Social Icons

Saturday, November 3, 2012

ဖားကန့် အစိုးရ ဗျူဟာကုန်းမှ လူနေရပ်ကွက်များသို့ လက်နက်ကြီးမှားဖြင့်ပစ်ခတ်


(JP kasa)နိုဝင်ဘာလ (၂) ရက်နေ့ တွင် ဖားကန့်အခြေစိုက် ဗမာအစိုးရ ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ဗလခ လူနေရပ်ကွက်များသို့ ပရမ်းပတာပစ်ခတ်ခဲ့ပါသည်။ ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သား ၃ ဦးဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ အလွန် စိုးရိမ်ရသော အခြေအနေတွင်ရှိနေပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြီးသည့် နောက် ပထမဆုံး အစိုးရတပ်များ၏ လူထုအားရည်ရွယ်၍ ပစ်ခတ်မှုလည်းဖြစ်ပါသည်။ ဖားကန့်ဒေသတွင် အစိုးရတပ်များသည် KIA တပ်များထက် ပြည်သူများကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းမှာ ယခုနှင့် ငါးကြိမ်မြောက်ဖြစ်ပါသည်။ ယနေ့ ဗမာအစိုးရဖက်မှ လက်နက်ကြီးများ အလုံး ၂၀ ခန့်ပစ်ခတ်ခဲ့သော်လည်း KIA ဖက်မှ ယခုအချိန်အထိပြန်လည် တိုက်ခိုက်ခြင်းမရှိသေးပေ။ ပစ်ခတ်မှုများသည် KIA တပ်ဖွဲ့များတပ်စွဲထားရာ မော်မောကုန်း၊ ဆိုင်းဂျာဘွန်၊ လမောင်ကုန်းများနှင့် ၃ မိုင် ၄ မိုင်ခန့်ကွာဝေးသော ဗလခမှော်၊ သဌေးဂျောင်မှော် စသည့် ကချင်များအနေများသည့် ရပ်ကွက်များသို့ အများဆုံးကျရောက်ပေါက်ကွဲခဲ့ပါသည်။ သို့ဖြစ်၍ ဗမာအစိုးရအနေဖြင့် KIA အားတိုက်ခိုက်သည်ဟု ဆိုသောအရာအတွက်   မေးခွန်းများမေးစရာဖြစ် လာပါသည်။ ဗလခ ဒေသခံတစ်ဦးက “ဒါက အပြစ်မဲ့ပြည်သူများကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်း ပဲဖြစ်ပါတယ်၊ စစ်သား စစ်သားချင်း၊ သေနတ် သေနတ်ချင်း တိုက်ခိုက်ကြတာကို ဘာမှမပြောလိုပါဘူး၊ ဒါပေမဲ့ အခုက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်လာတာကိုတော့ ရှုတ်ချပါတယ်။ ဒါက သူပုန်လုပ်ရပ်ပါ။” ဟုသူ၏အမြင်ကိုပြောပြပါသည်။ ယခုအခါ ဖားကန့်ဒေသခံအများစုမှာ ဗမာအစိုးရ၏ လုပ်ရပ်အပေါ် ခံပြင်းလျှက်ရှိပါသည်။ ဒဏ်ရာရရှိသူများကိုလည်း နိုင်ငံရေးပါတီများနှင့် အသင်းတော်မှ တာဝန်ရှိသူများက အလှူငွေများပေးအပ်ကူညီလျှက်ရှိသည်ဟု ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များ က ပြောပြပါသည်။

Burmese Government, which is based on Hpa Kant military tactic hill opened fire with heavy artillery weapon to  BaLaHka Jame mine civilians on 2nd November, according to KIA-front line officer report. In that incident,  (3) civilian were injured, one person was seriously condition.  Actually, these firing were the first time to shoot the civilians after peace talk with Government and this became totally five times to shoot the civilians with heavy artillery weapons. Anyhow, KIA didn’t refight to the Burmese army even those the Burmese army fired over 20 times. The Government aimed to shoot intentionally to the Kachin ethnic civilians’ quarter which is (4) miles far away from KIA areas of Maw Mau hill, Seng Ja Mountain and La Mawng hill. “Actually, the government army shoot intentionally to our innocent civilians, we don’t’ want to say their fighting soldiers to soldiers and weapons to weapons, but we condemn the Government fighting to the civilians, these are like insurgent action,” said one of the BaLaHka civilians.  Now, the civilians feel angry and bitterness on the Burmese Government army’s firing. And the churches and some parties helped the wounded civilians. 
缅甸政府自置居所津贴康德军事战术山,这是基于詹姆BaLaHka 11月2日我的平民重型火炮武器开火,根据起亚前线人员报告。 ,(3)平民受伤,其中一人在该事件中受到严重的状况。其实,这些发射是第一次拍摄的平民与政府和谈后,这成为了全部5次射重型火炮武器的平民。总之,东风悦达起亚没有refight即使是那些对缅甸军缅甸军队发射了20倍。政府的目标是故意克钦族平民季度(4英里)远从东风悦达起亚地区的的茂茂山,生JA山和La Mawng的山拍摄。 “事实上,政府军队开枪故意向无辜平民,我们不'想要说,他们的战斗武器的士兵和武器的士兵,但我们谴责政府战斗的平民,这些都像叛乱分子的行动,说:”在BaLaHka平民。现在,的平民感到愤怒和痛苦,缅甸政府军队的射击。和一些政党和教会的帮助受伤的平民。

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .