Social Icons

Sunday, November 4, 2012

တိုင်းရင်းသား နဲ. လူမျိုး

အောက်ပါ စာမူသည် Blogger John Htingnan ၏တစ်ဦး တစ်ယောက်အမြင်ဖြစ်ပြီး လွတ်လပ်စွာသဘော ကွဲလွဲခွင့်ရှိကြောင်းစာဖတ်သူများအား ကြိုတင်ပြောကြားလိုပါသည်။
ရေးမယ်၊ ရေးမယ် နဲ. မရေးဖြစ်တာ အခုမှပဲရေးဖြစ်တော့တယ်။ တခြားမဟုတ်ပါဘူး။ တိုင်းရင်းသား ဆိုတဲ့ အသုံးအနှုန်းလေးပါ။ တိုင်းရင်းသားဆိုတာ ဘာလဲ၊ ဘယ်သူတွေလဲ၊ ဘယ်သူတွေကိုခေါ်တာလဲ??? တိုင်းရင်းသားဆိုတဲ့အသုံးအနှုန်းကို ဘယ်သူက ဘယ်နေရာမှာ ဘာရည်ရွယ်ချက်နဲ. စသုံးခဲ့လဲတော့ ကျနော်မသိပါဘူး။ ဒါပေမဲ့ ဒီနေ.မြန်မာနိုင်ငံမှာ တိုင်းရင်းသားဆိုတဲ့ အသုံးအနှုန်းကိုဗမာတွေအနေနဲ.အခြားသောလူမျိုးတွေကို နှိမ့်ချတဲ့ (သို.မဟုတ်) ခွဲခြားတဲ့နေရာမှာ သုံးတယ်လို. ကျနော်ခံစားရ လို.ကျနော်ဒီပိုစ့်လေးကိုရေးရခြင်းဖြစ်ပါတယ်။ တခါတလေ တိုင်းရင်းသားလို.သုံးတာက နည်းနည်းခံသာသေးတယ် တိုင်းရင်းသားလူနည်းစုတွေလို.သုံးလိုက်ရင် ရစရာကိုမရှိတော့ဘူး။
 တိုင်းရင်းသား ဆိုတာ လူနည်းစုတွေကိုခေါ်တာမျိုးလား? ဗမာ တွေရော တိုင်းရင်းသားမဟုတ်ဘူးလား? လူမျိုးဆိုတာ ဘယ်လိုသတ်မှတ်သလဲ? ဆိုတဲ့ မေးခွန်းတွေကို ကျနော် ကိုယ့်ဖာသာ စဉ်းစားကြည့်တယ်။ အဖြေထွက်မလာဘူး။ ဒါပေမဲ့ ကျနော်စဉ်းစားမိတာလေးတွေက ဒီလိုရှိတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားဆိုတာလဲ လူမျိုးပဲ၊ လူမျိုးဆိုတာလဲ တိုင်းရင်းသားပဲ။ နည်းတာများတာနဲ. မဆိုင်ဘူးလို. ကျနော်မြင်ပါတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ဝ၊ ပလောင်၊ ပအိုဝ့် တွေဟာ လူမျိုးတိုင်းရင်းသား ဆိုရင် ဗမာဆိုတာလဲ တိုင်းရင်းသားဖြစ်ပါတယ်။ ဗမာတွေဟာ လူမျိုးဆိုရင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ဝ၊ ပလောင်၊ ပအိုဝ့် တွေလဲ လူမျိုးဖြစ်ပါတယ်။
တခါတုန်းက ကျောင်းမှာ နိုင်ငံရေးအကြောင်း၊ မြန်မာနိုင်ငံတွင်းက အခွင့်အရေးမညီမျှမှုတွေအကြောင်း ငြင်းကြခုန်ကြတော့ သူငယ်ချင်းတစ်ယောက် “ဒို.နိုင်ငံမှာ လူမျိုး ၁၃၅ မျိုးရှိတယ်၊ သူတို.အားလုံးကို ကိုယ်ပိုင် နယ်မြေပေးလိုက်ရမှာလား” ဆိုပြီး မေးခံရဖူးပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ လူမျိုး ၁၃၅ မျိုးမရှိပါဘူး။ အလွန်ဆုံးရှိမှ ၁၂ မျိုးလောက်ပဲ ရှိမှာပါ။ လူမျိုး ၁၃၅ မျိုးရှိတယ်ဆိုတာဟာ စစ်အစိုးရ ခေတ်က Divide and Rule လုပ်နိုင်ဖို. ဝါဒဖြန်.တာလို.ပဲ ကျနော်မြင်ပါတယ်။ ဒါဆိုရင် လူမျိုး ၁၂ မျိုးပဲ လို.ပြောရအောင် ခင်ဗျားက ဘယ်လိုပြောနိုင်တာတုန်းလို. မေးနိုင်ပါတယ်။ လူမျိုးတစ်မျိုးရယ်လို. သတ်မှတ်နိင်ဖို.အတွက် အဲ့သည် လူမျိုးမှာ ခိုင်မာတဲ့ နောက်ခံသမိုင်းကြောင်းရှိရမယ်။ လုံလောက်တဲ့ လူဦးရေ၊ သတ်သတ်မှတ်မှတ်ရှိတဲ့ စီးပွားရေးနောက်ခံ ရှိရမယ်။ ဘာသာ စကား၊ ယဉ်ကျေးမှုထုံးတမ်းစဉ်လာ ဟာ တခြားလူမျိုးတွေနဲ. ကွဲပြားရမယ်။ သင်တင့်တဲ့နယ်မြေပိုင်ဆိုင်မှုရှိရမယ်။ နောက်ဆုံးကတော့ သီးခြားနာမည်တစ်ခုရှိရပါမယ်။ ဒါဟာ ကျနော်လေ့လာမိသလောက်၊ တတ်သလောက်၊ မှတ်သလောက်လေးကို ပြန်ဝေမျှတာပါ။ လိုအပ်တာရှိရင် ထပ်ဖြည့်ပေးကြပါ။ မြန်မာနိုင်ငံမှာ လူမျိုးရယ်လို. သတ်မှတ်ဖို. ဒီလိုပေတံတွေနဲ. တိုင်းလိုက်ရင် မုတ်ချ ၁၂ မျိုးထက် မပိုနိင်ဘူး။ ကျန်တာတွေက လူမျိုးစုနဲ. မျိုးနွယ်စုတွေဖြစ်တယ်လို. ကျနော်ထင်ပါတယ်
နောက်တစ်ခုက ဗမာမဟုတ်သော လူမျိုးတွေရဲ. အရေးပါမှုဖြစ်ပါတယ်။ ကချင်၊ ရှမ်း၊ ချင်း တို. သဘောမတူရင် ဗိုလ်ချုပ်အောင်ဆန်းကြီးဘယ်လောက် စည်းရုံးလဲ ပြည်ထောင်စုမြန်မာနိုင်ငံရယ်လို. ဖြစ်လာမှာမဟုတ်ပါဘူး။ ဒီနေ. ဗမာနိုင်ငံသမိုင်းတမျိုးတမည်ဖြစ်သွားနိင်ပါတယ်။ ဗမာနဲ. လွတ်လပ်ရေးအတူယူကြဖို. ရှမ်းညီအစ်ကိုတွေ သဘောမတူပါဘူး။ ချင်းညီအစ်ကိုတွေကဖြင့် ကချင်နဲ. ရှမ်းအပေါ်မှာ မူတည်ပါတယ်ဆိုတဲ့ သဘောမှာရှိပါတယ်။ ရှမ်းညီအစ်ကိုတွေ သဘောတူလာအောင် ကချင်တွေက စည်းရုံးခဲ့တာပါ။ ဘာဖြစ်လို. ကချင်တွေ စည်းရုံးတာကို ရှမ်းတွေ လက်ခံခဲ့တာလဲဆိုတာစဉ်းစားစရာပါ။
ဒုတိယကမ္ဘာစစ်မှာ ဗြိတိသျှနဲ. အမေရိကန်တွေဘက်က ကူတိုက်ခဲ့တဲ. Kachin Levies (ဗြိတိသျှ အထူးတပ်ဖွဲ.)များနဲ. Kachin Rangers (အမေရိကန် အထူးတပ်ဖွဲ.) များဟာ ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံးလက်နက်ကိုင်တပ်ဖွဲ.တွေထဲကတစ်ဖွဲ.ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ရေး ခိုက်ရေးမှာ ကျွှမ်းကျင်ပြီး စစ်အင်အားကြီးတဲ့ ကချင် ညီအစ်ကိုများတောင် လက်ခံရင် ကျုပ်တို.ရှမ်းတွေလဲ လက်ခံမယ်ဆိုတဲ့ အခြေအနေတွေဖြစ်လာပါတယ်။ ဒီလိုနဲ. ပင်လုံညီလာခံမှာ ကချင်၊ရှမ်း၊ချင်းနဲ. ဗမာတွေ လက်မှတ်ထိုးပြီး ဗြိတိသျှတွေဆီက လွတ်လက်ရေးအတူယူပြီး ပြည်ထောင်စုမြန်မာနိုင်ငံရယ်လို.ဖြစ်လာတာပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာ လူမျိုးတွေအတွက် လွတ်လပ်ရေးကြိုးပမ်းတဲ့အာဇာနည် ခေါင်းဆောင်တစ်ယောက်ပါ။ ဒါပေမဲ့ အခြားသော လူမျိုးတွေ ရဲ. အခန်းကဏ္ဍကိုမေ့ထားလို. မရပါဘူး။ ဒါ့ကြောင့်ပြည်ထောင်စု မြန်မာနိုင်ငံရယ်လို.ဖြစ်လာအောင် ပါဝင်ခဲ့တဲ့ လူမျိုးတွေကို တိုင်းရင်းသား (သို.) တိုင်းရင်းသား လူနည်းစုရယ်လို.ခေါ်ဝေါ်သမုတ်တာဟာ လုံးဝ မှားယွင်းတယ်လို.ဆိုချင်ပါတယ်။
လူနည်းတာများတာနဲ. စောဒကတက်ချင်သေးတဲ့ စာဖတ်သူတွေရှိကောင်းရှိပါလိမ့်မယ်။ လွတ်လပ်ရေး စရတော့ ဗမာနဲ. တခြားလူမျိုးတွေဟာ လူဦး ရေ သိပ်ကွာကြတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အချိန်ကြာလာလေ လူဦးရေအချိုးက ကွာလေလေ ဖြစ်လာရတာဟာ ဘာကြောင့်ပါလဲ။ ကျနော် မြင်မိတဲ့ တစ်ချက် နှစ်ချက် ချပြချင်ပါတယ်။ ဒီနေ. လူဝင်မှုကြီးကြပ်ရေး ရုံးတိုင်းမှာ ချိတ်ဆွဲထားတဲ့ ဆောင်ပုဒ်ဟာ “မြေမြို ၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်။” ဆိုတာဖြစ်ပါတယ်။ အင်မတန်မှ ကြောက်ဖို.ကောင်းတဲ့ ဆောင်ပုဒ်လဲဖြစ်ပါတယ်။ ဒီဆောင်ပုဒ်နဲ. အညီ ကျင့်သုံးနေတာ ကြာပါပြီ။ ဘယ်လိုကျင့်သုံးလဲဆိုတော့ ဗမာနဲ. ရှမ်းနဲ. အိမ်ထောင်ပြုကြတယ်ဆိုပါစို.။ သားသမီးတွေမွေးလာတယ်။ သားသမီးတွေကို ရှမ်းလို. မှတ်ပုံတင်မှာ လုံးလုံးလျားလျားထည့်လို.မရပါဘူး။ မိဘအနေနဲ. သားသမီးတွေရဲ. မှတ်ပုံတင်မှာ ရှမ်းလို. တစ်မျိုးပဲ ထည့်လို.မရပါဘူး။ ရှမ်းဗမာ လို. ထည့်ရင်ထည့် မဟုတ်ရင် ဗမာလို.ထည့်ရင်ထည့်ပါပဲ။ အထူးသဖြင့် အဖေဖြစ်သူက ဗမာဆိုရင် ဗမာလို.ပဲထည့်လိုက်ပါဆိုပြီး မှတ်ပုံတင်မှာ ဗမာဆိုပြီးဖြစ်သွားတတ်ပါတယ်။ ဒါတစ်မျိုးပေါ့။ နောက်တစ်မျိုးက လူနည်းစုတွေကို အမှန်တကယ်ဝါးမျိုတာပါ။ ဒီနေ. ရောလူမျိုး၊ ကဒူးလူမျိုးဆိုတာ အလွန်နည်းသွားပါပြီ။ နည်းသွားမှာကိုး။ အကုန်လုံး လိုလို မိမိဘာသာစကား၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာကို မထိန်းသိမ်းနိုင်တာက တစ်ကြောင်း၊ မှတ်ပုံတင်မှာ ဗမာလို.ဖြစ်ကုန်တာက တစ်ကြောင်း ဖြစ်ပြီး ဗမာလူမျိုးတွေရဲ. လူဦးရေ အလျင်အမြန်တိုးပွားလာပြီး ကျန်တဲ့ လူနည်းစု လူမျိုးတွေ မရှိကုန်တော့တာပါ။
ဒီအချက်တွေကိုထောက်ကြည့်ခြင်းအားဖြင့် ဗမာတွေဟာလဲ တိုင်းရင်းသားဖြစ်ပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ဝ၊ ပလောင်၊ ပအိုဝ့်တွေဟာလဲ လူမျိုးဖြစ်ပါတယ်။ ဒါကြောင့် ညီအစ်ကိုများလဲ တိုင်းရင်းသားရယ်လို. ကင်ပွန်းတပ်ပြီး ကျောပွတ်ပေးရင် ငြိမ်ခံမနေကြပဲ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်ဓလေ့ထုံးတမ်းကို ကာကွယ်မြင့်တင်ပြီး အင်အားတောင့်တင်းပြီး အဓွန်.ရှည်တဲ့ လူမျိုးများအဖြစ်နဲ. ရပ်တည်နိုင်အောင်ကြိုးစားကြပါစို.လားဗျာ။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .