Social Icons

Wednesday, October 31, 2012

အစိုးရ သဘောတူညီချက်များ ပျက်ကွက်

မြန်မာ အစိုးရသည် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အတိုင်း လိုက် နာရန် ပျက်ကွက်ကြောင်း ကရင်နီ အခြေပြု လူမှုအသင်းအဖွဲ့များ ကွန်ရက်(KCSN) အဖွဲ့က ပြောကြားလိုက်သည်။
KNPP နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ကယားပြည်နယ် လွိုင်ကော်မြို့တွင် မတ်လ ၇ ရက်နေ့က သဘောတူလက်မှတ် ရေးထိုးစဉ် (ဓာတ်ပုံ – ကန္တာရဝတီတိုင်းမ်)
(irrawaddy)ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် “မြန်မာ အစိုးရနှင့် KNPPတပ်ဖွဲ့တို့ အကြား ၆ လတာ အပစ်အခတ် ရပ်စဲရေး လုပ်ငန်း အပေါ် သုံးသပ်ချက်” အစီရင်ခံစာ ထုတ်ဝေသည့် သတင်းစာ ရှင်းလင်းပွဲ၌ KCSN အဖွဲ့က ပြောကြားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က အစိုးရနှင့် KNPP အဖွဲ့တို့ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးရာတွင် သဘောတူညီမှု ရရှိထား သည့် ၁၄ ချက် အထဲမှ တချို့အချက်ကို ပျက်ကွက်ခြင်း ဖြစ်ကြောင်း သိရသည်။
အစိုးရ အနေနှင့် နှစ်ဖက်တပ်များ သွားလာရာတွင် ကြိုတင် အသိပေးခြင်း၊ စစ်လေ့ကျင့်ရေး သင်တန်းကျောင်း တည်ဆောက်ရေး စီမံကိန်းနှင့်ပတ်သက်၍ KNPP တပ်ဖွဲ့များနှင့် ပူးပေါင်း လုပ်ဆောင်ခြင်း၊ ရွာသစ် ရေကာတာ စီမံကိန်းကို လူမှုအဖွဲ့အစည်းများအား လေ့လာ စောင့်ကြည့်ခွင့်ပြုခြင်း စသည်တို့ကို သဘောတူခဲ့ကြသော်လည်း လက်တွေ့တွင် ကွာခြားချက်များ၊ တားဆီးမှုများ ရှိကြောင်း KCSN အဖွဲ့မှ ခူးတော်ရယ် က ပြောသည်။
“သဘောတူညီချက်ထဲမှာက ဒီစီမံကိန်းတွေကို ပွင့်ပွင့် လင်းလင်း လူသိ သူသိအောင်၊ လေ့လာလို့ရအောင် အဲဒီလိုခွင့်ပြုတယ်၊ ဆိုတော့ သဘောတူညီချက်က စာရွက်ပေါ်မှာပဲ ရှိတယ်၊ လက်တွေ့ သွားတဲ့အခါ မရဘူး”ဟု ၎င်းက ဆိုသည်။
တရုတ်ကုမ္ပဏီနှင့် တည်ဆောက်မည့် ယင်း ရွာသစ် ရေကာတာ စီမံကိန်းတည်ရှိရာ ဒေသသို့ KNPP နှင့် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများထံ ခွင့်တောင်း၍သွားသော်လည်း လုံခြုံရေး တာဝန်ယူထားသည့် နယ်မြေခံ အစိုးရတပ်ဖွဲ့ဝင်များက ခွင့်မပြုခဲ့ကြောင်း ခူးတော်ရယ်က ဆက်ပြောသည်။
“သွားခွင့်မရတာကတော့ သူတို့ နယ်မြေခံ စစ်တပ်နဲ့ မဆိုင်ဘူး၊ ကျနော်တို့ကို လာတွေ့တဲ့ ဗိုလ်မှူးကတော့ စကား ချိုချိုသာသာပဲ ပြောတယ်၊ ဒါပေမယ့် သွားခွင့်ရမယ် မရဘူး အထက်ကို တင်ပြမယ် လို့ပြောတယ်၊ ဒါပေမယ့် သွားလို့ မရတာ အထက်နဲ့ ဆိုင်တယ်လို့ နားလည်တယ်”ဟု ၎င်းက ရှင်းပြသည်။
ရှမ်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းစိုင်းကလည်း“အကယ်၍ လူထု အဖွဲ့အစည်းအနေနဲ့ သွား ကြည့်မယ် ဆိုရင် ကျနော့်အနေနဲ့ သေချာတာကတော့ တရုတ်က လုပ်နေတဲ့ စီမံကိန်းတွေ အားလုံး လုပ်ထုံလုပ်နည်း အရ မလိုက်နာဘူး၊ အဲဒါကြောင့် မပေးဝင်ချင်တာ ပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
ရွာသစ် ရေကာတာ စီမံကိန်းသည် ဘော်လခဲမြို့နယ် အနီး သံလွင်မြစ်ပေါ်တွင် တည်ရှိပြီး တရုတ်နိုင်ငံ ဒါးတန်း ကော်ပိုရေးရှင်း (Datang Corporation)နှင့် မြန်မာအစိုးရတို့ ပူးပေါင်း၍ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်နိုင်မည့် အစီအစဉ် ဖြစ်ကြောင်း သိရသည်။
ဒါးတန်း ကော်ပိုရေးရှင်းသည် ကုလသမဂ္ဂ၏ Global Compact ခေါ် ကမ္ဘာတ၀န်းလုံးက သဘောတူလက်ခံထား သည့် လူ့အခွင့် အရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် လုပ်အားစံနှုန်းများ စသည့် မူဝါဒများကို လက်ခံလိုက်နာမည်ဟု လက်မှတ်ရေး ထိုး၍ အဖွဲ့ ၀င်ထားသော စီးပွားရေးလုပ်ငန်း ကုမ္ပဏီတခု ဖြစ်သည်ဟု သတင်းများက ဆိုသည်။
သဘောတူချက်တွင် ပါဝင်သည့် အစိုးရ တပ်ဖွဲ့ဝင်များ သွားလာရေး ကိစ္စနှင့် ပတ်သက်၍လည်း KNPP တပ်ဖွဲ့ဝင်များအား ကြိုတင် သတင်းပေးခြင်း မရှိသည့်အတွက် KNPP ထိန်းချုပ်နယ်မြေတွင် ဇွန်လ ၂၇ ရက်နေ့က တိုက်ပွဲများ ဖြစ်ပွားခဲ့သေးကြောင်း KCSN အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစိုးရနှင့် KNPP အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရရှိထားသော်လည်း လူထူအကြား ဖြစ်ပေါ်နေသည့် အခြေ အနေမှန်များကို သိရှိရန်နှင့် မြန်မာနိုင်ငံအတွင်း စစ်မှန်သော ငြိမ်းချမ်းရေး ဖြစ်ပေါ်လာစေရန် အတွက် ရည်ရွယ်ပြီး KCSN က ယင်း အစီရင်ခံစာကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။
KCSN အဖွဲ့ အနေနှင့် သဘောတူညီချက်များ အတိုင်း ထိန်းသိမ်းလိုက်နာရန် အစိုးရကို တောင်းဆိုထားသည်။
KNPPမှ အတွင်းရေးမှူး (၁) ခူးဦးရယ်ကလည်း အစိုးရအနေနှင့် သဘောတူညီချက် တချို့ကို ပျက်ကွက်ကြောင်း တွေ့ရှိရပြီး အစိုးရနှင့် ထပ်မံတွေ့ဆုံသည့်အခါ ၎င်းကိစ္စများကို အခြေခံ၍ ဆက်လက် ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း ပြောသည်။
“သူတို့ဘက်က တာဝန်ခံမှုတွေ မရှိဘူး၊ ဥပမာ ရွာသစ် စီမံကိန်းလိုမျိုး၊ နောက် စစ်လေ့ကျင့်ရေး စီမံကိန်းလိုမျိုး၊ နောက်ပြီးတော့  မူးယစ်ဆေးဝါး ကိစ္စတွေမှာလည်း ပူးပေါင်းဆောင်ရွက်မယ်၊ တနစ်တကျ ပြင်ဆင်မယ်၊ နောက် ပြန်လည် ထူထောင်ရေး လုပ်ငန်း ကိစ္စတွေမှာလည်း သူတို့ဘက်က လျော့ရဲရဲပဲလို့ ကျနော်တို့ဘက်က အဲဒီလိုပဲ မြင်တယ်”ဟု ခူးဦးရယ်က ဆက်ပြောသည်။
အစိုးရနှင့် KNPP တပ်ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး နှစ်ဘက် သဘောတူ စာချုပ်ကို ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကပြည်နယ်အဆင့် လက်မှတ်ရေးထိုးခဲ့ပြီး ဇွန်လ ၉ ရက်နေ့တွင် ပြည်ထောင်စု အဆင့် ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
KNPP တပ်ဖွဲ့အနေနှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင်  တောင်းဆိုထားသည့် အချက် ၂၀ မှ ၁၄ ချက်သာ သဘောတူညီ၍ လက်မှတ် ရေးထိုးခဲ့သည်။
ကျန်နေသော အချက် ၆ ချက်မှာ စစ်ဘက်ဆိုင်ရာ ကိစ္စများ ဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီနှင့် ထပ်မံ ဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။
KNPP သည် ၁၉၉၅ ခုနှစ်က ယခင် စစ်အစိုးရ လက်ထက်တွင် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ၃ လခန့် အကြာ အစိုးရ တပ်နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် ဂျာပူ၌ တိုက်ပွဲဖြစ်ပွား

အောက်တိုဘာ (၃၁) ဗုဒ္ဓဟူး
(JP Kasa)ကချင်ပြည်နယ် ကေအိုင်အိုအစိုးရကိုယ်စားလှယ်များနှင့် ဗမာအစိုးရ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးနေစဉ် ကချင်ပြည်နယ် ကေအိုင်တပ် တပ်မဟာ (၅) နယ်မြေဖြစ်သော မြစ်ကြီးနား - ဗန်းမော်လမ်း ဂျာပူတွင် ဗမာစစ်သားများ၏ ထိုးစစ်ဆင်လာမှုကြောင် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ၏ ခမရ (၃၂၁) တပ်ရင်များနှင့် အောက်တိုဘာ (၃၀) ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရသည် ယခုကဲ့သို့ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်တွင်ပြင် ရှေ့တန်းသို့ စစ်အင်းအားများ အလုံးအရင်း ပို့ဆောင်နေခြင်းသည် အမှန်တကယ် ငြိမ်းချမ်းရေး လိုလားခြင်း မဟုတ်ကြောင်း ကမ္ဘာကို လိမ်ရန်သက်သက်သာဖြစ်ကြောင်း ကချင်ပြည်သူများမှ မှတ်ချက် ပေးလာကြပါသည်။ ဤစစ်ပွဲတွင် ဗမာအစိုးရစစ်တပ်ဘက်မှ (၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

ရခိုင်ဒေသ ပဋိပက္ခ ကြိုးကိုင်သူများ စုံစမ်းစစ်ဆေး နေပြီ

စစ်တွေတွင် လုံခြုံရေးယူနေသည့် ရဲတပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၂၇ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
(irrawaddy)ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် ဖြစ်ပွားသည့် ပဋိပက္ခများ၌ နောက်ကွယ်မှ ကြိုးကိုင်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ကို ဖော်ထုတ်ရန် စုံစမ်း စစ်ဆေးမှု လုပ်ဆောင်နေပြီဟု သိရသည်။
ရခိုင်ဒေသ ပဋိပက္ခနှင့်ပတ်သက်ပြီး နောက်ကွယ်မှ ကြိုးကိုင်သူများသည် ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်း တချို့နှင့် လူပုဂ္ဂိုလ် များက လုပ်ဆောင်နေကြောင်း သတင်းအမျိုးမျိုး ထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က တရားဝင် ထုတ်ဖော်ကြေညာရန် အချိန်မတန်သေးကြောင်း ဧရာဝတီကို ပြောသည်။
“ကြိုးကိုင်မှုတချို့ တွေ့ရှိထားတာတော့ရှိပါတယ်၊ ဒါပေမယ့် စုံစမ်းဖော်ထုတ်ဆဲ ဖြစ်လို့ ဘယ်သူ၊ ဘယ်ဝါ ဆိုတာကို တရားဝင် ကြေညာလို့မရသေးပါဘူး၊ စုံစမ်းဖော်ထုတ်ပြီးရင် အားလုံး ရှင်းရှင်းလင်းလင်းဖြစ်အောင် ကြေညာမယ်၊ ဘာမှ ကွယ်ဝှက် ထား စရာ မရှိပါဘူး”ဟု ၎င်းက ဆိုသည်။
ဇွန်လဆန်းမှ စတင်၍ လက်ရှိအချိန်အထိ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့် သေဆုံးသူ ၁၇၀ ၀န်းကျင်၊ ဒဏ်ရာရသူ ၂၀၀ ကျော်၊ လူနေအိမ် ၈၀၀၀ ၀န်းကျင်၊ ဘုန်းကြီးကျောင်း ၂၀ ခန့်၊ စာသင်ကျောင်း ၅ ကျောင်း၊ ဗလီ ၁၈ ခု ပျက် စီးသွားကြောင်း အာဏာပိုင်အဖွဲ့ စာရင်းများအရ သိရသည်။
လူသေဆုံးမှု၊ ဒဏ်ရာရမှု၊ ပျက်စီးဆုံးရှုံးများ ဖြစ်ပေါ်ခဲ့ရသည့် ပဋိပက္ခများဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေး ကော် မရှင် ၂ ခု ဖွဲ့စည်း ထားသော်လည်း ယနေ့အထိ စစ်ဆေးတွေ့ရှိမှုများအား တရားဝင် ကြေညာခြင်း မရှိသေးပေ။
သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ရခိုင်ဒေသပြဿနာသည် ရာဇ၀တ်မှုများ ဖြစ်ကြောင်း၊ ရာဇ၀တ်မှု ဖော်ထုတ်ရာတွင် မည်သူမည်ဝါဖြစ်ကြောင်း ကြိုတင်ထုတ်ဖော်ပြောဆိုမှု မရှိကြောင်း၊ ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ ဖွဲ့စည်းထားသော စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာတစောင်ကိုလည်း သမ္မတထံ တင်ပြထားပြီး ဖြစ်ကြောင်း ပြောဆိုသည်။
တောင်ကုတ်မြို့၌ ဇွန်းလဆန်းက လူ ၁၀ ဦးအသတ်ခံမှုနှင့်ပတ်သက်၍လည်း ဆက်နွယ်ပတ်သက်သူတချို့ တွေ့ရှိထားပြီး ဖြစ် ကြောင်း၊ စုံစမ်း စစ်ဆေးမှု အားလုံးပြီးစီးသွားပါက ပြည်သူကို ကြေညာပေးသွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။
ထိုအမှုကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော် မတီ တခုကို နိုင်ငံတော် သမ္မတ အမိန့်ဖြင့် ဖွဲ့စည်းပေးထားပြီး ရခိုင်ပြည်နယ် တခုလုံး၏ ပဋိပက္ခကို စုံစမ်းစစ်ဆေးရန် အလွှာပေါင်းစုံမှ အဖွဲ့ဝင် ၂၇ ဦး ပါဝင်သည့် စုံစမ်းစမ်းရေး ကော်မရှင် တခုကိုလည်း ဖွဲ့စည်းထားသည်။
ရခိုင်ပဋိပက္ခ တဖြည်းဖြည်း ကြီးထွားသွားခြင်းသည် အင်တာနက် လူမှု ကွန်ရက် စာမျက်နှာများ၌ ဘာသာရေး၊ လူမျိုးရေးကိစ္စများကို ၀ါဒဖြန့် ပြောဆိုမှုများ ပါဝင်ကြောင်း ဝေဖန်မှုများလည်း ရှိသည်။
လတ်တလော ပဋိပက္ခများကြောင့် နှစ်ဘက်စလုံးမှ ဒုက္ခသည် ၃၀၀၀၀ ကျော်ရှိကြောင်း၊ အများစုမှာ မွတ်စလင်များ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်များက ဆိုသည်။ ထိုဒုက္ခသည်များ အတွက် အကူအညီများ လိုအပ်နေကြောင်းလည်း ရခိုင်ပြည် နယ် အစိုးရအဖွဲ့၏ ပြောခွင့်ရသူ ဦးဝင်းမြိုင် က ဧရာဝတီ ကို ပြောသည်။
“လောလောဆည်တော့ ပထမအကြိမ်ဖြစ်တုန်းက စုဆောင်းထားတဲ့ ပစ္စည်းတွေ၊ ရွက်ဖျင်တဲတွေနဲ့ နေရာချပေးထားတယ်၊ ရေ ရှည်အတွက်တော့ အကူအညီတွေလိုအပ်မှာ”ဟု ၎င်းက ဆိုသည်။
တကျော့ပြန် ရခိုင်ပဋိပက္ခသည် မင်းပြားမြို့မှ စတင်ခဲ့ပြီး မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ကျောက်တော်၊ ပေါက် တော၊ ရမ်းဗြဲ စသည့် မြို့နယ်များသို့ ကူးစက်သွားကာ ရခိုင်ဒေသခံများနှင့် မွတ်စလင်များ အကြား အပြန်အလှန် မီးရှို့မှု၊ တိုက်ခိုက်မှုများကြောင့် ဒဏ်ရာ ရသူအများ အပြားလည်း ရှိသည်။
ရခိုင်ပဋိပက္ခ လုံးဝ တည်ငြိမ်သွားခြင်းမျိုး မရှိသေးဘဲ ရမ်းဗြဲမြိုနယ် ကျောက်နီမော် အရပ်၌ မွတ်စလင်များအား သီးသန့် နေရာ ချ ထားပေးရန် ယနေ့ နံနက်တွင် လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်မှု ပြုလုပ်သည်ကို လုံခြုံရေး တပ်ဖွဲ့က ပစ်ခတ်လူစုခွဲရာ လူ တဦး သေဆုံးပြီး တဦးဒဏ်ရာ ရသွားကြောင်း သိရသည်။
ပဋိပက္ခ ရုတ်တရက် ကြီးထွားသွားရခြင်းသည် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ၏ လုံခြုံရေး အစီအစဉ် အားနည်းခြင်း နှင့် တာဝန်ယူမှု ပျက်ကွက်ခြင်း၊ ပဋိပက္ခဖြေရှင်းသည့် စစ်တပ်သည်လည်း မိုးပေါ်ထောင်၍ ခြောက်လှန့် ပစ်ခတ်ရမည့် အစား လူကိုပစ်မှတ်သဖွယ် ပစ်ခတ်၍ သေဆုံးသူ များရခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ပြောဆိုကြသည်။
ထိုသို့ ပစ်ခတ်မှုများ အတွက် စစ်တပ်အရာရှိများနှင့် တာဝန်ရှိသူများကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဟု ကျောက်တော်နှင့် ရသေ့တောင် ဒေသခံများကလည်း ဧရာဝတီ ကို ပြောသည်။
ပြည်နယ်အစိုးရနှင့်သမ္မတရုံး အဖွဲ့တို့ကမူ စစ်တပ်က ပစ်ခတ်မှုရှိလျှင်လည်း ဥပဒေအတိုင်း လိုအပ်ချက်အရ ပစ်ခတ်မှု ရှိနိုင်ကြောင်း တုံ့ပြန် ပြောဆိုသည်။ လူသေသည့် ပစ်ခတ်မှုကို ဒေသဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ထားကြောင်း သိရသော်လည်း မည်သို့ အရေးယူမည်ကို မသိရသေးပေ။
ဇွန်လအတွင်း စတင်ခဲ့သော ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်မှ မြို့နယ်အများစုကို ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ရခိုင်တပြည်လုံးကိုလည်း အရေးပေါ် အခြေအနေ ကြေညာထားခြင်းကို ရုပ်သိမ်းမှု မရှိသေးပေ။
အစိုးရသတင်းစာများတွင်လည်း စစ်တပ်ကပစ်ခတ်ခြင်းမဟုတ်ဘဲ လူစုလူဝေးအချင်ချင်းမှားယွင်းပစ်ခတ်ခြင်းကြောင့် ကျောက် တော်မြို့၌ လူ ၄ ဦး သေဆုံးကြောင်း၊ လူစုလူဝေးများထံမှ တူမီးသေနတ် စုစုပေါင်း ၇၁ လက် သိမ်းဆည်းရမိကြောင်း အောက် တိုဘာ၂၉ ရက်နေ့က ရေးထားသည်။
ထို့ကြောင့် ရခိုင်ဒေသ၌ လက်ရှိတွင် လုံခြုံရေး အင်အားတိုးချထားကြောင်း၊ ရခိုင်ဒေသ ပဋိပက္ခသည် သာမန်ဖြစ်ရိုး ဖြစ်စဉ် တခု မဟုတ်ဘဲ အမျိုးသားလုံခြုံရေးနှင့် သက်ဆိုင်ကြောင်း၊ ထို့ကြောင့် စနစ်တကျကိုင်တွယ်၍ ဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြောခွင့်ရသူက ဆိုသည်။
လက်ရှိတွင်လည်း ဆူပူအကြမ်းဖက်မှုများနှိမ်နင်း ဖြိုခွင်းရန်အတွက် မျက်ရည်ယိုဗုံးများ အပါအ၀င် အဓိကရုဏ်း နှိမ်နင်ရေး လက်နက် ကိရိယာများ လုံလောက်စွာ ဖြန့်ဖြူးပေးထားကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အား ၅၀၀၀ ကျော်၊ နယ်စပ် ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး(နစက) တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်နှင့် တပ်မတော် တပ်ရင်း ၅၁ ရင်းတို့ကို လုံခြုံရေး ချပေးထားကြောင်း သမ္မတရုံး ပြောခွင့်ရသူ က ပြောဆိုသည်။
တကျော့ပြန် ဖြစ်ပွားသည့် ဆူပူအကြမ်းဖက်မှုကြောင့် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကိုနစ်နာစေသဖြင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် ဒေသခံ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း တည်ငြိမ်ရေး ကို ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဟု နိုင်ငံတော် သမ္မတရုံးက အောက်တိုဘာ ၂၅ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန် ထားသည်။
ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားမှုများ ရှိနေကြောင်း သိရှိရသည့် အတွက် ဖော်ထုတ်ပြီး ဥပဒေနှင့် အညီ အရေးယူသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထား သကဲ့သို့ တောင်ကုတ်မြို့၌ ဇွန်လဆန်း က လူ ၁၀ ဦး အသတ်ခံရမှု ကိစ္စတွင်လည်း နောက်ကွယ်မှ ပါဝင်ပတ်သက်သူ တချို့ရှိသည်ဟု အစိုးရက ပြောဆိုခဲ့သေးသည်။

တိုင်းရင်းသား လုပ်ငန်းရှင် ကုမ္ပဏီ ၄၀၀ ခန့် မှတ်ပုံတင် ခွင့်ပြု

(irrawaddy)တိုင်းရင်းသားလုပ်ငန်းရှင်များ လုပ်ကိုင်မည့် ကုမ္ပဏီ ၃၇၅ ခုကို အောက်တိုဘာ ၁ ရက်မှ ၂၃ ရက်အတွင်း ကုမ္ပဏီ မှတ်ပုံတင်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ ထို ကုမ္ပဏီများသည် ဆောက်လုပ်ရေး၊ သွင်းကုန်၊ ၀န်ဆောင်မှု ၊ ခရီးသွား စသည့်လုပ်ငန်းများကို လုပ် ကိုင်ကြမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် က ထုတ်ပြန်ထားကြောင်း အစိုးရ သတင်းစာ များတွင် ဖော်ပြသည်။ အောက်တိုဘာလ အတွင်း တိုင်းရင်းသား ကုမ္ပဏီ ၄၀၀ ခန့် ခွင့်ပြုပြီး ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင် တာဝန်ရှိသူ တဦး က ပြောဆိုသည်ဟုလည်း ပါရှိသည်။

Internet Download Manager hpe gumhpraw n ma ai sha Register galaw ga.

Ngai gaw IT hpaji hte seng ai hpe kung kyang ai blogger gaw n rai mali ai. Raitim, ndai Internet Download Manager hte seng ai hpe googling galaw ai shaloi mu tam la ai majaw, manang ni yawng a matu Jinghpaw hku ga gale nna share dat nngai.
Ndai gaw Internet Download Manager hpe trial version hku lang ngut mat nna, upgrade bai n mai galaw mat sai ni a matu rai mali ai. Ladat gaw ndai hku re.
Step: 1) Shawng ningnan Internet Download Manager(IDM) software hpe Ndai Kaw download galaw la u. Download manager n nga ai ni gaw, Ndai Kaw install shawng download galaw nna download mai galaw la ai hku re.
Step: 2) Nang IDM lu ngut nna, nang lang ai version hpe grai ra yang gaw, upgrade hkum galaw yaw.
Step: 3) Ya gaw Menu bar kaw na Registration nga ai kaw click dat u.
Step: 4) Nang dai kaw click ngut ai hte Window kasha langai mi pru wa nna, nang na First Name, Last Name, Email Address hte Serial Key nga ai ni hpe hpyi na ra ai. (Sumla kaw yu ga.)
idm registration for  full
Sumla kaw na zawn pru wa na ra ai.
Step: 5) Nang na First Name, Last Name hte Email address ni bang u.
Step: 6) Serial Key shara kaw, lawu de na Serial Key ni kaw na nang ra ai langai hpe bang dat u.
     RLDGN-OV9WU-5W589-6VZH1
     HUDWE-UO689-6D27B-YM28M
     UK3DV-E0MNW-MLQYX-GENA1
     398ND-QNAGY-CMMZU-ZPI39
     GZLJY-X50S3-0S20D-NFRF9
     W3J5U-8U66N-D0B9M-54SLM
     EC0Q6-QN7UH-5S3JB-YZMEK
     UVQW0-X54FE-QW35Q-SNZF5
     FJJTJ-J0FLF-QCVBK-A287M
Step: 7) Lahta kaw na yan langai ngai hpe nang lata bang ngut ai hte, OK kaw click dat u. Nang OK kaw click ngut ai hte, Nang gaw n jaw ai Serial Key hte IDM account hpe Register galaw taw ai lam madun ai laika madun wa na mara ai.
fake serial idm exiting
Sumla kaw na zawn N jaw ai serial key hte account galaw nga ai lam tsun na ra ai.
Ok, dai hku nga yang hacking kaja wa galaw saga.
Step: 8) Nang na computer kaw na “C:” drive de sa u. Dai kaw “Windows” folder de shang nna, “System 32″ nga ai de bai sa u. Dai kaw na “Drivers” folder de bai sa nna, “Etc” folder de bai shang u.
Shi na gaw ndai hku rai na re. C:\Windows\System32\drivers\etc <— Dai hpe copy galaw di address bar kaw bang yang du mayu ai folder de kalang ta du na ra ai. :P
Step: 9) “Etc” folder kaw “hosts” nga ai file hpe mu na ra ai. Dai file hpe notepad hte hpaw dat u.
Ya gaw lawu na code ni hpe copy galaw nna sumla kaw na zawn bang dat u.
127.0.0.1 tonec.com
127.0.0.1 www.tonec.com
127.0.0.1 registeridm.com
127.0.0.1 www.registeridm.com
127.0.0.1 secure.registeridm.com
127.0.0.1 internetdownloadmanager.com
127.0.0.1 www.internetdownloadmanager.com
127.0.0.1 secure.internetdownloadmanager.com
127.0.0.1 mirror.internetdownloadmanager.com
127.0.0.1 mirror2.internetdownloadmanager.com
hosts editing for idm
Sumla kaw madun da ai hku code ni hpe copy/paste galaw ga.
Step: 10) Lahta na code ni hpe copy galaw ngut yang, notepad hpe save galaw nna dai kaw na exit mai galaw sai.
Bai ya gaw lahta kaw na step 3 kaw na 6 du hkra kalang bai galaw u. Dai ngut ai hpang nang na computer hpe Rebot shing n rai Restart galaw dat u. Nang na computer hpe Rebot shing n rai, Restart galaw ngut ai hpang gaw, nang na Internet Download Manager gaw full version byin taw nna, Register galaw na matu hpyi sana n re.
Ndai ram sha rai mali ai. Ngai gaw Ndai Shara kaw na hpe Jinghpaw hku ga gale da ai re. English hku ka ai hpe ra sharawng ai, shing n rai kaga Internet hte seng ai tips ni ra ai rai yang, Ndai Link kaw sa dat u yaw.
Manang ni yawng akyu rawng na re ngu kam ai. (John Htingnan)

Tuesday, October 30, 2012

Windows 7 SP1 104-in-1 LEGO

 

(Arkaphyo)

win 7 SP 1 104 in 1 တဲ့ဗျာ တစ်ခါဒေါင်းထားပြီးရင် ကြိုက်တာသာ တင်ပေတော့ ဟိဟိ

Download (1 link Only)

My Memory Monitor 1.02 + Portable | 1.21/1.12 Mb

My Memory Monitor 1.02 + Portable

(Arkaphyo)
My Memory Monitor 1.02 + Portable | 1.21/1.12 Mb


My Memory Monitor shows physical memory usage in real time in the systray area and on screen. You can also view the top 10 processes which use the most ram by right clicking on the window or on systray icon.

myportablesoftware.com

DownLoad
My Memory Monitor 1.02
Turbobit


My Memory Monitor 1.02 Portable


Turbobit

SMPlayer 0.8.1.4650 + Portable | 16.72/18.1 Mb

SMPlayer 0.8.1.4650 + Portable
(Arkaphyo)

SMPlayer 0.8.1.4650 + Portable | 16.72/18.1 Mb


SMPlayer is a complete media player for Windows and Linux. It uses the award-winning MPlayer as playback engine which is capable of playing most video and audio formats (avi, mkv, wmv, mp4, mpeg... see list). It uses its own codecs, so you don't need to install any codec packs. You can also play DVD discs and Internet streams, supports an impressive list of features and options.

The list of supported formats encompasses both major audio and video codecs and does a good job of trying to differentiate itself from the competition. One of the best features is that the player will remember your settings per video, so if you quit the app in the middle of playing, it'll restart it with the exact same settings as before.

Subtitles are fully customizable, including color, font, and size, and it can stream in content from the Internet. The app also works on both Windows and Linux, and it's supported in more than 20 languages. There's also a karaoke filter, so you can remove the audio track.

smplayer.org

DownLoad
SMPlayer 0.8.1.4650
Turbobit

SMPlayer 0.8.1.4650 Portable

Turbobit

Xilisoft YouTube Video Converter v3.3.3.20121025 Full Activation | 23 Mb



(Arkaphyo)

Xilisoft YouTube Video Converter is a powerful YouTube video downloader & YouTube video converter to download YouTube video from YouTube.com, and convert YouTube video to AVI, MPEG, MP4, 3GP, DivX, XviD. With Xilisoft YouTube Video Converter, you can easily download and convert YouTube videos, and play them on your PSP, iPod, iPhone, Apple TV, Zune, mobile phone, etc.

Key features:
» Support downloading YouTube videos by the proxy server set in the program itself.
» Provide lots of classified profiles with all the parameters optimized for different multimedia devices.
» The built-in browser lists YouTube videos by categories and allows you to search for videos.
» Allow you to browse YouTube videos in IE, and directly download and convert YouTube videos from IE right-click menu.
» Adjust resolution, video quality, audio quality, channel and more parameters for customization.
» Allow you to view tasks in table or icon list, and sort them by file size, name, output format, output path and task status.
» As a YouTube video downloader + converter, it provides the highest speed to download and convert YouTube videos.
» Support "Drag and Drop" FLV video files to the main window and directly convert FLV files to AVI, MP4, etc.
» Show file info like bit rate, frame rate and sample rate, and rename the downloaded YouTube video file.
» Provide several after done actions: shut down, hibernate, stand by, and quit.

Home page - http://www.xilisoft.com/index.html

Download Mediafire

မူနဲ့မလုပ်၊ လူနဲ့ အလုပ်လုပ်

အောက်တိုဘာ (၃၀) အင်္ဂါ
(Jp Kasa)ကေအိုင်အိုနဲ့ အစိုးရအဖွဲ့တွေတွေ့တာ အခုမှ မဟုတ်တော့ တာ အားလုံးအသိဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ပထမဆုံး ၃-၄ ခေါက် တွေ့ကြတုံး က ဗိုလ်ချုပ်ဂွမ်မော်နဲ့ တခြား ကေအိုင်အို ထိပ်တန်းခေါင်းဆောင်တွေလာကြပါတယ်။ ဒါပေမဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ အဖွဲ့မှာ တကယ်တမ်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်တဲ့ မူဝါဒ၊ ရည်ရွယ်ချက် သီခြားမရှိမှုနဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ သူတွေမပါရှိတာကြောင့် နောက်ပိုင်းမှာ ဦးဆွမ်လွတ်ဂမ်တို့ ဦးဆောင်တဲ့အခြေအနေကိုရောက်သွားတာပါ။
နောက်ပိုင်း ဦးအောင်သောင်းကနေ ဦးအောင်မင်းကိုပြောင်းတော့လဲ မိုင်ဂျာယန်မှာတွေ့ကြတော့ ဗိုလ်ချုပ်ဂွမ်မော်တို့လာပါသေးတယ်။ ဦးအောင်မင်းရဲ့ အဆိုအရ တပ်ဖက်ဆိုင်ရာ အဆင့်မြင့် အရာရှိတွေပါမှ၊ တပ်ကိစ္စဆွေးနွေးနိုင်မယ်ဆိုပြီး ဘာမှ ရေရာတဲ့ တိုးတက်မှုဆိုတာမရှိခဲ့ပါဘူး။ အဲဒီတစ်ခေါက်ကျတော့ နည်းနည်းထူးခြားတယ်။ ထူးခြားတယ်ဆိုတာက ဦးအောင်မင်းတို့ရဲ့ နိုင်ငံရေးအမြတ်ထုပ်မှုလေးပေါ့။ ဗိုလ်ချုပ် ဂွမ်မော်မလာလို့ စစ်ဖက်ဆိုင်ရာတွေပြန်သွားတယ်၊ ဒါကြောင့် တပ်ဖက်ဆိုင်ရာတွေ မဆွေးနွေးနိုင်ဘူး။ ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့။ ငြိမ်းချမ်းရေးဆွေးနွေးပြီး အဖြေမထွက်တာဟာ ဗိုလ်ချုပ်ဂွမ်မော်မလာလို့ ဆိုပြီး ခပ်ညံ့ညံ့ အကြောင်းပြချက်ပေးပြီး သိက္ခာဆယ်ချင်တာသိပ်သိသာနေပါတယ်။ နောက်တစ်ခုတွေ့နိုင်တာက ငြိမ်းချမ်းရေး ရနိုင်ဖို့ ကြိုးစားနေပါတယ်ဆိုတဲ့ ဦးအောင်မင်းတို့ ငြိမ်းချမ်းရေး အဖွဲ့မှာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်တဲ့ မူဝါဒ အခုထိ မရှိသေးပဲ လူနဲ့ အလုပ်လုပ်နေပါတယ်ဆိုတဲ့ သဘောပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကေအိုင်အေဖက်မှာ ဗိုလ်ချုပ်ဂွမ်မော် မပါလဲ တပ်ဖက်ဆိုင်ရာ အဆင့်မြင့်အရာရှိတွေပါဝင်ပါတယ်။ တပ်ဖက်ဆိုင်ရာဆွေးနွေးနိုင်သူတွေပါဝင်ပါတယ်။ ဒီလိုအခြေအနေမှာ ဦးအောင်မင်း အနေနဲ့ ဗိုလ်ချုပ်ဂွမ်မော် မလာလို့ တပ်ဖက်ဆိုင်ရာ မဆွေးနွေးနိုင်ဘူးဆိုတာဟာ အစိုးရအဖွဲ့အနေနဲ့ မူနဲ့ အလုပ်လုပ်တာမဟုတ်ပဲ လူနဲ့အလုပ်လုပ်နေတာဆိုတာ ကိုဖော်ပြလိုက်တာပါ။


နောက်တစ်ချက်က ကေအိုင်အို ဌာနချုပ်ရှိတဲ့နေရာကို ၁၀၅ မမ ပစ်တယ်ဆိုတာပါ။ ဒီကိစ္စပြောကြတော့ ၁၀၅ မမ ပစ်ခွင့်ကို ကက(ကြည်း) ကပဲ ပစ်မိန့်ပးခွင့်ရှိတယ်လို့ ဦးအောင်မင်းရှင်းကြောင်း ဖတ်လိုက်ရတယ်။ ဒီလိုဆိုရင် ကက (ကြည်း) က ပစ်ခွင့်ပေးလို့ ၁၀၅ မမနဲ့ အထက်အမြောက်တွေ ပစ်ကြတာပေါ့။ ဒါဆိုရင် သမ္မတကြီး အပစ်ရပ်ဖို့ အမိန့်ထုပ်ထားတယ်ဆိုတာဟာ မမှန်ကန်နိုင်ဘူးလို့ ယူဆလို့ရနိုင်ပါတယ်။ ဘာဖြစ်လို.လဲဆိုတော့ သမ္မတကြီးက အပစ်ရပ်ဖို့ အမိန့်ပေးပေမဲ့ ကက(ကြည်း) က ၁၀၅ မမ နဲ့ အထက် အမြောက်တွေပစ်ဖို့အမိန့်ပးပြီးနေ့စဉ်၊ နေ့စဉ် အလုံးရေ ဆယ်ချီ ပစ်နေကြတာကိုကြည့်ရင် အပစ်ရပ်ဖို့အမိန့်ပဲမထုပ်တာလား၊ ထုပ်တဲ့အမိန့်ကို ကက(ကြည်း) ကပဲ မလိုက်နာတာလားဆိုတာကိုဖော်ပြနေပါတယ်။

နောက်ပြီး တကယ်စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံမှာ စစ်တပ်ဆိုတာ လူထုအစိုးရအောက်မှာရှိတာ စာဖတ်သူတို့ သိကြမှာပါ။ လူထုအစိုးရအနေနဲ့ တိုက်မိန့်ပေးခွင့်ရှိသလို တပ်ရုပ်သိမ်းမိန့် ပေးခွင့်လဲ ရှိပါတယ်။ ဒါပေမဲ့ ဒို့များ ရွှေမြန်မာပြည်ရဲ့ မြန်မာ့နည်းမြန်မာ့ဟန်ဒီမိုကရေစီကြီးမှာတော့ တပ်ဖက်ဆိုင်ရာကို လူဝတ်လဲ ဗိုလ်ချုပ်ဟောင်း၊ လက်ရှိဝန်ကြီးများတောင် ပြောခွင့်မရှိပါဘူး။ ဒါဟာ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီရဲ့အားနည်းချက်ကို ဖော်ပြနေသလို စစ်တပ်ရဲ့ လွမ်းမိုးမှုအောက်က ရုန်းထွက်နိုင်ခြင်းမရှိသေးဘူးလို့လဲ ယူဆလို့ရပါတယ်။ ဒီမိုကရေစီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ကလဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကိုလျစ်လျူရှူပြီး၊ တပ်ဗိုလ်ချုပ်တွေက သူ့ကိုချစ်ကြောင်းပြောလိုပြော၊ တပ်ကြီးက အရေးပါကြောင်းပြောလိုပြောနဲ့ ဒို့များရွှေမြန်မာနိုင်ငံကြီး လူ့အခွင့်ရေးပေတံနဲ့သာ တိုင်းသာနိုင်တဲ့ ဒီမိုကရေစီစစ်မရသေးဘူးဆိုတာ သိသာနေပါတယ်။

ဒီလိုဒီမိုကရေစီမျိုးမှာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်တဲ့ မူမရှိပဲ လူနဲ့ သာအလုပ်လုပ်မယ်ဆိုရင် ဦးအောင်မင်းမဆိုနဲ့ သမ္မတကြီး ကိုယ်တိုင်လာဆွေးနွေးလဲ ငြိမ်းချမ်းရေးမရနိုင်ပါဘူး။ ပစ်မိန့် ရပ်ထားတယ်ဆိုတာဟာ နိုင်ငံရေးအမျက်ထုပ်တာဖြစ်ပြီး တကယ်တန်းလက်တွေ့မှာ မရှိဘူးဆိုတာကို ၁၀၅ မမ အမြောက်ကိစ္စက ဖော်ပြနေပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့သာဆိုရင်ဖြင့် အချိန်တွေသာ ကြာသွားပါမယ်၊ ငြိမ်းချမ်းရေး ပန်းဟာဖြင့် ကချင်ပြည်နယ်နဲ့ အလှမ်းဝေးနေဦးမှာ ပါပဲခင်ဗျာ။
ဂျွန်ထိန်နန်

အမေရိကန်နိုင်ငံရောက် ကချင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအသင်းနှင့်တွေ့ဆုံ

အောက်တိုဘာ (၃၀) အင်္ဂါ
အမေရိကန်နိုင်ငံ ရှိ Multicultural Refugees of Coalition (MRC) ခေါ် ကမ္ဘာ့နိုင်ငံအသီးသီး မှ အမေရိကန်နိုင်ငံသို့ ရောက်ရှိလာ သော ဒုက္ခသည်များအား  ကူညီစောက်ရှောက်ရေးအသင်း၊၏ ဖိတ်ကြားချက်အရ အောက်တိုဘာလ (၂၇) ညနေ (၇)နာရီတွင် အမေရိကန်နိုင်ငံ  တက်ဆက်ပြည်နယ်၊ အော်စတင်မြို့ တနေရာတွင် ကျင်းပသော ညနေစာမိတ်ဆုံစားပွဲအခမ်းအနား (မြက်ခင်းပြင်)သို့ အမေရိကန်နိုင်ငံ၊ အော်စတင်မြို့ရှိ ကချင် တိုင်းရင်းသားများမှ သွားရောက်ကာ ၄င်းအခမ်းအနားသို့ တက်ရောက်လာသော၊ MRC မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဂျပန်နိုင်ငံ နှင့် အမေရိကန်မှ အလှူရှင်များ၊ အခြားမြန်မာ့အရေး စိတ်ဝင်စားသူများအား လက်ရှိမြန်မာ့ နိုင်ငံရေး အခြေအနေ၊ လက်ရှိမြန်မာ  အစိုးရ စစ်တပ်၏ တိုင်းရင်းသား ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှူများ၊ ကချင်ဒေသစစ်ပွဲအကြောင်း နှင့်စစ်ပြေးဒုက္ခသည်များ အကြောင်းတို့ အား မြေပုံနှင့် တကွ သွားရောက်တင်ပြ နိုင်ခဲ့ ကြောင်းသိရှိရပါသည်။ ထို့အပြင် ဧည့်သည်တော်များ၏ မေးမြန်းချက်များကို လည်း မြေပုံနှင့်တကွ မြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရွှေလီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြောင်းမထူး

မူနဲ့ အလုပ်မလုပ်၊ လူနဲ့ အလုပ်လုပ် နေသ၍ ငြိမ်းချမ်းရေးအလှမ်းဝေးနေအုံးမည်။
**************
(ဂျွန်ထိန်နန်)

ကေအိုင်အိုနဲ့ အစိုးရအဖွဲ့တွေတွေ့တာ အခုမှ မဟုတ်တော့ တာ အားလုံးအသိဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ပထမဆုံး ၃-၄ ခေါက် တွေ့ကြတုံး က ဗိုလ်ချုပ်ဂွမ်မော်နဲ့ တခြား ကေအိုင်အို ထိပ်တန်းခေါင်းဆောင်တွေလာကြပါတယ်။ ဒါပေမဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ အဖွဲ့မှာ တကယ်တမ်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်တဲ့ မူဝါဒ၊ ရည်ရွယ်ချက် သီခြားမရှိမှုနဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ သူတွေမပါရှိတာကြောင့် နောက်ပိုင်းမှာ ဦးဆွမ်လွတ်ဂမ်တို့ ဦးဆောင်တဲ့အခြေအနေကိုရောက်သွားတာပါ။

နောက်ပိုင်း ဦးအောင်သောင်းကနေ ဦးအောင်မင်းကိုပြောင်းတော့လဲ မိုင်ဂျာယန်မှာတွေ့ကြတော့ ဗိုလ်ချုပ်ဂွမ်မော်တို့လာပါသေးတယ်။ ဦးအောင်မင်းရဲ့ အဆိုအရ တပ်ဖက်ဆိုင်ရာ အဆင့်မြင့် အရာရှိတွေပါမှ၊ တပ်ကိစ္စဆွေးနွေးနိုင်မယ်ဆိုပြီး ဘာမှ ရေရာတဲ့ တိုးတက်မှုဆိုတာမရှိခဲ့ပါဘူး။ အဲဒီတစ်ခေါက်ကျတော့ နည်းနည်းထူးခြားတယ်။ ထူးခြားတယ်ဆိုတာက ဦးအောင်မင်းတို့ရဲ့ နိုင်ငံရေးအမြတ်ထုပ်မှုလေးပေါ့။ ဗိုလ်ချုပ် ဂွမ်မော်မလာလို့ စစ်ဖက်ဆိုင်ရာတွေပြန်သွားတယ်၊ ဒါကြောင့် တပ်ဖက်ဆိုင်ရာတွေ မဆွေးနွေးနိုင်ဘူး။ ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့။ ငြိမ်းချမ်းရေးဆွေးနွေးပြီး အဖြေမထွက်တာဟာ ဗိုလ်ချုပ်ဂွမ်မော်မလာလို့ ဆိုပြီး ခပ်ညံ့ညံ့ အကြောင်းပြချက်ပေးပြီး သိက္ခာဆယ်ချင်တာသိပ်သိသာနေပါတယ်။ နောက်တစ်ခုတွေ့နိုင်တာက ငြိမ်းချမ်းရေး ရနိုင်ဖို့ ကြိုးစားနေပါတယ်ဆိုတဲ့ ဦးအောင်မင်းတို့ ငြိမ်းချမ်းရေး အဖွဲ့မှာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်တဲ့ မူဝါဒ အခုထိ မရှိသေးပဲ လူနဲ့ အလုပ်လုပ်နေပါတယ်ဆိုတဲ့ သဘောပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကေအိုင်အေဖက်မှာ ဗိုလ်ချုပ်ဂွမ်မော် မပါလဲ တပ်ဖက်ဆိုင်ရာ အဆင့်မြင့်အရာရှိတွေပါဝင်ပါတယ်။ တပ်ဖက်ဆိုင်ရာဆွေးနွေးနိုင်သူတွေပါဝင်ပါတယ်။ ဒီလိုအခြေအနေမှာ ဦးအောင်မင်း အနေနဲ့ ဗိုလ်ချုပ်ဂွမ်မော် မလာလို့ တပ်ဖက်ဆိုင်ရာ မဆွေးနွေးနိုင်ဘူးဆိုတာဟာ အစိုးရအဖွဲ့အနေနဲ့ မူနဲ့ အလုပ်လုပ်တာမဟုတ်ပဲ လူနဲ့အလုပ်လုပ်နေတာဆိုတာ ကိုဖော်ပြလိုက်တာပါ။


နောက်တစ်ချက်က ကေအိုင်အို ဌာနချုပ်ရှိတဲ့နေရာကို ၁၀၅ မမ ပစ်တယ်ဆိုတာပါ။ ဒီကိစ္စပြောကြတော့ ၁၀၅ မမ ပစ်ခွင့်ကို ကက(ကြည်း) ကပဲ ပစ်မိန့်ပးခွင့်ရှိတယ်လို့ ဦးအောင်မင်းရှင်းကြောင်း ဖတ်လိုက်ရတယ်။ ဒီလိုဆိုရင် ကက (ကြည်း) က ပစ်ခွင့်ပေးလို့ ၁၀၅ မမနဲ့ အထက်အမြောက်တွေ ပစ်ကြတာပေါ့။ ဒါဆိုရင် သမ္မတကြီး အပစ်ရပ်ဖို့ အမိန့်ထုပ်ထားတယ်ဆိုတာဟာ မမှန်ကန်နိုင်ဘူးလို့ ယူဆလို့ရနိုင်ပါတယ်။ ဘာဖြစ်လို.လဲဆိုတော့ သမ္မတကြီးက အပစ်ရပ်ဖို့ အမိန့်ပေးပေမဲ့ ကက(ကြည်း) က ၁၀၅ မမ နဲ့ အထက် အမြောက်တွေပစ်ဖို့အမိန့်ပးပြီးနေ့စဉ်၊ နေ့စဉ် အလုံးရေ ဆယ်ချီ ပစ်နေကြတာကိုကြည့်ရင် အပစ်ရပ်ဖို့အမိန့်ပဲမထုပ်တာလား၊ ထုပ်တဲ့အမိန့်ကို ကက(ကြည်း) ကပဲ မလိုက်နာတာလားဆိုတာကိုဖော်ပြနေပါတယ်။

နောက်ပြီး တကယ်စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံမှာ စစ်တပ်ဆိုတာ လူထုအစိုးရအောက်မှာရှိတာ စာဖတ်သူတို့ သိကြမှာပါ။ လူထုအစိုးရအနေနဲ့ တိုက်မိန့်ပေးခွင့်ရှိသလို တပ်ရုပ်သိမ်းမိန့် ပေးခွင့်လဲ ရှိပါတယ်။ ဒါပေမဲ့ ဒို့များ ရွှေမြန်မာပြည်ရဲ့ မြန်မာ့နည်းမြန်မာ့ဟန်ဒီမိုကရေစီကြီးမှာတော့ တပ်ဖက်ဆိုင်ရာကို လူဝတ်လဲ ဗိုလ်ချုပ်ဟောင်း၊ လက်ရှိဝန်ကြီးများတောင် ပြောခွင့်မရှိပါဘူး။ ဒါဟာ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီရဲ့အားနည်းချက်ကို ဖော်ပြနေသလို စစ်တပ်ရဲ့ လွမ်းမိုးမှုအောက်က ရုန်းထွက်နိုင်ခြင်းမရှိသေးဘူးလို့လဲ ယူဆလို့ရပါတယ်။ ဒီမိုကရေစီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ကလဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကိုလျစ်လျူရှူပြီး၊ တပ်ဗိုလ်ချုပ်တွေက သူ့ကိုချစ်ကြောင်းပြောလိုပြော၊ တပ်ကြီးက အရေးပါကြောင်းပြောလိုပြောနဲ့ ဒို့များရွှေမြန်မာနိုင်ငံကြီး လူ့အခွင့်ရေးပေတံနဲ့သာ တိုင်းသာနိုင်တဲ့ ဒီမိုကရေစီစစ်မရသေးဘူးဆိုတာ သိသာနေပါတယ်။

ဒီလိုဒီမိုကရေစီမျိုးမှာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်တဲ့ မူမရှိပဲ လူနဲ့ သာအလုပ်လုပ်မယ်ဆိုရင် ဦးအောင်မင်းမဆိုနဲ့ သမ္မတကြီး ကိုယ်တိုင်လာဆွေးနွေးလဲ ငြိမ်းချမ်းရေးမရနိုင်ပါဘူး။ ပစ်မိန့် ရပ်ထားတယ်ဆိုတာဟာ နိုင်ငံရေးအမျက်ထုပ်တာဖြစ်ပြီး တကယ်တန်းလက်တွေ့မှာ မရှိဘူးဆိုတာကို ၁၀၅ မမ အမြောက်ကိစ္စက ဖော်ပြနေပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့သာဆိုရင်ဖြင့် အချိန်တွေသာ ကြာသွားပါမယ်၊ ငြိမ်းချမ်းရေး ပန်းဟာဖြင့် ကချင်ပြည်နယ်နဲ့ အလှမ်းဝေးနေဦးမှာ ပါပဲခင်ဗျာ။

http://jinghpawkasa.blogspot.com/2012/10/blog-post_2873.html
(irrawaddy)ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့၏ ပထမဦးဆုံးအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့ ကျင်းချန်းဟိုတယ်တွင် ယနေ့ ကျင်းပရာ သဘောတူညီချက် တစုံတရာ မထုတ်ပြန်နိုင်ဘဲ ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်သွားရန် နှစ်ဘက်ကိုယ်စားလှယ်များက ပြောဆိုကြသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ကချင် လွတ်မြောက်ရေး အဖွဲ့မှ ဦးဆွမ်လွတ်ဂမ် ခေါင်းဆောင်သော ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကြရာတွင် စစ်ရေးနည်းဖြင့် မဟုတ်ဘဲ နိုင်ငံရေးနည်းဖြင့် ဆွေးနွေးနိုင်မှ ရေရှည် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည်ကို နှစ်ဘက်စလုံးမှ အလွတ်သဘော ပြောဆိုကြသော်လည်း စစ်ရေးအရ မည်သို့ အပစ်အခတ် ရပ်ဆဲမည်ကိုမူ နှစ်ဘက်စစ်ရေးခေါင်းဆောင်များ မတက်ရောက်ခဲ့သဖြင့် ရှင်းလင်းစွာ မသိရပေ။
“အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးအရ မပြေလည်ရင် စစ်ဆိုတာ ထပ်ဖြစ်မှာပဲ။ အဲဒါကြောင့် စစ်ရေး နည်းလမ်းနဲ့ ဖြေရှင်းတာ မဟုတ်ပဲနဲ့ နိုင်ငံရေး နည်းလမ်းနဲ့ပဲ ဖြေရှင်းပေးဖို့ ကျနော်တို့ ထပ်တောင်းဆိုပါတယ်” ဟု ကချင် လွတ်မြောက်ရေးအဖွဲ့ ကိုယ်စားလှယ် ဦးဆွမ်လွတ်ဂမ်က ပြောသည်။
အငြင်းပွားဖွယ်ရာ ကြိုတင်ကန့်သတ်ချက်များ မရှိသော နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် မျှော်လင့်ကြောင်းလည်း ၎င်းက ဆိုသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းကလည်း နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံး ဖြစ်ပေါ်လာရန် ကြိုးစားသွားမည်ဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မှီ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် တွေ့ဆုံကာ နိုင်ငံရေးဆွေးနွေးပွဲများအတွက် ညှိနှိုင်းမည်ဖြစ်ကြောင်း ပြောသည်။
“နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာဖို့ ကတိပေးတယ်။ KIO နဲ့ နောက်တကြိမ် ဆွေးနွေးတဲ့အခါ ပြည်တွင်းမှာပဲ တွေ့ချင်တယ်။ ဗန်းမော် သို့မဟုတ် မူဆယ်ကို KIO က ရွေးပေးပါ။ နောက်ထပ်လည်း တွေ့ချင်တယ်” ဟု ၎င်းက ဆိုသည်။
အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင်များ၏ အဆိုအရ ယခု အကြိမ် ဆွေးနွေးပွဲကို နိုင်ငံရေး နှင့် စစ်ရေး ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင်များသာမက ပြည်နယ်ဝန်ကြီးချုပ်အဆင့်များ ကာကွယ်ရေးဝန်ကြီးဌာနမှ ကြီးတန်း စစ်ဦးစီးမှူးများပါ တက်ရောက်ရန် ပြင်ဆင်ခဲ့ကြောင်း၊ အပစ်အခတ် ရပ်ဆဲရေးအတွက် စစ်ဘက် အကြီးတန်း ကိုယ်စားလှယ်များ နှစ်ဘက် အပြန်အလှန် တွေ့ဆုံရန်လိုကြောင်း၊ သို့သော် ယနေ့ ပြုလုပ်သည့် ဆွေးနွေးပွဲသို့ KIO ဒုတိယစစ်ဦးချုပ် ဗိုလ်မှူးချုပ် ဂွန်မော် မတက်ရောက်မည့် အကြောင်းပြန်မှုကို နောက်ဆုံးအချိန်မှ သိရ၍ မြန်မာအစိုးရဘက်မှ အဆင့်တူ ဆွေးနွေးမည့် ကာကွယ်ရေး ၀န်ကြီှးဌာန အထူးစစ်ဆင်ရေးမှူး ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး တက်ရောက်နိုင်ခြင်း မရှိဟု သိရသည်။
အောက်တိုဘာလ ၂၄ ရက်မှ စတင်ပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် ဗိုလ်မှူးချုပ်ဂွန်မော် မလာရောက်နိုင်ခြင်းဖြစ်ကြောင်း KIO က ပြောသည်။
KIO က နိုင်ငံရေးဆွေးနွေးရန် အဓိက တောင်းဆိုနေပြီး မြန်မာ အစိုးရဘက်ကမူ မြစ်ကြီးနား-ပူတာအိုလမ်းကို လုံခြုံငြိမ်းချမ်းသော အခြေအနေသို့ ရောက်ရှိရေးအတွက် KIO က ကူညီရန်၊ တာပိန် ရေအားလျှပ်စစ် စီမံကိန်း ပြုပြင်ထိန်းသိမ်းရေး ပြုလုပ်ခွင့်ပေးရန်၊ ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေးကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးနေရသူများကို ၂ ဖက် ပူးပေါင်း ကူညီဆောင်ရွက်ရန်နှင့် ၂ ဦး ၂ ဖက် စစ်ရေး အရှိန်လျှော့ချရန် တောင်းဆိုသည်။
KIO နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) သည် အစိုးရသစ် လက်ထက်တွင် နောက်ဆုံး ကျန်ရှိသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတခု ဖြစ်သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းနှင့် သုံးကြိမ်တိုင် အလွတ်သဘော တွေ့ဆုံခဲ့ပြီး ပြည်ထောင်စု အဆင့် တွေ့ဆုံမှုမှာ ယခုအကြိမ် ပထမဆုံးဖြစ်သည်။
၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်ပြီး ဖြစ်ပွားခဲ့သော မြန်မာအစိုးရတပ်မတော်နှင့် KIA တို့၏ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်းရှိ ဆက်သွယ်ရေးလမ်းကြောင်းများ ပျက်စီးခဲ့ပြီး ကချင်ပြည်သူ သောင်းချီ၍ စစ်ပြေးဒုက္ခသည်များအဖြစ် ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြရဆဲဖြစ်သည်။
ယခု တွေ့ဆုံမှုသည် ပထမ ခြေလှမ်းဖြစ်ပြီး  နိုင်ငံရေးဆွေးနွေးမှုကိုသာ အစဉ်တစိုက် တောင်းဆိုသွားမည်ဖြစ်ကြောင်း KIO က ဆိုသည်။

SSA မြောက်ပိုင်းတပ်ဖွဲ့ဝင် ၄၈ ဦးကို အစိုးရတပ် ဖမ်းထား

အစိုးရတပ်က ဖမ်းဆီးထားသည့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်သားသစ်များ (ဓာတ်ပုံ – မြဝတီ / Facebook)
(irrawaddy)မူဆယ်ခရိုင်ထဲတွင် SSA-N က အသစ်စုဆောင်းထားသော တပ်ဖွဲ့ဝင်များကို သင်တန်းပေးနေကြောင်း ဒေသခံများ၏ သတင်းပို့မှုမှတဆင့် နယ်မြေခံ အစိုးရ စစ်ကြောင်းက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ စစ်တပ်အာဘော် မြဝတီ အွန်လိုင်းသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
“ဖြစ်စဉ်တွင် ပြောက်ကျား ယူနီဖောင်း ဝတ်ဆင်ထားသော သောင်းကျန်းသူ ၄၈ ဦးအား အရှင်ဖမ်းဆီးရမိခဲ့ပြီး အဖွဲ့ခေါင်းဆောင်မှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း” ဟု မြဝတီ အွန်လိုင်း သတင်းတွင် ရေးသားထားသည်။
သင်တန်းပေးနေသူများသည် SSA-N ဝမ်ဟိုင်း ဌာနချုပ် တပ်မဟာ (၁) လက်အောက်ခံ တပ်အရာရှိများဖြစ်ကြောင်း၊ နယ်မြေခံ အစိုးရ စစ်ကြောင်းက ယင်းသို့ ဝင်ရောက်ဖမ်းဆီးရာတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး SSA-N ခေါင်းဆောင် တချို့လွတ်မြောက်သွားပြီး နှစ်ဦးကျဆုံးသွားကြောင်း ဖော်ပြထားသည်။
ဖမ်းဆီးခံထားရသူများအနက် တပ်ကြပ်ကြီး အဆင့်ရှိသူ အိုက်ရီ (ခေါ်) ရီဆာ အပါအဝင် စိုင်းဆမ်လှ၊ ကွန်ခမ်းနှင့် လှခိုင်တို့မှာ ဝမ်ဟိုင်း ဌာနချုပ်မှဖြစ်ကြောင်း၊ ကျန်တပ်ဖွဲ့ဝင် ၄၄ ဦးမှာ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူနှင့် လားရှိုး အပါအဝင် မြို့/ရွာ ၇ ခုမှ အဓမ္မ လူသစ် စုဆောင်း ခံရသူများဖြစ်ကြောင်း ယင်းသတင်းတွင် ရေးသားထားသည်။
နယ်မြေခံ အစိုးရစစ်တပ်နှင့် ရဲတပ်ဖွဲ့များက စုဆောင်းခံထားရသော တပ်ဖွဲ့ဝင် ၄၄ ဦးကို သက်ဆိုင်ရာ မိဘ၊ ဆွေမျိုးများနှင့် ဆက်သွယ်အကြောင်းကြားနေလျက်ရှိပြီး တရားဝင်လွှဲပြောင်း အပ်နှံပေးသွားမည်ဟုဆိုသည်။
၎င်းတို့ တပ်ဖွဲ့ဝင် ၄၈ ဦး အစိုးရ စစ်တပ်၏ ဖမ်းဆီးခံရမှု၊ နှစ်ဦး သေဆုံးမှု၊ တပ်သားစုဆောင်းမှုတို့ကို SSA-N ကလည်း မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။ သို့သော် မြဝတီသတင်းစာ၌ ဖော်ပြသကဲ့သို့ တပ်သားစုဆောင်းရာတွင် အတင်းအဓမ္မ စုဆောင်းခြင်းမရှိကြောင်း SSA-N ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှက ဧရာဝတီသို့ ပြောသည်။
“ဟုတ်တယ်၊ အဲဒီပုံစံပါပဲ။ သေတာက ၂ ယောက်လို့ပြောတာပဲ။ ဒါပေမယ့် အတင်းအဓမ္မ တပ်သား စုဆောင်းတာတို့ ဘာတို့က သူတို့ ကျန်ာတို့ကို စွပ်စွဲပြောဆိုနေကျစကားပဲ။ ကျနော်တို့ အပစ်ရပ်စဲထားတာတောင် ရန်သူသဘောမျိုး သောင်းကျန်းသူလို့တောင် အခေါ်အဝေါ်မျိုးနဲ့ သုံးထားတာကိုး” ဟု ဗိုလ်မှူး စိုင်းလှက ဆိုသည်။
ယခုအခါ SSA-N နှင့် အစိုးရတို့အကြား တရားဝင် အပစ်ခတ်ရပ်စဲထားပြီး အစိုးရအနေဖြင့် တိုင်းရင်းသား အားလုံး၏ ယုံကြည်မှုကို ရယူရန်လိုအပ်ကြောင်း၊ ယုံကြည်မှု တည်ဆောက်ဆဲကာလတွင် ယခုကဲ့သို့ ပြဿနာမျိုးမလိုလားကြောင်း သူက ဆက်ပြောသည်။
SSA-N အနေဖြင့် ငြိမ်းချမ်းရေး တည်ဆောက်မှုကိုသာ ရှေးရှုသွားမည်ဖြစ်ပြီး ယခုဖြစ်ရပ်နှင့် ပတ်သက်၍ လက်တုန့်ပြန်ခြင်း၊ အငြင်းပွားနေခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ယခုဖြစ်ရပ်ကြောင့် အစိုးရနှင့် နှစ်ဖက်ဆွေးနွေးပွဲများ အပေါ် ထိခိုက်မှုရှိမည် မဟုတ်ဘဲ ဆက်လက် ဆွေးနွေးသွားမည်ဟု ဆိုသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တာဝန်ရှိသူများနှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ လားရှိုးမြို့တွင် ယခုလ ၁၀ ရက်နှင့် ၁၁ ရက်နေ့က  ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယင်းတွေ့ဆုံမှုတွင် နယ်မြေဖွံ့ဖြိုးရေးကို ဇောင်းပေး ဆွေးနွေးခဲ့ပြီး စစ်ရေး တင်းမာမှုအခြေအနေကို မဖြေရှင်းဘဲ ချန်ခဲ့ကြောင်း သိရသည်။
SSA မြောက်ပိုင်းအဖွဲ့နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရန် အချက် အပါအ၀င် ပြည်ထောင်စုအဆင့် ပဏာမ ငြိမ်းချမ်းရေးသဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
ယင်းသို့ သဘောတူ လက်မှတ်ရေးထိုးပြီးနောက် ယခု အောက်တိုဘာလထိ တိုက်ပွဲပေါင်း ၄၀ ကျော် ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူး စိုင်းလှက ပြောသည်။

ကချင်လူမျိုးတို့အား ခွဲထွက်ရေးလမ်းကြောင်းသို့တွန်းပို့နေခြင်းလော

(JP kasa)မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ တက်လှမ်းနေပါပြီ ကမ္ဘာ့အဆင့်မှီ ဒီမိုကရေစီနိုင်ငံတော် သို့ တက်လှမ်းနိုင်ရန် ဒီမိုကရေစီနည်းလမ်းမကျသော တပ်မတော်ကဦးဆောင်ပါဝင်သည့် စနစ်ကို မြန်မာ့ နည်းမြန်မာ့ဟန်ဖြင့် တီထွင်လမ်းစဖော်ပြီး ချီတက်နေပါပြီဟု ဆိုကာ တပ်မတော်အာဏာ လက်ဝယ်ရှိစဉ် (ယခုလည်းရှိနေဆဲဟု ထင်ရပါသည်) က လက်ဝယ်ခံ (Cronies) များကကြီးစိုးသော စီးပွါးရေး လက်ဝါးကြီးအုပ် အခွင့်ထူးခံများ၏ အကျိုးကိုကာကွယ်ရန်၊ မလျော်ကန်မအပ်စပ်သော အကြောင်း အမျိုးမျိုးပြပြီး၊ အာဏာသုံးကာ မိမိလူများဖြင့် မရမကဖွဲ့စည်းရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ (Constitution) ဖြင့် အုပ်ချုပ်နေရခြင်းဖြစ်သဖြင့် အရပ်ဝတ်လှဲထားသော စစ်ဗိုလ်ကြီးများ ကြီးစိုးသည့်လွှတ်တော်ကိုယ်စားလှယ်များထဲမှ ရွေးချယ်တင်မြှေက်သော အစိုးရဖြစ်သလို အခြေခံဥပဒေပါ ပြင်ဆင်ရန်ရှိသည့် အချက်အချို့များကို ပြင်ဆင်နိုင်ရန် အချိန်ယူ၍ ကြိုးစားမည်ဟုဆိုကာ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အန်တီကြီးအနေဖြင့် လွှတ်တော်သို့တက်ရောက် အလျှော့ပေးနေရာယူ ၀င်ရောက်ကာ ယခင်မြန်မာနိုင်ငံစစ်အစိုးရလက်ထက်က နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ်စီးပွါးရေးပိတ်ဆို့မှု (Sanction) များ ရုပ်သိမ်းပေးရေးဆောင်ရွက်ပြီး နိုင်ငံတကာ၏ မြန်မာနိုင်ငံသို့ စီးပွါးရေးရင်းနှီးမြုပ်နှံမှု ဖိတ်ခေါ်ကာ စီးပွါးရေး တိုးတက်အောင် ဖော်ဆောင်ရန် အစီစဉ်တကျ မိမိဦးစွာလုပ်ရမည့် ကိစ္စမလုပ်ဘဲ အကောင် အထည်ဖော်နေမှုအပေါ် သံသယများပွားစရာ တစ်စ စ ဖြစ်ပေါ်လာမိပါသည်။
မိမိကိုယ်မိမိ ယုံကြည်မှုရှိ၍ မဖြစ်မနေဆောင်ရွက်ရန်ရှိသော အချို့အချက်များတွင် ပြည်သူလူထု၏ သူမအပေါ်ယုံကြည်အားကိုး အားထားပြုခြင်း ရှိသော်လည်း တိုင်းရင်းသားအရေးကို ဦးစွာ ဆောင်ရွက်မှု မပြုဘဲ နိုင်ငံ၏ စီးပွါးရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အကျိုးစီးပွါးကို ရှေးရှုပြီး တွက်ချက် ရှုမြင်ဆောင်ရွက်ခြင်း အပေါ် မိမိကိုယ် မိမိ တတ်သိယုံကြည်မှုဖြင့် မျှော်မှန်းလုပ်ဆောင်နေမှု အချိန်စောလွန်းနေသေးသည်ဟု ထင်မိပါသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုမရှိဘဲ ပြည်ပနိုင်ငံကြီးများ၏ စီးပွါးရေးပိတ်ဆို့ထားမှု (Sanctions) များဖွင့်ပေးရန် ထောက်ခံအားပေးမှု မပြုလုပ်ချိန် ကနဦး တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ရှိအောင် ဦးစွာလုပ်ကိုင်ရမည်ဖြစ်သော်လည်း နိုင်ငံတကာ၏ ထောက်ခံ အားပေးပံ့ပိုးမှုနှင့် ပြည်သူလူထု၏ ထောက်ခံမှု အပြည့်အ၀ရရှိနေပါပြီ၊ တိုင်းရင်းသားအရေးနောက်မှ ဆောင်ရွက်မည်ဟု မိမိကိုယ်မိမိ ယူဆပါက ပညာရှင်ကြီးအန်တီကြီးကို စဉ်းစားဆင်ခြင်စေလိုပါသည်။ မတည်မငြိမ်ဖြစ်နေသောနိုင်ငံသို့ မည်သို့သော စီးပွါးရေးလုပ်ငန်းရှင်များ ၀င်ရောက်ပြီး မိမိအကျိုးဆုတ်ယုတ်အောင်လုပ်ပါမည်နည်း။
ယခုအချိန်နိုင်ငံတော်သည် အမည်အားဖြင့် တိုင်းရင်းသားလူမျိုးစု ပြည်သူများအားလုံး စုပေါင်းနေထိုင်သော ပြည်ထောင်စုမြန်မာနိုင်ငံဆိုသည့် အမည်နာမ မသုံးတော့ဘဲ ဖျောက်ပစ်ရမလိုဖြစ်နေသည်။ နိုင်ငံတော်အား (ဗမာနိုင်ငံ) ဟုသာအမည်နာမတပ်ချင်ပါသည်။ ဆိုလိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သွားသော်လည်း အရေးပါသည့်နေရာတိုင်းတွင် ဗမာလူမျိုးများသာ ကြီးစိုးသည့် (ဗမာဆိုသည့် အမျိုးသားရေးဝါဒီများသာ ကြီးစိုးသည့်) နိုင်ငံတော်သို့တစစ ၀င်ရောက်လာသကဲ့သို့ ဖြစ်လာနေပုံကို သက်ဆိုင်ရာအစိုးရနှင့် တာဝန်ရှိ သူများ (အရေးပါသည့်နေရာတိုင်း ဗမာလူမျိုးများသာဖြစ်ပါသည်) မသိကျိုးကျွန်ပြုနေပါသလားဟု မေးလို ပါသည်။ တိုင်းရင်းသားများကို အရေးပါသည့်နေရာတွင် ထားပါကလည်း အဖြည့်ခံသက်သက် အခွင့် အာဏာမရှိခဲ့ပါ။ ပြည်နယ်အစိုးရအတွင်းတွင်လည်း ထိုအတိုင်းဖြစ်နေပါသည်။
နိုဘယ်ဆုရှင်အန်တီကြီးမှာလည်း နိုင်ငံတော်သမ္မတကြီးနှင့် အချိန်နှင့်တပြေးညီ စည်းဝါးရိုက်၊ အကွက်ဆင်၊ နားလည့် ပါးရိုက်ပြီး တိုင်းရင်းသားလူမျိုးစုငယ်များအပေါ် ညီရင်းအစ်ကိုပမာ ဟန်ပြ၍ အပေါ်မှ နိုင်ထက်စီးနင်း ခြောက်တချီ၊ မြှေက်တလှည့်လုပ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် လက်နက် ကိုင်တိုင်းရင်းသားများနှင့် အပစ်အခတ်ရပ်စဲ၍ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေး ဆိုသည့်အချက်များ ဖော်ဆောင်နိုင်ရန် ကြိုးပမ်းမှုအပေါ် အချင်းချင်းယုံကြည်မှုဦးစွာတည်ဆောက်ကြရမည့်အစား ပျက်ပြား အောင်လုပ်နေသကဲ့သို့ သိသာထင်ရှားစွာ ပြုမူကျင့်ကြံနေကြသည်ကိုရော သတိထားမိကြပါရဲ့လား၊ တိုင်းရင်းသားမျိုးနွယ်စုများအပေါ် စစ်ရေးအရ အရှိန်အဟုန်မြင့်၊ အင်းအားဖြည့် စစ်ဆင်တိုက်ခိုက် ခြိမ်းခြောက်ပြီး၊ ဖျက်ဆီး၊ နှိပ်ကွပ်ပြီးမှ မိမိလိုရာသို့ ဆွဲခေါ်စည်းရုံးသိမ်းသွင်းပြီး မိမိစိတ်ကြိုက်သလို ချယ်လှယ်ကြိုးကိုင်မည်ဟူသည့် သဘောဆောင်ကျဉ်းနေပါသလား၊ အန်တီကြီးအနေဖြင့်လည်း တပ်မ တော်၏ထောက်ခံမှုရရှိအောင် အချိန်ယူစည်းရုံးနေရချိန်ဖြစ်၍ လည်းကောင်း၊ ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်ပြောင်းလဲပေးနိုင်အောင်၊ နိုင်ငံတကာ၏ လက္ခံနိုင်သည့် ဒီမိုကရေစီ စံနှုန်းစံထားနှင့် ကိုက်ညီသည့် စနစ်သို့အချိန်ယူ၍ ပြည်တွင်းအခြေအနေအရပ်ရပ်အပေါ် လက်ရှိအစိုးရနှင့် နားလည် ယုံကြည်မှု ဦးစွာရယူပြီး အခြေအနေကောင်းမှ လုပ်ပိုင်ခွင့်အာဏာလက်ဝယ်ရရှိအချိန်ရောက်မှ စည်းလုံး ခိုင်မာတည်ငြိမ်အေးချမ်းအောင်ဆောင်ရွက်ဖြေရှင်းမည် ဆိုပါက ပို၍ အခြေအနေဆိုးပြီး အချိန် နောက်ကျ နေပါတော့မည်။ တိုင်းရင်းသားညီနောင်များ၏ ယုံကြည်ထောက်ခံမှုရရှိရန် ပို၍ဝေးသွား ပါလိမ့်မည်။
ယခုလွှတ်တော်တက်ရောက်နေသော တိုင်းရင်းသားကိုယ်စားလှယ်များသည် တချိန်က စစ်အစိုးရ၏ လက်ကိုင်တုတ် မိမိတို့စိတ်ကြိုက်အလိုကျဆောင်ရွက်ပေးမည့်သူများဖြစ်သည်ကို သတိထားစေချင်ပါသည်။ ထိုသူများပါရှိနေသည်ကို အန်တီကြီးသိရှိနေပါလျက်နှင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ၏ အရေး၊ တိုင်းရင်းသားများ၏ အရေးနှင့်ဆိုင်သော တွေ့ဆုံမေးမြန်းခန်းအချိန်တိုင်းလည်း အန်တီကြီး သိသိကြီးနှင့် ယခုလွှတ်တော်တွင်လည်း တိုင်းရင်းသားပေါင်းစုံမှ ကိုယ်စားလှယ်များ စုံညီစွာပါရှိနေပါသည်။ ထိုသူတို့နှင့်လည်း တိုင်းရင်းသားအရေးဆွေးနွေးနိုင်ပါသည်ဟု ဆိုပါက အကြီးအကျယ်မှားပါတော့မည်။ ထိုကိုယ်စားလှယ်များသည် မိမိလူမျိုးစုအတွက် တာဝန်ယူတင်ပြ အရေးဆိုဝံ့၊ ဆိုနိုင်သော ကိုယ်စားလှယ် များ မဟုတ်ပါ၊ အရည်အချင်းရှိသူများလည်းမဟုတ်ပါ၊ အမည်ခံသက်သက် တိုင်းရင်းသားလူမျိုးစုများ အနေဖြင့် တက်ရောက်နေရခြင်းသာဖြစ်ပါသည်။ ထိုသူများနှင့် တိုင်းရင်းသားအရေးဆွေးနွေးပါက အန်တီကြီးအား ဆွေးနွေးတင်ပြ မေးမြန်းနိုင်သည့် သူမရှိဖြစ်နေပါလိမ့်မည် (အားလုံးသောတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များကိုမဆိုလိုပါ)။ ယခုအချိန်တွင် အချိန်နှင့်မလပ်၊ သတ်ဖြတ်၊ နှိပ်စက်၊ ဖမ်းဆီး၊ အဓ္ဓမပြုကျင့်စော်ကားမှု၊ မတရားဖမ်းဆီးထောင်ချ ညင်းပန်းနေမှုတချိန်လုံး နေ့စဉ်ရက်ဆက်ဖြစ်နေပါက အခြားပြည်သူများမဆိုထားနှင့် အထူးသဖြင့် တိုင်းရင်းသားများ၏ ယုံကြည်ထောက်ခံ စည်းလုံးမှု ရရှိနိုင်တော့မည်မဟုတ်ပါ။ အချိန်မဆိုင်းမတွ ဤကဲ့သို့ကိစ္စများ အမြန်ဆုံးရပ်တန့်သွားအောင် ဆောင်ရွက် ရမည်ဖြစ်သော်လည်း ရည်ရွယ်ချက်ရှိရှိစောင့်ဆိုင်း အကောက်ကြံနေသလားဟု အောက်မေ့မိပါသည်။ 
မည်သည့်အကြောင်းကြောင့်ဖြစ်စေ လူ၏အသက်၊ အခွင့်အရေးထက်တန်ဖိုးရှိသော အရာမရှိပါ။ အန်တီကြီး ပြောပြောနေသောစကားတွင် လူသည်တရားတော်နှင့်အညီကျင့်ကြံကြရပါမည်၊ ထိုအတိုင်း ကျင့်ကြံ သွားပါမည်ဟု တချိန်လုံးပြောနေပါလျက်သတ္တ၀ါများ ဒုက္ခဆင်းရဲသတ်ဖြတ်ခံနေရမှုကို သိသိကြီးနှင့် ထိုင်ကြည့်နေရက်သော အန်တီကြီး၏ အပြောတမျိုး၊ အလုပ်တမျိုးကို ဝေခွဲယုံကြည်ရခက်နေကြပါပြီ။ မိမိနိုင်ငံအတွက်ကောင်းအောင်၊ တိုးတက်ပြောင်းလဲအောင် လုပ်လိုသဖြင့် အချိန်ယူအကွက်ဆင် နေရ၍ မသိကျိုးကျွံနေရသည်ဆိုပါက ပြည်သူလူထု၏ ထောက်ခံမှုကို အလွဲသုံးစားလုပ်ပြီး အာဏာရအောင် လုပ်ယူနေသော အာဏာရူးသူတစ်ဦး၏ နိုင်ငံရေးကစားကွက်ဖော်ပုံနှင့် တူညီနေပြီး တိုင်းရင်းသားများ၏ ယုံကြည်အားကိုးထောက်ခံမှု ဆုံးရှုံးရမည့်အခြေအနေသို့ ရောက်သွားတော့မည်ကို သတိထား စေချင်ပါသည်။ တတ်သိပညာရှင်ကြီး အန်တီရေ၊ ပညာရှိသတိဖြစ်ခဲဆိုလို့ သတိပေးလိုက်ပါရစေနော် အပြောနှင့် အလုပ်လည်း ညီအောင်လုပ်ပါအုံးလို့ မှာလိုက်ပါရစေ( ပြိုင်ဘက်ပါတီကိုသတိရပါ၊ မှန်ကန်စွာရပ်တည်ပါ)။
ယခုအချိန်သည် နိုင်ငံရေး၊ စစ်ရေး၊ ပညာရေး၊ လူမှုရေးအဖက်ဖက်တွင်အတွေးအခေါ်အယူအဆ အများလက်မခံနိုင်လောက်အောင် ညံ့ဖျင်းသော လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ မရှိတော့ပါ။ အသိပညာနည်းပါးပြီး ပြောသလိုလွယ်လွယ်နှင့် လက္ခံနိုင်သည့်အဖွဲ့အစည်းများ၊ ယုံလွယ်သော တိုင်းရင်းသားအဖွဲ့အစည်းများ မဟုတ်တော့ပါ။ ကမ္ဘာ့နိုင်ငံရေးပြောင်းလဲလာမှုဖြစ်စဉ်၊ ပထ၀ီနိုင်ငံရေးဖြစ်စဉ်၊ စီးပွါးရေးကြောင့်ဖြစ်ပေါ်လာသော နိုင်ငံရေးဖြစ်စဉ် စသဖြင့် နိုင်ငံရေးနယ်ပယ်အသီးသီးတွင် ကျွမ်းဝင် နှံစပ်ပြီးသော တတ်သိပညာရှင်ကြီးများနှင့် ဦးဆောင်ဦးရွက်ပြုနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်နေကြပါပြီ။ နိုင်ငံရေးအား ရှုထောင့်ပေါင်းစုံမှ ရှုမြင်သုံးသပ်တွက်ချက်ပြီး သိမြင်သူများ ဖြင့် ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့အစည်းများဖြစ်နေပြီး ဖြစ်သောကြောင့် မြန်မာနိုင်ငံရေးဖြစ်စဉ် သမိုင်းကြောင်း၏ ဖြစ်စဉ်အမှန်များကို သုံးသပ်ဝေဖန်ပိုင်းခြားပြီး နိုင်ငံရေးအခင်းအကျင်း ဆုံးဖြတ်မှု မှန်ကန်မှသာလျင် အမှန်တကယ်စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲစကားဝိုင်းသို့ ရောက်ရှိမည်ဖြစ် သော ကြောင့် တိုင်းရင်းသားညီနောင်များနှင့် အချင်းချင်းယုံကြည်မှု ဦးစွာရရှိရန် အမှန်တကယ် စစ်မှန်သော ညီရင်းအစ်ကိုစိတ်ဓါတ်ထားရှိပြီး အပြန်အလှန်ယုံကြည်ချစ်ခင်နားလည်မှု အပြည့်အ၀ ရှိပြီးမှသာလျင် တည်ငြိမ်အေးချမ်းသည့် ဗမာနိုင်ငံမဟုတ်ဘဲ ပြည်ထောင်စုတိုင်းရင်းသားအားလုံး၏ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်လာ၍ နိုင်ငံတော်၏ ဒီမိုကရေစီပန်းတိုင်သို့ တက်လှမ်းနိုင်မည်ဖြစ်ပါသည်။ အန်တီကြီးအနေဖြင့် ပြည်ပခရီးနှင်၍ ထောက်ခံအားပေးမှု၊ ပံ့ပိုးမှုမည်မျှပင်ရရှိနေစေကာမူ အိမ်တွင်းရေး မပြေလည်ပါက အချည်းအနှီးဖြစ်ပြီး ရရှိလာသော ဂတိက၀တ်၊ အကူအညီများ သဲထဲရေသွန် ပင်ပန်းမှုသာအဖတ်တင် အပြစ်တင်ခံအရှက်ရ၊ နာမည်ပျက်ခံရမည်မှာ မုချမလွဲဖြစ်ရချေတော့မည်။ 
ကမ္ဘာ့နိုင်ငံများမှ တတ်သိပညာရှင်များ၊ လူပုဂ္ဂိုလ်များ၏ ဆန္ဒနှင့် အညီငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းလျာထားခံရမှု အဆင့်အထိ ခံရသူ သမ္မတကြီးအား မည်သည့် အကြောင်းများ ကြောင့် လျာထားတင်သွင်းခံရခြင်းအပေါ်တော့မဆွေးနွေးလို၊ မသိလိုတော့ပါ (နိုင်ငံကြီးများအချို့ချို့တို့ မိမိတို့လိုရာသို့ ဆွဲပြီးအသုံးချခံရန် လျာထားခြင်းဖြစ်ကောင်းဖြစ်နိုင်သည် သို့သော်သမ္မတကြီးအရွေးမခံရပါ၊ အစဉ်အလာအရ နိုဘယ်ဆုပေးအပ်ခြင်းတွင်ရှိခဲ့ဖူးပါသည်)။ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် လျာထားခံရသူ သမ္မတကြီးနှင့် ဆုရရှိပြီးခဲ့သူ နိုဘယ်ဆုရှင်အန်တီကြီးတို့နှစ်ဦးစလုံးသည် ကျွန်တော်တို့၏ ကချင်လူထုအား တပ်မတော်မှ တိုက်ခိုက်လုယက်၊ ညင်းပန်းနှိပ်စက်၊ သတ်ဖြတ်ဖမ်းဆီးခေါ်ဆောင်၍ လူသတ် မဒိန်းကျင့်စော်ကား၊ ရွာဖျက်မီးရှို့၊ ဘာသာရေးအဆောက်အအုံများဖျက်ဆီး၊ မတရားဖမ်းဆီးထောင်ချ၊ လူမျိုးခွဲခြား နှိပ်စက်သတ်ဖျက် အစဖျောက်မှု အမျိုးမျိုးပြုလုပ်နေခြင်း၊ ကချင်လူထုတစ်မျိုးသားလုံးအား ဦးတည်တိုက်ခိုက်လာခြင်းအပေါ် မတားဆီးဘဲ အဘယ့်ကြောင့် မသိကျိုးကျွံပြုနေကြပါသနည်း။ 
သမ္မတကြီး၏ ကချင်လူထုအား ပစ်ခတ်တိုက်ခိုက်မှု ရပ်ထားရန် တစ်ကြိမ်၊ နှစ်ကြိမ်မက အမိန့် ထုတ်ပြန်သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ လိုက်နာရန် အဘယ့်ကြောင့် ပျက်ကွက် နေရပါသနည်း။ သမ္မတကြီး၏ ဖြေကြားချက် ယုတ္တိမရှိပါ ( နားကြားကောင်းအောင် နှစ်ဦးနှစ်ဖက် အတိုင်အဖောက်ညှိထားပုံရသည်)။ ရှေ့တန်းရောက်တပ်မတော်အရာရှိကြီးများသည်လည်း ပုဂ္ဂိုလ်ရေး မုန်းတီးလုပ်ကြံသတ်ဖြတ်လိုမှုကြောင့် လူပုဂ္ဂိုလ်များအချင်းချင်းတိုက်ခိုက်ရန် ကြောက်ရွံ့ပြီး အပြစ်မဲ့ ပြည်သူများအား ရန်သူကြီးများသဖွယ် မဆင်မခြင်အသိမဲ့ပညာမဲ့စွာ အဝေးမှ လက်နက်ကြီးများဖြင့် ချိန်ရွယ်ပစ်ခတ်နေမှုကို အဘယ့်ကြောင့်ပြုလုပ်နေကြရပါသနည်း။ အန်တီကြီးအနေဖြင့် ကျွန်တော်တို့ ကချင်လူမျိုးစုများကိုသာ ဦးတည်ပြီး လူမျိုးသုန်း( Ethnic Cleansing) သွားအောင်တိုက်ခိုက်နေမှု ပေါ် သိသိကြီးနှင့် မည်သို့မျှမဖြစ်သကဲ့သို့ ငြိမ်ချက်သားကောင်းနေပါသလား။ အက်ရှင်ဇတ်လမ်းတစ်ပုဒ် ကြည့်နေရသကဲ့သို့များ ထင်၍ ဟောလိဝုဒ်ရောက်နေသလားဟု ဝေခွဲမရဖြစ်နေကြပါသည်။
ငြိမ်းချမ်းရေးနိုဘယ်ဆုရ အန်တီကြီးအပေါ် ကျွန်တော်တို့ကချင်လူမျိုးစုများသည်လည်း ဒီမိုကရေးစီ ခေါင်းဆောင်တစ်ဦးအနေဖြင့် ယုံကြည်မှုအပြည့်အ၀ထားခဲ့ကြသူများဖြစ်သည်နှင့် အညီ ကချင်လူထု အတွက် လူ့အခွင့်အရေးချိုးဖောက်ခံရသူများ ဖြစ်နေပြီဆိုသော အဆင့်အထိတော့ ထည့်တွက် ဆုံးဖြတ် ကူညီပေးသင့်သည်ဟု ထင်ပါသည်။ နေအိမ်အကျယ်ချုပ်ဘ၀ဖြင့်နေရချိန်ကတည်းကပင် အန်တီကြီး အနေဖြင့် သက်ဆိုင်ရာအစိုးရအား တိုင်းရင်းသားအရေးနှင့်ပက်သက်၍ ကူညီဖြေရှင်းပေးလိုပါသည်ဟု တဖွဖွပြောဆိုခဲ့သော ခေါင်းဆောင်ကြီး ယခုအဘယ့်ကြောင့်ငြိမ်နေရသနည်း။ အခြေအနေအရပ်ရပ်ကြောင့် စစ်ပြေးဒုက္ခသည်(IDPs) များအား အချိန်နှောင်းမှ မဖြစ်မနေကူညီရမည့် အနေအထားကြောင့် ကူညီပေး သလို နည်းပါးလှသည့်အကူအညီများသာလျင် ရောက်ရှိပြီး နိုင်ငံတကာသို့ သွားလာသည့်အချိန် နိုင်ငံတိုင်း၌မိမိနိုင်ငံ၏ ပြည်တွင်းစစ်တည်ငြိမ်သွားအောင် တိုင်းရင်းသား များပြဿနာဖြေရှင်းရန်၊ ငြိမ်းချမ်းမှုရရှိအောင် ဆောင်ကျဉ်းရန် လုပ်ရမည်ဖြစ်ကြောင်း အသံကောင်း ဟစ်အော်ခဲ့ပြီး ယခုအဘယ့်ကြောင့်မလုပ်မယှက် ငြိမ်နေရပါသနည်း။ နိုဘယ်ဆုရှင် အန်တီကြီးပြန်ဖြေမည့်စကားကို ကြိုသိနေပါသဖြင့် မရေးလိုတော့ပေမဲ့ ပြောလိုက်ပါမည် (ကျွန်မအစိုးရမဟုတ်ဘူးလေ၊ လုပ်ပေးချင်ပေမဲ့လုပ်ပေးမည့်အာဏာမရှိသေးလို့ပါ) ဟုပြန်ဖြေပါလိမ့်မည်။ အာဏာရရှိလာပါက ဖြေရှင်းဆောင်ရွက်ပေးပါမည်ဟု ပြန်လည်ဖြေကြားချက်ဖြင့် ကချင်လူထုအား နှစ်သိမ့်လိုက်မည့်စကားကို မမေးခင်ကပင် သိနှင့်နေပါသည်။ ထိုအချိန်သာစောင့်နေပါက ကျွန်တော်တို့တိုင်းရင်းသားမျိုးနွယ်စုဝင်အားလုံး ရန်သူကြီးများအဆင့်သို့ ရောက်လုနေပါပြီ။ သို့ဖြစ်ပါက တခြားနည်းလမ်းများဖြင့် ဖြေရှင်းအရေးဆိုပေးနိုင်သော အချက်မရှိပြီလော( သမ္မတကြီးနှင့်တော့ အကြံတူ အတိုင်အဖောက်တည့်ကြပါသည်)။
ကျွန်တော်တို့ ကချင်တိုင်းရင်သားညီအစ်ကိုများဟု ခေါ်ဆိုခံရသည် ယခင်က တိုင်းရင်းသား ညီအစ်ကို စိတ်ဓါတ်မရှိသူများနှင့် အတူနေထိုင်ပြီး ပြည်ထောင်စုဖွား ညီနောင်များ ဆိုသည့်အတိုင်း မြန်မာ့လွတ်လပ်ရေးကို တိုင်းတပါးထံမှရရှိအောင် ကြိုးပမ်းမှုတစ်လျှောက်နှင့် လွှတ်လပ်ရေးရရှိအောင် ဆောင်ကျဉ်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသော တိုင်းရင်းသားသွေးချင်းညီနောင်များဆိုသည့် နာမည်ကို သမိုင်းမှ ပယ်ဖျက်မေ့ပျောက်ပြီး တကိုယ်တော်မျိုးနွယ်စုအဖြစ် သီးခြားငြိမ်းချမ်းစွာ ကိုယ့်ပြည် ကိုယ့်နယ်ဖြင့် နေလိုကြမှုကို တမျိုးသားလုံးလိုလားလာကြပါပြီ။ ဤနေရာတွင် ဖြည့်ပြောလိုသော စကားအချို့မှာ မြန်မာ့လွတ်လပ်ရေးရရှိအောင် တိုင်းရင်းသားစည်းလုံးမှုရရှိအောင် အဓိကကဏ္ဍမှ ပါဝင်လက်မှတ်ရေးထိုး တောင်းဆိုရာတွင် မြန်မာနိုင်ငံ၏ လူမျိုးစုတစ်ရာကျော် ထိုး၍ ရရှိခဲ့ခြင်းမဟုတ်ပါ။ လူမျိုးစုကြီးအနည်းငယ်တို့ မိမိတို့ပြည်နယ်တွင် နေထိုင်ကြသော လူမျိုးစုငယ် များအားလုံးနှင့် အတူကိုယ်စားပြု လက်မှတ်ထိုးခဲ့ကြ၍ လွတ်လပ်ရေးရရှိခဲ့ကြခြင်းဖြစ်ပါသည်။ လူမျိုးကြီး၊ ငယ် ခွဲခြားသတ်မှတ်ပေးပြီး သွေးမခွဲပေးကြပါနှင့် ကိုယ့်ပြည်နယ်နှင့် ကိုယ်သာသက်ဆိုင်ပါသည်။ လက်နက်ကိုင်အချင်းချင်း တိုက်ခိုက်မှုမပြုဘဲ ကချင်လူမျိုးစုအားလုံးကို ဦးတည်တိုက်ခိုက်နေခြင်းကြောင့် ဗမာနိုင်ငံ( ပြည်ထောင်စုမြန်မာနိုင်ငံမဟုတ်ပါ) အတွင်းနေထိုင်လိုစိတ်မရှိကြတော့ပါ။
နိုဘယ်ဆုရှင်အန်တီကြီး၏ ဖခင်ပြောသကဲ့သို့ မိမိလိုချင်သော လွတ်လပ်သည့် ကချင်နိုင်ငံတော်သစ်ကို တိုက်ခိုက်ယူမှရကြမည်ဟု ယုံကြည်လာကြပြီ ဖြစ်သဖြင့် လွတ်လပ်တည်ငြိမ်အေးချမ်းသာယာဝ ပြောသည့် ကချင်နိုင်ငံတော်သစ်တည်ဆောက်ကြရမည်ဖြစ်သည်ကို ကချင်လူမျိုးစုများအားလုံး သဘောပေါက်ကြပါပြီ။ အချုပ်အခြာအာဏာတည်တံ့ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သော မိမိတို့ဘိုးဘွားခေတ်အဆက်ဆက်က ပိုင်ဆိုင်အုပ်ချုပ်ခဲ့ကြသော ကိုယ့်ပြည်ကိုယ့်နယ်ဒေသ တွင်းမှ လူမျိုးစုတစ်ရပ်လုံးအား မျိုးပြုတ် သုန်းသွားအောင် သတ်ဖြတ်တိုက်ခိုက် ရက်စက်ယုတ်မာလှသော တပ်မတော်အမည်ခံ ဗမာသူပုန်များအား မိမိတို့ဒေသမှ လုံးဝထွက်ခွါချုပ်ငြိမ်းသွားအောင် ကျွန်တော်တို့ကချင်မျိုးနွယ်စုများအား မိမိလူမျိုးအဖြစ် ရွေးကောက်တော်မူထားသော “ကျွန်တော်တို့၏ အောင်မြင်ခြင်းအရှင်၊ ထာဝရဘုရားသခင်” ၏ ကွယ်ကာမှုအောက်တွင် ထာဝရဘုန်းတော်နှင့် ပြည့်စုံပြီး၊ အသက်ရှင်တော်မူသော ကယ်တင်ရှင် သခင်ခရစ်တော်၏ လမ်းပြဦးဆောင်မှုဖြင့် ယုံကြည်စည်းလုံးမှု ခိုင်မြဲသည့်စိတ်ဓါတ်ဖြင့် အပြတ် တိုက်ခိုက်ချေမှုန်းသွားတော့မည်ဖြစ်သည်။ လွတ်လပ်သည့် ကချင်နိုင်ငံတော် (The Independent Land of Kachin) တည်ထောင်သွားတော့မည်ဖြစ်ပါကြောင်း မျိုးနွယ်စုအားလုံး တာစူနေကြပြီးဖြစ်ပါသည်။ ထို့ကြောင့် လက်နက်ကိုင် KIA/KIO ဟု အမည်နာမ မသုံးနှုန်းချင်ပါ။ ကချင်မျိုးနွယ်စုဟုသာ သုံးနှုန်းပါသည်။ သို့သော် မျိုးချစ်စိတ်ပြင်းထန်သည့် သစ္စာရှိပြီးရဲ့ရင့်သော သတ္တိနှင့် ပြည့်စုံသည့် အစဉ်အမြဲမိမိလူမျိုး၏ ရန်သူမှန်သမျှကို ရင်ဆိုင်တိုက်ခိုက်လိုစိတ် ခိုင်မာသည့်ညီညွတ်ရဲရင့် သစ္စာရှိသော စိတ်ဓါတ်သည်သာလျှင် လက်နက်ကိုင်တော်လှန်တိုက်ခိုက်မှု လမ်းစဉ်သို့ တွန်းပို့မှုကြောင့် မျိုးနွယ်စုဝင်များအားလုံးသည် KIA/KIO များဖြစ်ကြရပေတော့မည်ဟု ဆိုချင်ပါသည်။ 
ဖက်ဒရယ်ပြည်ထောင်စုဘ၀ကို ကျော်လွှားပြီး လုံးဝလွှတ်လပ်ရေးသို့ (Not just mere Federalism, but for the outright Independence) ပါခင်ဗျား။ 
မျှော်မြင်တွေးဆ မြင်နေရသောအနာဂတ်မှ
Myu Tsaw (ခါနန်)
စာကြွင်း
“မှန်ကန်သူကျရှုံးခန်း” ရောက်စေခဲ့သော အစိုးရမင်းလုပ်သူများ အုပ်ချုပ်ခဲ့သော အစိုးရမင်း အဆက်ဆက် ခေါင်းဆောင် ဦးဆောင်ဦးရွက်ပြုသူ (Policy Makers) များ၏ ကိုယ်ရေးအထ္တုပ္ပတိကို နောင်အလျင်းသင့်ပါက ဖော်ပြပါမည်။ ကလိန်ကကျစ်စိတ်ရှိသော လိပ်မျိုးများဖြစ်ပြီး မိမိလိုရာသို့ဆွဲပြီး ဆရာတပည့်မွေးသည့် ကုထုံးများဖြင့် တိုင်းပြည်ချောက်ထဲသို့ကျအောင် လုပ်ပြီးကိုယ့်ပြည်သူကို မကြည့်ဘဲ သားစဉ်မြေးဆက် ဆွေစဉ်မျိုးဆက် စည်းစိမ်ထိန်းသိမ်းယစ်မူးသူများသာဖြစ်ခြင်းကြောင့် တရားဥပဒေမရှိဘဲ “ငွေများတရားနိုင်” ဥပဒေဖြင့်အုပ်ချုပ်ခဲ့ခြင်းကြောင့် ယနေ့မြန်မာမဟုတ်တော့ပါ။ ပေါက်ဖော်များ၏ (Monopoly) နိုင်ငံဖြစ်နေပါပြီ။ ခွဲထွက်ကိစ္စတွင် ထိုအကြောင်းလည်းပါပါသည်။ ယခုလည်း အထက်ပါစည်းစိမ်ရှင်များအတွက် ရှေ့တန်းတွင် ဒုက္ခဆင်းရဲခံ၊ ဒုက္ခိတဖြစ်၊ အသေခံပေး ကျီးလန့်စာ စားနေရသော အချို့တပ်မတော် အရာရှိကြီးများနှင့် အခြားအဆင့်၊ တပ်မတော်သားသူပုန်များအား စာနာမိသော်လည်း အခြေအနေအရပ်ရပ်ကြောင့် ဆက်လက် တိုက်ခိုက်သွားရမည်ဖြစ်ပါသည်။

Wednesday, October 24, 2012

ဝူးတိန်းရှိန် ၂၀၁၅ ရွှေးကောက်ပွဲအတွက် ဆက်လက်အရွှေးခံဖို့  များလာရခြင်း အကြောင်းများ၊

Photo: ကမ္ဘာပေါ်မှာ ၀န်ကြီးချုပ်ရာထူး အရှည်ဆုံး ဘွဲ့ခံယူထားတဲ့ ကမ်ဘောဒီးယား ၀န်ကြီးချုပ် စစ်သားဟောင်းကြီး Hun Sen လည်း နှစ်ပေါင်း သုံးဆယ် လောက်နိုင်ငံကို တာဝန်ယူပြီး ကယ်လို့ မပြီးသေးဘူး။

ဒီမိုကရေစီ အာဏာရှင် ဖြစ်လာရတဲ့ အကြောင်းရင်းခံက ဗဟိုချုပ်ကိုင်မှု စနစ်ထဲက ခရိုနီ စီးပွါးရေး လုပ်ငန်းရှင်တွေရဲ့ ကျေးဇူးပေါ့။

မြန်မာ စစ်အာဏာရှင်တွေလဲ နိုင်ငံတော်ကို လက်မတင်လေးထဲက ကယ်တင်ခဲ့တယ် ဆိုရာက နှစ်ပေါင်း ၅၀ကျော် တောင် တာဝန်ယူ ကယ်တင်လို့ မပြီးဘူး ဖြစ်သွားတယ်။ကမ္ဘာပေါ်မှာ ၀န်ကြီးချုပ်ရာထူး အရှည်ဆုံး ဘွဲ့ခံယူထားတဲ့ ကမ်ဘောဒီးယား ၀န်ကြီးချုပ် စစ်သားဟောင်းကြီး Hun Sen လည်း နှစ်ပေါင်း သုံးဆယ် လောက်နိုင်ငံကို တာဝန်ယူပြီး ကယ်လို့ မပြီးသေးဘူး။

ဒီမိုကရေစီ အာဏာရှင် ဖြစ်လာရတဲ့ အကြောင်းရင်းခံက ဗဟိုချုပ်ကိုင်

မှု စနစ်ထဲက ခရိုနီ စီးပွါးရေး လုပ်ငန်းရှင်တွေရဲ့ ကျေးဇူးပေါ့။

မြန်မာ စစ်အာဏာရှင်တွေလဲ နိုင်ငံတော်ကို လက်မတင်လေးထဲက ကယ်တင်ခဲ့တယ် ဆိုရာက နှစ်ပေါင်း ၅၀ကျော် တောင် တာဝန်ယူ ကယ်တင်လို့ မပြီးဘူး ဖြစ်သွားတယ်။ (by duwa kachin)

ဘု မသိ၊ ဘ မသိ

မြို့ပေါ်မှာမွေး၊ မြို့ပေါ်မှာနေတဲ့ “မင်း”က မြို့ပေါ်က စာသင်ကျောင်းထဲမှာ “ပြည်ထောင်စု” ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးထားတဲ့ သင်ခန်းစာတွေ ကို တွင်တွင်ကျက်ရင်း လူလားမြောက်လာတဲ့အချိန်မှာပဲ
မျက်စိရှေ့မှာပဲ ကိုယ့်အမ ကို မုဒိန်းကျင့်

သတ်ဖြတ်တာကို မြင်ခဲ့ရတဲ့
မျက်စိရှေ့မှာပဲ အဖေနဲ့ ဦးလေးတို့ ပေါ်တာဆွဲရင်း အသတ်ခံခဲ့ရတဲ့
မျက်စိရှေ့မှာပဲ ကိုယ့်အမေတွေ၊ အဒေါ်တွေပိုင်ဆိုင်တဲ့ ကျွဲနွားကြက်ဝက်တွေကို
လုယက်သတ်ဖြတ်စားသုံးကြတာကို မြင်ခဲ့ရတဲ့
လူငယ်လေးတွေက မင်း တို့ပြောတဲ့ “ပြည်ထောင
်စု” ကို မယုံတာ အပြစ်မတင်ပါနဲ့. ၊

“တော်လှန်ရေး” ဆိုတဲ့ စကား ထက် လက်တွေ့ကျတဲ့ စကားလုံး သူတို့မှာ မရှိဘူး။
မင်း ရဲ့ ရူးကြောင် မူးကြောင် နိုင်ငံရေး သီအိုရီတွေနဲ့
“ဆရာကြီး” လုပ်ပြီး အမျိုးမျိုး နိုင်ငံရေးတရားဟော နေတာတွေ ကို သူတို့နားခါးလှ တာ
နှစ် ၅၀ ကျော် ခဲ့ပြီ ဆိုတာ မမေ့နဲ့။

မင်း ဘာ လက်တွေ့ လုပ်မလဲ. . . .
မှတ်ထား. . .

ဆူးစူး လျှင်
အပ် နှင့် ထွင် သည်. . .
အသင် ဘာပြော ချင် သနည်း. . တဲ့

တော်လှန်ရေး.
တော်လှန်ရေး
တော်လှန်ရေး. . . ကာလ မကုန်သေးဘူး။

တရားနည်းလမ်းတကျ မဖြေရှင်းပေးသရွေ့၊
မဖြေရှင်း သေးသရွေ့
“တော်လှန်ရေး” ခေတ်မကုန်သေးဘူး. . .

အောင်ဆန်းအက်တလီ စာချုပ်ချုပ်ပြီးသည့်တိုင်အောင် လိုအပ်ရင် လက်နက်ကိုင်ဖို့ အသင့်ပြင်ထား လို့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ပြောခဲ့တယ်။

ထပ်ပြောမယ်။
တရားနည်းလမ်းတကျ မဖြေရှင်းသေးသရွေ့
တရားနည်းလမ်းတကျ မဖြေရှင်းပေးသရွေ့
“တော်လှန်ရေး” ကာလ ပဲ ရှိသေးတယ်။ (by: duwa kachin)

မြန်မာ စစ်အစိုးရ၏ မဟာဗျူဟာမြောက်အစီအစဉ်တွင် ဒေါ်စု ကဏ္ဍ

by Duwa Kachin on Wednesday, October 24, 2012 at 10:17am ·
စစ်အစိုးရ၏ လျှို့ဝှက်အစီအစဉ်တွင် ဒေါ်စု ပါဝင်ပတ်သက်မှု ကဏ္ဍ အကြောင်းကို စာရေးသူအနေနဲ့ နောက်ကြောင်း အဖြစ်အပျက်များ နှင့် လက်ရှိဖြစ်ပေါ်မှု နိုင်ငံရေး အခင်းအကျင်းများအပေါ် သုံးသပ်ထားခြင်းဖြစ်ပါတယ်။

တော်လှန်ရေး အဖွဲ့များတွင် နိုင်ငံရေး နှင့် စစ်ရေး အခိုင်မာ ဆုံးနှင့် ဘာသာရေး အရ ထိတွေ့ဆက်ဆံမှု အများဆုံးမှာ ကရင် နှင့် ကချင်ဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သော ၁၉၉၀ ခုနှစ် နောက်ပိုင်းမှ စ၍ KNU နှင့် KIO ကိုသီးသန့်စီ ခွဲထုတ်ပြီး ထိုးစစ်ဆင်ရန် စစ်အစိုးရရဲ့ အဓိက ပစ်မှတ် ဖြစ်လာသည်။

၁၉၉၀ ကျော် တုန်းက KNU နှင့် KIO နှစ်ဖွဲ့စလုံး အပစ်ရပ်အတွက် ဆွေးနွေးခဲ့သည်။ KNU ဆိုရင် ရန်ကုန်ထိတောင် သွားရောက်ဆွေးနွေးခဲ့သေးသည်။ သို့သော် အပစ်ရပ် လက်မှတ်ထိုးတဲ့ အဆင့် အရောက်မခံခဲ့ပါ။ နောက်တော့ KNU ကိုအကြီးကျယ်ဆုံး ထိုးစစ်ဆင်ခဲ့သည်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ထိုင်းနယ်စပ် တလျှောက် စစ်ပြေးဒုက္ခသည် စခန်းပေါင်းမြောက်များစွာ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ၄င်း ဒုက္ခသည် စခန်းများပြင်လျှင် ကေအိုင်ယူ အတွက် အထောက်အပံ့ ဖြစ်နေခဲ့သည်။

၂၀၀၈ ခုနှစ်မှ စ၍ KIO ဖက် ပစ်မှတ်ပြောင်းသွားသည်။ အမှန်ဆိုရင် KIO ဟာ ၂၀၀၈ အခြေခံဥပဒေကို အပြည့်အ၀ မထောက်ခံခဲ့ပေမယ့်၊ နောက်နောင်အခါ ပါတီ နိုင်ငံရေးအရ ပြုပြင်နိုင်ဖို့ မျော်လင့်ခဲ့သည့်နည်းတူ၊ ပါတီဖွဲ့ရန် စတင်ခဲ့သည်။ သို့သော် နိုင်ငံရေးအရ စိတ်ချနိုင်တဲ့ အနေအထားအဆင့် မရောက်သေးပဲ လက်နက်ဖြုတ်သိမ်းဖို့လောက်ထိ အတင့်မရဲခဲ့ပါ။ ထို့အတူ ကေအိုင်အေ အပါအ၀င် ကချင် ခေါင်းဆောင် အစစ်အမှန်များ ပါဝင် ဖွဲ့စည်းခဲ့သော KSPP ပါတီလဲ မှတ်ပုံတင် ကျမလာပါ။ (အခုမှ ပါတီနိုင်ငံရေး ကို လက်ခံဖို့ ကေအိုင်အေ ကို ၀ိုင်းပြောနေကြပါတယ်၊ ကေအိုင်အေ အနေနဲ့ အစကတည်းက လက်ခံပြီးသား ဆိုတာ နိုင်ငံရေးလေ့လာသူများ သိပါတယ်။)

ထို့ကြောင့် ၂၀၀၈-၂၀၁၁ ကြား ကေအိုင်အိုကို BGF လက်ခံရန် နောက်ဆုံးရက်သတ်မှတ်ချက် ရာဇသံ အကြိမ်ကြိမ်ပေးခဲ့သည်။ ကေအိုင်အို အနေနဲ့ နယ်ခြားစောင့်တပ် လက်ခံမှာမဟုတ်မှန်းလဲ ကြိုတင်တွက်ထားပြီး ဖြစ်၍ ၂၀၀၉ ခုနှစ်မှ စစ်ရေး ပြင်ဆင်လာသည်။ ကရင်၊ ၀ နှင့် ကချင်တော်လှန်ရေးကြား ဆက်သွယ်ထားသော လမ်းဖြစ်သည့် ကိုးကန့် နယ်ကို အကြောင်းရှာပြီး သိမ်းလိုက်သည်။ ၂၀၁၀ ခုနှစ် ဧပြီလအတွင်း လက်နက်ကြီးအများအပြား မန္တလေး-ဗန်းမော်လမ်းမှ တဆင့် လိုင်ဇာအနီးမှ ဖြတ်ပြီး ပို့လိုက်သည်။ ချိန်းချောက်တဲ့ သဘောလဲ ဖြစ်သည်။ ထိုချိန်က ဗန်းမော်တွင် ကချင် နှစ်ခြင်းခရစ်ယာန် ဓမ္မ ညီလာခံ ကျင်းပ နေချိန် လူထု သောင်းချီ စုဝေးရာ အနီးမှ ဖြတ်ပြီး လက်နက်ကြီးများ ပို့ဆောင်ပြသလိုက်ခြင်းဖြစ်သည်။ ထိုစဉ်ကတည်းက ကေအိုင်အေလဲ ခံစစ်အတွက် ပြင်ဆင်နေခဲ့သည်။သတင်းများမှာလဲ လိုင်ဇာကို ထိုးစစ်ဆင်ရန် အသင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သော မိသားစုများထံမှ ခိုင်လုံတဲ့ သတင်းများအရသိရသည်။ တချိန်ထဲမှာ အရပ်သားစီး ရထားမှ စစ်ကူအများအပြားကို ပို့ဆောင်လာသည်။

ထင်ထားသည့်အတိုင်းပင် ၂၀၁၁ ဇွန်လမှာ စပြီး တိုက်ခိုက်သည်။ တချို့က တရုတ်လုပ်ရေအားလျှပ်စစ် စီမံကိန်းကြောင့်လို့ပြောကြပါတယ်။ ဒီစီမံကိန်းကြောင့် ဖြစ်ခဲ့မယ် ဆိုရင် လွန်ခဲ့တဲ့ သုံးလေးနှစ် စီမံကိန်း စလာကတည်းက ဖြစ်ရမှာပါ။ စစ်ပွဲများစတင်ရာမှာ မတော်တဆ ထိတွေ့ရင်ဆိုင်တိုက်ပွဲမျိုးမဟုတ်ပေ။ လက်နက်ကြီးအများအပြား နှင့် အနောက်ကနေ ပစ်ကူပေးသလို၊ ဗျူဟာမှူးကိုယ်တိုင် စီမံခန့်ခွဲပြီး စစ်ကြောင်းနှင့်တိုက်ခဲ့သော တိုက်ပွဲမှ စလာခြင်းဖြစ်သည်။ လိုင်ဇာကို လွယ်လွယ် နှင့် ရမည်ဟုလည်း တွက်ထားခဲ့သည်။ ကချင်ဒုက္ခသည်များ အတွက် ကရင်လိုအဖြစ်မခံ၊ တရုတ်အစိုးရကို စီးပွါးရေးအရ အပေးအယူလုပ်ပြီး ကချင်ဒုက္ခသည်များကို နိုင်ငံတကာ အသိအမှတ်ပြု ဒုက္ခသည် စခန်း ဖြစ်မလာအောင် မောင်းထုတ်ခိုင်းသည်။

၂၀၁၁ ခုနှစ် ဇွန်လိုင်လ မှာတော့ ၀န်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည် နှင့်ထပ်တွေ့သည်။ ၂၀၀၇ ခုနှစ်မှ ကိုးကြိမ်မြောက် တွေ့ခြင်းဖြစ်သည်။ ဒေါ်စု မျက်နှာ မချိုမသာ ဖြစ်နေခဲ့တာ သတိထားမိသည်။ သို့သော် အများပြည်သူအတွက် အကျိုးရှိမဲ့ အရေးကိစ္စအတွက် ပူးပေါင်းဆောင်ရွက်သွားရန် ဖြစ်တယ် လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး၊ ဘယ်လို အကျိုးဆိုတာ သိသိကျကျ မထုတ်ပြန်ခဲ့ပေ။ အခုထိလဲ မရှင်းပြသေးပေ။

၂၀၁၁ သြဂုတ်လ တွင် ထပ်မံ ဦးအောင်ကြည်၊ သမ္မတ သိန်းစိန်တို့နှင့် တွေ့ရာမှာ တော့ ဒေါ်စု နှင့် NLD ရွေးကောက်ပွဲဝင်ရန် ပိုသေချာသွားသည်။ သို့သော် ရွေးကောက်ပွဲဥပဒေကြောင့် ဘယ်လိုမှ ဒေါ်စု နှင့်အဖွဲ့ ရွေးကောက်ပွဲဝင်ရန် မဖြစ်နိုင်သေးပေး။
နောက်တော့ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ရွေးကောက်ပွဲဝင်ရန် စီစဉ်ပေးသည်။ နိုင်ငံတကာ နှင့် နိုင်ငံရေး အကဲခတ်များ နှစ်ထောင်းအားရ ဖြစ်သွားသည်။ စိတ်ဝင်စားစရာက ဒေါ်စု မဲဆန္ဒနယ် ရွေးရခြင်းကစလာသည်။ ကရင် ရပ်ကွက်ကို ရွေးခဲ့သည်။ တဖက်မှာ KNU နှင့် အပစ်ရပ်ဖို့ ကမ်းလမ်းမှု စလာသည်။ ကချင်ကို စတိုက်နေပါပြီ။ BGF လက်မခံတာ ကေအိုင်အေတစ်ဖွဲ့ထဲ မဟုတ်ခဲ့ပါ။ မွန်အဖွဲ့၊ ၀ အဖွဲ့၊ ရှမ်းအဖွဲ့ အားလုံးဖြစ်သည်။

ဒေါ်စု ရွေးကောက်ခံပြီးနောက် ပထမဆုံး နိုင်ငံရပ်ခြားခရီးမှာ ကရင် ဒုက္ခသည် စခန်းကို သွားခဲ့သည်။ ကေအင်ယူ နှင့် အပစ်ရပ်ရေးကိစ္စ ပိုသေချာသွားသည်။ တဖက်မှာ ကချင်ကို ထိုးစစ်ဆင်တဲ့ ကိစ္စ ဒေါ်စု အနေနဲ့ စိုးစင်းမျှ ထုတ်ဖေါ်ပြောခြင်းမျိုးမရှိလို့ နိုင်ငံတကာမှာတောင် ဝေဖန်သံများ ဆူညံနေခဲ့သည်။ လူ့အခွင့်အရေး ချိုးဖေါက်မှုဆိုင်ရာ နိုင်ငံတကာက ထုတ်ပြန်တဲ့ အစီရင်ခံစာများ မဖတ်တာတော့ မဖြစ်နိုင်ပေ။

သို့သော် ဒီအချိန်မှာ နိုင်ငံတော်ရဲ့ အဓိက အင်အားကြီး တိုင်းရင်းသား အတိုက်အခံ အဖွဲ့ နှစ်ခုကို ဖြိုရာမှာ အရေးကြီးသော မဟာဗျူဟာ အတွက် ဦးအောင်ကြည် နှင့် သမ္မတ ကိုတွေ့ကတည်းက "အများပြည်သူ အတွက် အကျိုး" ဆိုတဲ့ အချက်ဖြစ်ပါလိမ့်မည်။ အများပြည်သူ ဆိုတဲ့ အချက်ကို ကောင်းကောင်းဆက်စဉ်းစားလိုက်လျှင် ဗမာ လူမျိုးများအတွက် ဆိုရင် ပိုမှန်သွားသည်။ မြန်မာ အစိုးရ ရဲ့ ထိုးစစ်ဟာ တော်လှန်ရေး အဖွဲ့ကို တိုက်ခြင်းမျိုးမဟုတ်ပေ၊ ကရင်၊ ကချင် ရွာများကို အခြေချနေထိုင်မှု အားလုံး ဖျက်ပေးသော တိုက်စစ်ဖြစ်သည်။ လူမျိုးရေး ထိုးစစ်ဆင်မှု ဗျူဟာ ဖြစ်သည်။ လူမျိုးတမျိုးကို လုံးပါးပါးသွားအောင် တိုက်သော ထိုးစစ်မျိုးဖြစ်သည်။ ဒေါ်စု အနေနဲ့ သူ့စိတ်မနော အရ လက်မခံချင်သော်လည်း၊ သူလဲ သူ့လူမျိုးနဲ့ ပတ်သက်လာရင် ဆုံးဖြတ်ဖို့ ၀န်လေးမည် မဟုတ်ပေ။ ဒီအတွက်လဲ မြန်မာ အစိုးရ အတွက် ကံကောင်းခြင်းဆု အများအပြား ရလိုက်သည်။ နိုင်ငံတကာက မြန်မာ နိုင်ငံရဲ့ အပြောင်းအလဲ အတွက် အသိအမှတ်ပြုလာသည်။

ဗမာ့နိုင်ငံရေး လောကကို တိုင်းရင်းသား ဒေသတွေမှာ စပြီး ချဲ့ထွင်လာတဲ့ အချိန်မှ စပြီး တိုင်းရင်းသားများကို အကြပ်ရိုက်စေမဲ့ နည်းဗျူဟာများ သုံးနေခဲ့သည်။ တဖက်တွင်လဲ ဗမာ နိုင်ငံရေးလောက ကိုပိုမိုချဲ့ကားစေသည်။ ဒီလိုဗျူဟာ သဘောအရ NLD နှင့် ဒေါ်စုသည်လဲ တဖက်တလမ်းမှ ပါဝင် ပတ်သက်ဖို့ ဖြစ်လာသည်။
၁၉၆၂ ခုနှစ်မှာ ကရင်၊ ချင်း နှင့် ကချင်လူမျိုးများအတွက် အဓိက ပညာရေးသွေးကြော ဖြစ်ခဲ့တဲ့ သာသနာပြုကျောင်းများကို ဖြုတ်သိမ်းပြီး၊ ဘုန်းကြီးကျောင်းပညာရေးကိုတော့ ဆက်လက်ရပ်တည်ခွင့် ပေးခဲ့တယ်။ ဘုန်းတော်ကြီးကျောင်း ပညာရေးလဲ အင်္ဂလိပ်လို ဘာသာပြန်ရင် mission school ပါပဲ။ အခု အစိုးရ သစ်မှာ ပုဂ္ဂလိက ကျောင်းများဆိုင်ရာ ဥပဒေ ပြဠာန်းတော့ mission ကျောင်းများ မဖြစ်ရ၊ လို့ ထည့်ခဲ့သော်လဲ၊ ဘုန်းတော်ကြီး ပညာရေးကျောင်းကိုတော့ အားပေးတယ်။ ဒါဟာ ခရစ်ယာန်အခြေခံ တိုင်းရင်းသားများကို အထူးပစ်မှတ်ထား နေကြောင်းပေါ်လွင်စေမှာ ဖြစ်ပါတယ်။

ဝ တပ်ဖွဲ့ဟာ ခေတ်အဆက်ဆက် အလိုလိုက်ထားခြင်းခံရပါတယ်။ အကြောင်းကတော့ ခရစ်ယာန် မဟုတ်ခြင်းက တကြောင်း၊ ရှမ်း ပြည်နယ် ခွဲထွက်ရေးအတွက် အနှောက်အယှက် ဖြစ်စေဖို့ ရည်ရွယ်ခြင်းလဲ ဖြစ်ပါတယ်။

ဒီအချိန်မှာတော့ ကချင်လူမျိုးများ ခံရမည့်အလေ့လို့ ဆိုရင် မမှားပေ။ မခံနိုင်တဲ့ အဆုံး အရှုံးပေးရင် တိုင်းရင်းသားများ၏ မူလ ရပိုင်ခွင့်များ ဒီမိုကရေစီ နည်းလမ်းအရ ဖြစ်လာနိုင်စရာရှိသလား ဆိုတော့ မဖြစ်နိုင်ပေ။ NLD ရဲ့ လွမ်းမိုးမှုသည်၊ ပြည်နယ်တိုင်းတွင် ရှိလာသည်။ လက်နက်ချလဲရှုံးမှာသာ ဖြစ်သည်။ ကိုယ်ပိုင်ပြဠာန်းခွင့်အတွက် အာမခံ ချက် မရသေးသ၍ တိုင်းရင်းသား ပြည်နယ်များ နှင့် တိုင်းရင်းသား လူနည်းစုများ ဆက်လက်ရှင်သန် ရပ်တည်ရေးအတွက် အာမခံချက် မရှိပါ။

ဒီလို အခွင့်အရေးမျိုးကို မြန်မာအစိုးရ အနေနှင့် အသာတကြည် ဖွင့်ပေးဖို့တော့ လတ်တလော အခြေအနေအရ ဖြစ်လာနိုင်စရာ အင်မတန်နဲပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ကတိပြုခဲ့သော စကားများအတွက် တာဝန်ယူရဲတဲ့ ဗမာ ခေါင်းဆောင်များ ရှိလာရင်တော့ ဖြစ်လာနိုင်ဖွယ်ရှိသည်။ အခုထိတော့ မမြင်နိုင်သေးပေ။ ဒီတော့ ဘယ်လိုလုပ်သင့်ပါသလဲ၊ ကိုယ်တိုင်တိုက်ယူခြင်းမှ တပါး၊ အခြားမရှိပြီ။

တဖက်တွင်လဲ စစ်ရေးအရ တိုင်းရင်းသားလက်နက်ကိုင်များကို အမြစ်ပြက် ချေမှုန်းဖို့ စိတ်အား ထက်သန်နေတဲ့ လူများလဲ စစ်တပ်ထဲတွင် သာမက ဗမာ အမျိုးသားရေး ခေါင်းဆောင်များ အများအပြားရှိနေလေသည်။ သို့သော် နှစ်ပေါင်း ၆၀ ကျော်ကြာ တိုက်လာခဲ့တယ်၊ အမြစ်ပြက် ချေမှုန်းခရီးဟာ စိတ်ထင်သလောက် မလွယ်မှန်း တချို့က ရိပ်စားမိလာသည်။ စစ်ပွဲများ ဆက်လက်ရှင်သန်နေရင် စစ်အာဏာရှင်များ ပြန် နေရာ ရလာနိုင်ကြောင်းကိုလဲ တချို့ ဗမာ နိုင်ငံရေး သမားများ သိနေသည်။ ဒီအချက်ပေါ်မှာ မူတည်ပြီး၊ တိုင်းရင်းသားများ အခွင့်အရေး နှင့် အပေးအယူ ကိစ္စကို တချို့က တွက်ဆထားသည်။ သို့သော်ယုံကြည်မှု တည်ဆောက်ဖို့ အချိန်ယူရမည်မှာ မလွဲပေ။ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ အခုချိန်မှ မစ နိုင်ဘူး ဆိုရင်တော့ နောင် အနှစ် ၅၀ အထက် ပြည်တွင်းစစ် အချိန်ကြာသွားနိုင်သည်။ ဒီကြားထဲ တရုတ်နှင့် အမေရိကန် စစ်ဖြစ်လာလျှင် မမျော်လင့်တဲ့ အဖြစ်မျိုးလဲ ဖြစ်လာနိုင်သည်။

အခုထိတော့ မြန်မာ အစိုးရ ဗျူဟာကတော့ ဖြောင့်ဖြောင့်သွားနေတုန်းပဲ ဆိုတာ ရှင်းနေပါတယ်။ ဒါဟာ စီးပွါးရေး အောင်မြင်လာလျှင် တိုင်းရင်းသားလက်နက်ကိုင် ကိစ္စ ချုပ်ငြိမ်းသွားမယ် ဆိုတဲ့ ဗျူဟာ ဖြစ်ပါတယ်။ ဒါကို အိပ်မက်မက်ခဲ့တာ အခုမှတော့မဟုတ်ပါ။ ၁၉၅၈ တုန်းက တော်လှန်ရေး အစိုးရတက်စ ကလဲ ဒီလိုမျိုးအိပ်မက်မက်ခဲ့သေးသည်။ လက်တွေ့ မကျလှပါဘူး။ နိုင်ငံရေးကို အရင် မဖြေရှင်းပဲ စီးပွါးရေး မတိုးတက်နိုင်ဆိုတာလဲ ရှိပါသေးတယ်။ အောက်ခြေ နိုင်ငံရေး အခြေမခိုင်ပဲ ဖြစ်လာတဲ့ စီးပွါးရေးဟာလဲ အားလုံးအတွက် မဖြစ်နိုင်၊ လူနည်းစု အတွက်သာ ဖြစ်လာနိုင်စရာရှိ၍ တိုင်းရင်းသား ကိစ္စ ဖြေရှင်းနိုင်မည်မဟုတ်ပေ။ ဒီတော့ အတင်း ဗမာမှု ပြုရေးဖက်သာ ဦးတည်လာနိုင်သည်။

စီပွါးရေး အမှန်တကယ် တိုးတက်ဖို့ နိုင်ငံရေးတည်ငြိမ်ဖို့လိုသည်။ နိုင်ငံရေးတည်ငြိမ်ဖို့ ဆိုသည်မှာ ဥပဒေ စိုးမိုးရေး လိုသည်။ ဥပဒေ စိုးမိုးရေး ဆိုသည်မှာ အခုလို စစ်တပ်ကို ဘေးမဲ့ထားရင်း ဖြစ်လာစရာ အကြောင်းမရှိပါ။ စစ်တပ်ကို နိုင်ငံရေး ယန္ဒယားအောက် ရောက်အောင် တွန်းပို့နိုင်ဖို့ရန်၊ စစ်တပ် အင်အားကို အရပ်သား အစိုးရ နှင့် ပါလီမန်က ထိန်းချုပ်ခွင့် ရရမည်။ အရပ်သား အစိုးရ က စစ်တပ်ကို ထိန်းချု့ပ်နိုင်ဖို့ဆိုရာမှာ ပြည်တွင်းစစ်မရှိဖို့လိုသည်။ ပြည်တွင်းစစ် မရှိဖို့ဆိုသည်မှာ လက်နက်အင်အားနဲ့ ဖြေရှင်းနေ၍ မရပါ၊ စစ်အင်အားပိုကြီးလာဖို့ အားပေးရာ ရောက်သွားမည်။ နိုင်ငံရေးအရ ဖြေရှင်းမှသာလျှင် စစ်တပ်အခန်းကဏ္ဍ မှေးမိန်လာမည်။ နိုင်ငံရေး အရ ဖြေရှင်းခြင်းဆိုသည်မှာ တိုင်းရင်းသား အခွင့်အရေး အတွက် စိတ်ချရတဲ့ နိုင်ငံရေး လမ်းစဉ်ချမှတ်ဖို့ ဖြစ်သည်။ ထိုလမ်းစဉ်ကိုချမှတ်နိုင်ဖို့ အခုမှ စပြီး စကားအဖြစ် စပြောရမည်။
ဖက်ဒရယ် ဆိုတဲ့ ဝေါဟာရ ကိုအခုထိတော့ မြန်မာ နိုင်ငံရေး ဇာတ်ခုံပေါ်က လူတွေ ပြောတာ မကြားဖူးသေးပါ။

Friday, October 19, 2012

SMADAV V.9.1.1 Pro

 
(arkaphyo)
File ပွား Virus ရှင်းလင်းပေးတဲ့ ဆော့ဝဲလ်လေးပါ နောက်ဆုံးအပ်ဒိတ်လေး ထပ်ရှယ်ပေးလိုက်ပါတယ်

ကီးပါတစ်ပါတည်းထည့်ထားပါတယ် အတွဲလိုက်ပေါ့ 

ဂျပန်က UNFC ကို ဒေါ်လာ ၃ သန်း ပေးမည်

တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) မှ ကိုယ်စားလှယ် ၂၀ ခန့်ပါဝင်သည့် တာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံ Nippon Foundation တို့ တိုကျိုမြို့တွင် အောက်တိုဘာ ၁၈ ရက်က တွေ့ဆုံကြောင်း သိရသည်။ တွေ့ဆုံရာတွင် Nippon Foundation က ယခင်သဘောတူထားသည့် လမ်းပန်း ဆက်သွယ်ရေး၊ စားနပ်ရိက္ခာ၊ ဆေးဝါး များအတွက် အပါအ၀င် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ အမေရိကန် ဒေါ်လာ ၃ သန်း ပေးအပ်မည်ဖြစ်ကြောင်း၊ ယင်း ကူညီထောက်ပံ့မှုသည် မြန်မာအစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ပြုလုပ်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတခုဖြစ်ကြောင်း Nippon Foundation က ထုတ်ပြန်ထားသည်။ UNFC သည် ကရင် အမျိုးသား အစည်းအရုံး(KNU)၊ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) အပါအ၀င် တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသော အဖွဲ့ဖြစ်သည်။ (irrawaddy)

在缅甸的克钦人故意自觉地被压迫在哪里?

10月17日当天的10:00 PM,残酷的缅甸政府军,这是基于Hpakant军事战术山,发射了12次,81毫米火炮武器的茂茂山的,根据东风悦达起亚前线人员报告。在该事件中,无辜(3)平民死亡,严重的(3)平民受伤。在另一方面,缅甸政府总统登盛(Thein Sein)和部长敖敏撒了谎非常整齐地向世界说:“我们缅甸军队不战的东风悦达起亚,只是发送配给一线”。                     我只是想知道,总统登盛(Thein Sein)和敖敏美丽的理由,杀害无辜的平民。你想怎么向世界再次撒谎。在其他人手中,这是政府军事谈判的东风悦达起亚在中国瑞丽江,以满足合适的时间。此外,东风悦达起亚下令部队停火,而美国外事组到达Nay Pyi Taw的,它是希望,他们将讨论和平进程谈判的手臂。基本上,这两个冲突臂组应停火,同时有会议。但缅甸政府军队开始向无辜的平民开火,这是非常明确的表示,缅甸政府并不想使和平进程。此外,缅甸政府传播起亚是非常不利的,不希望和平。最坏的情况下,政府进行有针对性的不仅是东风悦达起亚的部队,但也无辜平民,因此它是很清楚的指出,缅甸政府进行种族清洗。                                            多么可耻的,著名的诺贝尔和平奖获得者和诺贝尔和平候选人的杂质,使沉默,使不公平的道德,而他们呐喊,建立一个新的国家的民主化,才能成为法律和秩序的社会。他们应该记住他们的奖励,每个人都知道,他们的话,他们的切实可行的方法是完全不同的。                              “和平”这个词变成克钦人的苦药。政府军队不仅在于向国际社会也各族裔群体的关于和平进程。他们总是让他们的话,他们的实际行动相反。 “缅甸政府总是打破自己的诺言,没有将再次发生从会议,会议讨论喜欢的绅士们的行动,但有没有在缅甸政府的绅士,说:”东风悦达起亚营长。                                                                                                                        现在,唯一的麻烦克钦人的眼光来看待万能的上帝,以色列占领了他们祖先的土地与战斗等,克钦人也希望得到他们的权利,通过战斗。以色列从埃及解放,以及克钦族,也相信他们会从缅甸的压迫者中解放出来。目前,所有的克钦人所接受KIA / KIO其真正的领导者和引导者。所以,如果缅甸政府指责所有的克钦是东风悦达起亚,我想回答“是”。因此,采取一切巴马克钦邦(缅甸),再次分开,克钦邦,并用铁丝网的边界,当时缅甸的国家将获得和平。 (JP kasa)

ဗမာအစိုးရစစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရ ပြည်သူများ(JP kasa)

စစ်တပ်ဖမ်းထားသည့် ပလောင် ကျေးရွာလူကြီးများ ပြန်လွတ်

ပလောင် ဒေသရှိ အစိုးရ စစ်တပ် စခန်းများ တည်ရှိရာပြ မြေပုံ (ဓာတ်ပုံ – Palaung Land)
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် အခြေစိုက် အစိုးရစစ်တပ်က ဖမ်းဆီးထားသော ဒေသခံ ပလောင် တိုင်းရင်းသား ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
နမ့်ဆန်မြို့နယ် ပလောင်ကျေးရွာများ၌ ဒေသတွင်းလှုပ်ရှားနေသော ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့များ ဝင်ထွက်ခြင်းကို အစိုးရတပ်ထံ အကြောင်းမကြားသဖြင့်ဟုဆိုကာ ယခုလ ၁၆-၁၇ ရက်နေ့ များက ဒေသခံ ကျေးရွာ အုပ်ချုပ်ရေးမှူး ၁၀ ဦးကို နမ့်ဆန်မြို့နယ်တွင် လှုပ်ရှားနေသည့် အစိုးရ တပ်ရင်းများက ဖမ်းဆီးခေါ်ယူ စစ်ဆေးမှု ပြုလုပ်ခဲ့ ရာမှ လွတ်မြောက်လာကြခြင်း ဖြစ်သည်။
ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) သည် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး(PSLF) ၏ လက်အောက် ခံ တပ်မတော်ဖြစ်သည်။
“အခုတော့ တော်တော်များများ လွတ်လာကြပြီ၊ အဓိကကတော့ တိုင်းရင်းသားတပ်တွေ ရွာထဲဝင်တာကို သူတို့ကို သတင်းမပို့လို့ ဆိုပြီး ဘယ်လိုဆက်နွယ်နေလဲ၊ ဘာကြောင့်လဲဆိုပြီး နှိပ်စက်မေးမြန်းတာတွေ လုပ်တာပေါ့၊ နောက်ဆိုသူတို့ကို သတင်းပေးဖို့ပေါ့” ဟု ဖမ်းဆီးခံရသည့် ကျေးရွာများတွင် ပါဝင်သော ကျေးရွာ ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးခံရသူများမှာ နမ့်ဆန်မြို့နယ်တွင်းမှ နမ့်လင်း၊ အထက်ပန်းတောင်း၊ အောက်ပန်းတောင်း၊ အထက်မန်ဝယ်၊ အောက်မန်ဝယ်၊ အထက်မန်ငိုင်၊ အောက်မန်ငိုင်၊ မန်းလန်းရွာမန်ပိန်း၊ ခေးခင်နှင့် အုမ်လောတ် စသည့်ကျေးရွာများမှ ပလောင်လူမျိုး ကျေးရွာအုပ်ချုပ် ရေးမှူးများ ဖြစ်ကြသည်။
၎င်းတို့မှာ ယခုလ ၁၇ ရက်နေ့က အောက်မန်ငိုင်ရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများကို အစည်းအဝေး ဆင့်ခေါ်ခဲ့ပြီးနောက် အဆိုပါရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများအား TNLA တပ်ဖွဲ့ဝင်များ ကျေးရွာအတွင်း ဝင်ရောက်ခြင်းကို အစိုးရတပ် ကို အကြောင်းမကြားသည့်အတွက် ဖမ်းဆီးခေါ်ယူစစ်ဆေးခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
နမ့်ဆန်မြို့နယ်တွင် လာရောက်လှုပ်ရှားနေပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဖမ်းဆီး စစ်ဆေးခဲ့သည့် နမ္မတူ အခြေစိုက် ခြေမြန် တပ်ရင်း(ခမရ) ၃၂၄ တပ်ရင်းနှင့် ကျောက်မဲ အခြေစိုက် ခမရ ၅၀၁ တို့သည် ဗိုလ်မှူးကြီး အောင်ဇော်ဦး ကိုင်တွယ်လျက် ရှိသော ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁ ၏ လက်အောက်ခံ တပ်ရင်းများ ဖြစ် ကြောင်း သိရသည်။
ထိုတပ်ရင်းများသည် ၁၆ ရက်နေ့ကလည်း အထက်မန်ငိုင်၊ အောက်မန်ငိုင်နှင့် မန်လန်းကျေးရွာက အုပ်ချုပ်ရေးမှူး ၃ ဦးကိုလည်း PSLF နှင့် ဆက်နွယ်မှုရှိနေသည်ဟုဆိုသည့် သံသယဖြင့် ဖမ်းဆီးခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရ သည်။
“ဖမ်းသွားကတည်းက ပုံစံအမျိုးမျိုးနဲ့ ရိုက်နှက်တယ်ဗျာ၊ လက်သီးနဲ့လည်း ထိုးတယ်၊ နားရင်းလည်း အုပ်တယ်၊ တုတ်နဲ့လည်းရိုက် တယ်၊ အမျိုးမျိုးဆဲဆိုတယ်၊ နောက် ရွာထဲကို အခြားတပ်တွေဝင်လာလို့ ချက်ချင်းအကြောင်းမကြားရင် ဒိထက်ဆိုးမယ်တဲ့”ဟု ကျေးရွာ ဒေသခံ တဦးက ပြောသည်။
အဆိုပါဒေသတွင် TNLA အပါအဝင် ကချင်ပြည်လွတ်လပ်ရေး တပ်မတော်(KIA)၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSA-N) တပ် ဖွဲ့များ လှုပ်ရှားလျက်ရှိပြီး အစိုးရ စစ်တပ်နှင့်လည်း မကြာခဏ တိုက်ပွဲ ဖြစ်ပွားကြောင်း PSLF ၏ အထွေထွေ အတွင်းရေးမှူး မိုင်းဘုန်းကျော် က ဧရာဝတီသို့ ပြောသည်။
အုပ်ချုပ်ရေးမှူးများ ဖမ်းဆီးခံခဲ့ရသည့် ပလောင်ကျေးရွာများတွင် ဘိန်းဖြူနှင့် အခြားစိတ်ကြွ ဆေးပြားများကို လူငယ် ၅၀ ရာခိုင်နှုန်း ခန့် သုံးစွဲနေကြကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါး မသုံးစွဲရေးအတွက် TNLA က ဝင်ရောက်ဟောပြောရင်း ပလောင် လူမျိုးများ၏ အခွင့် အရေးနှင့် နိုင်ငံရေးစည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“အခုတော့ အားလုံးလွတ်လာကုန်ပြီလို့ ကျနော်တို့ သတင်းရပါတယ်၊ ကျနော်တို့ ဒီရွာတွေဝင်တဲ့ အကြောင်းအရင်းက ကျနော်တို့ ပလောင် လူငယ်တွေ ထက်ဝက်နှုန်းက မူးယစ်ဆေးသုံးစွဲနေကြတယ်၊ ရောင်းတဲ့လူတွေက ရဲနဲ့ အစိုးရ အာဏာပိုင်တွေနဲ့ ဆက်စပ် နေတယ်၊ ဒီကိစ္စတွေ ပညာပေးရင်းနဲ့ နိုင်ငံရေးအရ စည်းရုံးရေးဆင်းတာ”ဟု မိုင်းဘုန်းကျော် က ပြောသည်။
၎င်းတို့ဒေသအတွင်း ယခုကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဖမ်းဆီးနှိပ်စက်ခြင်းနှင့် အခြားလူ့အခွင့်အရေး ချိုးဖောက်မှုများကို PSLF အနေဖြင့် မှတ်တမ်းပြုစုကာ သက်ဆိုင်ရာ သံတမန်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသို့ ပေးပို့သွားရန် ရှိကြောင်း သိရ သည်။
“ဒါက ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့တွေကို မချေမှုန်းနိုင်တဲ့ အချိန်မှာ အပစ်မဲ့တဲ့ ပြည်သူလူထုကို ဒီလိုလုပ်တဲ့ အတွက် ဒါက အစိုးရရဲ့ တပ်မတော် အဆင့်အတန်းက တော်တော်လေး နိမ့်ကျတယ်လို့ ပြောလို့ရတာပေါ့၊ ဒါမျိုးတွေ မဖြစ်သင့်ဘူး၊ ဒီလိုသာ ဆက် လုပ်နေဦးမယ်ဆိုရင်တော့ အစိုးရတပ်ဖွဲ့နဲ့ ကျနော်တို့ အကြားမှာ တိုက်ပွဲတွေ ပိုဖြစ်လာနိုင်တယ်၊ လူမျိုးရေး အရ စိတ်နာကြည်းမှုတွေ ဖြစ်လာနိုင်တာပေါ့”ဟု မိုင်းဘုန်းကျော် က ပြောသည်။
အဆိုပါဒေသတွင် အစိုးရတပ်နှင့် TNLA ၊ KIA ၊ SSA-N တပ်ဖွဲ့တို့ တိုက်ပွဲများ ဆက်ဖြစ်နိုင်ဖွယ်ရှိကြောင်း၊ စကခ (၁) မှ ဗိုလ်မှူးကြီး အောင်ဇော်ဦး သည် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေသည့် ကာလတွင် နမ့်ဆန်မြို့သို့လာရောက်၍ တိုက်ပွဲများကို အနီးကပ် ကွပ်ကဲမှုများ ပြုလုပ်ကြောင်းလည်း မိုင်းဘုန်းကျော် က ပြောဆိုသည်။(irrawaddy)

Tuesday, October 16, 2012

SSA မြောက်ပိုင်းနှင့် အစိုးရတပ် တိုက်ပွဲများ ထပ်ဖြစ်နိုင်

SSA-N နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့ လားရှိုးမြို့ ရွှေလီခန်းမတွင် တွေ့ဆုံနေစဉ် (ဓာတ်ပုံ- ဦးလှမောင်ရွှေ Facebook မှ)
(irrawaddy)စစ်ရေး တင်းမာမှု မဖြေရှင်းနိုင်သေးသဖြင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSA-N) နှင့် အစိုးရတပ်များအကြား တိုက်ပွဲများ ထပ်မံ ဖြစ်ပွားဖွယ် ရှိနေကြောင်း ရှမ်း တပ်ဘက် က ပြောသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တာဝန်ရှိသူများနှင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့တို့ လားရှိုးမြို့တွင် ယခုလ ၁၀ ရက်နှင့် ၁၁ ရက်နေ့က  ပြည်ထောင်စု အဆင့် တွေ့ဆုံခဲ့ကြသည်။ ယင်းတွေ့ဆုံမှုတွင် နယ်မြေဖွံ့ဖြိုးရေးကို ဇောင်းပေးဆွေးနွေးခဲ့ပြီး စစ်ရေး တင်းမာမှုအခြေအနေကို မဖြေရှင်းဘဲ ချန်ခဲ့သည့်အတွက် တိုက်ပွဲဖြစ်ပွားနိုင်မှု ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ တပ်တွေကို သူတို့က အဆုတ်ခိုင်းတဲ့ကိစ္စက ရှေ့တန်းမှာ နှစ်ဘက်တင်းမာနေတယ်၊ အခုဆွေးနွေးတဲ့အထဲမှာ ဒါကို မဆွေးနွေးဘဲနဲ့ လူကြားကောင်းမယ့် နယ်မြေဖွံ့ဖြိုးရေးဆိုတာကိုပဲ လာပြီးချပြ ဆွေးနွေးသွားတယ်၊ ရှေ့မှာဖွံ့ဖြိုးရေးဆိုပြီး နောက်မှာ တိုက်နေရင် ဘာထူးမလဲ”ဟု SSA-N တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။
ယခုအခါ ရှမ်းပြည်နယ် မိုင်းနောင်မြို့နယ်နှင့် ဝမ်ဟိုင်း အကြားရှိ SSA-N ထိန်းချုပ်မှုအောက်ရှိ တာ့စံဖူး စခန်းကို ရွှေ့ပြောင်းပေးရန် အစိုးရတပ်များက ဖိအားပေးလျက်ရှိကြောင်း ထိုနေရာကို သိမ်းယူရန် ရှေ့ဆက်ကြိုးပမ်း လာပါက တိုက်ပွဲဖြစ်ပွားလာမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ထို့အပြင် အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက်ရရှိပြီးနောက် တန့်ယန်းမြို့နယ် အခြေစိုက် ၇ မိုင်ကုန်း တပ်စခန်းနှင့် မိုင်းရှုး မြို့နယ်တွင်းရှိ မိုင်းအော့ တပ်စခန်းတို့အား အစိုးရတပ်များ၏ ဖိအားပေး တောင်းဆိုမှုကြောင့် SSA-N က ဆုတ်ခွာ ပေးထား ရကြောင်း၊ ယခုဆုတ်ခွာခိုင်းခံနေရသော တာ့စံဖူးမှာ SSA-N ဗဟိုဌာနချုပ်အတွက် အရေးပါသော တပ်စခန်းတခု ဖြစ်ကြောင်း လည်း သိရသည်။
“အစိုးရက ရွှေ့ခိုင်းနေတဲ့တပ်တွေ၊ ရွှေ့စေချင်တဲ့တပ်တွေအရ ဆိုရင် ကျနော်တို့ ဗဟို ဌာနချုပ်ကို ဖြတ်လေးဖြတ် လုပ်လို့ရတဲ့ သဘောပဲ၊ တပ် ဆုတ်တယ်ဆိုရင် နှစ်ဘက်ဆုတ်ရမယ်လေ၊ အခု အပစ်အခတ်ရပ်စဲရေး ပြောပြီးတဲ့နောက်မှာပဲ တိုက်ပွဲက ၃၀ ကျော် နေပြီ”ဟု SSA-N တာဝန်ရှိသူ က ပြောသည်။
လားရှိုးမြို့ ဆွေးနွေးပွဲတွင် အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော် မတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ တိုင်းမှူးများဖြစ်သော ဗိုလ်မှူးချုပ် အောင်စိုး၊ ဗိုလ်မှူးချုပ် မင်းနောင် အပါအဝင် ဒု ဝန်ကြီး များဖြစ်သည့် ဗိုလ်ချုပ် ဇော်ဝင်း၊ ဦးအုန်းသန်း၊ ဦးအေးမြင့်မောင် နှင့် ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့ တက်ရောက်သည်ဟု ဆိုသည်။
SSA မြောက်ပိုင်းဘက်မှ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် SSPP/SSA အထွေထွေ အတွင်းရေးမှူး ဦးခွန်ဆိုင် ဦးဆောင်သော ၁၀ ဦး အဖွဲ့က တက်ရောက် ဆွေးနွေးကြောင်း၊ ထိုဆွေးနွေးပွဲတွင် ဒေသတွင်းပြန်လည်တည်ငြိမ်အေးချမ်းရေး၊ ပြန်လည် ထူထောင် ရေးလုပ်ငန်းများ ညှိနှိုင်း ဆွေးနွေးဖြစ်ခဲ့ကြကြောင်း သိရသည်။
ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက စစ်ရေးပြေလည်ရေး အခြေအနေများကို အစိုးရ တပ်မတော်ပိုင်းကလည်း ဆွေးနွေးသွားရန်ရှိကြောင်း၊ ချက်ချင်းပြေလည်မှု မရနိုင်သေးသော်လည်း အနာဂတ်တွင် ညှိနှိုင်း၍ပြေလည်မှုများ ရရှိမည်ဟု ယုံကြည်ကြောင်း ဧရာဝတီသို့ ပြောသည်။
“အောက်ခြေမှာ တိုင်းမှူးတွေနဲ့ သူတို့နဲ့ ဆက်ပြီးတော့ ဆွေးနွေးမယ်လို့တော့ ကျနော်တို့နားလည်တယ်၊ ဒီဆွေးနွေးမှုတွေ ကလည်း စဉ်ဆက်မပြတ် အမြဲတမ်းလုပ်နေရမှာပါပဲ၊ အခုလာတဲ့ နှစ်ယောက်လုံးက တိုင်းမှူးအသစ်လေးတွေချည်းပဲ တော်တော်လေးကို ရင်း ရင်းနှီးနှီး ပြောနိုင် ဆိုနိုင်တယ်၊ ဟိုဘက်က ခေါင်းဆောင်တွေကလည်း ပြောပါတယ်၊ ဒါကြောင့်မို့ ကျနော်ကတော့ ယုံကြည် တယ်”ဟု ဦးလှမောင်ရွှေက ဆိုသည်။
ရှမ်းပြည်နယ်အရေး စောင့်ကြည့် နေသော သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် ဦးခွန်ဆိုင်း ကမူ ရှမ်းပြည်နယ် အတွင်း လတ်တလော ကာလတွင် SSA-N နှင့် အစိုးရတပ် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေကြောင်း၊ လက်ရှိအစိုးရက ဆုတ်ခွာပေးရန် တောင်းဆိုနေသော နေရာတချို့ကို  SSA-N ဘက်က ရွှေ့ပေးရန် အစီအစဉ်မရှိသည့် အတွက် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင် ကြောင်း ပြောဆိုသည်။
SSA မြောက်ပိုင်းအဖွဲ့နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် အပစ် အခတ် ရပ်စဲရန် အချက် အပါအ၀င် ပြည်ထောင်စုအဆင့် ပဏာမငြိမ်းချမ်းရေးသဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

ဗမာစစ်သားများ ဒုက္ခသည်စခန်းသို့ ပစ်ခတ်

အောက်တိုဘာ (၁၆) အင်္ဂါ
(jinghpaw kasa) ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) နယ်မြေဖြစ်သော ပန်ဝါဒေသ ကချင်ပြည်နှင့် တရုတ်ပြည် နယ်ခြားမှတ်တိုင် အမှတ် (၆) တရုတ်ပြည်ဘက်ခြမ်းရှိ စစ်ဘေးဒုက္ခသည်စခန်း သို့ ဗမာအစိုးရစစ်တပ် ခလရ (၇၇) မှ အောက်တိုဘာ (၁၅) ရက်နေ့ ညနေပိုင်း (၂း၀၀) နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ စစ်သားများပစ်ခတ်လိုက်သော ငါးကြင်းမှီး လက်နက်ကျည်ဆံ ထိမှန်သောကြောင့် စစ်ဘေးဒုက္ခသည်စခန်းမှ အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦး ခြေထောက်ပြတ်သွားပြီး၊ ဘယ်ဘက်လက်တွင်လည်း ကျည်ဆံထိမှန်သွားကြောင်း သတင်းရရှိပါသည်။

(4) years old refugee kid  was cut off the leg from the Burmese  unit (77) infantry’s heavy artillery weapon firing, in the Chinese side refugee camp near the Border pass (6) Pan Wa, which is under KIA (1st) brigade, northern Kachin State, according to the KIA front-line officer report. At 2:00 PM, the Government’s unit (77) infantry fired heavy artillery weapon to the Kachin Refugee camp, it is based on Chinese boarder side on that day. One of the Kachin refugee kids hurt on the left hand and cut off the leg as the artillery shells.(4)多年的老难民的孩子切关在缅甸单元(77)步兵的重火炮武器射击的腿,在中国侧难民营附近的边境通行证(6)潘佤,这是根据东风悦达起亚(1)旅中,北部克钦邦,根据东风悦达起亚前线人员报告。 2:00 PM,政府的单元(77)步兵克钦难民营发射​​重炮的武器,它是基于对中国边境一侧的那一天。伤在左手上的克钦族难民儿童和断了腿的炮弹。

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .