Social Icons

Sunday, November 4, 2012

ဒီမိုကရေစီနှင့်လူ့အခွင့်အရေး

ဒီမိုကရေစီ၏အချုပ်သဘောမှာ လူတို့ ၏မူလအခွင့်အရေးကို အသိအမှတ်ပြုခြင်းဖြစ်သည်။ လူ့ အခွင့်အရေးဆိုသည်မှာလည်း လူလူချင်းတူညီသည်ဟူသော သဘောဖြစ်ပြီး၊ လူတိုင်းသည်တရားဥပဒေရှေ့ တွင် တူညီသောအခွင့်အရေးရှိသည်။ တရားဥပဒေ၏အကာအကွယ်ကို လူတိုင်းညီတူညီမျှခံစားရမည်ဟူသော သဘောထားမှာ လူ့ အခွင့်အရေးတွင် လွန်စွာမှအရေးကြီးပါသည်။ 



ဒီမိုကရေစီနိုင်ငံထူထောင်မည်ဆိုပါက ကမ္ဘာ့ ကုလသမဂ္ဂမှထုတ်ပြန်ထားသော လူ့ အခွင့်အရေးကြေညာစာတမ်းပါ အချက်(၃၀) ကိုလက်ခံကျင့်သုံးရပါသည်။ ဒီမိုကရေစီစနစ်ကိုထူထောင်မည်၊ သို့ သော်ကုလသမဂ္ဂကြေညာစာတမ်းပါ လူ့ အခွင့်အရေးကို ပိတ်ပင်မည်ဆိုပါက လိမ်ညာမှုတစ်ရပ်သာဖြစ်သည်။

လူသည်မွှေးလာကတည်းက အလိုချင်ဆုံးဆန္ဒမှာ အသက်ရှင်သန်လိုမှုဖြစ်သည်။ ဘ၀ရှင်သန်ရန်အတွက် ဘ၀လုံခြုံမှုရှိရပါသည်။ လုံခြုံမှုအာမခံချက်မပေးပါက လူ့ အသက်တစ်ချောင်းသည် အကြောင်းမဲ့ဆုံးရှုံးမည်သာဖြစ်သည်။ ထို့ ပြင်လူသည်လွပ်လပ်လိုသည်။ ကိုယ့်တိုင်းကိုယ့်ပြည်နှင့် နေလိုသည်။ ထို့ ကြောင့်လည်း နိုင်ငံလွပ်လပ်ရေးအတွက် နယ်ချဲ့ တောလှန်ရေးများဆင်နွဲပြီး လွပ်လပ်သောနိုင်ငံတောများတည်ထောင်သလို၊ လူမျိုးရေးလွပ်လပ်မှုကိုလည်း လိုချင်သည်မှာလူ့ သဘာဝဖြစ်သည်။ လူ့ စိတ်ဆန္ဒမှာဆန်းကျယ်သည်။ လူသည်လွပ်လပ်လိုမှုရှိသည်မှန်သောလည်း လူသူကင်းမဲ့သောတောတောင်တွင် တစ်ဦးတည်းသွားရောက်နေထိုင်လိုခြင်းမပြုလိုပေ။ လူများရှိသောနေရာတွင် လူများနှင့်အတူနေထိုင်ရင်း လွပ်လပ်မှုကို ခံစားလိုသည်။ ဥပမာ-အိမ်များတွင်ခြံစည်းရိုးခတ်ထားခြင်းသည် လွပ်လပ်မှု၏သင်္ကေတတစ်ခုဖြစ်သည်။ နေအိမ်များဆောက်လုပ်ပါကလည်း အခန်းထည့်ရပါသည်။ ကိုယ့်အခန်း၊ သူ့ အခန်းဟူ၍သတ်သတ်မှတ်မှတ်ရှိလိုပါသည်။ ထို့ အတူနိုင်ငံများသည်လည်း ခြံစည်းရိုးများမခတ်နိုင်သည့်တိုင် သူ့ နိုင်ငံ၊ ကိုယ့်နိုင်ငံဟူ၍သတ်မှတ်ထားခြင်းမှာ လွပ်လပ်လို မှုကိုပြသခြင်းဖြစ်သည်။ ကိုက်ပိုင်ပြဌန်းခွင့်တောင်းခြင်း၊ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးလိုခြင်း စသည်များသည်လည်း လွပ်လပ်လိုမှုကိုပြသခြင်းဖြစ်သည်။ (ကိုယ့်ကံကြမ္မာကိုအခြားသူက ဘာမသိ၊ ညာမသိလာဖန်တီးခြင်းကို လူများမနှစ်သက်ပေ။ မြန်မာနိုင်ငံရှိလူမျိုးများသည် ဗြိတိသျှကိုလိုနီဘ၀တွင်မနေလိုသည်လည်း ထိုသဘောတရားဖြစ်သလို လူမျိုးတစ်မျိုးအောက်တွင် မနေလိုခြင်းသည်လည်း လွပ်လပ်မှုကိုအခြေခံခြင်းဖြစ်သည်။)

 မည်သူမျှနှိပ်စက်ညှင်းပန်းမှုကို မခံလိုကြပါ။ ထိုအချက်သည်လည်း လူ့ အခွင်အရေးတွင် ကြီးမားသောပြဌန်းချက်ဖြစ်သည်။ မည်သူမှနှိပ်စက်ညှင်းပန်းခြင်းမခံစေရ၊ ကျေးကျွန်ပြုခြင်းမခံစေရ၊ အဓမ္မလုပ်အားပေးစေခိုင်းခြင်းမခံစေရ၊ သက်သေခိုင်လုံစွာတင်ပြနိုင်ခြင်းမရှိသေးသ၍ စွပ်စွဲခံရသူသည် အပြစ်ကင်းသည်ဟုယူရမည်ဟု လူ့ အခွင့်အရေးတွင်ပြဌန်းထားသည်။

ထို့ အပြင် လူ့ အခွင့်အရေးတွင် အရေးပါသောလွပ်လပ်စွာ စဉ်းစားတွေးခေါာခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ လွပ်လပ်စွာစီတန်းလှည့်လည်ခွင့်၊ စုဝေးခွင့်၊ လွပ်လပ်စွာအသင်းအဖွဲ့ (သို့ ) အစည်းအရုံးများဖွဲ့ စည်းဆောင်ရွက်ခွင့်၊ တို့ဖြစ်သည်။ ပြည်သူများရွှေးချယ်ထားသောပြည်သူ့ အစိုးရဆိုပါက ထိုအစိုးရ၏ ဆောင်ရွှက်မှုမှန်ကန်၏လောဆိုသည်ကို ပြည်သူများကအမြဲတမ်းဆန်းစစ်နေရမည်ဖြစ်ပြီး အကယ်၍ ဦးတည်ချက်လွဲမှားပါက အစိုးရကိုဝေဖန်ပြောဆိုခြင်းရှိမှသာလျှင် ဒီမိုကရေစီ၏အနှစ်သာရကိုဖော်ဆောင်နိုင်မည်ဖြစ်သည်။   
                    
(ရှေ့ နေ လဖိုင်ဇော်ဆမ် ၏ဆောင်းပါးမှကောက်နုတ်)
(KBC LABAU MAZING KOIMITI A  (8) lang na HKAW TSUN HPAWNG hta na Tara Kasa Lahpai Zau Sam [YGN] a gangau hpe bai kahtap garan dat ai re .)

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .