိုပါသည်။

UNFC သည်  အစိုးရနှင့် အပစ်အခတ်ရပ်ရေး စောင့်ကြည့်ရေး အဖွဲ့ကို အကောင်းဆုံး မည်သို့ ဖွဲ့စည်း ရမည်ကို ပြီးခဲ့ သည့် ဒီဇင်ဘာ (၆) ရက်နေ့တွင်  နိုင်ငံခြားပညာရှင်များနှင့် နှစ်ရက်တာ ညှိနှိုင်း ဆွေးနွေးခဲ့ ကြပါသည်။ ရရှိထားသော အချက် အလက်များ ကိုလည်း လာမည့် ဒုတိယအကြိမ် ညီလာခံတွင် တင်ပြ မည်ဖြစ်ပါသည်။

၎င်းအချက် အလက်၌ အစိုးရနှင့် ပူးတွဲ စောင့်ကြည့်ရေး အဖွဲ့ဖွဲ့ရာ တွင် အထူးသဖြင့် တရုတ်နိုင်ငံ အပါဝင် အာဆီယံ နိုင်ငံများမှ ကိုယ်စား လှယ်များလည်း ပါဝင်သင့်ကြောင်း ပညာရှင်များက အဆိုပြုထားပါသည်။  

အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံ အာချေး ပဋိပက္ခ ပြသနာ ဖြေရှင်းရေး နမူနာကို အခြေခံဆွေးနွေး ခဲ့ကြပါသည်။ NCCT အဖွဲ့သည် KNU မှ ညီလာခံ အခန်းအနား ပြင်ဆင်ရေး အချိန်တွင် ဒီဇင်ဘာ (၁၅)ရက်နေ့ အတော အတွင်း ၀န်ကြီး ဦး အောင်မင်း ခေါင်းဆောင်သော အစိုးရ MPC အဖွဲ့ နှင့် Tachnical Team အရ တွေ့ဆုံ ညှိနှိုင်းရန် ရှိသည်ဟု NCCT အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာက ဆိုပါသည်။

KNU နယ်ထဲတွင် ကျင်းပသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ၏ ဒုတိယ အကြိမ်မြောက် သမိုင်းဝင် ညီလာခံ သည် ဒီဇင်ဘာ (၁၈) မှ (၂၀)အထိ (၃)ရက်တာ ကျင်းပရန်ရှိပါသည်။ ညီလာခံပြီးပါက အစိုးရ ကိုယ်စား လှယ်များနှင့် ကရင်ပြည်နယ် ဖါးအံမြို့၌ ဆက်လက် ဆွေးနွေးမည်ဟု သတ်မှတ်ထားခဲ့ပါသည်။ 
 
 
 
 
 
 
 
 
 
 
 
 
 
 
(ရွှေဟင်္သာ)
အထက်ပါနှစ်ဖွဲ့ တက်ရောက်ရန် မရှိသေး ကြောင်းလက်နက်ကိုင်တိုင်းရင်းသားများ၏ဒုတိယအကြိမ်ညီလာခံကျင်းပရေးအစီစဉ်ညှိနှိုင်းပွဲတွင် တင်ပြကြသည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင် စီ(UNFC) ၏ အတွင်းမှူး (၂) ဖြစ် သူ ခွန် ဥက္ကာမှ ဆိုပါသည်။

ယင်းညှိနှိုင်းပွဲကို တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT)နှင့်ကရင်အမျိုးသားအစည်းအရုံးတို့သည်ထိုင်းနိုင်ငံနိုင်မဲဆောက်မြို့၌ ယမာန်နေ့၌ ညှိနှိုင်း ခဲ့ကြပါသည်။

“ ဖိတ်ကြားတဲ့အခါ သိထားရအောင်လေ။ ညီလာခံကို အဖွဲ့ပေါင်း (၁၈)ဖွဲ့ထက် မနဲတော့ ဖိတ်မှာပါ။ NCCT အဖွဲ့ အပြင် UNFC တဖွဲ့ချင်း မှာ ပါတဲ့ လူတွေ ကို မကြာခင် KNU ဖက်က ဖိတ်ကြားလွှာ ပို့တော့မှာပါ။”ဟု ဆိုပါသည်။

ဒုတိယအကြိမ် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ ညီလာခံကို ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၇) နယ်မြေ ကရင်ပြည်နယ် လှိုင်းပွဲမြို့နယ် နယ်စပ်ရှိ လေးဝါးခေါ် လောခီးလား စခန်းတွင် ကျင်းပမည် ဖြစ်ပါသည်။ ယင်းညီလာခံသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် မှ ဖွဲ့စည်းခဲ့သော လက်နက်ကိုင် တိုင်းရင်းသား များ၏ တ နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT)အဖွဲ့ဝင်များ၊ UNFC အဖွဲ့ဝင်များမှ တဖွဲ့ချင်း ဆီမှ ကိုယ်စားလှယ် များနှင့် UNFC အဖွဲ့ဝင် မဟုတ်သော မြန်မာနိုင်ငံလုံး ဆိုင်ရာ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကို လေ့လာသူအဖြစ် ဖိတ်ကြားသွားမည်ဟု KNU အတွင်းရေးမှူး(၂) ဖြစ်သူ ပဒိုမန်းမန်းက ဆိုပါသည်။

“ ABSDF ကိုတော့ လေ့လာသူ အဖြစ် ဖိတ်မယ်။ UNFC ၁၂ ဖွဲ့ကတော့ တဖွဲ့ချင်းကို (၃)ယောက်နှုန်း နဲ့ ဖိတ်မှာပါ။ NCCT ကတော့ ပါပြီးသားလေ။ အားလုံး အဖွဲ့ (၁၈)ဖွဲ့ လောက် လိုင်ဇာကို တက်တဲ့အဖွဲ့ အားလုံးပါမယ်။ ကိုယ်စား လှယ်ကတော့ အနည်းဆုံး (၇၀)ကျော်လိမ့် မယ်ထင်တယ်” ဟု ဆိုပါသည်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT) သည် ကျင်းပရန်ရှိသည့် ညီလာခံ သို့ တက် ရောက်ပါရန် ၀ပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSP) အဖွဲ့နှင့် မိုင်းလားအဖွဲ့ တို့အား ဖိတ်ကြား ထား သော်လည်း အဆင်သင့် မဖြစ်သေး၍ တက်ရောက်နိုင်မည် မဟုတ်ပါကြောင်း အကြောင်း ပြန်ထားသည်ဟု ခွန်ဥက္ကာမှ ဆိုပါသည်။

UNFC သည် အစိုးရနှင့် အပစ်အခတ်ရပ်ရေး စောင့်ကြည့်ရေး အဖွဲ့ကို အကောင်းဆုံး မည်သို့ ဖွဲ့စည်း ရမည်ကို ပြီးခဲ့ သည့် ဒီဇင်ဘာ (၆) ရက်နေ့တွင် နိုင်ငံခြားပညာရှင်များနှင့် နှစ်ရက်တာ ညှိနှိုင်း ဆွေးနွေးခဲ့ ကြပါသည်။ ရရှိထားသော အချက် အလက်များ ကိုလည်း လာမည့် ဒုတိယအကြိမ် ညီလာခံတွင် တင်ပြ မည်ဖြစ်ပါသည်။

၎င်းအချက် အလက်၌ အစိုးရနှင့် ပူးတွဲ စောင့်ကြည့်ရေး အဖွဲ့ဖွဲ့ရာ တွင် အထူးသဖြင့် တရုတ်နိုင်ငံ အပါဝင် အာဆီယံ နိုင်ငံများမှ ကိုယ်စား လှယ်များလည်း ပါဝင်သင့်ကြောင်း ပညာရှင်များက အဆိုပြုထားပါသည်။

အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံ အာချေး ပဋိပက္ခ ပြသနာ ဖြေရှင်းရေး နမူနာကို အခြေခံဆွေးနွေး ခဲ့ကြပါသည်။ NCCT အဖွဲ့သည် KNU မှ ညီလာခံ အခန်းအနား ပြင်ဆင်ရေး အချိန်တွင် ဒီဇင်ဘာ (၁၅)ရက်နေ့ အတော အတွင်း ၀န်ကြီး ဦး အောင်မင်း ခေါင်းဆောင်သော အစိုးရ MPC အဖွဲ့ နှင့် Tachnical Team အရ တွေ့ဆုံ ညှိနှိုင်းရန် ရှိသည်ဟု NCCT အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာက ဆိုပါသည်။

KNU နယ်ထဲတွင် ကျင်းပသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ၏ ဒုတိယ အကြိမ်မြောက် သမိုင်းဝင် ညီလာခံ သည် ဒီဇင်ဘာ (၁၈) မှ (၂၀)အထိ (၃)ရက်တာ ကျင်းပရန်ရှိပါသည်။ ညီလာခံပြီးပါက အစိုးရ ကိုယ်စား လှယ်များနှင့် ကရင်ပြည်နယ် ဖါးအံမြို့၌ ဆက်လက် ဆွေးနွေးမည်ဟု သတ်မှတ်ထားခဲ့ပါသည်။

ကယားပြည်နယ် အတွင်း ဘိန်းစိုက်ပျိုးမှု များလာ

ဘိန်းစိုက်ပျိုးမှု, ကယားပြည်နယ်, မူးယစ်ဆေးဝါး
ဘိန်းမည်း အဆင့် မြင်တွေ့ရပုံ

ကယားပြည်နယ်အတွင်း စားသုံးသီးနှံ စိုက်ပျိုးမှု ခက်ခဲသဖြင့် ဘိန်းစိုက်ပျိုးမှု များပြားလာကြောင်း ကယားပြည်နယ် အတွင်းရှိ လူမှုအဖွဲ့အစည်းများ ပြောဆိုချက်အရ သိရသည်။
ကယားပြည်နယ်တွင် စိုက်ပျိုးရေ လုံလောက်စွာ မထွက်ရှိခြင်း၊ သီးနှံ စိုက်ပျိုး ထုတ်လုပ်ရာတွင် လမ်းပန်း ဆက်သွယ်မှု မကောင်းခြင်း၊ ရောင်းချရန် ဈေးကွက်မရှိခြင်း စသည့် အခြေအနေများကြောင့် ဘိန်းစိုက်ပျိုးမှု များလာခြင်းဖြစ်ကြောင်း ကရင်နီပြည်လူငယ်များသမဂ္ဂ ဗဟိုကော်မတီ အဖွဲ့ဝင် ကျော်တင်အောင်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ဒေသမှာ တခြား သီးနှံတွေ စိုက်လို့မရဘူး။ စိုက်ရင်လည်း ဘာမှမဖြစ်လာဘူး။ ဘိန်းက နှင်းနဲ့လည်း အသက်ရှင်တယ်လေ။ တခြားထက် ဝင်ငွေပိုရလို့ စိုက်လာကြတာ” ဟု ၎င်းက ဆိုသည်။
တနိုင်ငံလုံး ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး ၅ နှစ်စီမံကိန်းကို ၂၀၁၄ မှ၂၀၁၉ ခုနစ် အထိ ထပ်မံ တိုးမြှင့်လိုက်သဖြင့် ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာရကြောင်း၊ စားသုံးသီးနှံ စိုက်ပျိုးရာတွင် အရှုံးပေါ်ခြင်းအပြင်၊ စားသုံးသီးနှံများ ပြည်ပသို့ တင်ပို့ ရောင်းချရန် ဈေးကွက်တခု ဖော်ဆောင်ပေးရန် လိုအပ်နေကြောင်း ၎င်းက ဆိုသည်။
ယင်းအခြေအနေများနှင့် ပတ်သတ်ပြီး “ ဘိန်းစိုက်ပျိုးမှုက ဖယ်ခုံမြို့နယ်ဘက်မှာ ပိုစိုက်ပျိုးကြတယ်။ ဆေးပြားတွေ ပေါ်ပေါ်တင်တင် ရောင်းလာတာ တွေ့ရတယ်။ အဲဒီမှာ ရဲစခန်းတော့ ရှိတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်က သိပ်မထိရောက်ဘူး” ဟု ကယန်းအမျိုးသမီးများ အဖွဲ့မှ တွဲဘက်အတွင်းရေးမှူး မူအန်ဂျေလာက ပြောသည်။
ဘိန်းစိုက်ပျိုးမှု များပြားလာရခြင်း၏ အဓိက အကြောင်းရင်းများသည် နယ်မြေ မအေးချမ်းခြင်း၊ ဖွံ့ဖြိုးမှု နှောင့်နှေးခြင်း၊ လမ်းပန်း ဆက်သွယ်ရေး မကောင်းခြင်း၊ ရာသီဥတု အခြေအနေကြောင့် တောင်ယာစိုက်ပျိုးလျှင် အရှုံးပေါ်ခြင်းတို့ ဖြစ်ကြောင်း ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက ပြောသည်။
ဘိန်းများကို ကရင်နီ-ရှမ်းနယ်စပ်ကြားတွင် အဓိက စိုက်ပျိုးမှု ကြကြောင်း၊ ဘိန်း တပိဿာလျှင် ကျပ်သိန်း ၇ သိန်းခန့် ရရှိကြောင်း အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့များက ဆိုသည်။
“ သီးနှံတွေ စိုက်လို့ရတာတော့ ရှိပါတယ်။ ပြဿနာက လမ်းပန်း ဆက်သွယ်ရေး မကောင်းတော့ ဈေးနှုန်းထက် ကားခက ပိုကြီးနေတယ်။ ဖွံ့ဖြိုးရေးမရှိ၊ အသိပညာမရှိတော့ ဒီလိုပဲဖြစ်သွားတာပါ” ဟု ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး (ကလလတ) ၏ ဗဟိုကော်မတီဝင် ဦးဟက်စတန်က ပြောသည်။
ကယားပြည်နယ်တွင် ဘိန်း အဓိက စိုက်ပျိုးသည့် နေရာများဖြစ်သည့် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို မြို့နယ်များတွင် ဘိန်းစိုက်ပျိုးမှုများအား စုံစမ်း ဖျက်ဆီး ဆောင်ရွက်ရာတွင်၂၀၀၇-၂၀၀၈ ခုနစ်တွင် (၂၉.၅) ဧက၊ ၂၀၀၈-၂၀၀၉ ခုနစ်တွင် (၃၃.၅) ဧက၊ ၂၀၀၉-၂၀၁၀ခုနစ်တွင် (၃၂.၅) ဧက၊ ၂၀၁၀-၂၀၁၁ ခုနစ်တွင် (၉၃.၅) ဧက၊ ၂၀၁၁-၂၀၁၂ ခုနစ်တွင် (၂၀၇.၅) ဧက၊ ၂၀၁၂-၂၀၁၃ ခုနစ်တွင် (၁၄၅) ဧက နှင့် ၂၀၁၃-၂၀၁၄ ခုနစ်တွင် ပထမအကြိမ်အဖြစ် (၇၀.၃၁) ဧက ဖျက်ဆီးနိုင်ခဲ့ကြောင်း ကယားပြည်နယ်၊ လွိုင်ကော်မြို့ ဒေသန္တာရ စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံ ဆွေးနွေးပွဲ ထုတ်ပြန်ချက်အရ သိရသည်။
ကမ္ဘာတဝန်းတွင် အာဖဂန်နစ္စတန် နိုင်ငံသည် ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ နှင့် မက္ကဆီနိုင်ငံ တို့သည် ဒုတိယ အများဆုံး နိုင်ငံများဖြစ်ပြီး ဘိုလီးဗီးယား၊ ဗင်နီဇွဲလား နိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံသည် နိုင်ငံတကာ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း မရှိကြောင်း အမေရိကန်နှင့် ကုလသမဂ္ဂတို့ ၏ ထုတ်ပြန်ချက်များတွင် ရေးသားထားသည်။
၂၀၁၀ ပြည့်နှစ် ဇွန်လက ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်ပြီး၊ စိတ်ကြွဆေး ထုတ်လုပ်မှုမှာ အရှေ့တောင်အာရှ နိုင်ငံများတွင် စတုတ္ထအများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။
(irrawaddy)

Saturday, December 7, 2013

Your Uninstaller! Pro 7.5.2012.12 + Serial


ဒီ your uninstaller Sofware လေးကတော့  ကွန်ပြူတာ အတွက်မလိုအပ်တဲ့ Sofware တွေ programတွကို  အလွယ်တစ်ကူ  ဖြုတ်ပစ်နိုင်ဖို့အတွက်သုံးဝင်မှာပါ စမ်းသုံးခြင် သူများ အောက်တွင် Download ယူသွားပါ။        
                                                          
          
                                                          
                                                             
                                                             
                                                             

မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ တရုတ်အစိုးရမှ ပေးပို့တဲ့ ရာဇာသံ


Chit Thu Sky

ဒီစာလေးရဖို့ အတော်ကလေးကို လှုပ်ရှားခဲ့ရပါတယ်၊ မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ တရုတ်အစိုးရမှ ပေးပို့တဲ့ စာပါ။ အကြောင်းက တရုတ်ပြည်မှ မြန်မာအစိုးရကို တိုက်ရိုက် ရာဇာသံ ပေးတဲ့စာမို့ အားလုံးဖတ်ရှု့ခွင့်ရအောင် တင်ပြရခြင်းဖြစ်ပါ၏…

တရုတ်တို့ ဖြစ်ချင်သည့်အတိုင်း မြန်မာအစိုးရမှ လက်ရှိ ပုဒ်မ (၁၈) အပါဝင် လက်ပံတောင်း ဒေသ တရုတ်ဝမ်ပေါင် စီမံကိန်းနှင့် ပတ်သက်ကာ လက်ရှိ တ၇ုတ်အကျိုးစီးပွားအားလုံး အား တ၇ုတ်ပြည်မှ မြန်မာပြည်သို့ ၀င်ရောက်ကာ တိုက်ရိုက် ကာကွယ် အရေးယူဆောင်ရွက်မှုမျိုး ပြုလုပ်လာနိုင်သည့် အနာဂတ် ပုံရိပ်ပြ စာတစောင်လည်း ဖြစ်နေတာမို့ စာရေးသူက တင်ပြရခြင်းပါ။ တရုတ်တို့ အဆောတလျင် ပေးပို့လိုက်သော အဆိုပါ ရာဇသံစာအား မြန်မာနိုင်ငံခြားရေးဌာနမှ နေပြည်တော် သမ္မတရုံးအား တိုက်ရိုက် တင်ပြခဲ့ပြီးနောက် မြန်မာနိုင်ငံအနှံပြားက ဆန္ဒပြသူတွေအားလုံးနည်းပါးကို လက်ရှိ ဖမ်းဆီးအရေးယူထောင်ချတာတွေ ပြုလုပ်နေကြပြီဖြစ်ပါသည်။ သို့သော် မြန်မာ့နိုင်ငံခြားရေးဌာနမှ မည်သည့်သတင်းမီဒီယာကိုမှ ပြောဆိုခြင်းမရှိပဲ နုတ်ပိတ် ဆွံ့အ နေကြောင်းအား သိစေလိုပါသည်။ တရုတ်ပြည်မှ ပေးပို့သော အဆိုပါ ရာဇာသံစာအား မိမိနိုင်ငံသည် မကြာခင် တရုတ်ကျေးကျွန်အဖြစ် တရုတ်ကိုလိုနီအောက်သို့ ရောက်တော့မည်ကို ကျိမ်းသေပေါက် စိုးရိမ်ကာ မှီသလောက် ကူးယူ၍ ဘာသာပြန်ပြီး စာရေးသူထံသို့ ပေးပို့လာခြင်းကြောင့် အားလုံး သတိထား သုံးသပ်နိုင်ရန်အလို့ငှါ တင်ပြလိုက်ရပါသည်။

စာ၏ မူရင်းတွင် စနစ်တကျ တရုတ်အစိုးရ၏ နိုင်ငံခြားရေးဌာနဆိုင်ရာ တံဆိပ်တုံးအနီရောင် အထင်ရှားဖြင့် အထက်အောက်ပါရှိပြီး တရားဝင် နိုင်ငံတကာသို့ တရုတ်အစိုးရမှ ပေးပို့လေ့ရှိသော စာမျိုးလဲဖြစ်ပါသည်။ သို့သော် စာရေးသူတို့မှ လျှို့ဝှက် ကူးယူရရှိကာ ပြန်လည်ဖေါ်ပြထားခြင်းမျှသာဖြစ်ကြောင်း သိစေလိုပါသည်။

 ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး

တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ မြန်မာနိုင်ငံသို့ ကန့်ကွက် အမျက်ထွက်သ၀န်လွှာ ဒီဇင်ဘာလ (၁)ရက်၊ ၂၀၁၃ ခုနှစ် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်မှ နိုင်ငံတော် သမ္မတ နှင့် တရုတ်ပြည်သူ့ ကွန်မြူနစ်ပါတီ အကြီးကဲများ၊ တရုတ်ပြည်သူလူထုတရပ်လုံးနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်၏ တပ်မတော်တို့မှ အောက်ပါ ကန့်ကွက်ကြောင်း သ၀န်လွှအား ပေးပို့လိုက်သည်။

အကြောင်းအရာမှာ နိုင်ဝင်ဘာလ (၂၉)ရက်နေ့တွင် ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သောဆန္ဒပြခဲ့ကြသည့် ဆ န္ဒပြလူအုပ်စုမှ တရုတ်ပြည်၏ တည်ဆဲဥပဒေအား၎င်း မြန်မာပြည်၏ တည်ဆဲဥပဒေအား၎င်း တိုက်ခိုက်သော အနေဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ အထူးအလေးမြတ်ထားသော နိုင်ငံတော်အလံအား အရှက်မဲ့စွာ သတင်းမီဒီယာများ၏ ရှေ့မှောက်တွင် မီးရှို့စော်ကားခဲ့သော လုပ်ရပ်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်၏ ဂုဏ်သိက္ခာ ထိခိုက်ခြင်း အကြီးအကျယ်ဖြစ်ရသကဲ့သို့ တရုတ်ပြည်သူ့သမ္မနိုင်ငံမှ စီးပွားရေး စစ်ရေး နည်းပညာနှင့် နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးများအတွက် အဖက်ဖက်မှ လိုအပ်သမျှ ကူညီးတောင်းကာ နိုင်ငံနှစ်ခု ရင်းနှီးချစ်ကြည်စွာဖြင့် ဆက်ဆံနေသော မြန်မာနိုင်ငံ အဖို့လဲ အရှက်ရစေပါသည်။ တရုတ်ပြည်၏ တည်ဆဲဥပဒေအရ တရုတ်ပြည်သူ့သမ္မနိုင်ငံ၏ အလံတော်အားမီးရှို့ခြင်း၊ လူမြင်ကွင်းအလယ်တွင် ဖျက်ဆီးခြင်း နှင့် သတ်မှတ်ထားသော နေရာများတွင် လွှင့်တင် ထားရှိခြင်းမပြုပါက ပြစ်မှုကြူးလွန်သူများအား ဒေသဏ်အဆင့်ထိချမှတ်ကာ အပြစ်ပေးအရေးယူဆောင်ရွက်မှုများ ရှိသော သာဓကအား တရုတ်ပြည်တွင် ရှိခဲ့သည်ကို မြန်မာနိုင်ငံတော်အား လက်ရှိတည်ဆဲဥပဒေအရ အုပ်ချုပ်နေသော အစိုးရအဖွဲ့အား သိစေအပ်ပါသည်။ ထိုသို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်၏ အလံတော်အား မီးရှို့ ဆန့်ကျင်ခဲ့ကြသော လူအုပ်စုအား လက်ရှိ မိမိတို့ သက်ဆိုင်ရာတိုင်းပြည်မှ တာဝန်ရှိသော အာဏာပိုင်များအနေဖြင့် ထိရောက်စွာ အပစ်ပေးအရေးယူဆောင်ရွက်ရန် တိုက်တွန်းလိုက်သည့်အပြင် နောက်နောင် အထက်တွင်ဖေါ်ပြခဲ့သော ဖြစ်ရပ်အမျိုးစားမျိုး ဆက်လက်ဖြစ်ပေါ်လာပါက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြစ်မှုကျူးလွန်သူများအား တိုက်ရိုက် ၀င်ရောက်အရေးယူသွားမည်ကိုလည်း သိစေအပ်ပါသည်။

 တရုတ်ပြည်သူသမ္မနိုင်ငံတော် နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး ဌာန

 Credit : Maha Kung Myit Myaat

Wednesday, December 4, 2013

ကချင်ပြည်မှာ သစ်ပင်အကြီးကြီး တွေသာပေါက်နေ ရှိနေသေးရင်




ကချင်ပြည်မှာ သစ်ပင် အကြီးကြီး( လူသုံးလေးယောက် ၀ိုင်းဖက်ရအောင်ကြီးတဲ့ ) တွေသာပေါက်နေ ရှိနေသေးရင်

ဗမာ့တပ်မတောရဲ့  လက်နက်ကြီးကြည်ဆံတွေ သစ်ပင် ကြီးတွေရဲ့ ထိတ်မှာပဲ ပေါက်ကွဲကုန်မယ်
KIA ရဲဘောတွေ အထိအခိုက် အလွန် နည်းသွားမယ်၊

လေယှဉ်တွေနဲ့ ထိုးစစ်ဆင်ရင်တောင် ထိရောက်မှု သိပ်ရှိမှာမဟုတ်၊

အလုံးအရင်းနဲ့  အလွယ်တကူ ရှေးတန်းလဲရောက်နိုင်မှာမဟုတ်ဘူး ၊
KIA ခံတပ်တွေလဲ သစ်ပင်ကြီးတွေနဲ့  တံတိုင်းကာရံထားသလိုဖြစ်မယ်ပေါ့။
အရင် ၁၉၈၀ ကျော်တုန်းက ဗမာစစ်ကြေင်းတွေ KIA စခန်းတစ်ခုရောက်ဖို့ မလွယ်သလို စခန်းတစ်ခုကို တက်တိုက်ဖို့ လဲ တကယ်မလွယ်ဘူး ၊
တောတောင်ထူထပ်တော့ လမ်းခရီးမှာတင်စိတ်ဓါတ်ကျပြီးထွက်ပြေးတဲ့ ဗမာစစ်သားတွေအများကြီး ၊
ရိပ်ခါပို့ ဖို့ လဲခက်ပေါ့။
 KIA စစ်သားတွေက တောတောင်ထဲမှာနယ်မြေ ကျွမ်းကျင်တော့ ခဏခဏ အောင်ပွဲဆင်နေရတာပေါ့၊ ဘယ်ဗမာစစ်ကြောင်းမှ ကချင်ပြည် တောတောင်ထဲမှာ ၃ လ မနေနိုင်ဘူး ။
ဒီအခက်အခဲတွေကို ဗမာအစိုးရဖြေရှင်းလိုက်ပုံက ငြိမ်းချမ်းရေး ယူ သစ်တွေအကြီးအကျယ်ထုတ်ခွင့် ပေး ၊၁၇ နှစ်တာကာလအတွင်း ကန်တောယာန် နှင့် ဂျာထ လမ်းတစ်နေရာထဲကနေ တစ်ညတစ်ည သစ်လုံးတင်တဲ့ကားတွေ အစီး ၈၀နဲ့ ၁၀၀ ကြားထွက်တယ်၊ အဲဒီသစ်တွေက လူ ၃၊ ၄ ယောက်ဝိုင်းဖက်ရလောက်အောင်ကြီးတာ၊  တောတောင်နေရာတကာရောက် ၊ ၁၇ နှစ်ကြာတော့ ကချင်ပြည်တောတွေလဲပြောင် ၊ နယ်မြေတွေလဲကျွမ်းကျင်သွားပြီ ။ ဘယ်တောင် က ဘယ်သစ်ပင်လေးမှာတော့ ဘာငှက်ရဲ့ အသိုက်ရှိတယ်ကအစ တောနိုင်နေပြီ ။ KIA တပ်တွေ ရဲ့  ပတ်ဝန်းကျင်တွေလဲ လက်နက်ကြီးတွေနဲ့ ၊ လေယှဉ်တွေနဲ့  ကောင်းကောင်းချိန်ပစ်လို့ ရအောင် ပြောင်သလင်းခါနေပြီ။
မြစ်ကြီးနားကနေ လိုင်ဇာထိ တောလမ်းသွားရင်တောင် တစ်ရက်ထဲ ရောက်နိုင်တဲ့ အခြေအနေဖြစ်နေပြီ။ ဗျူဟာအရ အရင်ထက်စာရင် အလွန်ကောင်းသွားပြီ ဆိုပါတော့။
 ကြည့် ခုတော ချနေကြပြီ တပ်မကြီးတွေ ၊ လေယှဉ်တွေ အလုံးအရင်းနဲ့ ။
တကယ်လို့ သစ်ပင်ကြီးတွေသာရှိသေးရင် ပေါ့ ဗမာစစ်တပ်ဆိုတာ ၀ိုင်းမောအလွန် ရွှေညောင်ပင်အထိပဲရှိခဲ့ တာ ခု တော့ လိုင်ဇာဖင်နားကပ်နေပြီ။
ခုလဲပြင်ဆင်ချိန်တွေရှိသေးတယ် နောက်မကျသေးဘူး (နောက်မကျသေးဘူး)

 (ကျနော့ အမြင်နှင့် တွေးကြည့် ခြင်းသာ ဖြစ်သည် ၊ Jinghpaw Zau )

ကချင်ပြည်နယ်တွင် လူအခွင့်အရေးနေ့ ဟောပြောပွဲကျင်းပမည်


 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
ဒီဇင်ဘာ ၁၀ ရက်တွင်ကျရောက်မည့် နိုင်ငံတကာ လူအခွင့်အရေးနေ့ အခမ်းအနား အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် လူအခွင့်အရေးချိုးဖောက် ချိုးဖောက်ခံရမှု အမြင့်ဆုံးဟုဆိုနိုင်သော ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လူထု ဟောပြေပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိ သည်။
အဆိုပါဟောပြောပွဲအား ကချင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်း ၁၂ ဖွဲ့ မှ ပူပေါင်းပြီး ကချင်ပြည်နယ်မြစ်ကြီးနားမြို့ နောင်နန်းကျမ်းစာသင်ကျောင်းရှိ အေဒီ ၂၀၀၀ ခန်းမဆောင်တွင် ကျင်းပသွားမည်ဖြစ်သည်။
ဟောပြောပွဲနေ့တွင် ကချင်ပြည်နယ်ရှိ အဖွဲ့အစည်းများမှ ပူးပေါင်းပြီး လူ့အခွင့်အရေးဆိုင်ရာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
“တချို့ပြည်သူတွေက လူ့အခွင့်အရေးဆိုတဲ့စာလုံးကို ကြောက်နေကြတယ်။ လူအခွင့်အရေး သည် ကြောက်မစရာမဟုတ်ကြောင်း ရှင်းပြချင်တာ။ ပြီးတော့ ဒီလူ့အခွင့်အရေး ချိုးဖောက်မှု မဖြစ်ပွားအောင် ကာကွယ်စောင့်ရှောက်မှုမှာ လူထုအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ အစိုးရတွေ ပိုမိုအဆက်အတွယ်ကောင်းလာပြီး အတူတကွပူး ပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပတာပါ။” ဟု အဆိုပါအခမ်းအနား ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကို မုန်ဒန်မှဆိုသည်။
ထိုဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အစိုးရမှ မြန်မာနိုင်ငံငံလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်နာ၊ ၈၈ မျိုးဆက်သစ်ကျောင်းသားအဖွဲ့မှ ကိုမြအေး တို့မှပါဝင်တက်ရောက်ဟောပြောသွားမည်ဖြစ်သည်။
နိုင်ငံရေးပါတီများ၊ နိုင်ငံတကာ NGO များ၊ လူမူ့အဖွဲ့အစည်းများ၊ မြို့ရပ်မိရပ်ဖများ၊ ဘာသာရေး ခေါင်းဆောင်များ/ စစ်ဘေး ဒုက္ခသည်များနှင့် မြို့ပေါ်ရှိဒေသခံများအားတက်ရောက်မည်ဖြစ်သည်။
၂၀၁3 ခုနှစ် နိုင်ငံတကာဆိုင်ရာ လူ့အခွင့်အရေးနေ့ ဆောင်ပုဒ်သည် “WORKING FOR YOUR RIGHT'' ဖြစ်သည်။ 
ကိုမြအေးမှ WORKING FOR YOUR RIGHT ခေါင်းစဉ်ဖြင့် အဓိက ဟောပြောသွားမည်ဖြစ်ကြောင်းလည်း ကိုမုန်ဒန်မှဆက်လက်ဆိုသည်။
၂၀၁၂ ခုနှစ် နိုင်ငံတကာဆိုင်ရာ လူ့အခွင့်အရေးနေ့ကို မြစ်ကြီးနားမြို့ မနောကွင်းရှိမဂျွယ်ခန်းမတွင် လူအယောက် ၇၀၀ ကျော်ဖြင့်ကျင်းပခဲ့သည်။ 
သို့သော် ၂၀၁၃ ခုနှစ်တွင် မနော်ကွင်းရှိ မဂျွယ်ခန်းမဆောင်တွင် ကျင်းပရန် ကချင်ပြည်နယ်အစိုးရမှ ခွင့်ပြုမိန့်မရသည့်အတွက် နောင်နန်း ကျမ်းစာသင် ကျောင်းရှိ အေဒီ၂၀၀၀ ခန်းမဆောင်တွင်ကျင်းပသွားမည်ဖြစ်သည်။
Kachinwaves

Tuesday, December 3, 2013

ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ မျက်နှာစုံညီပွဲတော်ကျင်းပမည်


1

KIC  စောညွန့်သောင်း

ကရင်ပြည်နယ်၊ ဖားအံမြို့အခြေစိုက် ကရင်ပါတီကြီးတစ်ခုဖြစ်သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP) သည် ကရင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် လာမည့် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၁၈ မှ ၂၀ ရက်နေ့အထိ မျက်နှာစုံညီပွဲတော်တစ်ရပ် ပြုလုပ်ကျင်းပမည်ဖြစ်သည်။
ဒီဇင်ဘာ ၂ရက်နေ့က PSDP သည် ဖားအံမြို့အနီး တောင်ကလေးဘုန်းတော်ကြီးကျောင်း၌ ဖားအံမြို့နယ်ရှိ ရပ်မိရပ်ဖနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သည့် အကြိုတွေ့ဆုံပွဲပြုလုပ်ကာ ပါတီစည်းလုံးညီညွှတ်မှုအတွက် ရည်ရွယ်၍ ကျပ်ငွေ ၁၅ သိန်းအကုန်ကျခံမည့် မျက်နှာစုံညီပွဲတော်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
PSDP ၏ ဒု-ဥက္ကဌ မန်းအောင်ပြည်စိုးက “မျက်နှာစုံညီပွဲတော်ကို တောင်ကလေးကွင်းမှာ ကျင်းပဖို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီပွဲတော်လုပ်ရတာက ပါတီဝင်တွေ ပါတီဖွဲ့စည်းပြီး သုံးနှစ်ထဲမှာ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံမှု အားနည်းခဲ့တယ်။ ဒါကြောင့် ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်အတွက် အထောက်အကူပြုဖို့ အခုပွဲတော်ကို လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ”ဟု ပြောသည်။
တောင်ကလေးဘုန်းကြီးကျောင်းတွင် ပြုလုပ်သည့် ယင်းတွေ့ဆုံပွဲတွင် PSDP ဥက္ကဌ စောသိန်းအောင်၊ ဒု-ဥက္ကဌ မန်းအောင်ပြည်စိုး၊ အထွေထွေအတွင်းရေးမှူး စဘင်ကျင်ဦးနှင့် အခြား PSDP ၏ အဖွဲ့ဝင်များ အပါအ၀င် ဖားအံမြို့နယ်ရှိ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၈၀ ကျော် တက်ရောက်ခဲ့ကြသည်။
ထို့အပြင် PSDP မှ ပြုလုပ်သွားမည် ၎င်းမျက်နှာစုံညီပွဲတော်တွင် ကရင်ဇာတ်သဘင်၊ ကရင်ရိုးရာပြခန်းများ၊ ကရင်အကြောင်း စာအုပ်အရောင်းဆိုင်များ၊ ပျော်ပွဲရွှင်ပွဲနှင့် ပြခန်းများသာ ပါဝင်ပြီး our day ခေါ် လောင်းကစား ပွဲများ လက်မခံဟု PSDP ဥက္ကဌလည်းဖြစ်၊ ပြည်သူ့လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်သူ စောသိန်းအောင်က တောင်ကလေးဘုန်းကြီးကျောင်း အကြိုတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
“ကျနော်ကိုယ်တိုင်လွှတ်တော်မှာ လောင်းကစားပပျောက်ဖို့ တောင်းဆိုခဲ့တယ်။ ဒါကြောင့် ပါတီမျက်နှာဆုံ ညီပွဲမှာ လောင်းကစားပါဖို့ ကျနော်လက်မခံဘူး။ လောင်းကစားပါမယ်ဆိုရင် ပါတီဥက္ကဌအဖြစ်ကနေ ကျနော်နှုတ်ထွက်မယ်”ဟု စောသိန်းအောင်က ပြောဆိုခဲ့သည်။
ဆက်လက်၍ တောင်ကလေးကျေးရွာအုပ်ချုပ်ရေးမှူး နန်းသက်မာဝင်းကလည်း “ကျမတို့အနေဖြင့် လောင်းကစားပွဲကို လက်ခံဖို့ မရှိဘူး။ အရင်က မကောင်းတဲ့ လုပ်ရပ်တွေကို အခုပွင့်လင်းမှု ရှိလာတဲ့အချိန်မှာ ချန်ထားလို့ရပြီ”ဟု နန်းသက်မာဝင်းက ပြောသည်။
PSDP ကို ပြီးခဲ့သည့် ၂၀၁၀ခုနှစ်၊ ဇွန်လ ၄ရက်နေ့၌ စတင်ဖွဲ့စည်းတည်တောင်ခဲ့ပြီးနောက် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁၈ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၉ နေရာ အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။

ပန်ဝါအထက် တရုတ်ဖက်ခြမ်းရှိ ဖရဲခက်ဒုက္ခသည်စခန်းကို တရုတ်အာဏာပိုင်များရွှေ့ခိုင်း

သတင်း - ကချင်သတင်းဌာန

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ပန်ဝါအထက်  မှတ်တိုင်အမှတ် (၆) တရုတ်နယ်စပ်ရှိ ဖရဲခက် (Hpare Hkyet) စစ်ပြေး ဒုက္ခသည်စခန်းကို တရုတ်အစိုးရအာဏာပိုင်များက တိုက်ပွဲများငြိမ်သက်လာပြီ ဖြစ်သောကြောင့် ဒီဇင်ဘာလ ၁၅ ရက် နောက်ဆုံးထား ပြောင်းရွှေ့ခိုင်း နေကြောင်း သိရသည်။

မှတ်တိုင်အမှတ် (၆) ဖရဲခက် (Hpare Hkyet) စစ်ပြေးဒုက္ခသည်စခန်းသည် တရုတ်ပြည်ဘက်ခြမ်းတွင်ရှိပြီး ယခုချိန် ရာသီဥတုများအေးခဲနေချိန် ၎င်းမှတ်တိုင်စခန်းမှ ၁ မိုင်ခန့်အကွာတွင်ပြောင်းရွှေ့ထားရသောကြောင့် အခက်ခဲများရှိသည်ဟု ဒုက္ခသည်များပြောသည်။

pan wah

တရုတ်အစိုးရအာဏာပိုင်များမှ စခန်းပြောင်းရွှေ့၍ ပြန်လည်ဆောက်လုပ်နိုင်ရန် လက်ကိုင်လွှ (Yuki) ၂၀ ခု၊ တူ၊ သွပ်ကြိုး၊ သံများနှင့် သုံးထပ်သားများကူညီပေးထားပြီးဖြစ်သောကြောင့် နိုဝင်ဘာလကုန်ပိုင်းမှ စတင်ပြောင်းရွှေ့ထားခြင်းဖြစ်ကြောင်းသိရသည်။

“၂ အိမ် ၃ အိမ်က ပြောင်းနေကြပြီ ဒီဇင်ဘာလမှာ အားလုံးပြောင်းရွှေ့လာမယ်လို့ပြောတယ် အရမ်းချမ်းပြီး လမ်းခရီးခက်ခဲတဲ့နေရာဖြစ်တယ် အခုချိန်မှာရေတောင် ခဲနေပြီ” ဟု၎င်းဒုက္ခသည်စခန်းသို့ အကူညီပေးခဲ့သော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ဆရာ တစ်ဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

ဒုက္ခသည်များသည် တိုက်ပွဲများ ငြိမ်သက်နေချိန်ဖြစ်သောကြောင့် ပြောင်းရွှေ့လိုက်ရခြင်းဖြစ်ပြီး အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပါက ယခင်နေရာ တရုတ်ပြည်ဘက်ခြမ်းသို့ ထပ်မံထွက်ပြေးရမည်ဖြစ်ကြောင်း ဒုက္ခသည်များပြောသည်။

စစ်ပြေးဒုက္ခသည်စခန်းမှတ်တိုင်အမှတ် (၆) ဖရဲခက် (Hpare Hkyet) တွင် လူဦးရေ ၈၀၀ ကျော်ရှိပြီး ၎င်းတို့သည် နယ်ခြားစောင့်တပ်မှ တိမ်းရှောင်ကာ KIO နယ်မြေရှိ ရွာသားများဖြစ်သည်။

၎င်းဒုက္ခသည်စခန်းကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်ဖြူ/နီ၊ သကြား၊ သွားတိုက်တံ၊ သွားတိုက်ဆေးများထောက်ပံ့ပေးခဲ့ပြီး ရေကန်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

တရုတ်အစိုးရသည် တိုက်ပွဲများဖြစ်ပွားချိန်မှ ၎င်းဒုက္ခသည်များအား ပြောင်းရွှေ့ရန်ပြောဆိုနေခြင်းကြောင့် ယခုချိန် KIA တပ်ရင်း (၃၂) နှင့် (၃၃) နယ်မြေအနီးပြောင်းရွှေ့လာခြင်းဖြစ်ကြောင်း သိရသည်။

၎င်း ဒုက္ခသည်စခန်းအား ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ အစားအသောက်များ တကိုယ်ရေသန့်ရှင်းမှုနှင့် ကလေးပညာရေးအတွက် ကူညီထောက်ပံ့ပေးနေသော်လည်း ဆက်လက်၍ ကူညီမှုများလိုအပ်နေကြောင်း သိရသည်။

အဆိုပါ တရုတ်နယ်စပ်ရှိစခန်းများသည် ဆောင်းရာသီတွင် နှင်းများကျ၍ ရေခဲတောင်များဖြင့် အအေးလွန်ကဲကာ ဒုက္ခသည်အဖြစ်တိမ်းရှောင်နေသူများအတွက် အနွေးထည်နှင့် စောင်များ မလုံမလောက်အခက်ခဲဖြစ်နေကြောင်း သိရသည်။

Sunday, December 1, 2013

Kachin hte Myen Asuya a Yuptung Jahpan N'nan

အစိုးရယန္တရား အတွင်း လူတစ်ထောင်လျှင် တစ်ဦးသာ အပြောင်းအလဲ လိုလားဟု ဦးစိုးသိန်းပြော

 December 1, 2013


ရန်ကုန်၊ နိုဝင်ဘာ ၃၀
မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်လာသည်မှာ သုံးနှစ်နီးပါး ကြာမြင့်ပြီ ဖြစ်သော်လည်း အစိုးရယန္တရား အတွင်းရှိ လူဦးရေ တစ်ထောင်လျှင် တစ်ဦးကသာ အပြောင်းအလဲ ပြုလုပ်လိုသူများ ဖြစ်ကြောင်း သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။
ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ နိုဝင်ဘာလ ၃၀ ရက်နေ့က ကျင်းပသည့် တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ဆွေးနွေးပွဲ နိဂုံးချုပ် ဆွေးနွေးရာတွင် ၄င်းက အထက်ပါ အတိုင်း ပြောဆိုခြင်းဖြစ်သည်။
“လူဦးရေ သန်းခြောက်ဆယ်မှာ Government Sector က တစ်သန်းကျော် လေးပဲရှိတယ်။ အဲဒါမှာ ခင်ဗျားကို ကျွန်တော် ပြောမယ်။ တစ်ထောင်လောက်ပဲရှိတယ် Reform လုပ်ချင်တဲ့သူက။ ကျန်တဲ့လူ ကတော့ ဒရွတ်တိုက် လိုက်တုန်းပဲ” ဟု ဦးစိုးသိန်းက ထုတ်ဖော်ပြောဆိုသည်။
ယနေ့ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေး သူများ၏ ပြောကြားချက်များကို များစွာ နားထောင်သင့်သော်လည်း ဆွေးနွေးပွဲ တက်ရောက်သူ အစိုးရယန္တရား အဖွဲ့ဝင် များနှင့် လွှတ်တော်ကိုယ်စားလှယ် များမှာ အရေအတွက် လွန်စွာ နည်းပါးကြောင်း ၄င်းက ဝေဖန်ပြောကြားသည်။
အစိုးရခေါင်းဆောင် များက အရပ်ဘက် အဖွဲ့အစည်းများ အားကောင်းရန် လိုအပ်သည်ဟု ပြောဆိုနေသော်လည်း အခြေခံပညာ ကျောင်းများ၊ တက္ကသိုလ် များ၌ ဆရာများအသင်း၊ ကျောင်းသား သမဂ္ဂစသည်ဖြင့် ဖွဲ့စည်းဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးအာဏာပိုင် များက တားဆီး ပိတ်ပင်မှု၊ ဖမ်းဆီးအရေးယူမှုများ ရှိနေပြီး အဖွဲ့အစည်း များ၌ ပါဝင်လှုပ်ရှားသူ ဝန်ထမ်းများကို အလုပ်ထုတ်ခြင်း၊ ကျောင်းသားများကို ကျောင်းထုတ်ခြင်းများ ကြုံတွေ့နေရကြောင်း ဆွေးနွေးပွဲ တက်ရောက်သူ တက္ကသိုလ်ကျောင်းသား တစ်ဦးက ပြစ်တင်ပြောကြားသည်။
အစိုးရက ပြုလုပ်နေသည့် အပြောင်းအလဲ များကို လက်တွေ့ အကောင်အထည် ဖော်နေသူများမှာ လူထုအပါအဝင် အရပ်ဘက် အဖွဲ့အစည်းများနှင့် လိုက်လျော ညီထွေမှု မရှိဘဲ အခွင့်အာဏာ ရှိသူများကို တွေ့ဆုံရန်ပင် များစွာ ခက်ခဲနေသေးကြောင်း ဆွေးနွေးပွဲ တက်ရောက်လာသူ အချို့က ပြောဆိုသည်။
မြန်မာနိုင်ငံ၏ အပြောင်းအလဲ များတွင် လူငယ်အဖွဲ့အစည်း များနှင့် ပိုမို ပူးပေါင်းဆောင်ရွက်ရေး ကို မဖြစ်မနေ လုပ်ဆောင်သွားမည် ဖြစ်ပြီး လူထုတွေ့ဆုံပွဲ များကို နှစ်စဉ်ကျင်းပရန် အကြံပြုသည့် အတိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆွေးနွေးပွဲတွင် ကတိပြုခဲ့သည်။
Credit: MWD

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .