Social Icons

Friday, November 16, 2012

လုပ်ကြံသတင်းဖြင့် စိတ်ဓါတ်မြှင့်တင်



(myitkyina)ရှေ့တန်းရောက် မြန်မာအစိုးရစစ်တပ်ဖွဲ့ဝင်များသည် စိတ်ဓါတ်ကျဆင်းလျက်ရှိကြောင်း တပ်ပြေးရဲဘော်များ ထွက်ဆိုချက်အရ သိရှိရသည်။ ထို့ကြောင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ရှေ့တန်းရောက် တပ်ရင်း တပ်ဖွဲ့ဝင် များကို စိတ်ဓါတ်မြှင့်တင်ကာ တိုက်ပွဲဝင်နိုင်ရေးအတွက် နည်းလမ်းမျိုးစုံအသုံးပြုကာ စိတ်ဓါတ်စစ်ဆင်ရေး ပံ့ပိုးပေး လျက်ရှိသည်။

ထိုသို့ စစ်ရဲမာန်တက်ကြွလာစေရန်အတွက် စိတ်ဓါတ်မြှင့်တင်ရေးပြုလုပ်ရာတွင် မဟုတ်မမှန်သောသတင်း အမှား များဖြင့် ရှေ့တန်းသို့ အစဉ်ညွှန်ကြားလျက်ရှိသည်။ “KIO အဖွဲ့အတွင်း အချို့ခေါင်းဆောင်တို့သည် ငြိမ်းချမ်းရေးလုံးဝ လိုလားမှုမရှိလျက် အတိုက်အခံပြုလုပ်သဖြင့် ကျန်ငြိမ်းချမ်းရေး လိုလားသူ ခေါင်းဆောင် များနှင့် ပဋိပက္ခဖြစ်ပွားကာ သဘောထားများ ကွဲလွဲ၍ ပြိုကွဲမည့်အနေအထားများ ဖြစ်ပေါ်လျက်ရှိကြောင်း၊” “KIA တပ်ဖွဲ့ဝင်များသည် စိတ်ဓါတ်ကျဆင်းကာ အုပ်စုလိုက်ထွက်ပြေးရန် တိုင်ပင်ကြံစည်ခြင်း ပြုလုပ်နေ ကြောင်း” “သို့ဖြစ်၍ KIO ပြိုကွဲ၍ တပ်မတော်သို့ လာရောက်ဆက်သွယ်လာလျှင် နွေးထွေးစွာကြိုဆိုပြီး နေရေး၊ စားသောက်ရေး ကို ပြည့်စုံစွာကူညီဆောင်ရွက် ပေးရန်” “KIO ပြိုကွဲတော့မည်ဖြစ်၍ KIA က စိတ်ဓါတ် လုံးဝကျဆင်းနေပြီဖြစ်၍ ရှေ့တန်းရောက် တပ်ရင်း၊ တပ်ဖွဲ့များ စွမ်းစွမ်းတမံ KIA အမြစ်ပြတ်ချေမှုန်းရေးကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း” စသည်ဖြင့် ရှေ့တန်းတပ်ဖွဲ့သို့ စိတ်ဓါတ်စစ်ဆင်ရေးအဖြင့် လိမ်လည်၍ ညွှန်ကြားလျက်ရှိကြောင်း သိရှိရသည်။
ရှေ့တန်းရောက် မြန်မာအစိုးရတပ်ဖွဲ့ဝင်များသည်လည်း လုပ်ကြံသတင်းများကို အရေးမထားပဲ “နေ့စဉ်နှင့်အမျှ ရင်ဆိုင်တိုက်ပွဲဖြစ်နေကြောင်း” အထက်ကို အစီရင်ခံစာ လိမ်လည်တင်ပြနေကြကြောင်း တပ်ပြေးရဲဘော်များ၏ ထွက်ဆိုချက်မှ သိရှိရသည်။
ထို့ကြောင့် အထက် နှင့် အောက်၊ နောက်တန်း နှင့် ရှေ့တန်း အချင်းချင်း လိမ်လည်ညွှန်ကြားခြင်း၊ လိမ်လည်တင်ပြခြင်းများဖြင့် ခရီးသွားနေရသော ခေတ်မီမျိုးချစ်မြန်မာ့တပ်မတော် ကို ရှေ့တန်းရောက် ရဲဘော်များက “လိမ်ညွှန်တင်တပ်” ဟု တင်စားခေါ်ကြရကြောင်း သိရှိရသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .