Social Icons

Monday, November 26, 2012

ပြည်တွင်းငြိမ်းချမ်းေ၇းအတွက် .. ကချင်အေ၇းကို ဘက်မလိုက် ဖဲ ကူညီကြမလား? ဘေးထိုင်ဘုပြော ကချင် စစ်ပွဲ ပိုကြီးအောင် လုံ့ ဆော်ကြမလား?

ဒီမနက် အိပ်ယာက ထထချင်း ပြည်တွင်းသတင်းတွေကို တခုချင်း ကြည့်တယ်၊ Aye Chan Mon Media ကိုသဘောကျတယ်၊ Aye Chan Mon Media ထဲက ...
သတင်းတခု ကြောင့် ဒီစာေ၇း ဖို့  ဆုံးဖြတ်လိုက်၇တယ်။ အဲဒီ .. ၀န်ကြီး ဦးအောင်မင်း လက်ပန်းတောင်းတောင် သပိတ် စခန်း သွားေ၇ာက်စဉ် တရုပ်အစိုး၇ အပေါ်ထားရှိတဲ့ စိတ်နေသဘောထား နဲ့  ပါတ်သက်တဲ့ သတင်းပါ။ အဲဒီ သတင်းကို Aye Chan Mon က Tin Latt FB ပေါ်က ယူပြီးတင်လိုက်တာပါ၊ Tin Latt ၇ဲ့  အမြင်က ဗကပကို တရုပ်က ကူခဲ့တယ် အခုလည်းတရုပ်က KIA ကိုကူညီနေတယ် လို့ ဆိုထားတယ်။

ဝန်ကြီး ဦးအောင်မင်း၇ဲ့  ပါးစပ်ကနေ “တရုပ်ကို လည်းတပည့်တော်တို့  ကြောက်၇ပါတယ်” နောက် ပြီးတော့ “ တိန့် ရှောင်ဖိန်အစိုး၇တက်လာတဲ့ အခါမှာ ဒီထောက်ပံ့မှုတွေ အကုန်ဖြတ်လိုက်တဲ့ အခါကြတော့ ဗကပ ချုပ်ငြိမ်းသွားတယ် .. ဒါကြောင့်တရုပ်နဲ့ လည်း ၇န်မဖြစ်၇ဲဘူး“ ဆိုပြီးတော့ မြန်မာ ပြည်သူတွေကို တရုပ်၇ဲ့ ကျေးဇူးဆပ်ဖို့ ဆော်သြ လိုက်တဲ့ စကားကြောင့် ဗမာ Media နဲ့  Think Tank Group တွေအကြားမှာ အတွေးအခေါ် အယူအဆ အမျိုးမျိုး ပြောဆိုေ၇းသား လာကြတာကို တွေ့ ၇ ပါတယ်၊ အဲဒီထင်ကြေးအမျိုးမျိုးတွေထဲက တချို့ ကောင်းပါတယ် .. တချို့ ထင်ကြေးတွေကိုကြည့်၇င် MSL, SLORC ခေတ်တုန်းက brainwash ထိခံထား၇တဲ့လူတွေ၇ဲ့ အေ၇းအသားတွေကိုလည်း တွေ့  ၇ပါတယ်။

အဲဒီ တရုပ်ကြောက် ၀န်ကြီး ဦးအောင်မင်းရဲ့  ဒေဿနာတော်ကြောင့် KIA နဲ့  ကချင်တို့ ၇ဲ့  တော်လှန်ေ၇းအပေါ် ထင်ယောင်ထင်မှား ဖြစ်စေနိုင်တာကိုလည်း စာေ၇းသူအနေနဲ့  မြင်နေ၇ပါတယ်၊ စာေ၇းသူ နဲ့  စာဖတ်သူ အားလုံး ဗမာပြည်၇ဲ့  ပြဿနာ တွေ အမြန်ချုပ်ငြိမ်းေ၇းကို လိုချင်၇င် ကိုယ်တိုင် ဂဂနန ၁၀၀% မသိဘဲဖြီးဖြန်းေ၇းသားနေတာတွေကို ရှောင်ကျဉ် သင့်ပါတယ်၊ ဗမာပြည်မှာ လူမျိုးေ၇း မုန်းတီးမှု မီးစလောင်နေပြီးဖြစ်ပါတယ်၊ ဘာသာေ၇း သတ်ဖြတ်မှုတွေ ဖြစ်နေပါတယ်၊ ပြည်တွင်းစစ်မီး မငြိမ်းသေးဖူး .. အကြီးအကျယ်ပေါက်ကွဲပြီး ပြည်သူလူထု ဒုက္ခေ၇ာက်စေမဲ့ အတွေးအခေါ်ေ၇းသားမှု တွေကို အထူးသတိထား၇ပါမယ်၊ ငြိမ်းချမ်းတဲ့အနာဂတ် တည်ဆောက်လို၇င် ဆင်ခြင်တုံ တ၇ား မရှိဘဲ ဘယ်လိုမှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး၊

KIA ၊ ကချင်တို့ ၇ဲ့  တော်လှန်ေ၇း နဲ့ ဆိုင်ပြီး ကျနော့ အမြင်တင်ပြပါ၇စေ။
ကေအိုင်အေ တောင်းဆိုနေတာက..တိုင်း၇င်းသား စည်းလုံးညီညွတ်ေ၇း၊ တိုင်း၇င်းသား တန်းတူ အခွင့်အေ၇း ၇ရှိေ၇း၊ ဖယ်ဒ၇ယ်ပြည်ထောင်စု စနစ် ဖြစ်ပေါ်လာေ၇း တွေကိုတောက်ရှောက် တောင်းဆိုနေကြတာပါ၊ ဒီအတွက် မနဲ ခုခံစစ်ကို တိုက်ခိုက် နေကြ၇တာပါ။

ဗမာ - အမေ၇ိကန် ဆက်ဆံေ၇းတိုးတက်ဖို့  တရုပ် အစိုး၇ အနေနဲ့  ပီကင်းမှာ အိမ်ရှင်လုပ်ပေးခဲ့  တယ်.. UNSC အစည်းအဝေးတိုင်း ဗမာအစိုး၇ကို တရုပ် အကာအကွယ်ပေးခဲ့တယ် ..အခု အမေ၇ိကန် - ဗမာ ဆက်ဆံေ၇း ဘယ်ကိုခြေလှမ်းနေသလဲ? တရုပ် အစိုး၇ မျက်စိဒေါက်ထောက်ပြီး ကြည့်နေမှာ သေချာ တယ်. ဗမာ စစ်အစိုး၇နဲ့  တရုပ်အစိုး၇ ဗမာတပြည်လုံး ဇောက်ထိုးမိုးလှန် နေတုန်းက မြစ်ဆုံ စီမံကိန်း ၇ပ်ဆိုင်းဖို့  ၂၀၀၇ခုနှစ် KIA အဖွဲ့ တရုပ်သမ္မတ ဟူကျင်တောင်းဆီ ကန့်  ကွက်စာပေးပို့ ခဲ့ပေမဲ့ အ၇ာမထင်ခဲ့ဘူး(ဗမာပြည်သူတွေ မပါဝင်ခဲ့ဘူး)၊ အခု ကချင်စစ်ပွဲကြီးလည်း တရုပ်စီးပွါးကာကွယ်လို တဲ့ ဗမာ့တပ်မတော်ကြောင့် ဆိုတာ မျှမျှတတ စဉ်းစားနိုင်သူတိုင်း မြင်နိုင်တဲ့ ကိစ္စပါ၊ ကိုးကန့် အဖွဲ့  ကိုနိုင်လိုက်တော့ေ၇နံပိုက်လိုင်းလုံခြုံေ၇း ခေါင်းခဲနေတဲ့အချိန် KIA ကို (၇) ၇က်တပတ်အတွင်း အပြီးတိုက် နိုင်တယ်ဆိုပြီး တရုပ်ကိုသွားညှိတယ်၊ တရုပ်က မီးစိမ်းပြလိုက်တဲ့ နောက် ဒီစစ်ပွဲကြီး စတင်လာတယ်ဆိုတာ ဗမာနိုင်ငံေ၇းစိတ်ဝင်စားတဲ့လူ အများသိပြီးသားကိစ္စပါ။

ကေအိုင်အေကို ကူညီ၇အောင် ကေအိုင်အေ က UNFC မှာ ဥက္ကဌ နေ၇ာ ယူလို့ ၇နိုင်ပါ့ မလား? တရုပ်က UNFC ကိုအနောက်ယိန်းတယ်ဆိုပြီး အားပေးထောက်ခံမှု မရှိဘူး UWSA အဖွဲ့ အနေနဲ့  UNFC ထဲဝင်ဖို့ အေ၇း တရုပ်၇ဲ့  pressure ကြောင့် ဒီနေ့ ထိ မပါဝင်နိုင်ကြသေးတာပါ။ ဒါပေမဲ့ ၀လူမျိုး ဟာ မြန်မာတိုင်း၇င်းသားဖြစ်တဲ့အလျေက် ၂၀၁၅ မတိုင်ခင် အစိုး၇ပြောနေတဲ့ BGF ကိုလက်ခံ မလား? တိုင်း၇င်းသားနိုင်ငံေ၇းမှာ ပါဝင်လာမလား ဆိုတာကတော့ UWSA ၇ဲ့ ဆုံးဖြတ်၇မဲ့အေ၇းကြီး အချက် တခုပါ၊ ဒီအတိုင်းဘဲသွားမယ်ဆိုတာ အခက်အခဲများမှန်း UWSA ခေါင်းဆောင်တွေလည်း သိကြမယ် လို့ ယူဆ၇ပါတယ်၊ အ၇င် ဗကပ ခေတ်အတွေ့ အကြုံကလည်းရှိပြီးသား။ (နောင်ဘယ်လိုဖြစ်လာမယ် ဆိုတာတော့ .. စောင့်ကြည့်ရုံပေါ့)

ဗမာ့တပ်မတော်ချည်းဘဲ တိုက်နေရုံနဲ့  ဒီစစ်ပွဲ ဒီလောက်ကြာလာစ၇ာ အကြောင်း မရှိသလို နိုင်ငံတကာ ကလည်း ၇ပ်ကြည့်နေစ၇ာ အကြောင်း ရှိမှာ မဟုတ်လောက်ဘူး ထင်ပါတယ် ..
ဒီစစ်ပြီးဆုံးဖို့ က လူလိမ်အစိုး၇၇ဲ့  ထိုးစစ်၇ပ်ပြီး ကျွံနေတဲ့တပ်တွေ ဆုတ်သွား၇င် ကေအိုင်အေ အနေ နဲ့  စစ်ကိုင်း၊ မုံရွာ ထိ လိုက်တိုက်ကြမယ်မထင်ဘူး ..

ပြည်တွင်းငြိမ်းချမ်းေ၇းအတွက် .. ကချင်အေ၇းကို ဘက်မလိုက် ဖဲ ကူညီကြမလား? ဘေးထိုင်ဘုပြော ကချင် စစ်ပွဲ ပိုကြီးအောင် လုံ့ ဆော်ကြမလား? ဗမာပြည်သူတွေ၇ဲ့  နိုင်ငံေ၇း အသိ ပေါ်မှာဘဲ မူတည် မှာပါ။

ဗမာတောမှာတောင် မကျေနပ်ချက်တွေက တပုံတပင် .. ကချင်တွေအနေနဲ့  နေ့ နေ့  ညည သတ်ဖြတ်ငြင်းဆဲခံနေ ၇တာ အနှစ်(၅၀) ကျော်နေပြီ ဆက်ပြီးငြိမ်ခံကြမှာ မဟုတ်တော့ဘူး။
(Tu Lum Um) ရဲ့ FB စာမျက်နှာမှ ပြန်လည်ကူးယူဖော်ပြသည်။

အစိုးရ၏ နိုင်ငံရေး ဆွေးနွေးပွဲ ထိုးစစ်ကို KIA လက်ခံမည် မထင်

26 November 2012Written by ရွှေဟင်္သာသတင်းဌာန

ကချင်ပြည်နယ်တွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရ တပ်ဖွဲ့တို့သည် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားရာမှ (၂) ရက်ခန့် ငြိမ်သက် နေကြောင်း KIA စစ်ရုံးချုပ်မှ အရာရှိ တစ်ဦး က ပြောပါသည်။
...

“ တိုက်ပွဲငြိမ်သွားတာက ကျနော်တို့နဲ့ အစိုးရ တွေ့ဆုံ ဆွေးနွေးရေးနဲ့ ဆိုင်မယ်လို့ ယူဆပါတယ်။ အစိုးရဘက်က တပ်အင် အားတွေလဲတယ်။ လက်နက်တွေ၊ ရိက္ခာတွေ၊ တချို့နေရာဆိုရင် တပ်အင်အားတွေ ထပ်ဖြည့်နေတာ တောက်လျှောက် ပါပဲ။ အခုဆိုရင် ပြီးခဲ့တဲ့ ဇူလိုင်လကနေ တပ်ရင်းပေါင်း (၁၀၀) ကနေ အခု (၁၃၀) ရင်း လောက်ရှိ သွားပြီးလေ။ အစိုးရနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ကို တိုက်ဖို့ အသင့်ပြင်ထားတဲ့ သဘောပါ။” ဟု ဆိုပါသည်။

KIA တပ်မဟာ (၅) ဒေသဖြစ်သော လိုင်ဇာ ဗဟို ဌာနချုပ်ဂွင်တွင် အစိုးရ တပ်ရင်းပေါင်း (၁၈) ရင်းခန့် ဖြန့်ကျက်ထားပြီး၊ ဧရာဝတီ မြစ်ဆုံ အထက်ပိုင်းရှိ KIA တပ်မဟာ (၁) ဒေသတွင် ပြီးခဲ့သည့် လဆန်းပိုင်းက အစိုးရ တပ်အင်အား (၁၅၀၀) ခန့် တိုးချဲ့ ချထားခဲ့သည်ဟု ဆိုပါသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဧရာဝတီမြစ် အနောက်ဘက်ခြမ်းရှိ KIA တပ်မဟာ (၂) ဒေသတွင် နိုဝင်ဘာ လဆန်းပိုင်း အထိ တိုက်ပွဲများ ငြိမ်းသက်လျက် ရှိရာမှ နိုဝင်ဘာ (၁၃) ရက်နေ့တွင် အစိုးရ ဘက်မှ ရိက္ခာနှင့် တပ်အင်အား ထပ်ဖြည့်သည့် အစီစဉ်ကြောင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ပါသည်။

“တပ်အင်အားနဲ့ တက်မလာဘူး ဆိုရင် တိုက်ပွဲဖြစ်စရာ အကြောင်း မရှိပါဘူး။ အင်အားနဲ့ လာတော့ ကျနော်တို့ ဘက်က ပြန်လည်ခုခံတဲ့ အနေနဲ့ တိုက်ရတယ်။ ဘာဘဲဖြစ်ဖြစ် အကျအဆုံး တချို့နဲ့ အနှောင့်အယှက် ဖြစ်ခဲ့တယ်” ဟု တပ်မဟာ (၂) မှ တပ်မှုးတစ်ဦး ကဆိုပါသည်။

ဗန်းမော် ခရိုင်တွင် ရှိသော KIA တပ်မဟာ (၃) ဒေသနှင့် ရှမ်းပြည် မြောက်ပိုင်းရှိ KIA တပ်မဟာ (၄) ဒေသတို့သည် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေသော ဒေသ ဖြစ်သည်ဟု ဆိုပါသည်။

ဆဒုံးမြို့တွင် လှုပ်ရှား နေသော ခမရ (၄၁၆) တပ်ဖွဲ့တို့သည် နိုဝင်ဘာလ (၂၄) ရက်နေ့ မနက်ပိုင်းတွင် KIA တပ်စခန်း ရှိရာ လပွမ်ဘွမ်သို့ ၈၈ မမ စိန်ပြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

အလားတူ နာဖေါ့တပ်စခန်း အခြေချ ခလရ (၁၀၅) တပ်ဖွဲ့တို့သည် KIA တပ်စခန်း ရှိရာ ကမူနန် စခန်းသို့ ၈၁ မမ စိန် ပြောင်းဖြင့် (၆) ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ကားမိုင်းမြို့နယ် ကောင်ရာ ကျေးရွာတွင် လာရောက် နေရာယူ တပ်စွဲထားသော ခမရ (၁၃) တပ်ဖွဲ့တို့သည် KIA တပ်စခန်း ရှိရာ ခိုင်တောင်ဘက်သို့ ၈၁ မမ စိန်ပြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ဤကဲ့သို့ လက်နက်ကြီးများဖြင့် နေရာအနှံ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှ ကချင်ပြည်နယ် တစ်ခုလုံး တိုက်ခိုက်မှုများ (၂)ရက် တာ ငြိမ်သက် သွားခဲ့ပါသည်။ သို့သော် အစိုးရတပ် စစ်ကြောင်းများသည် နေရာအနှံ့ ဆက်လက် လှုပ်ရှားနေလျှက် ရှိပါသည်။

အစိုးရနှင့် KIO တို့သည် ပြီးခဲ့သည့် အောက်တိုဘာလ (၃၀) ရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံ ဆွေးနွေး ခဲ့သော် လည်း ဘာသဘော တူညီမှုမှ မရခဲ့ပေ။ နိုဝင်ဘာလမကုန်မှီ နိုင်ငံရေး အရ KIA နှင့် ဆက်လက် ဆွေးနွေး လိုကြောင်း အစိုးရ ဘက်မှ ကမ်းလှမ်း ထားမှု ရှိသော်လည်း တဖက်တွင် တပ်အင်အား၊ ရိက္ခာ၊ စစ်ပစ္စည်း လက်နက်မျိုးစုံ ဖြည့်ဆည်းလျက် ရှိပါသည်။ ဤသည် ဆွေးနွေးပွဲကို အကြောင်းပြုပြီး စစ်ရေး ပြင်ဆင်ချိန်ကို ရရှိရန် ကျင့်သုံးသည့် နည်းပရိယာယ်ဟု စစ်ရေး အကဲခတ်များက ဆိုပါသည်။

ထို့အပြင် အစိုးရသည် KIA နှင့် နိုင်ငံရေး အရ ဆွေးနွေးမှုများ ဖြစ်ပေါ် လာစေရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားမည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈) ရက်နေ့၌ သမ္မတရုံးမှ ထပ်မံ သတင်း ထုတ်ပြန် ထားပါသည်။ ဤသို့ကြောင့် ဤအခြေအနေ အတိုင်းသာဆိုလျှင် အစိုးရ ဆင်ထားသည့် နိုင်ငံရေး ဆွေးနွေးပွဲ ပရိယာယ်ထဲသို့ KIA ဆင်းသက်လိမ့်မည် မဟုတ်ဟု အများက ယူဆပါသည်။

SSA တောင်ပိုင်းနှင့် အစိုးရတပ် တိုက်ပွဲထပ်ဖြစ်

အပစ်အခတ် ရပ်စဲရေး သဘောတူထားသည့် ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းနှင့် အစိုးရတပ်များ ပြီးခဲ့သည့် စနေနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ SSA တောင်ပိုင်းဘက်မှ ၁ ဦးကျဆုံး၍ ၁ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း အခြေစိုက် လှုပ်ရှားနေသော အစိုးရတပ်၏ ခြေလျင်တပ်ရင်း အမှတ် ၅၅၃၊ ၅၅၄ တပ်ဖွဲ့ဝင်များနှင့် ၃ နာရီခန့် အကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း SSA တောင်ပိုင်း တပ်ဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။ အစိုးရတပ်ဖက်မှ အကျအဆုံးနှင့် ဒဏ်ရာရစာရင်းကိုမူ မသိရှိရပေ။
(irrawaddy)

Sunday, November 25, 2012

ကချင်ပြည်နယ် မငြိမ်းချမ်းလျှင် မြန်မာပြည် လည်း မငြိမ်းချမ်းပါ


ပန်းချီပြပွဲ ဖွင့်ပွဲနေ့တွင် ဈေးအမြင့်ဆုံး အဖြစ် ရောင်းချခဲ့ရသော ပန်းချီကားနှင့် ပန်းချီဆရာ မင်းသူရိန်
ကချင်
ပြည်နယ် စစ်ဘေးသင့် ဒေသတွင်ရှိသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ဒုက္ခကို ကူညီ ဖြေရှင်းနိုင်ရန်နှင့် ကချင်ပြည်နယ် ငြိမ်းချမ်းစေရန် ပြည်သူလူထု တစ်ရပ်လုံးပါဝင်၍ ဖားကန့်မြို့မှ ငြိမ်းချမ်းရေး ဆန္ဒပြု လက်မှတ် ၁ သိန်း ၁ သောင်းကျော်ကို အောက်တိုဘာ ၂၀ ရက်က သမ္မတရုံးသို့ ပို့ဆောင်ခဲ့ပြီး ကေအိုင်အေမှ တာဝန်ရှိခေါင်း ဆောင်များ၊ ၈၈ မျိုးဆက် ကျောင်းသားများထံသို့လည်း စစ်ဘေးသင့် ပြည်သူများ ထူထောင်ရေးနှင့် ပြန်လည် နေရာချထားရေး အဖွဲ့မှ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

...


“စစ်ပွဲတွေကြာမြင့်နေတာနဲ့ အမျှ ဘယ်လောက် ကယ်ဆယ်ရေးပဲ လုပ်လုပ် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးတွေ ကတော့ ပျက်စီးမှာပဲ။ ပြည်သူ့လွှတ်တော် ကလည်း ကချင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တစ်ခွန်းမှ မပြော ဘူး။ လုံးဝ အားမရပါဘူး။ နိုင်ငံရဲ့ စာမျက်နှာမှာ ကျွန်တော်တို့ရဲ့ ကချင်စစ်ပွဲဟာ မှေးမှိန်နေပါတယ်။ ကချင် စစ်ပွဲဟာ တိုင်းပြည် ရဲ့ တခြားအရေးအခင်းတွေကိုပဲ အရေးကြီးတယ်လို့ ယူဆပါတယ်။ ကချင်ပြည်နယ် မငြိမ်းချမ်းရင် မြန်မာနိုင်ငံကြီးလည်း မငြိမ်းချမ်းပါဘူး။ နိုင်ငံကြီး မငြိမ်းချမ်းသေးသမျှ တော့ ကျွန်တော်တို့ တိုင်းပြည်ကြီး ဖွံ့ဖြိုးလာမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်”ဟု လူမှု ကယ်ဆယ်ရေးအဖွဲ့မှ ဦးခင်မောင်ဝင်း က ပြောကြားခဲ့သည်။ အဆိုပါ စစ်ဘေးသင့် ပြည်သူများကို စိတ်ဓာတ် ပြန်လည်မြှင့်တင် ပေးရန်နှင့် စိတ်ဓာတ် ကျဆင်းမှုကြောင့် အသက်ဆုံးရှုံးမှုမှာ များပြားလျက် ရှိကြောင်း ဆက်လက် ပြောကြား ခဲ့သည်။

ယင်း ကချင် စစ်ဘေးသင့်ဒေသရှိ တိုင်ရင်းသား ညီအစ်ကို မောင်နှမများ အတွက် ရည်ညွှန်း၍ ငြိမ်းချမ်းခြင်း ပန်းချီပြပွဲ တစ်ခုပြုလုပ်ခဲ့ရာ ပွဲစီစဉ်သူ ဒေါ်ဖြူအိသိမ်းက “အဓိက ကတော့ သူတို့ရဲ့ စိတ်ခံစား ချက်လေးတွေကို ပြေပျောက် စေချင် လို့ပါ။ အစစ အရာရာ လှူဒါန်းချင် ပေမယ့်လည်း ငွေကြေး မတတ်နိုင်ဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးတယ် ဆိုတာကလည်း အကောင်အထည်မပေါ် သေးတဲ့အတွက် သူတို့ အင်အားမဲ့နေတယ်လို့ ခံစားနေရပါတယ်။ သူတို့စခန်းမှာ နေရတဲ့ အချိန်တွေလည်း အလကားဖြစ်နေတော့ လက်မှုသင်တန်းလေး တွေရှိရင် စိတ်သက်သာရာ ရမလားဆိုပြီး တွေးမိတယ်။ သင်တန်းပေးမယ် ပြီးရင် သူတို့ဘာတွေ လုပ်နိုင်မလဲ။ လုပ်နိုင်တာတွေကို ဒီဘက်မှာ ဈေးကွက်ဖြန့်ပေးမယ်။ ရောင်းလို့ ရတဲ့ငွေက သူတို့ ဝင်ငွေပေါ့။ ကိုယ့်ဘာသာ ရပ်တည်လာ နိုင်အောင် ခုလိုရန်ပုံငွေပွဲ စီစဉ်ရတာပါ” ဟု ပြောကြားခဲ့သည်။

အဆိုပါ ငြိမ်းချမ်းခြင်း ပန်းချီပြပွဲကို နိုဝင်ဘာ ၁၁ ရက်တွင် တော်ဝင်နှင်းဆီ၊ သီရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပန်းချီဆရာ ၁၇၀ ၏ ပန်းချီကား ၁၇၀ ကို ပြသခဲ့သည်။ အဆိုပါ ပန်းချီကား ရောင်းရငွေများ ကို ကချင်ပြည်နယ် သို့ လှူဒါန်း မည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ပန်းချီဆရာ မင်းသူရိန်ကလည်း “ကျွန်တော့်ဆီက ပန်းချီကား လှမ်းတောင်း တော့ ကျွန်တော်က နယ် ရောက်နေတယ်။ အဲဒါနဲ့ ကြိုက်တဲ့ ကားယူသွား ရောင်းရရင် ပြီးရော၊ လှူရရင်ပြီးရော ဆိုပြီး ပေးလိုက်တာ ခုလိုရောင်းရတော့ ကလေးတွေ အတွက်လည်း အလှူဖြစ် သွားတာပေါ့။ အရမ်းဝမ်းသာပါတယ်” ဟု ပြောကြားခဲ့သည်။

စတေးခံ တပ်သားဘဝ

စိတ်ဓါတ်ကျဆင်းပျက်ပြားနေပြီဖြစ်တဲ့ မြန်မာ့မျိုးချစ်တပ်မတော်သားတွေဟာ ရှေ့တန်းမှာ ဆက်ပြီး တာဝန်ထမ်းဆောင်လိုတဲ့ဆန္ဒ ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် နေ့စဉ်နဲ့အမျှ တပ်စခန်းကနေထွက်ပြေး လျက်ရှိနေကြတယ်။ ရှေ့တန်းထွက် တပ်မတော်သားတိုင်းဟာ နိုင်ငံအကျိုးရလဒ်မျှော်မှန်းစရာမရှိတဲ့ စစ်ပွဲကိုငြီးငွေ့လာနေကြပါပြီ။ အာဏာရှင်၊ အာဏာရူး လူတစ်စုရဲ့ တဖက်သတ်မှားယွင်းဆုံးဖြတ်ခဲ့တဲ့ နိုင်ငံရေးလှည့်ကွက်တွေနဲ့ လူမျိုးကြီးဝါးကိုအခြေခံတဲ့ စတုတ္ထမြန်မာနိုင်ငံပေါ်ထွန်းရေးကို ရုပ်လုံးဖေါ် နေတဲ့ လူတစ်စုရဲ့ အမိန့်ပေးခိုင်းစေမှုတွေကြောင့် ရာစုနှစ်တစ်ဝက်ကျော်မှာ တပ်မတော်သား ထောင်ပေါင်းများစွာဟာ ဘ၀စတေးခံခဲ့ကြရတယ်။ အဲဒီတပ်မတော်သားတွေနဲ့ ဆက်စပ်နေတဲ့ မိသားစုဝင်တွေ၊ ဆွေးမျိုးအသိုင်းအ၀ိုင်းတွေဟာ မိသားစု ပြိုကွဲခံရပြီး ဘ၀တွေပျက်စီးခံခဲ့ရတာဟာ သောင်း၊ သိန်း ချီနေပြီ။
ဒါတွေကို စဉ်းစားတွေးခေါ်သိတတ် နားလည်သတိထားမိတဲ့ တပ်မတော်သားတွေဟာ တပ်စခန်း ကနေ ထွက်ပြေးလွတ်မြောက်ဘို့အတွက် အခွင့်အလမ်း၊ အခွင့်အရေးကို ရှာကြံလျက် ရှိနေကြတယ်။ “တပ်မတော်အင်အားရှိမှ၊ တိုင်းပြည်အင်အားရှိမည်”ဆိုတဲ့ တပ်မတော်အစိုးရရဲ့ ဟစ်ကြွေးသံတွေဟာ၊ အမှန်တကယ်ဖြစ်ပေါ်လာဘို့ ခက်ခဲပါတယ်။ စစ်တပ်ရဲ့ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ဟာ ခေတ်မီ ရုပ်ဝတ္ထုနဲ့ တည်ဆောက်မွမ်းမံနိုင်ပေမဲ့၊ အခြေခံအင်အားစု ဖြစ်တဲ့ အောက်ဆင့်အရာရှိ ငယ်တွေ၊ အောက်ခြေတပ်မတော်သားတွေဟာ ကျေးကျွန်သဖွယ်ဘ၀နဲ့၊ လုံးပမ်းနေကြရပြီး စိတ်ဓါတ်ခွန်အား လုံးဝကျဆင်းကာ နှလုံးရည်ပျောက်နေကြပါပြီ။
စစ်အစိုးရခေတ်မှာတော့ စစ်သားဆိုတဲ့ ဘီလူးခေါင်းစွပ်ပြီး ကိုယ်လုပ်ချင်ရာ၊ ကိုယ်လိုရာကို အတင်းအဓ္ဓမ ပြုမူပြီး ငွေကြေးအချိုသပ်ဖားအသိုင်းအ၀ိုင်းမှာ ခေါင်းလုပ်လို့ရခဲ့ပေမဲ့ အခုအချိန်မှာ စစ်တပ်ရဲ့အခန်းကဏ္ဍ ဟာ နေ၀င်ဆည်းဆာအချိန်ပါ။
မြန်မာအစိုးရစစ်တပ်ထဲမှာ အခြားအဆင့် ရဲဘော်တွေရဲ့ဘ၀ဟာ အလွန်သနားစရာတွေပါ။ အသက်ကို ဖက်နဲ့ထုပ်ထားရသလိုပါ။ တိုက်ပွဲဖြစ်တိုင်း ရှေ့ကလာမဲ့ ကျည်ကို သတိထားနေရသလို နောက်ကျည် ကိုလည်း ကြောက်နေရတဲ့ဘ၀တွေပါ။ စားရေး သောက်ရေး ခက်ခဲတဲ့အထဲ အထက်အရာရှိ အဆင့်ဆင့်ရဲ့ တာဝန်နဲ့မဆိုင်တဲ့ ကိုယ်ပိုင်ပုဂ္ဂလိကမှာ ၀န်ဆောင်ပေးနေရမှု၊ ညှင်းဆဲခိုင်းစေမှု တွေဟာလည်း ရဲဘော်တွေကို စိတ်ဓါတ်ကျဆင်း၊ ပျက်ပြားစေရတဲ့ဘ၀ ရောက်စေခဲ့တယ်။
ရှေ့တန်းစစ်ကြောင်းမှာပါဝင်တဲ့ တပ်မတော်သားတွေဟာ စစ်ယူနီဖောင်းကို ပြည့်ပြည့်စုံစုံ မ၀တ်ဆင် ဘဲ အရပ်ဝတ်တစ်ပိုင်းနဲ့ လှုပ်ရှားနေကြတယ်။ ထွက်ပြေးရာမှာ အလွယ်တကူ အသွင်ပြောင်းနိုင်ဘို့ အတွက်ပါ။ အချို့ရဲဘော်တွေဟာ ဂျင်းဘောင်းဘီ၊ အားကစား ဘောင်းဘီ တွေကို ၀တ်ထားပြီး၊ ကြယ်သီးအဆင်သင့် ဖြုတ်ထားတဲ့ စစ်အင်္ကျီ အောက်မှာ အရပ်အင်္ကျီကို ၀တ်ဆင်ထားကြတယ်။ စစ်ဦးထုပ် မဆောင်းဘဲ ခမောက် ဒါမှမဟုတ် Cap ဦးထုပ် ဆောင်းထားကြ တယ်။ အချို့ဆိုရင် ညှပ်ဖိနပ် စီးထားကြတယ်။
ဒါတွေဟာ KIA ဖက်က အထင်မှားအောင် အရပ်သားအသွင်သဏ္ဍာန် ယူတာဖြစ်သလို၊ တိုက်ပွဲဖြစ်တာနဲ့ ဒါမှမဟုတ် အခွင့်အရေးရတာနဲ့ အလွယ်တကူထွက်ပြေးပြီး အရပ်သားအသွင်ပြောင်းနိုင်ဘို့ အဆင်သင့် ဖြစ်အောင် ပြင်ဆင်ထားတာပါ။ ဒီလိုနဲ့ဘဲ ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်း စစ်သည်များကိုသာ ရှေ့တန်းနယ်မြေ တွေမှာ တွေ့နေကြရတယ်။ ဒါကြောင့် “မြန်မာအစိုးရစစ်သားတွေကို စစ်ဝတ်စုံအပြည့်နဲ့ ရှေ့တန်းမှာ တွေ့ချင်လှပါပြီ” ဆိုပြီး KIA စစ်သားတွေ ဟာသနှောပြီး ပြောဆိုနေကြတယ်။
ဒါတွေကြောင့်ဘဲ ရွှေလီမြို့မှာ KIO အဖွဲ့နဲ့ ဦးအောင်သောင်း အဖွဲ့တို့တွေ့ဆုံစဉ်တုန်းက KIO ဖက်က ပြောဆိုတဲ့စကားမှာ “မြန်မာအစိုးရစစ်သားတွေ ထဘီဝတ်ပြီးတက်လာတယ်”လို့ ထည့်ပြောရတဲ့အထိ ဖြစ်ခဲ့တယ်။ အဲဒါကို တွေ့ဆုံပွဲကိုတက်ရောက်လာတဲ့ ရွှေရောင်တပြောင်ပြောင်နဲ့ မီးပူခေါက်ချိုးအတိုင်း စစ်ဝတ်စုံအပြည် တပ်မတော်အရာရှိတွေက တပ်မတော်ကို သိက္ခာချတယ်ဆိုပြီး ဒေါပုန်ထခဲ့ကြတယ်။ ရှေ့တန်းမှာဖြစ်ပျက်နေတဲ့ တပ်မတော်သားတွေရဲ့ အဖြစ်မှန်ဘ၀ကို နေပြည်တော်မှာ အခန့်သားရှိတဲ့ သူတွေမသိလို့ ဒေါပုန်ထတာဖြစ်ပါလိမ့်မယ်။

ထွက်ပြေးတဲ့တပ်မတော်သားတိုင်းဟာ စစ်အသုံးအဆောင်ပစ္စည်းအားလုံးကို လွှင့်ပစ်ထားခဲ့ကြတယ်။ ခြေစီး စစ်ဖိနပ်၊ စစ်ရောင် ခြေအိတ်ကအစ အစိမ်းရောင်ပါတဲ့ အသုံးအဆောင်အားလုံးကို နာကျည်းစွာ ဖျက်ဆီးပစ်ခဲ့ကြတယ်။ သေနတ်တွေကိုလည်း လွှင့်ပစ်ဖျက်ဆီးခဲ့ကြတယ်။ တကယ်တော့ တပ်မတော် သားတွေဟာ မိမိထမ်းဆောင်နေရတဲ့ တာဝန်ဟာ အကျိုးမရှိလို့၊ ဘ၀စတေးခံနေရလည်း တိုင်းပြည် ကောင်းကျိုးရလာမှာ မဟုတ်ဘူး ဆိုတာကို စဉ်းစားမိတဲ့အတွက်၊ နောက်ဆုံးမှာတော့ တန်ဘိုးရှိတဲ့ လူ့ဘ၀၊ အသက်တစ်ချောင်း မပျက်စီးစေချင်လို့ အရဲစွန့်ထွက်ပြေးနေကြရတာ ဖြစ်တယ်။
အချို့တပ်ပြေးတွေဟာ ကံကုန်ကြလို့ မြန်မာအစိုးရစစ်ကြောင်းက ပြန်ဖမ်းမိတဲ့အတွက် ကံဆိုးစွာ စံပြအနေနဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြတယ်။ နိုဝင်ဘာလ(၂၄)ရက်နေ့က နားဖေါ့စစ်စခန်းမှာ အခြေချ တပ်စွဲလှုပ်ရှားနေတဲ့ ဆားမှော်အခြေပြု ခလရ(၁၀၅)တပ်ဖွဲ့က တပ်မတော်သား(၃)ယောက်ဟာ ကိုယ်လွတ်ရုံန်း ထွက်ပြေးခဲ့ကြတယ်။ စစ်အသုံးအဆောင်ပစ္စည်းအားလုံးကို တောထဲမှာ ဖျောက်ဖျက် လွှင့်ပစ်ထားခဲ့ကြတယ်။ အဲဒီထွက်ပြေးသွားတဲ့ တပ်ပြေး(၃)ယောက်ကို နားဖေါ့တပ်စခန်းကနေပြီး လက်နက်ငယ်၊ လက်နက်ကြီး တွေနဲ့ လိုက်လံပစ်ခတ်ကြပေမဲ့ ထိခိုက်မှုမရှိခဲ့ဘူး။
ကံအကျိုးပေးတဲ့အတွက် KIA တပ်ဖွဲ့နဲ့တွေ့ဆုံခဲ့ပြီး အဖမ်းခံခဲ့လို့ လူ့အသက်(၃)ချောင်း ဆက်လက် ရှင်သန်ခွင့် ရခဲ့တယ်။ အဲဒီတပ်ပြေးတွေ ပြောဆိုချက်အရ နားဖေါ့တပ်စခန်းမှာ ရိက္ခာပြတ်နေလို့ ထမင်းနပ်မှန် မစားရကြောင်း၊ သောက်ရေကိုလည်း ချွေသာသောက်သုံးနေရကြောင်း၊ နေပွင့်ချိန် နာရီပိုင်းမျှသာ နေပူဆာလှုံခွင့်ရကြောင်း၊ ရေမချိုးဖြစ်သည်မှာ နှစ်လခန့်ရှိပြီဖြစ်ကြောင်း မျက်ရည် တဖြိုင်ဖြိုင်ဖြင့် ရင်ဖွင့်ပြောဆိုကြတယ်။
ဆောင်းတွင်းဝင်လာပြီဖြစ်သော်လည်း အပေါ်ဝတ်အနွေးအထည်မရှိ၊ စောင်တစ်ထည်ကို ရဲဘော် (၂)ယောက် ပေါင်းအိပ်နေကြောင်း သိရတယ်။ အအေးဒါဏ်နဲ့ အာဟာရပြတ်လတ်တဲ့အတွက် ဒီအတောအတွင်း ရဲဘော်(၆)ယောက် ထက်မနည်း သေဆုံးသွားပြီဖြစ်ကြောင်းလည်း သိရတယ်။ ပိုပြီး စိတ်မကောင်းစရာကတော့ သေဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေဟာ နာရေးသတင်းကို မသိရှိတာဖြစ်ကြောင်း ပြောဆိုကြတယ်။ နားဖေါ့တပ်စခန်းဟာ အမြင့်ပေ(၆၀၀၀)ခန့် ရှိတဲ့အတွက် ဆောင်းတွင်းမှာ အပူချိန်ဟာ ရေခဲအမှတ်အောက်ရှိတဲ့ တောင်ထိပ်ပါ။
အဲဒီတပ်ပြေး(၃)ယောက်ဟာ စုတ်ပြတ်နေပြီဖြစ်တဲ့ အ၀တ်အစားကို ၀တ်ဆင်ထားကြပြီး သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ တရုတ်ပြည်ဘက်ကို ပြေးဝင်၊ အဲဒီကနေတဆင့် ဖြစ်တဲ့နည်းနဲ့ ဇာတိကို ပြန်နိုင်ဘို့ ဖြစ်တယ်လို့ ပြောဆိုကြတယ်။
ဒါတွေဟာ ကချင်ဒေသတွေမှာ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတဲ့ တပ်မတော်သားတွေရဲ့ ဘ၀ပါ။ အချို့ဟာ လူမသိ သူမသိနဲ့ဘဲ တောတောင်ထဲလမ်းပျောက် အစာရေစာ ငတ်ပြတ်သေဆုံးခဲ့ကြရတယ်။ ရှေ့တန်း စစ်မြေပြင်ရောက် တပ်သားအချို့ဟာ နောက်တန်းပြန်နိုင်ရေးအတွက် နည်းလမ်းအမျိုးမျိုး အသုံးပြုကြ ကြောင်း သိရတယ်။ တိုက်ပွဲအနည်းငယ်ဖြစ်တာနဲ့ ဒဏ်ရာဖြစ်စေဘို့တွက် မိမိကိုယ်ကိုမိမိ အသက် အန္တရာယ်မဖြစ်နိုင်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေမှာ ပစ်ခတ်ယူကြတယ်။ တိုက်ပွဲဒဏ်ရာရ ရဲဘော် အဖြစ် နောက်တန်းပြန်ကြတယ်။
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် တပ်မတော်သားတွေဟာ ရှေ့တန်းမှာ အဓိပ္ပါယ်မရှိတဲ့တိုက်ပွဲကို ငြီးငွေ့လာကြပြီ ဖြစ်လို့ အဲဒီဘ၀ကနေ လွတ်မြောက်နိုင်ရေးအတွက် နည်းမျိုးစုံကို အသုံးပြုနေကြပါပြီ။


မနောသန်းနိုင်
၂၅-၁၁-၂၀၁၂

မြန်မာစစ်တပ်လှုပ်ရှားမှုများ

  • နိုဝင်ဘာလ(၂၃)ရက်နေ့တွင် ၀ိုင်းမော်မြို့နယ်၊ ဆယ်လော်(Sai Law)ကျေးရွာတွင် ရောက်ရှိနေသော မြန်မာအစိုးရစစ်ကြောင်းအင်အား(၅၀)ခန့်သည် သုံးဘီးဆိုင်ကယ်ကိုအသုံးပြုကာ ဆဒုံးဖက်သို့ ချီတက်သွားကြောင်း သိရှိရသည်။
  • မိုးမောက်မြို့ မှတဆင့် ခ၀န်ဘမ် လမ်းကြောင်းအတိုင်း နိုဝင်ဘာလ(၂၃)ရက်နေ့တွင် ဆင်လုန်ကဘာ (Sinlum Kaba)ကို စစ်ယာဉ်(၅)စီးဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
  • နိုဝင်ဘာလ(၂၄)ရက်နေ့တွင် ခလရ(၁၄၁)တပ်ရင်းမှ စစ်ကြောင်းတစ်ခုသည် ဘန်ဒန်(Ban Dang)နှင့် လောဒ်အောင်(Lawt Awng) တ၀ိုက် စစ်ဆင်ရေးလှုပ်ရှားနေပြီး၊ ဗိုလ်ကြီးထွန်းထွန်း ဦးစီးသော အခြားစစ်ကြောင်းသည် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း ငှက်ပျောတောဒေသတွင် လှုပ်ရှားကာ၊ အခြားစစ်ကြောင်းတစ်ခုကလည်း လွယ်ဖာဘွမ်(Loi Hpa Bum) တ၀ိုက် စစ်ဆင်ရေးပြုလုပ်နေ ကြောင်း သိရှိရသည်။
  • ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်အတွင်း ရွှေလီမြစ် နှင့် နမ့်စီးချေင်း တ၀ိုက်တွင် ခလရ(၂၉၀) တပ်ရင်းအင်းအား(၁၅၀)ခန့် စစ်ဆင်ရေးလှုပ်ရှားနေကြောင်း သိရှိရသည်။
  • ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုန်ဘော်၊ မန်ပင်း တ၀ိုက်တွင် ခမရ(၅၀၇) စစ်ကြောင်းအင်အား (၈၀)ခန့်လှုပ်ရှားနေကြောင်း သိရှိရသည်။
  • ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ တင်လ(Tin La)ဒေသတွင် ခလရ(၆၈) တပ်ရင်း(၁၅၀)ခန့် လှုပ်ရှားနေကြောင်း သိရှိရသည်။
  • (myitkyina blog)

Saturday, November 24, 2012

တင်းမာမှုကြားက မျှော်လင့်ချက်မဲ့ဆဲ ကချင်ဒုက္ခသည်များ

ကချင်ဒုက္ခသည် စခန်းတွင်း မြင်ကွင်းတခု (ဓာတ်ပုံ - နန်းသီရိလွင် / ဧရာဝတီ)

(irrawaddy)မထင်မှတ်ဘဲ ရွာချလိုက်တဲ့ ဆောင်းတွင်းမိုး ဖွဲဖွဲစိပ်စိပ်ကြားမှာ အပြာရောင် မိုးကာမိုး၊ ၀ါးထရံဖြစ်သလို ကာရံထားတဲ့ တဲကုပ်ကုပ်လေးတွေ ငြိမ်သက်နေတယ်။ ညနေစောင်းလာလေ အအေးဓာတ်က ပိုလာလေဆိုတဲ့ ဒေသမှာ မိုးကလည်း ရွာ၊ အအေးဒဏ်က ကာကွယ်စရာ မီးဖိုကလွဲလို့ ဘာမှ မရှိပါဘူး။
နေရာက တရုတ်-မြန်မာ နယ်စပ်အနီး၊ တရုတ်နိုင်ငံဘက်အခြမ်း ယူနန်ပြည်နယ်ထဲက ယင်ဂျန်းဆိုတဲ့ မြို့ကနေ ၆ နာရီလောက် ကားစီးရတဲ့ တောင်ပေါ်ဒေသ တနေရာမှာပါ။ မြန်မာနိုင်ငံဘက်ဆိုရင် ကချင်ပြည်နယ် အရှေ့ဘက်ခြမ်း ၀ိုင်းမော်မြို့နယ်နဲ့ နီးစပ်တဲ့နေရာ ဖြစ်ပါတယ်။ မဂါးယန်လို့ ခေါ်တဲ့ အဲဒီနေရာမှာ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခကြောင့် ထွက်ပြေးလာတဲ့ ကချင်ဒုက္ခသည် ၂၀၀၀ ကျော် နေထိုင် ခိုလှုံလျှက်ရှိပါတယ်။ ပင်လယ်ရေပြင်အထက် အမြင့်ပေ ၅ ထောင်ကျော်မှာ တည်ရှိပြီးတော့ မဂါးယန်ကို သွားဖို့ လမ်းရယ်လို့ မည်မည်ရရမရှိဘဲ တရုတ်နိုင်ငံက သစ်ထုတ်လုပ်ဖို့ ဖောက်လုပ်ထားတဲ့ သစ်ထုတ်လမ်းကို အသုံးပြုနေရပါတယ်။ ဒုက္ခသည်တွေ အများစုကလည်း သစ်ထုတ်လုပ်ရေး လမ်းရဲ့ လမ်းဘေးတဘက်တချက် တောင်စောင်းတွေမှာ ဖြစ်သလို တဲထိုးနေထိုင်နေရပါတယ်။
“လမ်းပန်း ခက်ခဲတော့ အကူအညီပစ္စည်းက မရောက်လာတာ များတယ်။ အဓိက စားရေးအတွက်ပဲ အလျဉ်မီအောင် လုပ်နေရတယ်။ ကျန်တာကတော့ ဖြစ်သလိုပဲ ဖြေရှင်းလိုက်တာ များပါတယ်” လို မဂါးယန် ဒုက္ခသည်စခန်းက စခန်းတာဝန်ခံတဦး ကပြောပါတယ်။
မဂါးယန်ကို ရောက်ဖို့ တရုတ်နိုင်ငံ ယင်ဂျန်းကနေ ခါ့ရှန်ဆိုတဲ့မြို့ကို ကားနဲ့သွားနိုင်ပြီးတော့ ခါ့ရှန်ကနေ ဆိုင်ကယ်တက္ကစီနဲ့ ခရီးဆက်မှ ရမှာပါ။ လမ်းခရီးက ကားလမ်းမဟုတ်တဲ့ သစ်ထုတ်လမ်းဖြစ်တဲ့အပြင် တောင်တက်လမ်းလည်း ဖြစ်ပါတယ်။ မိုးရွာနေရင် ကားလမ်းချော်မှာ မြေပြိုမှာကိုလည်း စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
“ကျမတို့ဆီလာဖို့ ခက်တဲ့အတွက် တော်ရုံအဖွဲ့အစည်း မလာပါဘူး။ အဓိက ဆန်နဲ့ ဆေးဝါးကို KBC (ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်) နဲ့ KIO က ပေးနေပါတယ်။ ဒါပေမယ့် ကျမတို့ထက်က ခက်ခဲတဲ့နေရာတွေ ရှိနေတယ်။ ကျမတို့ ဆန်နဲ့ ဆေးဝါး ရတယ်။ တချို့ နေရာတွေမှာ ဆန်နဲ့ဆေးဝါးမပြောနဲ့ ကျန်းမာရေးစောင့်ရှောက်ပေးမယ့် ဆရာမတောင် မရှိပါဘူး” လို့ မဂါးယန်ဒုက္ခသည်စခန်းက တာဝန်ကျ ဆရာမ မသိန်းဝမ်က ပြောပါတယ်။
၂၀၁၁ ခုနှစ် ဇွန်လကတည်းက ဖြစ်ပွားခဲ့တဲ့ မြန်မာအစိုးရ တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ရဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်သူ ၁ သိန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများအဖြစ် ဒုက္ခသည်စခန်းများမှာ ခိုလှုံနေကြရပါတယ်။ ဒုက္ခသည် ၁ သိန်းနီးပါးလို့ ခန့်မှန်းထားတဲ့ အထဲက ၆ သောင်းကျော်ဟာ KIA ထိန်းချုပ်ထားတဲ့ နေမြေများအတွင်းမှာ နေထိုင်နေကြရပြီးတော့ ၃ သောင်းကျော်ကတော့ အစိုးရ ထိန်းချုပ်နယ်မြေများမှာ တည်ရှိနေပါတယ်။
တိုက်ပွဲ ပြင်းထန်တဲ့ ဒေသတွေက နီးစပ်ရာ လုံခြုံမယ်လို့ ထင်ရတဲ့ ဒေသတွေကို အသက်လုပြေးရတဲ့အတွက် စစ်ပြေးသူအများစုဟာ ပစ္စည်းများများစားစား မသယ်နိုင်သလို နေရာရွေးခြယ်ခွင့်လည်း မရှိကြပါဘူး။ KIA ထိန်းချုပ် နယ်မြေဘက် ရောက်သွားတဲ့ ဒုက္ခသည်တွေကို KIA, တရုတ်အစိုးရနဲ့၊ တခြားသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းတချို့က ထောက်ပံ့သလို၊ မြန်မာအစိုးရ တပ်မတော်ဘက် ရောက်လာတဲ့ ဒုက္ခသည်တွေကိုလည်း ကချင်ပြည်နယ် အစိုးရ၊ ပြည်ထောင်စုအစိုးရနဲ့ NGO, INGO တွေက အကူအညီပေးနေကြပါတယ်။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ လုံခြုံရေးအခက်အခဲကြောင့် ကူညီထောက်ပံ့မှု လိုအပ်သလောက် မရဘဲ အခက်အခဲကြီးကြီးမားမား ကြုံနေရတဲ့ ဒုက္ခသည် စခန်းတွေလည်း အများကြီး ရှိနေပါတယ်။
“လမ်းသာတဲ့နေရာတွေ ဥပမာ မြစ်ကြီးနား၊ ၀ိုင်းမော် လာတာများတယ်။ ကန်ပိုက်တီးမှာ ဆင်ကြိုင်ဆိုတာ တော်တော်လေး ချို့ချို့တဲ့တဲ့နေရတဲ့ စခန်းတခုရှိတယ်။ ကန်ပိုက်တီး တံတားက ကျိုးသွားတော့ စက်သီးနဲ့ ကူးရတယ်။ တခါတည်း လုံလုံလောက်လောက် လာလှူကြဖို့ ဦးဇော်ဇော်တို့၊ ဦးအောင်ကိုဝင်းတို့ အဲလိုလူတွေကို မေတ္တာရပ်ခံရတယ်” လို့ ကချင်ပြည်နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီး ဒေါ်ဘောက်ဂျာက ဧရာဝတီကို ပြောပါတယ်။
ကချင်ပြည်နယ်အစိုးရရဲ့ စာရင်းအရ အစိုးရ ထိန်းချုပ်နယ်မြေဘက်မှာ ဒုက္ခသည်စခန်း စုစုပေါင်း ၈၄ ခုရှိပြီး စစ်ပြေးဒုက္ခသည် ဦးရေ ၃၁၆၂၅ ဦးအထိ ရှိတယ်လို့ ဆိုပါတယ်။ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်၊ ရွှေကူ၊ လွယ်ဂျယ်၊ မိုးကောင်း၊ မိုးညှင်း စတဲ့ ဒေသတွေက လမ်းသာတဲ့အတွက် ပြည်တွင်းက လူမှုရေးအဖွဲ့ငယ်များရဲ့ ထောက်ပံ့မှုရော၊ ပြည်နယ်အစိုးရရဲ့ ထောက်ပံ့မှုနဲ့ တခြားအထောက်အပံ့များကို အခက်အခဲမရှိ ရယူနိုင်တယ်လို့ ဆိုပါတယ်။ ကန်ပိုက်တီး၊ ပန်ဝါ၊ မိုးမောက်၊ မံစီ စတဲ့ ဒေသတွေဟာ လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံရေး အခြေအနေတွေကြောင့် အကူအညီပစ္စည်းတွေ ပို့ဖို့ ခက်နေတယ်လို့ ဒေါ်ဘောက်ဂျာက ဆိုပါတယ်။
“ပန်ဝါမှာက တိုက်ပွဲက အဆက်မပြတ်ဖြစ်နေတော့ မသွားရဲကြဘူး။ မံစီလို နေရာမျိုး ကျတော့လည်း ရဟတ်ယာဉ်နဲ့ သွားမှရမယ့် နေရာမျိုးတွေရှိတယ်။ အဲဒီအပြင် ကူညီထောက်ပံ့ဖို့က အကန့်အသတ်နဲ့ပဲ ရနေတော့ ကိုယ်လက်လှမ်းမီတဲ့ နေရာတွေမှာကိုပဲ မလောက်ငနိုင်တဲ့အတွက် ပိုဝေးတဲ့နေရာကို ဆက်သွားဖို့က အခက်အခဲအများကြီး ရှိပါတယ်” လို့ KIA က တာဝန်ရှိသူတဦးက ပြောပါတယ်။
KIA နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ကောက်ယူထားတဲ့ စာရင်းတွေအရ KIA ထိန်းချုပ်နယ်မြေထဲမှာ ဒုက္ခသည်စခန်းစုစုပေါင်း ၂၁ ခုထိရှိပြီး လူဦးရေက ၆၃၅၀၀ ခန့် ရှိမယ်လို့ သိရပါတယ်။ KIA ထိန်းချုပ်နယ်မြေအတွင်းက ဒုက္ခသည် အများစုကတော့ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာ အနီးတ၀ိုက်နဲ့ တရုတ်နိုင်ငံ နယ်စပ်တလျှောက်မှာ လို့သိရပါတယ်။ လိုင်ဇာ အနီးတ၀ိုက်က ဒုက္ခသည် စခန်းတွေကိုတော့ KIO က လျှပ်စစ်မီးနဲ့  ဒုက္ခသည် ကလေးများရဲ့ပညာရေးအတွက် ကျောင်းဆောက်ပေးတယ်လို့ ဆိုပါတယ်။ နယ်စပ်တလျှောက်မှာတော့ KIO ရဲ့ အကူအညီအပြင် နိုင်ငံတကာ အဖွဲ့အစည်းတချို့ရဲ့ အကူအညီနဲ့ တရုတ်နိုင်ငံရဲ့ အကူအညီတချို့လည်း ရရှိနေတယ်လို့ ဆိုပါတယ်။
“တရုတ်က တိုက်ရိုက် ကူညီတာမျိုးတော့ မလုပ်ဘူး။ ဘာသာရေးအရ ကူညီပါတယ်။ KBC လို အဖွဲ့တွေက တဆင့်လှူတယ်။ နောက် ပြည်တွင်းက အဖွဲ့လေးတွေလည်း ဒီကို လှူတာတွေ ရှိပါတယ်။ အထောက်အပံ့များလို့ ကျနော်တို့မှာ လောက်ငှတယ်ဆိုတာ မရှိပါဘူး။ လိုအပ်ချက်က အမြဲ အဆိုးဆုံးအဆင့်မှာ ရှိနေတယ်” လို့ လိုင်ဇာအနီး ဂျယ်ယန်း ဒုက္ခသည်စခန်းက တာဝန်ခံ ဦးဘရန်ရှောင်က ပြောပါတယ်။
KIO ထိန်းချုပ်နယ်မြေအတွင်းက နမ်ခမ်ဂျော်စခန်း၊ ပလောင်စခန်း၊ မဂါးယန်စခန်း စတဲ့စခန်းတွေနဲ့ ပါဟောင်၊ လူဟောင် စတဲ့ ဒေသတွေမှာ ဆိုးရွားတဲ့ အခြေအနေရှိနေပြီးတော့ မြန်မာတပ်မတော် အစိုးရဘက်က တရုတ်-မြန်မာ နယ်စပ် မှတ်တိုင် ၆၊ မှတ်တိုင် ၈ ဒေသတွေဟာ အလွန်အေးတဲ့ ဒေသတွေဖြစ်တဲ့အတွက် အခြေအနေ စိုးရိမ်ဖွယ်ရှိတယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က မအားခါန်က ပြောပါတယ်။
“ကျမတို့ဘက်က အထောက်အပံ့ မရောက်နိုင်တဲ့ နေရာတွေကို UNHCR (ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး)၊ KBC, KNFS လို အဖွဲ့တွေကတဆင့် ထောက်ပံ့နေပါတယ်။ ဒါပေမယ့် ကျမတို့ ကိုယ်တိုင်ကိုယ်ကျ သွားတာနဲ့တော့ မတူနိုင်ဘူး။ KIA ဘက်ကိုလည်း ကျမတို့ အကူအညီပေးချင်ပါတယ်။ သူတို့က လက်မခံတာတော့ ကျမတို့လည်း မတတ်နိုင်ဘူး” လို့ ဒေါ်ဘောက်ဂျာက ဆက်ပြောပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံး (KWAT) ကလည်း ကချင်ဒုက္ခသည်များအတွက် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ အကူအညီဟာ အခြေခံအစားအသောက် လိုအပ်ချက်ရဲ့ ၄ ရာခိုင်နှုန်းသာ ရရှိနေတယ်လို့ ၂၀၁၂ အောက်တိုဘာလ ၂ ရက်နေ့ ရက်စွဲနဲ့ အစီရင် ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာမှာ KIO ထိန်းချုပ်နယ်မြေအတွင်းက စစ်ပြေးဒုက္ခသည် ၆ သောင်းကျော်အတွက် လိုအပ်တဲ့ အကူအညီရဲ့ ၃ ရာခိုင်နှုန်းကို ကုလသမဂ္ဂမှ ရရှိပြီးတော့ ၁ ရာခိုင်နှုန်းဟာ နိုင်ငံတကာ NGO တွေဆီက ရရှိတယ်လို့ ဖော်ပြထားပါတယ်။
“ကချင်ကို သူတို့ကိုယ်တိုင် သွားလှူဖို့ လုံခြုံရေးအရ အဆင်မပြေဘူး။ ပြည်ထောင်စု အစိုးရက ခွင့်မပြုဘူးဆိုတာတွေက ဆင်ခြေတွေပါ။ တကယ်သွားနိုင် လုပ်နိုင်တဲ့ ပြည်တွင်း အဖွဲ့အစည်းတွေကတဆင့် ထောက်ပံ့ရင် ဖြစ်နိုင်ပါတယ်” လို့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ မအားခါန်က ဆိုပါတယ်။
ကချင်ပြည်နယ်အတွက် ပြည်တွင်းကနေ အဖြူရောင်တွဲလက်များ၊ ကချင်ငြိမ်းချမ်းရေး ကွန်ရက်၊ စိမ်းရောင်စို (မန္တလေး)၊ ပန်းရဲ့လမ်း အစရှိတဲ့ အဖွဲ့တွေက ပုံစံအမျိုးမျိုးနဲ့ အလှူငွေရှာဖွေတာ၊ ကိုယ်တိုင် သွားရောက်လှူဒါန်းတာတွေကို လုပ်နေပါတယ်။
စစ်ပွဲကာလ တနှစ်ကျော်အပြီး စစ်ဘေး ပုန်းရှောင်သူတွေ ကိုယ့်အိမ်ကိုယ် ပြန်ချင်ကြပေမယ့် မြန်မာအစိုးရ တပ်မတော်ရော KIA နှစ်ဘက်စလုံးက စစ်ရေးအရ အလျှော့ပေးမယ့်ပုံ မပေါ်သေးပါဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တရားဝင် တွေ့ဆုံမှုရော၊ တရားမ၀င် တွေ့ဆုံမှုပါဆိုရင် ၁၀ ကြိမ်အထိ လုပ်ခဲ့ကြပေမယ့် တိကျသေချာတဲ့ သဘောတူညီချက်မျိုး အခုအချိန်ထိမရသေးဘဲ တဖက်နဲ့တဖက် သံသယ ကြီးထွားနေဆဲဖြစ်ပါတယ်။

ပီဒီပီ ပါတီခေါင်းဆောင် ၅ ဦးကို ကချင်ပြည်နယ်အစိုးရ ထောင်ချ

ကချင်ပြည်နယ် ပြည်သူ့တိုးတက်ရေးပါတီ PDP က ထုတ်ဝေတဲ့ စာစောင်မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ချို့ အကျင့်ပျက်ချစားမှုတွေရှိကြောင်း ထုတ်ဝေခဲ့တာကြောင့် ပီဒီပီ ပါတီခေါင်းဆောင် ၅ ဦးကို ကချင်ပြည်နယ်အစိုးရက ဖမ်းဆီးလိုက်ပါတယ်။

ပီဒီပီ ပါတီဥက္ကဌ အပါအဝင် ပါတီခေါင်းဆောင် ၅ ဦးကို ဖမ်းဆီးပြီး မြစ်ကြီးနားအကျဉ်းထောင်မှာ ပို့ဆောင်ခံထားရကြောင်းနဲ့ တရားစွဲခံထားရကြောင်း ပီဒီပီ ပါတီ အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်က ပြောပါတယ်။

ပြည်သူ့တိုးတက်ရေးပါတီ ပီဒီပီက ထုတ်ဝေတဲ့ စာစောင် အမှတ်စဉ် ၃၊ ၄၊ ၅၊ ၉၊ ၁ဝ တို့မှာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်တစ်ချို့ရဲ့ ငွေကြေးအလွဲသုံးစားမှုတွေအကြောင်း ပါရှိတယ်လို့ သိရပါတယ်။

စာစောင်တွေပါ အကြောင်းအရာတွေနဲ့ ပတ်သက်လို့တော့ ပီဒီပီပါတီ အထွေထွေအတွင်းရေးမှုး ဦးအောင်မြင့် ပြောပြတာက

"ဖြစ်စဉ်လေးကတော့ဗျာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ကျနော်တို့ပါတီကထုတ်တဲ့ စာစောင်နဲ့သွားပြီးငြိတာ၊ သူတို့စွဲလိုက်တဲ့အမှုကတော့ ၆၂ ခုနှစ်က စာပေထုတ်ဝေခွင့် ပုဒ်မ ၂ဝ ရယ် နောက်ပြီးတော့ ပုဒ်မ ၅ဝဝ အသရေဖျက်မှုပေါ့နော်၊ နောက် ပုဒ်မ ၅၀၅ ခ၊ ဂ နဲ့ ဆွဲတာ"

တရားစွဲခံထားရတဲ့ ပီဒီပီ ပါတီ ခေါင်းဆောင်တွေ ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့အတွက် ရှေ့နေ ငှားရမ်းရာမှာ မြစ်ကြီးနားက ရှေ့နေတွေ မလိုက်ရဲတာကြောင့် မန္တလေးမြို့က ရှေ့နေ ဒေါ်ခင်ခင်ကို အကူအညီတောင်းထားတယ်လို့လည်း ဦးအောင်မြင့်က ပြောပါတယ်။

၂ဝ၁၁ ခုနှစ် သြဂုတ်လမှာ ပါတီတည်ထောင်ခွင့်ရခဲ့တဲ့ ပီဒီပီ ပါတီဟာ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် အမတ်နေရာ မရရှိခဲ့ပါဘူး။

အခုဆို ပါတီခေါင်းဆောင်ပိုင်းတွေ အဖမ်းခံနေရတာကြောင့် ပါတီလုပ်ငန်းတွေလည်း ထိထိရောက်ရောက် မလုပ်နိုင်တော့ဘူးလို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။

(wunPawngnews kachin)

ပြဿနာ ဆိုတာ အမြစ်ကနေ တူးလိုက်မှ ပြီးမှာပါ။


မြန်မာနိုင်ငံမှာ လောလောဆယ် အမြဲလိုလို ကြားနေရတဲ့ ပြဿနာကတော့ လယ်ယာမြေသိမ်းမှု အတွက် ဆန္ဒပြပွဲများ၊ တိုင်းရင်းသားပြဿနာ၊ စက်ရုံအလုပ်သမားများ ဆန္ဒပြပွဲများ ပဲ ဖြစ်ပါတယ်။ ဒီလို ပြဿနာတိုင်းကိုလဲ အစိုးရ နဲ့ သက်ဆိုင်သူများ ဖြေရှင်းနေတဲ့ ပုံစံကတော့ တက်လာတဲ့ ပြဿနာ အကိုင်းအခက်လေးတွေကို လိုက်ချွေနေပြီး၊ ပြဿနာတွေက တကိုင်းပြီး တကိုင်းပြန်ထွက်နေပါတယ်။ ဒီတော့ ပြဿနာ အပင်တစ်ခုကို အကိုင်းအခက်လေးတွေ လိုက်ချွေနေရင် ဘယ်တော့မှ ပြီးနိုင်မှာ မဟုတ်ပါ။ တကိုင်းချွေလိုက်ရင် နောက်ထပ် အကိုင်းအခက်လေးတွေမှာ အများကြီး ပြန်ထွက်လာမှာပါ။

ဒီတော့… အမြစ်ကနေ တူးပြီး တစ်ပင်လုံး နှုတ်လိုက်မှ ပြီးမှာပါ။

လယ်ယာမြေ ပြဿနာ တွေဟာ လောလောဆယ်မှာတော့ လက်ပတောင်းတောင်လို ဗမာလူမျိုးအများစု နေထိုင်ရာ ဒေသ မှာပဲ ဖြစ်နေခဲ့တာ မဟုတ်။ တိုင်းရင်းသားဒေသတွေမှာက ဒီ့ထက်မက ဖြစ်နေခဲ့တာ ကြာပါပြီ။ ဒါပေမယ့် ဘယ်တိုင်းရင်းသားမှ ဒီလောက် ပြင်းပြင်းထန်ထန် ဆန္ဒပြခွင့် မရခဲ့ပါ။ အထူးသဖြင့်၊ သယံဇာတ ပေါကြွယ်ဝတဲ့ နယ်မြေဒေသ တွေမှာ အဆိုးဆုံးပါ။ ဖါးကန့်ဒေသ ဆိုရင် ဒေသခံတွေ ပြောင်းနေခဲ့တာ နှစ်တိုင်းပါပဲ။ ဘယ်သူမှ အတွန့်မတက်ရဲရှာပါ။ မြစ်ကြီးနား တစ်ဝှက်က လယ်ယာမြေတွေ စစ်တပ်ပိုင်မြေ၊ မကျူးကျော်ရ ဆိုပြီး ဆိုင်းဘွတ် အတပ်ခံထားရတာလဲ နေရာတကာပါ။ နောက်ပြီး ရွားနား ပတ်ပတ်လည်က နွားစားကျက်နေရာတွေ၊ ရွာပိုင် ကြိုးဝိုင်းတွေ ဘယ်အချိန်က ဘယ်သူရောင်းလိုက်မှန်းမသိပဲ တရုတ်လုပ်ငန်းရှင်တွေရဲ့ ရာဘာခြံ စီမံကိန်း ဖြစ်သွားတဲ့ဟာတွေလဲ ဒုနဲ့ဒေး။ ဘယ်သူမှလဲ အတွန့်မတက်ရဲခဲ့ပါ။ အဲဒီလို မကျေနပ်ချက်တွေရဲ့ ထွက်ပေါက်ကတော့ ကေအိုင်အေကို လုံးဝ လက်နက်မချဖို့ ကချင်ပြည်သူတွေရဲ့ ရဲရဲတောက်အသံ ထွက်လာရခြင်းပါပဲ။

ဒါဟာ ကချင်ပြည်နယ်မှာ ပဲ ဖြစ်နေတဲ့ ပြဿနာကို ပြောနေခြင်း မဟုတ်၊ တပြည်လုံး အတိုင်းအတာ ပြဿနာ အတွက် ဥပမာ တစ်ခု ပေးခြင်းသာ ဖြစ်တယ်။
ဗမာ လူမျိုးတွေအနေနဲ့ကတော့ စစ်ခေါင်းဆောင်လောက်တွေကိုပဲ လက်ညိုးထိုး အပြစ်တင်မှာပါ။ သို့သော်၊ တခြားတိုင်းရင်းသားများ အနေနဲ့ကတော့ တခြား ဗမာ အတိုင်းအ၀ိုင်းမှာ ဖြစ်နေခဲ့တဲ့ ပြဿနာတွေကို သိမှာ မဟုတ်၊ အစိုးရရဲ့ စနစ်ကိုလဲ မမြင်တော့ပဲ။ ဗမာ တွေ သက်သက်မဲ့ အနိုင်ကျင့်တယ်၊ ဆိုတဲ့ အမြင်မျိုးကြီးထွားလာတာ သဘာဝပါ။ တကယ်တော့လဲ အစိုးရ လုပ်နေသူတွေ၊ အထူးသဖြင့်၊ စစ်တပ်ခေါင်းဆောင်ပိုင်း၊ ကချင်ရွာသားတွေကို အပေါ်စီးက မညှာမသာ ဆက်ဆံတတ်လေ့ ရှိသူတိုင်းကလဲ ဗမာလူမျိုးတွေပါပဲ။ ဒီတော့၊ ဒီလို အမြင်မျိုးထွားလာတာ အဆန်းမဟုတ်ပါ။

ပြဿနာရဲ့ အရင်းအမြစ်က ဘာလဲ….

ခဏဏပြောနေရတဲ့ ဗဟိုချုပ်ကိုင်မှု စနစ်ပါ။ ၂၀၀၈ အခြေခံ ဥပဒေလဲ ဗဟိုချုပ်ကိုင်မှု စနစ်ကိုပဲ အားဖြည့်ထားပါတယ်။ဗဟိုချုပ်ကိုင်မှု စနစ်ရဲ့ အထက်အမိန့်နဲ့ လုပ်စားတဲ့ လူတန်းစား ရှိနေသေးသ၍ ပြဿနာ မငြိမ်းနိုင်ပါ။ ဒါကြောင့်…. ၂၀၀၈ အခြေခံ ဥပဒေကို မပြင်ပဲ၊ ဗဟိုချုပ်ကိုင်မှု စနစ်ကို မလျှော့ချပဲ နဲ့တော့ မြန်မာရဲ့ ပြဿနာ ဘယ်တော့မှ ပြီးမှာ မဟုတ်ပါ။

တခြား နိုင်ငံတွေမှာလဲ ဒီလို အတွေ့အကြုံတွေ အများကြီး ရှိခဲ့ဖူးတာပါ။ ဗီယက်နမ် နဲ့ တရုတ် နိုင်ငံလို တစ်ပါတီ စနစ်တွေတောင် ဗဟိုချုပ်ကိုင်မှု စနစ်လျှော့ချပြီးတဲ့ နောက်မှ စီးပွါးရေး၊ လူမှုရေး အဖြာဖြာ တိုးတက်လာတာ အထင်အရှားပါ။

တရုတ်ဆိုရင် ဟောင်ကောင် နဲ့ မကာအူ ဆိုတာ သီးသန့် အုပ်ချုပ်မှု စနစ်တွေပါ။ ငွေကြေးစနစ်တောင် သီးသန့်ရှိတယ်။ သို့သော် တရုတ်နိုင်ငံပါပဲ။
ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နယ်တွေဟာ ကချင်လူမျိုးများ အများအပြား နေထိုင်တဲ့ ရွာတွေပါ။ အဲဒီ ရွာသားတွေဟာ တရုတ်အစိုးရ ကို အကောင်းမြင်ကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့နယ်ထဲကို ဘယ်တရုတ်လုပ်ငန်းရှင်မှ သူတို့ ပိုင်မြေတွေ အလကားသိမ်းလို့ မရပါဘူး။ သူတို့ကို ဒီလို ကိုယ့်မြေ၊ ကိုယ်ယာ ကာကွယ်ပိုင်ခွင့် အပြည့်အ၀ ပေးထားပါတယ်။ ရွားနားက သစ်တောထဲက အရိုင်းပင် တစ်ပင်တောင် တစိမ်း တစ်ယောက် အနေနဲ့ လာခုတ်လို့ မရပါဘူး။ ရွာသားတွေ အမြင်မကြည်ရင် ထောင်ထဲရောက်သွားမှာပါ။ ပြီးတော့ အုပ်ချုပ်သူအာဏာပိုင် နဲ့ အစိုးရ ၀န်ထမ်းကအစ နယ်ခံပဲ ခန့်တာပါ။
ဒီမိုကရေစီ နိုင်ငံရေလို့ ကြွေးကြော်နေတဲ့ မြန်မာ နိုင်ငံဟာ ဗဟိုချုပ်ကိုင်မှု စနစ်တောင် မလျှော့ချင်ရင်တော့ ကွန်မြူနစ် အစိုးရ လောက်တောင် အဆင့်မရှိတဲ့ နိုင်ငံ ဖြစ်နေအုံးမှာပါ။ တမျိုးသားလုံးရဲ့ စီးပွါးရေး တိုးတက်ဖို့လဲ မဖြစ်နိုင်ပါ။ လူတစ်စု အတွက်ပဲ ဖြစ်လာနိုင်ပါတယ်။

ဒီတော့… ပြဿနာကို အမြစ်က တူးလိုက်ပါ။
(duwa kachin -facebook)
 https://www.facebook.com/notes/duwa-kachin/%E1%80%BB%E1%80%95%E1%82%86%E1%80%94%E1%80%AC-%E1%80%86%E1%80%AF%E1%80%AD%E1%80%90%E1%80%AC-%E1%80%A1%E1%80%BB%E1%80%99%E1%80%85%E1%80%B9%E1%80%80%E1%80%B1%E1%80%94-%E1%80%90%E1%80%B0%E1%80%B8%E1%80%9C%E1%80%AF%E1%80%AD%E1%80%80%E1%80%B9%E1%80%99%E1%80%BD-%E1%81%BF%E1%80%95%E1%80%AE%E1%80%B8%E1%80%99%E1%80%BD%E1%80%AC%E1%80%95%E1%80%AB/373013449458167

ကချင်လူမျိုးများဟာ ရှေးယခင်ကတည်းက ဖက်ဒရယ် ပုံစံ နယ်စားငယ်များ အတူ ပေါင်းစည်းနေထိုင်ခဲ့သော လူ့အဖွဲ့အစည်းဖြစ်သည်။


ကချင်လူမျိုးများဟာ ရှေးယခင်ကတည်းက ဖက်ဒရယ် ပုံစံ နယ်စားငယ်များ အတူ ပေါင်းစည်းနေထိုင်ခဲ့သော လူ့အဖွဲ့အစည်းဖြစ်သည်။ တနယ်နဲ့ တနယ် တောထဲက သားငါးကအစ ပိုင်ဆိုင်မှုများ လေးစားခဲ့ကြသလို၊ မဟုတ်မမှန်လုပ်လာလျှင် မဟာမိတ်ဖွဲ့ စစ်ခင်းခဲ့ကြပေမယ့်၊ တိုင်းတပါးသား ၀င်လာလျှင် အားလုံး အတူတူဝိုင်းတိုက်လေ့ရှိသည်။

အခုထိ ကချင်ပြည်မြောက်ပိုင်း အခု ကေအိုင်အေ တပ်မဟာ (၁) နယ်မြေသည် ဘယ်လူမျိုးလက်အောက်မှ မကျဖူးပါ။
ထိုဒေသများ မှာ
နာမည် ကြီးခဲ့သော ဒူဝါများမှာ Hting Nan Duwa, Bawmwang Duwa, Ngalang Duwa, Hkumboi Duwa, Kadaw Lahtaw Duwa, Karing Duwa, Shadan Duwa, Lahpai Duwa, Gumshun Duwa, Tsum Hka Duwa, Hkalen Duwa, နဲ့ တခြား နာမည် အများအပြားလဲ ရှိခဲ့သည်။ (မြန်မာ့ သမိုင်းမှာ မထည့်ထားပါ)

ထိုနယ်မြေသည် အင်္ဂလိပ်၊ လက်ထက်တွင်လဲ မထိန်းချုပ်နိုင်ခဲ့ပါ။ ဂျပန်ခေတ်တော့ လုံးဝကို မရောက်နိုင်ခဲ့ပါ။ ဂျပန် ၀င်ဝင် ချင်း ကချင်လူမျိုးများ တောက်လျှောက် ခုခံ နေခဲ့သော နယ်မြေဖြစ်သည်။ နောက်ပိုင်း အမေရိကန်များ အကူအညီကြောင့် တိုက်ထုတ်နိုင်ခဲ့သည်။ ကချင်လူမျိုးများသာ ဘိုးဘေး ခေတ်ကတည်းက နေထိုင်လာသော နယ်မြေဖြစ်သည်။

ကချင်ပြည်အောက်ပိုင်းတွင် ရှမ်းလူမျိုးများ နှင့်ရောနှော နေခဲ့သော်လည်း၊ ကချင် ဒူဝါ များ အုပ်ချုပ်ခဲ့သော နယ်များ ဖြစ်သည်။

ဖုန်ကန်ဒူဝါ၊ Ga Hkyeng Duwa, Sama Duwa, Lajawn Duwa, တို့ ဆိုသည်မှာ ကချင်ပြည်အောက်ပိုင်း မှ ဒူဝါ များဖြစ်သည်။ ဖါးကန့်ဒေသတွင် ကံဆီးဒူဝါ အုပ်ချုပ်ခဲ့သည်။

အောက်ပိုင်း ဒူဝါများမှာ မြန်မာ ဘုရင်များ နှင့် အထိအတွေ့ အများဆုံး ဒူဝါများ ဆိုလျှင် မမှားပေ။ သို့သော် မြန်မာ ဘုရင် လက်အောက် ခံ မဟုတ်ခဲ့ပါ။ မဟာမိတ် ပုံစံသာ ဆက်ဆံခဲ့သည်။

အာသံ နယ်သို့ စစ်ချီသော အခါ၊ မြန်မာ ဘုရင် အမိန့်ပေးလို့ မဟုတ်၊ နယ်စပ် ထိစပ် နေသောကြောင့် စစ်ကူ ပေးခြင်းဖြစ်သည်။
(duwa kachin)

ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မှောင်ခိုစက်သုံးဆီ တင်သွင်းမှု အရှုပ်တော်ပုံ


စက်သုံးဆီတင် သင်္ဘောများ မစစ်ဆေးရဆိုသည့် အမိန့်ကို ၂၀၀၉ က ထုတ်ပြန်ခဲ့သည့် ပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့သူ ဗိုလ်ချုပ်မောင်ဦးကို တွေ့မြင်ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)
ပုံမှန်အားဖြင့် အဆိုတွေ၊ မေးခွန်းတွေ မြောက်မြားစွာကို မေးကြ၊ ဖြေကြနဲ့ နေ့စဉ် အလုပ်များနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမဆောင်ကြီးမှာ နိုဝင်ဘာလ ၂၁ ရက်နေ့ကတော့ အဆိုတခုတည်းနဲ့တင် လွှတ်တော်တခုလုံး အလုပ်ရှုပ် ဗြောင်းဆန် သွားခဲ့ပါတယ်။အကြောင်းကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ လှိုင်မြို့နယ် မဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ရဲ့  “တရားမ၀င် ကုန်စည်များ ၀င်ရောက်နေမှုနှင့် တရားမ၀င် ခိုးထုတ်နေမှု များအား ပြည်ထောင်စု အဆင့် ကော်မတီတရပ် ဖွဲ့စည်း၍ ဥပဒေနှင့် အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးပါရန်” ဆိုတဲ့ အဆိုကို တင်သွင်းလိုက်လို့ ပါပဲ။
ဒီအဆိုကို တင်သွင်းတဲ့ နေရာမှာ ဒေါက်တာ ၀င်းမြင့်က သာမန် အဆိုတင်သွင်းတဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ မှောင်ခို စက်သုံးဆီတွေ တရားမ၀င် တင်သွင်းနေတာကို ကိန်းဂဏန်းတွေ၊ အထောက် အထား ဓာတ်ပုံတွေနဲ့တကွ အတိအကျ ထောက်ပြ လိုက်တာဖြစ်လို့ အဆိုကို တာဝန်ယူ ရှင်းလင်းပေးရမယ့် အစိုးရ ၀န်ကြီးတွေ တော်တော် များများ အလုပ် ရှုပ်ကုန်ပါတယ်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းမှာ ပြည်တွင်း ထိပ်တန်းစီးပွားရေး ကုမ္ပဏီတွေ ဖြစ်တဲ့ ရွှေသံလွင်၊ ရာဇာမင်း၊ ကံလင်းသူ၊ မြေပြန့်သား၊ မြန်မာ့စည်းစိမ် ကုမ္ပဏီကြီးတွေက တန်ချိန်ထောင်ချီဆံ့တဲ့ ဆီတင်သင်္ဘောကြီးတွေနဲ့ တရားမ၀င်မှောင်ခို စက်သုံးဆီတွေ ပြည်တွင်းကို ခိုးသွင်းနေတာကို အထောက်အထားတွေနဲ့ ဒေါက်တာဝင်းမြင့်က လွှတ်တော်ကို တင်ပြလိုက်တာပါ။
လိုင်စင်အရ စက်သုံးဆီ တန် ၅၀၊ ၁၀၀ လောက်သာ တင်သွင်းခွင့်ပြုထားတာကို တန်ချိန်ထောင်နဲ့ချီပြီး အခေါက်ခေါက်အခါခါ မှောင်ခို တင်သွင်းခဲ့ကြတာကို သက်ဆိုင်ရာက အရေးယူမှု မရှိဘူးလို့ ဆိုပါတယ်။
အချက်အလက် အခိုင်အမာ၊ သက်သေ အထောက်အထား အစုံအလင်နဲ့ တင်ပြလေတော့ တာဝန်ရှိသူတွေကို မစစ်ဆေးကြဘူးလား၊ အရေးမယူကြဘူးလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။
ဒီမေးခွန်း ထွက်လာတဲ့အချိန်မှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ရဲတွေအနေနဲ့ တရားမ၀င် စက်သုံးဆီ တင်သွင်းနေတဲ့ သင်္ဘောတွေကို စစ်ဆေးလို့မရပါဘူးလို့ ပြန်ဖြေတယ်။
ဘာကြောင့်လဲ ဆိုတော့ ၂၀၀၉ ခုနှစ်တုန်းက ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စက်သုံးဆီတင် သင်္ဘောတွေကို ရဲတွေအနေနဲ့ တားဆီးစစ်ဆေး ပိုင်ခွင့်မရှိဘူးဆိုတဲ့ အမိန့်ကြောင့်ပါတဲ့။
၂၀၀၉ ခုနှစ်ဆိုတာက စစ်အာဏာရှင် အစိုးရ အုပ်စိုးနေချိန်ဖြစ်လို့ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်မောင်ဦးက ဒီအမိန့်ကို ဘာကြောင့်ထုတ်တာလဲ ဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
အဲဒီအမိန့်က ဘာကြောင့် သမ္မတ ဦးသိန်းစိန် အစိုးရသစ် အုပ်ချုပ်နေတဲ့ ၂၀၁၂ ခုနှစ်အထိ အသက်ဝင်နေ ရပါသလဲ၊ လက်ရှိ ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့လည်း ဘာကြောင့် ၂၀၀၉ ခုနှစ်က အမိန့်ကို ဆက်လက်လိုက်နာ ကျင့်သုံးနေရပါသလဲ ဆိုတာတွေက လွှတ်တော် ကိုယ်စားလှယ်တွေ တော်တော်များများ သိချင်နေခဲ့ကြတဲ့ အချက်တွေ ဖြစ်ပါတယ်။
ရဲချုပ် ကျော်ကျော်ထွန်းကတော့ အရင် ပြည်ထဲရေးဝန်ကြီးဌာနက ဒီအမိန့်ကို ထုတ်ခဲ့ရတာ အကြောင်းရင်းရှိတယ် ဆိုပြီး အချက်တချို့ကို ရှင်းလင်းပါတယ်။
၂၀၀၉ ခုနှစ် ခေတ်အခြေအနေ အချိန်အခါအရ လမ်းဘေးဆီဆိုင်တွေ ပပျောက်ရေးအတွက်၊ နောက်တချက်က ကုန်စည်စီးဆင်းမှုကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ ဆိုတာတွေကြောင့်ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒီအချက် ၂ ချက်ကို လွှတ်တော်မှာ ရဲချုပ် ကျော်ကျော်ထွန်းက ရှင်းပြလိုက်ချိန်မှာ လွှတ်တော်ထဲ လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်လို့ သိရပါတယ်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တခြား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ၊ ပြောသံ၊ ဆိုသံ၊ ဝေဖန်သံနဲ့ ရယ်သံတွေကြောင့် လွှတ်တော်က သက်ဝင်လှုပ်ရှားခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
“ရဲချုပ် ကျော်ကျော်ထွန်း ဖြေရှင်းတဲ့အချက်က ကျိုးကြောင်းဆီလျော်မှု မရှိတော့ လွှတ်တော်ထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားတာ၊ အသံတွေ ထွက်လာတာပေါ့” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီကို ပြောပါတယ်။
၂၀၀၉ ခုနှစ်တုန်းက ပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မောင်ဦးက အခုအချိန်မှာ နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ဦးအဖြစ်နဲ့ လွှတ်တော်ထဲမှာ ရှိနေပေမယ့် မှောင်ခို တရားမ၀င် စက်သုံးဆီ အရှုပ်တော်ပုံကို တစုံတရာ ဖြေရှင်းခြင်း မရှိပါဘူး။
ဘာကြောင့်များ ပြည်ထဲရေးဝန်ကြီးဌာနက စက်သုံးဆီသင်္ဘောတွေ မဖမ်းရဆိုတဲ့ အမိန့်ထုတ်ခဲ့တာလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်သလို၊ ပြည်ထဲရေး ၀န်ကြီးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မောင်ဦးရဲ့ ဘ၀ကောက်ကြောင်း ကလည်း စိတ်ဝင်စားစရာပဲလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုကြတယ်။
၂၀၀၄ ခုနှစ်မှာ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ဦးဆောင်တဲ့ ထောက်လှမ်းရေးအဖွဲ့ ဖြုတ်ချခံလိုက်ရတဲ့အတွက် အဲဒီတုန်းက ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး တင်လှိုင်လည်း ရာထူးက ဖယ်ရှားခံလိုက်ရပါတယ်။ ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီးသစ်အဖြစ် ဗိုလ်ချုပ်မောင်ဦးက စတင် တာဝန် ထမ်းဆောင်ပါတယ်။
ဗိုလ်ချုပ်မောင်ဦးက ဗိုလ်သင်တန်း အပတ်စဉ် ၁၃ ဆင်းဖြစ်ပြီး ပြည်ထဲရေး ၀န်ကြီးမဖြစ်ခင် ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူပါ။
စစ်တပ် အသိုင်းအ၀န်းရဲ့ အဆိုအရ သူက အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနဲ့ နီးစပ်သူဖြစ်ပြီး  ဦးသန်းရွှေရဲ့အားကိုးရတဲ့ တပည့်တဦးလည်း ဖြစ်ခဲ့ဖူးတယ်လို့ သိရတယ်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ပြုတ်သွားပြီးတဲ့နောက်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြည်ထဲရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ် မောင်ဦးကို ယုံကြည် စိတ်ချစွာ ခန့်ထားခဲ့တာ ဖြစ်တယ်လို့ စစ်တပ်အသိုင်းအဝန်းက ဆိုပါတယ်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မကျင်းပခင်မှာ ဗိုလ်ချုပ်မောင်ဦးက လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခွင့် ရရှိခဲ့ပါတယ်။
၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) ကို ဖျက်သိမ်းခဲ့ပြီး ဗိုလ်ချုပ်မောင်ဦးလည်း ၀န်ကြီး တာဝန်တွေကနေ အလိုအလျောက် အနားယူခဲ့ရပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာချိန်မှာတော့ ၀န်ကြီး ပြန်မဖြစ်တော့ဘဲ လွှတ်တော်ထဲမှာ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟို အလုပ်အမှုဆောင် ဦးမောင်ဦး အဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။
၂၀၀၉ ခုနှစ်က ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ စက်သုံးဆီသင်္ဘောတွေ မဖမ်းရ၊ မစစ်ဆေးရ ဆိုတဲ့ အမိန့်အတွက် တာဝန်အရှိဆုံးသူက အဲဒီအချိန်က ပြည်ထဲရေးဝန်ကြီးလို့ လွှတ်တော်ကိုယ်စားလှယ် တချို့က ဆိုပါတယ်။ လွှတ်တော်ထဲမှာ ရှိနေတဲ့ ဦးမောင်ဦးအနေနဲ့ သူတာဝန်ယူချိန်က ဖြစ်ပျက်ခဲ့တာကို ရှင်းလင်းပြသသင့်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောနေကြပါတယ်။
“ရဲချုပ် ကျော်ကျော်ထွန်းက မှောင်ခိုစက်သုံးဆီ သင်္ဘောတွေ မဖမ်းရဆိုတဲ့ အမိန့်ကို ထုတ်ပြန်ခဲ့တဲ့အကြောင်း ပြောတုန်းက ဦးမောင်ဦး မျက်နှာမကောင်းဘူး” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ဧရာဝတီကို ပြောပါတယ်။
ဦးမောင်ဦးအနေနဲ့ ကိုယ်ထုတ်ထားတဲ့အမိန့် ဘယ်လိုကြောင့် ထုတ်ခဲ့ရတယ်၊ ဘယ်သူက ထုတ်ခိုင်းတယ် ဆိုတာကို ရှင်းလင်း တင်ပြခဲ့ရင် သူ့အတွက် အများကြီး ဂုဏ်သိက္ခာ တက်နိုင်မယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။
တရားမ၀င် မှောင်ခိုစက်သုံး ဆီတင်သွင်းကြတဲ့ ကုမ္ပဏီကြီးတွေမှာ ရွှေသံလွင်လို ထိပ်တန်း ထိပ်ထိပ်ကြဲ ကုမ္ပဏီကြီးတွေ ပါဝင်နေတာက အားလုံးကို အံ့အားသင့် စိတ်လှုပ်ရှားစေတယ်လို့ ဆိုပါတယ်။
“ရွှေသံလွင်လို ကုမ္ပဏီကြီးတောင် ပါတယ်ဆိုတော့ အားလုံးလည်း အံ့သြမင်သက်ကုန်တယ်။ ဟိုအရင် စစ်အစိုးရ ခေတ်တုန်းက ဆိုရင်တော့ အံ့သြချင်မှ အံ့သြမယ်။ အခု အစိုးရသစ် လက်ထက် ဒီမိုကရေစီခေတ်ကို သွားနေတဲ့အချိန်မှာ ဒါမျိုးဖြစ်တာလေ” လို့ နိုင်ငံရေး အကဲခတ်သူတဦးက သုံးသပ်တယ်။
ဒေါက်တာဝင်းမြင့်ရဲ့ အဆိုအရ တရားမ၀င် မှောင်ခို စက်သုံးဆီသင်္ဘောတွေ မဖမ်းဆီးတဲ့အတွက်ကြောင့် တနှစ်ကို ကျပ်ငွေ ဘီလီယံ ၆၀ လောက် နစ်နာတယ်လို့ လွှတ်တော်ကို တင်ပြပါတယ်။ ဒါပေမယ့် နိုင်ငံတော်အနေနဲ့ အခွန်နစ်နာမှုက ဒေါက်တာ ၀င်းမြင့် တင်ပြတဲ့ ကိန်းဂဏန်းထက် အများကြီး ပိုနိုင်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုကြပါတယ်။
“မသိလိုက်တဲ့ တရားမ၀င် မှောင်ခိုစက်သုံးဆီ တင်သွင်းမှုတွေ ဘယ်လောက်များ ရှိလိုက်မလဲ။ ၂၀၀၉ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အမိန့်ကြောင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ ဘယ်လောက် မှောင်ခို စက်သုံးဆီတွေ ၀င်ခဲ့သလဲ။ အခု ဒေါက်တာဝင်းမြင့် ပြောတဲ့ တနှစ် အခွန်ဘီလီယံ ၆၀ ဆိုတာ အနည်းဆုံး ဆုံးရှုံးတဲ့ ပမာဏပဲဖြစ်မှာပါ” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ဆိုပါတယ်။
ဒေါက်တာဝင်းမြင့်ရဲ့ အဆိုနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ ကိုင်တွယ်ပုံကို လွှတ်တော် ကိုယ်စားလှယ် အများစုက သဘောကျကြတယ်လို့ သိရပါတယ်။
သူရဦးရွှေမန်းက တရားသူကြီး တယောက်လို ၀န်ကြီးတွေကို မေးခွန်းထုတ်တယ်၊ အဖြေတောင်းတယ်၊ ရှင်းခိုင်းတယ်၊ ဒါပေမယ့် ဘာကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၉ အမိန့်ကို ထုတ်ခဲ့သလဲဆိုတဲ့ နောက်ကြောင်း ပြန်လှည့် မေးခွန်းမျိုးတော့ မမေးခဲ့ပါဘူး။
သူရဦးရွှေမန်း ကိုယ်တိုင် ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ပြီး ဦးဆောင် အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ စစ်အစိုးရ ခေတ်တုန်းက အမိန့်တခုမို့ ပြန်ပြီး မေးခွန်း မထုတ်ချင်တော့တာလား၊ မြားဦး ကိုယ့်ဘက်ပြန်လှည့် လာမှာစိုးလို့ စိုးရိမ်လို့လား ဆိုတာ ကွဲကွဲပြားပြား မသိနိုင်ပေမယ့် သူရဦးရွှေမန်းရဲ့ ပုံစံက တရားဥပဒေ စိုးမိုးရေးကို စိတ်ပါလက်ပါ လုပ်ချင် ကိုင်ချင်စိတ် ရှိနေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုကြတယ်။
“သူရဦးရွှေမန်းကတော့ ဒေါက်တာဝင်းမြင့်အဆိုနဲ့ သက်သေ အချက်အလက်တွေကို ကြည့်ပြီး ၀န်ကြီးတွေ ရှင်းပါလို့ ပြတ်ပြတ်သားသား ပြောတယ်။ ၀န်ကြီးတွေ အားလုံးလည်း ငြိမ်ပြီး အမှားကို မတတ်သာတဲ့အဆုံး ၀န်ခံရသလိုမျိုး  မျက်နှာငယ်တွေနဲ့။ သူရဦးရွှေမန်း ကိုင်တွယ်ပုံကိုတော့ အားလုံးက သဘောကျတယ်” လို့ လွှတ်တော် ကိုယ်စားလှယ်က ပြောတယ်။
တချို့ လွှတ်တော် ကိုယ်စားလှယ်တွေကတော့ နှစ်ပေါင်း ၂၀ ကျော်ကြာ အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရ လက်ထက်အတွင်းက အရှုပ်တော်ပုံတခုကို လွှတ်တော်တွင်းမှာ တင်ပြလာတာမို့ ဒါက စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို သွားတဲ့နေရာမှာ ပွင့်လင်း ကောင်းမွန်တဲ့  အလားအလာတခုလို့ မြင်ကြတယ်။
ဥပဒေ ပညာရှင်တွေကတော့ စစ်အစိုးရ လက်ထက်အတွင်းက အရှုပ်တော်ပုံကို ဥပဒေနဲ့ အရေးယူဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။ အဓိကက ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နောက်ကြောင်းပြန် တရားစွဲဆိုတာမျိုး၊ အရေးယူတာမျိုး မလုပ်ရဘူးဆိုတဲ့ ပြဋ္ဌာန်းချက် တိတိကျကျ ပါရှိနေတာကြောင့်လို့ ဆိုပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း ၁၄၊ ကူးပြောင်းရေး ကာလ ပြဋ္ဌာန်းချက်၊ ပုဒ်မ ၄၄၅ မှာ အစိုးရသစ်အနေနဲ့ ယခင်အစိုးရ ထုတ်ပြန်ထားတဲ့ မူဝါဒ၊ လမ်းညွှန်မှု၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ပြန်တမ်း၊ ကြေညာချက်၊ ဆောင်ရွက်ချက်၊ တာဝန်တွေ၊ ရပိုင်ခွင့်တွေကို ဆက်ခံရမယ်။ ယခင် အစိုးရအဖွဲ့၊ အဖွဲ့ဝင်တဦးဦးရဲ့ တာဝန်အရ ဆောင်ရွက်ချက်တွေအပေါ် အကြောင်းပြုပြီး တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ ဆိုတဲ့ အချက် ပြဋ္ဌာန်းထားပါတယ်။
ပုဒ်မ ၄၄၅ ကြောင့် တိုင်းပြည် မွဲပြာကျစေခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်အတွင်း မသမာမှု၊ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွေကို ကျူးလွန်ကြတဲ့ အာဏာရှိ၊ အာဏာမဲ့ လူတန်းစားအားလုံး တရားရုံးမရောက်ဘဲ အေးချမ်းစွာ နေထိုင်နိုင်ကြမှာ ဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ဆိုပါတယ်။
စစ်အစိုးရလက်ထက် နှစ်ပေါင်း ၂၀ အတွင်းမှာ ဗိုလ်ချုပ်မောင်ဦးနဲ့ မှောင်ခိုစက်သုံးဆီ အရှုပ်တော်ပုံလို အမိန့်တွေထုတ်၊ ညွှန်ကြားချက်တွေထုတ် လုပ်ကိုင်ခဲ့တဲ့ တရားမ၀င်စီးပွားရေးတွေကြောင့် နိုင်ငံတော်အတွက်အတွက် ဆုံးရှုံးခဲ့ရတာတွေ၊ ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးခဲ့ရတာတွေ ဘယ်လောက်များ ရှိလိုက်မလဲဆိုတာ စဉ်းစားစရာပဲလို့ နိုင်ငံရေး လေ့လာသူတွေက ဆိုကြတယ်။
နှစ်ပေါင်း ၂၀ အတွင်းမှာ သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံက ဒေါ်လာ ဘီလီယံချီအကြွေး ပေးဆပ်စရာ ရှိတဲ့အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှာ နိမ့်ကျပြီး အဆင်းရဲဆုံး နိုင်ငံ စာရင်းဝင်ခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် တဦးကတော့ စစ်အစိုးရ လက်ထက် အတိတ်က အဖြစ်အပျက်တွေကို အရေးမယူနိုင်ရင်တောင် အနာဂတ် မျိုးဆက်သစ်တွေအတွက် လေ့လာနိုင်တဲ့ သမိုင်းတခုဖြစ်အောင် မှတ်တမ်းတင်နိုင်ဖို့ ဒီမိုကရေစီလိုလားတဲ့ လွှတ်တော်အမတ်တွေ အားလုံး ကြိုးပမ်းသင့်တယ်လို့ ဆိုပါတယ်။
ဒီလိုလုပ်ဆောင်မှသာ အာဏာရှင်စနစ်ကြောင့် ဘယ်လောက် တိုင်းပြည်အဖြစ်ဆိုး၊ အထိနာရတယ်ဆိုတဲ့ သင်ခန်းစာကို နောင်မျိုးဆက်သစ်တွေ သိရှိနားလည်နိုင်မယ်လို့ သူက ပြောပါတယ်။
တိုင်းပြည်နဲ့ လူမျိုးအပေါ် မသမာမှု၊ ခြစားမှုတွေ လုပ်ခဲ့တဲ့ သူတွေအနေနဲ့လည်း ကိုယ့်အမှားကိုယ်သိပြီး ၀န်ခံမှုတွေ လုပ်ခြင်းဖြင့် ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးကို ပူးပေါင်းပါဝင် ဆောင်ရွက်သင့်တယ်လို့ သူက သုံးသပ်တယ်။
တရားမ၀င် မှောင်ခိုစက်သုံးဆီ အရှုပ်တော်ပုံလို သဘာဝဓာတ်ငွေ့နဲ့ ရေနံအရှုပ်တော်ပုံ၊ ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာ အရှုပ်တော်ပုံ၊ လယ်မြေယာမြေ မတရားသိမ်းမှု အရှုပ်တော်ပုံ၊ ကားပါမစ်၊ ဆီပါမစ် အရှုပ်တော်ပုံ စတဲ့ စစ်အစိုးရလက်ထက် မသမာတဲ့ အရှုပ်တော်ပုံ မြောက်မြားစွာကို ဖော်ထုတ်နိုင်ခြင်း၊ မဖော်ထုတ်နိုင်ခြင်းက ဒီမိုကရေစီခရီးလမ်း ဘယ်လောက် ပေါက်ပြီလဲ ဆိုတာကို ပြသနိုင်မယ့် သက်သေတွေဖြစ်လာမှာ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုကြပါတယ်။
ဒေါက်တာဝင်းမြင့်ရဲ့ အဆိုကတော့ ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်သူမရှိ အောင်အောင်မြင်မြင် အတည်ပြုနိုင်ခဲ့ပြီး တရားမ၀င် မှောင်ခို စက်သုံးဆီတွေ ၀င်ရောက်မှုကို တားဆီးနိုင်မယ့် အရိပ်အရောင်များစွာ ဖြစ်ထွန်းစေခဲ့ပါပြီ။

SSPP/SSA လှုပ်ရှားနယ်မြေ မြို့နယ်လေးခုအား အစိုးရတပ် ထိုးစစ်ဆင်နေ

သျှမ်းပြည်မြောက်ပိုင်း မြို့နယ်လေးခုအတွင်းရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/ SSA လက်အောက်ခံ စစ်ကြောင်း များနှင့် ယာယီတပ်စခန်းများအား အစိုးရတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သျှမ်းပြည်တပ်မတော်အသိုင်း အဝိုင်းကပြောသည်။
“ကျနော်တို့ ဌာနချုပ်အနီးအနားကလွဲလို့ ကျန်တဲ့နေရာတွေမှာ ကျနော်တို့ကို လိုက်တိုက်နေတယ်။ အခုလဲ သိန္နီ၊ ကျောက်မဲ၊ မိုးမိတ်၊ နမ္မတူ မြို့နယ် တွေထဲမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ ကျနော်တို့စစ်ကြောင်းရဲ့ သတင်းကိုရတာနဲ့ အစိုးရတပ်က နောက်ယောက်ခံလိုက်တိုက်နေတာ” - ဟု ဗိုလ်မှူးကြီးစိုင်းထူး ကပြောသည်။
အဆိုပါ မြို့နယ်များအတွင်း လှုပ်ရှားနေသည့် SSPP/ SSA လက်အောက်ခံ တပ်မဟာ ၁၊ တပ်မဟာ ၁၅၃ နှင့် ၆၁၂ တို့အား ကျောက်မဲ အခြေစိုက် အစိုးရ၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ ၁ လက်အောက်ခံ တပ်ရင်းများ၊ သိန္နီအခြေစိုက် စကခ ၁၆ လက်အောက် ခံတပ်ရင်းများအပါအ၀င် အောင်လံ နှင့် မန္တလေးမှ တပ်ရင်း အချို့တို့က လိုက်လံတိုက်ခိုက်နေကြောင်း ဝမ့်ဟိုင်းဌာနချုပ် အရာရှိ အသိုင်း အဝိုင်းက ပြောသည်။
“ကျနော်တို့ကိုဘဲ တိုက်နေတာမဟုတ်ဘူး။ လူထုတွေကိုပါနှိပ်စက်နေတာ။ အစိုးရတပ်က အင်အားတိုးချချင် လို့ ရပ်ရွာဗုံးကွဲမှုကိုဖန်တီးတယ်၊ လူထု သေကျေဒဏ်ရာရတယ်။ ကျနော်တို့ရဲ့အမာခံလူဆိုပြီး ရပ်ရွာအုပ်ချုပ် ရေးမှူး တွေကို ဖမ်းဆီးရိုက်နှက်တယ်။ အပစ်ရပ်တယ်ဆိုတာ ဌာနချုပ်အနီးအနားဝန်းကျင်လောက်ပဲလို့ ပြောရမှာ။ တခြားနေရာမရပ်ဘူး။ သူတို့က ကျနော်တို့ဆီ ဦးတည်လာနေတာတွေ့ရင်လဲ ကျနော်တို့က တော့ ပစ်ခတ်ရတာဘဲ” - ဟု အမည်မဖေါ်လိုသူ တပ်မှူးတဦးက ပြောသည်။
ထို့အတူသျှမ်းပြည်မြောက်ပိုင်း မန်တုံ မြို့နယ်အတွင်းတွင်လည်း မြန်မာအစိုးရတပ်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ အနည်းဆုံးတပတ်လျင် နှစ်ကြိမ်ခန့် တိုက်ပွဲဖြစ်ပွားနေကြောင်း TNLA က ပြောသည်။
တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် အစိုးရနှင့်အပစ်ရပ်ရန် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် အလွတ်သဘော တွေ့ဆုံခဲ့ဖူးသည်။ သျှမ်းပြည်တိုးတက်ရေးပါတီကလည်း ၂၀၁၂ ဂျန္နဝါရီ ၂၈ ရက် နေ့က ပြည်ထောင်စုအဆင့်နှင့် အပစ်အခတ် ရပ်စဲထားသော်လည်း ထိုနေ့မှ ယနေ့အထိ တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက်မနည်းဖြစ်ပွားခဲ့ကြောင်း သျှမ်းပြည်တိုးတက်ရေးပါတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက ပြောသည်။

Thursday, November 22, 2012

KACHIN COMMUNITY DEMANDS STRONGER ACTION FROM THE BRITISH GOVERNMENT

Media Release from the Kachin National Organization - UK
Thursday 22nd November 2012 
Kachin community demands stronger action from the British government 
Representatives of the Kachin community today will address members of the All Party Parliamentary Group for Democracy in Burma in the British Parliament. They will discuss the situation in Kachin State including the human rights and humanitarian crisis, and demand stronger action from the British government to help the Kachin people.
For the first time since the Burmese Army broke the 17 year ceasefire in Kachin State, members of the Kachin community have the opportunity to directly raise the Kachin situation in the Britsih Parliament and engage with Members of Parliament, asking them to push for stronger action from the UK government. 
Kachin civilians have suffered human rights violations committed by the Burmese Army’s troops, including rape of women and children, arbitrary execution, torture, forced labour, mortar bombing, and burning of villages. Since June 2011, more than 100,000 Kachin civilians have been forced to flee from their homeland facing a severe humanitarian crisis. The Burmese government continues to block humanitarian aid access to thousands of Kachin refugees while keeping some innocent Kachin civilians in jails.
"We are extremely disapponted that the interntaional communtiy including the British government are turning their back on the suffering of the Kachin people." said Hkun Sa Mahkaw from the Kachin National Organization. “Lack of strong action from the British government to help stop the Burmese Army’s attack against the Kachin has cost many lives already. Only through dialogue and national reconciliation there can be political solutions that guarantee genuine peace for the Kachin and all the people in Burma.” 
“We appreciate the UK parliamentarians’ concern over the crisis in Kachin State” said Kai Htang, an aid worker from Kachin Relief Fund, "We hope the British Government will respond by taking a stronger stance to pressure the Burmese government to cease attacking innocent civilians and open up humanitarian access in the country. As British government is one of the biggest donors to Burma, we call on DFID to increase British aid for Kachin refugees.”
For more information, please contact Goontawng Lashi (Chairman of KNO-UK) 00447595763340
Note to editors
About the speakers: 
Hkun Sa Mahkaw is a former political prisoner and a leader of the Kachin National Organization. The Kachin National Organization is a political organisation founded by the overseas Kachins and the elders from Kachin state, to regain the rights of Kachin people. He just returned from a humanitarian aid relief mission in Kachin state, northern Burma.
Kai Htang has been working with the Kachin Relief Fund (KRF), which was formed by the Kachin community in UK. KRF is working closely with the local NGOs and churches for Internally Displaced Persons (IDPs) and Refugees in Kachin state.  KRF provides emergency relief monthly to over 100,000 internally displaced persons in the current conflict zone in northern Burma. KRF also carries out research and documentation of the situation of the internally displaced persons.
(by:JP kasa)

Wednesday, November 21, 2012

လက်နက်ကြီးပစ်ခတ်သော ခုခံကာကွယ်စစ်

မြန်မာအစိုးရတပ်ဖွဲ့သည် ထိုးစစ်ဆင်ခြင်း မပြုလုပ်ဘဲ ခုခံကာကွယ်ပစ်ခတ်မှုသာ အထက်အမိန့်အရ လုပ်ဆောင်နေကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် က အောက်တိုဘာလ(၃၀)ရက် တွင် ရွှေလီတွေ့ဆုံမှု၌ တုန်တုန်ရီရီဖြင့် လိမ်ညာပြောဆိုခဲ့သည်။
မြန်မာ့တပ်မတော်က လက်တွေ့ကျင့်သုံးနေသော “လူရောက်နည်း၊ ကျည်ရောက်များ၊ အကျိုးအမြတ် ရရှိရေး” ဟူသည့် ညွှန်ကြားမှုအတိုင်း (၁၀)မိုင်ခန့်အကွာမှ နေ၍ လက်နက်ကြီးများဖြင့် ပစ်မှတ်ချိန်ဆ၍ ပစ်ခတ်ခုခံကာကွယ်မှု ပြုလုပ်နေကြသည်။ ဤကဲ့သို့ ပရမ်းပတာပစ်ခတ်မှုများကြောင့် အရပ်သားများ သေကြေဒါဏ်ရာရရှိသူ များပြားလျက်ရှိသည်။
နိုဝင်ဘာလ(၁၉)ရက်နေ့တွင် ဖားကန့်မြို့၊ ခလရ(၂၂၈) ဗျူဟာကုန်း မှ ဘေးပတ်ဝန်းကျင်ကျေးရွာ များသို့ ၈၁ မမ စိန်ပြောင်းဖြင့် (၉)ကြိမ် ပစ်ခတ်ခဲ့ရာ မော်မောဘွမ်၊ တောမော်ဒေသ သို့ ကျရောက်ပေါက်ကွဲခဲ့ သည်။ နိုဝင်ဘာလ(၁၄)ရက်နေ့တွင်လည်း ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG)  မော်မောဘွမ် ၌ ရောက်ရှိစဉ် မနက်(၁)နာရီအချိန်နှင့် မွန်းလွဲ(၃)နာရီအချိန်ခန့် တွင် ၁၂၀ မမ အမြောက် ဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သေးသည်။
နိုဝင်ဘာလ(၁၈)ရက်နေ့ တွင်လည်း ကားမိုင်းမြို့နယ်၊ ကောင်ရာကျေးရွာ ခရစ်ယာန်ဆုတောင်းတောင် တွင် နေရာယူ တပ်စွဲထားသော ခလရ(၁၃)တပ်ဖွဲ့ သည် ကောင်ရာကျေးရွာတွင်းသို့ ၆၀ မမ စိန်ပြောင်း (၄)ကြိမ် ပစ်ခတ်ခဲ့ရာ ကက်သလစ်ဘုရားရှိခိုးကျောင်း ၌ ကျည်(၁)လုံး ကျရောက်ပေါက်ကွဲကြောင်း သိရှိရသည်။
ဝိုင်းမော်မြို့နယ်၊ အင်ပေါန်ကျေးရာ တွင် စစ်ဆင်ရေးလုပ်ဆောင်နေသော ခမရ(၃၄၈)တပ်ဖွဲ့ သည် နိုဝင်ဘာလ(၁၉)ရက်နေ့ မနက်ပိုင်းတွင် ဂန်ဒေါင်ဒူ ဘက်သို့ ၈၁ မမ စိန်ပြောင်း (၃)ကြိမ် ပစ်ခတ်ခဲ့ပြီး၊ ဂန်ဒေါင်ယန်တပ်စခန်းရှိ အမြောက်တပ်ရင်း(၃၆၇)ကလည်း ဂန်ဒေါင်ဒူ ဘက်ကို ၈၁ မမ စိန်ပြောင်း (၃)ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ(၁၉)ရက်နေ့ ထဲမှာပင် ဒေါ့ဖုန်းယန်မြို့ ခန်းကိုင်အမြောက်တပ်ရင်း (၃၇၀) မှနေ၍ ၁၂၀ မမ အမြောက်ကြီးဖြင့် ဂွန်းမွန်းကျေးရွာ ဘက်သို့ (၂)ကြိမ် ပစ်ခတ်ခဲ့ရာ ရွာသားများပိုင် မွေးမြူရေးနွား ထိခိုက်ခဲ့ကြောင်း သိရှိရသည်။
ဤကဲ့သို့ မြန်မာ့တပ်မတော်မှ လက်နက်ကြီးများဖြင့် မိမိကိုယ်ကို ခုခံနေခြင်းကြောင့် ဒေသခံအရပ်သားများ သေကြေထိခိုက်ဒါဏ်ရာရစေခြင်း၊ ဒေသခံများ၏ တနိုင်တပိုင်စီးပွားရေးလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆုံးရှုံးနေရခြင်း၊ နေ့စဉ်နှင့်အမျှ စိုးရိမ်ထိတ်လန့်နေရခြင်း တို့သည် မြန်မာအစိုးရစစ်တပ်၏ အကျိုးအမြတ်ရရှိရေး ရည်မှန်းချက်ဟု သတ်မှတ်ရတော့မည်ဖြစ်သည်။

Tuesday, November 20, 2012

ပွဲလှရုံသက်သက် (၂)


(by:Zaw Hkun Naw facebook)၂၀၁၂၊ အောက်တိုဘာ ၁၀ ရက်နေ့ထုတ် အီလဲဗင်းဂျာနယ်မှာပါတဲ့ ဆရာနန္ဒ၀င်း(ဆေး-၁)ရဲ့ ဆောင်းပါး “ပွဲလှရုံသက်သက်”ကို ဖတ်ပြီးကတည်းက စိတ်ထဲစွဲနေခဲ့တာ..၊ ဒါကြောင့် အဲဒီဆောင်းပါး နာမည်ကိုပဲ ခပ်တည်တည်နဲ့ နံပါတ်စဉ်ထိုးပြီး ခိုးချလိုက်ပါတယ်.။ (မူပိုင်ခွင့်ဥပဒေမပြဋ္ဌာန်းခင်လေး ခိုးချရတာ.၊ နောက်ဆို ရမှာ မဟုတ်တော့ဘူး.။) ဖေ့ဘုတ်ပေါ်မှာ စာမရေးဖြစ်တာလဲ တစ်လကျော်သွားတော့ ခပ်စိမ်းစိမ်းဖြစ်သွားတာအမှန်..။ အခြေအနေမကောင်းလို့ ရူးချင်ယောင်ဆောင်ပြီး နှာစေးနေခဲ့တာ..၊ ခုကျတော့ ဘယ်ကနေ ဘယ်လိုပြန်စရေးရမလဲ မသိတော့ဘူး..။

ဇာတ်လမ်းအစက ဒီလို..၊ ဆရာသုမောင်က “ဒေါက်တာနိုး”ဆိုပြီး အခန်းဆက်ဆောင်းပါးရေးဖူးတယ်.။ တစ်နေ့ ဒေါက်တာနိုးရဲ့ တပည့်တစ်ယောက် နိုင်ငံခြားကနေ ပညာတော်သင်အပြန်မှာ ဒေါက်တာနိုးအတွက် လက်ဆောင်ဝယ်မလာမိဘူး..။ ဒါကြောင့် တပည့်ဖြစ်သူက ရန်ကုန်ရောက်မှ အောင်ဆန်းဈေးကနေ ဂျွန်နီလမ်းလျှောက်တစ်လုံး အပြေးအလွှားဝယ်ပြီး နိုင်ငံခြားလက်ဆောင်ဆိုပြီး သွားကန်တော့ပါသတဲ့..။ ဖြစ်ချင်တော့ သူဝယ်လာတာက အတုကြီး..။ အပွေးမြင် အပင်သိ.၊ အတွေ့အကြုံရင့်နေပြီဖြစ်တဲ့ ဒေါက်တာနိုးက ပုလင်းကို ကိုင်ကြည့်တာနဲ့ တန်းသိတယ်.၊ ဒါကောင် အင်မိလာပြီဆိုတာကို..။

အဲဒီတပည့်ကို ဒေါက်တာနိုး ဘယ်လိုပြောလွှတ်တယ်ထင်လဲ..၊ “အေး..၊ အေး..၊ ငါ့တပည့်ကြီး လိမ္မာ လိုက်တာ”တဲ့..။ တပည့်ဖြစ်သူ နိုင်ငံခြားက လက်ဆောင်ပါမလာပေမဲ့ သူ့ကိုတလေးတစားနဲ့ (ကြောက်တာက ပိုပါတယ်) ဒီရောက်မှ တကူးတကန့် အချိန်လုပြီး လာကန်တော့တာကို သဘောတွေ့လွန်းလို့ပါတဲ့..။ တကယ် သတိတရနဲ့ ၀ယ်လာတာမဟုတ်မှန်း သိပေမဲ့ ဒီကောင်ငါ့ကို ကြောက်သားပဲ ဆိုပြီး ပီတိဖြာနေတဲ့ သဘော..။

ဆရာနန္ဒ၀င်းရဲ့ ဆောင်းပါးက အသုံးအတိုင်းဆိုရင်တော့ ‘အလိမ်ခံနေရသူတွေကိုယ်တိုင်ကလဲ သိသိကြီးနဲ့ ဒီကလေးတွေ ငါ့ကို လေးစားလွန်းလို့ လုပ်ထားတာပဲဆိုကာ ဘ၀ရှင်မင်းတရားကြီးစိတ်နဲ့ ပေးသမျှလက်ဆောင်ယူ ကျွေးသမျှအကုန်စားပြီး ကောင်းပါသည် ကောင်းပါသည်ဆိုပြီး လူလိမ်လက်ခံတွေ လုပ်ကြပါတယ်..၊’ တဲ့..။

တလောကလဲ ဖေ့ဘုတ်ပေါ်မှာ Status update လေးတစ်ခု သတိထားမိလိုက်တယ်..၊ ကိုယ့်မှာရှိတဲ့ အ၀တ်တွေထဲက အလန်းဆုံး၊ အလတ်ဆုံးဆိုတဲ့ အထည်ရွေးဝတ်ပြီး “ဘဘဗိုလ်ချုပ်ကြီး ကျန်းမာပါစေ”လို့ အော်ခဲ့ရတဲ့ အကြောင်း၊ ဘဘကြီး ပြန်သွားမှ ဗိုက်ဆာဆာနဲ့ ဖွင့်စားရတဲ့ ဘဲဥဟင်းတစ်ဖတ်က အရမ်းမြိန်တဲ့အကြောင်း တိုတိုကျစ်ကျစ် ရသမြောက်အောင် ရေးထားတာလေးက အရမ်းလှတယ်..။ ကျနော်တောင် ငယ်ငယ်က ကျောင်းသားဘ၀ကို ပြန်မြင်ယောင်မိသွားတယ်..။

ကျနော်တို့ ကျောင်းတွေမှာ Multimedia classroom ဆိုတာတွေ ဖွင့်ဖူးတယ်.။ လူကြီးလာမှပဲ ဟိုလူဆီကငှား၊ ဒီလူဆီကငှားနဲ့ ကွန်ပြူတာလေး ၅လုံးလောက်စုပြီး၊ ကျောင်းသား နှစ်ယောက်တွဲ၊ သုံးယောက်တွဲကို ကွန်ပြူတာတစ်လုံးစီရှေ့ ထိုင်ခိုင်းထားတတ်ကြတယ်..။ လူကြီးဆိုသူတွေကလဲ ခေါင်တညိတ်ညိတ်နဲ့ပေါ့..။ ကျောင်းတွေမှာ အမှန်တကယ်သင်ကြားနေတဲ့ပုံစံကို မြင်ချင်တာလား၊ သူ့ကို တခန်းတနားကြိုဆိုတာကိုပဲ မြင်ချင်တာလား.၊ ဘာကြောင့်ဒီလို တိုင်းခန်းလှည့်လည်လာတယ်ဆိုတာ ကျနော် နားမလည်ခဲ့တာအမှန်..။

လူထုထောက်ခံပွဲတို့၊ ရှုံ့ချပွဲတို့ဆိုတာလဲ လိုက်ရတာ ဗြောင်းကိုဆန်လို့..။ မနက်လေးနာရီလောက် ကျောင်းမှာစု၊ အားကစားကွင်းထိ ချီတက်၊ ဘုမသိ ဘမသိ လက်သီးလက်မောင်းတန်းပြီး ပြည်သူ့ဆန္ဒမပါတဲ့ ပြည်သူ့သဘောထားတွေကို ကုန်းအော်ခဲ့ရတာ ခုစဉ်းစားကြည့်ရင်တောင် လည်ချောင်းနာတယ်..။ ကျောင်းသားတိုင်း ကြံ့ဖွံ့အသင်း မ၀င်မနေရဆိုလို့လဲ လျှောက်လွှာဖြည့်ပေးရသေးတယ်..။ ကလေးဆိုတော့ ဘာသိမှာလဲ.။ ပြီးတော့ သူတို့ပြောတဲ့အတိုင်း လုပ်မှလဲ ဆရာမတွေက ကြည်မှာ မဟုတ်လား..။

ကျနော်အလုပ်လုပ်ခဲ့တဲ့ဆေးရုံတွေမှာလဲ ဒီလိုပါပဲ..။ ဒုဝန်ကြီး ဒေါက်တာပိုင်စိုးလာမှပဲ ဖျားနာဆောင်ထဲမှာ Air Set (Oxygen) စက်အသစ်တစ်လုံး လာချထားပေးတယ်..။ Defib (နှလုံးနှိုးစက်) တစ်လုံး လာပို့သွားတယ်..။ ၀န်ကြီးပြန်တာနဲ့ ပြန်သိမ်းသွားတာပဲ..။ ကိုင်တောင်မကိုင်ကြည့်လိုက်ရဘူး..။ အင်းစိန်ဆေးရုံမှာ ထောင်ကလွှဲလာတဲ့ အကျဉ်းသားလူနာတွေကို ဘယ်လိုထားတယ်ဆိုတာ ကျနော်တို့ အသိဆုံး..။ အောက်ထပ်ဆုံး၊ အစွန်ဆုံးနေရာမှာ ညစ်ညစ်ပတ်ပတ် နံနံစော်စော်နဲ့မို့ သူနာပြုတောင် အမျိုးသားသူနာပြုတစ်ယောက်ပဲ ထားတာ.။ ဒါပေမဲ့ မစ္စတာကန်တားနား လာကြည့်တော့ အကျဉ်းသားလူနာ (X2O မဏ္ဍပ်ဗုန်းခွဲတရားခံဟု စွတ်စွဲ ထောင်ချခံထားရသူ)ကို ထားတာက အခပေးခန်းကြီးဗျ..ပြီးတော့ သူတစ်ယောက်တည်း..။ အဲဒီလို အခပေးအခန်းက လူနာ နှစ်ယောက် သို့မဟုတ် သုံးယောက် ထားလေ့ရှိတယ်..၊ ပိုက်ဆံအရမ်းပေါပါတယ် ဆိုရင်တောင် ဒီလိုအခန်းက တစ်ယောက်တည်း ယူလို့မရဘူး..။ ကျနော်ကတော့ဗျာ…၊ မဟုတ်မခံပြောတတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ထွက်သွားတဲ့ ကျနော်တို့ဆရာ၊ သမားတော်ကြီး ဒေါက်တာမောင်မောင်စိန်ကိုပဲ ပြေးမြင်ယောင်မိတယ်..။

နိုင်ငံတော်အကြီးအကဲဆိုသူရှေ့မှာ ကြက်ဆူဆီပါဆိုပြီး၊ ဒီဇယ်နဲ့ စက်နှိုးပြရတာကတော့ အားလုံးမှတ်မိမှာပါ..။ တကယ်ပဲ မသိတာလား၊ တမင်ပဲ အလိမ်ခံရတာလားတော့ ကာယကံရှင်ပဲ သိပါလိမ့်မယ်..။ ကျနော့်အမြင်မှာတော့ အလိမ်ခံနေရတဲ့ ငပေါကြီးပါပဲ..။ ဒါပေမဲ့ သူအလိမ်ခံရတာက မနာလိုချင်စရာကြီး..။ သူလာမယ်ဆိုမှ မြောင်းရှင်းတယ်.၊ ဓာတ်တိုင်တွေ ထုံးသုတ်တယ်.၊ မီးမှန်တယ်..။ ဧည့်သည်လာမှ ဟင်းကောင်း သလိုပေါ့..။ ကျနော်တို့လဲ လူကြီးလာမှ ဆီမီးထိန်ထိန်ဘ၀က တက်တော့တယ်..။

လွန်သူကလဲ လွန်ပါပြီ..၊ သွားသူကလဲ သွားပါပြီ..၊ ရွှေတစ်ပိုက်နဲ့ နားသူတွေကလဲ နားကုန်ပါပြီ..။ ဒါပေမဲ့ ပွဲလှရုံသက်သက်ယဉ်ကျေးမှုကြီးကတော့ အရှိန်ကောင်းကောင်းနဲ့ စီးဆင်းဆဲပါပဲ..။ မရှက်တန်းပြောရရင် အသုံးမကျတာက ကျနော်ရယ်..။ ရွှေရည်စိမ်ဒီမိုကရေစီကိုမှ အထင်ကြီးမိရတယ်လို့..။

ဆရာဝန်တစ်ယောက်ပေါ့…၊ တစ်ချိန်က လားရှိုးမြို့ရဲ့ညဈေးတန်းမှာ ၀က်သားတုတ်ထိုး ထိုင်စားခဲ့ပေမဲ့၊ အခုချိန်မှာတော့ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ မြန်မာနိုင်ငံမှာ ဒုတိယဆိုတဲ့ပုဂ္ဂိုလ် ဖြစ်နေပြီမို့ သူလာမယ်ဆိုရင် လမ်းဘေးပက်လက်ဖောင်းကအစ ထုံးသုတ်ထားမှ သဘောကျပါသတဲ့..။ ပန်းပွားအကတွေနဲ့ ကော်ဇောနီကြီး ခင်းပြီး ကြိုဆိုမှ မျက်နှာတော်လန်းတဲ့ သူတွေလဲ ရှိနေဆဲပါပဲတဲ့..(သူများပြောပြတာပါ)။ ပွဲလှရုံသက်သက်ထက် ပိုတဲ့မေးခွန်းတွေ မေးလာရင်၊ သတင်းစာရှင်းလင်းပွဲထဲမှာတောင် မျက်ရည်ကျအောင် အဖြစ်သည်းတဲ့သူတွေလဲ ရှိပါသတဲ့..(အံ့ရော.. အံ့ရော..)။ အောက်ခြေမှာ ဘာပဲဖြစ်နေနေ.၊ စာပွဲဝိုင်းပေါ်မှာ လက်မှတ်လေးထိုးလိုက်ရုံနဲ့ ငြိမ်းချမ်းရေးရပြီလို့ ထအော်မယ့် မဟာဉာဏ်ကြီးရှင်များကလဲ အခန့်သားစောင့်နေကြပါသတဲ့..(ရင်လေးတယ်…)။

စကားမစပ်ပြောပြရဦးမယ်..။

ပြီးခဲ့တဲ့ အပတ်၊ ဆူးလေနားမှာပေါ့..၊ ကျနော် တောင်ပေါ်ကဆင်းလာကာစ၊ ရန်ကုန်သူ တိုနံ့နံ့တွေကို ငေးပြီး အနော်ရထာလမ်းကို ဖြတ်ကူးတုန်း ရဲဖမ်းပါရောလား..။ အရင်ကလဲ မီးပွိုင့်နီတုန်း ရပ်ထားတဲ့ ကားတွေကြားကနေ ဖြတ်ကူးနေကြမို့ ကျနော်လဲ ခပ်တည်တည်နဲ့ ဖြတ်ချလာတာ ဒီဘက်ထိပ်မှာ စောင့်နေတဲ့ ခေါင်းဖြူတစ်သိုက်ကို သတိမထားလိုက်မိဘူး..။ အဲလိုနဲ့ ချစ်ချစ်အတွက် ဆလင်းဘက်မ၀ယ်လိုက်ရဘဲ တရားရုံးရောက်သွားပါရောလား..။ ဒဏ်ငွေ ၂၀၀၀ ဆောင်လိုက်ရတယ်..။

စိတ်ထဲမှာလဲ မချင့်မရဲပေါ့..။ ရန်ကုန်ရွှေမြို့တော်ကြီး အမှန်အကန်ပြောင်းလဲနေပါပြီပဲ.၊ ငါ့နှယ် တောင်ပေါ်မှာ အနေကြာသွားလို့ စည်းပျက်ကမ်းပျက်ဖြစ်ကုန်ပြီ..၊ တောင်ပေါ်က မကောင်းတဲ့ အကျင့်တွေကူးကုန်ပြီရယ်လို့ စိတ်ထဲမှာ နောင်တတွေရလို့..။ ဒီလိုနဲ့ တရားရုံးကနေ လမ်းပြန်လျှောက်လာပြီး ကျနော်အဖမ်းခံရတဲ့ နေရာရောက်တော့ အလိုလေးလေး…၊ လမ်းဖြတ်ကူးနေကြတဲ့လူတွေဆိုတာ နဲနဲနောနောလား..။ စောနက ကိုခေါင်းဖြူတွေလဲ ဘယ်ပျောက်ကုန်ကြသလဲ မသိဘူး..။ (For show လုပ်ဖို့ အမှုရသွားပြီဆိုတော့ လစ်ပြီလေ.။)

ကျနော့်သူငယ်ချင်းက မှတ်ချက်ပေးတယ်..၊ “ငါတစ်သက်လုံး ရန်ကုန်မှာ ကြီးလာတာ တစ်ခါမှ အဖမ်းမခံရဖူးဘူး..၊ ဒီအတိုင်းပဲ ကြုံသလို ကူးတာပဲ..။ မင်းနှယ်..၊ တောင်ပေါ်က ခုမှဆင်းလာပြီး ထူးထူးခြားခြား ကြုံရတယ်..၊ ထီထိုးကြည့်ဦး..၊ ကံကောင်းနေတယ်”တဲ့..။ “အခုတော့ မင်းသင်ခန်းစာ ရသွားပြီ မဟုတ်လား..၊ လမ်းဖြတ်ကူးမယ်ဆိုရင် ရဲရှိမရှိ အရင်ကြည့်ရမယ်ဆိုတာ။” ဟုတ်ပ..၊ ဒီလိုအဖမ်းခံရတဲ့အတွက် ကျနော် ရလိုက်တဲ့သင်ခန်းစာက မျဉ်းကြားကနေ ကူးဖို့မဟုတ်ပါဘူး..၊ (တရားရုံးမှာလဲ ဒဏ်ငွေဆောင်ခိုင်းတာကလွဲလို့ ပညာပေးအစီအစဉ် မကြုံလိုက်ရပါဘူး..။) ကျနော်ရတဲ့ သင်ခန်းစာက လမ်းမဖြတ်ကူးခင် ရဲ ရှိ၊ မရှိ သတိထားဖို့ပါပဲ..။ ကားရှင်း၊ မရှင်းဆိုတာတောင် ဒုတိယနေရာရောက်သွားတယ်..။

ကျနော် အရင်ကလဲ ရေးဖူးပါတယ်..။ အလုပ်တစ်ခုလုပ်တယ်ဆိုရင် ရည်ရွယ်ချက်အရေးကြီးပါတယ်..၊ စေတနာမှန်ဖို့ လိုပါတယ်..။ စည်းကမ်းဥပဒေတစ်ခု သတ်မှတ်တယ်ဆိုတာ မလုပ်မိအောင်ကာကွယ်ချင်လို့လား.၊ လူကျွံဘောဖမ်းကစားသလို ချောင်းမြောင်းလှည့်ပတ်ပြီး အပြစ်ပေးဖို့လား.. မသဲကွဲတာတွေ မြန်မာပြည်မှာ အများကြီးပါ.။ ခုလို အသေးအဖွဲ ယာဉ်ထိန်းရဲဖမ်းတဲ့ကိစ္စကအစပေါ့..၊ နောက်နောင် လူကူးမျဉ်းကျားကကူးအောင် ပညာပေးချင်တာလား.၊ အလုပ်လုပ်ကြောင်းပြသရုံ၊ အမှုရရုံ၊ ဒဏ်ငွေရိုက်ရအောင်လေးပဲလား..။ Surprise Check အချိန်လွန်သွားရင် ကူးချင်သလိုကူး၊ လုပ်ချင်သလိုလုပ်ကြလို့ သဘောထားသလား…၊ စသဖြင့်ပေါ့နော်…။

အနှစ်သာရမပါတဲ့၊ အပေါ်ယံရွှေမှုန်ကြဲ ပွဲလှရုံသက်သက်တွေကြားထဲ ကျနော်တို့နိုင်ငံ၊ ကျနော်တို့ နိုင်ငံသားတွေ နစ်မွှန်းနေခဲ့တာ ကြာပါပြီ..။ အလုပ်ဖြစ်ရင်ပြီးရော အောက်ခြေက အထက်အရာရှိကို အစီရင်ခံစာ တင်ပြီး စာရွက်ပေါ်မှာ လိမ်တယ်..၊ အရာရှိက သူ့အထက်ကို နှစ်ဆတိုးပြီး လိမ်တယ်..။ စာရွက်ပေါ်မှာသာ တိုးတက်နေတယ်..၊ လက်တွေ့မှာက ဇောက်ထိုးကြီး..။ သတင်းစာကိုင်ကြည့်ရုံနဲ့ ဓာတ်လိုက်တယ်ဆိုတာမျိုး..။ လတ်တလော ကိုယ်အကျိုး ရှိရင်ပြီးရော.၊ နောက်နောင် ဘာဖြစ်ဖြစ်.၊ တိုင်းပြည်ဘယ်လိုပဲ ကျန်ခဲ့၊ ကျန်ခဲ့.. ဂရုမစိုက်ကြဘူး..။ ရေရှည်မှာ အထိနာတာကတော့ နိုင်ငံနဲ့ တိုင်းသူပြည်သားတွေပါပဲ..။ နှစ်ပေါင်း ၆၀ အတွင်းဆုတ်ယုတ်မှုတွေကတော့ လက်ညှိုးထိုးမလွဲပါဘူး..။

မြန်မာနိုင်ငံက ပြောင်းတော့ပြောင်းနေပါတယ်..။ နိုင်ငံရေးအကျဉ်းသားတွေ မရှိပါဘူးလို့ ဖင်ပိတ်ငြင်း ခဲ့ရာကနေ ခုတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးနေတာ ကောင်းတဲ့လက္ခဏာပါ..။ (ဟိုဟာလေးဖွင့်ပေးရင် ဆယ်ယောက်၊ ဒါလေးဖွင့်ပေးရင် အယောက် ၅၀၊ အိုဘာမားလာမယ်ဆိုရင် ၆၆ ယောက်၊ သူ့ဈေးနဲ့ သူရှိပါတယ်..။) လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့်လဲ ရပါပြီ..။ (ဝေဖန်လို့ရပါတယ်.၊ ဒါပေမဲ့ ငါတော့မကြားစေနဲ့..၊ အို ကြားလဲ ဂရုမစိုက်ပါဘူးအေ…။) အပစ်အခတ်ရပ်၊ ဆဲရေးလဲ ရစပြုနေပါပြီ.. (အပစ်အခတ်ရပ်ပြီး အချင်ချင်း ဆဲ နေကြ တာလေ)။ အလုပ်သမားအခွင့်အရေးလဲ အပြည့်အ၀ပေါ့…(ဆန္ဒပြမှ အစာငတ်ခံတယ် ထင်လို့လား..၊ နဂိုကလဲ စားစရာရှိတာ မဟုတ်ပါဘူး..။) စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီးလဲ တည်ဆောက်နေပြီလေ.. (လွှတ်တော်ထဲမှာ ပြည်သူက ရွေးချယ်တင်မြောက်ထားသူတွေချည်းပါပဲ..။)

“မင်းကတော်တော် စည်းကမ်းရှိတာကိုး..။ မျဉ်းကျားက မကူးလို့ အဖမ်းခံရတဲ့ကောင်က စကားကြီး၊ စကားကျယ် လာပြောနေတယ်”

ဟုတ်ပါတယ်..၊ ပြီးပြည့်စုံတယ်ဆိုတာကတော့ ဘယ်ရှိပါ့မလဲ..။ ပြီးစလွယ် ပေါ့ပေါ့တန်တန် လုပ်တတ် တာကတော့ ဘယ်သူမဆိုဖြစ်မယ် ထင်ပါတယ်..။ အရေးကြီးတာက လှိုက်စားမသွားဖို့ပါပဲ..။ အကျင့်ဖြစ်မသွားဖို့ သတိထားရပါမယ်..။ ငပေါကြီးလို့ မြင်ရင်မြင်ပါစေ..၊ ဘယ်သူတရားပျက်ပျက်၊ ဤကို ကျွဲလို့ မဖတ်ဘဲ၊ မိုးခါးရည်ကို ငြင်းဖို့ သတ္တိမွေးထားရပါမယ်..။ အစစ်အမှန်မဟုတ်တဲ့ အတုအယောင်တွေ၊ ဟန်ဆောင်ပန်ဆောင် လုပ်ရပ်တွေ အားလုံးကို တိုက်ဖျက်ပစ်ရပါမယ်…။ ဒါ့အပြင် စေတနာမမှန်တဲ့ နိုင်ငံရေးကစားကွက်တွေကို ပါးပါးနပ်နပ် ရှောင်ထွက်နိုင်မှ နိုင်ငံက တိုးတက်ပါလိမ့်မယ်..။ ဒါမှလဲ ကျနော်တို့ သမိုင်းကို ပြန်အဖတ်ဆယ်နိုင်မှာပါ..။

ခုထိ ဘုရားထူး၊ အဘခေါ်ပြီး လက်အုပ်ချီနေရတုန်းပဲဆိုရင်တော့ ပြုပြင်ပြောင်းလဲမှုဆိုတာ ပုဆိုး ပြောင်းဝတ်ရုံလေးကိုပဲ ပြောတာလို့ သတ်မှတ်ရမှာပါပဲ..။

“လှတာက မကောင်းဘူးလား…၊ မောင်ရင်ရဲ့…။”

“ကောင်းပါတယ်ဗျာ..၊ ဒါပေမဲ့ ပွဲလှရုံသက်သက်ဆိုရင်တော့… အင်း… လှတာမက်ရင် ညစာခက်ရချည်ရဲ့…။”


ZKN (19th Nov, 2012, 2:00 AM)

[အမှန်က ပွဲလှရုံသက်သက်(For show)မဟုတ်တဲ့ စစ်မှန်သောပြည်ထောင်စုအကြောင်း ရေးချင်တာ..၊ စာရှည်မှာစိုးတာတစ်ကြောင်း၊ အချိန်မရတာတစ်ကြောင်းကြောင့် နောက်မှပဲ ရေးတော့မယ်….။]


ပွဲလှရုံသက်သက်တော့ မဖြစ်ပါ..။

ဒေါင်းအမျိုးများနှင့် လိမ်လည်မှု

နိုဝင်ဘာလ ၁၉ ရက် နေ့လည် ၁၀ နာရီ ၂၂ မိနစ်အချိန်တွင် ဖားကန့်အခြေစိုက် ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ၁၀ ချက်ပစ်ခတ်ခဲ့သည်ဟု ဖားကန့်ဒေသခံများကဆိုလာပါသည်။ ၎င်းလက်နက်ကြီးများ ပစ်ခတ်ချိန်သည် ဗျူဟာကုန်းအနီးရှိ အ.ထ.က (ဖားကန့်) ကျောင်းတက်နေချိန်ဖြစ်သဖြင့် ကျောင်းသူ၊ သားများနှင့် ဆရာ၊ ဆရာမများ ကျောင်းသားမိဘများသည် ရုတ်ရုတ်သည်းသည်း ဖြစ်သွားကြပါသည်။
လွန်ခဲ့သောလအတွင်း ဗျူဟာကုန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် မှော်ဝမ်း စာသင်ကျောင်းအနီးတွင်ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသူ မဂျာဆိုင်းအိန်သေဆုံးခဲ့ရပြီး ကျောင်းသူ၊ သားများနှင့် ကျောင်းသားမိဘများ ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးပါသည်။ သို့ဖြစ်၍ ယခုအခါ ဖားကန့်ဒေသခံ ကျောင်းသားမိဘများမှာ မိမိတို့သားသမီးများ၏ အသက်အန္တာရာယ်အတွက် အလွန်စိုးရိမ်နေကြပါသည်။ လက်နက်ကြီးများပစ်ခတ်မည်ဆိုပါကလည်း စာသင်ကျောင်းများအား ပိတ်ခိုင်းထားခြင်း (သို့) ဗျူဟာကုန်းမှ မဟုတ်ဘဲ အခြားနေရာတစ်ခုမှ လက်နက် ကြီးများပစ်ခတ်မည်ဆိုပါက ကျောင်းသူ/သားများအတွက် ပို၍ လုံခြုံသည်ဟုခံစားရသည်ဟု ဒေသခံများက ပြောကြားလာပါသည်။
ယခုအချိန်အထိ KIA ဖက်မှ ဖားကန့် ပြည်သူလူထုအားသက်ညှာသောအားဖြင့် ဗျူဟာကုန်းအား တိုက်ခိုက်ခြင်းမရှိသေးပေ။  ဗျူဟာကုန်းအားတိုက်ခိုက်မည်ဆိုပါက ပြည်သူအများဒုက္ခရောက်မည်ကို စိုးရိမ်သောကြောင့်ဖြစ်ပါသည်။ ဗမာစစ်တပ်မှ ထိုအကွက်ကိုအခွင့်ကောင်းယူကာ ပြည်သူလူထုအား အကာ အကွယ်ပြုလုပ်ကာ တိုက်ခိုက်နေခြင်းဖြစ်သဖြင့် အလွန်အဆင့်အတန်းနိမ့်သော လုပ်ရပ်ဖြစ်ကြောင်း ဒေသခံများကထင်မြင်ယူဆနေကြပါသည်။ ထို့အပြင် ဆိုင်းတောင်တွင်လည်း ဗမာစစ်တပ် တပ်ရင်း (၁၆) သည် မြို့လယ်ဆေးရုံဆောက်လုပ်မည့်နေရာတွင်တပ်စွဲထားပြီး ပြည်သူလူထုအား အကာအကွယ်ယူထားပါသည်။ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်အားကာကွယ်ရမည့်အစား ပြည်သူလူထုအား ဓားစာခံ အဖြစ်ထားရှိနေခြင်း ဖြစ်ပါသည်။
တိုက်ဆိုင်စွာပင် အမေရိကန်သမ္မတ အိုဘားမားဆိုက်ရောက်သည့်အချိန်နှင့် လက်နက်ကြီး ပစ်ခတ်သည့်အချိန် မှာတိုက်ဆိုင်နေပါသည်။ ဗမာအစိုးရမှ ဆက်လက်ပြီး မည်သို့သော အလိမ်၊ အညာဇာတ်လမ်း ဆက်ခင်းမည်ကို စောင့်စားကြရအုံးမည်ဖြစ်ပါသည်။
ဗမာလူမျိုးများနှင့် လိမ်လည်မှုသည် ခေါင်းနှင့် ပန်းကဲ့သို့ခွဲခြား၍ မရပေ။  ဗမာလူမျိုးတို့ ဘုရင်အဆက်ဆက် အသုံးပြုခဲ့သော (ယခုလည်းသုံးဆဲ) ဒေါင်းအလံကိုသတိရမိပါသည်။ စာရေးသူအနေဖြင့် ခွပ်ဒေါင်း၊ က ဒေါင်းတို့၏ သွင်ပြင်လက္ခဏာကိုသေချာလေ့လာကြည့်သောအခါ ဗမာလူမျိုးများ၏ စရိုက်နှင့် အလွန်ဆင်တူနေကြောင်းတွေ့ရှိရပါသည်။ ဒေါင်းတို့၏သဘာဝမှာ လူအများကြည့်နေသော အရှေ့ဖက်တွင် အလွန်လှပစွာကနေတတ်ပြီး၊ အနောက်ဖက်တွင် ဖင်ပြောင်နေတတ်ပါသည်။ ထိုနည်းတူစွာ ဗမာအစိုးရသည်လည်း လူမြင်ရာတွင် ကြည့်ကောင်းအောင်၊ ကြားကောင်းပြောတတ်ပါသည်။ သို့သော် မည်သည့်အခါမှ ကတိတည်ခြင်းမရှိ၊ အရှက်မရှိ၊ ဂုဏ်သိက္ခာမရှိ၊ အဆင့်အတန်းမရှိ သောလုပ်ရပ်များကို ပြုလုပ်နေတတ်ခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဒေါင်းအမျိုးတို့အား အသိပေးလိုသည်မှာ “ကတော့ကပါ၊ ဒါပေမဲ့ ဖင်လုံအောင်တော့ ကပါ” လို့အကြံပြုချင်ပါတယ်။
မောင်ရှင်းလင်း
(JP kasa)

Monday, November 19, 2012

Obama speech at University of Yangon - DVB Live


how to change your facebook email address fast 2012

Tinang a Facebook account email hpe galai kau mayu yang ,gara hku galai ra ai ngu ai hpe yu hka ja sharin la ga i .

Windows 8 Activator [ALL VERSIONS] | 48 Mb

Windows 8 Activator [ALL VERSIONS]



(arkaphyo)

Working serials:

Windows 8 Professional
NG4HW-VH26C-733KW-K6F98-J8CK4
Windows 8 Professional N
XCVCF-2NXM9-723PB-MHCB7-2RYQQ
Windows 8 Enterprise
32JNW-9KQ84-P47T8-D8GGY-CWCK7
Windows 8 Enterprise N
JMNMF-RHW7P-DMY6X-RF3DR-X2BQT


Download : Tutbobit

BusinessCards MX 4.74 | 93.7 MB (Mediafire link)

BusinessCards MX 4.74

BusinessCards MX 4.74 | 93.7 MB

This program will help to design and print a professional business card. The interface of the program has been designed in such a way that even a beginning user will not have problems with using the program. The process of designing is based on inserting ready for use elements accessible in the program such as figures, images and the background, and freely shifting them on the prepared project. Another advantage of the program is the possibility of saving data about a company or people so that it can be used later while designing a business card.
.
Features:
• operating jpg, bmp, wmf graphic formats
• a dozen or so effects which can be used while working on images or on the background, for example: antialias, negative, blur, brighten and others
• quickview of the print
• the size of designed business cards: min 70x40 max 105x65
• the appearance of the interface can be changed

Download  Mediafire

Pass : whereheart8@gmail.com

ကချင် မိဘမဲ့ဂေဟာ ပေါက်ကွဲသည့်အမှု ကြန့်ကြာဆဲ

(IRWD ) ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က သီတာရပ်ကွက်ရှိ မိဘမဲ့ဂေဟာ၌ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ အိမ်ရှင် သားအဖ အပါအ၀င် စုစုပေါင်း ၆ ဦး၏ အမှုမှာ တရားလို စရဖ (စစ်ဖက်ရေးရာ လုံခြုံရေး) ဘက်မှ ရုံးချိန်းလာရောက်ရန် ပျက်ကွက်မူများ၊ ရွေ့ဆိုင်းမူများကြောင့် ကြန့်ကြာလျက်ရှိကြောင်း သတင်းရရှိသည်။
မိဘမဲ့ဂေဟာ ပေါက်ကွဲပြီးနောက် မီးလောင်နေသည့် မြင်ကွင်း
“စရဖ တွေက ရုံးချိန်းတွေဆို မလာဘူး။ ဘာလို့ မလာဘူးလို့မေးရင် တရားရုံးက ဖုန်းဆက် ထားတယ်၊ စာပို့ထားတယ်ပဲ ပြောတယ် ဒီနေ့ရုံးချိန်းလည်း မလာဘူး” ဟု အဖမ်းခံထားရသူ ဦးဒရောင် တန်ဂွန်း၏ သမီး မဒရောင် ခေါ်န်ဘူက နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဧရာဝတီသို့ ပြောသည်။
မဒရောင် ခေါ်န်ဘူ၏ ခင်ပွန်းသည်လည်း အဖမ်း ခံထားရသည်။ ယင်းအမှုကို မြစ်ကြီးနား အမှတ် ၁ ရဲစခန်းက တရားလို အဖြစ် တရားစွဲဆိုခြင်း ဖြစ်သည်။
ယင်းအမူ အတွက် တရားလိုပြသက်သေ ၃၄ ဦး စစ်ဆေးမည်ဟု တင်ခဲ့သော်လည်း အမှု အစပိုင်းတွင် ရှေ့နေအဖြစ် ဆောင်ရွက်ပေးသူ ဒေါ်ဒွဲဘူက ၁၅ ဦးကိုသာ စစ်ဆေးရန် တင်ပြခဲ့သည်။ အစိုးရသက်သေများ သည်လည်း ပုံမှန် ရုံးချိန်းလာလေ့ မရှိဘဲ ၄င်းတို့လာသည့် အချိန်တွင်မှ အမူစစ်ဆေးနေရသည်။
ပေါက်ကွဲမူ ဖြစ်ပွားသည့်အချိန်တွင် နေအိမ်တွင်မရှိဘဲ ခရီးလွန်နေသည့် အိမ်ရှင် ဦးတန်ဂွန်းကို ပေါက်ကွဲစေမူ၊ သတင်းထိန်းချန်မူ၊ လူသတ်မူ၊ လူသေမူ၊ မီးလောင်မူတို့နှင့် တရားစွဲထားသည်။ ဦးတန်ဂွန်းနှင့် အမူတွဲ ၅ ဦးကိုလည်း မြစ်ကြီးနားထောင်ကြီးတွင် ချုပ်နှောင်ထားဆဲဖြစ်သည်။
အမှုစတင်ဖြစ်ပွားစဉ်က စရဖသည် ဦးတန်ဂွန်းကို ၂၄ နာရီကြာ ကျဉ်စက်တို့၍ နှိပ်စက်ခြင်း၊ တခြားသူ ၅ ဦးကို ရိုက်နှက်ခြင်းများ ပြုခဲ့သည်ဟု မခေါ်န်ဘူက ပြောသည်။
“ထောင်ကြီးကို ရောက်သွားတော့ နှိပ်စက်တာတွေ မရှိတော့ပါဘူး” ဟု မခေါ်န်ဘူက ဆိုသည်။
ပေါက်ကွဲမူဖြစ်ပြီး ပျက်စီးသွားသည့် ဂေဟာသည်လည်း ယနေ့အထိ ပြင်ဆင်ခွင့်မရဘဲ ရှိနေသည်။ မြေစာရင်း၊ စည်ပင်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က အပြန်အလှန် လက်လွှဲနေမူကြောင့် ယင်းဂေဟာတွင်နေသည့် မိဘမဲ့ ကလေးများနှင့် အိမ်သားများမှာ ဘုရားကျောင်းတွင် သွားရောက်နေထိုင်နေရကြောင်း သိရသည်။
“အိမ်ပြင်မယ်ပြောတော့ ရပ်ကွက်လူကြီးက မပြင်ခိုင်းဘူး။ ဂရန်ပြတဲ့၊ ဂရန်က မရှိတော့ဘူးလေ။ ဒါဆိုမြေစာရင်းသွားတဲ့၊ မြေစာရင်းကို သွားတော့ စည်ပင်ထောက်ခံချက် လိုတယ်တဲ့၊ စည်ပင်က မြေစာရင်းကို ပြန်သွားဖို့ပြောတယ်။ မြေစာရင်းက ရပ်ကွက်ထောက်ခံစာ လိုတယ်၊ ဒါပေမယ့် ရပ်ကွက်လူကြီးက ထောက်ခံစာ မပေးဘူး” မဒရောင် ခေါ်န်ဘူက ပြောသည်။
ငြိမ်းချမ်းရေး ဖြစ်စဉ်များအပေါ် မူတည်ကာ အမှုအခြေအနေ ကောင်းလာနိုင်သော်လည်း လက်ရှိအခြေအနများက ရှေ့နေများပင် မှန်းဆ မရနိုင် ဖြစ်နေကြောင်း မခေါ်န်ဘူက ပြောသည်။
အမူကြန့်ကြာနေခြင်း၊ အိမ်ပြန်ပြင်ဆောက်ခွင့် မရခြင်းတို့နှင့် ပတ်သက်ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ စာတင်ထားသည်ဟု မခေါ်န်ဘူက ဆိုသည်။
ယမန်နှစ်က ဖြစ်ပွားခဲ့သည့် ယင်းပေါက်ကွဲမူကြောင့် မိဘမဲ့ကလေး ၁၀ ဦး သေဆုံးခဲ့ပြီး အယောက် ၂၀ မှာ ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ခဲ့ရသည်။

အိုဘားမား ခရီးစဉ်အတွင်း ဖားကန့်တွင် ပစ်ခတ်မှုဖြစ်

(irrawaddy)အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံ လာရောက်စဉ်နှင့် တိုက်ဆိုင်ပြီး ဖားကန့်မြို့နယ်တွင် အစိုးရတပ်က လက်နက်ကြီးများ အသုံးပြု၍ ပစ်ခတ်သဖြင့် ဖားကန့်မြို့ပေါ်က စာသင်ကျောင်း အချို့ ပိတ်ခဲ့ရကြောင်း မြို့ခံများက ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်သည်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ဖားကန့်မြို့ အခြေစိုက် အစိုးရစစ်ဗျူဟာကုန်းက ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်ဖွဲ့ များ လှုပ်ရှားရာ လမောင်ကုန်း နှင့် မော်မောင်းကုန်း ရွာများဘက်သို့ လက်နက်ကြီးများဖြင့် ယနေ့ မနက် ၁၀ နာရီခန့်က စတင်ပစ်ခတ်ခဲ့ပြီး ငှက်ပျောတော ရက်ကွက်ရှိ အထက်တန်းကျောင်း အပါအဝင် ကျောင်းအချို့ ပိတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အစိုးရ တပ်ကတော့ ဒီမြို့ပေါ်ကနေပြီး လက်နက်ကြီးတွေနဲ့ နာရီဝက်တခါခြား ပစ်နေတယ်၊ ဟိုဘက်က ပြန်ပစ် လာတာတော့ မကြားသေးဘူး၊ မြို့ပေါ်က လူတွေကတော့ ဒီအသံတွေ ကြားတော့ စိုးရိမ်မှုတွေနဲ့ပဲ သွားလာလှုပ်ရှားနေကြတာပေါ့၊ စာသင် ကျောင်း တွေတောင်ပိတ်လိုက်ပြီး ကလေးတွေကို လာကြိုခိုင်းလိုက်ပြီလေ” ဟု ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ဦးဒါချီလစိုင်းက ဧရာဝတီသို့ ပြောသည်။
ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး ဖားကန့်မြို့နယ်ရဲစခန်းက အတည်ပြုပြောဆိုခဲ့သော်လည်း ကျောင်းများပိတ်လိုက်သည့် အခြေ အနေ ကိုစုံစမ်းနေဆဲဖြစ်ကြောင်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ဧရာဝတီသို့ ပြောဆိုသည်။ မြို့ပေါ်အခြေစိုက် အစိုးရ သတင်းစာ ၏ သတင်းထောက်တစ်ဦးကလည်း အစိုးရတပ်မှ လက်နက်ကြီးများနှင့် ပစ်ခတ်မှု၊ စာသင်ကျောင်း အချို့ပိတ်ထားရမှုရှိကြောင်း ပြောသည်။
အစိုးရတပ်မှ ဦးတည်ပစ်ခတ်နေသည့် ဒေသတွင် လမောင်ကုန်း နှင့် မော်မောင်းကုန်း ကျေးရွာများရှိပြီး ဖားကန့်မြို့ပေါ်ရှိ စစ်ဗျူဟာကုန်း၏ မြောက်ဖက် ၃ မိုင်ခန့် အကွာတွင် တည်ရှိသည်။ ထိုနေရာများသည် KIA တပ်မဟာ ၂  လက်အောက်ခံ တပ်ရင်း၊ တပ်ခွဲများ လှုပ်ရှားနယ်မြေဖြစ်ကြောင်းသိရသည်။
ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်များသည် လမောင်ကုန်း နှင့် မော်မောင်းကုန်း ကျေးရွာများအတွင်းသို့ ကျရောက် ပေါက်ကွဲခြင်း မရှိကြောင်း ထိုကျေးရွာများအနီးရှိ လုပ်ငန်းခွင် ရပ်ဆိုင်းထားသော မှော်လုပ်ကွက်များနှင့် တောစပ်များ ထဲတွင်ကျမှန် ပေါက်ကွဲခဲ့ကြောင်း ဒေသခံ ရွာသား များက ပြောသည်။
“နှစ်ဖက်ရင်ဆိုင်တိုက်ပွဲတော့မဟုတ်ဘူး၊ ဟိုဖားကန့် ဗျူဟာကုန်းကနေပြီးတော့ အစိုးရတပ်က လက်နက်ကြီးနဲ့ ထုနေတာ၊ ရွာကိုတော့မထိပါဘူး၊ ဒါပေမယ့် ရွာသားတွေကတော့ ကြောက်တာပေါ့နော်၊ ညနေပိုင်းအထိတော့ ထပ်ပစ်တာ မရှိတော့ဘူး” ဟု လမောင်းကုန်း ကျေးရွာခံ ဦးဘဝင်း က ဧရာဝတီသို့ ပြောသည်။
မကြာခင်ရက်ပိုင်းကလည်း အဆိုပါရွာများအနီးတွင် အစိုးရတပ်ရင်းများတွင် တပ်အင်အားနှင့် လက်နက်ခဲယမ်း အင်အား ဖြည့်တင်းမှု ပြုလုပ်လျက်ရှိပြီး နှစ်ဖက်တင်းမာလျက်ရှိပြီး တိုက်ပွဲများဖြစ်ပွားလာနိုင်သော အလားအလာရှိကြောင်း KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ခွဲမှူး ဗိုလ်ကြီး ဦးလဒွဲ က ဧရာဝတီသို့ပြော ယခုလ ၁၆ ရက်နေ့က ပြောဆို ခဲ့သေး သည်။
ဖားကန့်မြို့နယ်အတွင်း၌ အစိုးရတပ်များနှင့် KIA တို့အကြား ယခုနှစ် သြဂုတ်လ ၂၄ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ သဖြင့် ဒေသတွင်းရှိ ဗလခ၊ စိုင်းတောင်၊ မှော်မောင်းကုန်း၊ မှော်ဝန်းကြီး၊ မှော်ဝန်းလေး၊ ရှရော်ခ၊ စိုင်းဂျာဘုံ၊ လမောင်းကုန်း၊ မြောက်ဖြူနှင့် သန်းကြွယ် အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ ၈ ထောင်ကျော်သည် အိုးအိမ်များကို စွန့်ကာ ဖားကန့်မြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံခဲ့ကြရသးသည်။
အဆိုပါဒုက္ခသည် အများစုမှာ နေရပ်ရင်းသို့ ပြန်သွားကြပြီး ကယ်ဆယ်ရေး စခန်း ၈ ခုတွင် ၂၀၀၀ ကျော်သာ ကျန်ရှိတော့ ကြောင်း ဖားကန့်မြို့ပေါ်အခြေစိုက် ဒုက္ခသည်ကယ်ဆယ်ရေးစခန်း တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။
ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် KIA တို့အကြား ၂၀၁၁ ဇွန်လ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် KIO ထိန်းချုပ်မှုအောက်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြသော စစ်ပြေးဒုက္ခသည် ယခုအချိန်တွင် ၆၃၀၀၀ ကျော်ရှိပြီး အစိုးရ ထိန်းချုပ်မှုအောက်ရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မန်စီ မြို့နယ်များတွင် ဒုက္ခသည် ၃၄၀၀၀ ကျော် ရှိကြောင်း ကချင်ဒုက္ခသည် စခန်းများကော်မတီ က ပြောသည်။
KIO နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ ယခင်လကုန်ပိုင်းက တရုတ်-မြန်မာ နယ်စပ်ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ထိရောက်သည့် ဆုံးဖြတ်ချက်ပေါ်ထွက်လာနိုင်ခြင်းမရှိဘဲ နှစ်ဖက်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေလျက်ရှိသည်။
ယနေ့မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အမေရိကန် သမ္မတအိုဘားမားက မြန်မာနိုင်ငံအနေဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေး မရှိဘဲ ပြုပြင်ပြောင်းလဲရေး အောင်မြင်မည်မဟုတ်ကြောင်း ရန်ကုန်တက္ကသိုလ်တွင် ပြောဆိုခဲ့သော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

အထူး ထိုးစစ်ဆင်ရန်ညွှန်ကြား

ဖားကန့်မြို့ ဗျူဟာမှူးရုံး မှ အောက်ခြေတပ်ရင်းသို့ စစ်ဆင်ရေးအတွက် အဆင်သင့် ပြင်ဆင်ထားရန် နိုဝင်ဘာလ(၁၅)ရက်နေ့ က ညွှန်ကြားထားကြောင်း သိရသည်။ ယင်းသို့ ညွှန်ကြားချက်တွင် KIA တပ်ရင်း(၆) တပ်တည်ရာ ကံဆီးရွာ ကို အမြစ်ပြတ်ချေမှုန်းရန်အတွက် ရိက္ခာလက်နက်ပစ္စည်းများ ရောက်ရှိပြီဖြစ်၍ မကြာမှီကာလအတွင်း ခလရ၊ ခမရ (၅၂)၊ (၃၄၇)၊ (၁၆)၊ (၂၂၉)၊ (၂၂၈)၊ (၃၈၃)၊ (၃၁၈)တပ်ရင်း များအားလုံး ပူးပေါင်းဖြန့်ခွဲ၍ အထူးထိုးစစ်ဆင်စနစ်ဖြင့် စစ်ဆင်ရေးပြုလုပ်သွားမည် ဖြစ်သဖြင့် မိမိတပ်များ လက်နက်ကြီး၊ လက်နက်ငယ် ခဲယမ်းများ အဆင်သင့် ပြင်ဆင်ထားရန်ဟု ညွှန်ကြားကြောင်း သိရှိရသည်။
ဖားကန့်ဒေသတွင် ၁၂၀ မမ၊ ၈၁ မမ လက်နက်ကြီးများကို အမြောက်တပ်ရင်း(၂၀၈) က တောင်ကုန်း (၂)ခုတွင် နေရာဖြန့်ချထားပြီး ဖြစ်သည်။ အထူးထိုးစစ်ပြုလုပ်ရန်အတွက် လိုအပ်သော ရိက္ခာ၊ လက်နက် ပစ္စည်းများကို နိုဝင်ဘာလ(၁၃)ရက်နေ့ စတင်ကာ စစ်ယာဉ်(၅၀)ခန့်နှင့် စတင်ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲသတင်း (November-18)

  • နိုဝင်ဘာလ(၁၇)ရက်နေ့တွင် ၀ိုင်းမော်မြို့အခြေစိုက် ခလရ(၅၈)စစ်ကြောင်းနှင့် KIA တပ်ရင်း(၃) တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားရာ မြန်မာအစိုးရစစ်ကြောင်းဘက် အကျအဆုံးများကြောင်း သိရှိရသည်။
  • မန်စီမြို့နယ်၊ မဂျီကုန်းဒေသသို့ အင်အားဖြည့်တင်းရန် စစ်ကြောင်းချီလာသော ခမရ(၁၅)တပ်ဖွဲ့နှင့် KIA တပ်ရင်း(၁၂)တပ်ဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ မြန်မာအစိုးရစစ်ကြောင်း သည် တပ်ပျက်သွား ကာ ကစဉ်ကလျားထွက်ပြေးသွားခဲ့သည် စစ်အသုံးအဆောင်ပစ္စည်းများ အများအပြားသိမ်းဆည်းရမိ ကြောင်း သိရှိရသည်။
  • နိုဝင်ဘာလ(၄)ရက်နေ့တွင် KIA တပ်မဟာ(၁)ဒေသအတွင်း ၀င်ရောက်စစ်ဆင်ရေးလှုပ်ရှားနေသော တပ်မ(၃၃)လက်အောက်ခံတပ်ရင်း တပ်ဖွဲ့ နှင့် KIA တပ်မဟာ(၁)တပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားရာ မြန်မာအစိုးရတပ်ဖွဲ့ဝင်(၆)ဦး ကျဆုံးပြီး (၅)ဦးခန့် ဒါဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။

ကြိုးဆွဲလေတံခွန် (သို့) ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖ်ာဆောင်မှုကော်မတီတဲ့ အဓိကရည်မှန်းချက်တွေက ဘာတွေပါလဲ.. တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့စည်းလုံးညီညွတ်မှု ခိုင်မာတည်ငြိမ်အေးချမ်းပြီး သာယာဝပြောသည့် အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ဆိုလားဘဲ.. တိုင်းရင်းသားအချို့က ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ဒီမိုကရေစီတဲ့၊ အချို့သောသူတွေက သီးခြားလွပ်လပ်တဲ့ စနစ်သစ်၊ နိုင်ငံသစ်ဆိုတဲ့မျှော်မှန်းချက်တွေထိရောက်နေပြီနော်…
ယခုတက်လာတဲ့ လွတ်တော်အစိုးရက ဖွဲ့ပေးလိုက်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဆိုတာ ပြည်ထောင်စု အဆင့်ဆိုတဲ့ သတ်မှတ်ချက်နှင့် သေချာပေါက်ကိုက်ညီမှုရှိတဲ့ အဖွဲ့အစည်းလား စဉ်းစားပြီး လုပ်ကြပါနော် (ပြည်ထောင်စုအဆင့် ဆိုတာပေါ့သေးသေးမဟုတ်ဘူး အထွဋ်အထိပ်မှာရှိပြီး လုပ်ပိုင်ဆုံးဖြတ် ပိုင်ခွင့် အတော်အတန် အသင့်တော့ ရှိကြမယ်လို့ ထင်ပါတယ်)။
တကယ်တမ်းကျတော့ စစ်တပ်ကိုတောင်မပိုင်တဲ့ ဖင်မနိုင်ပဲဟင်းစားသူများနဲ့ တူနေသလို တမင်သက်သက် အခြားတဖက်မှ စစ်ရေးဖြင့် ဖိအားပေးပြီး မိမိလိုရာသို့ မရောက်ရောက်လာအောင် ခြောက်တချီ၊ မြှောက် တလှည့်၊ ချော့တခါ ပုံစံဘဲလား။ ဒါဆိုရင် ဘယ်သူပိုပြီး အထိနာမလဲ ဆိုတာ သင်ခန်းစာရပြီးသားတွေမို့ မပြောတတ်တော့ပါဘူး။ တိုင်းရင်းသားအဖွဲ့အစည်းတွေ နိုင်ငံရေးကစားကွက်အားလုံးကျွမ်းဝင်နှံ့စပ်ပြီး သူများမို့ ဒီအကွက်တွေအသာထားပြီး မြန်မာ့နိုင်ငံရေးလမ်းကြောင်းများရဲ့ သမိုင်းပုံရိပ်ဖြစ်စဉ်အမှန်များကို တိတိကျကျ မှန်မှန်ကန်ကန် သုံးသပ်ပိုင်းခြားပြီး တိုင်းရင်းသားများ၏ လိုအင်ဆန္ဒအမှန်နှင့် ကိုက်ညီမည့် မူဝါဒ ဦးစွာချမှတ်ဆောင်ရွက်အကောင်အထည်ဖော်ပါ။ (နောက်ဆက်တွဲ လိမ်လည်လှည့်ဖြားမှု မပါစေနဲ့နော်)
အစိုးရဆိုတာက မိဘလိုပါဘဲ၊ သားသမီးတစ်ဦးချင်းစီရဲ့ အလေ့အထ၊ အကျင့်စရိုက်၊ စိတ်ဆန္ဒတွေက ဘာလဲဆိုတာဃဂဏနသိထားရမှာလေ၊ မိဘနေရာမှာနေပြီး သားသမီးအချင်းချင်းကိုခွဲခြားဖိနှိပ်၊ အခွင့်အရေးပေး ပုံစံချင်းကွဲပြားနေလို့လဲ မဖြစ်ဆိုတော့ ဒီကနေ့သားသမီးတွေအားလုံးစုစည်းလို့နေပါပြီ၊ မိမိတို့ဆန္ဒ အမှန်သဘောထားတွေကို ဖော်ထုတ်တိုက်ပွဲဝင်နေပုံချင်းလဲ ကိုက်ညီနေပြီမို့ သားသမီးအပေါ် သည်းခံခွင့်လွတ် လိုက်လျောတန်လိုက်လျောပြီး လိုအင်ဆန္ဒတွေနားလည် သဘောပေါက်အောင် အရင်လုပ်ပါ၊ ပြီးတော့ အားလုံးကိုတန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်တွေပေးပြီး စိတ်ချမ်းသာ ကျေနပ်မှုရှိအောင် ဆောင်ကျဉ်းသွားပါ။
အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေတိုင်းရင်းသားဒေသတွေမှာ နေ့တဓူဝဆိုသလို အချိန်နှင့် တပြေးညီဖြစ်ပျက်နေတာကိုသိသိကြီးနှင့် မသိကျိုးကျွံပြုရုံမက တမင်တကာဖန်တီးနေပြီးနေပြီး နိုင်ငံတကာ အလယ်မှာ လိမ်ကြဦးမှာလား၊ အပစ်အခတ်ချက်ခြင်း ရပ်လိုက်ပါ၊ တပ်များမူလနေရာထိဆုတ်ပေးပြီး၊ မူလတပ်အင်အားအတိုင်းထားရှိပါ၊ ယုံကြည်မှုကိုဦးစွာအချိန်ယူတည်ဆောက်ပြီးမှ စစ်မှန်သော နိုင်ငံရေး ဆွေနွေးပွဲစကားဝိုင်းသာလျှင် ပြဿနာအရပ်ရပ်ကို ဖြေရှင်းပေးနိုင်မည်ဟုယုံကြည်ပါသည်။ တိုင်းရင်းသား အဖွဲ့အစည်းများကို အပြစ်တင်မစောကြပါနှင့်၊ ခေါင်လှုံရင်တော့မိုးမယိုတော့ပါဘူး၊ ခေါင်မိုးကတော့ ထာဝရလှုံခြုံဖို့တော့ လိုလိမ့်မယ်နော်၊
အခုလည်းအမေရိကန်သမ္မတအိုဘားမားလာမယ် တိုင်းရင်းသားအရေးကိစ္စ၊ အမျိုးသားပြန်လည် သင့်မြတ် ရေးနှင့် ရင်ကြားစေ့ရေး ကိစ္စတွေကို ရွှီးမနေကြနဲ့ဦး သမ္မတကြီးကမှ ကျွန်တော်တို့ ပြည်တွင်းရေး ခင်ဗျားတို့ထက်ကောင်းကောင်းပိုသိနေသေးတယ်၊ ဆင်ခြေဆင်လက်တွေပေးပြီး ဆွေးနွေးလို့ကတော့ တိုင်းရင်းသားအရေးကိစ္စ၊ ပြည်တွင်းရေးကိစ္စအ၀၀တွေဟာ နာတာရှည်ရောဂါကုမရသလို ဆက်ဖြစ်သွားမှာ မြင်ယောင်မိသလို၊ သက်ဆိုင်သူတို့ရေ မလိမ်၊ မဖြီးဖြန်းကြပါနဲ့နော်.. အရည်မရ၊ အဖတ်မရ ရှက်စရာ ဖြစ်နေပါတော့မည်။
ကြိုသိ (ကချင်မြေ) (JP kasa)

မြန်မာနိုင်ငံမှာ ပြဿနာပိုကြီးသွားဖို့ ရှိတယ်


ပြည်သူတွေ ဖွံ့ဖြိုးဖို့ နေရာမရှိ

လူတွေ အကောင်းမြင်နေတဲ့အချိန်မှာ အဆိုးမြင်ဖို့ အခက်သားဗျ။ ဒါပေမဲ့ မြင်တာကို မြင်တယ်လို့ မှတ်ဆိုသလို မှတ်တာကို ရေးကြည့်မယ်။ မြန်မာနိုင်ငံရဲ့အဖြစ်ဟာ အိုင်မာကြီးပေါက်နေသလိုပဲ။ အနာကို မခွဲရင်လည်း သွေးပုပ်တွေက ထွက်မလာ၊ ခွဲပြန်တော့လည်း အနာကျက်ဆေးက မရှိ၊ သူ့ဟာသူ ကျက်ဖို့ကလည်း ခရိုနီတွေက ဆီချိုသမားဆိုတော့ ပြည်သူတွေမှာ ခုခံအားက မရှိ ဖြစ်နေတယ်။ အရာရာတိုင်းဟာ ခရိုနီလက်ထဲမှာဆိုတော့ ပြည်သူတွေအတွက် ဖွံ့ဖြိုးဖို့ မရှိဖြစ်နေတယ်။


မူအရ မှားတယ်

လက်ရှိမြန်မာနိုင်ငံရဲ့အပြောင်းအလဲဟာ အခြေခံဥပဒေအရ မပြောင်းလဲသေးဘူး။ ပြောင်းလဲချင်စိတ်ရှိတယ်လို့ ပြောနေပေမဲ့ ပုဂ္ဂိုလ်ရေးအရပဲ ပြောင်းနေကြတာပါ။ မြန်မာ့နည်းမြန်မာ့ဟန်အရပဲ ပြောင်းနေကြတာပါ။ မူအရ ဘာမှ မပြောင်းလဲသေးဘူး။

ဥပမာတစ်ခု ပြောရရင် အမေရိကန်ရောက်မြန်မာတွေကို ကြည့်ရအောင်ပါ။ သူတို့က တရားဝင်ငွေတိုးငွေချေးခြင်းကို သိပ်မလုပ်ကြဘူး။ တရားမဝင်ဘဲ လုပ်ကြတာများတယ်။ နောက်ပြီး အမေရိကန်တွေ လုပ်သလို ချက်လက်မှတ်တွေကို မသုံးကြဘူး။ ငွေသားများကိုပဲ သုံးကြတယ်။ ငွေသားသုံးရင် ပိုလွယ်တယ်လို့ ထင်မှတ်ကြတာကိုး။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ညစ်ပတ်ကြတဲ့အခါမှာ သက်သေက မရှိ၊ ဥပဒေအရ တိုင်တောဖို့ကလည်း မလွယ်ကူတော့ ညစ်ပတ်သူက သာမြဲသာနေပါတော့တယ်။

လက်ရှိအစိုးရခင်းကျင်းတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ ချက်လက်မှတ်မသုံးဘဲ ငွေသားကို နားလည်မှုနဲ့ လုပ်နေတယ်လို့ ထင်ပါတယ်။ ဒီချုပ်ရော သိန်းစိန်တို့ပါ ဥပဒေအရ အာမခံချက်မထားကြပါဘူး။ ဦးအောင်မင်းတို့လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းဆိုသဟာလည်း ဘာအာမခံချက်မှ မရှိပါဘူး။ အရင်က ဗိုလ်ချုပ်ကြီးခင်ညွှန့် လုပ်ဖူးတဲ့နည်းအတိုင်းပါပဲ။ သူမရှိတော့တာနဲ့ ရေစုန်မျောပြီ။


ပွင့်လင်းကာစ

လောလောဆယ်မှာ ပွင့်လင်းကာစဖြစ်လို့ အုံကြွမှု သိပ်မဖြစ်ဘူး။ ဒါပေမဲ့ ပြဿနာက လျှော့သွားတာ ဘာတစ်ခုမှ မရှိဘူး။ ရခိုင်အရေးအခင်းဟာ အစိုးရပယောဂပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဒါက ဥပမာတစ်ခုပါ။ ကချင်ကိစ္စမှာ အစိုးရက တိုက်ရိုက်ပါနေတော့ အနာပေါက်ဖို့အစပဲထင်ပါတယ်။ အတိုက်အခံတွေနဲ့တိုင်းရင်းသားတွေက ၂၀၁၅ ခုကို မျှော်နေကြတယ်။ ဒီလိုမျှော်နေအောင်လည်း ကာလုံက အကွက်ဆင်ထားပြီသားပဲ။ ဒါပေမဲ့ ၂၀၁၅ မှာ ဒီချုပ်က ရွေးကောက်ပွဲကို နိုင်လိုက်တာနဲ့ ပွဲက ပြီးပြီလို့ ထင်ပါသလား။ မဟုတ်ပါ။ ပြဿနာအစစ်အမှန်က အဲဒီမှာ စမှာပါ။


ဒီချုပ်နဲ့ပြည်ခိုင်ဖြိုး ဘာထူးလဲ

မြန်မာပြည်မတိုးတက်ခြင်းမှာ ပြည်တွင်းစစ်ကြောင့်လို့ သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမဲ့ လောလောဆယ်မှာ အစိုးရရော အတိုက်အခံများပါ တိုင်းရင်းသားအရေးကို ပထမဦးစားပေးအနေနဲ့ မလုပ်ကြသေးပါဘူး။ သူတို့အနေနဲ့ စီးပွားရေးကိုပဲ ပိုစိတ်ဝင်စားနေကြပါတယ်။ တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို ဖွင့်ပေးမဲ့အစား စီးပွားရေးပိတ်ဆို့မှုကိုပဲ ပွင့်အောင် သူတို့ဝိုင်းတွန်းကြပါတယ်။ ဒီနေရာမှာ ဒီချုပ်နဲ့ပြည်ခိုင်ဖြိုး ဘာမှမထူးပါဘူး။


တကိုယ်ကောင်းသမားတွေ

ကချင်ကို ထိုးစစ်ဆင်တာကို ကြည့်ရင် ဗဟိုအစိုးရအနေနဲ့ ဘယ်လောက်တကိုယ်ကောင်းဆန်သလဲဆိုတာ တွေ့ရမှာပါ။ U.N.F.C. နဲ့ ထိုင်းမှာ တွေ့ကြမယ်ဆိုတော့ U.N.F.C. သေးသိမ်သွားအောင် လုပ်ခဲ့ပါသေးတယ်။ တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီး ၂၀၀၈ ခုဥပဒေရှိ အခန်းငယ်တစ်ခန်းကိုပဲ ပြင်ဖို့ ကြိုးစားတဲ့ လွှတ်တော်လည်း တကိုယ်ကောင်းဆန်တာပဲ။ သူတို့ဟာ ဗဟိုပြုတွေးခေါ်တဲ့စနစ်၊ တကိုယ်ကောင်းဆန်တဲ့စနစ်နဲ့ပဲ ရင်းနှီးခဲ့လို့ သူတို့ပေးမှ ရမယ်ဆိုတဲ့စိတ်ဓာတ်ကို မပြင်နိုင်ကြသေးပါဘူး။ ပြည်ထောင်စုကို သူတို့ပိုင်တယ်လို့ ယူဆထားသလိုပဲ။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်အကျယ်ချုပ်ရောက်နေတုန်းကနဲ့ မတူဘဲ အများကြီးပြောင်းလဲသွားတယ်။ အရင်တုန်းက တိုင်းရင်းသားပါတီများနဲ့ လက်ပွန်းတတီး နေခဲ့ပေမဲ့ ကျေညာချက်ပေါင်းများစွာကို စွန့်ခွာလိုက်တဲ့အခါမှာ လိုအပ်တဲ့ရှင်းပြမှုတွေကို တိုင်းရင်းသားခေါင်းဆောင်များ မရခဲ့ကြပါဘူး။ အထူ့းသဖြင့် စစ်အစိုးရခေါင်းဆောင်များနဲ့ ပူးပေါင်းလိုက်တဲ့အခါမှာ တိုင်းရင်းသားများနဲ့ ခပ်ခွာခွာ အနေကျဲလာတာကို လေ့လာသူတိုင်း တွေ့ရမှာဖြစ်တယ်။ တိုင်းရင်းသားပါတီများဟာ သိန်းစိန်နဲ့တွေ့နိုင်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့နိုင်ဖို့ လျှောက်လွှာတင်ရမလို ဖြစ်နေပြီ


ညီမျှခြင်းက အတူတူပါပဲ

မြန်မာလူမျိုးနဲ့တိုင်းရင်းသားလူမျိုးများဟာ စစ်အစိုးရရဲ့ ဖိနှိပ်မှုအောက်မှာ နှစ်ပေါင်း(၅၀)ကျော် အတူနေခဲ့ရတာ မှန်ပါတယ်။ ဒါပေမဲ့ နည်းနည်းမတူတာက မြန်မာများဟာ လူမျိုးအရ၊ ဘာသာစကားအရ၊ ကိုးကွယ်မှုအရ နှိပ်ကွက်ခြင်း မခံရပါဘူး။ လူ့အခွင့်အရေးဆုံးရှုံးမှုအရသာ ဖိနှိပ်ခြင်းခံခဲ့ကြရတာ ဖြစ်တယ်။ တိုင်းရင်းသားလူမျိုးများဟာ လူမျိုးရေးအရလည်း နှိပ်ကွပ်ခြင်းခံခဲ့ကြရတယ်၊ ဘာသာစကားအရလည်း ပိတ်ပင်ခြင်းခံခဲ့ကြရတယ်၊ ကိုးကွယ်မှုအရလည်း ကန့်သတ်ခြင်းခံခဲ့ကြရတယ်။ ဒီအကျိုးဆက်အရ ဥပမာ မော်လမြိုင်မြို့မှာ အင်္ဂလိပ်လက်ထက်မှာ မွန်လူဦးရေက အများဆုံးပါ။ မြန်မာလူဦးရေက အနည်းစုပါ။ အခုအခါမှာ မြန်မာလူဦးရေက အများစုဖြစ်သွားပါတယ်။ ဒါဟာ ဖိနှိပ်မှုအသီးအပွင့်ကို မြန်မာလူမျိုးများ ခံစားစံစားရတဲ့အဖြစ်ပါ။

ဒီချုပ်က အာဏာရခဲ့ရင်လည်း တကယ်လို့ အနုနည်းနဲ့ ဗဟိုပြုစနစ်ကို ကျင့်သုံးနေကြဦးမယ်ဆိုရင်၊ တိုင်းရင်းသားလူမျိုးများဟာ အရင်တုန်းကလိုပဲ အခွင့်အရေးကို ဆုံးရှုံးနေကြရဦးမယ်ဆိုရင် ဒါဟာ ထပ်တူထပ်မျှ အနှိမ်ခံရခြင်းပဲဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုများရဲ့ လူမျိုး၊ ဘာသာစကား၊ သာသနာကို ဒီချုပ်က လေးစားကြောင်း၊ ကူညီစောင့်ရှောက်မှုရှိကြောင်း လက်ရှိအချိန်အထိ ဘာတစ်ခုမှ လုပ်မပြနိုင်သေးပါ။ တကယ်လို့ ရွေးကောက်ပွဲ လုပ်ခဲ့ရင် တိုင်းရင်းသားလူမျိုးများရဲ့ မဲဆန္ဒနယ်များကို ပြည်ခိုင်ဖြိုးနိုင်ခြင်းနဲ့ ဒီချုပ်နိုင်ခြင်း ဘယ်လိုကွာလဲ။ ညီမျှခြင်းက အတူတူပါပဲ။


ပြဿနာပိုကြီးဖို့ရှိ

လက်ရှိ ၂၀၀၈ ဥပဒေကို မပြင်ဘဲ ၂၀၁၅ ရွေးကောက်ပွဲကို လုပ်ခဲ့ရင် ရွေးကောက်ပွဲပြီးသွားတာနဲ့ ပေါက်ကွဲမှုတွေ ဖြစ်ဖို့အဆင်သင့်ဖြစ်နေမှာပဲ။ ၂၀၀၈ ရွေးကောက်ပွဲမှာ ဒီချုပ်အနိုင်ရဖို့ သေချာတယ်။ ဒီလိုအနိုင်ရခြင်းမှာ

၁။ နိုင်ငံရေးရဲ့အဖြေတစ်ခု မဟုတ်ဘူး။ အဲဒီအဖြေအတွက် လမ်းစပဲ ဖြစ်တယ်။ ရွေးကောက်ပွဲမှာ ရှုံးသွားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ ကာလုံအဖွဲ့ဝင်တွေကို ဒီချုပ် မထိန်းနိုင်ခဲ့ရင်
၂။ ပါလီမာန်မှာ တိုင်းရင်းသားများအတွက် တန်းတူရေးကို မဖော်ဆောင်နိုင်ခဲ့ရင်
၃။ ပါတီအုပ်ချုပ်ရေး လျှော့ရဲနေခဲ့ရင်

လက်ရှိပြဿနာများဟာ ပိုမိုကြီးထွားလာဖို့ ရှိတယ်။ နိုင်ငံရေးမှာ မဟာမိတ်ရန်သူ ဟူသည်မရှိ။
(by: Ven re..)

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .