Social Icons

Friday, November 16, 2012

မြန်မာအစိုးရစစ်တပ် အင်အားတိုးမြှင့်

(myitkyina)တစ်နှစ်ကျော်ကြာမြင့်ပြီဖြစ်သော ကချင်ဒေသတွင်ဖြစ်ပွားနေသော တိုက်ပွဲများ အရှိလျှော့သွားရန် မဖြစ်နိုင် သေးချေ။ မြန်မာအစိုးရစစ်တပ်များကို ကချင်ဒေသသို့ ဆက်လက်ပို့ဆောင်နေကြောင်း သိရှိရသည်။ တစ်နှစ်ကျော်ကာလအတွင်း ကချင်တပ်မတော် (KIA) နှင့် ရင်ဆိုင်တိုက်ပွဲဝင်နေသော မြန်မာအစိုးရစစ်တပ် တပ်ရင်းပေါင်း(၁၁၀)ခန့် ရှိနေကြောင်း သိရသည်။
ယခုတစ်ဖန် စစ်ကိုင်းတိုင်း ရွာထောင်မြို့ အခြေစိုက် တပ်မ(၃၃)မှ နည်းဗျူဟာ(၃၃၁)နှင့်(၃၃၂)လက်အောက်ခံ ခလရ(၄)၊ (၄၂)၊ (၇၆) ခမရ(၁၁)၊ (၁၂)၊ (၁၃)၊ (၁၁) တပ်ရင်းများကို နိုဝင်ဘာလဆန်းမှ စတင်ကာ ကချင်ပြည်နယ်သို့ ထပ်မံပို့လွှတ်လိုက်ကြောင်း သိရှိရသည်။ အထက်ပါ တပ်ရင်း(၇)ရင်းသည် ဆွမ်ပရာဘွမ်၊ ပူတာအို ဒေသတခွင် ပွင့်လင်းရာသီကာလတလျှောက် စစ်ဆင်ရေးပြုလုပ်ရန်နှင့် တပ်ဖွဲ့ဝင်အင်အား (၁၀၈၀)ခန့် ပါဝင်ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တပ်အသိုင်းအ၀ိုင်းမှတဆင့် သိရှိရသည်။
ထိုကဲ့သို့ တပ်ဖွဲ့ဝင်များ စစ်ဆင်ရေးလှုပ်ရှားလာသဖြင့် ဧရာဝတီမြစ်ဆုံအထက်ရှိ ကျေးရွာများတွင် ရွာသားများ၏ အိမ်မွေးတိရစ္ဆာန်များကို လုယက်ပစ်ခတ်ဖမ်းဆီး စားသောက်ခံနေရကြောင်း ဒေသခံလူထုမှ ကြားသိရသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .