Social Icons

Friday, November 16, 2012

တိုက်ပွဲမ၀င်သောတပ်ဖွဲ့များ အရေးယူခံရ


(myitkyina) အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(ရမခ)သည် ရှမ်းပြည်မြောက်ပိုင်းဒေသ၌ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ များကို စစ်ဆင်ရေးအရှိန်မြှင့်လုပ်ဆောင်ရန် စက်တင်ဘာလ မှ စတင်၍ “ပြည်သာယာစစ်ဆင်ရေး”ကို ပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။

ရှေ့တန်းတွင် စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော အချို့တပ်ဖွဲ့တို့သည် ရင်ဆိုင်တိုက်ပွဲ မရှိသဖြင့် ရမခ မှ သတိပေးကြိမ်းမောင်းခြင်းကို ခံနေရကြောင်း သိရှိရသည်။ ထိုသို့သတိပေး ဖိအားပေးရာတွင် ခမရ(၅၀၇) တပ်ရင်းသည် တတိယလေးလပတ် ကာလအတွင်း ရင်ဆိုင်တိုက်ပွဲ မရှိသဖြင့် နောက်တန်းသို့ ပြန်ရေးနှင့် ရာထူးအဆင့် တိုးမြှင့်ရေးကို ထိခိုက်မည်ဖြစ်ကြောင်း၊ ခမရ(၅၆၈) သည်လည်း ရင်ဆိုင်ထိတွေ့မှုရှိသော်လည်း အကျိုးအမြတ်နည်းသဖြင့် ရာထူးအဆင့် တိုးမြှင့်ရေးနှင့်ပတ်သက်၍ ထိခိုက်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ခမရ(၅၀၇) နှင့် (၅၆၈)တပ်ရင်း အနေဖြင့် ရန်သူရှာဖွေတိုက်ခိုက်ကာ ပေးဆပ်မှုမရှိဘဲ အကျိုးအမြတ်များများ ရရှိရေးကို ဆောင်ရွက်ရန် ညွှန်ကြားကြောင်း သိရှိရသည်။
မြန်မာအစိုးရ အကြီးအကဲ သမ္မတဦးသိန်းစိန်မှအစ အစိုးရအဖွဲ့ဝင်များသည် KIA တပ်ကို ထိုးစစ်မဆင်ပါ ကြောင်း၊ မိမိစစ်ကြောင်းကို လာရောက်တိုက်ခိုက်မှသာ ခုခံပစ်ခတ်မှုပြုလုပ်ကြောင်း နိုင်ငံတကာ လှည့်လည်ကာ လိမ်လည်ပြောဆိုပြီး ဖြစ်သည်။ သို့သော် ရှေ့တန်းသို့ညွှန်ကြားချက်တိုင်းတွင် KIA တပ်ဖွဲ့ကို နေ့စဉ်နှင့်အမျှ ရှာဖွေတိုက်ခိုက်ရန်နှင့် တိုက်ပွဲရှောင်လွှဲသော တပ်ရင်း၊ တပ်ဖွဲ့ စစ်ကြောင်းများကို ပြစ်ဒါဏ်ပေး ဖိအားပေးလျက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .