Social Icons

Thursday, December 27, 2012

ရွာသားများ နှိပ်စက်ခံရ၍ ထွက်ပြေးသူများလာ

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း စစ်ဆင်ရေးလှုပ်ရှားနေသော ခလရ(၆၈) (၂၄၀)တပ်ဖွဲ့များသည် ဂါလိုင်(Ga Leng)ကျေးရွာသူ၊ ရွာသားများအား ရိုက်နှက်၊ နှိပ်စက်၊ ဖမ်းဆီး၊ ခြိမ်ခြောက်ခြင်း အမျိုးမျိုးပြုမူနေ သောကြောင့် နမ်ဘား(Nam Ba)၊ မုန်နမ်(Mung Nam) ခူးနောင်(Hku Nawng)၊ ဖေါင်းဒုန် (Hpawng Dung) ခန်နောင်ပါ(Hkan Nawng Pa) မန်န(Man Na) နန်မ(Nang Ma)ကျေးရွာမှ ရွာသူရွာသားများသည် ကွတ်ခိုင် မြို့သို့ လုံခြုံရေးအရ ရှောင်တိမ်းရောက်ရှိလာကြောင်း သိရှိရသည်။ ယခုအချိန်အထိ ကွတ်ခိုင်မြို့ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းသို့ ရောက်ရှိလာသော မြန်မာ့တပ်မတော်အား ကြောက်ရွံ့၍ ထွက်ပြေးလာသူ ဒုက္ခသည် ပေါင်း(၅၀၀)ခန့် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

ပန်ဝါဒေသ ထိုးစစ်အတွက်စီစဉ်

ပန်ဝါဒေသ၊ နယ်ခြားမှတ်တိုင်(၆)ရှိ KIA တပ်စခန်းကို ဒီဇင်ဘာလ(၂၇)ရက်နေ့ မနက်(၆)နာရီမှစတင်ကာ မြန်မာအစိုးရတပ်ဖွဲ့မှ ထိုးစစ်ဆင်ရန် ပြင်ဆင်လျက်ရှိသည်။ ယခုအချိန်တွင် ပန်ဝါဒေသတွင် တပ်မ(၈၈) လက်အောက်ခံ ခလရ(၁၀) (၁၃) (၇၇) ခမရ(၃၀၁) နှင့် မပခ လက်အောက်ခံ ခလရ(၇၄) (၂၆၀) တပ်ဖွဲ့များ လှုပ်ရှားနေကြသည်။ ထောက်ပံ့ရေးကို ရဟတ်ယာဉ်များအပြင်၊ ချီဖွေ(Chyahpwi) မှ လုပီ(Lu Pi)အထိ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။
ဒီဇင်ဘာလ(၂၅)ရက် ခရစ္စမတ်နေ့တွင် KIA တပ်ဖွဲ့ဝင်တို့၏ ဟန့်တားတိုက်ခိုက်မှု ရပ်စဲထားသည်ကို အခွင့်ကောင်းယူကာ ဘီးတပ် ၈၂ မမ (82 mm M 60 Recoilless Gun)ကို KIA တပ်စခန်းအနီး ပို့ဆောင်ထားခဲ့သည်။
နယ်ခြားစောင့်တပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် (ဦးဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ်)တို့သည်လည်း မြန်မာအစိုးရ တပ်ဖွဲ့နှင့် ပူးပေါင်းစစ်ဆင်ပါဝင်ရန် အတင်းတိုက်တွန်းလျက်ရှိကြောင်း သိရှိရသည်။ စစ်ဆင်ရေးတွင် မပါဝင် လိုသော ပြည်သူ့စစ်တပ်ဖွဲ့ဝင်(၃)ဦးသည် တရုတ်နိုင်ငံသို့ ထွက်ပြေးလွှတ်မြောက်လာသဖြင့် ၎င်းတို့၏မိသားစု ၀င်များကို မြန်မာအစိုးရတပ်ဖွဲ့ဝင်များက ဓါးစားခံအဖြစ် ဖမ်းဆီးထားကြောင်း သိရှိရသည်။

ထိခိုက်မှုများ

ဒေါ့ဖုန်းယန်မှတဆင့် မန်တဲချောင်း အရှေ့ဖက်ရောက်ရှိနေသော ခမရ(၃၂၀) ခလရ(၄၀) တပ်ဖွဲ့နှင့် KIA ဗဟို လုံခြုံရေးတပ်ဖွဲ့တို့ ဒီဇင်ဘာလ(၂၆)ရက် မနက်(၈)နာရီအချိန်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ရာ မြန်မာအစိုးရတပ်ဖွဲ့ ဘက်မှ ထိခိုက်ကျဆုံးမှုများကြောင်း သိရှိရသည်။

မြန်မာအစိုးရစစ်ကြောင်း ဟန့်တားတိုက်ခံရ

ဒီဇင်ဘာလ(၂၆)ရက် မွန်းလွဲ(၃)နာရီခွဲအချိန်တွင် ဂန်ဒေါ်ယန်မှ အင်ပေါင်(Npawn)ဘက်သို့ စစ်ကြောင်း ချီတက်လာသော ခလရ(၂၉၈) ခမရ(၃၉၀)တပ်ဖွဲ့ဝင်တို့အား KIA တပ်ဖွဲ့မှ ၀ါဖျရွာ(Wa Hpya)အနီးတွင် ဟန့်တားတိုက်ခိုက်ရာ အစိုးရတပ်ဖွဲ့ဝင်များ ထိခိုက်မှုများခဲ့သည်။ အစိုးရစစ်ကြောင်းမှ လား(၃)ကောင်၊ ၈၁ မမ အမြောက်ဆံ(၁)ထောင့်၊ ၈၀ မမ အမြောက်ဆံ(၁၆)လုံး၊ RPG ထိပ်ဖူး(၁)ထောင့်၊ ၇.၆၂ ကျည် များကို သိမ်းဆီး ရမိခဲ့သည်။
ယင်းစစ်ကြောင်းသည် နမ်ဆန်ယန်မှတဆင့် လိုင်ဇာသို့ ထိုးစစ်ဆင်တိုက်ခိုက်ရန် စီမံချက်၏ရှေးပြေးလမ်းရှင်း တပ်ဖွဲ့ဖြစ်ကြောင်း သိရှိရသည်။

ခရစ္စမတ်ည လက်နက်ကြီးဖြင့် ထိုးစစ်ဆင်

ဒီဇင်ဘာလ(၂၅)ရက် ခရစ္စမတ်ညသန်းခေါင်အချိန်မှ ဒီဇင်ဘာလ(၂၆)ရက် မွန်းလွဲ(၁)နာရီကြား ဒေါ့ဖုန်းယန်၊ ခန်းကိုင်တောင်ရှိ အမြောက်တပ်ဖွဲ့က ၁၂၀ မမ (၃၀)ကြိမ် ၁၀၅ မမ (၂၀)ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဒီဇင်ဘာလ(၂၅)ရက် ညသန်းခေါင်အချိန်တွင် ဂန်ဒေါ်ယန်ရှိ အမြောက်တပ်ရင်း(၃၇၀) မှ နမ်ဆန်ယန်ဘက်သို့ ၁၀၅ မမ (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဒီဇင်ဘာလ(၂၆)ရက်နေ့ မနက်(၉)နာရီမှ (၁၂)နာရီကြား မန်တဲ(Man Sai)တွင် ရောက်ရှိနေသော တပ်ဖွဲ့က ၁၂၀ မမ ဖြင့် ခယါတောင်(Hka Ya Bum)ဘက်သို့ (၁၀)ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဘွမ်ဆောမ်ထိုးစစ် မြန်မာအစိုးရတပ်ဖွဲ့ဝင် ကျဆုံးများ

ဒီဇင်ဘာလ(၂၆)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်တွင် စကခ(၂၁)လက်အောက်ခံ တပ်ဖွဲ့အင်အား (၁၅၀)ခန့်သည် ဘွမ်ဆောမ်အနီးရှိ KIA တပ်စခန်းကို စခန်းသိမ်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မြန်မာအစိုးရ တပ်ဖွဲ့ဝင်(၁၀)ဦး ကျဆုံးပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အလောင်းများနှင့် ဒဏ်ရာရသူများကို ထော်လာဂျီ(၂)စီး၊ နွားလှည်း(၂)စီးဖြင့် ပြန်လည်သယ်ယူသွားကြောင်း သိရှိရသည်။

KIO ၏ ကန့်ကွက်အကြောင်းကြား စာကို အစိုးရဘက်မှ အကြောင်း မပြန်သေး


(kic)နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းဆောင်ရွက်နေ ချိန်တွင် အစိုးရ၏ မြောက်ပိုင်းတိုင်းမှူးက စစ်ရေးနည်းဖြင့် ခြိမ်းခြောက် သတိပေးသည်ကို ကန့်ကွက်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့-KIO မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းထံသို့ ယမန်နေ့က ကန့်ကွက်စာတစ်စောင် ပေးပို့ထားပြီးဖြစ်သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်မှ လဂျားယန်တစ်လျှောက်ရှိ KIA တပ်ဖွဲ့များကို ဒီဇင်ဘာလ ၂၅ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားရန် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးယွပ်ဇော်ခေါင်မှတစ်ဆင့် သတိပေး အကြောင်း ကြားမှုအပြီး ယခုလို KIO မှ ကန့်ကွက်စာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
KIO ၏ ပြောခွင့်ရ ဦးလနန်က “ဦးအောင်မင်းက KIOနဲ့ ဆွေးနွေးပွဲမှာ အစိုးရကို ကိုယ်စားပြုတယ်ဆိုတော့ သူ့ကိုပဲ ပေးလိုက် တယ်။ အစိုးရကို ကန့်ကွက်တဲ့အနေနဲ့ပါ ဒီစာကို ပေးတာပါ။ ဒါဟာ ကျနော်တို့ရဲ့ အမျိုးသားရေးသမိုင်းအဆင့်မှာ မှတ်တမ်းဝင် သွားမယ့် ကိစ္စတစ်ခုလို့ မှတ်ယူပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အစိုးရအနေဖြင့် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေးကို ပျက်ပြားစေတဲ့ တပ်ရင်းအလုံးအရင်းချီတက် ထိုးစစ်ဆင်နေမှုများသည် တိုင်းရင်းသားများအရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အလှမ်းဝေးသွားစေနိုင်သည်ဟုလည်း ဦးလနန်က ဆက်ပြောသည်။
ထို့အပြင် KIO တို့၏ ဗဟိုဌာနချုပ်လိုင်ဇာမြို့အနီးရှိ လဂျာယန်းတွင်ရှိသော KIA တပ်စခန်းများသို့ ဒေါ့ဖုန်းယန်တွင် တပ်စွဲထား သော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်-မစခ(မိုးညင်း) အမြောက်စစ်ဆင်ရေးဌာနချုပ် လက်အောက်ခံတပ်ရင်းများက ဒီဇင်ဘာလ ၂၅ရက်နေ့နံနက်ပိုင်းမှစပြီး ၁၀၅-မမ အမြောက်ကြီးများဖြင့် ပစ်ခတ်ကာ ထိုးစစ်ဆင်နေလျှက်ရှိကြောင်း သိရသည်။
“အခုလက်ရှိအခြေအနေကတော့ ဒေါ့ဖုန်းယန်မှာရှိတဲ့ ခန်းကျိုင်တောင်ကုန်းပေါကနေ ၁၅မိနစ်ခြားတစ်ကြိမ် ၁၀၅-မမနဲ့ လှမ်းပြီး ပစ်နေတယ်။ သူတို့ဘက်နေ အမြောက်ကြီးတွေနဲ့ အခုပြောနေတဲ့အချိန်မှာတောင် ပစ်နေတုန်းပဲ”ဟု KIA နှင့် ပူးတွဲ ခုခံစစ် ပြု လုပ်နေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF မှ မြောက်ပိုင်းစစ်ဆင်ရေးတာဝန်ခံ ဗိုလ်မှူးအောင်ဆွေဦးက ပြောသည်။
အစိုးရတပ်များဘက်မှ ၎င်းတို့၏ တပ်များ ရှေ့ဆက်ချီတက်ပြီး ထိုးစစ်ဆင်နိုင်ရေးအတွက် အနောက်မှ လမ်းကြောင်းရှင်းပေး သည့်အနေဖြင့် လက်နက်ကြီးများကို ပစ်ကူရှင်းပေးလျှက်ရှိသည်ဟု ဗိုလ်မှူးအောင်ဆွေဦးက ဆိုသည်။
ဗိုလ်မှူးအောင်ဆွေဦးက “အခုပို့လိုက်တဲ့ အကြောင်းကြားစာအရကတော့ ငါတို့ဘက်ကတော့ အကြောင်းကြားထားပြီးပြီဆိုတဲ့ နိုင်ငံရေးအရရော စစ်ရေးအရပါ အမြတ်ထုတ်ပြီး တကယ်တက်လာလို့ရှိရင်လည်း အပြစ်မရှိဘူးဆိုတဲ့သဘောမျိုးပါ”ဟု သုံးသပ် ပြောဆိုသည်။
လက်ရှိအချိန်အထိ အစိုးရတပ်များမှ စစ်ရေးပြင်ဆင်သည့်အနေဖြင့် အင်အားဖြည့်တင်းမှုများ ပြုလုပ်လျှက်ရှိရာ ယမန်နေ့နံနက် ၃နာရီအချိန်ခန့်တွင် မိုးမောက်မြို့နယ်အတွင်း မိုးလဲချောင်းအနောက်ဘက်ကမ်းရှိ တပ်စခန်းများသို့ သိမ်လုံရွာမှ ကားအစီး (၂၀)ခန့် အင်အားဖြည့်တင်းထားသည်ဟု KIO ဘက်က ပြောသည်။

နှစ်ပေါင်း ၆၀ ကျော် ဗမာ အစိုးရ အောက်မှာ နေလာတာ ကချင်လူမျိုးတွေ ဘာများ တိုးတက်သွားသလဲ?


သူတို့ ပြောတဲ့ အတိုင်း ဘိန်းစား နဲ့ အရက်သမား ပေါလာတာပဲ အဖက်တင်တယ်။ မြစ်ကြီးနားမြို့လို တိုင်းမှူးထိုင်တဲ့ မြို့တော်က သက္ကသိုလ်ကျောင်းတွေမှာ ဘိန်းဖြူကို လွတ်လပ်စွာ ရောင်းနေတာ ပြည်သူ့ရဲတွေ နဲ့ အစိုးရ ထောက်လှမ်းရေး တွေ မသိပဲ ရောင်းလို့ ရနိုင်မလား။ မြစ်ကြီးနား ဆိုတာ မြို့ကျင်းကျင်းလေး။ ရန်ကုန်လို ကျယ်ပြန့်တဲ့ မြို့ကြီးမှာတောင် ဒီလို လွတ်လွတ်လပ်လပ် ရောင်းတာ မတွေ့ဖူးပါ။

ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာက ဗမာ တစ်ကျပ် ရရင် ကချင် တစ်ကျပ် ရစေရမယ် လို့ပြောခဲ့တယ်။

ဗမာ တွေ ပညာတတ် ထောင်နဲ့ ချီပြီး နိုင်ငံခြား ပညာတော်သင် လွတ်တဲ့ အချိန် ကချင်တွေ တစ်ယောက်မှ မပါဘူး။

ဗမာ့ ယဉ်ကျေးမှုကို အစိုးရ ယဉ်ကျေးမှု သက္ကသိုလ် ဆိုပြီး ဖွင့်လစ် သင်ကြားလာတဲ့အချိန် တနှစ်နေမှ တစ်ခါ ကိုယ်ထူကိုယ်ထ လုပ်ရတဲ့ မနောပွဲတော်ကို ခွင့်အထပ်ထပ် တောင်းရတယ်။ တရားဝင် ရုံး၊ ကျောင်း မပိတ်ပေးဘူး။

ဗမာတွေကိုးကွယ်တဲ့ ဘာသာကို အစိုးရ သာသနာရေး ၀န်ကြီးဌာနက ဦးစီးပြီး သာသနာပြုလုပ်ငန်းများ လုပ်ဆောင်နေတဲ့ အချိန်၊ ကချင်လူများစု ဘာသာတရား ဖြစ်တဲ့ ခရစ်ယာန်သာသနာအတွက် ဘုရားကျောင်းဆောက်ခွင့် တခါမှ မရဖူးပါ။ ဘုရားကျောင်းလို့ နာမည်တောင် မတပ်ခိုင်းပါ။

ပုဂ္ဂလိက ကျောင်း ဥပဒေ ထွက်လာတော့ သာသနာပြုကျောင်းများ မဖြစ်ရ၊ ဆိုပြီး ထည့်ထားသော်လည်း၊ ဘုန်းတော်ကြီး ပညာသင်ကျောင်းကိုတော့ အစိုးရ သတင်းစာတွေမှာ ဝေေ၀စာစာ အားပေးပြီး မွန်မြတ်တဲ့ အလုပ်အနေနဲ့ ချီးမွမ်းထားတယ်။

အင်္ဂလိပ်ခေတ်မှာ ဗမာအမျိုးသား ကျောင်း၊ ကချင်အမျိုးသား ကျောင်းတွေ ဖွင့်ခွင့်ရပေမယ့်၊ ဗမာ အစိုးရ ခေတ်မှာ တရုတ်အမျိုးသား ကျောင်းကလွဲပြီး ကျန်တိုင်းရင်းသား အမျိုးသား ကျောင်းတွေ ဖွင့်ခွင့် မရခဲ့ဘူး။

ဒါတွေဟာ လက်တွေ့မှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေ ဖြစ်တယ်။ ဗမာတွေရှေ့မှာ အားနာလို့ မပြော ဖြစ်ရင်သာ နေမယ်။ ကချင်တွေ အားလုံး ပြောနေ၊ မြင်နေတဲ့ အဖြစ်တွေ ဖြစ်တယ် ဆိုတာ ပွင့်ပွင့်လင်းလင်း သိထားသင့်ပါတယ်။

( by Duwa Kachin )

၂၀၁၂ ဇာတ်ခုံ

 
़捥湴敲㸊़獣物灴⁴祰攽≴數琯橡癡獣物灴∾㰡ⴭਉ杯潧汥彡摟捬楥湴‽•捡⵰畢ⴳ㌶㔹㘶〷㌳㜸㌳㐢㬊य⨠䉟㌰へ㈵〠⨯ਉ杯潧汥彡摟獬潴‽•㌰㐱ㄶ㠱㌱∻ਉ 杯潧汥彡摟睩摴栠㴠㌰〻ਉ杯潧汥彡摟桥楧桴‽′㔰㬊य⼭ⴾਉ㰯獣物灴㸊़獣物灴⁴祰攽≴數琯橡癡獣物灴∊ॳ牣㴢桴瑰㨯⽰慧敡搲⹧潯杬敳祮摩捡瑩潮⹣潭⽰慧 敡搯獨潷彡摳⹪猢㸊़⽳捲楰琾ਠ†‼⽣敮瑥爾

Saturday, December 22, 2012

အမည်မသိ အလှူရှင် တစ်ဦး၏ ကေအိုင်အေ အပေါ်ထားသည့်စေတနာ

စင်ကာပူရောက် မဆိုင်းတောင် မှ ကေအိုင်အေ အတွက် ပါဝင်လှူဒါန်း

စီတာပူ လူငယ် (၃) ဦးမှ ကေအိုင်အေ အတွက် ပါဝင်လှူဒါန်း

ဆွတ်ဆိုင်ယော် မှ ကေအိုင်အေ တပ်ရင်း (၃) သို့ပါဝင်လှူဒါန်း

ဂျာမဏီနိုင်ငံရောက် ကချင်လူမျိုးများမှ ကေအိုင်အေ တပ်ရင်း (၃) သို့ကူညီလှူဒါန်း

AUSTRALIA ရောက် လဖိုင်မိသားစုမှ ကေအိုင်အေ တပ်ရင်း (၃) အတွက် အလှူငွေလှူဒါန်း

မြစ်ကြီးနားမြို့ပေါ် ပေါ်တာဆွဲ



မြန်မာအစိုးရစစ်တပ်သည် KIA ဌာနချုပ်ကို ထိုးစစ်ဆင်ရာတွင် အသုံးပြုရန်အတွက် မြစ်ကြီးနားမြို့ပေါ်၏ ဆင်ခြေဖုံးရပ်ကွက်များတွင် ပေါ်တာဖမ်းနေကြောင်း သိရှိရသည်။ ကချင်ဒေသခံအနေများသော ဆင်ခြေဖုံး ရပ်ကွက်၊ ကျေးရွာများတွင် ပေါ်တာလိုက်လံဖမ်းဆီးခြင်း ဖြစ်သည်။
ရှေ့တန်းတွင် ပေါ်တာများသည် စစ်လက်နက်ပစ္စည်းများ၊ လက်နက်ကြီးကျည်များကို ထမ်းပေးရကာ စစ်ကြောင်း၏ လူဒိုင်းများအဖြစ် အသုံးပြုလေ့ရှိသည်။ မြန်မာအစိုးရက အတင်းအဓ္ဓမလုပ်အားခေါ်ယူမှု မပြုပါကြောင်း ILO အား ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ပြီးဖြစ်သော်လည်း တိုင်းရင်းသားဒေသတွင် အတင်းအဓ္ဓမခိုင်းစေမှုများ၊ တပ်ခြံကာပေးခြင်း၊ သစ် ၀ါး ခုတ်ပေးခြင်း၊ တပ်စခန်းတွင် နွားလှည်း၊ သုံးဘီးများ ချောအဖြစ် နေ့စဉ်အလှည့်ကျတာဝန်ယူပေးရခြင်း ပေါ်တာလိုက်ပေးရခြင်း….စသည် စသည်တို့သည် တိုင်းရင်းသားများ ယနေ့တိုင်ရင်ဆိုင်နေရသော နေ့စဉ်ပုံမှန်လုပ်ငန်းပင် ဖြစ်နေရသေးသည်။

အရာရှိကို ဓါးခုတ်ထွက်ပြေးသူ မြန်မာအစိုးရတပ်သား အလင်းဝင်

ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် မိုးမောက်မြို့နယ်၊ စိန်လုံကဘာဒေသ တိန်ရောင်တောင် (Ting Rawng Bum) တွင်အခြေပြုထားသော အမှတ်(၃၇၀) အမြောက်တပ်ရင်းမှ တပ်သား အေးချမ်း သည် KIA တပ်ဖွဲ့သို့ အလင်းဝင်ရောက်လာခဲ့သည်။ တပ်သား အေးချမ်း ၏အရာရှိ ဗိုလ်ကြီးဟိန်းမင်းဟန် ၏ ရက်စက်ညှင်းပမ်းမှု၊ အနိုင်ထက်ကျင့်မှုကို မခံရပ်နိုင် တော့သဖြင့် အထက်အရာရှိ ဗိုလ်ကြီးကို ဓါးဖြင့်ခုတ်ပြီး တပ်စခန်းမှထွက်ပြေးခဲ့ကြောင်း သိရှိရသည်။
မြန်မာအစိုးရရှေ့တန်းစခန်းတိုင်းတွင် အရာရှိအဆင့်ဆင့်က လက်အောက်ငယ်သားများကို အနိုင်ကျင့်၊ ဆဲဆို၊ ရိုက်နှက်၊ ကျွန်သဖွယ်ခိုင်းစေခြင်း၊ နှမအမိထိ ဆဲဆိုပြောဆိုခြင်း များကြောင့် အကြပ်၊ တပ်သားများသည် စိတ်ပင်ပန်းကာ ထွက်ပြေးမှုများ၊ အထက်အရာရှိများကို လုပ်ကြံပစ်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိနေသည်။

နာဖေါ့စခန်းသို့ ရဟတ်ယာဉ်ဆင်းသက်

ဒီဇင်ဘာလ(၂၀)ရက်နေ့ ၁၂၄၅ အချိန်တွင် KIO ဗဟိုဌာနချုပ်ဟောင်းအနီးရှိ နာဖေါ့(Na Hpaw)မြန်မာအစိုးရ စစ်စခန်းသို့ ရဟတ်ယာဉ်တစ်စီး ရောက်ရှိကာ (၅)မိနစ်ဆင်းသက်ရပ်နားပြီး မြစ်ကြီးနားသို့ ပြန်လှည့်သွားခဲ့ သည်။

Hkyak Hkyak Kyu Hpyi Na Lam

 

December 22, 2012 by Myu tsaw kasa 

 Ya yang myen asuya ni gaw lai wa sai Dec 14 ya Laiza makau Laja Yang majan hta majan sum ai majaw dai shara de N-gun kaba hte kalang bai lung na matu shani shagu hkyen nga ma ai lam na chye lu ai. Laiza lawu Munglai hka kau Laimawk Yang hte Dung Hkung mare lapran na KIA post ni hpe ndai laman htim gasat na matu myen asuya gaw hpyen n-gun mahkawng let laja lana hkyen nga sai re. Dai majaw ndai laman Laja Yang, Laimawk Yang, hte Dung Hkung mare ni hta laja lana majan poi kaba byin hkyen nga sai re, dai majaw tsaw ra ai Jinghpaw Wunpawng myu sha Nu Wa hpu nau ni yawng aten shagu nsim nsa akyu hpyi ya marit ngu saw lajan dat ga ai.

လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ဒီဇင်ဘာလ(၂၁)ရက် မွန်းလွဲ(၃)နာရီခွဲမှ (၆)နာရီအထိ မလိယန် ရဲစခန်းနှင့် ဂန်ဒေါ်ယန်ရှိ မြန်မာအစိုးရတပ် စခန်းမှ KIA တပ်စခန်းရှိရာဘက်သို့ ၈၁ မမ ဖြင့် အကြိမ်(၂၀)ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
မွန်းလွဲ(၄)နာရီခွဲမှ (၅)နာရီအကြား ဒေါ့ဖုန်းယန်မြို့နယ်၊ ဘွမ်ဆောမ်(Bum Sawn)တွင် အခြေပြုသော မြန်မာအစိုးရစစ်တပ်မှ လဂျားယန်ရှိ KIA တပ်စခန်းသို့ ၈၁ မမ (၄)ကြိမ် ပစ်ခတ်တိုက်ခဲ့သည်။

Wednesday, December 19, 2012

၂၀၁၂ အတွင်း ထိုးစစ်မဆင်ပါဘူး၊ ရိပ်ခါလာပို့တာပါ၊ ဆိုတဲ့ ဗမာ စစ်တပ်များ နဲ့ ထိတွေ့မှု မှတ်တမ်းအချို့

 http://kachinduwa.blogspot.com
ထိုးစစ်မဆင်ပါဘူး... ရိပ်ခါပို့တဲ့ တပ်တွေကို ကေအိုင်အေက တိုက်နေပါတယ် လို့ ပြောနေတဲ့ အချိန်အတွင်း တလကို တိုက်ပွဲပေါင်း ရာနဲ့ချီ ဖြစ်ခဲ့တယ်။ လိုင်ဇာ အနီး ၀န်းကျင် (၅)မိုင် အကွာမှာ ရှေ့တန်း စခန်းမရှိတဲ့ နေရာအထိ တပ်မ နဲ့ ရိပ်ခါလာပို့ တယ် ဆိုတာ.... ဘာရိပ်ခါ အမျိုးအစားလည်းဆိုတာ ၀ူးတိန်းရှိန် အသိဆုံးနေမှာပါ။

ဒီအပတ်အတွင်း လိုင်ဇာ မှ (၅) မိုင်အကွာတွင် ကြိုဆိုရေး အဖွဲ့များ လက်ခံရရှိသော ၀ူးတိန်းရှိန် ပို့ခိုင်းတဲ့ ရိပ်ခါများ
ဖေါက်ဖေါ်နဲ့ တတွဲတွဲ... လိုင်ဇာကို အရသိမ်းပေးမယ်... စိတ်ချ .. တဲ့။ ပြီးရင် ဦးပိုင် နဲ့ ငါ့အတွက် ကော်မရှင်ခအတွက်လည်း မမေ့ကြေးနော်... ဆိုပြီး ရီကြ.. ပျော်ကြ... အလွမ်းသယ်ကြ..  တိုင်းရင်းသား ခေါင်းဆောင်တွေကိုသာ ဒီလို အပြုံးမျိုးနဲ့ ဆက်ဆံလို့ကတော့ လက်နက်အားလုံးချပြီးသား ဖြစ်သွားမယ်။


မိသားစုတွေကို နှုတ်ဆက်လမ်းခွဲရင်း....

ရိပ်ခါ လာပို့တဲ့ အဖွဲ့ကို ကြိုဖို့ အဆင်သင့်ပဲတဲ့။

ဒီလို ရိပ်ခါတွေ အများကြီးလာပို့ထားပေးတယ်... ဗူးသီး တခွါးသီး စုံစုံလင်လင်

ဒီလို ရိပ်ခါမျိုးလဲ ပါတယ်။

ဒီမှာ ဗူးသီး တစ်လုံး လာကျတယ်...

အေးကွာ.. တပ်နံပါတ်တွေကလဲ စုံလို့ပဲ... ရိပ်ခါပို့တာများ အောက်ပိုင်းက တပ်ရင်းတွေ ကူရတယ်လို့...


ရိပ်ခါလာပို့သူများကို အခန်းအနားနဲ့ ခန်းခန်းနားနား ကြိုဆိုဖို့ တိုင်ပင်နေကြတယ်။

ဒီလိုဟာကြီးတွေနဲ့ ရိပ်ခါပို့ပါတယ်။ ဟိုအပေါ်မှာ ထောင်ထောင်နဲ့ ပါလာတာက ၀ါးကျည်ထောက်အကြီးစား။

ဒီလို ရိပ်ခါတွေ လေ... ဗူးသီးလို့ ခေါ်တယ် ..

ရိပ်ခါလာပို့သူတွေ အတွက် ဗုံသံ၊ ဆိုင်းသံတွေနဲ့.. ကြိုရအောင်.. တဲ့။

အသွားမတော်တလမ်း... ဖြစ်သွားတယ်... ရိပ်ခါပို့တာများ ပုန်းရှိုးကွယ်ရှိုး တောလမ်းခုတ်ရတယ်လို့... လမ်းမှားမှာပေါ့။


အေးကွယ်... မိသားစုတွေအတွက်တော့ စိတ်မကောင်းစရာ...


လိုင်ဇာကို မပို့နိုင်တဲ့ ဗူးသီးတွေက ဖါးကန့် မော်မောင်းကုန်းက ပြည်သူတွေထံကျ....

ဗူးသီး၊ တခွါးသီး၊ ပန်းသီး၊ ပေါင်မုန့်၊ ကိန့်မုန့် တွေ ယူလာတဲ့ ရဟတ်ယဉ်များ

အခုဖြစ်နေတဲ့ ၀ူးတိန်းရှိန်အစိုးရ ရိပ်ခါ အဆက်မပြက် လာပို့နေတဲ့ နေရာတွေပါ။

ရိပ်ခါပို့ ရှေ့ပြေးများကို lecture ပေးနေတယ်... ရိပ်ခါပို့တယ် ဆိုတာ ဒီလမ်းက မဖြတ်ရဘူး... ဆိုပြီး။။။

ရိပ်ခါပို့ရင်း ကိုယ့်ရိပ်ခါနဲ့ ကိုယ်...

ရိပ်ခါပို့လမ်းမှားသွားလို့တဲ့...
ထိုးစစ်မဆင်ပါဘူး။ ရိပ်ခါပို့တာပါ ဆိုတဲ့။ တပြုံးပြုံးနဲ့ လိုင်ဇာအထိ ကို ရိပ်ခါတွေ ပို့ခိုင်းနေသူ ၀ူးတိန်းရှိန်။



ရိပ်ခါပို့လာတဲ့ မြေစာပင်တွေပါ။ မိသားစု တွေကို သတင်းပို့ပေးပါ။

ရိပ်ခါ ပို့သမားများမှာ နို့စို့အရွယ် ကလေးတွေလဲ ပါတယ်...

သနားစရာ အပြစ်မဲ့ မြေစာပင်များ ကြွေလွင့်မစဲ တသဲသဲပဲတဲ့။

ရုရှားလုပ် ၀ါးကျည်ထောက် ဒုံး နဲ့လည်း ရိပ်ခါ လာပို့ပါတယ်။ ဒေါ်လာနဲ့ ၀ယ်ရတဲ့ ဟာတွေပါ။

ရိပ်ခါလာပို့တဲ့ တပ်မတော်သားတွေကို ကျောင်းသား မျိုးချစ် တပ်မတော်က ဆေးကုပေးနေပါတယ်။

ဦးပိုင် ဒါရိုက်တာ ဗိုလ်ချုပ်များ အငန်းမရ လိုချင်နေတဲ့ တရုတ်-ဦးပိုင် ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့ လိုင်ဇာမြို့။

ကျောင်းသား တပ်မတော် နဲ့ မြေစာပင် တစ်ပင်...

ငပျောဖူးလဲ ပါတယ်။.

လိုင်ဇာမှာ ရောက်နေတဲ့ ဒုက္ခသည် တစ်သိန်းဝန်းကျင်က ကေအိုင်အေ အတင်းအဓမ္မခေါ်လို့တဲ့။... ကြံရာမရ  ပြောလဲ ပြောတတ်တယ်... ဘာနဲ့မှ မတူတဲ့ နေပြည်တော် သတင်းဌာနတွေ....

ဆွိဒင်လုပ် M3 Carl Gustav၊ ဗူးသီးထည့်ပြုတ်ရတဲ့ ၀ါးကျည်ထောက်

သူတို့ကတော့ ၀တ်ကျွတ်တာပေါ့။ သိပ်မကြာခင် လွတ်လပ်မှုရဲ့ အရသာ ကို ခံစားရတော့မှာပါ။

ခြေလျှင်မနိုင်တော့ လေယဉ်...

ဆွိဒင် အစိုးရ က စစ်ဆေးတော့မယ် ဆိုတဲ့ အိန္ဒိယလက်ဆောင် ၀ါးကျည်ထောက်

အပြစ်မဲ့ မြေစာပင်များ ကြွေလွင့်မစဲ တသဲသဲပါ။     

အထူးစစ်ရေး လေ့ကျင့်နေ

ဗန်းမော်မြို့သို့ သင်္ဘော(၂)စီးဖြင့် ရောက်ရှိလာသော မြန်မာအစိုးရတပ်ဖွဲ့တို့သည် ဗန်းမော်မြို့အခြေစိုက် ခလရ(၂၃၆)တပ်ဝင်းထဲတွင် တိုက်ပွဲဝင်ရန် ပစ်ခတ်တိုက်ခိုက်မှုကို အထူးလေ့ကျင့်နေကြောင်း သိရှိရသည်။
ဒေသခံများပြောဆိုချက်အရ ပြည်မ ရှိ စစ်တိုင်းဌာချုပ် တိုင်းမှ ထုတ်နုတ်ထားသော အထူးတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း သိရှိရသည်။

တိုက်ပွဲ


ဒီဇင်ဘာလ(၁၇)ရက်နေ့ မွန်းတည့်(၁၂)နာရီအချိန်ခန့်တွင် ဒေါ့ဖုန်းယန်အခြေစိုက် ခလရ(၁၄၂)တပ်ဖွဲ့နှင့် KIA တပ်ဖွဲ့ဝင်တို့ ဖက်ကေ(Hpa-ke)ဒေသတွင် တိုက်ပွဲဖြစ်ပွားရာ KIA ၏ မိုင်းဆင်တိုက်ပွဲ၌ ခလရ(၁၄၂)တပ်ဖွဲ့ဝင် များ အများအပြားထိခိုက်ကျဆုံးကြောင်း သိရှိရသည်။

တပ်အင်အားတိုးမြှင့် ပို့ဆောင်

ဒီဇင်ဘာလ(၁၈)ရက်နေ့ မွန်းတည့်(၁၂)နာရီအချိန်တွင် ဗန်းမော်မြို့မှ စစ်ယာဉ်(၁၂)စီးဖြင့် အင်အား(၃၀၀)ခန့် (တပ်မ ၉၉ လက်အောက်ခံတပ်ဖွဲ့ဟု ခန့်မှန်း) သည် ကျောက်စခန်း(Hka Wan Bang)သို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။ ယင်းစစ်ကြောင်းသည် KIA တပ်မဟာ(၃)ဒေသအတွင်း စစ်ဆင်ရေးပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

တပ်ကူဖြည့်

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်အခြေစိုက် ခမရ(၃၂၁)တပ်စခန်းသို့ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် လက်နက်၊ ရိက္ခာ နှင့် တပ်ဖွဲ့ဝင်အပြည့် တင်ဆောင်ထားသော စစ်ယာဉ်(၃)စီး ရောက်ရှိကြောင်း သိရှိရသည်။ ယင်းမှနေ၍ ဆမား၊ နာဖေါ့၊ ပါဂျိုဒေသသို့ စစ်ဆင်ရေး ပြုလုပ်လေ့ရှိသည်။

ထိုးစစ်အတွက် ပြင်ဆင်

ဒီဇင်ဘာလ(၁၈)ရက်နေ့ မနက်(၁၀)နာရီမှ မွန်းလွဲ(၂)နာရီကြား မြစ်ကြီးနား(၅၀၃)နန့်ပေါင်လေတပ်စခန်းမှ စစ်ရဟတ်ယာဉ်ဖြင့် စကခ(၃)နည်းဗျူဟာ အခြေပြုသော လောရင်းရာဘာခြံသို့ လက်နက်၊ စားနပ်ရိက္ခာ တို့ကို (၈)ကြိမ် လာရောက်ပို့ဆောင်ပေးခဲ့သည်။ အပြန်တွင် စကခ(၃)မှ ဒဏ်ရာရတပ်ဖွဲ့ဝင်များကို သယ်ဆောင်သွား ခဲ့ကြောင်း သိရှိရသည်။
မွန်းလွဲ(၃)နာရီမှ (၅)နာရီအတွင်းတွင် ယင်းရာဘာခြံသို့ ရဟတ်ယာဉ်(၃)စီးဖြင့် တပ်ဖွဲ့များကို ထပ်မံပို့ဆောင် ပေးခဲ့သည်။
လောရင်းရာဘာခြံတွင် အခြေချထားသော စကခ(၃)နည်းဗျူဟာသည် KIA ဗဟိုဌာနချုပ် ကို ထိုးစစ်ဆင်ရန် အဓိကတာဝန်ယူရသော စစ်စခန်းဖြစ်သည်။ ဒီ-၁၄ စစ်ဆင်ရေးစီမံချက်ကိုလည်း ယင်းဗျူဟာစခန်းမှ အနီးကပ် ညွှန်ကြားခဲ့သည်။ လဂျားယန်ဘက်သို့ စစ်ဆင်ရေး ထပ်မံဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

အောင်ဂျာတိုက်ပွဲ (၁၀)ဦးထိခိုက်

ဒီဇင်ဘာလ(၁၈)ရက် မွန်းလွဲ(၂)နာရီအချိန်တွင် ၀ိုင်းမော်မြို့နယ်၊ KIA တပ်ရင်း(၃)ဒေသ အောင်ဂျာကျေးရွာ တွင် စစ်ဆင်ရေးလှုပ်ရှားနေသော စစ်ကြောင်း (ခမရ-၃၈၅ ဟု ယူဆရသော) အင်အား(၄၀)ခန့်ကို KIA တပ်ဖွဲ့ ၀င်များ မိုင်းဖြင့် တိုက်ခိုက်ရာ မြန်မာအစိုးရတပ်ဖွဲ့ဝင်(၁၀)ဦးခန့် ထိခိုက်ပြုန်းတီးသွားခဲ့ကြောင်း သိရှိရသည်။

ပန်ဝါဒေသ မြန်မာအစိုးရ အရေးပါတပ်စခန်းလက်လွှတ်


ဒီဇင်ဘာလ(၁၈)ရက်နေ့ မွန်းတည့်(၁၂)နာရီအချိန်တွင် ပန်ဝါဒေသ နယ်ခြားမှတ်တိုင်(၆)အနီး ခလရ(၇၇)နှင့် ခမရ(၁၃)တပ်ဖွဲ့ဝင်များ တပ်စွဲထားသော သံချောင်းစခန်းကို KIA တပ်ဖွဲ့ဝင်များ ၀င်ရောက်သိမ်းပိုက်နိုင်ခဲ့ ကြောင်း သိရှိရသည်။ အင်အား(၁၀၀)နီးပါးရှိသော အစိုးရတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိကာ ကစင့်ကလျား ဆုတ်ခွာထွက်ပြေးခဲ့ရကြောင်း သိရှိရသည်။
ယင်းတပ်စခန်းမှ ဆွီဒင်နိုင်ငံထုတ် ၈၄ မမ M-3 Carl Gustav ကျည်(၄)လုံး၊ RPG လောင်ချာဒုံးသီး(၅)လုံးနှင့် အခြားလက်နက်ကျည် အများအပြားကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။
မြန်မာအစိုးရတပ်ဖွဲ့သည် သံချောင်းတပ်စခန်းမှနေ၍ ဒုက္ခသည်စခန်းသို့ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိသဖြင့် ဒုက္ခသည်များအတွက် လုံခြုံမှုကိုကင်းမဲ့စေသော တပ်စခန်းဖြစ်သည်။ လွန်ခဲ့သည့် စက်တင်ဘာလ ကလည်း အသက်(၅)နှစ်အရွယ် ကလေးငယ်တစ်ဦးသည် လက်နက်ကြီးကျည်ဖြင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ သည်။

လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ခန်းကိုင်တောင်
ဒေါ့ဖုန်းယန်မြို့ ခန်းကိုင်တောင်အခြေချအမှတ်(၃၆၇)အမြောက်တပ်ဖွဲ့က ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် နံနက်(၁၀)နာရီမှ မွန်းလွဲ(၂)နာရီအထိ ၁၀၅ မမ အမြောက်ကြီးဖြင့် လဂျားယန်ကျေးရွာဘက်သို့ (၁၅)ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

မြန်မာစစ်တပ်က ဖမ်းဆီးခံရသူကို ပစ်ခတ်သတ်ဖြတ်

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ်ဖလွမ်(Nam Hpalun)ဒေသတွင် ဒီဇင်ဘာလ(၁၆)ရက်နေ့က       KIA တပ်ရင်း(၉)မှ တိုက်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဆလန်ကဘာမခေါ်ယော်(Salang Kaba Mahkaw Yaw) နှင့် အုပ်ချုပ်ရေးရုံးစာရေး တို့ကို ခလရ(၂၉၀)တပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ဖမ်းဆီးခံရသော ဆလန်ကဘာ မခေါ်ယော် ကို ခလရ(၂၉၀)တပ်ဖွဲ့ဝင်များ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ အတူး အဖမ်းခံရသော အုပ်ချုပ်ရေးရုံးစာရေး မှာမူ ထွက်ပြေးလွှတ်မြောက်ခဲ့ကြောင်း သိရှိရသည်။
KIA တပ်ဖွဲ့က ဖမ်းဆီးမိသော အစိုးရတပ်ဖွဲ့ဝင်များကို ကောင်းမွန်စွာဆက်ဆံ၍ လိုအပ်သည်များကို ပံ့ပိုးပေးလျက်ရှိသော်လည်း မြန်မာအစိုးရစစ်တပ်က ဖမ်းဆီးရမိသော KIA တပ်ဖွဲ့ဝင်များမှာမူ ပစ်ခတ် သတ်ခြင်းကို အစဉ်ခံနေရသည်။

ကားမိုင်း ရဲစခန်း KIA စီးနင်း၊ ရဲသား တဦး ကျဆုံး၊ အမျိုးသမီး နှစ်ဦး သေဆုံး

သတင်း - မဇ္ဈိမသတင်းဌာန
ဖားကန့်မြို့နယ်၊ ကားမိုင်း ရဲစခန်းကို ကချင်ပြည် လွတ်လပ်ရေးတပ်မတော် KIA ၏ တပ်ဖွဲ့များက အင်္ဂါနေ့ နံနက်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး နှစ်ဦးသေဆုံးကာ ရဲတပ်သားတဦး ကျဆုံးခဲ့သည်ဟု KIA နှင့် ကားမိုင်းမြို့ခံများက ပြောသည်။
ဝင်ရောက်စီးနင်းတိုက်ခိုက်ရာတွင် အရပ်သား နှစ်ဦး သေဆုံးသွားသည်ဟု သိရပြီး ၎င်းတို့ဘက်မှ တပ်သား တဦး ကျဆုံးခဲ့သည်ဟု KIA တပ်ရင်း ၆ မှ အရာရှိ တဦးက ပြောသည်။
“ကျနော်တို့လည်း အရပ်သား မထိခိုက်အောင်တော့ လုပ်ခိုင်းတယ်။ ဒါပေမယ့် ရဲစခန်းအထဲမှာ ရှိနေတော့ သူတို့ပစ်လို့ သေတာလား။ ကျနော်တို့ ပစ်လို့ သေတာလားတော့ မသိဘူး” ဟု မဇ္ဈိမကို ပြောသည်။
ထိုသို့ သွားရောက် စီးနင်းတိုက်ခိုက်ရခြင်းမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ထိ KIA တပ်ရင်း ၆ လက်အောက်ခံ စခန်းအား အစိုးရ၏ အနောက်မြောက်ပိုင်းတိုင်း နမခ စစ်ဌာနချုပ်နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မပခ လက်အောက်ခံ တပ်ရင်း ၃ ရင်းမှ အင်အား ၄၀၀ နီးပါးဖြင့် လာရောက် တိုက်ခိုက်မှုများကြောင့် ယခုကဲ့သို့ ပြန်လည် တုံ့ပြန်ခြင်း ဖြစ်သည်ဟုလည်း ၎င်း KIA အရာရှိက ဆိုသည်။
“ဟုတ်ပါတယ်။ ကျနော်တပ်ဖွဲ့တွေပဲ။ ဒီလို ၁၄ ရက်နေ့ကနေ ၁၆ နဲ့ထိ ကျနော်တို့ တပ်ခွဲ ၁ ကို သူတို့ လာပစ်လို့ ကျနော်တို့ မလိုလားဘူး။ ဒီမနက် ၄ နာရီ ၁၅ မိနစ်လောက်မှာ ကားမိုင်းထဲက စခန်းကို သွားပစ်ခိုင်းတယ်။ သူတို့ အစိုးရ ဒီလိုလုပ်ရင် ဒီလို ဖြစ်တတ်တယ်ဆိုတာကို ပညာပြတာပဲ” ဟု အဆိုပါ အရာရှိက မဇ္စျိမကို ပြောသည်။
ထိုရဲစခန်းမှ တူမီးသေနတ်၊ M 21 နှင့် M 22 လက်နက်ပေါင်း ၂၀ ခန့် သိမ်းယူခဲ့သည်ဟုလည်း ပြောသည်။
ကားမိုင်းမြို့လယ်ခေါင်ရှိ (ဒေသအခေါ် ရဲစခန်းကုန်း)သို့ KIA များ လာရောက်စီးနင်းသည့် မြင်ကွင်းကို “ဒီမနက် ရဲစခန်းကို ၄ နာရီ ၄၀ မိနစ်လောက်ကနေ ၅ နာရီကျော်လောက်ထိ မိနစ် ၂၀ လောက် ပစ်ခတ်ပြီး စခန်းက ပစ္စည်းတွေ သိမ်းယူပြီးတော့ ပြန်ထွက်ခွာသွားတယ်” ဟု ကားမိုင်း မြို့ခံ တဦးက မဇ္စျိမကို ပြောသည်။
ထို့အပြင် ကားမိုင်းမြို့အဝင် အင်းတော်ချောင်း သံဘောင်ဘေလီ တံတားကိုလည်း KIA တပ်ဖွဲ့များ ဖောက်ခွဲခဲ့ရာ အနည်းငယ် စောင်းသွားရာမှ ယခု ပြန်လည် ပြုပြင်ထားပြီး လူသွားလာနိုင်ပြီ ဖြစ်ကြောင်း ဒေသခံက ဆက်ပြောသည်။
ယနေ့ တိုက်ပွဲကြောင့် စာသင်ကျောင်း၊ မူကြိုကျောင်းနှင့် ဈေးများကိုလည်း ပိတ်ထားလိုက်ရသည်ဟု သိရသည်။ သက်ကြီးရွယ်အိုများ၏ ခရစ္စမတ် မိတ်ဆုံစားပွဲ ကျင်းပနေသော်လည်း ထိတ်လန့်စွာဖြင့် ကျင်းပနေရသည်ဟု ဆိုသည်။
ထိုရဲစခန်းကုန်းတွင် အကျဉ်းထောင်ရှိပြီး ထိုအကျဉ်းထောင်အား ဖွင့်ပေးခြင်း ရှိမရှိကိုမူ မသိရှိရသေးပေ။

လက်နက်ကိုင်တိုက်ခိုက်ခြင်းကို နောက်ဆုံးမှ သုံးမည်ဟု RCSS/SSA ထုတ်ပြန်ကြေငြာ

သတင်း - သျှမ်းသံတော်ဆင့်သတင်း
မြန်အစိုးရတပ်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ အပစ်ရပ် တနှစ်ပြည့် သက်တမ်းတလျှောက် မြန်မာအစိုးရတပ်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်သာ တိုက်ပွဲဖြစ်ခဲ့ ရပြီး မိမိတို့ဘက်မှ ရွေးလမ်းမရှိမှသာ လက်နက်ကိုင် တိုက်ခိုက်မည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်လိုက် သည်။
RCSS/SSA ခေါင်းဆောင် စဝ်ယွက်စစ်
RCSS/SSA ခေါင်းဆောင် စဝ်ယွက်စစ်
အဆိုပါကြေငြာချက်ကို သျှမ်းနှစ်သစ်ကူးနေ့ဖြစ်သော ဒီဇင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အပစ်ရပ်ခြင်း တနှစ်တာကာလအတွင်း ကောင်းကျိုး ဆိုးကျိုး များကိုလည်း ထည့်သွင်းဖော်ပြထားသည်။
ဆိုးကျိုးများမှာ အပစ်ရပ်ထားသော်လည်း အစိုးရက မပြတ် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲ များဆက် တိုက်ဖြစ် ပေါ်နေခြင်းအပေါ် လူထုကော တပ်ထုပါ နားမလည်ဖြစ်ခဲ့ရ ကြောင်း၊ ယုံကြည်စိတ်ချမှု မရှိသဖြင့် သျှမ်းပြည် တပ်မ တော်ဘက်ကလည်း တိုက်ပွဲ ဆင်နွဲရေးအမြဲ အသင့်ပြင်ဆင်ထား ရကြောင်းဖော်ပြထားသည်။
အပစ်ရပ်ရေးကောင်းကျိုးမှာမူ လက်နက်ကိုင်တပ်ဖွဲ့များမှ ကိုယ်စားလှယ် စေလွှတ်ပြီး လူထုနှင့်တိုက်ရိုက် တွေ့ဆုံ နိုင်ကြောင်း၊ မြို့ပေါ်ကိုယ်စားလှယ်ရုံး ဖွင့်နိုင်သည့်အခွင့် အရေးရှိကြောင်း၊ ငြိမ်းချမ်းရေးတည်မြဲရေး အတွက် တွေ့ဆုံဆွေးနွေးမှုပြုနိုင်ကြောင်း စသဖြင့်ဖော်ပြထားသည်။  
အဆိုပါကြေငြာချက်တွင်- တခြားအဖွဲ့အစည်းတွေဝင်ထွက်ပြီးစည်းလုံးမှုတည်ဆောက်မည်၊ သျှမ်းပြည် ကံကြမ္မာကို သျှမ်းပြည်သားများမှ အဆုံးအဖြတ်ပေးနိုင်ဖို့ ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖေါ်ဆောင်မည်၊ လူထုအား ဒီမိုကရေစီ အကြောင်း ကွင်းဆင်းရှင်းပြမည်၊ မူးယစ်ဆေးဝါး တိုက်ဖျက်မည်၊ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်နှင့် သျှမ်းလူထု အတွက် ငြိမ်းချမ်းရေးဖေါ်ဆောင်မည်  လက်နက်ကိုင် တိုက်ခိုက်သည့် လမ်းစဉ်ကို အဆုံးစွန် ရွေးလမ်းမရှိမှသာ သုံးမည် အစရှိသဖြင့် ပါရှိသော သျှမ်းပြည်တပ်မတော် RCSS/SSA ၏  လုပ်ငန်းစဉ် ၆ ချက်ကို ပါထုတ်ပြန်ကြေငြာထားသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည့်နောက် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့နှင့် ၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့က အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။

ပန်ဝါမှ အစိုးရအမှတ် (၅၆) တပ်စခန်းကို KIA သိမ်းပိုက်

သတင်း - ရွှေဟင်္သာ သတင်းဌာန
ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (kIA) မှ ကချင်ပြည်နယ် အရှေ့ဖက် ပန်ဝါမြို့နယ်ရှိ အစိုးရ အမှတ် (၅၆) စခန်းကို ယနေ့နေ့လည်ပိုင်းက သိမ်းပိုက်ရရှိခဲ့သည်ဟု KIA အရာရှိတဦးက ပြောသည်။
“ဒီစခန်းကို ပြီးခဲ့တဲ့ (၁၆) ရက်နေ့ကတည်းက ကျနော်တို့အဖွဲ့က တိုက်ခိုက်နေခဲ့တာပါ။ မနေ့ကတော့ တရက်နားပြီး ပြန် လည်ပြင်ဆင်တယ်။ ပြီးမှ ဒီနေ့နေ့လည်မှာ ၀င်သိမ်းတာပါ၊ ဒီစခန်းဟာ တရုပ်ပြည်ရဲ့ နယ်ခြားမှတ်တိုင် (၆) နားမှာဘဲဗျ။” ဟုဆိုသည်။
ဤစခန်းကို KIA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၃၃) တပ်ဖွဲ့က တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ အသေအပျောက် စာရင်းနှင့် သိမ်းပိုက်ရရှိသော ပစ္စည်းစရင်း အသေးစိပ်ကိုမူ KIA မှ  ထုတ်ဖေါ်ပြော ကြားခြင်းမရှိသေးပေ။
အလားတူ တပ်မဟာ (၅) ဒေသ လိုင်ဇာဂွင် တပ်ရင်း (၃) ဧရိယာရှိ အစိုးရထိန်းချုပ်ထားသည့် ဘွမ်တောင်စခန်း (အရင်KIA တပ်စခန်းဟောင်း) ကိုလည်း KIA က မနက် (၇) နာရီခန့်တွင် ပြင်းထန်စွာ သွားရောက် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
KIA အပေါ် အစိုးရ၏ ရဟတ်ယာဉ်စစ်ဆင်ရေး
KIA အပေါ် အစိုးရ၏ ရဟတ်ယာဉ်စစ်ဆင်ရေး
ပန်ဝါဒေသအား ပြီးခဲ့သည့် ဒီဇင်ဘာလ ဆန်းက အစိုးရတပ်များက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ထိခိုက်ကျဆုံးမှု များသည့်အတွက် တပ်မ (၈၈) တပ်မမှူးနေရာတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် ကွပ်ကဲမှု ပြုလုပ်ခဲ့ကြောင်းနှင့် KIA ဘက်မှ ပြီးခဲ့သည့် ဒီဇင်ဘာလ (၉) ရက်နေ့မှသာ တန်ပြန် စစ်ဆင်ခဲ့ကြောင်း ပြောဆိုသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2496--kia-.html
ပန်ဝါစစ်ဆင်ရေးတွင် အစိုးရဖက်မှ ရုရှားလုပ် MI 24 ရဟတ်ယာဉ် (၂) စင်းဖြင့် ပစ်ခတ်ခဲ့ပြီး လူနာ၊ ရိက္ခာ၊ လက်နက်ခဲယမ်း များ တင်ဆောင်ရန် အနည်းဆုံးရဟတ်ယာဉ် (၇) စင်းအထိ အသုံးပြုခဲ့သည်ဟုလည်း KIA ဖက်ကဆိုသည်။
စစ်ရေးအကဲခတ်များကမူ အစိုးရသည် KIA အား အပိုင်းလိုက် ချေမှုန်းရန် ကြိုးစားရာမှ အကျအဆုံးများပြီး အောင်မြင်မှု မရခဲ့ကြောင်း သုံးသပ်ပြောဆိုသည်။ ထို့အပြင် KIA တပ်ဖွဲ့ဝင်များအား ရှေ့တန်းစစ်မျက်နှာတွင် စစ်ပန်းစေရန် မြူဆွယ်ထားပြီး ဌာနချုပ် လိုင်ဇာအား ပြင်းထန်သည့် ထိုးစစ်ဆင်နိုင်ကြောင်းလည်း သုံးသပ်ပြောဆိုသည်။

Saturday, December 15, 2012

ဒီ(၁၄) တွင်ရုရှားဒုံးကျည်အသုံးပြုပစ်ခတ်




ကာကွယ်ရေးဝန်ကြီးဌန၊ မြန်မာလေတပ်မတော်၊ မြစ်ကြီးနားမြို့ အခြေစိုက် အမှတ်(၅၀၃) နန့်ပေါင်လေတပ်စခန်းမှ ဒီဇင်ဘာလ(၁၄)ရက်နေ့ လဂျားယန်တိုက်ပွဲတွင် Mi-24 Gunship ရဟတ်ယဉ်(၂)စီးဖြင့် လေတပ်စခန်းမှ(၃)ကြိမ် အခေါက်တုန့်ခေါက်ပြန် ဝေဟင်မှမြေပြင်ပစ်ဒုံးများ၊ Machine Gun များဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်ခဲ့သည်။
KIAရှေ့တန်းစခန်းကို ပစ်မှတ်ချိန်ရွယ်ပစ်ခဲ့ရာ ဒုံးကျည်(၃)ခုသည် ပစ်မှတ်ကိုထိမှန်ခဲ့သည်။ သို့သော်ဒုံးကျည် (၁)ခုသည် တပ်စခန်းအပြင်သို့ကျရောက် ပေါက်ကွဲခဲ့သည်။ ကျန်(၂)လုံးမှာ တပ်စခန်းအတွင်းကျရောက်ခဲ့သော်လည်း ပေါက်ကွဲခြင်း မရှိပါ။ ကျေးဇူးတော်ကို ခံစားနေသော KIA တပ်မတော်သားများသည် ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်း လျက်ရှိကြသည်။
ပစ်ခတ်တိုက်ခိုက်ခဲ့သော ဒုံးကျည်အမျိုးအစားသည် ရုရှားစာသား တံဆိပ်များ ရိုက်နှိပ်ထားသော ဒုံးကျည်အမျိုးအစားဖြစ်သည်။

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .