Social Icons

Thursday, January 31, 2013

၂၀၁၅ ခုမှာ ဒီမိုကရေစီအစိုးရတစ်ရပ် တက်လာမလား

"ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ၂၀၁၅ မတိုင်ခင် အားလုံးပြီးအောင် ဆောင်ရွက်သွားပါ့မယ်၊ ၂၀၁၅ ရွေးကောက်ပွဲကျရင် ပြည်သူတွေ ရွေးချယ်ပေးလိုက်တဲ့ ဒီမိုကရေစီအစိုးရတစ်ရပ် တက်လာမယ်၊ အဲဒီအစိုးရကို ပြဿနာတွေနဲ့ မထားခဲ့ချင်ဘူး၊ အဲဒီအစိုးရအဖွဲ့ဟာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရမှာ အများကြီး ရှိတယ်။"

(ဦးစိုးသိန်း၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီး)

၂၀၁၅ မတိုင်ခင်

အပေါ်က စကားကို ကြည့်ပါ။ ဘယ်လောက်ကောင်းတဲ့စကားလဲ။ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ၂၀၁၅ မတိုင်ခင် အားလုံးပြီးအောင် ဆောင်ရွက်သွားပါ့မယ် ဆိုပဲ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ အစိုးရက ချမှတ်ခဲ့တဲ့ တစ်ဖက်သတ်လုပ်ငန်းစဉ်(၈)ချက်ကို ပြောတာလား၊ ယူအင်န်အက်ဖ်စီချမှတ်ထားတဲ့ လုပ်ငန်းစဉ်(၅)ဆင့်ကို ပြောတာလား၊ ဒါမှမဟုတ် မတူညီတဲ့ လုပ်ဆောင်စဉ်(၂)ခုကို ညှိုနှိုင်းဖို့ ရှိလား။ ဒီအခြေခံကိုတောင် အလေးမထားရင် ကြီးကြီးကျယ်ကျယ်ကိစ္စကို ဆောင်ရွက်ဖို့ လွယ်ကူပါ့မလား။

၂၀၁၅ မတိုင်ခင် အားလုံးပြီးအောင် ဆောင်ရွက်သွားပါ့မယ်လို့ တထစ်ချ ပြောလို့ရအောင် နိုင်ငံတော်အစိုးရမှာ တိကျပြတ်သားတဲ့ မူဝါဒ ရှိနေပြီလား။ တိုင်းရင်းသားလူမျိုးများ အစဉ်တောင်းဆိုနေတဲ့ ဖက်ဒရယ်မူကို သဘောတူဖို့ အစိုးရမှာ အဆင်သင့်ဖြစ်ပြီလား။ အစိုးရလုပ်သမျှ တပ်မတော်က ကဖျက်ယဖျက် လုပ်နေတာကိုလည်း ဘယ်လိုသဘောထားရမလဲ။ တပ်မတော်က သဘောမတူရင် ၂၀၀၈ ဥပဒေအရ ဘာမှ မလုပ်နိုင်ဘူးဆိုတာ တဖြည်းဖြည်း ထင်ရှားလာပါပြီ။ ဒီတော့ ၂၀၁၅ မတိုင်မီ အပြီးဆောင်ရွက်မယ်ဆိုတဲ့ ဦးစိုးသိန်းစကားကို ယုံသင့်မယုံသင့် ချင့်ချိန်ကြဖို့ပါပဲ။

အားလုံးကို ပြီးအောင် ဆောင်ရွက်သွားပါ့မယ်ဆိုတဲ့စကားမှာ အင်အားသုံးရင် သုံးရပါလိမ့်မယ်ဆိုတဲ့သဘောလည်း ပါနိုင်တာပဲ။ ဒါဆိုရင် ကချင်ထိုးစစ်ကို လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဦးစိုးသိန်းဆိုချင်ပါသလား။ ဒီအတိုင်းသာဆိုရင် တိုင်းရင်းသားလူမျိုးများဟာ ဖက်ဒရယ်ရမရတော့ မသေချာဘူး၊ လက်နက်ချပြီး လွှတ်တော်ဝင်ခိုင်းဖို့တော့ သေချာသလောက် ဖြစ်နေပြီ။


ဒီမိုကရေစီအစိုးရတစ်ရပ် တက်လာမယ်

၂၀၁၅ ရွေးကောက်ပွဲကျရင် ပြည်သူတွေ ရွေးချယ်ပေးလိုက်တဲ့ ဒီမိုကရေစီအစိုးရတစ်ရပ် တက်လာမယ်ဆိုပဲ။ ဒီစကားကို သမ္မတအကြံပေးတွေ ပြောခိုင်းပုံရတယ်။ ဒီစကားကို သုံးပြီး လက်ရှိအစိုးရကို စာနာအောင် လုပ်ဖို့နဲ့ အတိုက်အခံများကို ကျောသပ်ဖို့ ဖြစ်တယ်။ တိုင်းရင်းသားပြဿနာများကို နောင်တက်လာမဲ့ အစိုးရအတွက် ချန်မထားခဲ့ချင်ဘူး။ ဒါ ကောင်းပါတယ်။ ဒါပေမဲ့ သမ္မတသိန်းစိန်အစိုးရနဲ့ အလုပ်လုပ်ရတာ အဆင်သိပ်မပြေဘူးဆိုတာ တိုင်းရင်းသားတွေဘက်က ငြီးလာကြပါပြီ။ တိုင်းရင်းသားတွေကတော့ လက်ရှိအစိုးရအစား အတိုက်အခံများနဲ့ဆို ပိုပြီး အဆင်ပြေမယ်လို့ ယူဆကြမှာက ကျိန်သေပါပဲ။

အထက်ကစကားကို ပြောလို့ လက်ရှိအစိုးရဟာ ဒီမိုကရေစီအစိုးရမဟုတ်ဘူးလို့ ခပ်ပါးပါးလေး ဝန်ခံလိုက်သလို ရှိတယ်။ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲအရ တက်လာတဲ့အစိုးရဟာ ဒီမိုကရေစီအစိုးရဖြစ်ပြီလားဆိုတော့ မသေချာသေးပါ။ လက်ရှိအစိုးရကို တရားမဝင်ကြောင်း စာရေးသူတို့ ရေးနေခြင်းမှာ (၁) ၂၀၁၀ ရွေးကောက်ပွဲမှာ ကော်မရှင်က ဘက်လိုက်ခဲ့တယ်၊ မဲမသမာမှုတွေ ရှိခဲ့တယ်၊ ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိခဲ့ဘူး။ ဒါက တစ်ချက်။ (၂) နောက်တစ်ချက်မှာ ၂၀၀၈ ဥပဒေဟာ စစ်ကျွန်ဥပဒေ ဖြစ်တယ်။ စစ်တပ်အတွက် ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်။ ဒီမိုကရေစီအတွက် အထောက်အကူ မဖြစ်တဲ့ ဥပဒေပါ။ ဒီတော့ ၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတခဲ့ရင်တောင် ၂၀၀၈ ဥပဒေကို ဒီမိုကရေစီနည်းကျအောင် မပြင်ခဲ့ရင် ဘယ်အစိုးရပဲတက်တက် ဒီမိုကရေစီအစိုးရမဖြစ်ဘဲ စစ်ကျွန်ဥပဒေကို ကာကွယ်ပေးမဲ့အစိုးရတစ်ရပ်သာ ဖြစ်လာမှာပါ။


ဘယ်သူက ပြဿနာရှာနေလဲ

အဲဒီအစိုးရကို ပြဿနာတွေနဲ့ မထားခဲ့ချင်ဘူး၊ အဲဒီအစိုးရအဖွဲ့ဟာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရမှာ အများကြီး ရှိတယ် ဆိုပဲ။ ဒီစကားလည်း ဟုတ်သလိုလိုနဲ့ စဉ်းစားစရာရှိတယ်။ နောက်တက်လာတဲ့အစိုးရအတွက် လမ်းရှင်းပေးတာဟာ နိုင်ငံသားစိတ်ရှိသူ၊ နိုင်ငံသားကျင့်ဝတ်ရှိသူဖြစ်လို့ ဂုဏ်ယူစရာပါပဲ။ ဒါပေမဲ့ ပြဿနာဆိုတဲ့စကားကို သူက ရှင်းမထားဘူး။ ပြည်တွင်းစစ်ကို ပြောလိုဟန်ရှိတယ်။ တန်းတူရေးပြဿနာကို ပြောလိုဟန်ရှိတယ်။ ဒီတော့ တကယ့်ပြဿနာက ဘာလဲ။ တိုင်းရင်းသားတွေက တန်းတူရေးကို တောင်းဆိုတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် အတိုက်အခံများဟာလည်းပဲ တိုင်းရင်းသားတို့ရဲ့ တောင်းဆိုချက်ကို မူအနေနှဲ့ သဘောတူကြတယ်။ ပြည်ခိုင်ဖြိုးအစိုးရက ဒီကိစ္စမှာ မပွင့်လင်းသေးပါ။ တပ်မတော်က တန်းတူရေးကို ခွဲထွက်ရေးလို့ မြင်နေတုန်းပဲ ရှိတယ်။ ဒီတော့ ပြဿနာကို အမှန်တကယ်ဖန်တီးနေသူမှာ တိုင်းရင်းသားများနဲ့ အတိုက်အခံများမဟုတ်ဘဲ ပြည်ခိုင်ဖြိုးအစိုးရနဲ့ တပ်မတော်သာ ဖြစ်တယ်။

ပြဿနာကို မထားခဲ့ချင်ဘူးဆိုရင် ပြည်ခိုင်ဖြိုးအစိုးရရဲ့ အကျင့်ကို ပြင်ဖို့ လိုနေပြီ။ တပ်မတော်ကို အရပ်သားအစိုးရလက်အောက်ထားနိုင်ဖို့ အရင်လုပ်ရမှာဖြစ်တယ်။ တပ်မတော်က အရပ်သားအစိုးရအမိန့်ကို မနာခံရင် တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော်ကို ထူထောင်ဖို့လည်း ဖြစ်နိုင်မှာမဟုတ်ပါ။ ဒီတော့ တပ်မတော်က ပြဿနာတွေကို တစ်ခုပြီးတစ်ခု ဆက်လက်ဖန်တီးနေဦးမှာ သေချာပါတယ်။ ဒီတော့ ဝန်ကြီးဦးစိုးသိန်းအနေနဲ့ ရှေ့ဆက် ဘာတွေ လုပ်မလဲ စောင့်ကြည့်သင့်ပါတယ်။ လွှတ်တော်မှာ၊ အစိုးရအဖွဲ့လုပ်ငန်းတွေမှာ ကာကွယ်ရေးဝန်ကြီးဌာနကလွဲပြီး အခြားကိစ္စတွေမှာ တပ်မတော်က ဝင်မရှုပ်အောင် ရှင်းထားနိုင်ရင် ပြဿနာက မရှိသလောက် ဖြစ်သွားပြီ။


၂၀၀၈ ဥပဒေကို မဖြစ်မနေ ပြင်ရမယ်

၁။ ၂၀၀၈ ဥပဒေမှာ ဒီမိုကရေစီနည်းမကျတဲ့အပိုင်းတွေ အများကြီး ရှိတယ်။ အဲဒါကို ပြင်ပါ။
၂။ ၂၀၀၈ ဥပဒေမှာ တိုင်းရင်းသားလူမျိုးများကို တန်းတူအခွင့်အရေး ပေးမထားပါ။ အဲဒါကို ပြင်ပါ။
၃။ ၂၀၀၈ ဥပဒေမှာ တစ်မတ်သားများ မရှိသင့်ပါ၊ အဲဒါကို ပြင်ပါ။

ဒါတွေကို မပြင်မချင်း ဒီမိုကရေစီအစိုးရတစ်ရပ် တက်လာမယ်လို့ ဝန်ကြီးဦးစိုးသိန်း မပြောပါနဲ့။ ဖွတ်ကနေ ဒေါင်းမမွေးပါ။
( Ven Ravika facebook )

ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်နဲ့ သူတို့ပြောပြချက်


ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းအချို့၊ သံဃာ အချို့ နဲ့ စာနယ်ဇင်းအချို့က မမှန်မကန် သတင်းတွေထုတ်လွှင့်တယ်၊ အစိုးရနဲ့ တပ်မတော်အပေါ် ပြည်သူ အမြင်လွှဲမှား စေမယ့် သတင်းနဲ့ ကြေညာချက်တွေကို ထုတ်ပြန်ခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်ခြင်း မပြုလုပ်ဖို့ သမ္မတညွှန်ကြားခဲ့တဲ့ အချိန်ကစပြီး တပ်မတော်အနေနဲ့ တိကျစွာ လိုက်နာကြောင်း၊ KIA က ဒါကိုအခွင့် ကောင်းယူပြီး တိုက်ခိုက်မှုတွေ၊ ဖောက်ခွဲဖျက်ဆီးမှုတွေ လုပ်လာတာတွေကြောင့် ခုခံ တိုက်ခိုက်ခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။

ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ KIA ရဲ့ချိုးဖောက်မှုတွေကို မျက်ကွယ်ပြုပြီး တပ်မတော်ကို အများပြည်သူနဲ့ နိုင်ငံတကာ အထင် အမြင် လွဲမှားအောင် ရေးသားထုတ်ပြန်နေတယ်လို့ ဆိုထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ဒေသခံ နိုင်ငံရေးသမား၊ ဒေသနဲ့ အနီးကပ် စစ်ရေးစောင့်ကြည့် လေ့လာသူ၊ စစ်ပွဲဖြစ်ပွားရာဒေသကို ကိုယ်တိုင် သွားရောက် ခဲ့ကြတဲ့ လူမှုအဖွဲ့အစည်း တာဝန်ရှိသူနဲ့ သတင်းထောက် တို့ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထား ပါတယ်။ သူတို့ရဲ့ ပြောဆိုချက်တွေက ဒီလိုပါ -

ဦးအောင်ကျော်ဇော
(တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူ)

နှစ်ဖက်ပဋိပက္ခတွေမှာ KIA က ပြည်တွင်းပြည်ပ သတင်းဌာနတွေ အကုန်လုံး ဝင်ခွင့်ပြုတယ်၊ ကုန်ကုန်ပြောရရင် အရင်က အစိုးရ ကောင်းကြောင်းချည်း ရေးနေတဲ့ ပြည်တွင်းက ဂျာနယ်တွေတောင် ဝင်ခွင့်ပြုတယ်၊ သတင်းယူခွင့်ပြုတယ်၊ အစိုးရ စစ်တပ်ကလည်း သူတို့ဘက်က ရိုးသားရင် KIA လို ဘာလို့ သတင်းထောက်တွေကို ဝင်ခွင့် မပြုတာလဲ။ သတင်းသမားကတော့ သူတို့ မြင်ရင်မြင်တဲ့ အတိုင်း အဖြစ်မှန်ကို ရေးကြမှာပဲ။

အစိုးရတပ်က အမြှောက်နဲ့ ပစ်လို့ အရပ်သားတွေ သေကြေနေတာလည်း သတင်းထောက်တွေ မျက်စိနဲ့ ကိုယ်တွေ့မြင်ခဲ့ရပြီး မျက်ရည်တောင် ကျခဲ့ရတာပဲ၊ အဲဒီအချိန် အစိုးရ ပြန်ကြားရေးက ဝါဒဖြန့်လို့ကောင်းနေတုန်း၊ နယ်မြေတွင်းမှာ နဖူးတွေ့၊ ဒူးတွေ့မြင်ရတာကို ရေးနေတဲ့ဟာကို အခု သေနက် ကိုင်နေတဲ့ အစိုးရ စစ်သားတွေက ထပ်ပြီးလိမ်ပြန်ပြီ၊ သူတို့ကို ဘယ်လိုပြောရန်မှန်းကို မသိတော့ဘူး။

အစိုးရနဲ့ KIA ၁၇ နှစ်ကြာ ငြိမ်းချမ်းရေး ယူခဲ့တဲ့ ကာလတုန်းက စုစုပေါင်း မပခ မှာ တပ်ရင်း ၄၆ ရင်း ရှိတယ်၊ တပ်မ ၂ ခုက တပ်ရင်း ၂၀ ပေါ့၊ အဲဒီတုန်းက ဒီတပ်မ ၂ ခုကလည်း အမြဲ မနေဘူး၊ တခုစီလဲပြီးတော့ ကရင်ကို သွားသွားပြီး ထိုးနေတာ၊ အခု ကချင်ပြည်နယ်မှာ ဘာဖြစ်လို့ တပ်ရင်း ၁၀၀ ကျော်လာတာလဲ၊ တပ်မ ၃၃၊ ၉၉ တို့ ၈၈ တို့က ဘယ်ကနေရောက်လာတာလဲ၊ ခုခံစစ်လား ထိုးစစ်လား စဉ်းစားကြည့်လေ သုံးတဲ့ တပ်ရင်းကိုလည်း ကြည့်ဦး မြန်မာနိုင်ငံ ခြေလျင်တပ်ရင်း ၅၆၀ ရှိတဲ့ အထဲမှာ ကချင်မှာ တပ်ရင်း ၁၂၀ ကျော် ရောက်နေတယ်၊ ဒါတောင်အမြှောက်တပ်တွေမပါသေးဘူး၊ ထိုးစစ်မဟုတ်ဘူး ဆိုရင် ဘယ်ကနေ ရောက်လာတာလဲ၊ ဒါကတော့ ရှင်းရှင်းလေးပဲ။

တချို့နေရာတွေမှာ အရပ်သားမောင်းလာတဲ့ ကုန်တင်ကားကို KIA က ဖောက်ခွဲတာတွေရှိခဲ့တယ်၊ အရပ်သားကလည်း အစိုးရ စစ်လက်နက်တွေ၊ ရိက္ခာတွေ ကုန်တင်ကားနဲ့ သယ်လာပေးတယ်၊ ရထားလမ်းကြောင်းနဲ့လည်း သယ်တယ်၊ ဒါတွေဟာ မလုပ်သင့်တဲ့ အရာတွေ၊ အစိုးရက တဖက်လှည့်နဲ့ အရပ်သားတွေကို အသုံးချတယ်။

KIA က သူ့နယ်မြေကို သူကာကွယ်နေတာ KIA ကမြို့တွေကို ဝင်တိုက်လို့ ရဟတ်ယာဉ်တွေ၊ လေယဉ်ပျံတွေသုံးတယ် ဆိုရင် လက်ခံလို့ရသေးတယ်၊ သူ့နယ်မြေသူနေတာပဲလေ၊ သူလည်း ငြိမ်းချမ်းရေး လိုချင်တာပဲလေ၊ အရင် ၁၇ နှစ် လုပ်ပြီးပြီ ဘာမှ မထူးခြားဘူး၊ အပစ်ခတ်ရပ်စဲရေး လုပ်မလား၊ ထာဝရငြိမ်းချမ်းရေးလုပ်မလားဆိုတော့ KIA က ထာဝရငြိမ်းချမ်းရေးလုပ်မယ် ထာဝရ ငြိမ်းချမ်းရေးလုပ်ရင် နိုင်ငံရေး စကားပြောရမယ်၊ အစိုးရဘက်က နိုင်ငံရေးစကားမပြောချင်ဘူး၊ ဒါက အဟန့်အတား ဖြစ်နေတယ်။
---------------------------------------------------------------------------------------------

ဒေါ်ဘောက်ဂျာ
(အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ(NDF) ပါတီ ၏ ကချင်ပြည်နယ် ခေါင်းဆောင်)

နေပြည်တော်တို့ ရန်ကုန်တို့မှာပဲ နေနေတဲ့ လူဆိုရင်တော့ အစိုးရရဲ့ ဒီထုတ်ပြန်ချက်ကို ဟုတ်မလားတွေးမိမှာပဲ၊ ကချင်ပြည်နယ် အတွင် နေရာအနှံ့သွားနေတဲ့လူ မျက်မြင်ကိုယ်တွေ့တွေ အတွက်တော့ အစိုးရကတော့ ဗြောင်လိမ်တာပဲ၊ ဒါဟာလည်း အခုမှ မဟုတ်ပါဘူး၊ နှစ်ပေါင်းမြောက်များစွာ ဒီလိုပဲ လိမ်နေတာပဲ။ ဒီကိုလာကြည့်လို့ရှိရင် အစိုးရက ကချင်တိုင်းရင်းသား တွေအပေါ်မှာ မတရား အနိုင်ကျင့်နေတာ၊ လူအခွင့်အရေး ချိုးဖောက် နေတာတွေကို မျက်ဝါးထင်ထင်တွေ့ရလိမ့်မယ်

တချို့ကျေးရွာတွေဆိုရင် KIA နဲ့ ဆက်နွယ်တယ်ဆိုပြီး ပစ်ခတ်မီးရှို့တာ၊ ပစ္စည်းတွေယူတာတွေ လုပ်နေတာပဲ။ အခုလည်း နေ့တိုင်း တိုက်ပွဲတွေဖြစ်နေတာ ကိုယ်တိုင် တွေ့မြင်နေရတာပဲ၊ ထိုးစစ်မဆင်ပါဘူး ဆိုတာကလည်း တပ်တွေဝင်ထွက်၊ သွားလာနေတာတွေ၊ လက်နက်ခဲယမ်း အင်အားတိုးချဲ့တာတွေလျှော့ပြီး တပ်တွေနောက်ဆုတ်ပေးလိုက်ရင် သူ့အလိုလို စစ်ပွဲက အေးချမ်းသွားမှာပဲ၊ ထိုးစစ်ဆင်နေတယ်၊ အင်အားဖြည့်တာတွေ လုပ်နေမှတော့ သူတို့ လက်နက်ကိုင် အချင်းချင်းကတော့ တစ်ဘက်နဲ့ တဘက်ဖြစ်နေမှာပဲ။
----------------------------------------------------
ဦးနေမျိုးဇင်
(မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် အဖွဲ့ခေါင်းဆောင်၊ စစ်အရာရှိဟောင်း)

နှစ်ဖက်စလုံးသော လက်နက်ကိုင် တပ်ဖွဲ့တွေက တိုင်းပြည် အနာဂတ်အတွက် ဖွံ့ဖြိုးတိုးတက်ဖို့ကို မျှော်မြင် ဆင်ခြင်တုံတရားတွေ မွေးဖို့လိုတယ်၊ ဘယ်လောက်ပဲ ခုခံစစ်လို့ပြောနေနေ ကျနော်ရောက်ခဲ့တဲ့ အနေအထားကို ကြည့်ခြင်းအားဖြင့် ရန်လိုမှုနဲ့ လက်ဦးမှု ရယူမှုအတွက် လုပ်ဆောင်နေတဲ့ သဘောတွေကို ကျနော်တို့တွေ့ရတယ်၊ တကယ်ငြိမ်းချမ်းရေးကို လိုလားတယ်၊ တိုင်းပြည် အနာဂတ်အတွက် လက်နက်မပါဘဲ ပဋိပက္ခဖြေရှင်းနည်းနဲ့ ဒေသဖွံ့ဖြိုးရေးကို ကျိုးစားချင်စိတ် ရှိမယ်ဆိုလို့ရှိရင် လက်ဦးမှုနဲ့ လွှမ်းမိုးမှု ရယူလိုမှုရည်မှန်းချက်ကို မထားသင့်ဘူး။

အပြင်းအထန်တိုက်ခိုက်နေတဲ့ နှစ်ဖက်တပ်ဖွဲ့တွေက အင်မတန်နီးကပ်နေတယ်၊ ဟိုဘက် တပ်က ဝါးထင်းနဲ့ ထမင်းချက်လို့ ဝါးကွဲသွားရင် သေနက်နဲ့ ပစ်တယ်ဆိုပြီး ဒီဘက်က လက်နက်အင်နဲ့အားနဲ့ အမြှောက်တွေနဲ့ ပစ်ခတ်ရင် ခုခံစစ်ဖြစ်နိုင်ပါတော့ မလား။ ဒါဖြစ်နိုင်တဲ့ သဘောသဘာဝတွေကိုပြောတာပါ။

အဲတော့ ရန်လိုမာန်စောင်နေတဲ့ နှစ်ဘက်တပ်တွေ အနေနီးနေသမျှ ဘယ်လိုနည်းနဲ့မှ ရိုးသားဖြောင့်မတ် ပွင့်လင်းတဲ့ အပစ်ခတ် ရပ်စဲမှုဖြစ်လာနိုင်မှာ မဟုတ်ဘူး၊ အဲတော့ ခံစစ်အနေနဲ့ပဲ နေမယ်ဆိုလို့ရှိရင် ကိုယ့်စခန်းကို ပြန်ဆုတ်ပါ၊ ဟိုတနေ့က ဘဘ ဦးတင်ဦး (ကာကွယ်ရေးဦးစီးချုပ်ဟောင်း) ဆီကို ကျနော် လိုင်ဇာကို သွားမလို့ ဘာမှာဦးမလဲ ဆိုတော့ တစ်ခွန်းပဲမှာချင်တယ် ကောင်လေးရာတဲ့၊ နှစ်ဖက်တပ်တွေ ကိုယ့်တပ်ကို နေရာပြန်ဆုတ်ပြီး အပစ်အခတ်ကို လုံးဝ တိတိကျကျ ရပ်စဲပြီးမှ စားပွဲဝိုင်းမှာ ဆွေးနွေးနိုင်အောင် ပြောခဲ့ဆိုပြီး မှာလိုက်တယ်၊ ဒီအတိုင်းပဲ ကျနော်ပြောရမှာပဲ၊ အဲလိုမှ မဟုတ်ဘဲ ငါတို့က ခံစစ်အနေနဲ့ပဲနေမယ် အနီးနားမှာ သွားကပ်နေမယ် သေနတ်သံကြားရင် အင်အားနဲ့ ဆော်လိုက်မယ် ဆိုရင်တော့ လူထုဝေဖန်တာကိုခံရမှာပဲလေ။

ထုတ်ပြန်နေတဲ့ သတင်းတွေ၊ ထုတ်ပြန်ချက်တွေဟာ တစ်ဖက်သက် မဖြစ်ချင်ရင် နှစ်ဖက်သက်မဖြစ်ဖို့ ပွင့်လင်းမြင်သာမှုဖြစ်ဖို့ လိုလိမ့်မယ်၊ ကျနော်တို့သွားတာတောင် ဗျူဟာမှူး ကိုယ်တိုင်က ဖုန်းထဲက ပြောနေတာ ဆတ်ဆတ်ကြားခဲ့ရတယ်၊ ဟေ့ကောင် အဲဒီဗိုလ်ကြီးဟောင်းဆိုတဲ့ ကောင်ရဲ့ ကင်မရာတွေကို စစ်ပါ၊ တပ်စခန်းတွေကို လုံးဝ အရိုက်မခံပါနဲ့ အကုန်ပြန်စစ် ဆိုပြီး စသဖြင့် ညွှန်ကြားနေတာကြားရတယ်။

အဲတော့ တဖက်သတ်မဖြစ်ချင်ရင် သတင်းမီဒီယာတွေကို ရှေ့တန်းစခန်းတွေကို ခေါ်ပါ၊ ဘယ်လောက်ထိ အင်အားကို ဘယ်လိုချထားပါတယ်၊ ဘယ်လိုရည်မှန်းချက်နဲ့ ဘယ်လို အကာအကွယ် လုပ်ထားပါတယ်၊ အဲလိုပွင့်ပွင့်လင်းလင်း လုပ်ထားရင် တစ်ဖက်သတ် ဆိုတဲ့ စကား သုံးစရာမလိုတော့ဘူး၊ အဲဒီအခါကျရင် ကြားထဲက သတင်းမီဒီယာနဲ့ ပြည်သူလူထုက ဆုံးဖြတ်လို့ရပြီ ဘယ်သူကဖြောင့်မှန်ပြီး ဘယ်သူက အကောက်ကြံတယ် ဆိုတာ။

မြန်မာစစ်တပ်ဘက်က အင်မတန်ကို လျှို့ဝှက်သိုသိပ်လွန်း အားကြီး ပြီးတော့ တိုင်းရင်းသားပြည်သူလုထုကို ရန်သူသဖွယ် သဘောထားပြီး နေကြတာကို ကျနော်တွေ့ခဲ့ရတယ်။ ကျနော်တို့ တွေ့ခဲ့တာ ဗန်းမော် လမ်းတစ်လျှောက်မှာဆိုရင် တပ်တွေက လမ်းသွား လမ်းလာတွေကို တချိန်လုံး ဓါတ်မီးနဲ့ ချိန်ပြီး စစ်ဆေးမေးမြန်းနေတာကို တွေ့ခဲ့ရတယ်။

အခုဖြစ်နေတာလည်း အစိုးရက ခုခံစစ်ဆိုတာ ပြောလို့မရနိုင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ လွန်ခဲ့တဲ့ ၁၇ နှစ် လုံးလုံး ငြိမ်းချမ်းရေး တပ်ဖွဲ့အနေနဲ့ အပစ်အခတ် ရပ်စဲရေးယူထားပြီးတော့ KIA ကပဲ ဒီဒေသ၊ ဒီဒေသကို သူတို့နည်း သူတို့ဟန်နဲ့ သူတို့ ဥပဒေ၊ သူတို့နည်းပညာနဲ့ အုပ်ချုပ်ခဲ့တာလေ၊ အခုမှ အဆင်မပြေဖြစ်တော့မှ တိုက်ကြ၊ ခိုက်ကြပြီးမှ ခုခံစစ်မို့ ဆိုပြီးတော့ KIA နှစ်ပေါင်းများစွာ ထိန်းချုပ်လာတဲ့ နေရာတွေကို အတင်း ဝင်သိမ်းတာ ခုခံစစ်လို့ပြောမယ် ဆိုရင်တော့ တမျိုးဖြစ်နေလိမ့်မယ်၊ ကျနော်တော့ လက်သင့်မခံပါဘူး၊ ကချင်လူထုကို လက်နက်နဲ့ သတ်ဖြတ်နှိမ်နင်းပြီးတော့မှ ငြိမ်းချမ်းရေးကို တည်ဆောက်မယ် ဆိုတဲ့ ရည်မှန်းချက်ရှိတယ် ဆိုရင်တော့ အင်မတန် ဝမ်းနည်းစရာကောင်းတဲ့ အနာဂတ်တွေဖြစ်လာလိမ့်မယ်လို့ ကျနော်ထင်တယ်။
-------------------------------------
စနေလင်း
ကချင်ပြည်နယ် စစ်မြေပြင်ကို သွားရောက် သတင်းယူခဲ့သည့် ဧရာဝတီ သတင်းထောက်

မီဒီယာအပေါ် ကာကွယ်ရေးဝန်ကြီးဌာန လုပ်နေတာက ကြေညာတာ၊ အသိပေးတာ၊ စုံစမ်းခွင့်ပေးတာ မဟုတ်ဘူး၊ ကာကွယ်ရေးဝန်ကြီးဌာနကို ပြောချင်တာက တကယ်လို့ စာနယ်ဇင်းတွေ တဖက်စောင်းနင်းရေးတယ် လို့မြင်ရင် သူ့စစ်တပ်ရဲ့ရှေ့တန်းကို သွားချင်၊ မြင်ချင်၊ သတင်းရေးချင်နေတဲ့ မီဒီယာသမားတွေကို ၀င်ခွင့်ပေးပါ။KIA က အဲဒီနေရာမှာ အစိုးရထက် ပိုပြီး မီဒီယာကို ၀င်ခွင့်ပြုတယ်၊ သူတို့စစ်သားတွေကို မေးတယ်၊ ဘာမှ မပြောဘူး၊ အုပ်ချုပ်ရေးပိုင်းကလည်း လာတားတာ မရှိဘူး၊ စစ်တပ်က ရဲဘော်တွေ ခံစားကြုံတွေ့နေရတာတွေကို မေးချင်တယ်၊ သူတို့ရဲ့ သဘောထားကို မေးချင်တယ်၊ အဲဒါကို ကာကွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုပေးသင့်တယ်၊ မီဒီယာတချို့ကြိုးစားဖူးပါတယ်၊ ဒါပေမယ့် ခွင်ြ့ပုချက်မရခဲ့ဘူး။

အဲဒီအပြင် အစိုးရစစ်သားတွေ ပြန်ဆုတ်သွားတဲ့နေရာတွေမှာ စာတွေရေးပေးခဲ့တာကို ကျွန်တော်တို့သိခဲ့ရတယ်၊ တကယ်လို့ ငြိမ်းချမ်းမှုတွေရခဲ့တဲ့ အချိန်မှာ KIA ရဲဘော်တွေနဲ့အတူ ကချင်ထုံးစံအတိုင်း စားသောက်ချင်တဲ့အကြောင်း အစိုးရစစ်သားတွေရေးခဲ့တဲ့စာတွေ ကျန်ခဲ့တာ သိရတယ်။KIA ဘက်က မီဒီယာအပေါ် ပွင့်လင်းမြင်သာမှု အတိုင်းအတာတစ်ခုအထိ ရှိတယ်၊ အစိုးရဘက်က ဘယ်တော့မှ အဲဒီလိုမရှိခဲ့ဘူး၊ ဒါပေမယ့် ၀င်ခွင့်ပေးတယ်လို့ နာမည် ရအောင်တော့ သူတို့နဲ့ပလဲနံပသင့်တဲ့သူတွေကိုခေါ်ပြ တာမျိုးတော့ လုံးဝ လက်ခံလို့မရဘူး။

အဲဒီလို တစ်ဖက်စောင်းနင်းဖြစ်တယ်လို့မြင်နေရင် ပွင့်လင်းမြင်သာမှုကို အရင် ရှိအောင်လုပ်ဖို့လိုတယ်၊ အခုကေ KIA က ဒီလိုမြင်တယ်၊ စစ်တပ် ဘယ်လိုမြင်လဲ ဆိုတာ ဘယ်နေရာမှာ သွားမေးရမလဲ၊ KIA ဘက်က စစ်ဦးစီးတွေ သူတို့ရဲ့ သဘောထားကို ပွင့်လင်းအောင်ပြောထားတယ်၊ ကာကွယ်ရေးဘက်က ဦးစီတွေ ဘယ်မီဒီယာနဲ့တွေ့ခဲ့လဲ၊ တစ်ဖက်ကမေးပြီး ဆက်သွယ်မရဖြစ်တာကို အပြစ်မတင်နဲ့လို့ ကာကွယ်ရေးဝန်ကြီးဌာနကို ပြောချင်တယ်။

ကချင်စစ်သားတွေလည်း တော်တော်များများက ဘွဲ့ရ ပညာတတ်တွေပါတယ်၊ အစိုးရတက္ကသိုလ်မှာကို ဘွဲ့ရခဲ့ကြတာ။ ဒါပေမယ့် သူတို့ရဲ့စိတ်ထဲမှာ ဒီကချင်မြေက သူတို့နိုင်ငံ၊ သူတို့မြေကို သူတို့ကာကွယ်တာ ဆိုတာကတော့ အမြဲရှိတယ်။

နောက်သူတို့က ခံစစ်၊ အစိုးရက ထိုးစစ်၊ စစ်ဗျူဟာအရ ပြောရရင် စစ်ရေး အသာစီးရအောင်လုပ်တယ်လို့ အစိုးရက ပြောပေမယ့် တကယ်တမ်းကြည့်ရင် ကချင်က ခုခံရတာ KIA ရဲ့ အဓိက လိုချင်နေတာက သူတို့လူမျိုးကို သူတို့ကိုယ်တိုင်အုပ်ချုပ်ဖို့၊ ဒီဒေသရဲ့အားလုံးကို သူတို့စီမံခန့်ခွဲဖို့ဆိုတာ စစ်သားတွေတိုင်းမှာ အဲဒီအသိရှိတယ်။

ကျနော်နဲ့စကားပြောခဲ့ရတဲ့ KIA ကွန်မန်ဒိုရဲဘော်တဦး ဆိုရင် သူတို့က အစိုးရစစ်တပ်က ဗိုလ်ကြီးတွေကို မိတယ်၊ သေနတ်ထိလို့ ဆေးကုပေးခဲ့တယ်။ စစ်တပ်က သူတို့လူတဦးကို မိတယ်။ လဲလှယ်ဖို့လုပ်တော့ သူတို့က အရှင်ပေးလိုက်ပေမယ့် စစ်တပ်က ဘတ်နတ်နဲ့ထိုးချက်တွေနဲ့သေနေတဲ့ အလောင်းကိုပဲ ပေးတယ် တဲ့။

http://blog.irrawaddy.org/2013/01/blog-post_3172.html

ကချင်ဒေသ စစ်မက်ဖြစ်ပွားမှု နှင့် ပါတ်သက်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ချက်။

မြန်မာ့ ကလိမ် တပ်မတော် အပိုင်း (၂)

 
ကေအိုင်အေ နှင့် အစိုးရကြား ၁၇ နှစ်သာကာလ အတွင်း လက်နက်ကိုင် ပဋိပက္ခ ကြီးကြီးမားမား မရှိခဲ့သော်လည်း အစိုးရ မြန်မာတပ်မတော် ဖက်မှ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ပြီး မိမိတပ်သားမျာကို ငြိမ်းချမ်းရေး ကာလအတွင်း ရမယ်မျိးစုံရှာ၍ အကြောင်းမဲ့ သတ်ဖြတ်မှုဖြစ်စဉ် အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ရသည်။ ဤဖြစ်စဉ်များကို အကျယ်တဝင့် ဖတ်ရူလိုက အောက်ပါ လင့်တွင် ဖတ်နိုင်ပါသည်။ (http://www2.irrawaddy.org/article.php?art_id=21705)

ထိုစဉ်က ကေအိုင်အေအနေဖြင့် ငြိမ်းချမ်းရေးပျက်ပြယ်မည်ကို မလိုလားခြင်း၊ ပြည်သူအကျိုးကို ကြည့်၍ နိုင်ငံရေးနည်းအရ စားပွဲပေါ်၌ အဖြေရှာချင်သောကြောင့် ဒေသခံပြည်သူတို့ ၏ ညိညှင်နေသည့်ကြား အစိုးရအကြမ်းဖက် လုပ်ရက်များကို နိုင်ငံတာကာသို့ ပြောဆို တိုင်ကြာခြင်း၊ ငယ်သည့်အမှုကို ကြီးအောင် မပြုလုပ်ပဲ ပြေလည်အောင် ကြိုးစား၍ ထိန်းထိန်းသိမ်းသိမ်း နေခဲ့ပါသည်။ စားရေသူ ကို်ယ်တိုင် ကေအိုင်အေကို အားမလို အားမရ ခဏခဏ ဖြစ်ခဲ့ရသည်။

စစ်တပ်အုပ်ချုပ်ရေးကို တည်တံ့စေခဲ့သော ညောင်နှစ်ပင်ညီလာခံသို့ လည်း မိမိ၏ဒေသခံကချင်ပြည်သူနှင့် ပြည်တွင်းပြည်ပ မြန်မာတိုင်းရင်းသားများ ကန့် ကွက်သည့်ကြားမှ အစမှ အဆုံးတိုင်တက်ခဲ့သည်။ အရင် ဗိုလ်ချုပ်ကြီး ယခု သမတကြီးသိန်းစိန်ဦးစီးသော ညီလာခံတွင် ကေအိုင်အို အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ၏ အခြေဥပဒေ ပြင်ဆင်ဆွေးနွေးတင်ပြချက် (19 proposals) များကို တင်ပြခဲ့သည်။ မှတ်တမ်းတင်ထား ပေးပါမည်ဟုသာ အပြောခံရပြီး အရေးတယူ လက်ခံဆွေးနွေးခြင်း မရှိခဲ့ပါ။

ညောင်နှစ်ပင် ညီလာခံတွင် မိမိတို့ ၏ အမျိုးသားရည်မှန်းချက်ပန်းတိုင်များကို ရောက်ရှိအောင် လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်းသိရှိနားလည် လာသော်လည်း ငြိမ်ချမ်းရေး မပျက်စီးလို၍ အပစ်အခတ်ရပ်စဲ ရေးကို မိမိဖက်မှ အရင်ချိုးဖောက်မည် မဟုတ် ကျူးကျော် စော်ကားလာမည်လျှင်တော့ မလွဲလျှောင်သာ ခုံခံတိုက်ခိုက်တွန်းလှန် ရမည်ဟု မိမိတပ်မတော်သားများနှင့် ပြည်သူတွေကို ကတိပေးခဲ့သည်။ နောင်တက်လာမည့် ပြည်သူအစိုးရနှင့် ဆွေးနွေး အဖြေရှာဖို့ ပြင်ဆင်နေခဲ့ပါသည်။

ထိုအချိန်၌ နအဖ အစိုးရ၏ BGF အစီအစဉ်ပေါ် လာခဲ့ပါသည်။ BGF ကိုလက်မခံ ခြင်မှာလည်း ပြည်ထောင်စု တပ်မတော် ရှိရမည်ကို လက်မခံ၍ မဟုတ် မိမိတို့ ကေအိုင်အေ အနေနှင့် စစ်မှန်သော ပြည်ထောင်စု ပေါ်ထွန်းလာမှ စစ်မှန်ငြိမ်ချမ်းရေး ရမည်ဟု ယုံကြည်သောကြောင့်ဖြစ်သည်။ အင်အားနည်း လက်နက်ကိုင် အဖွဲ့ အစည်းများမှ လွဲ၍ အမျိုးသား နိုင်ငံရေးရည်မှန်းချက်ရှိသော မည်သည့် လက်နက်ကိုင်အဖွဲ့ အစည်းမှ လက်မခံခဲ့ပေ။ ကေအိုင်အေ သည် ၂ဝဝ၉ စက်တင်ဘာလတွင် BGF ကိုတရားဝင်ငြင်းပယ်ချိန်မှ နှစ်ဘက်ဆက်ဆံရေး တင်းမားခဲ့သည်။ အစိုးရဖက် မှလည်း အောက်တိုဘာ ၁ ရက် နေ့ မှစ၍ ၁၉၉၄ မတိုင်မှီ အချိန်ကဲ့သည့် ပြန်ရောက်ရှိသွား ပြီဖြစ်ကြောင်း ကေအိုင်အေ အားပြောကြားခဲ့သည်။

ဤသို့ ဆက်ဆံရေး ဆိုးဝါးနေချိန် ၌ ၂ဝ၁ဝ ဇွန်လ ၉ ရက်နေ့ နံနက် ၃ နာရီ အစိုးရ မြန်မာ့တပ်မတော်မှ ကေအိုင်အေ တပ်ရင်း ၁၅ ဆန်ဂန် (Sang Gang) ဆက်ဆံရေး ရုံးကို စတင် ပစ်ခတ်တိုက်ခိုက်ချိန်မှ စ၍ ယနေ့ ထိ ၂ နှစ်နီးပါး ရင်ဆိုင်တိုက်ပွဲကြီးငယ်များ နေ့ စဉ်ဖြစ်ခဲ့ရသည်။ ဇွန် ၁ဝ ရက် ညနေ ၃း၄၅ ချိန်တွင် Sang Gang ဆက်ဆံရေးရုံးနှင့် မလှမ်းမကမ်းတွင် ရှိသော ရင်း ၁၅ အခြေစိုက် ဘွမ်ဆင်ပိုစ် (Bum Sen) ကိုအဝေးမှလှမ်း၍ လက်နက်ကြီးများ လှမ်းပစ်ပြီး တစ်ညလုံး တိုင်ပွဲ ဖြစ်ခဲ့သည်။ မြန်မာ့တပ်မတော်မှ အကျအဆုံး များနှင့် ပြန်ဆုတ်သွားပြီး နောက် ဇွန် ၁၁၊ ၁၂ ရက် နှစ်ရက်တိုင် တပ်ရင်း ၁၁ ရင်းသုံးပြီးတိုက်ခိုက်ခဲ့သည်။

အစိုးရပိုင် တရားဝင်သတင်းစာများမှ နိုင်ငံတော်နှင့် တရုတ် China Datang Corporation (CDT) အကျိုးတူရင်းနှီးမြုပ်နှံထားသော စီမံကိန်းများကို လုံခြုံရေး အရသွားရောက်ရာမှ ကေအိုင်အိုမှ နှောက့်ယှက်သောကြောင့်တိုက်ပွဲ ဖြစ်ဟန် လိမ်လည်ပြောဆို ရေးသားထားပါသည်။

ဤနေရာတွင် နောက်ခံဖြစ်စဉ် အကျဉ်းကို အနည်းငယ် ပြောပြပါလိုပါသည်။ တာပိန်ရေးအားလျှပ်စစ်စက်ရုံ အမှတ်-၁ ဟာ တရုတ်မြန်မာနယ်စပ် ကေအိုင်အေ တပ်မဟာ ၃ နယ်မြေဖြစ်ပါတယ်။ ကေအိုင်အေတပ်များ ဆန်ဂန်၊ ဘွမ်ဆန်ပိုစ့် နေရာမှာ အခြေစိုက်တပ်စွဲခဲ့သည်မှာ နှစ်ပေါင်း ၄ဝကျော်ကတည်းက ဖြစ်ပါသည်။ ဤလျှပ်စစ်စက်ရုံ စီမံကိန်းစတင် တည်ဆောက်ကတည်းက ကေအိုင်အေနှင့် တရုတ် China Datang Corporatin (CDT) နှစ်ဦးသဘောတူ ဆောင်ရွက်ခဲ့တာပါ၊ နှစ်ဖက်ညှိ မရသော အချက်အချို့  ရှိနေ၍ ထိုစဉ် က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ် စိုးဝင်း ယခု (C-I-C (Army) ကိုယ်တိုင်ကြားဝင် ကူညီဖြေရှင်းပေးခဲ့ပါသည်။ ၂ဝဝ၉ စက်ရုံဖွင့်ပွဲ အခမ်းအနားသို့ တိုင်းမှုး ကိုယ်တိုင်တက်ရောက်ခဲ့သည်မှာ စာဖတ်သူတို ဤမှတ်တမ်း ဓာတ်ပုံအရ တွေ့ ရမည်ဖြစ်သည်။ ယခင်တိုင်းမှုး ဗိုလ်ချုပ်အုန်းမြင့် ယခုပြည်ထောင်စုဝန်ကြီး သည်လည်း လဂျားယန်၊ လိုင်ဇာမြိ့သို့ဝင်ထွက်သွားလာ နေခဲ့တာပါ။ မိမိတို့ ကို ရန်လိုရန် မလာသောသူများကို မိမိတို့ အနေဖြင့် ပိတ်ဆို့ တိုက်ခိုက်ခြင်းမရှိခဲပါ။ ဓာတ်ပုံ၊ မျက်မြင်သက်သေများက ပြောသော သမိုင်းကို ညာ၍မရ နိုင်ပါ။

ပြည်သူတွေကို နှစ်ပေါင်းများစွာ အကြောင်းအမျိုးမျိုးပြ လိမ်လဲခဲ့သည်ကို အများပြည်သူတွေသိရှိနိင်ရန် တင်ပြခြင်းဖြစ်ပါသည်။ ယနေ့ မြန်မာတိုင်းမ် သတင်းစာတွင်လည်း အစိုးရပိုင်သတင်းစာမှ ဤကဲ့သို့ အင်မတန် အောက်တန်းကျသော လိမ်ဆင်လုပ်ရပ်များကို ဖော်ထုတ်နေသည်ကို တွေ့ ရ၍ အလွန် ဝမ်းသာပီတိ ဖြစ်ရပါသည်။


အင်ဂွန်ဂျာဝါ

(January 30, 2013)

မြန်မာ့ ကလိမ် တပ်မတော် (အပိုင်း - ၁)


ဒီဓာတ်ပုံနှစ်ပုံစလုံးဟာ မာနယ်ပလော ကျပြီး ရက်ပိုင်းအတွင်းက ရိုက်ထားတဲ့ မာနယ်ပလောဘုန်းကြီးကျောင်း အောက်ခြေကုန်းက ပုံဖြစ်ပါတယ်၊ ဘယ်ဖက်ပုံမှာ စာလုံးအကြီးနဲ့ အဓိကစခန်းသိမ်းတိုက်ပွဲမှာ ပါခဲ့တဲ့ တပ်မ ၆၆ လက်အောက်ခံ၊ နည်းဗျုဟာ ၆၆၁၊ ခမရ ၁ဝ ဆိုတာမြင်ရပြီး ညာဖက်မှာ DKBA လို့ တွေ့ ရမှာပါ၊ သူတို့ လိမ်ဆင် ထားတဲ့အတိုင်း DKBA ကတိုက်တာပါလို့ ပြောနိုင်ရန် အချိန်တို အတွင်း နဂို စာသားအမှန်ကို ဖျက်ပြီး ပြောင်းရေးထားတာကို့ တွေ့ ရမှာပါ၊ ဒါကို ထိုင်းနိုင်ငံဖက်ခြမ်းက မိမိရရ မှတ်တမ်းတင် ဓာတ်ပုံရိုက်နိုင်ခဲ့တာ ဖြစ်တယ်။

၁၉၉၅ နှစ်ဦးပိုင်းမှာ နဝတ ဟာ ကရင်အမျိုးသားရေး အစည်းအရုံး အမြစ်ဖြုတ်ရေး ရည်မှန်းချက်နဲ့ တပ်မ ၆၆ လက်အောက်ခံတပ်ရင်းများနှင့် အခြားတပ်ရင်း၊ တပ်မ များကို သုံးလျှက် သိမ်းပိုက်လိုက်ပါသည်။ ဒါပေမယ့် အစိုးရ နေ့ စဉ်သတင်းစာတွေ နဲ့  စစ်တပ် အရာရှိကြီးများကတော့ မာနယ်ပလော၊ ကော့မူးရာ အစရှိသည့် စခန်းများကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြိုကွဲမှာကို မလိုလားတဲ့ အတွက် တိုက်ခိုက်သိမ်းယူဖို့  လုပ်မှာ မဟုတ်တဲ့အကြောင်း တဖွဖွ ဆိုနေခဲ့တာ ၁၉၉၂ နှစ် နှောင်းပိုင်းကတည်းက ဖြစ်ပါတယ်။

မာနယ်ပလော၊ ကော့မူးရား အခြေကုတ်စခန်းတွေ ကိုသိမ်းယူပြီးချိန်မှာ တော့ ဒါဟာ တပ်မတော်ရဲ့  လက်ချက်မဟုတ်ဘဲ DKBA က ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်ထောင်စု မပြိုကွဲရေးတို့ အတွက် အစိုးရ စစ်ကူမပါဘဲ DKBA ကသိမ်းယူခဲ့တာ လို့ ဆိုခဲ့ပါသည်။ တပ်မတော်က ရိက္ခာထောက်ပံ့ ပေးတာပဲ ရှိကြောင်း ဘူးငြင်းပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး အစိုးရက ၁၉၉၅ နှစ်ဦးပိုင်း The New Light of Myanmar မှာ KNU ကိုအပုတ်ချရေးခဲ့ ဝါဒဖြန့် ဆောင်းပါးတွေ ဖတ်ချင်သူတွေ ဒီလင့်မှာ ဖတ်နိုင်ပါတယ် (http://www.hartford-hwp.com/archives/54/148.html)

လက်တွေ့ မှာ နဝတ စစ်တပ်က သိမ်းယူခဲ့တယ် ဆိုတာ ငြင်းလို့ မရနိုင်တဲ့ကိစ္စပါ။
အောက် ခြေစစ်မြေပြင် အခြေအနေကို အမြဲစောင့်ကြည့်နေတဲ့ ထို်င်းစစ်တပ်၊ ကိုယ်တိုင်တိုက်ပွဲ ဝင်နေတဲ့ KNLA တပ်မတော်သား အားလုံးက နဝတ စစ်တပ်က တိုက်တာပါလို့ ပြောပါတယ်။ DKBA က လမ်းပြ အထောက်အနေအထား ပဲရှိတယ်လို့  အားလုံးက ဆိုပါတယ်။ ဒါတောင် သူတို့ အကြာကြီး ဖင်ပိတ်ငြင်းနေခဲ့တာပါ၊


ဒီနေရာမှာ မြန်မာစစ်တပ် လိမ်ဆင်ကို ဖော်ထုတ်ပြဖို့ သာရည်ရွယ်ပါတယ်၊ ဘယ်သော အခါမှ ပြည်သူတွေကို အမှန်ပြောပြတယ် ဆိုတာ မရှိပါ။ သူတို့ အဆိုအရ စစ်တပ်ဘယ်တုံးက မှ အမှားမလုပ်ဘူး၊ သူတို့ ကို ဆန့် ကျင်သူတွေသာ လမ်းမှားရောက်နေတာလို့ ဝါဒဖြန့် မှိုင်းတိုက်ခဲ့တာတွေကို သိစေဖို့ တင်ပြခြင်းသာဖြစ်ပါတယ်၊

ကျေးဇူးပါ။

အင်ဂွန်ဂျာဝါ

Disclaimer: ဓာတ်ပုံနှင့် သတင်းsource ဟာ Karen Human Rights Organization ဖြစ်ပါသည်။
(by : n,gun ja wa )

ဲပြည်ထောင်စု မြန်မာနိုင်ငံနှင့် ကချင်လူမျိုးများ

by myitkyina.blog

ကချင်တိုက်ပွဲ အမြန်ဆုံးရပ်တန့်နိုင်ရေး သျှမ်း နှင့် ကယား ပူးပေါင်းတောင်းဆို

သတင်း - သျှမ်းသံတော်ဆင့်သတင်း
အစိုးရမှ အပစ်ရပ်ရေး လုပ်ဆောင်နေသော်လည်း မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်နေသည့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းကြရန် သျှမ်းပြည်နယ် နှင့်ကယားပြည်နယ်မှ ကိုယ်စားလှယ်များ၏ ပူးတွဲထုတ်ပြန်ချက်က ဆိုသည်။
ယခုလဆန်းက SNLD နှင့်ကယန်းအမျိုးသားပါတီတို့တွေ့ဆုံကြစဉ် (ဓါတ်ပုံ- SNLD)
“တိုင်းရင်းသားတွေနဲ့ ဗမာခေါင်းဆောင်တွေ ပူးပေါင်းကြိုးစားမှုနဲ့ လွတ်လပ်ရေးရယူခဲ့တာ ၆၅ နှစ်ရှိပြီဖြစ်ပေမယ့် တန်းတူညီမျှမှုနဲ့ တိုင်းရင်းသားရပိုင်ခွင့်များ ကနေ့တိုင် မရရှိသေးပါဘူး။ ဒါကြောင့် တိုင်းရင်းသားတွေရပိုင်ခွင့်ဆိုတဲ့အချက် ကို အစိုးရကနေ အလေးအနက်ထားပြီး ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ စစ်ပွဲကို ရပ်တန့်ဖို့ ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်း တောင်းဆိုပါတယ်။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း (သျှမ်းပြည်နယ်၊ ကယားပြည်နယ်) ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီကနေ သဘောထားထုတ်ပြန်ကြေငြာချက်မှာ တိုက်တွန်းတောင်းဆို ထားတာပါ” ဟု  ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီ၏ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က ပြောသည်။
အဆိုပါ ကြေငြာချက်ကို လားရှိုးမြို့ SNLD ရုံးခွဲ၌ကျင်းပသော သျှမ်းပြည်တွင်း ပါတီစုံနှင့် လက်နက်ကိုင်တပ်ဖွဲ့ အချို့ပါဝင် သည့် ဆွေးနွေးပွဲအပြီး ဂျန္နဝါရီလ ၂၉ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဆွေးနွေးမှုမှာ ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် အခရာကျသည့် ယုံကြည်မှု တည်ဆောက်ခြင်းကို အဓိကထား ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း၊ သျှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွက် ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီ ၁၁ ဦး ကိုလည်း ရွေးချယ်နိုင်ခဲ့ကြောင်း သိရသည်။
“ငြိမ်းချမ်းရေးမရှိရင် နိုင်ငံဟာ မတိုးတက်ဘူး။ အခုအစိုးရကြေငြာနေတဲ့အတိုင်း ဒီမိုကရေစီနိုင်ငံကို တည်ဆောက်မယ် ဆိုတာကလဲ ပြည်တွင်းစစ်ဖြစ်နေသေးသရွေ့ ရှေ့ဆက်လျှောက်လှမ်းနိုင်မှာ မဟုတ်ဘူး။ စစ်ဖြစ်တယ်ဆိုတာကလဲ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းခွင့်မရတဲ့အတွက် ကြောင့်ပါဘဲ။ ဆိုတော့ အစိုးရက အပစ်ရပ်ရေး ကြေငြာနေပေမယ့် တပ်မတော်ပိုင်းက မရပ်ဘဲ ထိုးစစ် ဆက်လက်ဆင်နေမှုဟာ ငြိမ်းချမ်းရေးကို ဆန့်ကျင်နေတာဖြစ်တယ်။ ဒါကြောင့် အုပ်ချုပ်ရေးပိုင်း က သမ္မတဦးဆောင်တဲ့ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ်  သုံးဘက်သုံးတန်  ညီမျှမှု တူညီမှု ရှိမနေ ဘူးလို့ မြင်ပါတယ်။ ဒါကြောင့် လွှတ်တော်ပြင်ပမှာရှိတဲ့ ကျနော်တို့ နိုင်ငံရေးပါတီဝင်တွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ နဲ့ လူမှုအဖွဲ့အစည်းတွေအားလုံး ကနေ - ၂၀၀၈ အတိုင်းသွားလို့ မရတော့ဘူး။ ပြုပြင်မှရတော့မယ်ဆိုတဲ့ တသံတည်း ထွက်ဆိုကြဖို့အတွက် အခုလို တွေ့ဆုံဆွေးနွေးမှုအတွက် ကြိုးပမ်းနေရတာဖြစ်ပါတယ်” ဟု စိုင်းလိတ်က သျှမ်းသံတော်ဆင့်အား ဆက်လက်ပြောဆိုသည်။
နိုင်ငံရေးအင်အားစုများ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ လူမှုအခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်မည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ် နှင့် ကယားပြည်နယ် ညီလာခံအတွက် လားရှိုးမြို့၌ မတ်ခ်ျလ ပထမပတ်အတွင်း ကျင်းပမည်ဟု အကြမ်းဖျဉ်း လျာထားကြောင်း စိုင်းလိတ်ကပြောသည်။

မြန်မာ့အလင်းသတင်းလိမ်ဆင် မြန်မာတိုင်းမ် ဖေါ်ထုတ်။


မြန်မာ့ အလင်းသတင်းစာမှာ Air Bagan လေယဉ်တိုက်လို့ သေဆုံးတဲ့ သတင်းဓါတ်ပုံကို ကေအိုင်အေ ဗုံးခွဲလို့ သေကြောင်း သတင်းလွင့်ထားတဲ့ အကြောင်း မြန်မာတိုင်းမ် သတင်းစာက ဖေါ်ထုတ်ပြလိုက်ပါတယ်။

ဒီ သတင်းဖေါ်ထုတ်ချက်ကြောင့် ဒေါက်တာ တင်ထွန်းဦး (ကြံ့ဖွတ်အမတ် မဲရှုံး) ရဲ့ ဇနီး နဲ့ မြန်မာ တိုင်မ်း သတင်းစာ အမှုဆောင်အရာရှိချုပ် Australia နိုင်ငံသား ဒန်တလေ နဲ့ ပြဿနာ ဖြစ်သွားပုံ ရပါတယ်။

Myanmar state media mislabels Air Bagan crash photo as KIA mine blast

http://www.mmtimes.com/index.php/national-news/3946-myanmar-state-media-mislabels-air-bagan-crash-photo-as-kia-mine-blast.html#.UQkAsHFjv-8.facebook

ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ မှတ်တမ်းယူသူ ပြင်သစ် နိုင်ငံသားအား ပြည်နှင်ဒဏ် မပေးဟုဆို

နိုင်ငံတော်သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ငြိမ်းချမ်းရေး လမ်းလျှောက် သူများနှင့်အတူ လိုက်ပါသတင်း ယူသူ ပြင်သစ်နိုင်ငံသား Mr. Christofa ကို ပြည်နှင်ပေးခြင်း မဟုတ်ဘဲ ရန်ကုန်မြို့သို့ ပြန်လည်ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးသို့ လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။ သို့ရာတွင် ပြင်သစ်နိုင်ငံသားကို တောင်ငူမြို့နယ် အမေ့အိမ် တည်းခိုခန်းမှ အာဏာပိုင်များ ခေါ်ဆောင် လာစဉ်က ပြည်နှင်ဒဏ် ပေးမည်ဟု တောင်ငူမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ ၀န်ထမ်းတချို့က ဧရာဝတီ၏ မေးမြန်းချက်ကို ယနေ့နံနက်က ဖြေကြားခဲ့သည်။ ပြင်သစ်နိုင်ငံသားကို တောင်ငူမြို့နယ် လ၀က ဦးစီးအရာရှိ ဦးစန်းဝင်းနှင့်အတူ အာဏာပိုင်များက ရန်ကုန်မြို့သို့ ခေါ်ဆောင်လာပြီ ဖြစ်ကြောင်း သိရသည်။ ပြင်သစ်နိုင်ငံသားသည် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဗီဇာဖြင့် ၀င်ရောက်လာခြင်းဖြစ်သည်ဟု ဦးရဲထွဋ်က အတည်ပြု ပြောဆိုသည်။
(irrawaddy)

မိုးကောင်းမြို့နယ် မရမ်းကျေးရွာတွင် သေနတ်ကြီးကျည်ဆံကျကာပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

(သတင်းအောက်မှာ မရမ်းကျေးရွာ အကြောင်း ထပ်ဖြည့်ထားပါသည်။)



 
မြစ်ကြီးနားမှ ၂၄ မိုင်အကွာရှိ မရမ့်ကျေးရွာ ရပ်ကွက် (၆) ရှိ နေအိမ် အတွင်း သို့ မနေ့ည ဇန်န၀ါရီ ၂၉ ည ၇ နာရီ မိနစ် ၃၀ ခန့်တွင်သေနတ်ကြီးကျည်ဆံ ကျရောက်ကာ အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ပစ်ခတ်မှုသည် မည်သည့် အစိုးရ အဖွဲ့မှ ပစ်ခတ်ခဲ့ကြောင်းမသိရသေး သော် လည်း မြန်မာ အစိုးရမှ ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။ အခင်ဖြစ်ပွားရာ အိမ်နှင့် မြန်မာအစိုးရ အမြောက်တပ် အမတ (၃၇၂) နှင့် အနီးတွင်ရှိပြီး ထိုတပ်မှ ပစ်ခတ်လိုက်တာ ဖြစ်နိုင်ကြောင်းသိရသည်။ 
အခင်းဖြစ်ပွားရအိမ်မှ ၃ အိမ်ကျော် အထိ ကျည်ဆံများ ထိမှန်ခဲ့သော် လည်း ဒဏ်ရာရရှိသူများမှာ အိမ် တစ်အိမ်ထဲမှ မိသားစုများသာ ဖြစ်သည်။ မရမ့်ကျေးရွာတွင် အမတ (၃၇၂) မှ မကြာခဏ အမြောက်များ ဖြင့် ပစ်ခတ်လျှက်ရှိပြီး ကျေးရွာဒေသခံများ ကြောက်ကာ ဗုံးခိုကျင်းများ တူးထားကာ သေနတ်သံကြားတိုင်း ထို ဗုံးခိုကျင်းသို့ ခိုလုံလျှက်ရှိကြောင်းသိရသည်။မနေ့ညက ည ၇ နာရီမှ ၉ နာရီအထိ သေနတ်သံများ ကြားနေ ဆဲ ဖြစ်ကြောင်းသိရသည်။


(မရမ်းကျေးရွာသည် မိုးကောင်းမှ မြစ်ကြီးနားသို့ ဆန်တက်လျှင် နမ္မတီး အလွန် ရထားလမ်းဘေးမှ ဘူတာ ငယ်လေး ဖြစ်သည်။ တချိန်က စိုက်ပျိုးရေး နှင့် ကုန်သွယ်ရေး ထွန်းကားသော ရွာကြီးဖြစ်ခဲ့သည်။ အစိုးရ အထက်တန်းကျောင်း ရှိသည်။ ရဲစခန်း၊ ဆေးပေးခန်း နှင့် အစစ အရာရာ စုံစုံလင်လင် ရှိခဲ့သော တချိန်က မြို့ကြီး တဖွယ် စည်ကားခဲ့သော နေရာ ဖြစ်သည်။ မရမ်းကျေးရွာသည်၊ ဆမားဒူဝါ ဆင်ဝါးနောင် နှင့် အရင်က ကချင် နိုင်ငံရေး ခေါင်းဆောင်များ ဦးဆောင်ပြီး ကြံစီမံကိန်းများ ထူထောင်ခဲ့ပြီး နမ္မတီး သကြားစက်အတွက် အကောင်းဆုံး ကုန်ကြမ်းထုတ်ပေးသော နေရာဖြစ်သော်လည်း၊ စစ်အစိုးရ ခေတ်တွင် တစစီ ဖျက်စီးလိုက်သော ရွာ ဖြစ်သည်။ ရွာ ထိပ်တွင် ဒေသခံ လယ်သမားများရဲ့ လယ်ဧက မြောက်များစွာ သိမ်းပြီး အမြောက်တပ် တပ်ရင်း နှင့် လေ့ကျင့်ရေး စခန်း ထိုင် လိုက်ကတည်းက နလှန်မထူနိုင်တော့ပေ။ ရွာဧ။် ပတ်ပတ်လည်ရှိ ကချင်လူမျိုးများပိုင် သစ်သီးခြံ၊ ရာသီပေါ် သီးနှံခြံများကိုလဲ အကြောင်းမဲ့ သိမ်းလိုက်ပြီး ဒေသခံများ လုပ်ကိုင်စားသောက်စရာ မြေနေရာ မရှိအောင် ဖျက်စီးလိုက်ပြီးနောက် မိသားစု အများပိုင်း နယ်ပြောင်းကုန်ကြသည်။ ဗမာ စစ်တပ်ရဲ့ ကချင်လူ့အသိုင်းအ၀ိုင်း ကို စနစ်ကျကျ ဖျက်စီးလိုက်သော နေရာ သာဓက ပြပါ ဆိုရင် မရမ်းကျေးရွာ သည် အကောင်းဆုံး သာဓက တခု ဖြစ်သည်။)

Source: http://jinghpawkasa.blogspot.com/2013/01/blog-post_30.html

ကချင်ရွာထဲသို့ လက်နက်ကြီးကျ၊ ၂ ဦးသေ

ကချင်စစ်ပွဲများရပ်တန့်ရန် ယခုလဆန်းပိုင်းက ရန်ကုန်မြို့တွင် ဆန္ဒပြနေစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) 
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှ အရပ်သားများနေထိုင်သည့် မရမ်းရွာသို့ အစိုးရတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပြီး သားအမိနှစ်ဦး ပွဲချင်းပြီး သေဆုံးကာ ၃ ဦး ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။
“မနေ့က ညနေ ၇ နာရီလောက်မှာ အမြောက်ကြီးနဲ့ တနာရီလောက် ပစ်ခတ်ခဲ့တယ်။ ဗုံးခိုကျင်းထဲမှာ ပုန်းဖို့လုပ်နေတဲ့ မိသားစုကို ထိသွားတော့ အမေဖြစ်သူနဲ့ ၈ နှစ်အရွယ် ကျောင်းသားလေး သေသွားတယ်။ နို့စို့ကလေးရယ်၊ သူ့ယောက်ျားကလည်း ဒဏ်ရာ ရသွားကြတယ်” ဟု အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ဒေါ်ဘောက်ဂျာက ဧရာဝတီသို့ ပြောသည်။
သေဆုံးသွားသည့် ကလေးမိခင် မလဘမ်လုသည် အသက် ၂၇ နှစ်ဝန်းကျင်ရှိကြောင်း၊ ဒဏ်ရာရသူ ၃ ဦးတွင် မလဘမ်လု၏ လသားအရွယ် ကလေးငယ်နှင့် ခင်ပွန်း အပြင် ၎င်း၏ ယောက္ခမ အသက် ၉၅ နှစ်အရွယ် အဘိုးအိုလည်း ပါဝင်ကြောင်း၊ ၎င်းတို့ကို ယခုအခါ မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
“မလုဘမ်ရဲ့အမျိုးသားကလည်း လက်နှစ်ဖက်စလုံး ဖြတ်ပစ်ရမယ့် အနေအထားအထိ ဒဏ်ရာရသွားတာပါ။ လက်ချောင်းတချို့ ပြတ်သွားတယ်” ဟု ဒေါ်ဘောက်ဂျာက ပြောသည်။
အစိုးရစစ်တပ်၏ အမြောက်တပ်ရင်း (၃၇၂) မှ ပစ်ခတ်ခြင်း ဖြစ်ကြောင်း၊ မရမ်းရွာသည် ကချင်လူမျိုး အများစုနေ ထိုင်သည့် အိမ်ခြေ ၅၅၀ ကျော်ရှိသည့် ကျေးရွာတခုဖြစ်ကြောင်း၊ အစိုးရ စစ်တပ်သည် အကြောင်းအရာမဲ့ ပစ်ခတ်မှုကို ယခင်ကလည်း မကြာခဏ လုပ်ဆောင်လေ့ ရှိကြောင်း သိရသည်။
“မနေ့ညက ၁၂၀ မမ၊ ၆၀ မမ တွေနဲ့ ၁၁ ချက် ပစ်ခတ်တယ်။ ဗုံးကျလာတော့ သားအမိတွေက ဗုံးခိုကျင်းထဲ ဆင်ပြေးတာမှာ ထိပြီးသေတာ။ နို့စို့ကလေးကတော့ လွင့်စင်သွားပြီး ခြေထောက်တွေမှာပဲ ဒဏ်ရာရသွားတယ်” ဟု မရမ်းရွာခံ အမျိုးသားတဦးက ပြောသည်။
သေဆုံးသွားသည့် သားအမိ နှစ်ဦးအား ယနေ့၊ နေ့လည်ပိုင်းတွင် အသုဘ အခမ်းအနားပြုလုပ်၍ သင်္ဂြိုလ်လိုက်ပြီ ဖြစ်ကြောင်း၊ စစ်တပ်မှ နောက်ထပ် ပတ်ခတ်လာမည်ကို ရွာသားအများစုက စိုးရိမ်နေကြကြောင်း သိရသည်။
ပစ်ခတ်သည့်တပ်ရင်းမှ တပ်ရင်းမှူးသည် အသုဘသို့ လာရောက်၍ ငွေ ၃ သိန်းကျပ် ထောက်ပံ့ ပေးသွားကြောင်း မရမ်းရွာခံက ဆက်ပြောသည်။
“မရမ်းရွာက KIA/KIO တို့နဲ့ ဘာမှ ဆက်စပ်မှု မရှိပါဘူး။ ဒါပေမယ့် ကချင်လူမျိုးအများစု နေထိုင်တဲ့ရွာပါ။ မကြာခဏ ပစ်ခတ်နေတော့ လူမသေရင်လည်းဘဲ ကျွဲတွေ၊ နွားတွေ ခဏခဏ သေကြရတယ်” ဟု ၎င်းက ဆိုသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့က ဖားကန့်မြို့နယ် မန်နားအောက် ကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထောင်ထားသည့် မိုင်တလုံး နင်းမိပေါက်ကွဲခါ အမျိုးသား ၂ ဦး ဒဏ်ရာရရှိပြီး ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ထို့အပြင် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်က ဖားကန့်မြို့နယ် ဖားပြင်ကျေးရွာအနီး ရတနာတောင်တန်း ကုမ္ပဏီကို KIA က မီးရှို့သဖြင့် ဝန်ထမ်း နှစ်ထပ် အိပ်ဆောင် မီးလောင်သွားကြောင်း စစ်တပ်ပိုင် မြဝတီ သတင်းဌာနက သတင်းထုတ်ပြန်ထားသည်။
မိုးကောင်းမြို့နယ်၊ မရမ်းရွာသို့ လက်နက်ကြီး ကျရောက်သည့် သတင်းနှင့် စပ်လျဉ်း၍ မြဝတီ၏ ထုတ်ပြန်မှုကိုမူ မတွေ့ရှိရသေးပေ။
KIA နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်မှာ ၂၀၁၂ ခုနှစ်၊ ဒီဇင်လဆန်းမှ ယနေ့အထိ ဖြစ်သည်။ ထိုတိုက်ပွဲများကြောင့် နှစ်ဖက် စလုံးတွင် ထိခိုက်ကျဆုံးမှု များပြားပြီး၊ အရပ်သား အများအပြားလည်း သေဆုံးခဲ့သည်။
လက်ရှိတွင် KIA ထိန်းချုပ်သည့် နယ်မြေများနှင့် အရေးပါသည့် စခန်းများ၊ တောင်ကုန်းများကို အစိုးရ စစ်တပ်က သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ကြောင်းလည်း အစိုးရက သတင်းထုတ်ပြန်ထားသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတခုကို မကြာမီ ပြုလုပ်ရန် ပြင်ဆင်နေကြပြီး “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ရာ နယ်မြေ၌ ဆွေးနွေးရန် နှစ်ဘက်စလုံးက သဘောတူညီထားကြောင်း UWSA က ပြောဆိုထားသည်။
(irrawaddy)

Tuesday, January 29, 2013

KIO/KIA NINGBAW KABA A (53) LANG NA RAWT MALAN MUNGGA

2013 NING FEBRUARY SHATA (5)YA, (53)LANG NA SHANGLAWT RAWT MALAN MASAT NINGHTOI HTA WUNPAWNG MUNGDAN SHANGLAWT HPUNG GINJAW KOMITI TINGNYANG UP SALANG LANYAW ZAWNG HRA KAW NNA, MUNGCHYING SHA NI HPANG DE SHANA SHABRA DAT AI RAWT MALAN MUNGGA
Ngai tutnawng tsawra kamhpa nga ai Wunpawng amyu the Wunpawng Mungdan sha ni yawng, Wunpawng Mungdan Shanglawt Hpung Shang Salang yawng hte Wunpawng Mungdan Shanglawt magam gun yawng hpe ngwi pyaw hkam kaja nga u ga ngu, shakram dat nngai. Dai ni na wunli lu wundan tu ai ninghtoi hta Karai Kasang a makawp maga ai shaman chyeju san san hte sha, anhte du dep wa lu saga ai majaw, Karai Kasang a chyeju hpe shakawn nngai.
Dai ni gaw, Wunpawng amyu hte Wunpawng Mungdan sha ni dip da mada mahkra kaw nna lawt kawt shanglawt lu na matu amyu sha laknak lang rawt malan bungli hpe hpaw hpang dat ai (52)ning hpring, (53)lang na Mungshawa Rawt Malan Masat Ninghtoi rai nga mali ai.
Dip up sai chyup hkrum nga ai prat kaw nna lawt lu na matu anhte a hpu-shawng hpu-ba ni law law gaw tinang a asak du baw, asak aprat hpe apnawng kau let myit n daw, asum n jaw ai sha shakut shaja gun hpai wa ai mungshawa rawt malan magam lit hpe dai ni anhte hkringhtawng kaja dagraw let lahpa galai gun hpai nga saga ai. Wunpawng amyu hte Wunpawng Mungdan sha ni asak du baw, asak aprat law law arang bang da ai amyu sha magam bungli ndai gaw, dai ni na ten Mungkan kaw nna yu mada masat masa galaw, tsun shaga myit garum ra ai madang atsang de du dep wa sai re.
Dai re ai majaw, mungshawa rawt malan bungli hpe gun hpai shaja lai wa sai Wunpawng Mungdan Shanglawt magam gun yawng hte Mungchying mungshawa yawng hpe ngai Wunpawng Mungdan Shanglawt Hpung, Ginjaw Komiti Tingnyang Up kaw nna hkungga masat masa galaw dat nngai. Nanhte a shanglawm shakut shaja apnawng ai magam bungli ni gaw amyu sha labau hta prat dingsa angang akang lawm nga sai.
Dai ni na aten ladaw hta amyu sha magam lit hta shanglawm shakut shaja apnawng gun hpai nga ai Wunpawng Mungdan Shanglawt magam gun ni yawng hte Mungchying mungshawa ni yawng hpe mung shakawn shagrau nga nngai. Anhte yawng shakut shaja, shanglawm ai magam bungli gaw Wunpawng amyu hte Wunpawng Mungdan sha ni yawng myit mada nga ai shanglawt ai pandung de shadu wa magang sai.
Myen Mung asuya ban hte ban gaw Wunpawng amyu sha ni hpe matsan chyaren re shangun, amyu sha masat kumla jahten shaza, Mungkan ntsa e Wunpawng amyu hte Wunpawng Mungdan hpe shamat kau lu hkra hpyen masa, mungmasa, kaga ladat amyu myu hte gasat nga ai re. Wunpawng amyu the Wunpawng Mungdan sha ni a manu dan ai, labau lara hpring tsup ai lamu ga, bum marawn hte dam pa layang ni hpe jahten shaza, kam mara zing madu ashep ashin di kau nna lamu ga n lu ai amyu, labau lara sakse n lu ai amyu byin hkra maw lanyet daw nga ai. Karai Kasang masat jaw da ai ga ntsa, ga kata, hka kata na manu dan ai nhprang sut rai ni, hka shi hka nu ni hpe ma-ja madu la, jahten shaza nga ai re. Wunpawng amyu sha ni a htunghking, makam masham ni hpe htenza prai mat hkra, htunghking hpe jahten, makam masham hpe shabya, laili laika hpe shaza nga ai ni hkrai rai nga ma ai. Ndai gaw, Wunpawng amyu hte Wunpawng Mungdan hpe shamat kau na hpyen wa a masing kaba rai nga ai. Ndai zawn re ai hpe anhte kaning di hkap la, hkam la lu na rai ta?
Dai re ai majaw, Wunpawng Mungdan Shanglawt Hpung gaw Wunpawng amyu hte Wunpawng Mungdan ngang grin nga lu na matu hte dip da mada mahkra kaw nna shanglawt lu n'htawm, tinang gam maka tinang jum hpajang lu ai ahkang aya jum tek lu hkra, laknak lang nna mungshawa rawt malan bungli hpe woi awn galaw nga ai re. Ndai kaba dik ai magam bungli hta Wunpawng amyu hte Wunpawng Mungdan sha ni yawng myit su myit rawt shanglawm gun hpai ra nga ga ai.
Wunpawng Mungdan Shanglawt Hpung gaw tara shangwang kata e mungmasa hparan jahkrup la lu na matu (17)ning tup gap hkat jahkring nna shagrit shanem let ladat amyu myu hte lam tam shakut lai wa saga ai. Manu dan dik ai shaning ladaw(17) hta mahtai kaja n lu, kaman lila shabyin kau hkrum saga ai. Gap hkat jahkring n'htawm mungmasa bawngban ai lahkam de kade shadut kanawng yu sai raitim, Myen Mung asuya gaw, gasat gala majan n nga ai majaw, simsa sai ngu ai hku, gayin tsun shaga wa n'htawm, mungmasa bawngban na ninggam de n shadu ai sha, KIO hpe shamat shatsai kau na masing hpe dan dan leng leng galaw wa sai re. De a mahtai gaw, 2011 ning June shata (9)ya shani Wunpawng Mungdan kata e majan bai byin hpang wa sai.
Majan byin hpang wa ai hte Myen Mung asuya hpyen dap gaw n-gun kaba hte Wunpawng Mungdan shara shagu de htim gasat hpang wa sai. Mung mare masha ni hpe gap sat, zingri zingrat ai lam ladu shalai tawt lai wa masai. Mu mamu mare ni hpe wan nat jahten ai lam, mung mare masha ni a dinghku sutgan arung arai ni hpe gashun mya la ai lam, jahten sharun ai lam galaw nga sai re. Myen Mung asuya hpyen dap a matse labye myit jasat arawn alai a majaw, Wunpawng amyu hte Wunpawng Mungdan masha ni gaw Myen Mung asuya e shabyin ai yakhkak tsimyam kaba hpe hkrum hkra hkam sha nga saga ai.
Myen Mung hta nga manga, Dap nu kaba ni hpe jai lang nna Wunpawng Mungdan kata de tawt lai shang chyinglau htim gasat nga sai. Myawk kaba dap dung ni hpe shara jahkrat n'htawm majoi gap sharu bun ai majaw, Mungchying mungshawa ni law law si sum, hkala hkrum nga saga ai. 2012 ning December shata kaw nna gaw, nbungli hte htim gap, bawm sharu jahkrat ai lam hpe laja lana galaw nga masai re. Ndai zawn rai nna hkarang dap, myawk dap, nbungli dap ni hte laja lana gasat ai gaw Myen Mungdan a dinghku majan hta sawng dik ai majan nan rai nga sai.
Mungkan Wunpawng Hpung (UN) hte Mungdan kaba ni kaw nna tsun sadi jaw nga ai hpe ningdang nna, myit shadang myit shadik la ai ladat the n-gun la-ba lang gasat nga ai gaw, Myen Mung asuya a KIO hpe shamyit shatsai kau na masing jahkrat dawdan da ai hpe ngut kre hkra galaw na ngu ai lachyum sha rai nga ai. Dai ni KIO gaw tara ai ninghkap shingla majan hpe mungshawa yawng e madi shadaw ai hte gun hpai nga ai re. Wunpawng Mungdan Shanglawt Hpung gaw, Wunpawng amyu hte Wunpawng Mungdan masha ni hta shadip jahpang ahkang aya lu la hkra matut n di woi awn sa wa na sha re.
Munghpawm Mungdan byin tai wa lu na matu Myen Mungdan kata nga ai amyu sha yawng hpyi shawn, ra sharawng nga ai Federal Munghpawm hpe gaw sharawt da ra ai. Dai de du wa lu na matu 2008 ning a Constitution kata e gara hku mung n mai byin ai. Dai re ai majaw KIO gaw, amyu sha ni yawng ra sharawng ai mungmasa bawngban lam hpe 2008 Constitution a shinggan e n dut n dang bawngban na matu tsun shadut, kanawng n-gun jaw nga ai re. 2008 Constitution a shingdu e laknak lang ai Myen Mung asuya hpyen dap n-gun kaba nga ai re majaw, Hlutdaw kata e tsun garu hparan na n mai byin ai re.
Myen Mung asuya gaw, gap hkat jahkring nna simsa lam bawngban ra ai ngu Mungkan de tsun garu nga ai. KIO gaw simsa lam n ra ai, baw ja ai, jahten sharun galaw ai ni re ngu masu hkalem tsun jahtau nga ai. Gap hkat jahkring nna simsa lam bawngban na ngu ai gaw, 2008 ning Constitution kata de dun kayin bang nna shanhte ra ai hku jum hpajang sa wa lu na matu maw lanyet daw nga ai lam sha re ai. 2008 ning Constitution gaw, anhte ginra madu rudi Mungchying sha ni a matu hpa hkam dahka lam n nga ai Constitution re ai hpe yawng chye chyalu rai nga sai.
Wunpawng Mungdan Shanglawt Hpung ra sharawng ai masing gaw tara rap ra ai, hkam dahka nga ai mungmasa bawngban hpawng hpe galaw na lam re. Mungmasa bawngban lam awng dang wa ai shaloi simsa lam mahtai dan dawng wa na rai nga ai. Dai shaloi, ya byin nga ai majan zim mat wa na the Mungchying mungshawa ni a yakhkak tsimyam yawng mung hkoi mat wa na re.
Mungdan dinghku majan hpe gap hkat jahkring nna sha gaw, aten galu shazim kau lu na lam n mai byin ai. Lai sai ten hta laknak lang wuhpung law law gap hkat shazim yu sai raitim, dai ni ten du hkra amyu sha ni ra sharawng ai mungmasa hparan ai ninggam de n shadu ai sha, amyu kaba lai ladat, hpyen gumshem lailen hte ka-up shamyit shatsai kau na ngu ai, Myen asuya a maw lanyet hta sha lup rawng nga ai re. Dai majaw, Mungdan ngwi pyaw simsa ai hte Mungdan masha ni yawng shim lum ai the nga pra lu na matu gaw, amyu sha ni yawng ra sharawng ai Federal Munghpawm shabyin lu ai mungmasa bawngban lam hpe ya jang hkrang shapraw ra sai.
Wunpawng Mungdan kata de hpyen n-gun la-ba hte htim gasat nga ai Myen Mung asuya hpyen hpung hpe rawt malan shingla ninghkap ai majan gaw, Wunpawng amyu hte Wunpawng Mungdan sha ni a labau hta shamat shaprai kau n mai sai. Mungchying mungshawa yawng shanglawm ai ninghkap majan nan rai sai. Wunpawng amyu sha ni yawng myit hkrum kahkyin gumdin ai n-gun hpungtun kaba hpe mung gaw sharawt da lu saga ai.
Shawnglam majan ginra e amyu hte Mungdan a matu myu tsaw mung tsaw myit hpring hpring, magrau grang grang hte majan poi shang nga ai Wunpawng Mungdan Shanglawt magam gun share shagan ni yawng, mungshawa hpyen hpung hta shanglawm nga ai share shagan yawng hpe shakawn shagrau dat nngai. Nanhte share shagan ni a atsam marai ningja hpring tup hte shakut shaja ai majaw Wunpawng amyu hte Mungdan sha ni
myit mada nga ai mungmasa pandung de du wa lu na lam mahkrun hpaw wa sai re. Matut nna atsam ningja sharawt let Mungdan magam hta shakut sa wa ga.
Amyu hte Mungdan a matu asak apnawng mat sai share shagan yawng hpe hkungga jaw nngai. Nanhte a shakut shaja apnawng ai myit marai gaw labau hta shaprai kau n mai prat dingsa agrin nga na sai. Hkum hkrang daw hten hkala hkrum hkra mat ai share shagan ni hpe mung shakawn shagrau n-gun jaw dat nngai. Nanhte a hkum hkrang n-gun yawm ai raitim, myit marai hpe n shakya kau ai sha, matut gunhpai lu ai magam lit ni hta gunhpai sa wa na matu shatsam dat nngai.
Amyu hte Mungdan a matu asak apnawng mat sai myu tsaw share shagan ni a ngam nga ai kun dinghku nta masha ni hpe mung n-gun jaw dat nngai. Myit kaji garen ai lam n nga ai sha, amyu hte Mungdan a matu asak apnawng sai share shagan wa a matu arawng la nga ga. Shanhte n ngut n kre kau da ai amyu sha rawt malan magam bungli hpe anhte myit rum manang ni matut n di, dakring dalang shakut shaja gun hpai sa wa na re.
Majan a majaw yakhkak jamjau hkrum hkra nga ai, myit ru yawn hkyen byin hkrum nga ai hpyen koi yen mungshawa ni hte Mungchying mungshawa yawng myit daw myit hten ai lam n nga ai sha, rawt malan majan hta dawhpum dawnu tai ya na matu shatsam dat nngai. Nanhte mungshawa ni a n-gun jaw, hpaji jaw, Karai Kasang kaw akyu hpyi garum ya ai majaw, shawnglam majan pa hta awng padang ninglaw lu nga ga ai.
Maigan Mungdan shara shagu de chyam bra nga ai Wunpawng amyu sha yawng mung tinang du ai shara hta amyu hte Mungdan a matu galaw mai ai magam lit ni hpe matut nna n-gun dating shakut shaja na matu shatsam dat nngai. Amyu sha mungmasa masing nga nga hte shanglawm ga. Maigan du, kaga hpu-nau amyu sha ni hpe kahkyin gumdin let n-gun kaba the kanawng sa wa lu hkra zai ladat amyu myu shaw nna shakut dingyang rai nga na matu shadut dat nngai.
Wunpawng Mungdan Shanglawt Hpung Shang Salang ni yawng gaw, amyu sha rawt malan magam bungli hta kasi kamang tai let Mungchying shawa hpe woi awn, kahkyin gumdin sa wa ra ai. Rawt malan bungli hpe madu tai let man ang ai lit hpe sharawng awng ai hte gun hpai ra nga ga ai. Wunpawng Mungdan Shanglawt Hpung n-gun kaba wa hkra mung, Hpung Shang Salang law htam wa hkra kahkyin gumdin lit hpe matut n di gun hpai ra ai. Hpung Shang masha shagu gaw greng grak ai hte atsam ningja hpring nga ra ai. Magam bungli ni hpe asak hkrung matut n di dakring dalang shakut shaja sa wa ra ai.
Dai ni laja lana byin nga ai Wunpawng Mungdan kata na majan gaw, Wunpawng amyu hte Wunpawng Mungdan sha ni hte sha seng ai majan n re. Myen Mungdan hpe Federal Munghpawm Mungdan de gaw gap sa wa lu na kanawng n-gun jaw ai ninghkap shingla majan rai nga ai. Myen Mung asuya gaw amyu sha ni ra sharawng ai Federal Munghpawm hpe n shabyin mayu ai majaw, mungmasa bawngban lam hpe pat shingdang let Wunpawng Mungdan Shanglawt Hpung hpe gasat shamyit ai lam re. Dai ni KIO hpe n-gun la-ba hte htim gasat ai gaw amyu sha ni a myit mada ra sharawng ai mungmasa pandung hpe jahten kau ai lam re. Dai re ai majaw, Wunpawng Mungdan hta byin nga ai majan ndai gaw, Myen Mungdan hta nga pra nga ai amyu sha yawng hte seng ai hpe chye na hkam la nna, amyu sha ni ra sharawng ai mungmasa bawngban lam lawan byin pru wa hkra ladat amyu myu hte shanglawm shakut ra nga sai.
Myen Mung asuya a sumprat dawk bang, sai garan nga ai hpe dum chye let, amyu sha rawt malan hpung ni yawng n-gun kahkyin nga na hpe shadut mayu ai. Amyu sha rawt malan hpung ni hte hpaw shabawn da ai UNFC a mungmasa jasat sa wa ai hta amyu sha rawt malan hpung yawng madi shadaw sa wa ra saga ai.
Myen Mung asuya hpyen dap kaw nna KIO hpe n-gun la-ba the htim gasat nga ai a ntsa myit tsang lawm ai hte htim gasat majan hpe jahkring na matu tsun shadut ya ai UN hte Mungdan kaba ni, laknak lang rawt malan hpung ni, shinggyim wuhpung wuhpawng yawng hpe chyeju dum ga ai. Federal Munghpawm Mungdan byin tai wa lu hkra matut kanawng n-gun jaw ya nga na hpe myit mada nngai.
Myen Mung asuya gaw KIO hpe gasu gabrawng ai wuhpung, jahten sharun ai wuhpung, simsa lam hpe n ra ai wuhpung ngu nna jahpoi jahpyak ndau shabra nga ai re. Dai gaw KIO a mungmasa si mat hkra ladat shaw agrip ai lam rai nga ai. Majan garai n byin ai ten kaw nna dai ni majan byin nga ai ten du hkra mungmasa a majaw byin ai manghkang hpe mungmasa hte bawngban jahkrup hparan na n myit ai sha, Wunpawng amyu the Wunpawng Mungdan sha ni hpe sat nat zingri, mare nat, Mungchying mungshawa ni a sutgan arung arai hpe mya sha, jahten sharun nga ai gaw Myen Mung asuya hpyen dap ni she rai nga ai.
Myen Mung asuya kaw nna ladat amyu myu hte shiga masu ni hpe ndau shabra nga ai hpe kam shut ai lam n nga hkra, Wunpawng Mungdan Shanglawt magam gun yawng hte Mungchying mungshawa ni sadi sahka ra nga ga ai. Myen Mung asuya gaw Wunpawng amyu sha ni a lapran, Wunpawng Mungdan kata rau nga rau pra hpu-nau amyu sha ni a lapran sai garan, manghkang byin hkra sumprat dawk ga ni, ndau laika ni shabra nga ma ai. Dai zawn re ai hpyen wa a yuk jahtuk bungli hpe mu mada ai hte manghkang hpe koi yen lu hkra rau nga rau pra amyu sha ni yawng myit hkrum kahkyin gumdin nga ra ai.
Wunpawng amyu hte Mungdan sha ni yawng a hpyen madung langai rai nga ai Ka-ni nang hpam majan a majaw amyu sha ni hkrat sum ai grai law mat sai. Manu dan ai Wunpawng Ramma ni hte Wunpawng amyu sha ni a sutgan yawng manu dawn masat n lu hkrat sum wa sai re. Dai ni na ten hta, Wunpawng amyu sha ni hpe shamat shatsai kau na masing hta Ka-ni nang hpam hpe laknak kaba shatai nga ma ai re. Amyu sha ni hkum dingdek gaw amyu sha magam lit kaba hku nna Ka-ni nang hpam hpyen hpe ninghkap shingla kau ga. Wunpawng Mungdan kata Ka-ni nang hpam hkoi tsai mat hkra anhte yawng a lit kaba rai nga sai.
Ginchyum hku nna htet shana mayu ai gaw, shawnglam majan pa e ninghkap shingla gasat poi shang nga ai share shagan myit rum ni yawng myit marai n shayawm kau ai sha, matut dating shakut sa wa ga. Mungchying mungshawa yawng mung rawt malan magam lit hta ganawng n-gun ningnan jaw ya nga ga. Hpan Madu Karai Kasang kaw akyu hpyi garum ai hte shanglawm woi awn nga ai makam masham hpung woi ni hte hpung masha ni yawng mung matut shakut akyu hpyi shaja let shanglawm ga. Wunpawng Mungdan Shanglawt Hpung Shang Salang yawng mung rawt malan bungli hta kasi kamang the woi awn sa wa ga.
Dai ni (52)ning hpring, (53)lang na amyu sha rawt malan masat ninghtoi hta n-gun ningnan, atsam ningja ningnan hte anhte yawng myit mada nga ai shanglawt ai pandung de yawng ahkum ara, ngwi pyaw hkam kaja ai hte du wa lu hkra matut shakut shanglawm sa wa ga ngu, awng padang ahkang aya hpe jaw ya lu ai Hpan Madu Karai Kasang hta akyu hpyi let, nye a rawt malan ninghtoi masat mungga hpe hpungdim dat nngai rai.
"HPAN MADU KARAI WA A AWNG DANG AI SHAMAN CHYEJU GAW WUNPAWNG AMYU HTE WUNPAWNG MUNGDAN SHA NI A NTSA TUTNAWNG HKAM LA LU U GA LAW."
Tingnyang Up
Ginjaw Komiti
Wunpawng Mungdan Shanglawt Hpung
(jinghpaw kasa)

ဝ'တပ်ဖွဲ့၏ ဖိတ်ခေါ်မှု KIO လက်ခံကြောင်း ပြန်ကြား

 
ချင်းမိုင်(မဇ္စျိမ)။ ။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးရန် ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၏ ဖိတ်ခေါ်ချက်ကို KIO ဘက်မှ လက်ခံကြောင်း အင်္ဂါနေ့တွင် အကြောင်းပြန်ခဲ့သည်ဟု UWSA ပြောရေးဆိုခွင့်ရသူ ဦးအောင်မြင့် က ပြော
သည်။

ဇန်နဝါရီလ ၂၄ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းရှိ UWSA ဌာနချုပ် ပန်ဆန်းမြို့တွင် နှစ်ဖက် တွေ့ဆုံမှုကို UWSA က ကြားဝင် ကူညီပေးမည့် အဆိုပြုချက်အပေါ် လက်ခံကြောင်း KIO ဘက်မှ စာပြန်လာခြင်း ဖြစ်သည်။

“KIO တို့ဘက်ကနေ ပြန်ဆက်သွယ်လာပါတယ်။ ပန်ဆန်းမှာ လာတွေ့ဖို့ သူတို့ သဘောတူပါတယ် ဆိုပြီးတော့ ဒီနေ့
နေ့လည်လောက်က သတင်းပို့လာတယ်။ အစိုးရဘက်က ဒီမှာဆွေးနွေးဖို့ လက်ခံတယ်ဆိုတာ ကျနော်တို့ဆီ ပို့လိုက်ပါ
ပြီ။ ဆိုတော့ အစိုးရဘက်ကိုလည်း အခုပဲ သတင်းပို့နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီဘက်မှလည်း KIO မှ လက်ခံပါက ၎င်းတို့လည်း လက်ခံနိုင်ကြောင်း သဘောထား ပေးပို့ထားပြီးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း အနေနှင့် KIO ဘက်မှ လက်ခံပါက တွေ့ဆုံ
ရန်ရှိကြောင်းလည်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က မဇ္ဈိမကို အင်္ဂါနေ့ နေ့လည်ပိုင်းက ဖြေကြားထားပြီး
ဖြစ်သည်။

မြန်နိုင်ငံ ငြိမ်းချမ်းရေးဘက် ဦးတည်နေသော်လည်း KIO နှင့် အစိုးရအကြား တိုက်ပွဲများ မရပ်စဲဘဲ တိုက်ပွဲ ဆက်လက်
ဖြစ်ပွားနေသဖြင့် ယခုကဲ့သို့ ကြားဝင်ကူညီခွင့်ရသဖြင့် တိုင်းပြည်အတွက် အကျိုးရှိမည်ဟု ဦးအောင်မြင့်က ပြောသည်။

“နှစ်ဖက်စလုံးက ယုံကြည်မှု နည်းနေတယ်၊ စစ်ကြောင့် ဒုက္ခသည်တွေလည်း သောင်းနဲ့ ချီရှိနေပြီ။ အခြေအနေက မကောင်းဘူး။ ဒါကြောင့် နှစ်ဖက် တွေ့ဆုံနိုင်အောင်၊ အခုအချိန်မှာ ကချင်ကို အစိုးရက လာပါဆိုရင်လည်း ဘယ်သွား
မလဲ။ ဒါကြောင့် ကျနော်တို့qီမှာ ဖြစ်နိုင်မလား။ ဖြစ်နိုင်ရင် ပန်ဆန်းမှာလာပြီး တွေ့ဆုံပါ။ ကျနော်တို့ ကူညီပံ့ပိုးပေးပါ့
မယ်ဆိုတဲ့ ဆန္ဒမျိုးပါ” ဟု ၁၉၈၉ ခုနှစ်ကတည်းက အပစ်အခတ် ရပ်စဲထားသည့် UWSA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့် က မဇ္စျိမကို ပြောသည်။

မည်သည့်နေ့ တွေ့ဆုံမည်ကို ညှိနှိုင်းနေဆဲ ဖြစ်ပြီး ထိုသို့တွေ့ဆုံနိုင်ရေးအတွက် KIO သို့ မဇ္ဈိမက ကြိုးစားဆက်သွယ်ခဲ့
သော်လည်း အဆက်အသွယ် ပြတ်တောက်နေသည်။

General Gam Shawng speech 缅甸克钦人民军总司令敢双讲话[普清版].mp4

“ဝ”ကို လက်နက်မရောင်းဟု တရုတ် ငြင်း

တရုတ်လုပ် PTL02 ဘီးတပ်တင့်ကားများ UWSA က ရရှိခဲ့ကြောင်း စစ်ဘက်ရေးရာ မဂ္ဂဇင်း “ဂျိန်းစ် ထောက်လှမ်းရေး အစီရင်ခံစာ”က ရေးသားသည် (ဓာတ်ပုံ- Tianxue military forum) ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်က (UWSA) ကို စစ်လက်နက် ပစ္စည်းများ ရောင်းချ ပေးခဲ့သည်ဆိုသော စွပ်စွဲချက်များ မဟုတ်မမှန်ကြောင်း မြန်မာနိုင်ငံအခြေစိုက် တရုတ်သံရုံးက ငြင်းဆိုသည်။
တနင်္ဂနွေနေ့က ထုတ်ပြန်သော ကြေညာချက်တွင် တရုတ်တို့အနေဖြင့် မြန်မာစစ်တပ်ကိုသာမက ကချင်၊ ရှမ်းနှင့် ဝ တပ်ဖွဲ့များသို့လည်း လက်နက်ရောင်းချနေသည်ဟူသော စွပ်စွဲပြောဆိုချက်များသည် “အခြေအမြစ်မရှိ” ဟု ရေးသားထားသည်။
ယင်းထုတ်ပြန်ကြေညာချက်သည် ယမန်နှစ် နှစ်လည်ပိုင်းက တရုတ်လုပ် PTL02 ဘီးတပ်တင့်ကားများ UWSA က ရရှိခဲ့ကြောင်း ဒီဇင်ဘာလအတွင်း ထုတ်ဝေခဲ့သော စစ်ဘက်ရေးရာ မဂ္ဂဇင်း “ဂျိန်းစ် ထောက်လှမ်းရေး အစီရင်ခံစာ” Jane’s Intelligence Review ၏ သတင်းရေးသားချက်ကို ရည်ညွှန်းခြင်းဖြစ်သည်။ ဂျိန်းစ်၏ သတင်းပေးပို့ချက်တွင် ယင်းလက်နက်ပစ္စည်းများကို တရားဝင် မဟုတ်သော တဆင့်ခံ ဈေးကွက်မှ ရောင်းဝယ်ခဲ့ခြင်းဟု ဆိုသည်။
တရုတ်သံရုံး၏ ထုတ်ပြန်ကြေညာချက်တွင်မူ “တရုတ် အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှုနှင့် အချုပ်အခြာ အာဏာကို လေးစားအသိအမှတ်ပြုသည့် ရှင်းလင်းပြီး တသမတ်တည်းဖြစ်သော မူဝါဒကို လက်ကိုင်ထား” ပါကြောင်းနှင့် ဂျိန်းစ်၏ သတင်းသည် “မြန်မာလူထုနှင့် ကျယ်ပြန့်သော ပရိဿတ်များအတွက် မှားယွင်းစွာ နားလည်လက်ခံခြင်းနှင့် ရှုတ်ထွေးခြင်းတို့ကို ဖြစ်စေနိုင်သည်” ဟု တုန့်ပြန်ရေးသားထားသည်။
ယခု အငြင်းပွားမှုမှာ တရုတ်-မြန်မာ နယ်စပ်တွင် ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် မြန်မာတပ်များ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားချိန်နှင့်လည်း တိုက်ဆိုင်နေပြီး နှစ်ဘက်စလုံးကလည်း တရုတ်လုပ် စစ်လက်နက်ပစ္စည်းများ တစိတ်တပိုင်း သုံးစွဲနေသည်။
UWSA နှင့် နီးစပ်သူများကလည်း အကယ်၍ KIA ဌာနချုပ် ကျပြီးလျှင် မြန်မာစစ်တပ်အနေဖြင့် “ဝ” တပ်များထံ မြှားဦးလှည့်လာမည်ကို စိုးရိမ်ကြောင်း ပြောကြသည်။
ပြီးခဲ့သည့်အပတ် သောင်္ကြာနေ့တွင် ပြုလုပ်သော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တရုတ်က KIA ကို လက်နက် မထောက်ပံ့ကြောင်း ပြောဆိုသည်။
“တရုတ်ဘက်က ကြားဝင်ညှိနှိုင်းပေးတာ၊ စကားဝိုင်းတွေကို ကမကထ လုပ်ပေးတာတွေနဲ့ မြန်မာပြည် မြောက်ပိုင်းက ပဋိပက္ခကို အပြုသဘော ပါဝင်ဆောင်ရွက်ပါတယ်” ဟု မစ္စတာ ဟုံလီက ပြောဆိုခဲ့သည်။
ဇန်နဝါရီ ၁၈ ရက်ကလည်း တရုတ်အထူးသံ ဖူယင်းနှင့် တရုတ်စစ်တပ် ကိုယ်စားလှယ် တဖွဲ့ သမ္မတ ဦးသိန်းစိန်နှင့် ရန်ကုန်တွင် တွေ့ဆုံပြီး ကချင်ပဋိပက္ခအကြောင်း ပြောဆိုကြသော်လည်း အဖြေရှာမရခဲ့ကြပေ။

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ တောင်ငူရောက်ပြီ


ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) အခြေစိုက်ရာ လိုင်ဇာမြို့ မြင်ကွင်း (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)
ရန်ကုန်မှ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေး လမ်းလျှောက်သည့် အဖွဲ့သည် ယနေ့ နေ့လယ် ၂ နာရီတွင် တောင်ငူမြို့ သို့ ရောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဖွဲ့ကို တောင်ငူမြို့ပေါ်ရှိ အာဏာပိုင်များက ဖမ်းဆီးမည်ဟု အသံများ ထွက်ပေါ်နေသော်လည်း လက်ရှိအချိန်အထိ တားမြစ် ဖမ်းဆီးခြင်းများ မရှိသေးကြောင်း ယင်းအဖွဲ့တွင် ပါဝင်လမ်းလျှောက်သည့် ဆရာတော် ဦးရက္ခဝံသက ဆိုသည်။
“အာဏာပိုင်တွေက လာပြီးတားဆီးခြင်း မရှိသေးဘူးဆိုပေမယ့် မြို့အဝင်တည်းက အထူးရဲတပ်ဖွဲ့တွေက လိုက်နေတယ်။ တားဆီးတာရှိလည်း ဖြေရှင်းပြီးတော့ ဆက်သွားမှာပဲ” ဟု ဆရာတော်က ဧရာဝတီသို့ မိန့်သည်။
၎င်းအဖွဲ့အနေဖြင့် တားဆီးမှုများရှိသည့် တိုင်အောင် လိုင်ဇာမြို့သို့ ရောက်သည်အထိ လမ်းလျှောက်မည် ဖြစ်ပြီး တနေ့လျှင် မိုင်၂၀ အထိ ရောက်အောင် လျှောက်မည်ဟု သိရသည်။ လက်ရှိ အဖွဲ့အတွင်း သံဃာတော် ၅ ပါးနှင့် လမ်းလျှောက်သူ ၃၀ ဦး ပါရှိသည်။
ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့သည် တောင်ငူမြို့ပေါ်ရှိ သီရိဥသျှောင် ဘုန်းကြီးကျောင်းတွင် တည်းခိုမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့အတွက် သီချင်းဆိုကာ အလှူငွေကောက်ခံရန် တောင်ငူမြို့သို့ ယမန်နေ့က ရောက်ရှိခဲ့သည့် “ပန်းရဲ့လမ်း” လူမှုကွန်ယက် အဖွဲ့ဝင်တဦးက “ကျနော်တို့ လမ်းလျှောက်အဖွဲ့ အတွက် သီချင်းဆိုပြီး အလှူငွေ သွားရှာဖို့ ရောက်သွားတာပါ။ မြို့အုပ်ချုပ်ရေးမှူး ကတော့ သီချင်းဆိုတာ ခွင့်ပြုချက် မယူလို့ဆိုပြီး ခေါ်စာပို့တယ်၊ ခံဝန်လက်မှတ်တော့ ထိုးလိုက်ရတယ်” ဟု ပြောသည်။
ပန်းရဲ့လမ်း လူမှုကွန်ယက် အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးလမ်းလျှောက်သူများကို အလှူငွေများ လှူနိုင်ရန်အတွက် တောင်ငူ မြို့ပေါ်၊ မြို့သစ်နှင့် အုတ်တွင်းမြို့တို့တွင် သီချင်းများဆိုကာ ရန်ပုံငွေများရှာဖွေခဲ့ကြောင်း၊ တောင်ငူမြို့ အုပ်ချုပ်ရေးမှူးက သီချင်းဆိုရန် ကြိုတင်ခွင့်ပြုချက် ယူရမည်ဟုဆိုကာ ခေါ်စာနှစ်ကြိမ် ပို့ခဲ့ပြီး လာမည့် ၃၁ ရက် နေ့မှသာ မြို့ပေါ်တွင် သီချင်းဆိုခွင့် ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
လိုင်ဇာမြို့အထိ လမ်းလျှောက်ချီတက်မည့် ငြိမ်းချမ်းရေးအဖွဲ့ကို တောင်ငူမြို့အရောက်တွင် ဖမ်းဆီးမည်ဟု မြို့ပေါ် ရပ်ကွက်များတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ အမိန့်စာထုတ် ကြေညာသည် ဆိုသည့်သတင်းနှင့် ပတ်သက်၍ အတည်ပြုချက် ရယူရန် ဧရာဝတီက တောင်ငူခရိုင် ရဲစခန်းမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ အဆိုပါရုံးမှ တာဝန်ရှိသူတဦးက အထက် အဖွဲ့အစည်း၏ ညွှန်ကြားချက် မရှိသဖြင့် ဖြေကြားပေးရန် မဖြစ်နိုင်ကြောင်း ပြန်လည် ပြောဆိုသည်။
တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကလည်း ဧရာဝတီက ဆက်သွယ်သည့် တယ်လီဖုန်းကို လက်ခံဖြေကြားခြင်း မရှိပေ။
ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့သည် ရန်ကုန်မြို့မှ ဇန်နဝါရီ ၂၁ ရက်နေ့တွင် စတင်ထွက်ခွာခဲ့ပြီး ၉ ရက်မြောက်နေ့တွင် တောင်ငူမြို့အထိ ရောက်နေပြီဖြစ်ပြီး ထိုမှတဆင့် မည်သည့်မြို့သို့ ခရီးဆက်ရမည်ကို စဉ်းစားဆဲဖြစ်ကြောင်း အဖွဲ့ဝင် ဆရာတော် ဦးရက္ခဝံသက ပြောသည်။

ကချင်စစ်ဘေး ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်သူ ရာနှင့်ချီရှိ


(irrawaddy) အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ခိုက်မှုကြောင့် ထွက်ပြေးပုန်းရှောင်နေသော ကချင်စစ်ပြေးဒုက္ခသည်များကို တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)
ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် ၀မ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရသော စစ်ဘေးသင့် ဒုက္ခသည်များ ရာနှင့်ချီနေပြီး တချို့နေရာများတွင် သေဆုံးမှုများအထိ ရှိလာကြောင်း သိရသည်။
ယခု ဇန်န၀ါရီလဆန်းပိုင်းက စတင်ပြီး ၀မ်းပျက်ဝမ်းလျှောမှုများ ဖြစ်လာကာ မကြာသေးခင်က လိုင်ဇာအနီးရှိ ဒုက္ခသည်စခန်းမှ ကလေး ၂ ဦး သေဆုံးသွားခဲ့ကြောင်း၊ ဆေးရုံသို့ သွားရောက်ကြည့်ရှုတိုင်းတွင် ၀မ်းပျက်ဝမ်းလျှော ဖြစ်နေသည်ကိုသာ တွေ့နေရကြောင်း ဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆက ပြောသည်။
“လိုင်ဇာအနီးက ဂျဲယန်စခန်းမှာ လူဦးရေ ၇ ထောင်ကျော် ရှိတယ်၊ ၀မ်းပျက်ဝမ်းလျှောဖြစ်တာ လူ ၁၅၀ ကျော်ရှိနေပြီ။ မိုင်တိုင် ၆ မှာရှိတဲ့ ဒုက္ခသည် စခန်းမှာလည်း အဲဒီလိုဖြစ်နေတဲ့သူတွေ တော်တော်များများ ရှိနေတယ်” ဟု သူက ဆိုသည်။
ဇန်န၀ါရီ လဆန်းပိုင်းမှစပြီး လိုင်ဇာမြို့ ပြည်သူ့ဆေးရုံတွင် ၀မ်းပျက်ဝမ်းလျှောဖြစ်နေပြီး အခြေအနေ ဆိုးလာသဖြင့် ဆေးရုံ တက်ရောက် ကုသမှု ခံယူရသူ လူ ၃၀ ကျော်ရှိကြောင်း၊ မည်သည့်အကြောင်းအရင်းကြောင့် ထိုသို့ ဖြစ်ပျက်ရသည်ကို ကျန်းမာရေးဌာနက စုံစမ်းလျှက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
မိုင်ဂျာယန်ရှိ ဒုက္ခသည်စခန်းများတွင်လည်း ဖောယောင်ခြင်း၊ ယားယံခြင်းများ ဖြစ်ပွားနေကြောင်း၊ စစ်ဘေး ဒုက္ခသည်များအတွက် အဓိက အခက်အခဲမှာ ကျန်းမာရေးကိစ္စ ဖြစ်ကြောင်း သိရသည်။
“ဘာကြောင့် ဒီလိုပြောရလဲဆိုရင် ဒီဒုက္ခသည်တွေဟာ စိတ်ရော ကိုယ်ပါ ဖိစီးမှုကို ကာလကြာရှည်စွာ ခံစားလာရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့ဆီမှာ ရောဂါပေါင်းစုံလည်း ရှိနေတယ်” ဟု ပါကထောင် ဒုက္ခသည်စခန်း ဥက္ကဋ္ဌ ဆိုင်းလီက ပြောသည်။
တချို့ ဒုက္ခသည်စခန်းများသည် သွားရေးလာရေး အလွန်ခက်ခဲသော တောတွင်းနေရာများတွင် ရှိနေသောကြောင့် အစားအစာနှင့် ကျန်းမာရေးလိုအပ်ချက် များစွာရှိကြောင်း မိုင်ဂျာယန်မြို့ရှိ ဒုက္ခသည်များကို ကူညီနေသည့် လူထု အလင်းကော်မတီမှ ဒေါ်မေရီသောင်က ဆိုသည်။
ထို့အပြင် နမ့်ခမ်းမြို့နယ် မန်ဝိန်းကြီးမြို့ရှိ ဒုက္ခသည် စခန်းများတွင်လည်း ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ရှိနေကြောင်း သိရသည်။
မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲပြန်ဖြစ်ပွားသော တနှစ်ကျော် ကာလအတွင်း စစ်ဘေးရှောင်ရင်း ကလေးမီးဖွားမှုများလည်း ရှိခဲ့ကြောင်း RCM စိန့်ဘုရားကျောင်းရှိ ဒုက္ခသည်စခန်းတွင် ကျန်းမာရေး စောင့်ရှောက်ပေးနေသည့် ဆရာဝန်မ တဦးက ရှင်းပြသည်။
“လက်ရှိအချိန်အထိ မန်ဝိန်းကြီးတ၀ိုက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ မီးဖွားခဲ့တာ ၁၀ ဦးမကရှိနေပြီ။ တချို့က ကိုယ်ဝန်ကြီးနဲ့ ထွက်ပြေးလာတာ။ ဒီရောက်မှ မွေးကြတာ” ဟု ၎င်းက ပြောသည်။
ထို့အပြင် ရောဂါတခုခုဖြစ်လာလျှင် ဆေးကုသရန် ဆေးဝါးများလည်း မလုံလောက်ကြောင်း၊ အထူးသဖြင့် အစား အသောက်ကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါ မကြာခဏ ဖြစ်နေကြောင်း မန်ဝိန်းကြီးရှိ KBC ဒုက္ခသည်စခန်းမှ ဒေါ်ဇောင်းဆိုင်း က ဆိုသည်။
တချို့ ဒုက္ခသည်များသည် အနီးတ၀ိုက်ရှိ တောင်ယာ၊ လယ်၊ ကြံခင်းများတွင် အလုပ်လုပ်ကိုင်ခွင့် ရသောကြောင့် ဟင်းစရိတ်အတွက် အထောက်အပံ့ ရကြသော်လည်း တချို့မှာ ထိုသို့ လုပ်ခွင့်မရသောကြောင့် ဟင်းကို ဖြစ်သလို စားသောက်နေရကြောင်း ၎င်းက ဆက်ပြောသည်။
“စခန်းက ပေးနိုင်တာက ဆန်နဲ့ဆီလောက်ပဲ ပေးနိုင်တာ။ ဟင်းကတော့ ကိုယ့်ဘာသာ ၀ယ်စားရတာ။ အလုပ်ရှိတဲ့ သူတွေကတော့ ၀ယ်စားဖို့ ပိုက်ဆံနည်းနည်း ၀င်ငွေရှိတာပေါ့” ဟု သူက ရှင်းပြသည်။
KIA ထိန်းချုပ်ထားသည့် နေရာများတွင် ဒုက္ခသည်ဦးရေ ၆၇၀၆၃ ရှိကြောင်း ဇန်နဝါရီ ၂၄ ရက်နေ့အထိ ပြုစုထားသော စာရင်းများအရ သိရသည်။
တိုက်ပွဲများသည် တဖြည်းဖြည်း လိုင်ဇာမြို့နှင့် နီးကပ်လာသည့် အတွက် လိုင်ဇာမြို့ခံများကိုလည်း ဒုက္ခသည် စာရင်း သွင်းတော့မည် ဖြစ်ရာ ဒုက္ခသည် အရေအတွက် ပိုမိုတိုးပွားလာတော့မည် ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။
ဧရာဝတီသတင်းထောက် လဖိုင် ပူးပေါင်းရေးသားသည်။

ဦးသိန်းစိန်အပစ်ရပ်ပြီး ဘာ့ကြောင့် လိုင်ဇာကို သဲကြီးမဲကြီးတိုက်နေရတာလဲ (ဂ)

မြန်မာပြည်မြောက်ပိုင်းဟာ တော်လှန်ရေးဆုံချက်ဖြစ်လာနေလို့ပါ။ တော်လှန်ရေးဆုံချက်ဆိုတာ တော်လှန်ရေး အလံ မြင့်မြင့်မားမားလွှင့်ထူနိုင်တဲ့ဒေသဖြစ်သလို တော်လှန်ရေးအောင်ပွဲခံမဲ့၊ တော်လှန်ရေး ဘူမိနက်သန်နေရာ မှန်လည်းဖြစ်လို့ပါ။ တော်လှန်ရေးဆုံချက်ဆိုတာ ညီညွတ်မှုများပေါင်းဆုံရာဒေသလည်းဖြစ်ပါတယ်။ မြန်မာပြည်ပြည်တွင်းမှာ တော်လှန်ရေးဆုံချက်တွေဟာ မြို့ကြီးတွေဖြစ်ကြတဲ့ ရန်ကုန်၊ မန္တလေး လိုမြို့ကြီးတွေဖြစ်ကြတာများတယ်။ တစ်ချိန်တုံးက ကရင်ဗဟိုဌာနချုပ် မာနယ်ပုလောဟာ တော်လှန်ရေးရဲ့ ဆုံချက်ဖြစ်ခဲ့ဘူးတယ်။ ဘာ့ကြောင့်လဲဆိုတော့ တပ်ပေါင်းစုတွေအခြေပြုရာ၊ အခြေချရာဒေသ ဖြစ်ခဲ့သလို ဒီနေရာကနေပြီး တော်လှန်ရေးအသံတွေကို တစ်ချိန်တည်း၊ တပြိုင်တည်း ဟန်ချက်ညီညီလှုပ်ရှားနိုင်ခဲ့တဲ့နေရာပါ။ ကျောင်းသားတပ်မတော်ရှိခဲ့သလို ဦးစိန်ဝင်းဦးဆောင်တဲ့ အမျိုးသားညွန်ပေါင်းအစိုးရလည်းတည်ရှိခဲ့တဲနေရာတစ်ခု။ ၈လေးလုံး လူထုအရေးတော်ပုံပေါ်ပေါက်ပြီး နယ်စပ်ကိုရောက်ရှိလာကြတဲ့ ဒီမိုကရေစီအင်အားစုများနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများဆုံဆည်းရာ DAB (democratic alliance of burma)လို့ခေါ်တဲ့ ဒီမိုကရေစီမဟာမိတ်များအဖွဲ့လည်း ထူးထူးခြားခြားရှိခဲ့လို့ပါ။ ဒီနေရာကနေပြီး အရေးကြီးတဲ့ တိုင်းပြည်တစ်ခုလုံးအပြောင်းအလဲဖြစ်မဲ့ နိုင်ငံရေးသဘောတူညီချက်တွေ၊ ပြည်ထောင်စုသဘောတူညီချက်တွေ ချမှတ်နိုင်ခဲ့သလို စစ်ရေးအရလည်း စုစုစည်းစည်းနဲ့ စစ်အာဏာရှင်တွေကို စိမ်ခေါ်အံတုနိုင်ခဲ့တဲ့နေရာပါ။ ဒါ့ကြောင့် နိုင်ငံရေးစစ်ရေးအရအရေးပါတဲ့ မာနယ်ပုလောဌာနချုပ်ကြီးကို စစ်အာဏာရှင်စနစ်ရဲ့ လက်ဝေခံ စစ်တပ်က ထိုးစစ်ကြီးနှစ်ကြိမ်ဆင်နွှဲခဲ့ဖူးပါတယ်။ ပထမအကြိမ်က ခွက်ခွက်လန်အောင်ရှုံးနိမ့်ခဲ့ရပြီး ဒုတိယ အကြိမ်မှာတော့ သူ့ရဲ့ သပ်လျှိုဝင်ရောက်ထားတဲ့ ထောက်လှမ်းရေး တွေက အဖျက်အမှောင့်နည်းတွေ အသုံးပြုခဲ့လို့ ကရင့်အမျိုးသားသွေးစည်းညီညွတ်ရေးကို ဖြိုခွဲနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ကရင့်အမျိုးသားညီညွတ်ရေးပျက်ပြားခဲ့ရပြီး မာနယ်ပုလောဌာနချုပ်ကြီးကို လက်လွှတ်ပေးခဲ့ရပါတော့တယ်။ အဲဒီနောက်ပိုင်းမှာ တပ်ပေါင်းစုအဖွဲ့ဝင်တွေဟာ တစ်နေရာထဲမှာ မစုစည်းနိုင်တော့ဘဲ ထိုင်းနယ်စပ်တွေမှာ ကိုယ့်အစု့သူ့အစု့နဲ့ ရပ်တည်လာကြတာ ယနေ့အထိပါဘဲ။ တစ်ခေတ်တခါ တော်လှန်ရေးရှင်သန်၊ ကြီးထွား၊ ဖွံ့ဖြိုးလာခဲ့တဲ့အဓိကအကြောင်းရင်းကလဲကရင့်တော်လှန်ရေးနဲ့ကရင့်တော်လှန်ရေးခေါင်းဆောင်ဗိုလ်ချုပ်မြကြီးရဲ့ မှန်ကန်တဲ့ သဘောထားနဲ့ဦးဆောင်မှုကြောင့်လို့ ဆိုရင်လဲမမှားပါဘူး။ အိုမင်းမစွမ်းသည်အထိ တောင်ဝှေး ထောက်ပြီးလက်နက်ကိုင်တော်လှန်ရေးကို တော်လှန်ရေးသမားပီပီ အနစ်နာခံ၊ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်ခဲ့တဲ့ ကရင့်တော်လှန်ရေး ခေါင်းဆောင်ကြီးတွေရဲ့ ဟန်တွေဟာ ကျနော်တို့ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း) ရဲ့ စံတွေ ဖြစ်ခဲ့ရတယ်။
တော်လှန်ရေးတစ်ရပ်မှာ ဘုံရန်သူ စစ်အာဏာရှင်စနစ်ဆိုးကြီးကို ဖြုတ်ချနိုင်ဖို့အတွက် တပ်ပေါင်းစုနဲ့ အောင်ပွဲခံရေးမူဟာ အင်မတန်မှအရေးကြီးလှပါတယ်။ ဒီနေ့ကာလဟာ အားတွေကို စုနိုင်ဖို့၊ အားတွေညီညွတ်ဖို့၊ ဒီအားနဲ့အာဏာရှင်စနစ်ကို စုပေါင်းတွန်းလှန်၊ ဖြုတ်ချနိုင်ဖို့ အရေးကြီးကာလကို ကျရောက်လာနေပါပြီ။ တပ်ပေါင်းစုဆိုတာ သဘောတရားညီညွတ်မှုမှတဆင့် လုပ်ဟန်ညီညွတ်ရေးကို ရှေးရှုပြီး တပ်ပေါင်းစုလုပ်ငန်းကို လုပ်ကြရတာပါ။ အရေးကြီးဆုံးက မိမိတို့အဓိက ဦးတည်တိုက်ရမဲ့ရန်သူသတ်မှတ်ချက် ရှင်းလင်းဖို့ပါဘဲ။ ဒီနေ့ခေတ်ကာလဟာ ကိုလိုနီတစ်ပိုင်း၊ ပဒေသရာဇ်တစ်ပိုင်း မဟုတ်တော့တာတော့ သေချာနေပြီ။ အသေချာဆုံးကတော့ စစ်အာဏာရှင်တစ်ပိုင်း၊ အစိုးရတစ်ပိုင်းပါ။ ဒီနေ့ခေတ်ကာလဟာ အင်မတန်မှ အတွေးအခေါ်ရှုပ်ထွေးနေတဲ့ကာလဖြစ်ပါတယ်။ အဲဒီလိုရှုပ်ထွေးနေအောင်လဲ ဒီကနေ့အာဏာရှင် တွေက ဖန်တီးနေတာပါ။ ဦးသိန်းစိန်အစိုးရရဲ့ ရှုပ်ထွေးပွေလီတဲ့ လှည့်စားမှု၊ ပရိယာယ်အောက်မှာ အတိုက်အခံ ဒီမိုကရက်တစ်အင်အားစုတစ်ချို့အများစုတွေဟာ တွေဝေ၊ အားပျော့၊ နောက်ဆုတ်သွားကြပေမဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေဟာ မတွေဝေပါဘူး၊ အားမပျော့သွားပါဘူး၊ နောက်မဆုတ်သွားပါဘူး။ ဒီနေ့ကာလရဲ့ ထူးခြားတဲ့ အခြေအနေပါ။ အနောက်နိုင်ငံများရဲ့ အကျိုးစီးပွားပေါ်မှာ အခြေခံစဉ်းစားတဲ့ သူတို့ စဉ်းစားချက်အတိုင်း ဒီမိုကရက်တစ် အင်အားစုတွေကို NGO ပြုရေးနဲ့NGO လက်အောက်ခံပြုရေးပါဘဲ။ မိမိရပ်တည်ရေးအတွက်သော်လည်းကောင်း၊ တော်လှန်ရေး အချိန်ကာလရှည်ကြာလာသည့်အတွက်သော်လည်းကောင်း၊ မိမိအင်အားနည်းပါးလာသည့်အတွက် သော်လည်းကောင်း ခက်ခဲပင်ပမ်း၊ အချိန်ယူရမည့် လူထုစည်းရုံးရေးကို ထဲထဲဝင်ဇောက်ချလုပ်ရမည့် လုပ်ငန်းကိုပစ်ပယ်ပြီး အာဏာရှင်များနှင့် စေ့စပ်၊ ကြေအေးရေးလမ်းကိုလည်းလျှောက်၊ နိုင်ငံတကာ အကြိုက်လည်းရောက်ဆိုတဲ့ ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းဆွဲသာ ဆိုတဲ့ မူကို ကိုင်လာတာကို သတိထား မိလိုက်တယ်။ ဒီမိုကရက်တစ်အတိုက်အခံအင်အားစုတစ်ချို့အများစုဟာ ငြိမ်းချမ်းရေးဆိုတဲ့ခေါင်းစဉ်ကိုကိုင်ပြီး ငြိမ်းင်ချမ်းစွာ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းစွာ အာဏာရှင်များနဲ့ အတူတကွယှဉ်တွဲနေထိုင်ရေး (ဝါ) စိတ်ကူးယဉ်ဝါဒ၊ အချောင်သမားဝါဒဘက်သို့ တစ်စတစ် ကူးပြောင်းလာတာကိုလည်း သတိထားမိလိုက်တယ်။
အဆိုးဝါးဆုံးမှားယွင်းတဲ့အတွေးအခေါ်တစ်ရပ်ကတော့ မိမိကိုယ်ကို မိမိ ငြိမ်းချမ်းရေးပုရောဟိတ်ကြီးများသဖွယ် ဘဝင်မြင့်၊ အထင်ကြီးကာ စစ်အာဏာရှင်နဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေကြား၊ အဖိနှိပ်ခံလူထုကြားမှာ ကြားချပေးနေတာတွေ့လိုက်ရတော့ စစ်အာဏာရှင်များရဲ့ဘက်တော်သား(ငြိမ်းချမ်းရေးပုရောဟိတ်ကြီးများ) ဖြစ် လာနေတာကို ဝမ်းနည်းစွာတွေ့နေရတယ်။။ ဒီနေ့အချိန်ကာလက ဘဝပေးအခြေအနေရ လက်နက်ကိုင်တိုင်းရင်းသားတွေဟာ မိမိတို့ရဲ့ အမြင့်မားဆုံးရည်မှန်းချက် ဖြစ်တဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင်တော်လှန်ရေးအလံကို မြင့်မြင့်မားမားလွှင့် ထူထားရမဲ့ အချိန်ပါ
ဒီကနေ့ စစ်အာဏာရှင်စနစ်ဆိုးကို ပြတ်ပြတ်သားသားဆန့်ကျင်နေသူ၊ အဖိနှိပ်ခံလူထုများဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်နေသူများက လက်နက်ကိုင်တိုင်းရင်းသားအင်အားစုများဖြစ်လာနေပါတယ်။ အဲဒီအထဲမှာ အမျှော်အမြင်ရှိရှိ၊ ဇွဲသန်သန်၊ ထက်ထက်မြက်မြက်၊ ရဲရဲ တိုက်ပွဲဝင်နေသူက တပ်ဦးထိပ်မှာ ရှိတဲ့ KIOပါ။ သမိုင်းတစ်ကွေ့မှာ Kio အနေနဲ့ မိမိအလံကို ဆက်ထိမ်းထားခြင်းဟာ မြန်မာပြည်လွတ်မြောက်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းကြီးတစ်ရပ်ပါဘဲ။ ဗီယက်နမ်ကို အမေရိကန်တွေတိုက်ရခြင်းဟာလည်း အရှေ့တောင်အာရှမှာ ဗီယက်နမ်ကျရင် ကွန်မြူနစ်တွေကျဆုံးမယ်လို့ သုံးသပ်ပြီးအမေရိကန်တိုက်ခဲ့သလို ကေအိုင်အိုကျရင် ကျန်တဲ့ တိုင်းရင်းသားတွေလည်း ခေါင်းထောင်ရဲတော့မှာ မဟုတ်တော့ဘူးဆိုတဲ့ အမြင်နဲ့ မဟာဗမာလူမျိုးကြီးဝါဒီစစ်အာဏာရှင်တွေက ကေအိုင်အိုကို သဲကြီးမဲကြီးတိုက်တာပါ။ ကေအိုင်အိုကို တိုက်တဲ့အခါမှာ ဦးသိန်းစိန်စစ်အာဏာရှင်အစိုးရဟာ ဗမာနဲ့ကချင်လူမျိုးရေးစစ်ပွဲဖြစ်ဆောင် ဖန်တီးယူပါတယ်။ ကချင်တွေကို ရက်ရက်စက်စက်သတ်ပြပါတယ်။ ရွာတွေကို မီးရှို့ပြပါတယ်။ မုဒိမ်းကျင့်ပြတယ်။ ကေအိုင်အိုက နိုင်ငံရေးအမျှော်အမြင်ကြီးခဲ့လို့ ဗမာနဲ့ကချင် လူမျိုးရေးစစ်မဖြစ်ခဲ့တာပါ။ နိုင်ငံရေးရင့်ကျက်မှု (သဘောထားကြီး၊သည်းခံခဲ့လို့ပါ။အဲဒါမဖြစ်တော့ ရှမ်းနီနဲ့ ကချင်ကို လှည့်တိုက်ပေးပါတယ်။ ကချင်ပြည်တွင်း မှာရှိတဲ့ ရှမ်းနီပါတီကို အသုံးချပါတယ်။ ရှမ်းနဲ့ကချင်ကို သွေးခွဲပါတယ်။ ဒီသွေးခွဲမှုကလည်း မအောင်မြင်ပါဘူး။မာနယ်ပုလောတိုက်တုံးကလိုဘဲ စစ်ရေးနဲ့ဖိ၊ နိုင်ငံရေးအရထိုးခွဲသပ်လျှိုနည်းဟောင်းကိုဘဲ KIOကို ပြန်သုံးလာတာဖြစ်ပါတယ်။ ရှမ်းလူထုသာနိုင်ငံရေးမရင့်ကျက်ခဲ့လျှင် ရှမ်းလူထုနဲ့ကချင်လူထု နောင်ဂျိမ်ချနေကြမှာပါ။
ယနေ့ KIO မျိုးဆက်သစ် ကချင်တော်လှန်ရေးခေါင်းဆောင်များရဲ့ နိုင်ငံရေးရင့်ကျက်မှုနဲ့ အမျှော်အမြင်ရှိ၊ ပြတ်သားမှုတွေဟာ ဒီအနီးခေတ်လက်နက်ကိုင်တော်လှန်ရေးကြီးတစ်ခုလုံးကို တုန်လှုပ်စေပါတယ်။ ဇွဲသန်သန် နဲ့ ပြတ်ပြတ်သားသားတိုက်ပွဲဝင်မှုက အဖိနှိပ်ခံမြန်မာပြည်သူလူထုတရပ်လုံးရဲ့ အားကိုးရာ၊ မျှော်လင့်ချက်ကြီး ဖြစ်လာပါတော့တယ်။
တော်လှန်ရေးတစ်ခုမှာ ဘူမိနက်သန်နေရာမှန်ဟာ တော်လှန်ရေးအတွက် သိပ်ပြီးအဓိကအခရာကျပါတယ်။ တစ်ချိန်တုံးက မာနယ်ပုလောဟာ တော်လှန်ရေးဘူမိနက်သန်ပါ။ စစ်အာဏာရှင်တွေ ဖိန့်ဖိန့်တုံအောင်၊ တုန်လှုပ်ချောက်ချားအောင် နိုင်ငံရေး၊ စစ်ရေးထိုးစစ်ဆင်ကြီးတွေဆင်နိုင်ခဲ့တဲ့နေရာပါ။ ကမ္ဘာ့ပြည်သူ၊ မြန်မာ့ပြည်သူအာရုံစိုက်ခဲ့တဲ့နေရာတစ်ခုလည်းဖြစ်ခဲ့တယ်။
ဒီနေ့ကာလ၊ ဒီနေ့အခြေအ့နေ၊ ဒီနေ့ပြဌာန်းချက်အရ တော်လှန်ရေးရဲ့ ဘူမိနက်သန်နေရာမှန် (သို့မဟုတ်) တော်လှန်ရေးဆုံချက်ဟာ မြန်မာပြည်မြောက်ပိုင်း (သို့) KIO ဒေသဖြစ်လာပါတော့တယ်။ဘာ့ကြောင့်လဲဆို တော့ ကျောင်းသားတပ်မတော်(မြန်မာပြည်မြောက်ပိုင်း) ရှိနေသလို တခြားမဟာမိတ်တပ်ပေါင်းများစွာလဲ ရှိနေ လို့ပါ။ ပထဝီအနေထားအရလည်း စစ်ရေးလှုပ်ရှားလို့ အကောင်းဆုံးနေရာပါ။ အနောက်ဘက်မှာ ကုလား ရှိသလို အရှေ့ဘက်မှာ တရုတ်ကြီးလည်းရှိနေတယ်။မာနယ်ပုလောနဲ့မတူတာက မာနယ်ပုလောက ထိုင်းကို ခြေကုတ်ယူထားတယ်။ ကေအိုင်အိုအနေနဲ့ ဌာနချုပ်ကို ကုလားဘက်မှာထားလို့ရသလို တရုတ်ဘက်မှာလည်း ထားလို့ရနေတာပါ။ လိုင်ဇာဟာ ရှေ့တန်းနယ်မြေပါ။ လိုင်ဇာကို နှစ်မျှောစရာမလိုပါဘူး။ တော်လှန်ရေး စိတ်ဓါတ်တွေ တွေဝေလာတာတွေကိုဘဲနှစ်မျှောမိတယ်..။ ကျနော်တို့ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ကတော့ သမဂ္ဂအစဉ်အလာထိမ်းသိမ်းသွားမှာပါ။ ကျနော်တို့ အချောင်သမားကို အင်မတန်မှ မုန်းပါတယ်
သားချစ်

ရှက်တတ်ရင် လဲသေဘို့ကောင်းသော လွှတ်တော်အမတ်များ နှင့် သမတ ဦးသိန်းစိန


အရှက်နှင့် ဂုဏ်သိက္ခာကို တန်ဘိုးမထားသော ပုဂ္ဂိုလ်များအား ခိုင်းနိုင်းပြောဆိုသော မြန်မာဆိုရိုးစကား တခုရှိသည်။ ရှက်တတ်ရင် လဲသေဘို့ကောင်းသကွာ ဟူ၍ ဖြစ်သည်။ ဤစကားမှာ လွှတ်တော်အမတ်များနှင့် သမတ ဦးသိန်းစိန် တို့ အတွက် မှန်နေသလိုရှိ သည်။ အဘယ်ကြောင့်နည်း။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဟု ကတိသစ္စာပြုထားကြသော အမတ်မင်းများသည် ၄င်းတို့ ကိုယ်တိုင်ပင် ဖွဲ့စည်းပုံကို ချိုးဖေါက်နေသောကြောင့်ဖြစ်သည်။

"နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း" အား သမတ၏ သဘောထား နှင့် ဆန့်ကျင်ကာ လွှတ်တော်က အတည်ပြုလိုက်ရာ မကြေနပ်သော သမတဦးသိန်းစိန်က ထောက်ပြသည့်အချက် များ အနက် အဓိက အကျဆုံး အောက်ပါပြဌာန်းချက်နှစ်ရပ်ကို နိုင်းယှဉ်လေ့လာ ကြည့်ပါ။

                      -------------------------------------------------------------------------------
 ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၂၁) ။        "နိုင်ငံတော် သမတသည် မိမိရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး၊ ပြည့်သူ့လတ်တော် ဥက္ကဌက ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦးနှင့် အမျိုးသားတ်တော် ဥက္ကဌက ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး စုစုပေါင်း ကိုးဦး အမည်စာရင်း ကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဌအဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး အမည်ကို လည်းကောင်း၊ ပြည်ထောင်စုလတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက်ရယူမည်" 

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၆။   နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဌက ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦးနှင့် အမျိုးသား လွှတ်တော်ဥက္ကဌက ရွေးချယ်ထား သည့် အဖွဲ့ဝင် သုံးဦး၊ စုစုပေါင်း ရွေးချယ်ထားသည့် အဖွဲ့ဝင် ကိုးဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့ အနက် ဥက္ကဌအဖြစ် တာဝန်ပေးအပ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌတို့နှင့် ညှိနှိုင်း၍ ရွေးချယ်သည့် အဖွဲ့ဝင်တစ်ဦး၏ အမည်ကိုလည်းကောင်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းပြီး သဘောတူညီ ချက် ရယူမည်။
                      --------------------------------------------------------------------------

ဖွဲ့စည်းပုံတွင် ပြဌာန်းထားသည်မှာ သမတ တဦးတည်း၏ သဘောနှင့် ခုံရုံးဥက္ကဌ တာဝန်ထမ်းဆောင်မည့် ပုဂ္ဂိုလ်ကို အမည်စာရင်း တင် သွင်းခွင့် ရှိသည်။ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေတွင်မူ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌတို့နှင့် ညှိနှိုင်းပြီးမှ တင်သွင်းခွင့်ရှိသည်။ လုံးဝပင်ကွဲပြားခြားနားနေကြောင်း၊ ခုံရုံးဥပဒေသည် ဖွဲ့စည်းပုံကို အတိအကျဆန့်ကျင်လျှက်ရှိ aကြာင်း လယ်ပြင်တွင် ဆင်သွား သလို ထင်ရှားလှ သည်။ ဥပဒေပညာ တတ်ရန်မလို။ မြန်မာစာ ဖတ်တတ်သူတိုင်းပင် နားလည်နိုင်သည်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်နေ၀င်းဦးဆောင်၍ ၁၉၇၄ ဖွဲ့စည်းပုံကို ပြဌာန်းကျင့်သုံးခဲ့စဉ်ကပင် ဤမျှ အရုပ်ဆိုး အကျည်းတန်သော ဥပဒေ တိမ်းစောင်းမှုမျိုး မည်သည့်အခါကမျှ မဖြစ်ခဲ့။ ၁၉၇၄ ဖွဲ့စည်းပုံပါ ပြဌာန်း ချက် ကို အတိအကျ ဆန့်ကျင်ထားသည့် မည်သည့် အခြားဥပဒေတရပ်မှ မပေါ်ထွက်ခဲ့။ ယခုမူ စစ်အာဏာရှင် ဟောင်း သစ်များနှင့် လိုလားသူများသည် ၄င်းတို့ပြဌာန်းထားသည့်ဖွဲ့စည်းပုံကို ၄င်းတို့ကိုယ်တိုင်ပင် မလိုက်နာ သဖြင့် ဥပဒေစိုးမိုးရေး ရှုဒေါင့်မှ ကြည့်လျှင် ကမ်းကုန်အောင် အောက်တန်းကျသွားပါပြီ။ ဤတချက်တည်းနှင့်ပင် ခုံရုံးဥပဒေ ပြင်ဆင်ချက်ကို ပြဌာန်းကြသော လွှတ်တော်အမတ်များသည် ရှက် တတ် လျှင် လဲသေကြဘို့ ကောင်းသည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် လက်နှီးစုတ် တခုမျှလောက်ပင် တန်ဘိုး မရှိတော့ပါ။ မိမိပြဌာန်းထားသည့် ဖွဲ့စည်းပုံကို မိမိ မလိုက်နာ သော လွှတ်တော်သည်လည်း အလားတူပင်။

ဤကိစ္စကို သမတ ဦးသိန်းစိန် အဘယ်ကြောင့် လူသိရှင်ကြား ထုတ်ဖေါ်သနည်းဟူသည်မှာ စိတ်ဝင်စားဘွယ် ဖြစ်လာ သည်။ ယင်းနှင့်စပ်လျှဉ်း၍ စာရေးသူ၏ ဆွေးနွေးချက်ကို ဘီဘီစီ လင့်ခ်တွင် နားဆင်ပါ။ https://docs.google.com/file/d/0BzC8VZhwp11ASWtRTFZmMEVaYTg/edit

လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် သမတ ဦးသိန်းစိန်အကြားတွင် ဥပဒေအရ ကစားရင်း ၂၀၀၈ ဖွဲ့စည်းပုံဘောင် အတွင်း အားလုံး ရောက်လာကြရန် ကျုံးသွင်းနေသည် ဟု စာရေးသူက သုံးသပ်ခဲ့သည်။ အဘယ်ကြောင့်နည်း။

လွှတ်တော်က အတည်ပြုလိုက်သည့် ဥပဒေမူကြမ်းကို သမတက လက်မှတ်မထိုးစေဦး၊ (၁၄) ရက်ပြည့်သည့် နေ့တွင် လက်မှတ်ထိုး သကဲ့သို့ ဥပဒေဖြစ်လာမည်။ ဦးသိန်းစိန်ဥက္ကဌ လုပ်လျှက်ရှိသော ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်များ လွှတ်တော်အတွင်း နေရာအများစုရထားပါလျှက် ၄င်းကို မထောက်ခံသောကြောင့် ဦးသိန်းစိန်၏ သဘောထားမှတ် ချက် ပယ်ချခံလိုက်ရသည်၊ လွှတ်တော်နှင့် သမတ အားပြိုင်ကြရာတွင် လွှတ်တော်ဘက်က အသာစီးရသွားသည်၊ လွှတ်တော်က လွှမ်းမိုးပြီး လက်စောင်းထက်၊ အာဏာပြနေသည်ဟု သုံးသပ်လျှင် မမှားပါ။ သို့သော် ဦးသိန်းစိန်လည်း မရှုံးပါ။

"ဖွဲ့စည်းပုံ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း" ပါ ပြဌာန်းချက်များသည် အခြေခံဥပဒေကို ဆန့်ကျင်နေသည် ဟု လူသိရှင်ကြားထောက်ပြလိုက်ခြင်းဖြင့် " အော် ဒီ သမတ ဟာ ဥပဒေပြုရေးလုပ်ငန်းစဉ်[i] ကို ရှင်းရှင်းလင်းလင်း[ii] ရှိ အောင် လုပ်ဆောင်သူဘဲ" ဟု လူထုက အထင်ကြီးသွားနိုင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေကြောင်း သိပါ လျှက် လွှတ်တော် အမတ်လူများစု ၏ သဘောထားကို လေးစား သောအားဖြင့် ဥပဒေအဖြစ် အတည်ပြုလက်မှတ် ထိုး လိုက်ရပါသည် ဆိုခြင်းဖြင့် " အော် ဒီ သမတ ဟာ ဒီမိုကရေစီ ကျင့်စဉ်ကိုလေးစားသူဘဲ" ဟု သိက္ခာတက်သွားနိုင် သည်။ "ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အရ ခန့်အပ်ခံလိုက်ရတဲ့ တရားသူကြီးတွေဟာ ခန့်အပ်သူ တွေကို အစီရင်ခံစာတင်သွင်းရမယ် ဆိုတာဟာ ဖွဲ့စည်းပုံ ခုံရုံးရဲ့ လွတ်လပ်စွာတရားစီရင်ပိုင်ခွင့်ကို ထိခိုက်သွားစေတယ်။ " ဟု ၄င်းက ရှင်းပြခြင်းဖြင့် " အော် ဒီ သမတ ဟာ ဥပဒေစိုးမိုးရေး ကို တကယ်တန်းလေးစားသူဘဲ" ဟု တန်ဘိုးထားသွားနိုင် သည်။ ယင်းအခြေအနေတွင် ဦးသိန်းစိန်သည်လည်း နိုင်ငံရေးအရ အမြတ်ထွက်သွားပါသည်။ လွှတ်တော်ရော သမတ ပါ နှစ်ဘက်လုံးနိုင်သည့်အခြေအနေ[iii] ဖန်တည်းထားခြင်း ဖြစ်သည်။ 

သို့ရာတွင် တချိန်တည်း၌ လူထုအနေဖြင့် ရှင်းလင်းစွာစဉ်းစားနိုင်ပါက ဦးသိန်းစိန်သည်လည်း ရှက်တတ်လျှင် လဲသေ ဘို့ကောင်း သော သမတ သာဖြစ်ကြောင်း နားလည်နိုင်သည်။ လွှတ်တော်အမတ်လူများစု ၏ သဘောထားကိုလေးစား သောအားဖြင့် ဟူသည့် ဆင်ခြေမှာ ယုတ္တိမရှိပါ။ ကြိုတင်မဲများဖြင့် အနိုင်ယူထားသော အမတ်များ၊ လူထုကိုယ်စား လှယ် မဟုတ်သော စစ်သား အမတ်များ လွှမ်းမိုးထားသော လွှတ်တော်အတွင်းတွင် အများစု၏ သဘော ထားဟူသည် မှာ အနှစ်သာရ မရှိပါ။ ဥပဒေ ပြသနာ[iv] ကို ဒီမိုကရေစီဖြင့် မဲခွဲဆုံးဖြတ်၍မရပါ။  ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင် နေ ကြောင်း တိတိ ကျကျသိပါလျှက် ဥပဒေအဖြစ် လက်မှတ်ရေးထိုးပေးလိုက်ခြင်းအားဖြင့် ဦးသိန်းစိန်ကိုယ် တိုင် ၂၀၀၈ ဖွဲ့စည်းပုံကို ချိုးဖေါက်သူ ဖြစ်သည်။ လက်မှတ်မထိုးဘဲ တင်းမာစွာ ရပ်ခံနေလျှင် ခုံရုံးတရားသူကြီး ကိုးဦးကဲ့သို့ စွပ်စွဲပြစ်တင်ခံရပြီး သမတ ရာထူးတာဝန်မှ ပြုတ်သွားနိုင်သောကြောင့် လက်မှတ်ထိုးလိုက်ရခြင်း ဖြစ်သည်။

" ခန့်အပ်ခံလိုက်ရတဲ့ တရားသူကြီးတွေဟာ ခန့်အပ်သူ တွေကို အစီရင်ခံစာတင်သွင်းရမယ် ဆိုတာဟာ ဖွဲ့စည်းပုံခုံရုံး ရဲ့ လွတ်လပ်စွာတရားစီရင်ပိုင်ခွင့်ကို ထိခိုက်သွားစေတယ်။" ဟု ဦးသိန်းစိန်က ပြောသွားသည်။ အစီရင်ခံစာ တင်သွင်း ရမည်ဟူသည့် ပြဌာန်းချက်ကို ပြန်ဖြုတ် လိုက်ရုံမျှနှင့် ဖွဲ့စည်းပုံခုံရုံးတွင် လွတ်လပ်စွာတရားစီရင်ပိုင်ခွင့် ပြန်လည်ရရှိ တော့မလိုလို လူထုအား ယုံမှားစေသည်။ ၂၀၀၈ ဖွဲ့စည်းပုံတခုလုံးတွင် လွတ်လပ်စွာတရားစီရင်ရေးသည် အခြေခံ အားဖြင့်ပင် ကင်းမဲ့နေသည်။ အသေးစိပ်များကို ခေတ္တထားပါဦး။ အဓိကအားဖြင့် နှစ်ချက်ကို ကြည့်ရန်ဖြစ်သည်။ တရားသူကြီးများကို ဘယ်လိုခန့်အပ်သလဲ၊ တရားသူကြီးတွေရဲ့ရာထူးနေရာ တည်မြဲမှုကို အာမခံတဲ့ ပြဌာန်းချက် ပါရဲ့ လား ဟူ၍ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် ဤနှစ်ချက်စလုံးတွင် လစ်ဟာနေသည်။ ဘီဘီစီ တွင် ဆွေးနွေးချက်ကို ဤ လင့်ခ်တွင် နားဆင်နိုင်ပါသည်။ https://docs.google.com/file/d/0BzC8VZhwp11AVHZPSVplaTBNbm8/edit

စစ်ဘက်ဆိုင်ရာတရားရုံးများ သီးခြားဖွဲ့စည်းမှုကို ထည့်သွင်းပြဌာန်းထားသော အခါ တရားစီရင်ရေး လွတ်လပ်မှုသည် သုညအောက် အနုတ်လက္ခဏာအထိ ကျဆင်းသွားခဲ့ပြီ။ သီးခြားဖြစ်သော စစ်ဘက် ဆိုင်ရာ တရားရုံးတွင် အယူခံစီရင် ပိုင်ခွင့်အာဏာ ရယူထား သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်တပ်ကို ဦးဆောင်ကာ မည်မျှ ပြင်းထန်သော ပြစ်မှုကြီးများ ကျူးလွန် စေဦး ၄င်းကို မည်သည့်တရားရုံးကမျှ အရေးမယူနိုင်။၂၀၀၈ဖွဲ့စည်းပုံအောက်တွင် ၄င်းသည် ဥပဒေ၏ အထက် ၌ ရောက်လျှက်ရှိသည်။ ဤသည်ကို ရှင်းရှင်းကြီး သိပါလျှက် တရား စီရင်ရေးလွတ်လပ်မှုကို လူထုယုံမှားအောင် ပြောနေသော ဦးသိန်းစိန် သည် ကိုယ့်သိက္ခာကိုယ် ရှက်ဘို့ ကောင်းပါ သည်။

အောင်ထူး (ရှေ့နေ) (မဟာဝိဇ္ဇာ၊ လူ့အခွင့်အရေး)                                            ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ  ၂၃ ရက်


[i] Law making process

[ii] Transparency

[iii] Win Win situation

[iv] Legal issue
Aung Htoo facebook

တပ်မတော်အပေါ် သံယောဇဉ်ကြီးသော ဒေါ်စု

ဟာဝိုင်အီ မှာ ငြိမ်းချမ်းရေး အကြောင်းပြောရင်း တပ်မတော်အပေါ် သံယောဇဉ် ရှိတဲ့ အကြောင်း ပြောကြားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်
(ဟာဝိုင်အီ မှာ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အပေါ် သံယောဇဉ် ရှိတဲ့ အကြောင်း မပြောခင် ဒူဝါ အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ မှာ စာစု တခု ရေးခဲ့ပါတယ်။ အောက်မှာဖတ်ကြည့်ပါ။)

တပ်မတော်အပေါ် သံယောဇဉ်ကြီးသော ဒေါ်စု
by Duwa Kachin on Monday, 12 November 2012 at 21:22 ·

၁၉၈၈ ခုနှစ်လူထုအုံကြွမှု ဖြစ်ကတည်းက မြန်မာ့ နိုင်ငံရေး ဇာတ်ခုံပေါ်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီနေ့ ကမ္ဘာက အသိအမှတ်ပြုတဲ့ လူထုခေါင်းဆောင် နိုဘယ်လ် ငြိမ်ချမ်းရေး ဆုရှင် ဖြစ်ပါတယ်။ သူ့ရဲ့ ကျော်ကြားမှု နဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိမှု၊ အပေါ် မြန်မာလူထု တော်တော်များများက သိပ်နားမလည်ပါဘူး။ အထူးသဖြင့် တပ်မတော် ခေါင်းဆောင်တွေရဲ့ သြ၀ါဒ လုံလုံလောက်လောက် ခံယူဖူးတဲ့ ပြည်သူများ နဲ့ အွန်လိုင်းပေါ်မှာ တပ်မတော် နာမည်ဖျက်ပေးနေတဲ့ စစ်ခွေးများ ပိုနားမလည်ပါ။ နိုဘယ်လ်ဆု ပေးတာကို အနောက်တိုင်းသားတွေရဲ့ လက်ရုဏ်းအဖြစ် သွပ်သွင်းခြင်းလို့ တထစ်ချ မှတ်ချက်ပြုထား ခြင်းလဲ ခံရပါတယ်။ ဒါပေမယ့်၊ လူတွေ တော်တော်များများသတိမထားမိတာက ဒေါ်စုဟာ အနောက်တိုင်းသားများကြားတွင်သာ မကပဲ၊ အရှေ့တိုင်း ဒီမိုကရေစီ နိုင်ငံသားများကြားမှာလဲ ရေပန်းစားနေခဲ့သူပါ။


 ဘယ်တုန်းကမှ မြန်မာသတင်းနဲ့ ပတ်သက်ပြီး အကောင်းမရေးခဲ့တဲ့ ထိုင်းသတင်းစာ အချို့မှာတောင် ဒေါ်စု အကြောင်းကို ဝေေ၀ဆာဆာ ရေးပါတယ်။ ဂျပန် နိုင်ငံသားများ ဆိုရင် ခေတ်သစ် နာမည် “Myanmar” ဆိုတာ မသိပေမယ့်၊ အောင်ဆန်းစုကြည် ဆိုတဲ့ နာမည်ကိုတော့ လူတိုင်းသိပါတယ်။

 သူ ဘာဖြစ်လို့ နာမည်ကြီးရပါသလဲ….

 အကြမ်းမဖက်တဲ့ နိုင်ငံရေး လမ်းစဉ်ကြောင့်လို့ ပညာရှင်များက ဆိုပါလိမ့်မယ်။ မှန်ပါတယ်… အကြမ်းမဖက်ပဲ တပ်မတော်ခေါင်းဆောင်များကို ကမ္ဘာ့အလည်မှာ အရှက်ရအောင် ရဲရဲတောက် မိန့်ခွန်းတွေနဲ့ ထိုးနက်ခဲ့လို့ပါပဲ။ သူ ဘာဖြစ်လို့ အကြမ်းမဖက်တဲ့ လမ်းစဉ်ရွေးရပါသလဲ????

 ၁၉၈၈ ခုနှစ် လူထုအုံကြွမှု ဖြစ်တော့ ကျောင်းသား အများအပြား ပစ်သတ်ခံရပါတယ်။ တပ်မတော်ရဲ့ ရက်စက် ကြမ်းကျွတ်မှု သိပ်မမြင်ဖူးတဲ့ မြို့နေလူတန်းစားများ သီးမခံနိုင် လောက်တဲ့ အထိ ဆူညံသွားတော့၊ ပြည်သူဘက်ပါသော တပ်မတော်မှ အရာရှိတချို့ (ကျောင်းသား မိဘများ အပါအ၀င်) နဲ့ ကျောင်းသားများက စစ်အာဏာရှင် ကို လူထုအားနဲ့ အကြမ်းနည်း တိုက်ခိုက်ပြီး (ကဒါဖီမိသားစုကို လုပ်သလို)  ဖြုတ်ချဖို့ တီးတိုး တိုင်ပင်ခဲ့ကြပါတယ်။

 သို့သော်… ဒေါ်စု အဖြေက လုံးဝ “NO” ပါပဲ…. ဘယ်တုန်းကမှ သဘောမတူခဲ့ပါဘူး….. အဲဒီတုန်းက သူသာ မီးစိမ်းပြလိုက်ရင် လူထုအားလုံးပါဝင်ပြီး အားတက်သရောနဲ့ စောစော ပွဲသိမ်းသွားနိုင်သည်။ ဒေါ်စု လုံးဝ သဘောမတူခဲ့ပါဘူး။

 အကြောင်းကတော့…

 (၁) တပ်မတော်သည် သူ့ဖခင် တည်ထောင်ခဲ့သော အမွေ ဖြစ်သောကြောင့် တပ်မတော် ဖြိုခွင်းမဲ့ လမ်းစဉ် ဘယ်တော့မှ ရွေးမှာ မဟုတ်ပါ။

(၂) အဲဒီ အချိန်တုန်းက တပ်မတော် အားနည်းသွားရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အန္တရယ် ကြောက်ရခြင်း။

(၃) အိန္ဒိယမှာ ပညာသင်တုန်းက အကြမ်းမဖက်တဲ့ လမ်းစဉ် နဲ့ ပတ်သက်ပြီး၊ အသိကညာ ရထားခြင်း။

 ထို့ကြောင့် အကြမ်းမဖက် တဲ့လမ်းစဉ် အလုပ်မဖြစ်မှန်း သိသိကြီး နှင့် မျက်စိစုံမိတ် ရွေးခဲ့ခြင်း ဖြစ်နိုင်သည်။ အဲဒီအတွက်ကြောင့်ပဲ ဒီလိုကြမ်းတမ်းတဲ့ အခြေအနေမျိုးမှာ အကြမ်းမဖက်တဲ့ နည်းကို ရွေးခဲ့တဲ့ ဒေါ်စု ကို အနောက်နိုင်ငံသားတွေ မချီးကျူးပဲ မနေနိုင်တော့ပါ။ သူကတော့ အဖေ ဓါတ်ခံကြောင့် အသက် အန္ဒရာယ် မကြောက်ရပေမယ့်၊ ဘယ်လိုမှ ရွေးချယ်စရာ လမ်းမတွေ့ခဲ့တဲ့ ကျောင်းသား အများအပြားတော့ ခိုကိုးရာမဲ့ ဖြစ်သွားပြီး၊ တော်ခိုသွားရရှာသည်။ အဲဒီအကြောက်တရားကိုပင် စာတမ်းပြုစုပြီး နိုဘယ်လ်ဆု ရခဲ့လေသည်။

 အခုဆိုရင် အဲဒီ မျိုးချစ် ကျောင်းသားများမှာတော့ နာမည်ပျက်စာရင်းထဲ အထည့်ခံရမည့် ပုံစံ ဖြစ်သွားလေပြီ။ သို့သော်.. တောခိုသွားတဲ့ ကျောင်းသားများ ကိုတော့ ဘယ်တုန်းကမှ မှားတယ် လို့ ထုတ်မပြောပါ။ ဝေဖန်ခြင်းမျိုးလဲ မလုပ်ပါ။ လုပ်သင့်လုပ်ထိုက် လို့လုပ်တယ် လို့တော့ မြင်ထားပုံပေါ်လေသည်။

 အဲဒီ တောခိုကျောင်းသားများကို တပ်မတော်က အခုထိ အလွတ်မထားပေ၊ အခွင့်အခါကြုံရင် ကြုံသလို ထိုးနက်နေဆဲရှိသေးသည်။ ဥပမာ- မြောက်ပိုင်း လူသတ်မှု ဆိုပြီး ဖွ ၍ ကျောင်းသားများ၏ စွန့်လွတ် စွန့်စားခဲ့သော အမှတ်တရများကို မှေးမှိန်အောင် ကြိုးစားနေတုန်းဖြစ်သည်။

 တကယ်တော့ ဒေါ်စုသာ တပ်မတော်အပေါ် သံယောဇဉ် မထားခဲ့လျှင် မြန်မာ နိုင်ငံရဲ့ သမိုင်းဟာလဲ တမျိုးတဖုံ ဖြစ်သွားနိုင်သည်။ အာဏာရှင်ပြုတ်မလား… နိုင်ငံပြိုကွဲမလား… တခုခု တော့ ဖြစ်မှာမလွဲပါ။

 ဒေါ်စုသည် လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလုံးမှာ နှလုံးသား နှစ်ဖက် နှင့် ဗျာများခဲ့ရသည်။ တစ်ဖက်မှာ သူသံယောဇဉ်ကြီးသော တပ်မတော်၊ တစ်ဖက်မှာ ပြည်သူ… ဒါပေမယ့် တပ်မတော်သားတွေက ဒေါ်စုကို နားမလည်ပါ။ တပ်မတော် ခေါင်းဆောင်များကို ဝေဖန်တာကို တပ်မတော်ကို တိုက်ခိုက်တယ် လို့ ထင်ထားပုံရသည်။ တပ်မတော် ကို အဆင့်မြင့်၊ သိက္ခာရှိ စေချင်တဲ့ သူ့ရဲ့ စေတနာကို တပ်မတော်သား များသိပ်နားမလည်ခဲ့ပါ။ ပိုဆိုးတာက အာဏာရှင်မိသားစုများက သူတို့ရဲ့ အားနည်းချက်ကို ထောက်ပြတိုင်း တပ်မတော် အမည်နာမ နဲ့ ရောသမ လိုက်ခြင်းပင် ဖြစ်သည်။

 ဒေါ်စု ဝေဖန်တာ လူပုဂ္ဂိုလ် (တပ်မတော် ခေါင်းဆောင်များ)၊ ဒါပေမယ့် သူတို့ ပြန်ပြီး ချေပ တာက တပ်မတော် တခုလုံးကိုယ်စား ဖြစ်နေခဲ့သည်။ နောက်ဆုံးတော့ တပ်မတော်ကို သံယောဇဉ်ကြီးရှာတဲ့ သူက တပ်မတော်ရဲ့ အကြီးစား ရန်သူကြီး ဖြစ်သွားလေသည်။

ဒီအကြောင်းချင်းရာများကို သိနေသူများမှာ အနောက်နိုင်ငံသားများ ဖြစ်သည်။ တပ်မတော် စစ်ခွေးများတော့ အခုထိ ဒေါ်စု အပေါ် ရန်သူလို ပြောကြ၊ ဝေဖန်ကြတုန်း ရှိသေးသည်။ တကယ်တော့ ဒေါ်စု နိုဘယ်လ်ငြိမ်းချမ်းရေး ဆု ရခြင်းသည်၊ တပ်မတော်ကို သံယောဇဉ်ကြီးရာက ဖြစ်လာခဲ့သော ရလဒ်ဖြစ်သည်၊ ဆိုရင် မှားမယ် မထင်ပါ။ ဒါကြောင့်လဲ တပ်မတော် အရာရှိများ အချိန်အကြာကြီး စံစားခဲ့ရတယ် ဆိုတာကိုလဲ ခရိုနီများပင် နားမလည်ခဲ့ပါ။

 အမှန်ဆိုရင်… အွန်လိုင်းပေါ်မှာ ဒေါ်စုကို နှမေ၊ နှမ နဲ့ ဆဲနေသော စစ်ခွေးများ နဲ့ တပ်မတော်ခေါင်းဆောင်များ သူတို့ကို ဒီလိုအခွင့်အရေးပေးခဲ့တာကို ကျေးဇူးတင်သင့်တာပါ။ မဟုတ်ရင် ကဒါဖီ လို စောစော ဇာတ်သိမ်းရမဲ့ လူတွေပါ။

မူရင်း Note
http://www.facebook.com/notes/duwa-kachin/%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%A1%E1%80%B1%E1%80%95%E1%81%9A-%E1%80%9E%E1%80%B6%E1%80%B1%E1%80%9A%E1%80%AC%E1%80%87%E1%80%A5%E1%80%B9%E1%82%80%E1%80%80%E1%80%AE%E1%80%B8%E1%80%B1%E1%80%9E%E1%80%AC-%E1%80%B1%E1%80%92%E1%81%9A%E1%80%85%E1%80%AF/368539946572184

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .