Social Icons

Thursday, May 31, 2012

KIO နှင့် အစိုးရ ငြိမ်းအဖွဲ့သစ် တွေ့ဦးမည်




ကချင်ဒေသ ငြိမ်းချမ်းရေး အတွက် အစိုးရ နှင့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့(KIO) ကိုယ်စားလှယ်များ ဇွန်လ ၁ ရက် နေ့တွင် ထပ်မံတွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ ကချင်ပြည်နယ် လွယ်ဂျယ် မြို့နယ်အတွင်း၌ ပြည်ထောင်စု ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီမှ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် စီစဉ်ထားပြီး အပစ် အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ဆွေးနွေးမည်ဟု KIO နှင့် နီးစပ်သူ တဦးက ပြောသည်။ ပြီးခဲ့သည့် ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ချင်ရိုင် နယ်စပ်တွင် ဦးအောင်မင်း ခေါင်းဆောင်သော ကိုယ်စားလှယ် တချို့နှင့် ကချင် ပြည် လွတ်လပ်ရေး တပ်မတော်(KIA) မှ ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့ နောက်ဆုံး တွေ့ဆုံခဲ့ကြသည်။

လားရှိုး – မူဆယ်လမ်း မသုံးရန် စာကပ်ပြီးနောက် တိုက်ပွဲဆက်ဖြစ်




ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး – မူဆယ် ကားလမ်းမကြီးကို မေ ၂၈ ရက်နေ့တွင် အသုံးမပြုကြရန် မူဆယ်မြို့နယ် အတွင်းရှိ ကားဂိတ် အသီးသီးနှင့် လူသွားများသော နေရာများ၌ စာကပ်ထားခဲ့ပြီးနောက် ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ အနီး၌ မေ ၂၈ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်က တိုက်ပွဲ ဖြစ်ပွားကာ ထိခိုက်မှုများ ရှိခဲ့ကြောင်း၊ လားရှိုး – မူဆယ် ခရီးသည်များနှင့် ဒေသခံများအား ထိတ်လန့်မှုဖြစ်စေခဲ့ကြောင်း၊ ယင်းနေရာသည် ခရီးသွားကားများ ဖြတ်သန်းရာနေရာ ဖြစ်သဖြင့် ပြည်သူများ၏ စီးပွားရေးကိုလည်း ထိခိုက်နေကြောင်း ကွတ်ခိုင် ဒေသခံတဦးက ဆိုသည်။
“အဲဒီနေ့က စစ်ပွဲဖြစ်တာ လူသေမှုတွေတော့ရှိတယ်။ ခရီးသွားပြည်သူတွေ၊ ဒေသခံတွေပါလား မပါလားတော့ သေချာ မသိရသေးဘူး၊ ဒါပေမယ့် တိုက်ပွဲက နေ့တိုင်းလိုလို ဖြစ်နေတယ်။ အချိန်မရွေးဘူး” ဟု အဆိုပါ ပုဂ္ဂိုလ်ကဆိုသည်။
ယခုလအတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် မြန်မာအစိုးရ တပ်တို့အကြား စစ်ရေး ပဋိပက္ခ အရှိန် ပိုမြင့်လာသည်နှင့် အမျှ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသခံများ မိမိအသက်အိုးအိမ် လုံခြုံရေးအတွက် တနေ့ထက်တနေ့ ပိုစိုးရိမ် နေရကြောင်း ကွတ်ခိုင်မြို့ ဒေသခံများက ပြောသည်။
မြန်မာအစိုးရ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်တို့်၏ ပြင်းထန်လာသော တိုက်ပွဲများကြောင့် ရှမ်းပြည် မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ မန်တုံ၊ ကွတ်ခိုင်၊ နမ္မတူ၊ သိန္နီ အပြင် လားရှိုး၊ သီပေါ နှင့် ကျောက်မဲ မြို့နယ်များအထိ ဂယက်ရိုက်လာသဖြင့် ခရီးသွားများ၊ ကုန်စည်စီးဆင်းမှုများ၊ ဒေသခံများ၏ အသက် အိုးအိမ်လုံခြုံမှုများ ထိပါးလာသည်ဟု မူဆယ်မြို့နယ်တွင် နေထိုင်သည့် ရှမ်းတိုင်းရင်းသား တဦးက ဆိုသည်။
ထိုကားလမ်းကို လက်ရှိအခြေအနေအထိ ဆက်လက်အသုံးပြုနေကြဆဲ ဖြစ်သော်လည်း မူဆယ်မှ လားရှိုးသို့ သွားသည့် ကုန်တင်ကားသေးများ၊ ခရီးသည်တင် ကားများမှာ အလွန်ပင်နည်းပါး သွားသည်ဟု သိရသည်။
“မေ ၂၈ ရက်နေ့ က နမ့်ခမ်း၊ မူဆယ်ဘက်ကနေ့ စစ်ကားတွေ မနက် ၁၀ နာရီကတည်းက အစီး ၃၀ လောက် ကွတ်ခိုင် ဘက်ကို ဆင်းသွားတယ်။ သူတို့က တပြိုင်နက်တည်း အစီး ၃၀ ဆင်းတာ မဟုတ်ဘူး၊ နည်းနည်းချင်းစီ ဆင်းတယ်။
ထိခိုက်ဒဏ်ရာရတာကတော့ စုံစမ်းရသလောက် မူဆယ် – လားရှိုးလိုင်းကားတွေ ဘာမှမဖြစ်ဘူး။ စစ်ကားတွေကို အဓိက ပစ်တာပဲ နေမှာပါ” ဟု မူဆယ်ဒေသခံ တဦးက ပြောသည်။

တိုက်ပွဲများကြောင့် မူဆယ် – လားရှိုးလမ်း အပါအဝင် ကချင်ပြည်နယ်အတွင်း ဖြတ်သန်းသော လမ်းတချို့ကို KIA လက်အောက်ခံ နယ်မြေခံ တပ်ရင်းတချို့က ရှေ့တန်းစစ်မြေပြင် တပ်မှူးများ၏ တင်ပြချက်များကြောင့် လုံခြုံရေး အကြောင်းပြကာ ယာယီပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာအစိုးရနှင့် KIA တို့ တရက်လျှင် တိုက်ပွဲ ဖြစ်ပွားမှု ၅ နေရာခန့် နေ့စဉ် ရက်ဆက် ပုံမှန်ရှိကြောင်း၊ အဆိုပါ တိုက်ပွဲများကြောင့် နှစ်ဘက် ထိခိုက်သေဆုံးမှု များလည်းရှိကြောင်း ဗိုလ်မှူးချုပ် ဂွမ်မော်က
ပြောသည်။
ကချင်ဒေသ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင်များ ယခုလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်တွင် တွေ့ဆုံခဲ့ကြသည်။
မေလ ၃ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ နှစ်ရပ်ကို အစိုးရက အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်း ဦးအောင်မင်းအနေနှင့် KIO ခေါင်းဆောင်များ ပထမအကြိမ် တွေ့ဆုံ ခဲ့ခြင်းလည်း ဖြစ်သည်။
ရွှေလီမြို့ တွေ့ဆုံဆွေးနွေးမှုတွင်လည်း KIO ဘက်က တောင်းဆိုထားသည့် ထိုးစစ်ဆင်နေသော တပ်များကို ရုပ်သိမ်းပေးရန် နှင့် နှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးရာတွင် အခိုင်အမာဖြစ်စေရန် နိုင်ငံတကာ စောင့်ကြပ်မှုအောက်၌ သက်သေထူ လက်မှတ် ရေးထိုးကြရန် တောင်းဆိုမှုကို အစိုးရဘက်က လိုက်လျောမှုမပြုနိုင်သောကြောင့် ငြိမ်းချမ်းရေး အလှမ်းကွာနေခြင်း ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG) နှင့် KIO တို့က ပြောဆိုကြသည်။

SSA-S နှင့် တိုက်ပွဲဖြစ်မှုအပေါ် ဗိုလ်ချုပ်ကြီး စိုးဝင်း တောင်းပန်



ရှမ်း ပြည်တပ်မတော် (တောင်ပိုင်း ) SSA-S တပ်ဖွဲ့ဝင်များနှင့် အစိုးရတပ်များ ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက်၍ အစိုးရဘက်မှ ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းက တရားဝင် တောင်းပန်ခဲ့သည်ဟု သျှမ်းသံတော်ဆင့် အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။ ယခုလ ၁၉ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် SSA-S မှ ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၅ ရက်ခန့် အကြာ ပထမဆုံးအကြိမ် တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

HPYEN NI HPE TSI TSI NA MIWA KAW TSI RUNG NI HPAW


May (31) bat Mali
Wunpawng Mungdan Shanglawt Asuya KIO/KIA hte myen hpyen asuya a lapran majan byin ai majaw hkala n ba hkrum hkra nga ai Zahkung Ting Ying (NDAK) a hpyen la ni hte myen hpyen la ni hpe tsi tsi kawn lajang na matu ya ten Miwa hkran rai nga ai Mangshi hte Htingchung mare yan hta tsi rung langai hpra hpaw da sai lam na chye lu ai. Majan hta laja lana hkala hkrum ai ni hpe gaw Kuming de du hkra tsi lajang ya nga ai lam hpe mung chye lu ai. 
Bai, Miwa hkran masawn e, KIO/KIA magam gun ni hku nna dinghku masha tawn da ai jahpan, nta gap ai jahpan, nta shang rawng ai jahpan ni hte tsi tsi lajang hkam la nga ai jahpan ni hpe Zahkung Ting Ying a masha rai nga ai Zau Ja ngu ai wa kawn hkan mayun sagawn ng ai lam hpe matut na chye lu ai.(jinghpawkasa)

GALOI DU MASU NA VI


Hka hkanu nga yang Nga hkwi, sharaw wan hkru yang n'bung garum ngu ai hpa shabrai n'law sha ai, wan nlu ai, lamu ga zing ai manghkang myen mungdan mare kaba shagu hta byin nga ai ten ninghkap n'gun madun nga ai ten annau ni mung shawng lam mahkyen hpe myit marai ningnan, myi kaba hpaw , Na latsun kaba su nna ja ja sit htawt sa ra nga saga ai.
                
Hpyen Du kaba ni bungli kaw na hkring na grai law hkra laika shawn ai, hpyen ma ni shabrai n'law sha ai, matsan ai majan n'kam gasat ai manghkang kaba ni byin nga ai re hta n'ga, rapdaw hta mung Party law law kaw na tang shawn ai hpe ahkyak n'la ai, Chyan Hput Paty kaw nna tang madun ai hpe sha ahkyak la dawdan hparan ai lam ,htinggrum kata kaw shatan garu nga ai. Shatan sha ni zuphpawng nga ai, bai mung shawa a ra awng sharawng ai hte ra lata me pa hte rapdaw Slg byin wa ai nre sha hpyen dap kaw nna ading tawk shatsam hkrum ai hpyen du ni a manghkang hte Democracy ra ai myit kya ai, myit ja ai hpung 2 a n'gun mayun chyam hkat ai  gaw myen asuya a rapdaw kata kaw mawru zawn n nang nawn zawn ashun shamu wa nga ai. N'dai ten ahkyak hta pausi di n'byin hkra myit hpe sadi dung, maja na ten kaba rai nga sai. (ဲjinghpawkasa)

How to Enable Hibernate in windows XP


window 7 မှာလို Hibernate ကို xp မှာသုံးလို့ရအောင်လုပ်နည်းလေးပါ
1. Click Start.
2. Open Control Panel.
3. Control Panel ကို Classic View အနေနဲ့ ကြည့်ပါ
4.Power Options icon ကို Double Click
5. Power Options Properties ပေါ်လာရင် Hibernate tab ကိုနှိပ်ပါ



6. check box မှာ အမှန်ခြစ်ပေးပါ “Enable hibernation”
7. Click Apply and OK.

နာမည်မရှိတဲ့ folder တွေ ဖန်တီးနည်း



1.  Folder  တစ်ခုယူလိုက်ပါ
2.Rename ပေးဖို့လုပ်ပါ
3. Rename ပေးတဲ့နေရာမှည Alt+255 ကိုနှိပ်ပေးလိုက်ပါ
နာမည်မရှိတဲ့ ဖိုဒါလေးရပါပြီ

OS လေး တစ်ခုဖန်းတီးပြီး ရှယ်ပေးလိုက်ပါတယ်


Akar Phyoe OS

  အရမ်းတတ်နေလို့ လုပ်ထားတာ မဟုတ်တော့ သိပ်ကောင်းမှာတော့ မဟုတ်ဘူးပေါ့ဗျာ ဒါပေမယ့် ဖန်တီးလို့ရတာကိုတော့ ပျော်မိပါတယ် မိတ်ဆွေများလဲ စမ်းသုံးချင်တယ်ဆိုရင် သုံးကြည့်ရအောင် တင်ပေးလိုက်တာပါ စမ်းကြည့်မယ်ဆို 7 ရက်အတွင်းဒေါင်းထားဖို့ ပြောလိုပါတယ် ဒီ  version က ပြည့်စုံတာမဟုတ်လေတော့ နောက်ထပ် version တစ်ခုကို တည်ဆောက်ပြီး ထပ်တင်ဖို့နေရာလိုလို့ ဖျက်ပစ်မှာပါ
 
32-bit x86 PAE, based on openSUSE 12.1
370 MB download, 1.3 GB uncompressed
 
 

Version 0.0.1

Disk Image
416 MB, 1.6 GB uncompressed


Wednesday, May 30, 2012

Blog ဆိုဒ်တွင် နောက်ခံ သီချင်းထည့်နည်း

(အာကာဖြိုးဘလောက်မှကူးယူသည်။)



1. Click Layout.
2. Click Add a Gadget.
3. Add/Select HTML/JavaScript
4.အောက်ကကုဒ်လေးကိုထည့်ပေးပါ လင့်နေရာမှာသီချင်းလင့်ထည့်ရမယ်ဆိုတာတော့သိမှာပါ အနီရောင်ပြပေးထားတာတွေကို စိတ်ကြိုက်ပြင်ပါ
50px" width="600px" src="You MP3 Link here">



5. Click Save.


blogger blog posts တွေမှာ Reactions Widget ထည့်နည်း

(အာကာဖြိုးဘလောက်မှကူးယူသည်။)

1. Click Layout. 2.  Blog Posts Section က Edit ကို နှိပ်ပါ

3.  Reactions check Box မှာ အမှန်ခြစ်ပေးပါ



ဒီနေရာမှာ သင်နှစ်သက်သလို စာတွေကို ထည့်နိုင်ပါတယ် Edit ကိုနှိပ်ပြီး ပြင်ပါ(ထည့်မယ်ဆိုရင်ပေါ့လေ)

4.  Save လုပ်ပါ
အောက်မှာ ပြထားသလိုလေးပေါ့


kachin fashionJINGPO FASHION SHOW


JINGPO FASHION SHOW

2010 ning miwa mung hta galaw lai mat wa ai jinghpaw wunpawng myu sha ni a bu hpun sumri hte tsawm htum shayi poi lamang hpe s.hk hparat ning hkong shangui ginra hta madun mat wa ai video hpe bai mara dat ya ai hku re..
2010 ning na re majaw yu ngut ai ni grai law na sai..ngai gaw ya she mu ga ai majaw youtube kaw bai mara dat ai sha re..jinghpaw wunpawng myu shayi ni grai tsawm ai ,an hte a htung hking bu hpun sumri ni mung grai tsawm ai..fashion hpe myit lawm ai ni gaw yu chyai ga..yawng hpe grai chyeju gaba sai ...

မြင်းခြံမှာလည်း ဖယောင်းတိုင်ထွန်းပြီ




လျှပ်စစ်မီး ရရှိရေးအတွက် ဖယောင်းတိုင် လှုပ်ရှားမှုတွေ မြန်မာပြည်အနှံ့က မြို့တွေကို ကူးစက်နေတာမှာ မန္တလေးတိုင်း မြင်းခြံမြို့မှာလည်း ဒီနေ့ညနေ ၇ နာရီလောက်က စပြီး မြို့ခံလူထု ၂ထောင်ကျော်က ဖယောင်းတိုင်တွေ ထွန်းညှိပြီး စီတန်းလှည့်လည်ခဲ့ပါတယ်။


မြင်းခြံမြို့ ဆန္ဒတော်ပြည် ဘုရားကနေစပြီး ဗိုလ်ချုပ်လမ်းတလျှောက် ဗိုလ်ချုပ်ကြေးရုပ်၊ နာရီစင်တွေကိုပတ်ပြီး အဲ့ဒီကနေမှ ခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့မှာ လျှပ်စစ်မီး အပြည့်အ၀ ရရှိရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။


ဓာတ်ပုံများ - ရွှေထိုက် (မြင်းခြံ)


ရှေ့တန်းရောက် ရဲဘော်များ



bag ကချင်ဒေသအနှံ့တွင် မြန်မာ့တပ်မတော်မှ ထိုးစစ်ကို ပြင်းပြင်းထန်ထန်ဆင်နွဲကာ တပ်အင်အား ဖြည့်တင်းခြင်း၊ လက်နက်ခဲယမ်းဖြည့်တင်းခြင်း၊ တပ်ဖွဲ့အလဲအလှယ်ပြုလုပ်ခြင်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်နေကြသည်။ ရှေ့တန်းတပ်စခန်းမှ တပ်အလဲအလှယ်ပြု၍ မိမိ၏တပ်ရင်းဌာနချုပ်သို့ ဆင်းသွားသော တပ်ဖွဲ့များကို နေ့ခင်းပိုင်းတွင် မော်တော်ယာဉ်များဖြင့် ထင်သာမြင်သာ သယ်ဆောင် သွားကာ တပ်ယုတ်သယောင်ပြုနေကြသည်။ ၎င်းတပ်ရင်းပြန်တို့၏ ရှေ့တန်းနေရာသို့ အစားထိုး ပို့ဆောင်သော တပ်ဖွဲ့များကို ညအချိန်နှင့် မြို့များမှဖြတ်သွားရန် လိုအပ်ပါက လမ်းမီးပိတ်၍ အမှောင်ထုအတွင်း သွားလာနေကြကြောင်း သိရသည်။
ရှေ့တန်းရောက်ရဲဘော်များ၏ ကံအကျိုးပေးမှု မတူညီကြချေ။ အချို့မှာ သေနတ်ထမ်းစရာမလိုဘဲ အရာရှိများ၏ ကျေးကျွန် သဖွယ် လိုက်ပါကြရသည်။ အချို့တပ်မိသားစု၏ဘ၀မှာ ငွေကြေးစည်းစိမ် ပြည့်စုံသွားကြသကဲ့သို့ အချို့မှာ မိသားစု ဘ၀ ပျက်စီးသွားကြလေပြီ။
အချို့တပ်ဖွဲ့များ ရှေ့တန်းတွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း သစ်မှောင်ခိုသမားများထံမှ ငွေကြေးမြောက်များစွာ လက်ခံရရှိသူများလည်း ရှိသည်။ တပ်ဖွဲ့ဝင်များအကြား ရာထူး၊ အဆင့်အလိုက် ၎င်းငွေကြေးများကို ခွဲဝေယူကြရာ အချို့တပ်သားများ ဝေစုကို မကျေနပ်မှုများပေါ်ပေါက်၍ ပြဿနာများ ဖြစ်ပွားကြကြောင်း တပ်ပြေးများမှတဆင့် သိရှိရသည်။ တပ်မ(၉၉)မှ နည်းဗျူဟာ အမှတ်(၁) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးလှမြင့် ဦးစီးသော စစ်ကြောင်းသည် သစ်မှောင်ခိုသမားများမှ ငွေကြေးသိန်း(၈၀၀)ခန့် ရကြောင်း သိရှိရသည်။
မှောင်ခိုလမ်းကြောင်းနှင့် တရုတ်နယ်စပ် ကုန်သယ်ယူရာ လမ်းကြောင်းတွင် တာဝန်ကျသော တပ်ဖွဲ့ဝင် များသည် ကုန်ကားများ၊ ကယ်ရီဆိုင်ကယ်သမားများထံမှ ငွေကြေးများကို အတင်းတောင်းယူကြသည်။ ငွေကြေးမပေး နိုင်သောသူများကို အနည်းဆုံး ရိုက်နှက်ခြင်း၊ အဆုံးတွင် ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းကို မကြခဏပြုလုပ်လေ့ရှိသည်။ မေလဆန်းပိုင်းတွင် တာပဒေါင်းကျေးရွာမှ မြစ်ကြီးနားသို့ ဆိုင်ကယ်စီး သွားသော လီဆူတိုင်းရင်းသား(၂)ဦးထံမှ ငွေတောင်းရာ၊ ပေးစရငွေ မရှိကြောင်း ပြောဆိုသဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း အလောင်းမြုပ်နှံပေးသော ဒေသခံများမှ ကြားသိရသည်။
လီဆူတိုင်းရင်းသား
လီဆူတိုင်းရင်းသား
ငွေကြေးတောင်းယူနိုင်သည့် အခွင့်အရေးမရရှိသည့် တပ်ဖွဲ့များသည် ကျေးရွာသို့ ၀င်ရောက်သည်နှင့် ဈေးဆိုင် များ၊ လူနေအိမ်သို့ အလုအယက်ပြေးဝင်ကာ ငွေကြေး များ၊ တန်ဖိုးရှိသော အတွင်းပစ္စည်း လက်ဝတ်ရတနာ များကို လုယက်ယူငင်ကြသည်။ ခရစ်ယာန်ဘာသာဝင် များ၏ နေအိမ်ရှိ အလှူတော်သေတ္တာများ ဖျက်ဆီး၍ အလှူငွေများကို ယူငင်သွားကြသည်။  တပ်ဖွဲ့ဝင်များ စိတ်တိုင်းကျ ပစ္စည်းများယူငင်ပြီးလျှင် ၎င်းနေအိမ်များကို မီးရှို့ဖျက်ဆီးလိုက်ကြသည်။ သယ်ဆောင် သွားရန်ခက်ခဲသော ပစ္စည်းများကို ရွာသားများ ပြန်လည်အသုံးမပြုနိုင်ရန် ဖျက်ဆီးပစ်ကြသည်။

အချို့တပ်သားများသည် ၎င်းတို့၏ ဇနီးမယားများ၊ သားသမီးများ ၀တ်ဆင်နိုင်မည့် အ၀တ်အထည်များ အသုံးအဆောင်ပစ္စည်း များကို ယူဆောင်ကြသည်။ ၎င်းတို့၏ သားသမီးများအတွက် ဗလာစာအုပ်များ၊ ကွန်ပါဘူး၊ ခဲတံ၊ ကစားစရာအရုပ်အထိ ယူငင်ကြသည်။ ၎င်းပစ္စည်းများကို တိုက်ပွဲ၌ ကျဆုံးသွားသော စစ်သားများ၏ ကျောပိုးအိတ်များတွင် မြင်တွေ့ရ၍ မိဘချင်း စာနာသနားမိကြောင်း KIA တပ်ဖွဲ့ဝင်များ ပြောဆိုနေကြသည်။ ဤကဲ့သို့ ပြုမှုများကြောင့်လည်း အစိုးရစစ်သားများသည် တိုက်ပွဲတွင် ထိခိုက်ကျရှုံးမှုများနှင့် ရင်ဆိုင် နေရသည်။
ရှေ့တန်းမှပြန်လာသော တပ်ဖွဲ့ဝင်တို့သည် လုံခြုံစိတ်ချသောဒေသသို့ ရောက်ရှိလျှင် “မသေတော့ဘူး ဟေ့ ” ဟူ၍ အော်ဟစ်သွားကြသည်ကို လားရှိုးမြို့ခံများ ကြားသိရကြောင်း သတင်းရရှိသည်။ ၎င်းတို့ စီးနှင်းလိုက်ပါသော ကားများပေါ်တွင် အသစ်မဟုတ်သည့် ဆိုင်ကယ်များ၊ စက်ဘီးများ၊ ဘီဒိုများ၊ ဆိုဖါထိုင်ခုံများ၊ အိမ်သုံးပစ္စည်းများကို သယ်ဆောင်သွားကြသည်။ ၎င်းပစ္စည်းများသည် ကျေးရွာများမှ လုယက်ယူသောပစ္စည်းများ ဖြစ်သည်။ ဤသည်မှာ မြန်မာ့တပ်မတော်သားများ တိုင်းရင်းသားဒေသ တခွင်တွင် ဓါးပြတိုက်၊ ဆက်ကြေးကောက်ယူမှု၊ လူ့အခွင့်အရေးချိုးဖေါက်မှုတို့ကို ထင်ဟတ်ပြသ နေခြင်း ဖြစ်သည်။
အချို့သော ရဲမေများ(စစ်သား၏ဇနီး၊ မယား၊ ကတော်)သည် ရှေ့တန်းမှ ပြန်ရောက်လာသော တပ်ဖွဲ့ များအကြား ပြန်ပါမလာသော မိမိ၏လင်ယောင်္ကျားကို ရှာဖွေနေကြသည်ကိုလည်း စိတ်မကောင်းစွာ ကြားသိရသည်။ အချို့မှာမူ ခြေပြတ်၊ လက်ပြတ်၊ ဒါဏ်ရာပြင်းပြင်းထန်ထန်ရကာ ရပ်ဝေးဆေးရုံများ တွင် ကျန်ရစ်ခဲ့ကြောင်း သတင်းဆိုးကို ကြားရသောအခါ ၀မ်းသာတ၀က်ဖြင့် စိတ်ဖြေသိမ့်နေကြရ ကြောင်း၊ တပ်ရင်းအမှတ်(——)မှ ရဲမေတစ်ဦး KIA တပ်စခန်းသို့ ၎င်းလင်ယောင်္ကျား၏ သတင်းကို စုံစမ်းစဉ် အသိပေးလာကြောင်း သိရှိရသည်။
ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွါးနေသရွေ့ တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးချိုးဖေါက်မှု ဆက်လက်ဖြစ်ပွါးနေပြီး၊ စစ်သားများ၏ မိသားစုဘ၀မှာလည်း ဤသို့သာ……..
မနောသန်းနိုင
၃၀-၅-၂၀၁၂

မေ ၂၇၊၂၈၊၂၉ များတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်



kias မေလ(၂၉)ရက်နေ့ မနက်(၈)နာရီခန့်တွင် KIA တပ်မဟာ(၄) လက်အောက်ခံ၊ တပ်ရင်း(၉)တပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်စစ်ကြောင်းတို့ နမ်ဖတ်ကာကျေးရွာတ၀ိုက် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားရာ အစိုးရ စစ်သား(၁၀)ဦးကျဆုံးပြီး၊ (၆)ဦးဒါဏ်ရာရရှိသွားကြောင်း သိရှိရသည်။ (တပ်ရင်းအမှတ်ကို စုံစမ်းဆဲဖြစ်သည်) ဒါဏ်ရာရသူများကို ကွတ်ခိုင်သို့ သယ်ဆောင်သွားကြောင်း သိရသည်။
ကွတ်ခိုင်မြို့မှ စစ်ကူအဖြင့်တက်လာသော အစိုးရစစ်ကြောင်းနှင့် KIA တပ်ဖွဲ့များ နောင်ရွှေ ကျေးရွာ အနီး ယင်းနေ့ (၁၁)နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မေလ(၂၉)ရက်နေ့မှာပင်၊ ၀ိုင်းမော်မြို့နယ်၊ နန်ဇော်ယန်ဒေသရှိ KIA တပ်ရင်း(၃) တပ်ဖွဲ့ များအခြေပြု ထားသော ရှေ့တန်းစခန်းသို့ ခမရ (၃၀၁)တပ်ဖွဲ့ဝင်များ သိမ်းပိုက်နိုင်ရန် ထိုးစစ် ဆင်ရာ KIA တပ်ဖွဲ့မှ တွန်းလှန်တိုက်ခိုက် လိုက်သဖြင့် အစိုးရစစ်တပ်မှ ထိခိုက်ကျဆုံးမှုဖြင့် ပြန်လည်ဆုတ်ခွါသွားကြောင်း သိရှိရသည်။
မေလ(၂၈)ရက်နေ့ ပန်ဝါဒေသတွင်ဖြစ်ပွားသော တိုက်ပွဲတွင် ခလရ(၃၇)မှ ဒု-ဗိုလ်သန့်ဇော် ကျဆုံးသွား ကြောင်း သိရှိရသည်။
မေလ(၂၇)ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်၊ မရမ်းကျေးရွာအခြေချ ခလရ(၂၆၀)တပ်ဖွဲ့နှင့် KIA တပ်ရင်း(၁၁)တို့ တိုက်ပွဲဖြစ်ပွားရာ၊ ခလရ(၂၆၀)မှ တပ်ဖွဲ့ဝင်(၄)ဦး ကျဆုံး၊ (၅)ဦးဒါဏ်ရာရသွား ကြောင်း သိရှိရသည်။ ယင်းတိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင်(၁)ဦး ကျဆုံး၊ (၁)ဦးဒါဏ်ရာရရှိကြောင်း သိရှိရသည်။ ယနေ့အထိ ဧပြီလအတွင်း ကချင်ဒေသတွင် တိုက်ပွဲပေါင်း အနည်းဆုံး (၁၈၆)ကြိမ် ဖြစ်ပွားပြီးကြောင်း သတင်းရရှိသည်။

မြန်မာ့တပ်မတော်သားများ စာသင်ကျောင်းတွင် တပ်စွဲထား



မကြာမီစတင်တော့မည့် ၂၀၁၂-၂၀၁၃ ခု ပညာသင်နှစ်အတွက် ပြင်ဆင်မှုများပြုလုပ်ရာတွင် ကချင် ဒေသရှိ အချို့ကျေးရွာမှ စာသင်ကျောင်းများအတွက် အနှောင့်အယှက်များ ဖြစ်နေကြောင်း သတင်းရရှိ သည်။
မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်းကြောင်းပေါ်ရှိ တယန်ဇွပ်ကျေးရွာ  မူလတန်းကျောင်းဆောင်တွင် ခလရ(၁၃၈)တပ်ဖွဲ့ဝင်များ စခန်းချနေကြသဖြင့် ကျောင်းသားလက်ခံရန် အခက်အခဲ၊ အနှောင့်အယှက် ဖြစ်နေကြောင်း သိရှိရသည်။ ၎င်းတို့၏ တပ်စခန်းတွင် လုံခြုံမှုမရှိသဖြင့် ဒေသခံရွာသားများ၏ နေအိမ်ကြားရှိ ကျောင်းဆောင်၌ နေရာယူထားခြင်းဖြစ်သည်။
ကျောင်းသားမိဘတစ်ဦး ပြောဆိုရာတွင် “ကျောင်းဖွင့်တော့မှာမို့ စာသင်ခန်းပြင်ဆင်ဘို့ရယ်၊ ကျောင်းသားလက်ခံဘို့အတွက် သွားပြောပါတယ်။ တပ်စခန်းကို ပြန်သွားကြပါလို့” သို့သော် မေလ(၃၀)ရက်နေ့အထိ ဆက်လက်တပ်ချထားကြောင်း သိရသည်။
မြန်မာ့တပ်မတော်စစ်ကြောင်းများသည် KIA တပ်ဖွဲ့များ၏ ပစ်ခတ်မှုမှ ရှောင်လွှဲနိုင်ရန်အတွက် လူထုနှင့်သိုက်ဆိုင်သော စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေး အဆောက်အဦးများတွင်သာ အဓိက တပ်စခန်းချနေကြသည်။
ယမန်နှစ်တွင် ကချင်ဒေသအနှံ့အပြား၌ ကျေးရွာရှိ စာသင်ကျောင်းအတော်များများသည် စာသင်နှစ် အစပိုင်းမှပင် ကျောင်းပိတ်လိုက်ရပြီး ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသားထောင်ချီ၍ ဒုက္ခသည်စခန်းသို့ ရောက်ရှိသွားကြသည်။

Delete all Browser History & Cookies Using Privacy Agent

(အာကာဖြိုးဘလောက်မှကူးယူသည်။)

Browser အားလုံးက History & Cookies တွေကို ရှင်းပေးမယ့် ကောင်လေးပါ

အောက်မှာဒေါင်းထားလိုက်ပါဦး

Download Privacy Agent

How to Access Blocked Websites with Opera Portable

(အာကာဖြိုးဘလောက်မှကူးယူသည်။)


opera turbo mode


  

OperaUSB




 Opera  လေးလိုအပ်ရင်ရအောင် ရှယ်ပေးပါတယ်





Opera Portable Edition

Nationwide Peace“ ထာဝရငြိမ်းချမ်း 67 ” (ရုပ်/သံ)

ကချင်ပြည်နယ်က ထိုးစစ်တွေအပါအဝင် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်တွေ အပြီးပြတ်ရပ်စဲနိုင်ဖို့ “ထာဝရငြိမ်းချမ်း 67” ခေါ် လက်မှတ်ရေးထိုး တောင်းဆိုလှုပ်ရှားမူကို မကြာခင် စတင်တော့မဲ့အကြောင်း ရုပ်သံမှာ တင်ဆက်ထားပါတယ်။

EasyRecovery Professional


ပျက်သွားသောဖိုင်ကိုပြန်ရှာပေးတဲ့ဆော်ဝဲလ်လေးပါ Format လုပ်မိတာ Delete လုပ်မိတာ ပြန်ရှာရယူပေးတဲ့ဆော်ဝဲလ်လေးပေါ့ အသုံးပြုနည်းပါထည့်ထားတဲ့အတွက်လွယ်ကူစွာဖြင့် သုံးလိုအဆင်ပြေပါတယ် ....ဒီမှာဒေါင်းယူရန်

Deepfreeze 7


Deepfreeze 7 ၀င်ဒိုးကိုမူလပုံစံအတိုင် ပြန်ဖြစ်အောင်လုပ်ပေးတဲ့ဆော်ဝဲလ်လေးဖြစ်ပါတယ် ဘယ်လိုကလိလိ မပျက်ဘူးပေါ့နော် အသုံးလိုပါက ဒီမှာယူပါ အမြဲသုံးလိုရအောင် အောက်မှာကီပေးထားတယ်
7Q4N1W4C-QVT7ZQT5-A2VVFD4B-EFV0DQHH-1FYXQCRZ

USB Antibody


USB ကပါလာတဲ့ ဗိုက်ရစ်တွေကိုကာကွယ်ပေးတဲ့ ဆော်ဝဲလ်လေးပဲဖြစ်ပါတယ် ဒီမှာ ဒေါင်းယူလိုက်ပါ
အသုံးပြုနည်းကိုပုံနဲ့တကွရှင်ပြထားပါတယ်

TSAW RA AI MANANG NI HPANG DE

 Tsaw ra ai MYU SHADAN blog hta du sa ai WP myit su salang manaw manang ni e ndai myu shadan blog hpe  hpa ji jaw la marit  ....ning mung ni hpe tsun dan marit ngu na yawng hpe  saw shajin nngai law .ra rawng ai lam ni grai law nga ai hpe mung chye nngai .rai tim myit nhtum ai sha shada ngunjaw hpa ji jaw la marit ngu shajin dat mayu nngai law . hpa ji jaw tsun mayu ai lama ma nga yang MYUTSAWRAMMA@GMAIL.COM de matut mahkai wa na hpe saw lajin dat nngai .yawng hpe grai chye ju kaba sai ....                          (myushadan)

ပြည်မှာ ရိုက်နှက်ဖမ်းဆီးတဲ့ရဲတွေကို တရားစွဲမယ်




~



ပြည်ထောင်ရှေ့ စုဝေးမှု မြင်ကွင်း (ဓာတ်ပုံ - ပေါ်ပြူလာမြန်မာ)

ပြည်မြို့မှာ ဖယောင်းတိုင်ထွန်း ဆန္ဒပြသူတွေထဲက ရိုက်နှက်ဖမ်းဆီးခံရသူ ၆ ဦး ရှိပါတယ်။ သူတို့က ရိုက်နှက်မှုမှာ တာဝန်ရှိသူများကို တရားစွဲမယ်လို့ ပေါ်ပြူလာမြန်မာ သတင်းဂျာနယ် Facebook မှာ ရေးထားပါတယ်။

“ ကျွန်တော်တို့ကို ရိုက်ဖို့ အမိန့်ပေးတဲ့ ခရိုင်ရဲမှူး ဦးသောင်းဝင်း၊ မြို့နယ်မှူး အောင်ဇော်ထက် အပါအ၀င် တာဝန်ရှိသူတွေကို ကျွန်တော်တို့ တရားစွဲဆိုသွားမှာပါ” လို့ ရိုက်နှက်ခံခဲ့ရသူ ဦးကျော်ဆွေက ပြောဆိုပါတယ် တဲ့။

ရိုက်နှက်ဖမ်းဆီးမှုက ၂၄ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ မြို့အများအပြားမှာ လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်ထွန်း ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပေမယ့် ရိုက်နှက်မှု ဖမ်းဆီးမှုတို့နဲ့ တုံ့ပြန်ခံရတာ ပြည်မြို့မှာပဲ ဖြစ်ခဲ့ပုံရပါတယ်။
ညွှန်း - ပေါ်ပြူလာမြန်မာ သတင်းဂျာနယ် Facebook http://www.facebook.com/PopularNewsJournal

ဆက်စပ်သတင်း - အင်အားသုံးဖြေရှင်းမှု ဆန္ဒထုတ်ဖော်သူများ မကျေနပ်

Maung Luu Way – လေဘာရုံး ဘာလဲ နှင့် အလုပ်သမားဝန်ကြီး ဘယ်လဲ?

မောင်လူဝေး၊ မေ ၃၀၊ ၂၀၁၂

       မြန်မာပြည်တွင်းက အထည်ချုပ်စက်ရုံတချို့ အလုပ်ရှင်နဲ့ အလုပ်သမား တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုကနေ နှစ်ဦး နှစ်ဖက်သင့်တင့်တဲ့ အဆင်ပြေမှု ထွက်ပေါက်တခုကို ရှာဖွေလိုက်နိုင်ကြလို့ အဆင်ပြေသွားကြတယ် ဆိုတဲ့ သတင်းလေးတွေကြောင့်လည်း နိုင်ငံတကာအနှံ့ရောက်မြန်မာများအားလုံး စိတ်သက်သာရာရခဲ့ကြတယ် ဆိုတာကလည်း အမှန်ပါပဲ ။

ဒါပေမယ့် ကျန်ရှိနေသေးတဲ့ တခြားသောစက်ရုံအလုပ်ရုံမှ အလုပ်သမားအလုပ်ရှင် ပြဿနာများကတော့ ပြေလည်တော့ မလိုလိုနဲ့ ဆိုးရွားတဲ့အခြေအနေတခုဆီကို တွန်းပို့နေသလိုဖြစ်တဲ့အတွက်လည်း စိတ်ထဲမှာ ဦးဆုံးသတိရလိုက်တာကတော့ အလုပ်သမားရေးဝန်ကြီး ဦးအောင်ကြည်ဆိုသူနှင့် ပြည်သူအများ နားလည်ခေါ်ဝေါ်နေသော လေဘာရုံး ခေါ် အလုပ်သမားရေးရုံး တို့ကိုလည်း မျက်လုံးထဲမှာ ထင်းကနဲလင်းကနဲ မြင်နေမိပါတယ်။ 

 ကျန်ရှိနေသေးတဲ့ အလုပ်သမားလုပ်ခ လစာနဲ့ အလုပ်သမား အခွင့်အရေးတောင်းဆိုမှု့ ၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေမှုတွေနဲ့အတူ မှော်ဘီဖက်မှာရှိနေတဲ့ သံမဏိစက်ရုံ မှာဆန္ဒပြနေတဲ့အလုပ်သမားများကတော့ အမြင့်ဆုံးအရှိန်တခုဖြစ်တဲ့ အစာငတ်ခံဆန္ဒပြနေတဲ့ အခြေအနေတခုကိုဘ၀နဲ့ရင်း၊ အသက်နဲ့ရင်းပြီး အလုပ်သမားတချို့ကတော့ ( သေတမ်းစာ )ကို ကြိုတင်ရေးသားထားကြောင်းကိုလည်း ကြားသိမြင်တွေ့နေရပါတယ်။ 

အစိုးရအနေဖြင့်လည်း လုံးဝကို  လစ်လျှုရှု ပြီး မနေသင့်တော့တဲ့ အခြေအနေတခုလို့လည်း နားလည်မိပါတယ်။ တကယ်တော့ မြန်မာနိုင်ငံရှိ အလုပ်သမားများတောင်းဆိုနေသော လုပ်ခ လစာတိုးမြင့်ပေးရေးဆိုတဲ့ အခြေခံလစာဟာ နိုင်ငံတကာမဆိုထားနဲ့ဦး၊ အိမ်နီးချင်း ထိုင်းနိုင်ငံက နိုင်ငံသား ထိုင်းလူမျိုးအလုပ်သမားတဦး ၀င်ငွေမပြောနဲ့ ရွှေ့ပြောင်း အလုပ်သမားတဦးရဲ့ တနေ့ဝင်ငွေနဲ့ နှိုင်းယှဉ်ရင်တောင် အဆ နှစ်ဆယ်ကျော်လောက် ကွာဟလို့ နေပါတယ်။

ကျနော် အခုလို နှိုင်းယှဉ်ပြတာက နိုင်ငံသားအလုပ်သမားတဦး လုပ်ခလစာအနေနဲ့ မဟုတ်ဘဲ ဧည့်နိုင်ငံခြားသား ရွေ့ပြောင်းအလုပ်သမားတဦးရဲ့ တနေ့လုပ်ခ၀င်ငွေနဲ့ မြန်မာနိုင်ငံရှိ နိုင်ငံသားစစ်စစ် တွေဖြစ်တဲ့ မြန်မာနိုင်ငံသား ဌာနေအလုပ်သမားတွေရတဲ့ တနေ့ဝင်ငွေနဲ့ နှိုင်းယှဉ်ပြခြင်းသာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ ဌာနေထိုင်းလူမျိုး အလုပ်သမားဖြစ်ဖြစ်၊ မလေးရှားနိုင်ငံရှိ ဌာနေ မလေးနိုင်ငံသား အလုပ်သမားတဦးဖြစ်ဖြစ်ဟာ နိုင်ငံရပ်ခြားသား ဧည့်အလုပ်သမားတဦးထက် အဆပေါင်းများစွာ ၀င်ငွေအရသော်၎င်း၊ အလုပ်သမားခံစားခွင့်များကိုသော်၎င်း ရရှိပါတယ်။

 တဖန် ကျနော်တို့ မြန်မာနိုင်ငံအတွင်းရှိ  နိုင်ငံသား ဌာနေအလုပ်သမားတွေ တနေ့ရတဲ့ ၀င်ငွေကတော့ဖြင့် ထိုင်းနိုင်ငံရှိ နိုင်ငံရပ်ခြား ဧည့်အလုပ်သမားများရဲ့ ၀င်ငွေနဲ့ နှိုင်းယှဉ်ရင် အဆပေါင်း နှစ်ဆယ် (၂၀) ကွာဟနေပြီး  မလေးရှားနိုင်ငံရှိ နိုင်ငံခြားသားဧည့်အလုပ်သမားတဦး တနေ့ဝင်ငွေဖြင့် ထပ်မံနှိုင်းယှဉ်ပြရပါလျှင် အောက်ခြေ အနည်းဆုံးဖြင့် တွက်ချက်ရပါမူ အဆပေါင်း  လေးဆယ် (၄၀) ကျော် ကွာဟလွန်းနေပြန်ပါတယ်။

ဒါဟာ တနေ့ချင်းရဲ့ လုပ်ခ၀င်ငွေ နှိုင်းယှဉ်မှုပါ။

အမှန်နှိုင်းယှဉ်ပြ ရမှာက နိုင်ငံသား ဌာနေအလုပ်သမားတဦးချင်း တနေ့ဝင်ငွေကို နှိုင်းယှဉ်ရ မှာပဲဖြစ်ပါတယ်။ အခုယှဉ်ပြမှု့ကတော့ မြန်မာနိုင်ငံသား အလုပ်သမားဝင်ငွေနဲ့ ရွေ့ပြောင်း ဧည့်နိုင်ငံသားတဦး ၀င်ငွေနှိုင်းယှဉ်မှုပဲ ဖြစ်ပါတယ်။

အခုကျနော်တွက်ပြတဲ့ တနေ့ဝင်ငွေဟာ ထိုင်းနိုင်ငံရှိ နိုင်ငံသား ဌာနေအလုပ်သမားတဦးဝင်ငွေနဲ့သော်၎င်း၊ မလေးရှားနိုင်ငံရှိ မလေးနိုင်ငံသား ဌာနေအလုပ်သမားတဦးဝင်ငွေနဲ့သော်၎င်း၊ တွက်ချက်ပြချင်းမဟုတ်ဘဲ ထိုင်းနိုင်ငံရောက် ဧည့်နိုင်ငံသား အထွေထွေအလုပ်သမားတဦးရဲ့ တနေ့လုပ်ခ၀င်ငွေအရ သော်၎င်း၊ မလေးရှားရှိ
ဧည့်နိုင်ငံသား အထွေထွေအလုပ်သမားတဦး၏ တနေ့လုပ်ခ ၀င်ငွေအရသော်၎င်း၊ အနိမ့်ဆုံး ပေးစကေးဖြင့် တွက်ချက်ပြခြင်းသာဖြစ်ပါတယ်။

ယခု ကျနော်တွက်ချက်ပြခြင်းသည် over time ခေါ် အချိန်ပိုအလုပ်ဆင်းခ မပါဝင်ပါ။ အခြေခံ တနေ့အလုပ်ချိန် ၈ နာရီသာလျှင် တွက်ချက်ပြခြင်းဖြစ်ပါတယ်။ နိုင်ငံသားတဦး၏ ၀င်ငွေ ဖြင့် တွက်ချက်ပြရပါမူ မတွေးဝံ့အောင်ပင်ဖြစ်ရပါသောကြောင့် ဒီနေရာမှာ ကျနော်မတွက်ပြတော့ပါ။ 

ကျနော်တို့တိုင်းပြည်တွင် နိုင်ငံသားအလုပ်သမားတဦး၏ အလုပ်သမားအခွင့်အရေးများဟာ မြန်မာနိုင်ငံမှာ ဆိုးဆိုးဝါးဝါးနိမ့်ကျလွန်းနေပြီး၊ တနေ့လုပ်ခ ၀င်ငွေသည်ပင်လျှင် မည်သည့်နိုင်ငံမှ အလုပ်သမားတဦး၏ တနေ့လုပ်ခ ၀င်ငွေနှင့်မျှ နှိုင်းယှဉ်လို့မရအောင် အလွန်အမင်း နိမ့်ကျနေခြင်းကြောင့် ယခုကဲ့သို့ စက်ရုံ၊အလုပ်ရုံမှ အလုပ်သမားထုကြီး၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ရခြင်း ဖြစ်ပါတယ်။

ဒါကို လက်ရှိ အရပ်သားအစိုးရ ဒီမိုကရေစီအစိုးရဟု တွင်တွင်ပြောဆိုနေသော သမ္မတကြီး ဦးသိန်းစိန်အနေနဲ့သော်၎င်း၊ အလုပ်သမားဝန်ကြီး ဦးအောင်ကြည် အနေနဲ့သော်၎င်း၊  သို့မဟုတ် အလုပ်သမားရေးရုံးဟု ခေါ်သော အများအခေါ် လေဘာရုံးမှ တာဝန်ရှိသူတို့သည်၎င်း ထိထိရောက်ရောက်ဖြင့်  မိမိနိုင်ငံသားအလုပ်သမားများဖက်မှ မားမားရပ်တည်ပြီး လုပ်ဆောင်ပေးရန် အခုအချိန်သည် အချိန်ကောင်း အခါကောင်းဟုသာ ဆိုရချေတော့မည်။

ယခုကဲ့သို့ အချိန်ကောင်းအခါကောင်းအား လက်လွတ်မခံပဲ မိမိနိုင်ငံသား အလုပ်သမားများဖက်မှ ၀င်ရောက် ဖြေရှင်းပေးနိုင်ပါက အလုပ်သမားဝန်ကြီးသော်၎င်း၊ အလုပ်သမားရေးရုံးမှ တာဝန်ရှိသူတို့အား၎င်း၊ မြန်မာနိုင်ငံရှိ အလုပ်သမားထုကြီး၏ ယုံကြည်မှု့များ၊ လေးစားမှု့များ၊ အားကိုးမှု့များကို မုချရမည်မှာ မလွဲပေ။ အလုပ်သမားဝန်ကြီးဌာန၏ ဂုဏ်သိက္ခာသည်လည်း များစွာ တက်လာပေတော့မည်။

သို့သော် လက်တွေ့တွင်မူ အလုပ်သမားဝန်ကြီးဦးအောင်ကြည်သည် ဘယ်မှာလဲ?

ဟု  တည့်တည့်ကြီး မေးရမည့်အခြေအနေသို့ ရောက်နေ၏။

အလုပ်သမားဝန်ကြီးနှင့် အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ အလုပ်သမားဦးစီးဌာန များကိုလည်း ဘာလဲ?

ဟု မေးရမလိုပင်။

တစတစနှင့် ရက်ကြာလာသောအခါ ထိုအလုပ်ရှင်ဖက်မှသော်၎င်း၊  လုပ်ခလစာတိုးမြင့်ရေး၊ အလုပ်သမား အခွင့်အရေးတောင်းဆိုနေကြသော အလုပ်သမားထုကြီးဖက်မှ သော်၎င်း နှစ်ဖက် နစ်နာဆုံးရှုံးမှု့များစွာ ဖြစ်ပေါ်စေပါတယ်။ ဤသို့သော်အခြေအနေတွင် လုပ်ငန်းရှင်နှင့် အလုပ်သမားများကြား အလုပ်သမားရေးရုံးမှ တာဝန်ရှိသူတို့သည် အိမ်နီးချင်းနိုင်ငံများရှိ အလုပ်သမားများ လုပ်ခလစာနှင့်သော်၎င်း၊ အနည်းဆုံး ဧည့်နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများ လုပ်ခလစာနဲ့သော်၎င်း၊ နှိုင်းယှဉ်တွက်ချက်ပြီး အလုပ်သမားများဖက်မှ တောင်းဆိုပေးရန်သာ ဖြစ်တော့သည်။

အနိမ့်ဆုံးလက်ရှိအခြေအနေကို ပြေလည်အောင် ဖြေရှင်းမပေးနိုင်ပါက အလုပ်သမားဝန်ကြီးဆိုသူသည် ဘာအတွက်၊ ဘယ်အလုပ်သမားအတွက် ၀န်ကြီးဖြစ်နေသည်ကို မေးခွန်းထုတ်ရန်သာ ရှိတော့သည်။

 အလုပ်သမားဝန်ကြီးဆိုသူနှင့် အလုပ်သမားရေးရုံးခေါ် လေဘာရုံးမှ တာဝန်ရှိသူတို့သည်  လူပွဲစား ပြည်တွင်းအေးဂျင့်များအား မြန်မာနိုင်ငံသားလူငယ်လူရွယ်များ၊ ပညာတတ်များအား သူများနိုင်ငံသို့ “ကျွန်” သဖွယ် တင်ပို့စေလွှတ်နိုင်ရန် ထောက်ခံချက် ထုတ်ပေးရုံသက်သက်လား? 

သို့တည်းမဟုတ် အေးဂျင့်များမှ တနှစ်လျှင် နိုင်ငံခြားသို့ လူ ဘယ်နှစ်ယောက် လွှတ်ပေးနိုင်ရမည်၊ အလုပ်သမားတဦးပြည်ပသို့  ” ကျွန် ” သဘောနှယ်  လွှတ်ပေးလိုက်နိုင်ပါက  အလုပ်သမားရေးရုံးသို့ US $ ဒေါ်လာ ဘယ်နှစ်ရာပေးရမည် ဆိုသည့် အမိန့်နှင့် လူခွန်ကောက်သည့်သဘောမျိုး ထုတ်ပြန်ချက် ထုတ်ပေးရန်သက်သက်လား?

 လူပွဲစားအေးဂျင့်များကို ခေတ်သစ် လူကုန်ကူးနိုင်ရန် လုပ်ငန်းလိုင်စင် ချပေးရုံ သက်သက်လား?

ဆိုသည့်မေးခွန်းများကို မေးရပေတော့မည်။

သက်ဆိုင်သူများဖြေပေးပါ။

အလုပ်သမားရေးရုံး ခေါ် လေဘာရုံးမှ တာဝန်ရှိသူများနှင့် ၀န်ထမ်းများ အားလုံးတို့သည် မိမိတို့ဌာန၏ အဓိကလုပ်ငန်းတာဝန်သည် ဘာလဲ ? ဆိုသည့်အချက်လောက်ကိုတော့ သိထားဖို့ ကောင်းလေသည်။

အလုပ်သမားရေးညွန်ကြားမှုဦးစီးဌာန ဟူသော ဆိုင်းဘုတ်ပါ စကားလုံးများအရ ထိုညွန်ကြားမှု့ဆိုသည့် စကားလုံးသည် အလုပ်သမားများအား အလုပ်ရှင်ပေးသလောက် လုပ်ခလစာနှင့် အလုပ်လုပ်ဖို့ ညွန်ကြားမှာလား?

သို့မဟုတ် အလုပ်ရှင်များဖက်က ထားရာနေ စေရာသွား ခိုင်းတာလုပ် ခံမပြောနဲ့ဟူသော ညွန်ကြားမှုများကို ညွန်ကြား နေမှာလား?

ဆိုသည့် မေးခွန်း ထုတ်စရာတွေ တသီတတန်းကြီး ဖြစ်နေပေတော့သည်။

အကယ်၍ မှော်ဘီရှိ သံမဏိစက်ရုံမှ အစာငတ်ခံ ဆန္ဒထုတ်ဖေါ်နေကြသော အလုပ်သမားများဖက်မှ တစုံတဦးသော်၎င်း၊ အသက်ဆုံးရှုံးမှု့ဖြစ်ခဲ့သည် ဆိုပါစို့ မည်သူ့တွင် တာဝန်ရှိသနည်း?

လက်ရှိ အရပ်သားအစိုးရ၊ ဒီမိုကရေစီအစိုးရ ဟု တွင်တွင်ပြောဆိုနေသော ဦးသိန်းစိန်အစိုးရ တွင် တာဝန်ရှိသလား? ဦးသိန်းစိန်အစိုးရမှ   တာဝန်ရှိသလား?

တာဝန်ရှိသဖြင့် တာဝန်ယူသည်ဆိုပါမူ မည်သို့ တာဝန်ယူမည်လဲ?

အလုပ်သမား လုပ်ခလစာနှင့် အလုပ်သမား အခွင့်အရေးတောင်းဆိုနေသော ပြသာနာအား ဖြေရှင်းမပေးနိုင်သည့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တွင် တာဝန်ရှိသလား?

ထို အလုပ်သမားဝန်ကြီးကရော တာဝန်ယူမည်လား?

သို့မဟုတ် အလုပ်သမားရေးရုံးမှ အဆင့်မြင့်တာဝန်ရှိသည်ဆိုသည့် ညွန်ချုပ်၊ ညွန်မှုး ဆိုသူများတွင် တာဝန်ရှိသလား?   ၄င်းအဆင့်မြင့်တာဝန်ရှိသည်ဆိုသည့် ပုဂ္ဂိုလ်များကရော တာဝန်ယူမည်လား?

 အတ္တ၀ါဒ ရှေ့တန်းတင်ပြီး ဘယ်သူသေသေ ငါမသေရင်ပြီးရော ဆိုသည့် နိုင်ငံခြားသား တရုတ်လုပ်ငန်းရှင်တွင် တာဝန်ရှိသလား? ထို နိုင်ငံခြားသား တရုတ်လုပ်ငန်းရှင်ကရော တာဝန်ယူမည်လား ?

 လက်ရှိ မြန်မာနိုင်ငံရှိ အစစအရာရာ လိုက်မမှီအောင် တက်နေသော ကုန်ဈေးနှုန်းများနှင့် ပကတိ အလုပ်သမားများ လုပ်ခလစာနှင့် လုံးဝ မလောက်တော့သဖြင့် မခံနိုင်လွန်း၍ ငြိမ်းချမ်းစွာ ဆန္ဒ ဖေါ်ထုတ်တင်ပြတောင်းဆိုနေသော အလုပ်သမားများအားလုံးသည် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကြီး၏ အလုပ်သမားဥပဒေနှင့် ကြည့်ကြည့်၊ အိမ်နီးနားချင်းနိုင်ငံများရှိ အလုပ်သမားဥပဒေနှင့်ပဲ ကြည့်ပြီး ဆုံးဖြတ်ဆုံးဖြတ်၊ အလုပ်သမားများ ယခုတောင်းဆိုနေသော လုပ်ခလစာတိုးမြင့်ရေးနှင့် အလုပ်သမားအခွင့်အရေးပေးရေးတို့သည် လွန်စွာမှ တရားသောနည်းလမ်း၊ အလွန်တရာ ရိုးသား သမာသမတ်ကျသောနည်းလမ်းဖြစ်သည်ကို တွေ့ရမည်ဖြစ်လေတော့သည်။

သို့ပါသောကြောင့် အလုပ်သမားဝန်ကြီးဆိုသူသည်၎င်း၊ အလုပ်သမားရေးရုံးခေါ် လေဘာရုံးမှ အဆင့်မြင့်တာဝန်ရှိသည်ဆိုသူများသည်၎င်း၊ အလုပ်သမားများ ဆန္ဒထုတ်ဖေါ်တောင်းဆိုနေသော လုပ်ခလစာတိုးမြင့်ရေး၊ အလုပ်သမားအခွင့်အရေးများ ပေးရေး စသည့် တောင်းဆိုချက်များကို အချိန်မီအမြန်ဆုံးနည်းဖြင့် ညှိနှိုင်းလုပ်ဆောင်ပေးရန် တာဝန်အပြည့်အ၀ရှိပါကြောင်နှင့် အကယ်၍ အစာငတ်ခံဆန္ဒပြနေကြသော ဖြူစင်ရိုးသားသည့် အလုပ်သမားများထဲမှ တစုံတဦးသောသူသည် အသက်ဆုံးရှုံးမှု့ဖြစ်ပေါ်လာသည် ဆိုပါက လက်ရှိ ဦးသိန်းစိန်အစိုးရ လက်အောက်ရှိ အလုပ်သမားဝန်ကြီးနှင့် အလုပ်သမားရေးရုံးမှ အဆင့်မြင့် တာဝန်ရှိသူတို့တွင်သာ  တာဝန်အပြည့်အ၀ ရှိပါကြောင်း ထပ်လောင်း၍ သတိပေးရင်းဖြင့် ထပ်မံတင်ပြလိုက်ရပါသည်။

( မှတ်ချက်) ထပ်မံပြီး ဖြစ်ရပ်မှန်ဖြစ်သော အလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမားများကို မည်ကဲ့သို့ ခေါင်းပုံဖြတ်သည်၊ အနိုင်ကျင့်နှိပ်စက်သည်ကို ထပ်မံတင်ပြပေးပါဦးမည်။  (moemaka မှကူးယူသည်။)

ဒုက္ခသည်များ ပြန်ပို့ရေး ထိုင်း စစ်တပ် လိုလား(ဧရာဝတီ)

By on May 30, 2012 2:40 pm in သတင်းတို                                                                      ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုမှ လူ ဦးရေ ၂ သိန်းခန့်ရှိသော ဒုက္ခသည်များ နေရပ်ပြန်ပို့ရေး အတွက် ထိုင်းအစိုးရ အနေဖြင့် မြန်မာအစိုးရနှင့် ဆွေးနွေးစေလိုကြောင်း ထိုင်းစစ်တပ်က ပြောသည်။ လွန်ခဲ့သည့် အပတ်က ထိုင်းကာကွယ်ရေး ၀န်ကြီး နှင့် စစ်တပ် အကြီးအကဲတို့ တွေ့ဆုံရာတွင် မြန်မာ ဒုက္ခသည်များ ပြန်ပို့ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း ဘန်ကောက်ပို့စ် သတင်း တွင် ဖော်ပြထားသည်။ ဒုက္ခသည်များ နေရပ်ပြန်သွားပါက ဒုက္ခသည် စခန်းများကို ပိတ်ပစ်မည်ဟုလည်း ဆိုသည်။

လျှပ်စစ်တာဝါတိုင်များ ဖျက်ဆီးသူကို KIO စုံစမ်းနေ(ဧရာဝတီ)

ရန်ကုန်နှင့် မန္တလေးမြို့ကြီးများသို့ လျှပ်စစ်မီးဓာတ်အားကြိုးများ သွယ်တန်းထားသော ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲ က တာဝါတိုင်များကို ဖျက်ဆီးခဲ့မှုနှင့် ပတ်သက်၍ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) က စုံစမ်းနေကြောင်း သိရသည်။
“လူထုအကျိုးပြုပစ္စည်းတွေကို KIA က သီးသန့်လိုက်ပြီးဖျက်ဆီးတာမျိုးတော့ မရှိဘူး။ အခု တာဝါတိုင်တွေပျက်စီးတယ်ဆိုတာ ကြား သိရတယ်။ ဒါကို ဘယ်အဖွဲ့ကနေ လုပ်သလဲ၊ ကျနော်တို့ ရှေ့တန်းက အဖွဲ့တွေကပဲ လုပ်သလားဆိုတာ မပြောနိုင်သေးဘူး။ ကျနော်တို့လည်း စုံစမ်းနေတုန်းပဲ”ဟု ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် က ဧရာဝတီသို့ ပြောသည်။
KIA လက်ချက်ဟု စွပ်စွဲထားသော ပျက်စီးသွားသည့် ၂၃၀ ကေဗီ ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း တာဝါတိုင် အမှတ် (၂၀၇)(ဓာတ်ပုံ - မြန်မာ့အလင်း)
ရှမ်းပြည်နယ် မြောက်ပိုင်း ပန်ကနိုင်းကျေးရွာအနီးရှိ ၂၃၀ ကေဗီ ရွှေလီ-မန်စံ မဟာ ဓာတ်အားလိုင်းမှ အမှတ် ၇၃၊ ၂၀၆၊ ၂၀၇၊ ၂၀၈ တာဝါတိုင်များ ယခုလ ၁၈ ရက်နေ့က မိုင်းခွဲဖျက်ဆီး ခံခဲ့ရပြီး လက်သည်မပေါ်ဘဲဖြစ်နေသည့် ထိုဖောက်ခွဲမှုအား အများ သိစေရန် KIO က စုံစမ်းနေခြင်းဖြစ်သည်။
ထိုနယ်မြေအတွင်း၌ အစိုးရတပ်များ၊ KIA ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N) နှင့် အခြားလူမျိုးစု တပ်ဖွဲ့များလည်း လှုပ်ရှားနေကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်တာဝါတိုင်များ ပျက်စီးမှုနှင့် ပတ်သက်၍ အစိုးရက KIO လက်အောက်ခံ KIA တပ်များက တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ယခုလ ၂၀ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများကတဆင့် တိုက်ရိုက် စွပ်စွဲ ရေးသားထားသည်ကို တွေ့ရသည်။
အစိုးရအနေဖြင့် ပေါက်ကွဲမှုဖြစ်စဉ်တိုင်းအား KIA သို့ လွှဲချပြောဆိုခြင်းသည် လုပ်ထုံးလုပ်နည်းကဲ့သို့ ဖြစ်နေသော်လည်း“ဒီနယ်မြေ က တပ်တွေ အများကြီး လှုပ်ရှားနေတဲ့ နယ်မြေဆိုတော့ ဘယ်သူလုပ်တယ်ဆိုတာ ပြောရခက်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။
ထို့အတူ မေလ ၁၉ ရက်နေ့ညက မန္တလေးမှ မူဆယ်သို့ တက်လာသည့် ကုန်တင်ကား၂ စီးကို ဆက်ကြေးတောင်း၍ ဗုံးခွဲဖျက်ဆီးမှု ဖြစ်ပေါ် ခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် KIA ၏ လက်ချက်ဖြစ်ကြောင်း မေ၂၂ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် စွပ်စွဲ ဖော်ပြ ခဲ့ပြန်သည်။
အဆိုပါ ကားကြီး၂ စီးသည် လက်နက်ငယ် ကျည်ဆန်များ ထိမှန်ခဲ့မှုကြောင့် ပျက်စီးမှု အနည်းငယ်ရှိခဲ့သော်လည်း ကားသမားများ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း၊ ထိုနေရာတွင် မပေါက်ကွဲသေးသည့် သံကိုယ်ထည် လက်ပစ်ဗုံးတလုံးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း၊ မေ ၂၀ ရက်နေ့ နံနက်မှ စတင်၍ ယာဉ်များ ပုံမှန်အတိုင်း သွားလာနေပြီဖြစ်ကြောင်း သတင်းစာက ဖော်ပြထားသည်။
တိုက်ပွဲများကြောင့် မူဆယ် လားရှိုးလမ်း အပါအဝင် ကချင်ပြည်နယ်အတွင်း ဖြတ်သန်းသော လမ်းတချို့ကို KIA လက်အောက်ခံ နယ်မြေခံ တပ်ရင်းတချို့က ရှေ့တန်းစစ်မြေပြင် တပ်မှူးများ၏ တင်ပြချက်များအရ လုံခြုံရေးအရ ယာယီပိတ်ထားလိုက်ပြီဖြစ် ကြောင်း ပြောသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာအစိုးရနှင့် KIA တို့ တရက်လျှင် တိုက်ပွဲ ဖြစ်ပွားမှု ၅ နေရာခန့် နေ့စဉ် ရက် ဆက် ပုံမှန်ရှိကြောင်း၊ အဆိုပါ တိုက်ပွဲများကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။
ကချင်ဒေသ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် KIO ခေါင်းဆောင်များ ယခုလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်တွင် တွေ့ဆုံခဲ့ကြသည်။
မေလ ၃ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီနှစ်ရပ်ကို အစိုးရက အသစ် ပြန်လည် ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ဦးအောင်မင်းအနေနှင့် KIO ခေါင်းဆောင်များ ပထမအကြိမ် တွေ့ဆုံ ခဲ့ခြင်း လည်း ဖြစ်သည်။
အစိုးရနှင့် KIO တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ် ဂွမ်မော်က “တွေ့ဆုံဖို့အတွက် အစီအစဉ်လုပ်တာ လောက်ပဲ ရှိသေးတယ်။ ဆွေးနွေးပွဲအဆင့်ကို မရောက်သေးဘူး။ အခုမှ အလွတ်သဘော တွေဆုံမှုတွေ လုပ်ဖို့ ကျနော်တို့ ညှိနှိုင်း နေပါတယ်”ဟု ပြောသည်။
အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေးဆွေးနွေးရန် ၂၀၁၁ နိုဝင်ဘာ၊ ၂၀၁၂ ဇန်န၀ါရီနှင့် မတ်လတို့တွင် ရွှေလီမြို့၌ တွေ့ဆုံခဲ့ကြသော် လည်း ရေရာသည့် သဘော တူညီချက် တစုံတရာမရရှိသေးပေ။ ထိုတွေ့ဆုံပွဲများတွင်လည်း ဒေသတွင်း တိုက်ခိုက်ရေး ဘက်မှ အရေးပါသော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးမှာ ကိုယ်တိုင် တက်ရောက်ခြင်းမရှိကြောင်း KIO က ပြောသည်။
ရွှေလီမြို့ တွေ့ဆုံဆွေးနွေးမှုတွင်လည်း KIO ဘက်က တောင်းဆိုထားသည့် ထိုးစစ်ဆင်နေသော တပ်များကို ရုပ်သိမ်းပေးရန်နှင့် နှစ် ဖက် သဘောတူ လက်မှတ်ရေးထိုးရာတွင် အခိုင်မာဖြစ်စေရန် နိုင်ငံတကာ၏ စောင့်ကြပ်မှုအောက်တွင် သက်သေထူ လက်မှတ် ရေးထိုးကြရန် တောင်းဆိုမှုကို အစိုးရဘက်က လိုက်လျောမှုမပြုနိုင်သဖြင့် ငြိမ်းချမ်းရေး အလှမ်းကွာနေခြင်းဖြစ်ကြောင်း ကချင်ငြိမ်း ချမ်းရေး အကျိုးဆောင်အဖွဲ့(PCG) နှင့် KIO တို့က ပြောဆိုကြသည်။

ဓာတ်ဆီလောင်း၍ မီးရှို့ခံရသည့် ဆရာဝန်မ သေဆုံး



ရန်ကုန်၊ မေ ၂၉
ချစ်သူချင်း စကားများရန်ဖြစ်ရာမှ ဓာတ်ဆီလောင်း၍ မီးရှို့ခံရသည့် ဆရာဝန်မသည် မေ ၂၉ ရက် ညနေပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး၌ သေဆုံးသွားကြောင်း ၄င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။ ၄င်းသည် ရန်ကုန်ပြည်သူ့ဆေး ရုံကြီး အရေးပေါ် ကြပ်မတ်ကုသ ဆောင်၌ ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးသွားခြင်းဖြစ်သည်။
”ဆရာဝန်တွေ ပြောတာတော့ မီးလောင်ဒဏ်ရာတွေကြောင့် သူ့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ် ၈ဝ ရာခိုင်နှုန်း ဆုံးရှုံးသွားတယ်လို့ပြော တယ်။ မနေ့ကတော့ သူတော် တော်လေး ဝေဒနာခံစားလိုက်ရ သေးတယ်။ ဒီနေ့မနက် ၉ နာရီခွဲ ၁ဝ နာရီလောက်ကျတော့ ဦးနှောက်က အလုပ်မလုပ်တော့ ဘူး။ နေ့လယ်ပိုင်းကျတော့ နှလုံးခုန် ရပ်သွားပြီ။ ညနေ ၃ နာရီ ၅၅ မိနစ်ရောက်တော့ ဆုံးသွားတာပဲ” ဟု ၄င်းက ပြောသည်။ သေဆုံးသူ မ…. မှာ ဆရာဝန်ဘွဲ့ရရှိသည်မှာ တစ်နှစ် ကျော်ခန့်ရှိပြီဖြစ်ပြီး ကမာရွတ်မြို့နယ် ရှိရွှေပိတောက် အထူးကုဆေးခန်းတွင် တာဝန်ထမ်းဆောင်လျက် ရှိသည်။ ၄င်း၏ဇာတိမှာ ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်မှဖြစ်ပြီး မွေးချင်း လေးဦး အနက် ဒုတိယမြောက်သမီး ဖြစ်သည်။ အခင်းစတင်ဖြစ်ပွားသည့် အချိန်က သေဆုံးသူ၏ ညီမဖြစ်သူ မှာ နေအိမ်အတွင်း တီဗွီထိုင်ကြည့် နေစဉ် အိမ်ရှေ့မှ စကားများ ရန်ဖြစ် သံနှင့် ဓာတ်ဆီနံ့ရ၍ ထွက်ကြည့်ရာ အစ်မဖြစ်သူ၏ ချစ်သူက အသင့်ယူ လာသော ဓာတ်ဆီဘူးအား အစ်မ ဖြစ်သူ၏ ခန္ဓာကိုယ်ပေါ်သို့ပက်၍ မီးရှို့ခဲ့သည့်အပြင် နေအိမ်တံခါးဝ၌ ပါ ဓာတ်ဆီလောင်း၍ မီးရှို့ခဲ့ခြင်းဖြစ် ကြောင်း ညီမဖြစ်သူက ပြောသည်။ ဓာတ်ဆီလောင်းမီးရှို့တဲ့အချိန်မှာ ဝတ်ထားတဲ့ အကျီ င်္က နိုင်လွန်ဖြစ် တာကြောင့် မီးကူးတာမြန်သွား တယ်။ ညီမလုပ်တဲ့သူက အစ်မ ကိုယ်ပေါ်ကမီးကို ဝိုင်းငြှိမ်းပေးဖို့ ကြိုးစားရင်း သူ့ရဲ့ခြေထောက်နဲ့ လက်တွေကိုပါ မီးလောင်သွား တယ်။ နောက်တော့ ညီမဖြစ်တဲ့သူ က ဝရန်တာထွက်ပြီး ပတ်ဝန်းကျင် ကိုအကူအညီတောင်းတယ်။ အစ်မ လုပ်တဲ့သူကတော့ ရေချိုးခန်းထဲ ဝင်ပြေးရင်း လဲကျသွားတယ်”ဟု အဆိုပါမိသားစုဝင်က ဆိုသည်။ မီးလောင်ဒဏ်ရာရရှိခဲ့သည့် ညီမဖြစ်သူမှာ ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ဆက်လက် ဆေးဝါးကုသမှု ခံယူနေရဆဲဖြစ် သည်။
သူရထွန်း

ဆန္ဒပြမှုများတွင် ပါတီများမပတ်သက်ရန် ခေါ်ယူသတိပေး(ဧရာဝတီ)

လျှပ်စစ်မီး ရရှိရေးနှင့်လုပ်အားခ တိုးမြှင့်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုနေကြသည့် လူထုလှုပ်ရှားမှု များ၌ နိုင်ငံရေးပါတီ များ ပါဝင် ပတ်သက်ခြင်း မပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေး လိုက်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး (ဓာတ်ပုံ - Reuters)
နိုင်ငံရေးပါတီများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများကို လေးစားလိုက်နာပါမည်ဟု ၀န်ခံကတိပြုထားပြီး  ဖြစ်ကြောင်း၊ ထိုဝန်ခံချက်အား ပါတီဝင် တဦးဦးက ချိုးဖောက်လျှင် ၎င်းအား ပါတီဝင် အဖြစ်မှ ထုတ်ပယ်နိုင်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပါတီများနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်ဟု ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ရေးသားထားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) စသည့် ပါတီများ ကို နေပြည်တော်သို့ ယမန်နေ့က ခေါ်ယူတွေ့ဆုံ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့က တွေ့ဆုံပွဲတွင် ဖွဲ့စည်းပုံ၌ ပါဝင်သည့် မူဝါဒများကို ဖတ်ပြကြောင်း၊ လက်ရှိဆန္ဒပြမှုများ၌ ပါတီတချို့ပါဝင် ပတ်သက်သည်ဟု တိုင်ထားကြကြောင်းနှင့် မဖြစ်နိုင်သည့်အရာများကို ပါတီများအနေဖြင့် တွန်းအားမပေးကြရန် ဦးတင်အေး ရှင်းပြကြောင်း NDF ပါတီ၏ ဗဟိုအဖွဲ့ဝင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဦးစိုးဝင်းက ဧရာဝတီကို ပြောသည်။
၎င်းက “စက်ရုံ၊ အလုပ်ရုံ ၂၀ လောက်ဆန္ဒပြနေကြတာမှာ ၁၃ ရုံလောက်က ညှိနှိုင်းလို့ရပြီ၊ ၄ ရုံကတော့ နိုင်ငံရေးပါတီတွေက အားပေးနေတဲ့အတွက် ညှိမရ ဖြစ်နေတယ်ဆိုပြီး တိုင်တာတွေရှိတယ်၊ အဲဒီအထဲမှာ နာမည်ထုတ်ပြောတာက NLD၊ NDF တို့ ပါနေတယ်” ဟု ဆိုသည်။
နိုင်ငံရေးပါတီများသည် ပြည်သူ့ ကိုယ်စားပြုဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ပြည်သူတို့၏ အခက်အခဲများကို ကူညီဖြေရှင်းပေးရန် တာဝန်ရှိကြောင်း၊ အလုပ်သမားရော၊ အလုပ်ရှင်ပါ ပြည်သူများဖြစ်သည့်တိုင် ဒုက္ခအခက်အခဲ ခံစားနေရ
သူများမှာ အလုပ်သမားများသာ ဖြစ်ကြောင်း ဦးစိုးဝင်းက ပြောသည်။
“ကျနော်ကိုယ်တိုင် လွှတ်တော် ကိုယ်စားလှယ် တယောက်အနေနဲ့ အလုပ်သမားတွေနဲ့ တွေ့ဖို့ရှိပါတယ်။ သူတို့ကို ဘာလုပ်ပေးနိုင်မလဲပေါ့။ လွှတ်တော် အနေနဲ့လည်း ဖြေရှင်းပေးဖို့ လိုတာပေါ့” ဟု သူက ဆက်ပြောသည်။
နိုင်ငံရေးပါတီများသည် ဥပဒေ ပုဒ်မ ၄၀၄ (ခ) အရ “နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေရမည်” ဆိုသည့်အချက်နှင့် ပုဒ်မ ၄၀၅ (ခ) ၌ ပါဝင်သော “ဤဖွဲ့ စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာမည်” ဟု ပါတီ မှတ်ပုံတင်စဉ်ကပင် ၀န်ခံကတိ လက်မှတ်ထိုးပြီး ဖြစ်ကြောင်း၊ ၀န်ခံချက်အား ချိုးဖောက်လျှင် ပါတီမှ ထုတ်ပယ်သည်အထိ အရေးယူနိုင်ကြောင်း ဦးတင်အေးက ဆိုသည်။
လျှပ်စစ်မီး ပြဿနာသည် ယခုမှ ဖြစ်ပေါ်လာခြင်း မဟုတ်ကြောင်း၊ ထိုကိစ္စအား အစိုးရသတင်းစာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြမပေးဘဲ သတင်းထိန်ချန် ထားကြောင်း စသည့် ကိစ္စတို့ကို ပြန်လည်ဆွေးနွေးခဲ့သည်ဟု NLD ပါတီ၏ ပြောခွင့်ရသူနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောသည်။
၎င်းက “မီးပြဿနာက ကြာပြီ၊ ဒါကို အဓိက ဖြေရှင်းပေးဖို့ တာဝန်က အစိုးရဖြစ်တယ်၊ အစိုးရ သတင်းစာတွေကလည်း သ တင်းတွေ အမှောင်ချထားတော့ အကြောင်းစုံကို အခု ခေါ်ပြောတော့မှပဲ ကျနော်တို့က သိရတာပါ” ဟု ဆိုသည်။
မိမိတို့၏ လိုအပ်ချက်များ တောင်းဆိုခြင်းသည် ပြည်သူတို့၏  လွတ်လပ်ခွင့်ဖြစ်ကြောင်း၊ ပြည်သူတို့၏ လွတ်လပ်ခွင့် အား ကာကွယ်ပေးရေး တာဝန်သည် ၎င်းတို့ပါတီ၏ အခြေခံမူပင် ဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောသည်။
လူထု ဆန္ဒပြပွဲများသည် ရန်ကုန်၊ မန္တလေး၊ ပြည်၊ မုံရွာ၊ ပုသိမ် စသည့် ဒေသများ၌ ဆက်တိုက်ဖြစ်ပေါ်နေပြီး တပြည်လုံး အုံကြွမှု ဖြစ်လာမည့်အရေးကို အစိုးရ အာဏာပိုင်များက စိုးရိမ်လျှက် ရှိသည်။ မှော်ဘီမြို့နယ် သံမဏိစက်ရုံမှ အစာငတ်ခံ ဆန္ဒပြသည့် အလုပ်သမား တချို့ကိုလည်း ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းစ၊ နုနယ်သော ကာလတွင် လိုအပ်ချက်များ ရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပြီး နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု ပူးပေါင်းဆောင်ရွက်နေသည့် ကာလတွင် မလိုလားအပ်သော
ဆူပူအကြမ်းဖက်မှုကြောင့် တုံ့နှေးသွားမည့် အခြေအနေမျိုး မဖြစ်ရန် အလေးထားဖို့ လိုကြောင်း ဦးတင်အေးက ဆိုသည်။
ဦးတင်အေးက “မဖြစ်နိုင်သေးတာတွေကို ဆန္ဒစော အတင်းတွန်းအားပေး ဆောင်ရွက်ခြင်းဖြင့် မိမိအတွက်ရော နိုင်ငံအ တွက်ပါ အကျိုးမရှိ၊ မလိုလားအပ်တဲ့ ဆူပူမှုတွေ ဖြစ်လာရင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ကိုထိခိုက်စေတယ်” ဟု
ဆိုကြောင်း သတင်းစာများ၌ ဖော်ပြထားသည်။
နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ ရှင်းလင်းရာတွင် ဦးတင်အေးနှင့်အတူ အမှတ် ၂ လျှပ်စစ်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်သန်းဦး၊ အလုပ်သမား ဒု ၀န်ကြီး ဦးမြင့်သိန်းတို့ကလည်း လက်ရှိ ဆန္ဒပြမှု အခြေအနေများ၊ ၎င်းတို့ဌာနများမှ ဖြေရှင်းပေးနေသည့် အခြေအနေများ၊ အခက်အခဲများကို ရှင်းလင်းပြခဲ့ကြကြောင်း ပါတီ ခေါင်းဆောင်များက ပြောသည်။
အစိုးရ အာဏာပိုင်တို့၏ ခေါ်ယူဆွေးနွေး အသိပေးခြင်းသည် ၎င်းတို့၏ မူဝါဒကို ထုတ်ဖော်ပြောဆိုခြင်း ဖြစ်ပြီး ပြည်သူတို့၏ အခက်အခဲများကို ကူညီဖြေရှင်းပေးရေး ကိစ္စသည် နိုင်ငံရေးပါတီများ၏ မူဝါဒ ဖြစ်ကြောင်းလည်း နိုင်ငံရေး ပါတီများက ဆို သည်။

JARIT SHADAW MASAT (6) HTA GAP


May (30) bat Masum (jinghpawkasa)
Wunpawng Mungdan Shanglawt Asuya Up hkang ginra rai nga ai Jinghpaw Mung hte Miwa ga jarit ai, jarit shadaw masat (6) de May (28) ya shani myen asuya a hpyen hpung ni mana maka bai htu lung wa ai lam, n dai zawn htu lung wa ai myen tai hpyen hpung ni hpe KIA myu tsaw share ninghkring ni kawn May (29) ya shani gasat shabra kau lu sai lam shiga na chye lu ai. KAI myu tsaw share ninghkring ni n dai zawn sha htim gap dat ai majaw myen hpyen hpung ni dumbri dumbra rai hprawng a yai mat ma sai lam mung matut na chye lu ai.

ပြည်သူ့စစ်များ KIA တံဆိပ်ဖြင့် လူသစ်စုဆောင်း



ဂွေထူပြည်သူ့စစ်ဝင် တစ်ဦး မြန်မာ့တပ်မတော်၊ ပြည်သူ့စစ်မဟာဗျူဟာဌာန လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များသည် KIA ၀တ်စုံဖြင့် နေရာအနှံ့ စစ်သား လူသစ် စုဆောင်း လျက်ရှိကြောင်း သတင်းရရှိသည်။ ဦးလဆန်အောင်ဝါ ဦးဆောင်သော ဂွေထူပြည်သူ့စစ် တပ်ဖွဲ့ဝင်များသည် ၀ိုင်းမော်မြို့ နယ်အတွင်းရှိ ကျေးရွာများတွင် နေ့၊ ည မရွေး လူသစ်များကို အတင်းဖမ်းဆီးနေကြသည်ကို ၀ါးရှောင်မှ ပြန်လည်ရောက်ရှိလာ သော ရွာသားများ သတင်းပေးပို့လာသည်။ ၎င်းတပ်ဖွဲ့ဝင်များ ကြားတွင် ဗမာစကားပြော ကွမ်းဝါးသော အသားမဲ တပ်သားများ ပါဝင်ပြီး အားလုံးသည် KIA ယူနီဖေါင်း ၀တ်ဆင်ထားကြောင်း သိရသည်။
သူတို့က အသိသာကြီးဗျာ၊ သူတို့ရဲ့သေနတ်တွေမှာ တံဆိပ်တွေ အထင်းသားကြီး ဆေးအဖြူနဲ့ ရေးထားတယ် ” ဟူ၍ ဆိုင်ကယ် ကယ်ရီ သမားတစ်ဦးမှ ပြောဆိုလာသည်။
၎င်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့သည် ငွေကြေးဖြင့် ပြန်လည်ရွေးယူနိုင်သော မိဘများထံသို့ ၎င်းတို့၏ သားသမီးများကို ပြန်လည်အပ်နှံကြကြောင်း သိရှိရသည်။ အနည်းဆုံး ကျပ် ၁၅၀၀၀ တောင်းယူကြ သည်ဟု သတင်းရရှိသည်။
အရွယ်မရောက်သေးသော ကလေးများကို အတင်းဖမ်းဆီးခြင်း၊ ကြိုးဖြင့်ချည်နှောင်၍ ခေါ်ဆောင်သွား ခြင်းများကို KIA မှ လုပ်ဆောင်နေသည်ဟု အများပြည်သူများထင်မြင်လာအောင် လုပ်ဆောင်နေကြ သည်။ နိုင်ငံပိုင်သတင်းစာများတွင်လည်း KIA မှ လူသစ်စုဆောင်းနေကြောင်း ရေးသားလျက်ရှိသည်။

Tuesday, May 29, 2012

မျိုးကျော့မြိုင်ရဲ့ လက်ရောက်မှုနဲ့ ဆီးဂိမ်းအတွက် သီချင်းဖန်တီးသူ

အနုပညာရှင်နဲ့ အမှုများ  (ဧရာဝတီ)
သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ တထောင်တန် ပါးရိုက်မှု ငြိမ်သွားချိန်မှာ အခုတခါ အဆိုတော် မျိုးကျော့မြိုင်ရဲ့ လက်ရောက် ကျူးလွန်မှု ဆိုပြီး facebook စာမျက်နှာတွေပေါ် တက်လာပြန်ပါပြီ။
ကင်ဂျုံအီးလ် ဝတ်စုံနဲ့ မျိုးကျော့မြိုင် (ဓာတ်ပုံ - ဧရာဝတီ)၊ မျိုးကျော့မြိုင်ရဲ့ ထိုးနှက်ချက်ကို ခံခဲ့ရတဲ့ မောင်ဟိန်းမင်းသူ (ဓာတ်ပုံ - RFA)
မျိုးကျော့မြိုင်ရဲ့ ဒီအမှုက ဘယ်လောက်တန် မှန်းတော့မသိရ သေးပါဘူး။ မောင်ဟိန်းမင်းသူလို့ အမည်ရတဲ့ ၁၅ နှစ်အရွယ် အိမ်အကူ အလုပ်သမား ယောက်ျားလေးတဦးကို မျိုးကျော့မြိုင်က ပိုက်ဆံခိုးတယ်လို့ စွပ်စွဲပြီး ထိုးကြိတ်ခဲ့တယ်လို့ သိရပါတယ်။
မောင်ဟိန်းမင်းသူကို RFA သတင်းဌာနက မေးမြန်းထားတဲ့ မေးမြန်းချက်နဲ့ ထိုးကြိတ်ခံထားရလို့ ဒဏ်ရာရထားတဲ့ ဒီလူငယ်လေးရဲ့ ဓာတ်ပုံဟာ ဖေ့ဘုတ် စာမျက်နှာထက်မှာ ပျံ့နှံ့နေတာပါ။
ထိုးကြိတ်ခံရတဲ့ အလုပ်သမား ဘက်က မရမ်းကုန်းမြို့နယ်တရားရုံးမှာ တရားစွဲဆို အမှုဖွင့်ထားတယ် လို့လည်း သိရပါတယ်။
မျိုးကျော့မြိုင်က RFA  သတင်းဌာနကို ဒီကိစ္စ မမှန်ကန်ကြောင်း ပြန်လည်ငြင်းဆန် ဖြေဆိုထားပါတယ်။ ဧရာဝတီသတင်းဌာနက မျိုးကျော့မြိုင်ကို ဆက်သွယ်ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။
အဆိုတော် မျိုးကျော့မြိုင်ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်က လက်ထပ်ခဲ့တဲ့ ဒေါက်တာ သွင်ပပအောင်ကိုလည်း ဂရန်း မီးရထား ဟိုတယ် ရှေ့မှာ ပါးရိုက်ခဲ့တဲ့အတွက် လမ်းမတော် တရားရုံးမှာ တရားစွဲဆိုခံထားရသူပါ။
လက်သံပြောင်တဲ့ မျိုးကျော့မြိုင်ဟာ ၁၉၉၆ ၀န်းကျင် လောက်က မင်းသမီးတယောက်နဲ့ ပြောဆိုထားတဲ့ စကားသံတွေ ပြန့်နှံ့ခဲ့ဖူးသလို လွန်ခဲ့တဲ့ နှစ်အနည်းငယ် လောက်ကလည်း အဆိုတော်မျိုးကျော့မြိုင်ရဲ့ မဖွယ်မရာပြုလုပ်ထားတဲ့ ဗီဒီယို ဖိုင်တွေ အင်တာနက်ပေါ်မှာ ပြန့်နှံ့ပြီး နာမည်ကြီးခဲ့ ပါသေးတယ်။
Rap တေးသီချင်းများကို မြန်မာပြည်နဲ့ ပထမဆုံး စတင် မိတ်ဆက်ပေးခဲ့သူလည်းဖြစ်တဲ့ အဆိုတော် မျိုးကျော့မြိုင်ဟာ အောင်မြင်တဲ့ တေးသီချင်းများကို ဖန်တီး သီဆိုခဲ့သူလည်းဖြစ်ပါတယ်။
အနုပညာရှင်များနဲ့ အမှုတွေအကြောင်း ပြောရရင်တော့ သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ နာမည်ကျော် တထောင်တန် လက်ရောက်မှု နိဂုံးချုပ်သွားပြီ ဖြစ်သလို မကြာသေးခင်က အမှုတွေ တသီတတန်းကြီးနဲ့ နာမည်ကြီးခဲ့တဲ့ သရုပ်ဆောင် မင်းအုပ်စိုးရဲ့ နောက်ဆက်တွဲ သတင်းတွေလည်း ငြိမ်သက်သွားပြီလို့ ဆိုရမှာပါ။
အခုတခါ အလှည့်ကျရောက်သူ မျိုးကျော့မြိုင်ကကော သူ့အမှုတွေကို ဘယ်လိုများ အဆုံးသတ်မလဲ ဆိုတာ စောင့်ကြည့်ရမယ် ထင်ပါတယ်။
ထိုးကြိတ်ခံရတဲ့ လူငယ်လေးရဲ့ အသံဖိုင်ပါ..။http://soundcloud.com/tibetan-rfa/umn9o5bvvxyi
ဆီးဂိမ်းအတွက် သီချင်းရေးတဲ့ နွဲ့ယဉ်ဝင်း
လာမယ့် ၂၀၁၃ ခုနှစ်မှာမြန်မာက အိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲ အတွက် လိုအပ်တဲ့ တေးသီချင်းတွေကို နာမည်ကြီးတေးရေးဆရာတွေ၊ အဆိုတော်များက ရေးစပ်သီဆိုနိုင်ဖို့ ပြင်ဆင် နေကြပါပြီ။
အားကစားဝန်ကြီးဌာနကနေ ဆီးဂိမ်းပြိုင်ပွဲအတွက် တေးသီချင်းတွေကို ပြိုင်ပွဲကျင်းပပေးပြီး ရွေးချယ်ခံရတဲ့ တေးသီချင်း ၅ ပုဒ်အပြင် စီးရီးတခွေစာ ထွက်ရှိဖို့အတွက် လိုအပ်နေသေးတာကြောင့် အနုပညာရှင်တွေက နောက်ထပ် အားဖြည့် ရေးသားပေးနေ ကြတာပါ။
တေးရေးတေးဆို နွဲ့ယဉ်ဝင်း
ဆီးဂိမ်းအတွက် သီချင်းရေးနေကြ သူတွေထဲမှာ တေးရေး၊ အဆိုတော် နွဲ့ယဉ်ဝင်းလည်း တတပ်တအား ပါဝင်နေပါတယ်။ သူက အင်္ဂလိပ်ဘာသာနဲ့ တေးသီချင်းတပုဒ်ကို ရေးသားထားတယ်လို့ သိရပါတယ်။
“ကျမက One common language sea games ဆိုတဲ့ အင်္ဂလိပ်စာသားနဲ့ သီချင်းကို သံစဉ်ကော၊ စာသားပါ ဖန်တီးထားတယ်။ ကျမက သီချင်း notes မရေးတတ်ဘူးဆိုတော့ ကိုဝင်းမော် (ရွှေသံစဉ်) ကို ခေါ်ပြီး notes ရေးဖို့ ကူညီခိုင်းထားပါတယ်။ ကျမ အသံနဲ့ အကြမ်းသွင်းထားတဲ့ ဒီသီချင်းကို ချမ်းချမ်းကို ဆိုခိုင်းဖို့ မှန်းထားတယ်။ ဒီသီချင်းလေးကို ကော်မတီကို မတင်ပြရ သေးပါဘူး” လို့ အဆိုတော် နွဲ့ယဉ်ဝင်းက ဧရာဝတီကိုပြောပါတယ်။
တခြား တေးရေးဆရာတွေကလည်း ရေးသားကြမှာဖြစ်ပြီး အခွေတခွေစာထွက်ဖို့ စီစဉ်ကြမှာလို့လည်း သူက ဆက်ပြောပါတယ်။
အားကစားဝန်ကြီးဌာနက လာမယ့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွေအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီတွေ ဖွဲ့စည်းထားတဲ့ အထဲမှာ အနုပညာနဲ့ သက်ဆိုင်တဲ့ ကော်မတီအတွက် စတီရီယို အဆိုတော်တွေ၊ တေးရေးတွေ၊ တီးဝိုင်းတွေနဲ့ မြန်မာသံပိုင်းက အဆိုတော်တွေ၊ တေးရေးတွေနဲ့ ဆိုင်းပညာရှင်တွေ ပါဝင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၁၉၆၉ ခုနှစ်ကစတင်ပြီး အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခွင့်မရခဲ့ရာကနေ နှစ် ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် ပြန်လည် ကျင်းပခွင့်ရမှာဖြစ်တဲ့ ဒီပြိုင်ပွဲမှာ အနုပညာပိုင်းက ဘယ်လိုတွေ တင်ဆက်ကြမလဲ ဆိုတာကို ကြိုတင် မှန်းဆနိုင်ဖို့ တင်ပြလိုက်တာပါ။

ပင်လုံသဘော်တူ့ စာချုပ် မချုပ်ဆိုခင်က နိုင်ငံတွေရဲ မြေပုံ


Map
ပင်လုံသဘော်တူ့ စာချုပ် မချုပ်ဆိုခင်က နိုင်ငံတွေရဲ မြေပုံဖြစ်တယ်ပြည်ထောင်စုမြန်...မာနိုင်င်ံတော် ဆိုဒါ ပင်လုံစာချုပ် မှာ ပေါင်း လိုက်လိုံ့ဖြစ် ပေါ်လာ ဒါဖြစ်တယ်See More
By: Rawt Sa

အစာငတ်ခံ ဆန္ဒပြရင်း လဲကျသူ ၁၀ ဦးအထိရှိလာ

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်ရှိ Yangon Crown သံမဏိ စက်ရုံတွင် အစာငတ်ခံ ဆန္ဒပြနေကြသော အလုပ်သမား ၄၁ ဦးအနက်မှ အားပြတ်လဲကျခဲ့သူ ၁၀ ဦးအထိရှိသွားပြီဖြစ်ကြောင်း အလုပ်သမားကူညီရေးအဖွဲ့များက ပြောသည်။  အခြေခံလစာ တိုးမြှင့်ပေးရေးနှင့် အလုပ်သမားအခွင့်အရေးများ ပေးရေးတို့ကို ယခုလ ၂၅ ရက်နေ့က စ၍ အစာငတ်ခံတောင်းဆို ခဲ့ကြရာ တတိယမြောက်နေ့တွင် ကိုဇော်မင်းလတ်ဆိုသူမှာ လဲကျခဲ့ပြီး မှော်ဘီဆေးရုံကြီးသို့ ဆေးကုသရန်တင်ပို့ခဲ့ရသည်။ ယမန် နေ့ ညနေပိုင်းအထိ ယင်းသို့ ဖြစ်ပွားသူ စုစုပေါင်း ၁၀ ဦး ရှိပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
Yangon Crown သံမဏိ စက်ရုံမှ အလုပ်သမားများ အစာငတ်ခံ ဆန္ဒပြ နေသည်ကို ယမန်နေ့က တွေ့ရစဉ်(ဓာတ်ပုံ - မျိုးမင်းသွင် ဖေ့စ် ဘုတ် မှ)
“မနေ့ကအထိတော့ သွေးဝမ်းကိုက်တဲ့ တယောက်ကို မှော်ဘီဆေးရုံကြီးမှာ တင်ထားပါတယ်။ ကျန်တဲ့ကိုးယောက်ကိုတော့ ဆန္ဒပြ နေတဲ့ တဲနားမှာ အနားယူ ကုသပေးထားပါတယ်။ သူတို့က အနားမယူဘဲ ဆန္ဒပြတဲ့ နေရာကိုပဲ တွဲတွဲပြီး ပို့ခိုင်းနေတာပဲ၊ အဲဒီလိုပဲ သွားပြလိုက် လဲသွားလိုက်နဲ့”ဟု အလုပ်သမားများ ဆန္ဒပြမှုကို ကူညီဆောင်ရွက်ပေးနေသူ ကိုမျိုးမင်းသွင်က ဧရာဝတီသို့ ပြော သည်။
Yangon Crown သံမဏိ စက်ရုံတွင် အစာငတ်ခံဆန္ဒပြ အဖွဲ့အပြင် လူ ၁၅၀ ပါဝင်သော ထိုင်သပိတ်ဆင်နွှဲနေသည့် အဖွဲ့ တဖွဲ့လည်း ရှိနေပြီး နှစ်ဖွဲ့လုံးက အခြေခံလစာတိုးပေးရန်နှင့် လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် လုပ်ငန်းခွင် အကာအကွယ် ပစ္စည်းများ လုံလောက်စွာ ထားရှိပေးရန်တို့ကို တညီတညွှတ်တည်း တောင်းဆိုနေကြခြင်းဖြစ်သည်။
မှော်ဘီဆေးရုံကြီးသို့ တင်ပို့ကုသနေရသော ကိုဇော်မင်းလတ်မှာ သွေးဝမ်းများပါသွားနေပြီး စိုးရိမ်နေရကြောင်း၊ နောက်ထပ် အားပြတ် လဲကျခဲ့သူ ကိုတင်ဦး၊ ကိုတင်မိုးဝင်း၊ ကိုသန်းလှစိုး၊ ကိုရဲကိုဦးနှင့် အခြား ၅ ဦးမှာ အစာအိမ်အောင့်ခြင်း ဖျားနာခြင်းနှင့် ကြွက် တက် ဝေဒနာများခံစားနေရပြီး စောင့်လျှောက်ပေးနေလျက်ရှိကြောင်း ဆန္ဒပြသူများကို ကူညီပေးနေသော ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်များကလည်း ပြောဆိုသည်။
မူလက အစာငတ်ခံ ဆန္ဒပြသူ ၂၅ ဦးသာ ရှိခဲ့သော်လည်း နောက်ထပ် ၁၆ ဦး ထပ်မံဝင်ရောက်လာသဖြင့် ၄၁ ဦးထိ ရှိလာခဲ့ပြီး ဆန္ဒပြသူများက တောင်းဆိုချက်များ လိုက်လျောမှုရသည်ထိ ထိုနေရာမှ ရွှေ့ပြောင်းခြင်းမပြုတော့ဟု ဆုံးဖြတ်ခဲ့ကြကြောင်း ဆန္ဒပြ အလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။
“သူတို့ရဲ့ ရည်မှန်းချက်က သေသွားပစေ၊ အလောင်းကို မသင်္ဂြိုဟ်နဲ့ ဒီမှာပဲ ပုံထား။ တယောက်တည်းကျန် ပစေ တောင်းဆိုမှုများ ပြေလည်သည်အထိ တိုက်ပွဲဝင်သွားမယ်ဆိုပြီး ဆုံးဖြတ်ထားတာ”ဟု အလုပ်သမားများကို ကူညီပေးနေသည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်(HRDP) အဖွဲ့မှ ကိုကျော်ဝဏ္ဏ က ပြောသည်။
ယင်းသို့တောင်းဆိုနေမှုများနှင့် ပတ်သက်၍ အလုပ်ရှင်ကိုယ်စားလှယ်၊ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်များ၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်တို့ ယမန်နေ့က ဆွေးနွေးခဲ့ကြသော်လည်း အလုပ် သမားများ အဓိက တောင်းဆိုသော အခြေခံလစာတိုးပေးရေးကို ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပေ။
အစာငတ်ခံ ဆန္ဒပြစဉ် လဲကျသူ တဦး(ဓာတ်ပုံ - မျိုးမင်းသွင် ဖေ့စ် ဘုတ် မှ)
အလားတူ အခြေခံလစာ တိုးပေးရေးနှင့် အလုပ်သမား ခံစားခွင့်များ အတည်ပြုပေးရေးတို့ကို ယခုလ ၉ ရက်နေ့မှ စတင် တောင်း ဆိုမှုများ ပြုလုပ်ခဲ့သော Hi-Mo နှင့် Hi Art ဆံပင်တု စက်ရုံ နှစ်ရုံမှ အလုပ်သမား ၂၀၀၀ ခန့်ကိုလည်း ၂၄ ရက်နေ့မှ စတင်ကာ အစားအသောက်များကို စက်ရုံမှ ချက်မကျွေးတော့ဘဲ ရပ်ဆိုင်းခံလိုက်ရသည်။
ထိုအလုပ်သမားများကို အစိုးရမဟုတ်သော အဖွဲ့များက ကူညီပံ့ပိုးမှုများရှိသော်လည်း လုံလောက်မှုမရှိသဖြင့် အလုပ်သမား ၂၅၀ ကျော်မှာ အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရကြောင်း အလုပ်သမားခေါင်းဆောင် မသီတာထွန်း က ဧရာဝတီသို့ ပြောသည်။
“ကလေးတွေ နေမကောင်းဖြစ်တာက အစာမစားရလို့ အာဟာရချို့တဲ့တာလည်းပါတယ်။ အရင် ဆန္ဒပြတုန်း သူတို့ ထမင်းကျွေး တုန်းက ဝမ်းနှုတ်ဆေးတွေ၊ စိတ်ပျော့ဆေးတွေ ခတ်ထည့်တာလည်း ပါတယ်။ ဟင်းချက်တဲ့လူတွေက သူတို့ကိုယ်တိုင်ကလည်း ဒီဆေးတွေထည့်တဲ့ အကြောင်း ပြောတယ်”ဟု မသီတာထွန်း က ပြောသည်။
အလုပ်သမားများ၏ တောင်းဆိုချက်များအားလုံးကို ယခုလ ၁၀ ရက်နေ့က လှိုင်သာယာ စက်မှုဇုန် ရှေ့တန်းကြီးကြပ်ရေးရုံးတွင် အလုပ်သမား ခေါင်းဆောင်များ၊ အလုပ်ရှင် ကိုယ်စားလှယ် ဒေါ်နန်းသောင်းရင်နှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်တို့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေး နွေးခဲ့ပြီး သဘောတူလက်မှတ်ထိုးခဲ့သော်လည်း ထို သဘောတူစာချုပ်ကို ကိုရီးယား လုပ်ငန်းရှင် က သဘောမတူဟု ဆိုကာ တဖက်သတ်ဖျက်သိမ်းခဲ့သည်။
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်တွင် Hi-Mo နှင့် Hi Art စက်ရုံနှစ်ခု အပါအဝင် ဆန္ဒပြနေသည့် စက်ရုံပေါင်း ၁၁ ရုံရှိပြီး တိုးမြင့်အောင်၊ YJ ၊ နေမင်းအောင်၊ အာရှနှင်းဆီ၊ ပုလဲ၊ စပယ်ပွင့် နှင့် Miss Style စက်ရုံ ၇ ရုံမှာ ဝင်ငွေ၊ ကျန်းမာရေးနှင့် အာဟာရ ချို့တဲ့မှု များကြောင့် တောင်းဆိုမှုများ အပြည့်အဝ ရရှိသည်အထိ စောင့်ဆိုင်းနိုင်ခြင်းမရှိဘဲ အလုပ်ရှင်နှင့် ညှိနှိုင်းလစာကို သဘော တူကာ အလုပ်ပြန်ဆင်းနေကြပြီဖြစ်ကြောင်း သိရသည်။
အလုပ်သမားမျာဘက်မှ ဥပဒေအရ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးဌေး က “ဆန္ဒပြအလုပ်သမားတွေမှာ အကူအညီတွေ လိုပါ တယ်။ ဝင်ငွေမရတဲ့အပြင် အိမ်ကနေ ပိုက်ဆံတောင်းပြီး ဒီကိုလာကြရ၊ ထမင်းဖိုး၊ ရေဖိုးကအစကုန်နေတယ်၊ ရက်ရှည်လများ ဆန္ဒပြနေကြရတဲ့အတွက် စိတ်ဓာတ်ရေးရာ အထောက်ပံ့တွေလိုနေသလို ရုပ်ဝတ္ထု အရလည်း ငွေကြေးအပါအဝင် အစား အသောက် အထောက်ပံ့တွေ လိုပါတယ်။ ဒါမှသာ အလုပ်သမားတွေက ကြံ့ကြံ့ ခံနိုင်မှာ ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
သူကဆက်ပြီး“အစောပိုင်းက၊ ၇ ရုံလက်မှတ်ထိုးကြတာလည်း ကြံ့ကြံ့ မခံနိုင်ကြတော့လို့ဖြစ်ပါတယ်။ သူတို့မှာ သောက်စရာက မရှိ၊ အမိုးအကာက မရှိ၊ မိုးရေထဲမှာ တောင်းဆိုနေကြတယ်၊ ဖျားတဲ့လူကဖျား၊ နာတဲ့လူကနာနဲ့ အဲဒါကြောင့်မို့ သူတို့လည်း ရတဲ့ အဖြေ တခုအပေါ်မှာ ကျေနပ်လက်ခံ လိုက်ရတဲ့အခြေအနေတွေဖြစ်သွားတာ၊ ဒါပေမယ့် တောင်းဆိုမှုတွေ အပြည့်အဝ မရရှိသွားပေမယ့် တချို့တဝက်ထိတော့ ရသွားတယ်” ဟု သူက ပြောသည်။
Hi-Mo နှင့် Hi Art ဆံပင်တု စက်ရုံးများအပါအဝင် ငွေကံ့ကော်နှင့် Lucky Shoe တို့မှာ ဇွဲမလျှော့သေးဘဲ တောင်းဆိုမှုများ အပြည့်ဝ ရရှိသည်အထိ ဆက်လက် တောင်းဆိုသွားမည်ဟု အလုပ်သမားများကပြောဆိုနေကြသည်။ အခြေခံ လစာတိုးပေးရေးနှင့် အလုပ်သမားခံစားခွင့် တောင်းဆိုမှုများ ထပ်မံတိုးပွားလျက်ရှိပြီး ယနေ့တွင်ပင် ကမ္ဘာ အထည်ချုပ် စက်ရုံနှင့် Star tet စက်ရုံ တို့က ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။
ထို့အတူ မြန်မာနိုင်ငံတွင် လူသုံးအများဆုံး အရက်များကို ထုတ်လုပ်နေသော IBTC ကုမ္ပဏီ လက်အောက်ရှိ M.W.D.C စက်ရုံခွဲ ၄ ခုအနက် အမှတ် (၁) နှင့် အမှတ် (၂) စက်ရုံတို့မှ အလုပ်သမား ၂၀၀ ကျော်က ဧပြီလ ၂၈ ရက်နေ့ကတည်းကပင် အခြေခံ လစာ တိုးမြှင့်ပေးရေးနှင့် လုပ်ငန်းခွင်အတွင်း လိုအပ်ချက်များပြုပြင်ပေးရေးတို့ကို အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပြီး အလုပ်ရှင်က ယခုချိန် အထိ လိုက်လျောပေးမှု မရှိသေးသဖြင့် ဝင်ငွေထိခိုက်နစ်နာမှုများနှင့် ကြုံနေရသည်။ (ဧရာဝတီမှကူးယူသည်။)

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် ဘိန်းစားမဖြစ်ရ၊မူးယစ်ဆေးဝါး (ဘိန်းဖြူ၊ ဘိန်းစိမ်း၊ ရာမဆေးပြား) ရောင်းဝယ်ဖောက်ကားသူ မဖြစ်စေရ

ပြည်သူ့လွှတ်တော် မူးယစ်ဆေးဝါးရေးရာ ကိုယ်စားလှယ် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲ ကျင်ပပြီးစီးအချိန်တွင် ကြိုတင်မဲကိစ္စ၊ မဲမသမာမှုကိစ္စကို ပြည်တွင်းသာမက ကမ္ဘာသိဖြစ်ခဲ့ပါတယ်။ ယခုလွှတ်တော် ကိုယ်စားလှယ်အဖြစ် လွှတ်တော် တက်နေကြသူများ ကိုယ့်ကိုယ်ကို ကိုယ်သိနေကြမယ်လို့ ထင်ပါတယ်။ ဖြစ်ခဲ့ပြီးသား ဖြစ်ရပ်ကို မပြောလိုပါ။ မတက်နိုင်လို့ ခွင့်လွှတ်ကြပ...ါတယ်။ ဒါပေမယ့် ၂၀၀၈ခုနှစ် အခြေခံဥပဒေမှာ ပြင်ဆင်သင့်တာတွေ အများကြီး ရှိခဲ့သည့်အထဲက ထပ်ဖြည့်သင့်တာတွေလည်း
အောက်ပါအတိုင်း ရှိနေပါသေးတယ်။
(၁) လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် ဘိန်းစားမဖြစ်ရ၊ ဆေးစစ်ရမည်။
(၂) လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် မူးယစ်ဆေးဝါး (ဘိန်းဖြူ၊ ဘိန်းစိမ်း၊ ရာမဆေးပြား) ရောင်းဝယ်ဖောက်ကားသူ မဖြစ်စေရ။
အထက်ပါအချက်၂ခုကို ထပ်မံဖြည့်စွက် ထည့်သွင်းသင့်ပါတယ်။ ကျွန်တော်တို့ ကချင်ပြည်မှာ လွှတ်တော်ကိုယ်စားလှယ် နေရာနှင့် မထိုက်တန်သော လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဟာ လွှတ်တော်ကိုယ်စားလှယ် တာဝန်ကို မဆောင်ရွက်ဘဲ စစ်ဆင်ရေး၊ စစ်မက်ရေးရာ၊ စစ်ကျေညာတဲ့အလုပ်မှာသာ မွေ့လျော်နေသူ တစ်ဦးရှိပါတယ်။ ပြည်သူတစ်ရပ်လုံးကို ဘ၀သုဉ်းအောင် လုပ်ဆောင်နေသူ၊ မူးယစ်ဆေးဝါးကို တသက်လုံး မှီဝဲနေသူ၊ ရောင်းဝယ်ဖောက်ကား လုပ်သူ၊ ထိုသူကား ဦးဇခုန်တိန်းယိန်းသာလျှင် ဖြစ်ပါတယ်။
၂၀၁၂ခုနှစ်၊ ဧပြီ (၂၇) ရက် နေ့စွဲဖြင့် ဦးဇခုန်တိန်းယိန်း၏ ထုတ်ပြန်ကျေညာချက် အချက်(၅)ချက်ကို ကျွန်တော်တို့ ကချင်ပြည်နယ်သူ/သားများ မလိုက်နာနိုင်ပါ။ ကချင်ပြည်နယ် သူ/သားများကို ဖျက်ဆီးသူ၊ တက္ကသိုလ်ကျောင်းသား ကချင်လူငယ်များကို ဖျက်ဆီးသူမှာ ဦးဇခုန်တိန်းယိန်း ပင်ဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်း ပလူပြန်နေတဲ့ ဘိန်းဖြူဘိန်းမဲ အားလုံးဟာ အခြားပြည်ပမှ ၀င်လာတာမဟုတ်ပါ။ ဦးဇခုန်တိန်းယိန်း၏ နယ်ခြားစောင့်တပ်ရှိရာ ယခင်အထူးဒေသ (၁)မှ ထုတ်လုပ်ရောင်းချနေတာကို ဒေသခံပြည်သူများ အားလုံးအသိပါ။
ထို့ကြောင့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချနေသူကို လွှတ်တော်ကိုယ်စားလှယ် ထပ်ဖြစ်အောင် မဲလုံးဝ (လုံးဝ) မထည့်ပေးကြပါနဲ့လို့ ပြည်သူအများထံ အနူးအညွန့် ပြောကြားလိုပါတယ်။

(လွှတ်တော်နှစ်ရပ်စလုံးမှ ဥက္ကဌနှစ်ဦးအား လေးစားပါတယ်)။

အတွင်းသိ BGF တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး။
၂၈-၅-၂၀၁၂  (jinghpawkasa)

ကချင်ဒုက္ခသည်တွေအတွက် အကူအညီများ ထပ်ပေး


ကချင်ဒုက္ခသည်တွေအတွက် အကူအညီများ ထပ်ပေး

ရုပ်ရှင်မင်းသားရဲတိုက် ထူထောင်တဲ့ ရဲတိုက...်ဖောင်ဒေးရှင်းကနေ
ကချင်စစ်ပြေးဒုက္ခသည်တွေ အတွက် အကူအညီ ထပ်မံပေးအပ်ခဲ့တယ်လို့ ၀ိုင်းမော်မြို့က ဒုက္ခသည်စခန်းတွေ သွားရောက်ခဲ့တဲ့ စာရေးဆရာ
ကျော်ရင်မြင့်က ပြောပါတယ်။

လက်ရှိအနေနဲ့ ပစ်ခတ်မှုများ ရှိနေတာကြောင့် ဧပြီလတုန်းက ရှိခဲ့တဲ့ ဒုက္ခသည် ဦးရေထက် မေလထဲမှာ နှစ်ဆတိုးလာတယ်လို့ ဦးကျော်ရင်မြင့်က ပြောပါတယ်။

"၀ိုးမော်ဇုံ နှစ်ချင်းအသင်းသာသနာဝင်းအတွင်းမှာ အခုဆိုရင် ၉၀၀ နီးပါးလောက် ရောက်နေပြီ။ ဧပြီလတုန်းကဆိုရင် ၄၅၀ လောက်ပဲရှိတယ်။ အခက်အခဲပေါင်းစုံ အများကြီးပဲ။ ၀ါးလုံးတိုင်ထူပြီးတော့မှ မိုးကာဖျင် မိုးကာပြီးတော့ နေရတာ။ အခု ရဲတိုက် ဖောင်ဒေးရှင်းကနေပြီးတော့မှ KBC ခရစ်ယာန်အသင်းတွေနဲ့ အဆောက်အဦး ဆောက်ဖို့အတွက် အကူအညီတွေ ပေးခဲ့တယ်။ ၀ိုးမော်မှာရှိတဲ့ လော်ဝေါ် ဘုရားကျောင်းတို့၊ ဗုဒ္ဓဘာသာ သာဂရ ကျောင်းတိုက်တို့ အဲဒီက ဒုက္ခသည်စခန်းတွေကိုလည်း သွားခဲ့ကြတယ်။ အရင်ကလည်း ရုပ်ရှင်မင်းသားရဲတိုက် ကိုယ်တိုင် အဲဒီနေရာတွေကို သွားပြီးတော့ အများကြီး ကူခဲ့ပါတယ်။ ဒါက နောက်ဆက်တွဲပေါ့။"

ဒါ့အပြင် ဧပြီလတုန်းက ချီဘွေမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဒဏ်ရာရသွားပြီး
အခု ၀ိုင်းမော်ရောက်နေတဲ့ ခရစ်ယာန်သင်းအုပ် ဆရာကိုလည်း
ဖောင်ဒေးရှင်း က ကူညီခဲ့တယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာ ခရစ်ယာန်ဘုရားကျောင်းတွေကို မြန်မာစစ်တပ်က ပစ်ခတ်နေတဲ့ အတွက် ဘုရားကျောင်း မတက်နိုင်တော့တဲ့အကြောင်း
ဒေသခံတွေက ပြောပါတယ်။

ချီဘွေမှာဆိုရင် ဘုရားကျောင်းတက်ဖို့ ခေါင်းလောင်းထိုးချိန်မှာ
ခရစ်ယာန်ကျောင်း သုံးကျောင်းကို ဧပြီ လကုန်ပိုင်းတုန်းက
မော်တာနဲ့လှမ်းပစ်တဲ့အတွက် ကျောင်းပိတ်ထားရတယ်လို့ ဆိုပါတယ်။
ရဲတိုက်ဖောင်ဒေးရှင်းက ပေးတဲ့ အကူအညီကို စာရေးဆရာ ကျော်ရင်မြင့်၊ သတင်းစာဆရာ ရဲနိုင်မိုးနဲ့ ပန်းချီ ဒီဇိုင်းဆရာ စိုးဝင်းငြိမ်းတို့
သွားရောက် လှူဒါန်းတာ ဖြစ်ပြီး မန္တလေးကို မနေ့က ပြန်ရောက်လာတာ
ဖြစ်ပါတယ်။

(ဓာတ်ပုံ- ရဲတိုက်ဖောင်ဒေးရှင်း-- ရုပ်ရှင်မင်းသားရဲတိုက်ရဲ့ ရဲတိုက်ဖောင်ဒေးရှင်းက ၀ိုင်းမော်မြို့ရှိ ကချင်စစ်ပြေးဒုက္ခသည်များကို
မေလဆန်းပိုင်းက သွားရောက်လှူဒါန်းကူညီနေပုံ။ )
See More

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .