Social Icons

Sunday, November 4, 2012

ရန်တိုက်ပေးတာလား၊ သွေးခွဲနေတာလား။

(post by : John Htingnan)
ကျနော် ဒီစာကိုမရေးချင်ပါဘူး။ ဒါပေမဲ့ ရေးမှဖြစ်မယ်လို. ခံစားရလို. ရေးလိုက်တာပါ။ တခြားတော့မဟုတ်ပါဘူးဗျာ။ မြန်မာနိုင်ငံက နိုင်ငံတကာဆုတွေရယူခဲ့ဖူးတဲ့ သတင်းဌာန တစ်ခုက တင်လိုက်တဲ့ ဆောင်းပါးကိုတွေ.လို.ရေးလိုက်တာပါ။ ဒီစာက အဲ့သတင်းဌာနကို တိုက်ခိုက်ချင်လို. စော်ကားချင်လို. မဟုတ်ပါဘူး။ အဲ့ဒီသတင်းဌာနက တင်တဲ့ဆောင်းပါးမှာ ပါတဲ့ အချက်အလက်တွေကို ထောက်ပြချင်လို.ပါ။ အဲ့ဒီစာကို ဒီမှာ တင်ထားပါတယ်။
ခေါင်းစဉ်က “ကချင်ပြည်နယ်၌ တိုက်ပွဲဖြစ်ပွားနေသည့် တစ်နှစ်ခွဲဝန်းကျင် ရှမ်းရွာများတွင်ပါ အမျိုးသမီးများပါမကျန် KIO/KIA မှ စစ်သား စုဆောင်းခြင်းများ ရှိနေသည့် အပြင် လူနေမှုဘဝ မလုံခြုံမှုကိုလည်း ခံစားနေရကြောင်း ဒေသခံများပြောကြား”  တဲ့ဗျာ။ ခေါင်းစဉ်ကို ကြည့်လိုက်ရင် ဒေသခံများ ဆိုတော့ ကချင်ပြည်နယ်မှာရှိတဲ့ လူအများစုကပဲပြောနေသလိုလို၊ ခံစားနေရသလိုလိုကြီးပါ။ နောက်ပြီး ရှမ်းရွာများတွင်ပါ ဆိုတဲ့ အသုံးအနှုန်းကို ထည့်ရေးထားတာ တွေ.ရတယ်။ ဒါဟာ စနစ်တကျ ကချင်နဲ. ရှမ်းကို သွေးခွဲ ချင်လို. ရေးထားမှန်း သိသာနေပါတယ်။
ကဲ အတွင်းစာသားလေးကို ဆက်လိုက်ရအောင်… ပထမ ၂ပိုဒ် ၃ပိုဒ်က ကေအိုင်အို၊ ကေအိုင်အေ စစ်သားစုဆောင်းတဲ့ အကြောင်းပါ။ ဟုတ်ပြီ…စစ်သားစုဆောင်းတယ်၊ စစ်သားဟောင်းတွေ ပြန်ခေါ်တယ်ဆိုတာကို တင်ပြထားပေမဲ့ ဘာ့ကြောင့် စစ်သားစုဆောင်းတယ်၊ ဘာ့ကြောင့် ပြင်ဆင်မွမ်းမံတယ်ဆိုတာ တင်ပြထားခြင်းမရှိပါဘူး။ ဒါဟာ ဒီစာရဲ. ပထမဆုံးအားနည်းချက်ဖြစ်ပါတယ်။ အဖွဲ.အစည်းရဲ. လုပ်ဆောင်ချက်ကိုဖော်ပြထားပေမဲ့ အဲ့ဒီအဖွဲ.အစည်းကြီး ဘာကြောင့်အဲ့လို လုပ်ဆောင်သလဲဆိုတာ တင်ပြထားခြင်းမရှိထားတာဟာ လုံးဝ ရိုးသားမှုမရှိပါဘူး။
နောက်ပြီး ကချင်ပြည်နယ်ကို မြန်မာအစိုးရတပ်က လူအင်အား၊ လက်နက်အင်အားတိုးချဲ.တာ တစိုးတစိမှ ဖော်ပြထားခြင်းမရှိပါဘူး။ ကချင်ပြည်နယ်မှာ ၁၉၉၄အပစ်မရပ်ခင် တပ်ရင်း ဆယ်ခု ဝန်းကျင်သာရှိပါတယ်။ အပစ်ရပ်ကာက ၁၇ နှစ်အတွင်း မြန်မာအစိုးရတပ်အင်အားတိုးချဲ.မှုကြောင့် တပ်ရင်း ၄၀ကျော်အထိရှိလာတယ်။ မနှစ်ကတိုက်ပွဲဖြစ်ပြီးနောက်ပိုင်း တပ်မ ၃၃၊ တပ်မ ၇၇ အပါအဝင် အခြားသော တပ်ရင်း၊ တပ်မတွေ ကချင်ပြည်နယ်ကိုပို.ထားပါတယ်။ ဒီလိုအချက်အလက်တွေကို ဒီဆောင်းပါးမှာ ဖော်ပြထားခြင်းမရှိတာလို. ကျနော်တင်ပြလိုက်တပါ။
နောက်တစ်ချက်က “သို့သော် ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ နောက်ပိုင်းတွင်မူ နိုင်ငံတော်သမ္မတ ၏ အမိန့်ညွှန်ကြားချက် အတိုင်း မိမိကိုယ်ကို ခုခံကာကွယ်ရုံမှလွဲပြီး ထိုးစစ်မပြုလုပ်ကြောင်း တပ်မတော် အရာရှိများက တရားဝင်ထုတ်ဖော် ပြောဆိုခဲ့သည်” လို.ရေးသားထား ပါတယ်။ ဟုတ်ပြီ တကယ် ခုခံကာကွယ်တာဆိုရင် ဘာဖြစ်လို. လက်နက်ကြီး(၁၀၅မမ၊ ၁၂၅မမ) တွေပို.နေတာလဲဗျာ။ ၁၀ မိုင်လောက်ပစ်လို.ရတဲ့လက်နက်တွေကို ခုခံကာကွယ်ဖို. အသုံးပြုတာဟာ သဘာဝမကျဘူးလို. အခုတလော ရွှေလီဆွေးနွေးပွဲမှာ တင်ပြထားတာကို ဒီသတင်းဌာနက မသိလို.လား၊ မကြားလို.လား။ နောက်ပြီး တကယ်ခုခံကာကွယ် တာဆိုရင် ကချင်ပြည်နယ်ကို ပို.ထားတဲ့ တပ်မ ၃၃၊ ၇၇ တို.လို  တပ်မတွေ လိုပါ့မလား။ ဒီဆောင်းပါးရဲ. အပိုဒ် ၁၃ မှာဖော်ပြထားသလို တိုက်ပြီးပြေးတဲ့ ဗျူဟာကို သုံးနေတဲ့ ကေအိုင်အေကို ခုခံဖို. ၁၀၅ မမတွေ၊ ၁၂၅ မမတွေ၊ တပ်မကြီးတွေလိုပါ့မလားဗျာ။ စဉ်းစားကြည့်တာနဲ. သိနိုင်ပါတယ်။
နောက်ပြီး ဒီဆောင်းပါးရဲ. အခြားသော အပိုဒ်တွေမှာ ကေအိုင်အေကပဲ မတည်ငြိမ်မှုကို လုပ်ဆောင်နေသလိုလို၊ ကေအိုင်အေကြောင့်ပဲ မလုံခြုံသလိုလို၊ ကေအိုင်အေကပဲ စပ်ကြေးကောက်သလိုလို ရေးထားတာတွေ.ရတယ်။ ဒီလိုရေးသားတာဟာ မှန်တယ် မှားတယ်ဆိုတာ မငြင်းခုန်ချင်ပေမဲ့ ရေးသားခြင်းရဲ. နောက်ကွယ်က ရည်ရွယ်ချက်ကို သိဖို.လိုပါတယ်။ ကေအိုင်အေဟာ ပြည်သူတွေကို ခြောက်လှန်.နေတယ်၊ ကေအိုင်အေကြောင့်ပြည်သူတွေ ဒုက္ခရောက်နေတယ်လို. ပြည်သူကိုချပြပြီး စစ်တပ်က ကေအိုင်အေကို အပြုတ်နိုင်ဖို.ဖြစ်ပါလိမ့်မယ်။ ကေအိုင်အေ မကောင်းဘူး၊ ကေအိုင်အေကြောင့် ဘာဖြစ်နေတာ၊ ညာဖြစ်နေတာဆိုပြီး အကြောင်းပြချက်ချပြမှ အပြုတ်တိုက်လို.ရမှာလေ။ ဒါက ကျနော်မြင်တာကို ချပြတာပါ။
နောက်တစ်ခုက မြန်မာအစိုးရတပ်ရှိတော့ ရော လုံခြုံလို.လားဆိုတဲ့မေးခွန်းပါ။ စစ်မဖြစ်ခင် လိုင်ဇာ၊ မြစ်ကြီးနားလမ်းပေါ်မှာ ဂိတ်တွေချပြီး ပိုက်ဆံကောက်တာ ကေအိုင်အေမဟုတ်ဘူး။ အစိုးရတပ်တွေဖြစ်တယ်။ ဘာပြေစာမှ မရှိပဲ တောင်းရင်တောင်းသလောက်ပေးရတာဟာ အစိုးရတပ်တွေကိုပေးရတာဖြစ်တယ်။ စစ်တပ်၊ ရှေ.တန်းစခန်း၊ ရဲစခန်း၊ ရဲကင်း၊ တံတားလုံခြုံရေး အားလုံးကို ကားသမားတွေဆင်းပြီး ပိုက်ဆံပေးရတာဟာ အစိုးရတပ်ကိုပေးရတာပါ။ စစ်ဖြစ်မှ ကေအိုင်အေက စပ်ကြေးကောက်တယ်ဆိုတဲ့သတင်းတွေထွက်လာတယ်။ ဒါလဲ စဉ်းစားစရာပါဗျာ။
နောက်ပြီး ဒီဆောင်းပါးတစ်ခုလုံးမှာ ဒေသခံတစ်ဦး၊ ရှမ်းဘုန်းကြီးတစ်ပါး စသည်ဖြင့် ဖော်ပြထားတာတွေ.ရတယ်။ ဒါပေမဲ့ ဘယ်မြို.၊ ဘယ်ရပ်ကွက်၊ ဘယ်ကျောင်းတိုက်က ဦးဘယ်သူ၊ ဒေါ်ဘယ်ဝါ၊ ဘယ်ဆရာတော် ရယ်လို. တိတိကျကျ ရေးသားထားတာမရှိပါဘူး။ ဒါဟာလဲ ဒီဆောင်းပါးရဲ.အားနဲချက်တစ်ခုဖြစ်ပါတယ်။ အဲ့လိုသာရေးစတမ်းဆိုရင် ကျနော်လဲရေးတတ်ပါတယ်။ ဥပမာရေးပြမယ်ဗျာ။ “E သတင်းဌာနမှ အထက်လူကြီး ဦး …….သည် အစိုးရနှင့် စီးပွားရေးအကျိုးတူဆောင်ရွက်နေသောကြောင့် အစိုးရအတိုက်အခံအင်အားစုများ၊ လက်နက်ကိုင်အင်အားစုများနှင့် ပတ်သက်သော သတင်းများအား အပုပ်ချသတင်းများသာရေးသားရန် သတင်းထောက်များအား စေခိုင်းလျက်ရှိကြောင်း ယင်းသတင်းဌာနမှ သတင်းသမားတစ်ဦးဆိုသည်” လို.ရေးရင် ဒီသတင်းဟာ မှန်တယ်လို. ဆိုနိုင်မလား။ ဒါဟာ စဉ်းစားကြည့်ဖို.ဖြစ်ပါတယ်။
နောက်တစ်ချက်က ပူတာအို ကိစ္စရေးထားတာပါ။ ပူတာအိုမှာ စစ်ကြောင့်လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲသွားပြီး စားဝတ်နေရေး ခက်ခဲနေရလို. တိုင်းမှူးက လမ်းပြင်တဲ့နေရာမှာ အနှောက်အယှက်မပေးဖို. မေတ္တာရပ်ခံတဲ့အကြောင်း ရေးထားတာပါ။ အိုးးးးးးးးး တိုင်းမှူးက သူရဲကောင်းကြီးပါလား လို. အောက်ပြည်၊ အောက်ရွာ က စာဖတ်သူတွေထင်ကောင်းထင်မယ်။ တကယ်တမ်းက ဒီလိုဗျ။ ပူတာအိုသွားတဲ့ လမ်းက အရင်ကတည်းက မကောင်းတာ နွေရာသီမှာတောင် အနည်းဆုံးတစ်ပတ်ကျော်လောက်သွားရတာကိုးဗျ။ အပစ်ရပ်တဲ့ ကာလ ၁၇ နှစ်မှာ ဖွံ.ဖြိုးရေးလုပ်ပါတယ်ဆိုတဲ့ အစိုးရက ပူတာအိုလမ်း မပြောနဲ. ကျောက်စိမ်းထုတ်ရောင်းတဲ့ ဖားကန်.-မြစ်ကြီးနားလမ်းကိုတောင် မဖောက်ပေးဘူး။ မြစ်ကြီးနား-လိုင်ဇာလမ်းတောင် ကေအိုင်အေ ပိုက်ဆံနဲ.ဖောက်တာ။ အို….ကုန်ကုန်ပြောမယ်ဗျာ မြစ်ကြီးနား မှာ လက်ရှိ ၂၄ နာရီ နီးပါး မီးရနေတာ ကေအိုင်အေရဲ. ကုမ္ပဏီ ဘူးဂါးက ပေးတဲ့ မီးနဲ. ရနေတာဗျာ။ ဒီလောက် ကချင်ပြည်နယ်အတွက်လုပ်ပေးနေတာကို ကေအိုင်အို၊ ကေအိုင်အေ ဘာဖြစ်တယ်ညာ ဖြစ်တယ် ရေးတဲ့ သူကို အံ့သြလို.မဆုံးနိုင်ဘူး။
အဲ့ဒီဆောင်းပါးကိုဆုံးအောင်ဖတ် လိုက်တော့ ကျနော့်စိတ်ထဲမှာ မေးခွန်းတစ်ခုပေါ်လာတယ်။ အဲ့တာက ဒီဆောင်းပါက ရန်တိုက်ပေးတာလား၊ သွေးခွဲနေတာလား ပေါ့။ ဘယ်သူ.ကြောင့် ဘယ်လူမျိုးတွေ ဘာဖြစ်နေတယ်လို. ရေးထားတာတွေကို အဲ့ဒီဆောင်းပါးမှာအများဆုံးတွေ.ရလို.ပါ။ ဘယ်သူ.ကြောင့် ဘယ်သူ ဘာဖြစ်သွားတယ်ဆိုပြီး ဘက်လိုက်တာမျိုးတွေ၊ လူမျိုး နှစ်မျိုးကြားရန်တိုက်ပေးတာမျိုးတွေရေးသား တာနဲ. ကချင်ပြည်နယ်ကြီး၊ မြန်မာနိုင်ငံကြီး မငြိမ်းချမ်းသွားပါဘူး။ မငြိမ်းချမ်းတဲ့အပြင် ပိုလို.တောင် ဆိုးရွားသွားပါဦးမယ်။ ဒါကြောင့် ကချင်ပြည်နယ်ကြီး နှင့်တကွ ကချင်လူမျိုးများ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်အမြန်ရရှိနိုင်ရန် ရည်သန်လျက်ဒီစာကိုအဆုံးသတ်ပါတယ်ဗျာ။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .