Social Icons

Saturday, November 17, 2012

မေ့မထားစေချင်။

 (john Hting Nan )
ကျနော် အခု ကျောင်းအခန်းထဲထိုင်ရင်းစဉ်းစားမိတာလေး တစ်ခုလောက်ပြောချင်ပါတယ်။ အဲ့တာက ဘာလဲဆိုတော့ နိုင်ငံရေးအကျဉ်းသားနဲ.ပတ်သက်တဲ့ အရေးပါ။ ကျနော်တို.မြန်မာနိုင်ငံကြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကြောင့် နိုင်ငံရေးအကျဉ်းသားအများကြီးလွတ်မြောက်လာပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ. ကိုကိုကြီးတို.အပါအဝင်ပေါ့လေ။ သူ.တို.ဟာ မြန်မာပြည်သူတွေ စစ်အစိုးရဖိနှိပ်မှုအောက်က လွတ်မြောက်ဖို.အတွက် သူတို.ဘဝကိုအရှုံးခံပြီး ထောင်ထဲ ညည်းပန်းနှိပ်စက်ခံပြီး ကြိုးပမ်းခဲ့သူတွေလို. မီဒီယာတွေက တဆင့်သိရပါတယ်။ သူတို.နဲ. အတူအခြား ထောင်ချီတဲ. နိုင်ငံရေးလုပ်ရှားသူတွေဟာလဲ ထောင်တွင်းအကျဉ်းချခံနေရာကနေလွတ်မြောက်ခဲ့ပါတယ်။ သတင်းတွေအရဆိုရင်တော့ ရာဂဏန်းလောက်ကျန်နေသေးတယ်လို.သိရပါတယ်။
နိုင်ငံရေး အကျဉ်းသားဆိုတာ ကျနော်နားလည်သလောက်ဆိုရင် နိုင်ငံရေး လုပ်ရှားမှုကြောင့်ဖြစ်စေ၊ စစ်အစိုးရဆန်.ကျင့်တဲ့ လုပ်ရှားမှုတွေ၊ စစ်အစိုးရကို အမျိုးမျိုးသောမီဒီယာနှင့် တိုက်ခိုက်လို.ဖြစ်စေ၊ နိုင်ငံရေးပါတီများနဲ. ဆက်စပ်လို.ဖြစ်စေ ထောင်ထဲကို မတရား ပို.ဆောင်ခံရသူတွေဖြစ်ပါတယ်။ မတရား အကျဉ်းချတယ်လို.ကျနော်သုံးနှုန်းရတယ်ဆိုတာက သူတို.ဟာ မတရားတဲ့ ဥပဒေနဲ. အုပ်ချုပ်တာကို ဆန်.ကျင့်တိုက်ခိုက်တဲ့အတွက် အဲ့ဒီမတရားတဲ့ ဥပဒေတွေနဲ. နှစ်ပေါင်းများစွာ ထောင်တွင်းအကျဉ်းချခံရတာပါ။ သူတို.လိုပဲ အဲ့လိုမတရားတဲ့ ဥပဒေတွေနဲ. အုပ်ချုပ်တာကို ဆန်.ကျင်လိုဖြစ်စေ ဆန်.ကျင်မှုနဲ. ဆက်စပ်လို.ဖြစ်စေ ထောင်ထဲပို.ခံရတဲ. နိုင်ငံရေးအကျဉ်းသားမဟုတ်တဲ့သူတွေရှိပါသေးတယ်။ အဲ့တာက တခြားသူတွေမဟုတ်ပါဘူး။ လက်နက်ကိုင်တော်လှန်ရေး အဖွဲ.အစည်း ဝင်တွေနဲ. ၄င်းတို.ဆက်စပ်ပြီးထောင်တွင်းအကျဉ်းချခံရသူတွေဖြစ်ပါတယ်။
“ဟာ…သူတို.က နိုင်ငံတော်ကိုပုန်ကန်တဲ့ တရားဥပဒေပြင်ပက လူတွေဖြစ်တယ်။” “သူတို.က နိုင်ငံရေးအကျဉ်းသားတွေနဲ. မတူဘူး၊ သောင်းကျန်းသူတွေပါ။”လို.စောဒက တက်လိုသူတွေရှိနိုင်ပါတယ်။ ဒါဆိုရင် ကျနော်မေးချင်တာက တရားဥပဒေလို. ပြောပြောနေတဲ့ မြန်မာနိုင်ငံက ၁၉၄၇ နဲ. ၁၉၇၄ အခြေခံဥပဒေဟာ မြန်မာနိုင်ငံသား အားလုံးအတွက် တကယ်ရော တရားမျှတမှုရှိလို.လား။ လက်နက်ကိုင်တော်လှန်ရေး လုပ်တာက ရော မြန်မာနိုင်ငံကို ပျက်စီးဖို.ကြိုးစားနေကြတာလား၊?? ကျနော့်မှာအဖြေတစ်ခုပဲရှိတယ်။ မြန်မာနိုင်ငံမှာရှိခဲဖူးတဲ့အခြေခံဥပဒေတွေဟာ မတရားပဲ၊ လက်တစ်ဆုပ်စာလူတွေကိုသာ အကျိုးပြုနေလို. တော်လှန်ရေးသမားတွေ အားလုံးတော်လှန်ကြတာဖြစ်ပြီး တော်လှန်ရေး သဘောသဘာဝနဲ. လက်တွေ.လုပ်ဆောင်မှုကွာခြားသွားတာဖြစ်ပါတယ်။ ကိုမင်းကိုနိုင်တို. ကိုကိုကြီးတို.အပါအဝင် နိုင်ငံရေးနဲ.ဆက်စပ်ပြီး အဖမ်းခံရသူတွေဟာ နိုင်ငံရေးနည်းနဲ. မတရားတဲ့ အစိုးရ၊ မတရားတဲ့ ဥပဒေကို တော်လှန်ကြတာဖြစ်ပြီး၊ လက်နက်ကိုင်တော်လှန်ရေးလုပ်သူတွေဟာ လက်နက်နဲ. မတရားတဲ့ ဥပဒေ၊ မတရားတဲ့ အစိုးရကိုတော်လှန်ကြတာဖြစ်ပါတယ်။
ကျနော်ဆိုလိုတာက တော်လှန်တာချင်းတူတယ်၊ လက်တွေ.လုပ်ဆောင်မှု ကွာခြားသွားတာပါ။ ဘာပဲကွာလဲ ဆိုတော့ နိုင်ငံရေးအကျဉ်းသားအများစုဟာ ဗမာတိုင်းရင်းသားတွေဖြစ်ပြီး၊ တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေနဲ. ပတ်သက်ပြီး ထောင်ချခံရတဲ့ အများစုဟာ ဗမာတိုင်းရင်းသား မဟုတ်တဲ့အခြားသော တိုင်းရင်းသားများဖြစ်ကြပါတယ်။ ဒါပေမဲ့ ဝမ်းနည်းဖို.ကောင်းတာက ဒီနေ.အချိန်ထဲ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ကြိုးပမ်းတဲ့ အဖွဲ.အစည်းနဲ.လုပ်ရှားမှုဆိုတာပဲ ရှိနေပြီး၊ တော်လှန်ရေးအဖွဲ.အစည်းနဲ. ပတ်သက်တဲ့ သူတွေလွတ်မြောက်ဖို.ကြိုးပမ်းတဲ့အဖွဲ.အစည်းနဲ. လူပုဂ္ဂိုလ်ဆိုတာ မရှိသေးပါဘူး။ လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေး အကျဉ်းသားတွေသာ လွတ်လာပေမဲ့ တော်လှန်ရေး အင်အားစုဝင်တွေနဲ. ဆက်စပ်တဲ့သူတွေ လွတ်မလာကြပါဘူး။
ဟိုတလောကပဲ KIA ကွန်မန်ဒိုဟောင်းကို လွတ်လိုက်ပါတယ်လို. ငြင်းချင်သူများရှိနိုင်ပါတယ်။ အဲ့ဒီ KIA ကွန်မန်ဒိုဟောင်းကို လွတ်ပေးဖို. အစိုးရနဲ. KIA တို. အပစ်မရပ်ခင်ကတည်းက ဆွေးနွေးခဲ့ကြဖူးပါတယ်။ ဆွေးနွေးလို. အဆင်ပြေခါနီးမှာ ပျက်ပျက်သွားရတာပါ။ အပစ်ရပ်ကာလ တလျှောက် စစ်အစိုးရကို KIA က သူ.ကိုလွတ်ပေးဖို.တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ စစ်အစိုးရရဲ. အထက်ကို တင်ပြပေးမယ်ဆိုတာထက် ပိုလာတဲ့ အဖြေမရှိခဲ့ပါဘူး။ ဒါဆိုရင်ဖြင့် အခုလို နှစ်ဖက် အပြန်အလှန်တိုက်ပွဲတွေဖြစ်နေတဲ့ အချိန်မှ ဘာလို. လွတ်ပေးရသလဲဆိုတာဟာ စိတ်ဝင်စားစရာပါ။ KIA နဲ. တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး KIA အနေနဲ. လူထုထောက်ခံမှုကို အပြည့်အဝရနေချိန်မှာ တချိန်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဂွန်ဖန်ကို လုပ်ကြံခဲ့တဲ့ KIA ကွန်မန်ဒိုဟောင်းကို လွတ်ပေးခြင်းအားဖြင့် KIA နဲ. ကချင်ပြည်သူတွေကြားသွေးခွဲလိုတဲ့ သဘောဖြစ်တယ်လို. ကျနော်သုံးသပ်လိုပါတယ်။ တစ်ဖက်က ဆိုရင်ဖြင့် လက်ရှိ ခရီးမတွင်နိုင်သေးတဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှုလမ်းစဉ်ကို တစ်ဖက်တစ်လမ်းက ကူညီနိုင်အောင် KIO/KIA ကိုဖားလိုက်တဲ့ သဘောဖြစ်မယ်လို. ယူဆပါတယ်။
အချုပ်အားဖြင့်ဆိုရရင် ဗမာတိုင်းရင်းသား မဟုတ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ.ဆက်စပ်ပတ်သက်ပြီး ထောင်ချခံရတဲ့ သူတွေကို မေ့ မထားစေချင်ပါဘူး။ တချို.ဆိုရင် KNU/KNLA ကိုဆားထုပ်လေးပေးလို. တောင်ငူမှာထောင်ချခံရတာ၊ ရွာပြန်ပြီး နွားသွားဆွဲတဲ့ သူကို KIA နဲ.ပတ်သက်ပါတယ်ဆိုပြီး ဖမ်းဆီး နှိပ်စက်တာ၊ စစ်ပြေးဒုက္ခသည်စခန်းက ဘယ်မှ မသွားတဲ့ သူကို KIA ရဲ. ဗိုလ်မှူးပါလို. အခြေအမြစ်မရှိစွပ်ဆွဲပြီး ရုံးတင်စစ်ဆေးနေတာမျိုးကိုလဲ ဆက်လက်ဆန်.ကျင်ကြဖို.လိုပါတယ်။ ဘယ်လိုနည်းနဲ.ပဲ တော်လှန်၊ တော်လှန် မတရားတဲ့ ဥပဒေ၊ မတရားတဲ့ အစိုးရကို တော်လှန်ကြတာမို.၊ လက်နက်ကိုင်တော်လှန်သူတွေ ဟာလဲ ဒီနိုင်ငံရဲ. နိုင်ငံရေး ပြုပြင်ပြောင်းလဲ ဖို. အရေးပါတဲ့ သူတွေဖြစ်တဲ့ အတွက် ဖမ်းဆီးထောင်ချခံရတဲ့ သူတွေကို မေ့မထားစေချင်ပါဘူးဗျာ။ လက်နက်ကိုင်တော်လှန်ရေး နဲ.ဆက်စပ်ပြီး အဖမ်းခံရသူအားလုံး အမြန်ဆုံးလွတ်မြောက်ပါစေ။ မြန်မာပြည်တွင်း လက်နက်ကိုင်တော်လှန်ရေး အောင်နိုင်ပြီး ငြိမ်းချမ်းတဲ့ ပြည်ထောင်စုစစ်စစ်ဖြစ်ပါစေ။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .