Social Icons

Wednesday, November 7, 2012

ပြည်ထောင်စု / တစ်ပြည်ထောင်စနစ်များ (ဖတ်ဖြစ်အောင်ဖတ်ပါ)

ပြည်ထောင်စု / တစ်ပြည်ထောင်စနစ်များ

     ၂၀၀၈ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ (၈) တွင် နိုင်ငံတောကို ပြည်ထောင်စုစနစ်ဖြင့်    ဖွဲ့ စည်းတည်ဆောက်မည်ဟုပြဌန်းပါရှိပါသည်။ အဆိုပါပြည်ထောင်စုဟူသောဝေါဟာရကို ဂဃနဏသိရှိသူနည်းပါးသဖြင့်  ဖော်ပြလိုက်ပါသည်။

မြန်မာနိုင်ငံရှိပြည်သူအများကို မြန်မာနိုင်ငံကိုဘာကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံခေါာပါသလဲ ဟုမေးပါက -
(၁) တိုင်းရင်းသားပေါင်းစုံနေထိုင်ကြသဖြင့်ခေါာခြင်းဖြစ်ကြောင်း ၊
(၂) တိုင်းနှင့်ပြည်နယ်များစုပေါင်းထားခြင်းကြောင့်ခေါာခြင်းဖြစ်ကြောင်း ၊
စသည်ဖြင့်သာဖြေဆိုကြသည်။ အမှန်မှာထိုအဖြေများသည် လုံးဝမှားယွင်းသော အဖြေများဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော  အိမ်နီးချင်းတရုတ်နိုင်ငံကို ကြည့်ပါလျှင်၊ တရုတ်နိုင်ငံတွင်လည်း တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြပါသည်။ ထို့ အပြင် တရုတ်နိုင်ငံတွင် ပြည်နယ် ( ၎င်းတို့ အခေါာ Province ) ပေါင်းများစွာကို စုပေါင်းထားသောနိုင်ငံဖြစ်သောလည်း တရုတ်နိုင်ငံကိုပြည်ထောင်စုဟုမခေါာပါ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ( People Republic of China ) ဟုသာခေါာပါသည်။ ထို့ အတူအိမ်နီးချင်းထိုင်းနိုင်ငံတွင်လည်း၊ ပြည်နယ်များစွာရှိပြီး ၊တိုင်းရင်းသားလူမျိုးများစွာစုပေါင်းနေထိုင်သောလည်း ပြည်ထောင်စုမခေါာဘဲ ထိုင်းဘုရင့်နိုင်ငံ (The Kingdom of Thailand ) ဟုသာခေါဆိုသမုတ်ပါသည်။ တိုင်းရင်းသားပေါင်းစုံနေထိုင်ကြတိုင်း ၊ ပြည်နယ်နှင့်တိုင်းများပေါင်းထားတိုင်း ပြည်ထောင်စုဟုမခေါာနိုင်ကြောင်း အထက်ဥပမာများအရတွေ့ ရမည်ဖြစ်သည်။

     မြန်မာနိုင်ငံကိုမည်သည့်အချိန်ကစ၍ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်လာသည်ကိုအလျဉ်းသင့်သဖြင့် ဤနေရာ၌ ဖောပြလိုပါသည်။ ခရစ်သက္ကရာဇ် ၁၈၂၄ မတိုင်မီအချိန်တွင် မြန်မာနိုင်ငံကို မြန်မာနိုင်ငံဟုပင်မည်သူကမျှမခေါာသေးချေ။ပထမမြန်မာနိုင်ငံတောတည်ထောင်သူအနော်ရထာသည်ပင်လျှင် မြန်မာနိုင်ငံဟုအမည်မမှေဲ့ ခေါာခဲ့ပါ။ နောင်သမိုင်းဆရာတို့မှ ပထမမြန်မာနိုင်ငံတော၊ ဒုတိယမြန်မာနိုင်ငံတောဟု ထွင်ကာမှေဲ့ ခေါာလာခြင်းဖြစ်သည်။

  ဆိုခဲ့သည့်အတိုင်း အနော်ရထာသည် ၎င်း၏ပတ်ဝန်းကျင်ရွာများကိုသိမ်းပိုက်ကာ ပုဂံခေတ်တည်ထောင်ခြင်း၊ ကျန်ပဒေသရာဇ်အဆက်ဆက်လည်း ၎င်းတို့ နယ်များကိုချဲ့ ထွင်ကာ အင်းဝခေတ်၊ ပုဂံခေတ်(အနော်ရထာ) (ကျန်စစ်သား) (စောလူးမင်း) (ပင်းယ) (စစ်ကိုင်း) (အင်းဝ) (ဟံသာဝတီ)၊ တောင်ငူခေတ် (မင်းတရားရွှေထီး) (ဘုရင့် နောင်)၊ ဟန်သာဝတီ (ရှင်ဖြူရှင်၊ ဘုရင့် နောင်မင်းတရားကြီး)၊ ရတနာပုံခေတ် (မင်းတုန်းမင်း၊ ကနောင်မင်းသား) စသဖြင့်သာ အောက်ပြည်တွင်ရှိနေကြသည်။ သမိုင်းဆိုင်ရာ အထောက်အထားများအရ မွန်နှင့် မြန်မာပဒေသရာဇ်များတိုက်ခိုက်ကြခြင်း၊ ရခိုင်နှင့်မြန်မာပဒေသရာဇ်များတိုက်ခိုက်ကြခြင်း၊ ယိုးဒယားကိုတိုက်ခိုက်ခြင်း၊ မဏိပူရကိုသြဇာခံထားခြင်းနှင့် တရုတ်နှင့်တိုက်ခိုက်ခြင်းများသာရှိခဲ့ပါသည်။ ရှမ်းစောဘွားများနှင့်တစ်ခါတစ်ရံကတောက်ကဆအနည်းအကျဉ်းရှိသည်ကလွဲ ကြီးမားသောပြသနာမရှိခဲ့ပါ။

              အထူးသဖြင့် ကချင်၊ ချင်း၊ က၇င်နှင့်ကရင်နီ (ကယား) တို့နှင့် မြန်မာ ပဒေသရာဇ် စစ်ဘုရင်များတိုက်ခိုက်ကြခြင်း၊ နယ်မြေလုခြင်း လုံးဝမရှိခဲ့သလို ထိုလူမျိုးတို့၏နယ်မြေကိုလည်း သိမ်းပိုက်ခဲ့ခြင်းမရှိခဲ့ဘူးပါ။ ထို့ကြောင့် ၁၉၈၀ ပြည့်နှစ် ပြည်ထောင်စုနေ့ အထူးထုတ် ပြန်ကြားရေးဝန်ကြီးဌာန၏စာအုပ်တွင်၊ ကချင်၊ ကယား (ကရင်နီ) ကရင်၊ ဗမာတို့သည် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကျငှန်းဖြင့်နေခဲ့ကြသည်ဟုဖောပြထားခြင်းမှာ အကြောင်းမဲ့မဟုတ်ပါ။ ကချင်၊ ချင်း၊ ကရင်၊ ကရင်နီ (ကယား) တို့ သည် မည်သည့်အခါမျှသြဇာခံမဟုတ်ခဲ့ပါ။ မိမိတို့ နယ်မြေတွင် မိမိတို့ဥပဒေပြုခြင်း၊အုပ်ချုပ်ခြင်း၊ တရားစီရင်ခြင်းဟူသော အချုပ်အခြာအာဏာကိုပိုင်ဆိုင်ကျင့်သုံးခဲ့ကြကြောင်းတွေ့ရသည်။ (ပြည်ထောင်စုနိုင်ငံဖြစ်ပေါာလာရေးသည် ထိုအချုပ်အခြာအာဏာကိုပိုင်ဆိုင်သော ပြည်နယ်များကိုသာထည့်တွင်းရသည်မှာအရေးကြီးကြောင်း ရှေ့ အခန်းများတွင်တွေ့မြင်ရမည်ဖြစ်သည်-စကားချပ်)

               ထိုသို့ဗမာလူမျိုးများသည်လည်း ဗမာပိုင်နက်တွင်နေထိုင်လာခဲ့ကြသလို ကျန် ကချင်၊ ချင်း၊ ကရင်နီနှင့်ကရင်တို့သည်လည်း ၎င်းတို့ပိုင်သောနယ်မြေတွင်မိမိတို့လူမျိုးအလိုက် အုပ်စိုးနေထိုင်လာခဲ့ကြသော်လည်း ၁၈၂၄ ခုနှစ်သို့ရောက်ရှိသောအခါ မြန်မာနိုင်ငံသမိုင်းသည် ကြီူမားသောအလှည့်အပြောင်းတစ်ခုနှင့်စတင်လာခဲ့သည်။

               ၁၈၂၄-ခုနှစ် တွင် အင်္ဂလိပ်နှင့်အောက်ဗမာပြည်ကိုအုပ်ချုပ်သော မြန်မာမင်းဖြစ်သည့် ဘကြီးတော်လက်ထက်တွင် ရခိုင်ပြည်ရှိ ရှင်မဖြူကျွန်းကိစ္စနှင့် ပတ်သက်၍အငြင်းပွားကာ ပထမအင်္ဂလိပ်ဗမာစစ်ပွဲဖြစ်ခဲ့သည်။ ဗမာဘက်မှစစ်ရှုံးသဖြင့် ရန္တဘိုစာချုပ်အရ ဗမာပိုင်နက်ဖြစ်သော ရခိုင်တနင်္သာရီကို အင်္ဂလိပ်သိမ်းပိုက်ခဲ့သည်။ ၁၈၅၅တွင် အင်္ဂလိပ်-ဗမာဒုတိယစစ်ပွဖြစ်ခဲ့ပြန်သည်။ ဗမာဘက်မှရှုံးသဖြင့် ဗမာပိုင်နက်ဖြစ်သော ပဲခူးနယ်အထိအင်္ဂလိပ်သိမ်းပိုက်ခဲ့ပြန်သည်။ ၁၈၈၅ခုနှစ်တွင် တတိယအင်္ဂလိပ်-ဗမာစစ်ပွဲဖြစ်ပြန်သည်။ မန္တလေးတွင်ရှိသော သီပေါမင်းကိုဖမ်းဆီးခေါာဆောင်သွားပြီး ဗမာနန်းဆက်ပြတ်သွားခဲ့သည်။ အမှန်မှာ တတိယစစ်ပွဲသည် (၁) ပတ်မျှသာကြာသည်။

              အထက်ပါစစ်ပွဲကိုကြည့်ပါက အင်္ဂလိပ်သည်ဗမာသြဇာခံနယ်မြေများကိုသာ သိမ်းပိုက်ခဲ့သည်ကို တွေ့ ရပါသည်။ ဥပမာ-ပထမစစ်တွင် ရခိုင်ကို သိမ်းပိုက်ရာ အဘယ်ကြောင့် ရခိုင်နှင့်ကပ်လျှက်ရှိသော ချင်းပြည်နယ်ကိုမသိမ်းခဲ့ဘဲ တနင်္သာရိကို သွားရောက်သိမ်းပိုက်သနည်း။ ရှင်းပါသည်။ ချင်းပြည်နယ်သည် ဗမာပိုင်နက် မဟုတ်သောကြောင့်ဖြစ်ပါသည်။

            တတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီး မန္တလေးနယ်ပြည်တော်ကို သိမ်းပိုက်ပြီး အင်္ဂလိပ်တို့သည် မြန်မာပြည်ကို ၎င်းတို့ ၏ကိုလိုနီနယ်မြေအဖြစ် သတ်မှတ်ခဲ့သောလည်း၊ ကချင်၊ ချင်း၊ ရှမ်းတို့ သည် အင်္ဂလိပ်ကိုနှစ် (၄၀) ကျော်ကြာတိုက်ခိုက်နေခဲ့ကြရသည်။ 

           တတိယအင်္ဂလိပ်မြန်မာစစ်ပွဲပြီးသည်နှင့် ဗမာပြည်ကိုအင်္ဂလိပ်သည် ၎င်း၏ ပိုင်နက်ကိုလိုနီ သွတ်သွင်းလိုက်ပြီးနောက် တိုင်းရင်းသားဒေသများသို့ ဆက်လက်ချီတက်သိမ်းပိုက်ရန် ကြိုးပမ်းသောလည်း တိုင်းရင်းသားများမှ နယ်ချဲ့ကို ပြင်းပြင်းထန်ထန်တွန်းလှန်ခဲ့သဖြင့် အင်္ဂလိပ်စစ်တပ်သည်များစွာအထိနာခဲ့သည်။ နောက်ဆုံးအင်္ဂလိပ်တို့သည် တိုင်းရှုးသားများဖြစ်သည့် ကချင်၊ ချင်း၊ ရှမ်းပြည်နယ်မှ ဒူဝါများ၊ စော်ဘွားများကိုညှိနိုင်းကာ၊ ၎င်းတို့၏ဒေသ ၎င်းတို့ဖာသာအုပ်ချုပ်ရန်ခန့် အပ်လွှာများပေးကာ ကိုလိုနီသို့သွတ်သွင်းပါသည်။ ကချင်ပြည်နယ်ကို ၁၈၉၆ ကချင်တောင်တန်းသားများဥပဒေ (The Kachin Hill Tribe Regulation) ကိုပြဌာန်းပြီးလည်းကောင်း၊ ရှမ်းပြည်နယ်ကို ၁၈၉၆ ရှမ်းတောင်တန်းဥပဒေ (The Shan Hill Regulation) ဖြင့်လည်းကောင်း၊ ချင်းပြည်နယ်ကို ၁၈၉၆ ခုနှစ် (The Chin Hill Regulation) ဖြင့်လည်းကောင်း သီခြားစီအုပ်ချုပ်ခဲ့သည်။ ယခင်ဗမာပိုင်အောက်ဗမာပြည်ကို ၁၉၃၅ခုနှစ် (Proper Bumer Act) ဖြင့်အုပ်ချုပ်ခဲ့သည်။ ထိုအချက်ကိုကြည့်ခြင်းအားဖြင့် ကချင်၊ ချင်း ရှမ်းပြည်နယ်များသည် ဗမာ၏လက်အောက်ခံမဟုတ်ခဲ့ကြောင်း သက်သေခ့ချက်ဖြစ်သည်။ (ကယားပြည်နယ်ကိုမူ သီးခြားအုပ်ချုပ်ထားပါသည်။)

              အထက်ပါဖြစ်စဉ်အရ၊ အင်္ဂလိပ်ကိုလိုနီများမြန်မာပြည်ကို (၃) ကြိမ်တိုင်စစ်ပြုခြင်းမပြုမီ၊ ဗမာများသည်လည်း အောက်ပြည်တွင် အချုပ်အခြာအာဏာကျင့်သုံးသကဲ့သို့ ကချင်၊ ချင်း၊ ရှမ်း၊ ကရင်နီ(ကယား) များသည်လည်း ၎င်းတို့ဒေသ၌ အချုပ်အခြာအာဏာကို မိမိတို့ဖာသာကျင်သုံးနေခဲ့ကြ     သည်မှာထင်ရှားပါသည်။ အင်္ဂလိပ်ကိုလိုနီဝင်ရောက်တိုက်ခိုက်ခြင်းကြောင့်သာ၊ ကချင်၊ ကရင်နီ၊ ချင်း၊ ရှမ်းနှင့်ဗမာတို့မှာ အင်္ဂလိပ်၏ကိုလိုနီအဖြစ် သွတ်သွင်းခြင်းခံခဲ့ရကြောင်း ထင်ရှားပါသည်။ 

               မြန်မာပြည်သည် အင်္ဂလိပ်ကိုလိုနီလက်သို့ကျရောက်နေသည့်အချိန်တွင် ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်နှင့်ကြုံတွေ့ ခဲ့ရသည်။ ပထမကမ္ဘာစစ်မှာမူ မြန်မာပြည်အတွက် ထူးထူးခြားခြားပြောင်းလဲမှုကိုမပေးသော်လည်း ဒုတိယကမ္ဘာစစ်မှာမူ မြန်မာပြည်အတွက်ကြီးမားသော အပြောင်းအလဲပေါပေါက်ခဲ့ရပြန်သည်။ 

             ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့်အခါ အင်္ဂလိပ်သည် ၎င်း၏ကိုလိုနီနယ်များကို လွပ်လပ်ရေးပေးလိုခဲ့ပါသည်။ မြန်မာပြည်အတွက်ကိုမူ ကိုလိနီခေတ်မတိုင်မီ ဗမာမင်းများအုပ်စိုးသောပြည်မကိုသာ လွပ်လပ်ရေးပေးမည်ဖြစ်ကြောင်း အောင်ဆန်းအက်တလီစာချုပ်အရ သဘောတူကြသည်။ တောင်တန်းဒေသများဖြစ်သည့် ကချင်၊ ချင်း၊ ရှမ်း၊ ကယား များကိုမူ နောင်ကျမှလွပ်လပ်ရေးယူရန်ဖြစ်သည်။ သို့သော်ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာများနှင့်အတူလွပ်လပ်ရေးယူရန် လိုက်လံစည်းရုံးခဲ့သည်။ 

                ထိုသို့စည်းရုံးရေးတွင် အောက်ပါအတိုင်းပြောဆိုခဲ့သည်ကို စွယ်စုံကျမ်း အတွဲ ( ) (     )(နီ-ပစ်)တွင်၊ မြန်မာများသည်ဗြိတိသျှ၏ကျွန် မဖြစ်လိုကြောင်း၊ ထို့အတူတောင်တန်းလူမျိုးများသည်လည်း ဗြိတိသျှ၏ကျွန်မဖြစ်စေလိုကြောင်း၊ ထို့ အတူတောင်တန်းသားများကို မြန်မာ့ကျွန် မဖြစ်စေလိုကြောင်း၊ တောင်တန်းသားများအား လွပ်လပ်ရေးအတူယူရန်ပြောဆိုခြင်းမှာ မြန်မာများအုပ်စိုးလိုခြင်းကြောင့်မဟုတ်ကြောင်း စသည်ဖြင့်ပြောဆိုခဲ့သည်။ 
               တောင်တန်းလူမျိုးများအနေဖြင့် ထိုအချိန်တွင်ရွှေးချယ်စရာအချက်(၃)ချက်ရှိသည်။ ၎င်းတို့မှာ-
(၁)  လွပ်လပ်ရေးယူမလား
(၂)  လွပ်လပ်ရေးမယူဘူးလား
(၃)  ဗမာနှင့်တွဲပြီးလွပ်လပ်ရေးယူမလား ဟူ၍ဖြစ်သည်။
              အင်္ဂလိပ်ထံမှလွပ်လပ်ရေး သီခြားယူရန် ရခိုင်အမျိုးသားများလည်း ထိုစဉ်ကကျိုးပမ်းခဲ့ကြောင်း၊ ဥပမာ-ရခိုင် အမျိုးသမီးဒေါာမြစိန်၊ ဦးအောင်ဇံဝေက ဗိုလ်ချုပ်အောင်ဆန်းနှင့် ရခိုင်ပြည်နယ်သီးခြားလွပ်လပ်ရေးယူရန် ဆွေးနွေးခဲ့ကြောင်း၊ ရခိုင်အမျိုးသား ဒေါက်တာခင်မောင်ထံမှသိရပါသည်။ ထို့အပြင်တောင်ကြီးစုံစမ်းရေးကော်မရှင်စစ်ဆေးရေးတွင်လည်း ရခိုင်အမျိုးသားများပါဝင်ခဲ့ကြောင်းသိရသည်။(စကားချပ်)

               အထက်ဖော်ပြပါရွှေးချယ်စရာအချက်(၃)ချက်ကို တောင်တန်းသားများကလေ့လာရာ၊ အကယ်၍ မြန်မာများနှင့်ပူးပေါင်း၍ လွပ်လပ်ရေးမယူခဲ့သော် နောင်နှစ်ပေါင်းမည်မျှ အင်္ဂလိပ်၏ကိုလိုနီအောက်တွင် ဆက်လက်နေထိုင်ရမည်ကိုမခန့်မှန်းနိုင်သည်ကတစ်ကြောင်း၊ မိမိတို့တောင်တန်းသားများသည်လည်း အင်္ဂလိပ်အောက်နှစ်ပေါင်းများစွာ ဖိနှိပ်ခံဘ၀နှင့်နေလာခဲ့ရသဖြင့် လွပ်လပ်ရေးအရသာကို ပြန်လည်ခံစားလိုသည်ကတစ်ကြောင်း (ဗိုလ်ချုပ်အောင်ဆန်းမှာ ဗမာနဲ့  ၁၀ နှစ်လောက်ပေါင်းကြည့်ပါအုံး၊ အဆင်မပြေပါကခွဲထွက်နိုင်သည်ဟူသည့် ကတိစကား) တို့ကြောင့် အောက်ဗမာပြည်နှင့်ပူးပေါင်းကာ အင်္ဂလိပ်ထံမှလွပ်လပ်ရေးယူရန်ဆုံးဖြတ်ခဲ့ကြသည်။ 

             ထိုဆုံးဖြတ်ချက်အရ ၁၉၄၇ခုနှစ်ဖေဖော်ဝါရီလ (၁၂) ရက်နေ့ တွင် ရှမ်းပြည်၊ ပင်လုံမြို့တွင် ဗမာပြည်ထောင်မှကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ဆန်း နှင့်ရှမ်းပြည်မှကိုယ်စားလှယ်များ၊ ကချင်ပြည်မှကိုယ်စားလှယ်များနှင့် ချင်းပြည်နယ်မှကိုယ်စားလှယ်များသည် လွပ်လပ်ရေးကို ဗမာပြည်နှင့်ပူးပေါင်းယူမည်ဆိုသည့် ပင်လုံသဘောတူညီချက်(သို့ ) ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ 

              ထိုနေ့ မှစ၍မြနါမာနိုင်ငံသည် ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် မွှေးဖွားလာခဲ့သည်။ ပြည်ထောင် (၄) ပြည်ထောင် စုပေါင်းထားခြင်းကြောင့် ပြည်ထောင်စုဖြစ်လာခြင်းဖြစ်ပါသည်။ ဤနေရာတွင် ကယား(ကရင်နီ) ဘာကြောင့်မပါသနည်းဟုမေးစရာရှိပါသည်။ ကရင်နီပြည်ခေါာ ကယားပြည်နယ်သည် ကင်းဝန်မင်းကြီး လက်ထက်ကတည်းက လွပ်လပ်သောပြည်နယ်အဖြစ် ထားရှိထားပြီးဖြစ်သော်လည်း ပင်လုံညီလာခံသို့  နောက်ကျမှရောက်ရှိလာသောကြောင့် လက်မှတ်ရေးထိုးခြင်းတွင်မပါဝင်နိုင်ခဲ့ခြင်းဖြစ်သည်။

               ထို့ပင် ရခိုင်၊ မွန်နှင့်ကရင် (ကော်သူးလေပြည်နယ်) တို့ပါဝင် လက်မှတ်မထိုးခြင်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းမှာ ထိုစဉ်က အစိုးရအကြီးအကြဲဖစ်ပါသည်။ ၎င်း၏ကတ်ဘိနက်အစိုးရတွင်၊ ကရင်ဝန်ကြီး၊ ရခိုင်ဝန်ကြီးနှင့် မွန်ဝန်ကြီးများပါရှိပြီးဖြစ်သဖြင့် ၎င်းတို့ကိုယ်စား ဗိုလ်ချုပ်အောင်ဆန်း လက်မှတ်ရေးထိုးခြင်းဖြစ်ပါသည်။ 

               ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) တွင် မြန်မာပြည်ကို ပြည်ထောင်စုစနစ်ဖြင့်တည်ထောင်ရန် တိုင်းရင်းသားခေါင်းဆောင်များ သဘောတူခဲ့ကြပြီး ပင်လုံစာချုပ်ကို အောင်မြင်စွာလက်မှတ်ရေးထိုးခဲ့ပြီး (၅) လခန့် အကြာတွင် ဗိုလ်ချုပ်အောင်ဆန်းမှာလုပ်ကြံခြင်းခံရပါသည်။ မည်သို့ပင်ဖြစ်စေ ပင်လုံစာချုပ်လက်မှတ်ရေးထိုးပြီးနောက် မြန်မာပြည်တွင် ပထမဆုံးပေါာပေါက်လာမည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲကာ အင်္ဂလိပ်တို့ထံတင်ပြနိုင်ခဲ့သဖြင့် ၁၉၄၈ ခုနှစ်ဇန္န၀ါရီလ (၄) ရက်နေ့ တွင် မြန်မာပြည်သည်လွပ်လပ်ရေးရလာခဲ့ပါသည်။

           (ဆက်ပါဦးမည်)
(ရှေ့ နေ လဖိုင်ဇော်ဆမ် ၏ဆောင်းပါးမှကောက်နုတ်)
(KBC LABAU MAZING KOIMITI A  (8) lang na HKAW TSUN HPAWNG hta na Tara Kasa Lahpai Zau Sam [YGN] a gangau hpe bai kahtap garan dat ai re .)

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .