Social Icons

Saturday, June 20, 2015

ဟန်ဆောင်မျက်နှာဖုံးနောက်ကွယ်က ဗမာ့တပ်မတော ရဲ့ သရုပ်မှန် 


တိုက်ပွဲတွေဖြစ်ရင် တိုင်းရင်းသားပြည်သူတွေနေတဲ့ ကျေးရွာ၊ဘုရားကျောင်းတွေကို ဗမာ့တပ်မတော် က မိုင်းခွဲလို့တစ်မျိုး၊ မီးရှို့လို့တစ်ဖံ တိုင်းရင်းသူတွေကို မုဒိန်းကျင့်လိုက်နဲ့ ဖျက်ဆီးနေတာတွေ့နေရပါတယ်။ တော်တော်လေး အောက်တန်းစားဆန်တဲ့ ဗမာ့တပ်မတောလို့ပဲ ပြောချင် တယ်။ ဖြစ်တာက KIA တပ်နဲ့လေ၊ ဒီကျေးရွာ၊ဘုရားကျောင်းတွေ တိုင်းရင်းသူတွေ နဲ့ဘာဆိုင်လို့လဲ၊ မကျေနပ်ရင် KIA တပ်တွေကို နိုင်အောင်တိုက်ပေါ့၊ အခုတော့ မဟုတ်ပါဘူး၊ ရှုံးပြီဆိုတာနဲ့ တိုင်းရင်းသားတို့ကျေးရွာ ၊ ဘုရားကျောင်း တွေ တိုင်းရင်းသား ပြည်သူတွေကို ရှုံးမဲ မဲတော့တာပါပဲ။ သတ္တိကလည်း နည်း၊ စိတ်ဓာတ်ကလည်း အောက်တန်းစားဆိုတော့ ဗမာ့တပ်မတော ခေါင်းဆောင် ဖြစ်တဲ့ ကာချုပ် မင်းအောင်လှိုင်၊ နာဘူးစိုးဝင်း နဲ့ ကြည်းတပ် လေတပ် အမြောက်တပ် ဟိုးအောက်က ရဲဘော်အထိ ထမီဝတ်၊ သနပ်ခါးလိမ်း၊ ပန်းပန်ထားလိုက်တော့လို့ပဲ ပြောချင်ပါတယ်။
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်တိုင်း မင်းအောင်လှိုင်ရဲ ထမီဝတ်တပ်က တိုင်းရင်းသားရွာတွေကို မီးရှို့ဖျက်ဆီးတယ်၊ ကချင် တိုင်းရင်းသားတွေကိုအပြစ်မဲ့ရိုက်နှက်နှိပ်စက် ဖမ်းစီးတယ် ရွာသားတွေကို လူသားဒိုင်းလုပ်ပြီးတိုက်တယ်၊ ကျောက်မျက်ကုမ္ပဏီဝင်းတွေထဲမှာ တပ်စခန်းထိုင်ပြီး ကာဗာလုပ်တယ်။ အများ ပြည်သူ သွားလာနေတဲ့ လမ်းဆုံလမ်းခွနေရာတွေမှာ လုံခြုံရေးပြောပြီး ရိုက်နှက်စစ်ဆေးငွေညစ်တယ်။ ဒါဟာ ဗမာ့တပ်မတောရဲ့ ယောက်ျား မဆန်တဲ့ လုပ်ရပ်တွေပါ။ တိုင်းရင်းသားတွေ ဒုက္ခရောက်မှ သူတို့ မအလ အဖွဲ့ စိတ်ချမ်းသာတယ်ထင်တယ်။ ဒါ့ကြောင့် အဖျက်အမှောက်လုပ်ငန်းတွေကို သူတို့ စွဲစွဲမြဲမြဲ လုပ်နေကြတာ။ အရင်တုန်းကတော့ KIA နဲ့ ဗမာ့တပ်မတော် တိုက်ပွဲဖြစ်တိုင်း ကိုယ်ကလည်း ဗမာဆိုတော့ ဗမာ့တပ်မတော ဘက်က အားပေးခဲ့ ခဲ့မိတယ်။ အခုတော့ မအလ တပ်မတောကို တိုင်းရင်းသားတပ်ဖွဲ့ အားလုံးပေါင်းပြီး စိစိညက်ညက်ကြေအောင် တိုက်ပါလို့ပြောချင်ပါတယ်။

ဘယ့်နှယ်ဗျာ။ တိုင်းရင်းသားပြည်သူတွေ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်နေတဲ့ ဒေသတွေထိ နယ်ချဲ့ရမ်းကား အနိုင်ကျင့်ချင်တဲ့ အကျင့်က ပျောက်ကို မပျောက်နိုင် တာ။ အခုလည်း ကြည့်လေ။ အောင်ဘာလီ ရွာကနေ ၇ မိုင်လောက် ဆုတ်ထားတဲ့ KIA တပ်ရင်း ၆ ကို သွား တိုက်ပြန်ပြီတဲ့လေ။ တိုက်ပွဲဖြစ်ပြီ ဆိုတော့ ဖားကန့်ကို ကုန်စိမ်းအဓိက တင်ပို့ပေးတဲ့ ရွာလဲ မအလ တပ်တွေ ကိုကြောက်လို့ ထွက်ပြေးကုန်ပြီ။ ဒါကြောင့် ဖားကန့်မှာ ကုန်စိမ်းတွေတောင် ပြတ်နေပြီတဲ့။ ကြားရတာကတော့ အဲဒီရွာက ကုန်စိမ်းတွေ ကား ၈ စီး အပြည့် အတင်းလုယူသွားတယ် ကြားတယ်။ တော်တော်လေး စိတ်ပျက်ဖို့ ကောင်းတယ်ဗျာ။ ရှင်းရှင်းပြောရရင် အခု ဗမာအစိုးရ က တာဝန်ပေးပြီး လုပ်နေတဲ့ ဦးအောင်မင်း ရဲ့ MPC တွေဘက် က အပစ်ရပ်ရေးဆိုတာကို လုံးဝအယုံအကြည်မရှိတော့ဘူး။

“ တိုက်ပွဲဖြစ်တာမှန်ပါတယ် KIA တွေက ပြည်တွင်းငြိမ်းချမ်းရေး အမြန်အကောင်အထည်ဖေါ်နိုင်အောင်ဆိုပြီး အောင်ဘာလေ ကျေးရွာက ဗမာစစ်ကြောင်းပြန်သွားပြီးနောက် အစောင့် နည်းနည်းပဲရှိတာတောင်ပြန်သွားမသိမ်းဘူး အဲဒါ ကိုအခုဗမာစစ်တပ် စစ်ကြောင်းပြန်ဝင်ပြီး ၇ မိုင်လောက်ဆုတ်ထားတဲ့ KIA တပ်ကိုသွားတိုက်တာ ” ဟု ဖားကန့်မြို့ခံတစ်ဦးက ဆိုပါတယ်။

ဗမာတပ်တွေ လာတိုက်လို့ ထွက်ပြေးလာတဲ့ ရွာသားတချို့ ကို KIA က ကာကွယ်ထားပါတယ်။ တချို့ကိုတော့ ခရစ်ယာန် အသင်းတောတွေက နေရာထိုင်ခင်းတွေ စားဝတ်နေရေး တွေကို ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ဗမာ့တပ်မတော အနေနဲ့ ကချင်ပြည်နယ်မှာသာမက ရှမ်းပြည်နယ်မြောက်ပိုင်း နယ်မြေအထိလာပြီး ခိုးဆိုးလုယှက် မုဒိန်းကျင့် ရွာမီးရှို့ ဖျက်ဆီး နေခြင်း ဟာ တိုင်းရင်းသားပြည်သူအားလုံးကိုရော UNFC နဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးကိုပါ မထီမဲ့မြင်ပြုရာ ရောက်နေပါတယ်။ အဲဒီလို ရွာမီးရှို့ ရွာထဲ လက်နက်ကြီး ပစ်ထည့် တိုင်းရင်းသူတွေကိုဖျက်ဆီးတိုင်း ဗမာ့တပ်မတော် ဟာ ၀န်မခံဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအပေါ် လွှဲချတတ်တာကိုလည်း တွေ့ရပါတယ်။

“ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို သွေးတိုးစမ်းနေတာလေ၊ အပစ်ရပ်ဖို့အောင်မြင်လာရင် ဗမာ့တပ်မတောက ဖျက်ဆီးပစ်မယ်၊ အပစ်ရပ်ပျက်ရင် တိုင်းပြည် ငြိမ်းချမ်းရေးပါ ပျက်မယ်၊ တိုင်းရင်းသားအားလုံးတန်းတူရေး ကိုယ်ပိုင်ပြဌန်းခွင့် ဆိုတာတွေ မဖြစ်လာနိုင်ဘဲ ဗမာ့တပ်မတောက အာဏာနဲ့ တိုင်းပြည်ကိုချယ်လှည်မယ်၊ တိုင်းပြည်ငြိမ်းချမ်းဖို့ အချိန်ပိုပေးရမယ်၊ တိုင်းရင်းသားတွေရဲ့ အသက်အန္တရာယ်လုံခြုံ ရေး ပိုပြီးစိုးရိမ်ရမယ်၊ ဗမာ့တပ်မတော က အဲဒီလို အကျင့်ရှိနေလေတော့ တိုင်းရင်းသားတွေရဲ့ အသက် အိုးအိမ် ပစ္စည်းတွေ ပျက်စီးဆုံးရှုံးတာပေါ့၊ တိုက်ပွဲပေါင်းများစွာ ဖန်တီးရင် လွတ်တောမှာ စစ်အသုံးစရိတ်တွေ တိုးတောင်းမယ် နိုင်ငံတော် ဘဏ္ဍာတွေ အများကြီးကုန်မယ်၊ တိုင်းပြည်ပညာရေးနဲ့ ကျန်းမာရေးနိမ့်ကျမှု မှာ ဗမာ့တပ်မတော ခေါင်းဆောင်တွေကို တာဝန်ခံခိုင်းရမယ်လေ၊ သူတို့က ဘယ်တော့မှ ၀န်မခံဘူး၊ ၀န်မခံရင်လည်းနေပါစေ၊ တိုင်းရင်းသားနယ်မြေမှာ လှုပ်ရှားနေတဲ့ ဗမာမုဒိန်းတပ် ကို အပြတ်သာ လိုက်ရှင်း၊ ဒီကောင်တွေ သေမှအေးမှာ ” ဟု တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဒေသခံ မြဝတီသတင်းထောက်တစ်ဦးကလည်း ပြောကြား သွားပါတယ်။

 တိုင်းရင်းသားဒေသ မုဒိန်းသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က အဲဒီနယ်မြေတွေမှာ ဗမာ့တပ်မတောသား တို့ လှုပ်ရှားနေတာဖြစ်ပေမယ့် သူတို့လုပ်တယ်လို့ မပြောနိုင်ကြောင်း၊ ဓါတ်ပုံသက်သေမပြနိုင်ပဲ စွပ်စွဲလို့မရကြောင်း ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။ ဗမာတပ်မတော ရဲ့လုပ်ရပ်ကို ဖုံးဖို့ကြိုးစားပြီး လွတ်တော မှာလဲနေရာယူထား မီဒီယာတွေကိုလဲ တင်းကြပ်နေတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဒီနှစ် ဇန်န၀ါရီလတုန်းက KIA နဲ့ ဗမာ့တပ်မတောတို့ တိုက်ပွဲတွေ ဖြစ်ခဲ့ကြတယ်။ အဲဒီကာလတုန်းကလည်း ဗမာ့တပ်မတော အချင်းချင်းမှားပစ်ကြလို့ ကချင်ကျောင်းသူတစ်ယောက်သေခဲ့ရတယ်။ဗမာ့ကြောင်ချီး တပ်တွေက ကျောက်မျက်ကုမ္ပဏီဝင်းတွေ၊ ဘုန်းကြီးကျောင်း ရွာတွေထဲ မှာ ပြည်သူကို ကာဗာလုပ် စခန်းချကြလို့ KIA အဖွဲ့က ပြည်သူကို ထိမှာဆိုးပြီး တိုက်ခိုက်မှုတွေ မပြုလုပ်ခဲ့ကြ တာ အကြိမ်ကြိမ်ပါ။
ဖားကန့် - မိုးကောင်း သွားလမ်းပေါ်က တံတားတွေ၊ ခွန်ဆိုင်ဇွတ်ရွာအ၀င်က တံတားနဲ့ နမ့်ခိုင် ကျေးရွာအနီးက တံတားတွေမှာလည်း စခန်းထိုင်ပြီး ကားသမားတွေကို လုံခြုံရေးယူခ ဆိုပြီး ပိုက်ဆံအတင်းတောင်း ကချင်လူငယ်တွေကို တွေ့ရင်လဲ မင်းတို့ KIA တွေဆိုပြီး အကြောင်းမဲ့ အပြစ်မဲ့ ရိုက်နှက် ဖမ်းဆီးခဲ့ပါတယ်။ တိုက်ပွဲဖြစ်တိုင်း အများပြည်သူကို ကာဗာ လုပ် ကြောက်ချီး ထွက်တာ လက်နက်မဲ့ပြည်သူကို ပဲဖြဲခြောက်တတ်တာ ကမ္ဘာမှာ ဗမာ့တပ်မတောပဲ ရှိတယ်ဆိုတာ ငြင်းလို့မရပါဘူး။

“ တိုက်ပွဲတွေဖြစ်မယ်၊ တိုက်ပွဲတွေဖြစ်ရင် ဖြစ်တဲ့ဒေသ ကိုစစ်အုပ်ချုပ်ရေးကြေညာမယ်၊ ပြည်သူတွေကို စိုးရိမ်ကြောက်လန့် နေအောင် ဖန်တီးမယ်၊ ဒါမှ နယ်မြေ မအေးချမ်းမှာလေ၊ နယ်မြေမအေးချမ်းမှ သူတို့ လုပ်စားလို့ရမှာ၊ တစ်နည်း ပြောရရင် ငြိမ်းချမ်းရေး တည်ဆောက်လို့မရမှာလေ၊ မအလ ရဲ့ ဗမာ့တပ်မတော က ဘယ်တော့မှ ငြိမ်းချမ်းရေး တည်ဆောက်ချင်မှာမဟုတ်ဘူး၊ အခု အပစ်ရပ် လက်မှတ် ထိုးနိုင်ဖို့ ဆွေးနွေး အဖြေရှာရအောင်ဆိုပြီး ဟိုအဖွဲ့ကို တိုက်လိုက် ဒီအဖွဲ့ကို သွားတိုက်လိုက် လေယှဉ်နဲ့ ပစ်လိုက် လုပ်နေတာကိုကြည့်ရင် ငြိမ်းချမ်းရေးကို ဟန်ပြသက်သက် လုပ်နေတယ်ဆိုတာသိသာပါတယ်။ မင်းသားခေါင်း ဆောင်းထားတဲ့ ဘီလူးလိုမျိုး ဗမာစစ်တပ်ကကျင့်ကြံနေတာ၊ သူတို့သရုပ်မှန်က တစ်ဖက်မှာ ငြိမ်းချမ်းရေးကို စိတ်ဝင်စားသလိုလုပ်မယ်၊ အခြားတစ်ဖက်မှာတော့ ငြိမ်းချမ်းရေး မရအောင် တိုက်ပွဲတွေဖန်တီးမယ်၊ တိုင်းရင်းသား ဒေသ တွေကို အကုန်ဖျက်ဆီးမယ်၊တိုင်းရင်းသားတွေ ဒုက္ခသည်ဖြစ်ပြီး ပညာကောင်းကောင်းမသင်ရ စားဝတ်နေရေး ခက်ခဲအောင်လုပ်မယ်။ တော်တော် ကြောက်စရာကောင်းသလို ရွံဖို့လည်းကောင်းတဲ့ ဗမာ့တပ်မတောပါ ” ဟု ငြိမ်းချမ်းရေးလိုလားသော ပြည်သူ့လွတ်တော် ကိုယ်စားလှယ် တစ်ဦး ကလည်း ပြောကြားသွားပါတယ်။


(ဝါးရင်းဒုတ် သူရဲကောင်း ဦးအောင်ဇေယျ ရေးသားသည်။)


shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .