Social Icons

Sunday, November 18, 2012

မြန်မာအစိုးရစစ်တပ် လှုပ်ရှားမှု

  •  (myitkyina)
  • တပ်မ(၈၈)လက်အောက်ခံ တပ်ဖွဲ့အင်အား(၃၀၀)ခန့်သည် မန္တလေး မှတဆင့် မြစ်ကြီးနားသို့ စစ်ဆင်ရေး တာဝန်ထမ်းဆောင်ရန် နိုဝင်ဘာလ(၁၆)ရက်နေ့တွင် မီးရထားဖြင့် ချီတက်သွားကြောင်း သိရှိရသည်။
  • ခမရ(၃၂၁)တပ်ရင်းမှ အင်အား(၈၀)ခန့်သည် နိုဝင်ဘာဘ(၁၆)ရက်နေ့တွင် ၀ိုင်းမော်မြို့နယ်၊ ၀ါးရှောင်၊ ခခေဒေသတ၀ိုက် စစ်ဆင်ရေးလှုပ်ရှားနေကြောင်း သိရသည်။

  • နိုဝင်ဘာလ(၁၆)ရက်နေ့တွင် ခမရ(၃၈၇)တပ်ဖွဲ့တို့၏ စစ်အသုံးအဆောင်ပစ္စည်းများကို သယ်ဆောင်ပေး သော ထော်လာဂျီတစ်စင်းကို ဒေါ့ဖုန်းယန်မြို့နယ် လုံဂျာကောင် အနီးတွင် KIA တပ်ရင်း(၂၄)က ဖမ်းဆီးမိကြောင်း သိရှိရသ်ည။
  • ဗန်းမော်မြို့မှ မိုးမောက်မြို့နယ်၊ နမ်ဖတ်ခဒေသသို့ ယာဉ်(၅)စီးပါ စစ်ယာဉ်တန်းဖြင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို နိုဝင်ဘာလ(၁၆)ရက်နေ့တွင် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
  • နိုဝင်ဘာလ(၁၆)ရက်နေ့ ညနေ(၅)နာရီခန့်တွင် မြန်မာအစိုးရတပ်ဖွဲ့ဝင်(၁၀၀)ခန့်သည် မိုးမောက်မြို့ မှတဆင့် ဂျခမ်းဒပ်၊ ဂွေကထောင်သို့ ချီတက်သွားကြောင်း သိရှိရသည်။
  • မိုးမောက်မြို့နယ် နမ်ဖတ်ခ တွင် အခြေချသော ခလရ(၁၂၃)တပ်ဖွဲ့ဝင် တို့သည် နေ့စဉ် သေနတ်ပစ်ခတ် လေ့ကျင့်နေကြောင်း သိရှိရသည်။
  • နိုဝင်ဘာလ(၁၆)ရက်နေ့တွင် ခလရ(၆၈)တပ်ဖွဲ့ဝင်အင်အား(၈၀)ခန့်သည် မူဆယ်မြို့နယ်၊ နမ်တော ကျေးရွာ သို့ ၀င်ရောက်စစ်ဆင်ရေး လှုပ်ရှားနေကြောင်း သိရှိရသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .