Social Icons

Thursday, February 28, 2013

နယ်မြေ ရွှေ့ပြောင်းခိုင်း၍ SSA တောင်ပိုင်းနှင့် အစိုးရတပ်တို့ အခြေအနေ တင်းမာ


ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း လွယ်တိုင်းလျန်းဌာနချုပ် အခမ်းအနားတခုမှ စစ်သမီးများ (ဓာတ်ပုံ – ဧရာဝတီ)
ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းတပ်များ တပ်စွဲထားသည့် တောင်ကုန်း ၂ ခုကို အရှေ့အလယ်ပိုင်း စစ်ဌာနချုပ်နှင့် တြိဂံတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အစိုးရတပ်များက ယနေ့နောက်ဆုံး ထား၍ ရွှေ့ခိုင်းထားပြီး SSA တောင်ပိုင်းကလည်း ဖယ်မပေးနိုင်ခြင်းကြောင့် နှစ်ဘက် အခြေအနေ တင်းမာလျက်ရှိကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ် ဟိုမိန်းမြို့နယ်ရှိ လွိုင်လျန်းတောင်ကုန်းနှင့် မိုင်းထားမြို့နယ်ရှိ လွိုင်မို့နန်းလျန်း တောင်ကုန်းများပေါ်တွင် တပ်စွဲထားသော SSA တောင်ပိုင်း ရှေ့တန်းတပ်များကို ယင်းဒေသရှိ အစိုးရတပ်ဗျူဟာများက ယနေ့ နောက်ဆုံးထား ရွှေ့ပြောင်းပေးရန် အကြောင်းကြားထားမှုကို ၎င်းတို့ဘက်က ငြင်းဆန်ထားခြင်းဖြစ်ကြောင်း SSA တောင်ပိုင်းဘက်က ပြောသည်။
SSA တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက “သူတို့လိုချင်တာက ပြန့်ကြဲနေတဲ့ ကျနော်တို့ တပ်တွေကို စုပြုံနေတာကို လိုချင်တာ။ ကျနော်တို့ဘက်ကကျတော့ တနေရာ ဖယ်ပေးရင် နောက်ထပ် တနေရာ ဖယ်ပေးဖို့ ထပ်လာဦးမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရတပ်များ၏ နေရာရွှေ့ပြောင်းရန် ညွှန်ကြားခံထားရသော အဆိုပါနေရာများသည် ယခင်ကတည်းကပင် SSA တောင်ပိုင်း တပ်များ၏ လှုပ်ရှားနယ်မြေဖြစ်သည်ဟု သိရသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ယင်းဒေသ အခြေစိုက် အစိုးရတပ်သို့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသကဲ့သို့ ဧရာဝတီ အနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းလည်း မရှိသေးပေ။
ယင်းသို့ တင်းမာမှုကြောင့် နှစ်ဖက် ရင်ဆိုင်တိုက်ပွဲဖြစ်မည့် အခြေအနေများ မရှိကြောင်း၊ SSA တောင်ပိုင်း အနေဖြင့်လည်း အတတ်နိုင်ဆုံး ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။
အစိုးရနှင့် SSA တောင်ပိုင်းတို့အကြား ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ၅၀ ကျော် ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအများစုမှာ နယ်မြေကျွံမှုများ ဖြစ်ကြောင်း SSA တောင်ပိုင်းဘက်က ပြောသည်။
ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ရာတွင် SSA တောင်ပိုင်းတပ်များက ကျေးလက်နှင့် တောထဲတွင် အခြေစိုက် လှုပ်ရှားပြီး အစိုးရတပ်များ အနေဖြင့် မြို့များပေါ်တွင် အခြေစိုက် လှုပ်ရှားရန် သဘောတူခဲ့ကြသော်လည်း အစိုးရတပ်ဘက်က ယင်းအချက်ကို လိုက်နာခြင်းမရှိဟု SSA တောင်ပိုင်း၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီတွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိတဦးက ဆိုသည်။
“တချို့က နယ်မြေအတွင်း အကြောင်းမကြားဘဲ ဝင်လာတော့ အောက်ခြေတပ်အချင်းချင်း တိုက်ပွဲဖြစ်တယ်။ တချို့ အကြောင်းကြားပြီး ဝင်လာတဲ့ တပ်ဖွဲ့တွေဆိုရင်လည်း အရှေ့ဘက်သွားမယ်လို့ အကြောင်း ကြားထားပေမယ့် တောင်ဘက်သွားရင် သွားတယ်၊ မြောက်ဘက်သွားရင် သွားတယ်။ အကဲစမ်းသလိုမျိုး လုပ်တယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ယခုလ ၂၄ ရက်နေ့ကလည်း ခိုလမ်မြို့နယ်ခွဲထဲတွင် အစိုးရ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများနှင့် SSA တောင်ပိုင်း လက်အောက်ခံ တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်မှ အရာရှိ ၂ ဦးနှင့် တပ်သား ၃ ဦးကျဆုံးပြီး SSA ဘက်မှ ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။
ယင်းတိုက်ပွဲသည်လည်း အစိုးရဘက်မှ ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက် လာရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းတိုက်ပွဲတွင် SSA ဘက်က ရိုင်ဖယ် ၆ လက်နှင့် ပစ္စတို ၂ လက် ရရှိခဲ့ကြောင်း၊ အဆို ပါလက်နက်များကိုလည်း သက်ဆိုင်ရာ အစိုးရတပ်သို့ ပြန်အပ်နိုင်ရန် ဆက်သွယ်ထားကြောင်း သူက ဆက်ပြောသည်။
အဆိုပါတိုက်ပွဲသည် ယခုလ ၁၉ ရက်နေ့က ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း တို့ နှစ်ဘက် အပစ်ခတ် မရှိတော့ရန် ဆွေးနွေးပြီးနောက် ၅ ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တချိန်တည်းမှာပင် အစိုးရနှင့် ပဏာမ အပစ်ရပ်စဲမှု သဘောတူညီပြီးဖြစ်သော ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) နှင့် အစိုးရတပ်များလည်း နှစ်ဖက်ထိစပ် နယ်မြေများတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
(irrawaddy)

ကြွက်လည်း ကြောက်ရ … အထက်လည်း ကြောက်ရ ရန်ကုန်ရဲတို့ ဘဝ


ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းပေါ်က ကျောက်တံတား ရဲစခန်း ဝန်ထမ်းလိုင်းခန်းများကို မြင်ရစဉ် (ဓာတ်ပုံ – စတိဗ် တစ်က်နာ / ဧရာဝတီ)
အခွံနွှာပြီးသား အုန်းသီးလုံး အရွယ်အစားရှိတဲ့ အမွှေးထူထူ အနက်ရောင် မြို့ကြွက်တွေကို လူတယောက် ဝင်ရုံသာဆံ့တဲ့ တန်းလျား ရေချိုးခန်းမှာ သိုင်းကွက်နင်းသလို ရှောင်နေရတာက အသက် ၆၀ အရွယ် ရှိပြီဖြစ်တဲ့ သူ့အတွက် မထူးဆန်းတော့။
ဒါ့အပြင် ကိုလိုနီခေတ် အချိန်ဝန်းကျင်ကတည်းက ဆောက်လုပ်ထားခဲ့တယ်လို့ မသေမချာ ကြားဖူးနားဝ သူသိထားတဲ့ မိသားစု ၄ ယောက် နေသာရုံ ဆယ်ပေပတ်လည် အခန်းထဲမှာ အနှစ် ၃၀ နီးပါး နေခဲ့ရတာဟာလည်း သူ့အတွက် နေသားကျနေပါပြီ။
ဒီ ဆယ်ပေပတ်လည် အခန်းကျဉ်းလေးဟာ သူ့မိသားစုရဲ့ ထမင်းဝိုင်း နေရာလည်းဖြစ်သလို၊ တနေ့တာ ပင်ပန်း နွမ်းလျ မှုတွေအတွက် အိပ်စက် အနားယူတဲ့ အိပ်စရာနေရာလည်း ဖြစ်နေပါတယ်။ ဒီနေရာကျဉ်းလေးဟာပဲ နေ့လယ် နေ့ခင်း ဘက်တွေမှာ ဧည့်သည် ဧည့်ခံရာ ဧည့်ခန်းနေရာလည်း ဖြစ်ပြန်ပါတယ်။
အပြင်ပန်း ပုံသဏ္ဍာန်အားဖြင့် ကြည့်မယ်ဆိုရင် ရှေးခေတ် တိုက်အိုကြီး တလုံးဆိုပေမယ့် ဒီဘက်ခေတ်ရဲ့ အရည်အသွေး မကောင်းတဲ့ အထပ်မြင့် တိုက်တွေလောက်ကိုတော့ ဒီတိုက်အိုကြီးကမမှုလောက်ပါ။ ဒါပေမယ့် တိုက်အိုကြီးရဲ့ အတွင်းပိုင်းမှာ လှေကား အတက်အဆင်း မျက်နှာကျက်တွေဟာ မထင်မှတ်ထားတဲ့ အချိန်တွေမှာ အုတ်သားတွေ ကွာကွာ ကျလာတာကို ရှောင်ရှား ရတာကတော့ သူ့အတွက် အလေ့အကျင့် တခုဖြစ်လို့နေပါပြီ။
ဒါကတော့  ရန်ကုန်မြို့လယ်က ရဲတပ်ကြပ်တဦးရဲ့ ဇနီးတယောက် မိသားစုနဲ့အတူ ရဲဝန်ထမ်း တိုက်မှာနေ နေရတဲ့ ပြဿနာ တွေ အများကြီးထဲကမှ နေ့စဉ်ကြုံတွေ့နေရတဲ့ ဖြစ်စဉ်အနည်းငယ်ကို ဖော်ပြလိုက်တာပါ။
ဒီရဲစခန်းကြီးဟာ ရန်ကုန်မြို့လယ်ခေါင်က အထပ်မြင့် အဆောက်အဦးသစ်တွေ အကြားမှာ မခန့်သလို ဖြစ်နေရတဲ့ ကျောက်တံတား ရဲစခန်းတည်ရှိရာ အဆောက်အဦး အိုကြီးပဲဖြစ်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ ရဲဝန်ထမ်းတဦးရဲ့ မိသားစုဘဝလို နောက်ထပ်အလားတူ ရဲဝန်ထမ်း မိသားစုတွေ အများကြီး ရှိနေပါသေးတယ်။
ယခင် စစ်အစိုးရ လက်ထက် ကတည်းက သူတို့ရဲ့ နာမည်ကြားရုံနဲ့ မြန်မာနိုင်ငံသား တော်တော်များများရဲ့ မနှစ်မြို့ခြင်းကို ခံနေရဆဲဖြစ်တဲ့ အောက်ခြေအဆင့် ရဲဝန်ထမ်းတွေနဲ့ သူတို့ရဲ့မိသားစုဘဝတွေဟာ လက်တွေ့မှာ ရပ်တည်ရေးအတွက် ခက်ခဲ လွန်းနေတယ်လို့ သိရပါတယ်။
နိုင်ငံရဲ့ အရေးကြီးဆုံး တာဝန်တွေထဲကမှ တခုဖြစ်တဲ့ ပြည်သူ့ရဲ ဝန်ထမ်းတာဝန်ကို ထမ်းဆောင်နေရပေမယ့် သူတို့ တော်တော်များရဲ့ ဘဝတွေဟာ ဘာအာမခံချက်မှ မရှိဘူးလို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် ရဲဝန်ထမ်း တဦးက ဆိုပါတယ်။
ဧရာမ ကြွက်ကြီးတွေနဲ့ မိတ်ဆွေသဖွယ် အတူယှဉ်တွဲပြီး ဆယ်ပေပတ်လည် အခန်းကျဉ်းအတွင်း မိသားစုလေးငါးခြောက် ယောက် နေထိုင်ရခြင်းဆိုတဲ့ အနေအထိုင် ဆင်းရဲခြင်းဒုက္ခတွေအပြင် အထက်အရာရှိကို မလွန်ဆဲရဲတဲ့ အခက်အခဲတွေ၊ တခြား ပြဿနာပေါင်းများစွာတွေကိုလည်း နေ့စဉ်ဆိုသလို ရဲဝန်ထမ်းတွေ ရင်ဆိုင်နေရတာပါ။
“ဒီကြွက်ကြီးတွေကတော့ ကျမတို့အတွက် ရိုးနေပါပြီ။ ကျမလို အသန့်ကြိုက်တဲ့သူတောင် ဒီကြွက်တွေကို မထူးဆန်း တော့ပါဘူး။ အခန်းက ကျဉ်းလိုက်တာဆိုပြီး မနေချင်လို့မှမရတာ။ ဒီလိုပဲ နေလာရတာ နှစ်သုံးဆယ်ပဲ ပြည့်တော့မယ်” လို့ အသက် ၆၀ ရှိပြီဖြစ်တဲ့ ရဲဝန်ထမ်းရဲ့ ဇနီးဖြစ်သူက ရယ်ရယ်မောမော ဆိုပါတယ်။
အထက်အရာရှိ များရဲ့ အမိန့်အာဏာကို မလွန်ဆန်ရဲတဲ့ ရဲဝန်ထမ်းနဲ့ သူတို့မိသားစုတွေရဲ့ အနေအထားက မြို့လယ်ခေါင် တည့်တည့်မှာ ဧရာမကြွက်ကြီးတွေနဲ့ အတူနေထိုင်ရတဲ့ အခြေအနေလိုပဲ ဆိုးဝါးတယ်လို့ ရဲဝန်ထမ်းတဦးက ဆိုပါတယ်။
“မြို့လယ်ခေါင်မှာနေပြီး ကြွက်လည်းကြောက်ရ၊ အထက်လူကြီးလည်း လန့်နေရ၊ သူတို့မိန်းမတွေကိုလည်း ကြောက် နေရတာပါ” လို့ သူက ဆက်ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ သာမန် ရဲဝန်ထမ်းတွေဟာ မြို့နယ်မှူးအဆင့်နဲ့ ခရိုင်မှူးအဆင့်ရှိတဲ့ သူတို့ရဲ့ အထက်လူကြီးတွေက အာဏာနဲ့ခိုင်းစေတဲ့ တာဝန်မဟုတ်သော အလုပ်များကို တာဝန်ချိန်များမှာလည်း လုပ်ပေးနေရတယ်လို့ ကျောက်တံတား မြို့နယ်မှာ တာဝန်ကျတဲ့ ရဲဝန်ထမ်းတဦးက ဆိုပါတယ်။
အောက်ခြေရဲဝန်ထမ်းတွေကို မြို့နယ်မှူးအဆင့် ရဲအရာရှိတွေက မှုခင်းဂျာနယ်တွေ ရောင်းခိုင်းတာမျိုး၊ သူတို့ အိမ်ကလုပ်တဲ့ မုန့်တွေကို မဝယ်မနေရ လက်ငင်း ငွေချေစနစ်နဲ့ ရဲဝန်ထမ်းတွေကို တဆင့် ပြန်ရောင်းခိုင်းတာမျိုးတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျောက်တံတားမြို့နယ်က ရဲဝန်ထမ်းတဦးက “အထက်အရာရှိက ကျနော်တို့အောက်ခြေ ဝန်ထမ်း တွေကို မှုခင်းဂျာနယ်တွေ ရောင်းခိုင်းတယ်၊ သူတို့လုပ်တဲ့ ပဲမုန့်တွေကို အတင်းယူပြီး ရောင်းခိုင်းတယ်။ ကျနော်တို့က အဲဒါတွေကို အရင်ဆုံး သူတို့ကို လက်ငင်း ပိုက်ဆံရှင်းပေးရတယ်။ မယူချင်လို့မရဘူး။ အဲဒီတော့ ကျနော်တို့ရဲတွေမှာ သူတို့ ထိုးရောင်းတဲ့ ဂျာနယ်တွေ၊ မုန့်တွေ အပြင်မှာ ရောင်းမကုန်ရင် အလကားသက်သက် ပိုက်ဆံရှုံးတယ်ဗျာ” လို့ ပြောပါတယ်။
အခုလို ပြဿနာတွေအပြင် စခန်းမှူးကတော်၊ မြို့နယ်မှူး ကတော်တွေရဲ့ အာဏာနဲ့ ခိုင်းစေမှုတွေကိုလည်း ရဲဝန်ထမ်းတွေရဲ့ ဇနီးသည်တွေက မကြာခဏဆိုသလို ရင်ဆိုင်နေရတယ်လို့ သိရတယ်။
“ကျမတို့နေရတော့ တော်တော် စုတ်စုတ်နေရာမှာ။ ကတော်တွေ ဒီကိုလာမယ်ဆို ဘုရားပန်းလဲထားရ၊ အိမ်က ကလေးတွေကို အဝတ်သန့်သန့် ဝတ်ပေးရနဲ့ မလိုတာတွေ တကယ်လုပ်ပါတယ်။ ပြီးတော့ စခန်းမှူးကတော်တွေက ခဏခဏ ဟိုကြေး၊ ဒီကြေးနဲ့ ပေးရတာတွေလည်း ရှိသေးတယ်။ ကျမတို့ရဲမိန်းမတွေက ယောင်္ကျား လုပ်စာ မလောက်မငှလို့ အပြင်ထွက် ဈေးရောင်းရပါတယ်ဆိုမှပဲ ရဲစခန်းထဲ အလှည့်ကျ ကင်းစောင့်ပေးရတာ ရှိသေးတယ်” လို့ ရန်ကုန်မြို့လယ် ရဲစခန်းတခုက ရဲဝန်ထမ်းတဦးရဲ့ အသက် ၃၀ အရွယ် ဇနီးသည်တဦးက ပြောပါတယ်။
ဒါ့အပြင် ခရိုင်မှူးအဆင့်ရှိတဲ့ ရဲအရာရှိတွေကို နယ်ထိန်းတာဝန်ကျ ရဲဝန်ထမ်းတွေက တလတကြိမ် သတ်မှတ်ငွေ ထည့်ဝင်ပြီး ကန်တော့ရတဲ့ အခြေအနေတွေလည်း ရှိသေးတယ်လို့ ရဲဝန်ထမ်းတွေဆီက သိရပါတယ်။
“ရန်ကုန်မှာမှ မဟုတ်ဘူး။ နယ်တွေမှာလည်း အောက်ခြေ ရဲဝန်ထမ်းတွေ ဘယ်လိုနေရ နေရ အထက်က ဂရုမစိုက်ဘူး။ရန်ကုန်မှာဆို ပိုဆိုးတယ်။ တချို့ ရဲစခန်းတွေကျတော့ အထပ်မြင့် တိုက်ခန်းတွေ ဆောက်ပေးထားတယ်။ တော်တော် များများ ရဲစခန်းတွေကတော့ စုတ်ချာလွန်းပါတယ်။ ကျနော်တို့ နေနေရတဲ့ ဘဝက ရဲဆိုတဲ့ နာမည်ကြားရုံနဲ့ လူတွေ နှာခေါင်းရှုံ့ခံရ တာတွေနဲ့တော့ အသားကျနေပါပြီ” လို့ လှိုင်မြို့နယ် ရဲ စခန်းက ရဲဝန်ထမ်းတဦးက ပြောပါတယ်။
ရဲအရာရှိ အများစုဟာ အကျင့်ပျက် ချစားမှုတွေကို ပြောင်ကျကျ ပြုလုပ်နေကြ ပေမယ့် ရပိုင်ခွင့်မရှိတဲ့ အောက်ခြေ ရဲဝန် ထမ်းတွေရဲ့ လစာဝင်ငွေတွေကတော့ သူတို့မိသားစုကို လုံလုံလောက်လောက် ထောက်ပံ့မပေးနိုင်ဘူးလို့ သိရပါတယ်။
ကျပ် ၄ သောင်းကနေ ၇ သောင်းအထိသာ အမြင့်ဆုံးရရှိတဲ့ သာမန်တပ်ကြပ်အဆင့် ရဲဝန်ထမ်းတွေဟာ အများပြည်သူဆီက အဂတိလိုက်စားဖို့ အခွင့်အလမ်းတောင် မရှိသလောက်ဘဲလို့ ပုစွန်တောင်မြို့နယ် ရဲစခန်းက ရဲတပ်ကြပ် တဦးက ပြောပါတယ်။
“နယ်ထိန်း ဖြစ်ရင်တော့ ကိုယ်ရတဲ့ နယ်မြေမှာ ရပိုင်ခွင့်လေးတွေ ရှိပါတယ်။ ဒီအပိုင်းမှာ ရာနှုန်းပြည့် ရိုးရိုး သားသား လုပ်ပါတယ် ဆိုတာ ရှားပါတယ်။ တချို့ ရဲဝန်ထမ်းတွေ ကျတော့လည်း နည်းနည်းပါးပါးလောက်ပဲ ယူကြပါတယ်။ အဲဒီလိုမှမယူရင် ကျနော်တို့တွေမှာ ရတဲ့လစာနဲ့က မလောက်ဘူး။ လစာတွေသာ ကောင်းနေရင် ဒီလိုအဖြစ်တွေလည်း ရှိမှာ မဟုတ်ပါဘူးဗျာ” လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ရဲဝန်ထမ်းတဦးက ဆိုပါတယ်။
တရိပ်ရိပ် တက်လာတဲ့ ကုန်ဈေးနှုန်းတွေရဲ့ နောက်ကို လိုက်မမီနိုင်ဆဲ ဖြစ်နေသည့် တခြားသာမန် အစိုးရဝန်ထမ်း တွေလိုပဲ ရဲဝန်ထမ်း မိသားစုဝင်တွေဟာလည်း တဘက်တလမ်းကနေ ဝင်ငွေရရှိဖို့ စီးပွားရှာကြရတယ်လို့ ရဲမိသားစုဝင်တွေ ဆီက သိရပါတယ်။
“ကျမ အမျိုးသားရတဲ့ ဝင်ငွေက တလ ကျပ် ၆ သောင်း။ ရဲလုပ်သက်က ဆယ်နှစ်ကျော်ပြီ။ သူ့လစာက မိသား စုကို မထောက်ပံ့နိုင်တော့ ကျမအပါအဝင် သားသမီး ၂ ယောက်စလုံး အပြင်အလုပ် ထွက်လုပ်ရတယ်။ ရဲတွေက ပိုက်ဆံရပါတယ်၊ ရပါတယ်ဆိုတာ သာမန်ရဲဝန်ထမ်းတွေ မဟုတ်ပါဘူး။ ဒါကို သိစေချင်တယ်” လို့ အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရဲဝန်ထမ်းတဦးရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။
ရဲယူနီဖောင်းတွေကိုလည်း သူတို့ ကိုယ်ပိုင်ဝင်ငွေနဲ့ ချုပ်လုပ်ဝတ်ဆင်ရပြီး ငွေကြေးမတတ်နိုင်တဲ့ ရဲဝန်ထမ်းတွေ အတွက် ကတော့ စုတ်ချာလွန်းတဲ့ ဘွတ်ဖိနပ်တရံကိုပဲ အမြဲအသုံးပြုနေရပါတယ်လို့ အထက်ပါ အမျိုးသမီးက ဆိုပါတယ်။
“လူကြီးလမ်းကြောင်းတွေရှိရင် ဝတ်ရတဲ့ ခါးရှည် ယူနီဖောင်းတွေကို ကိုယ့်ဘာသာ ဝယ်ဝတ်ရတာ။ ဖိနပ်လည်း ကိုယ့်ဘာသာ ကိုယ်ပဲ။ ရဲ ခါးပတ်လည်း ကိုယ့်ဘာသာကိုယ်ပဲ။ အများစုကတော့ မတတ်နိုင်ကြလို့ ကျနော်တို့ အောက်ခြေ ရဲတွေရဲ့ အသွင်အပြင်က အမြဲတမ်း မသားမနား ဖြစ်နေရတယ်” လို့ လှိုင်မြို့နယ် ရဲစခန်းက ရဲတပ်ကြပ် တဦးက ပြောပါတယ်။
အစိုးရဆီက ရရှိတဲ့ လစာဝင်ငွေဟာ ကျပ် ၁ သိန်းမပြည့်ပေမယ့် တရားခံတွေကို ရုံးထုတ်တဲ့အခါ ရှိလာတဲ့ ကုန်ကျစားရိတ်၊ တရားခံတွေ သွားရောက် ဖမ်းဆီးတဲ့အခါ ကုန်ကျတဲ့ စားရိတ်တွေကိုလည်း ရဲဝန်ထမ်းတွေ အိတ်စိုက်ရတယ်လို့ ရဲဝန်ထမ်း တွေက ဆိုပါတယ်။
“သန်လျင်ကို တရားခံ သွားထုတ်ရတယ်။ အသွားအပြန် ကားငှားရတယ်။ ကျပ် တသောင်းကျော် ကျတယ်။ ပြန်ထုတ် လို့မရဘူး။ ပြောလို့လည်း မရဘူး။ ဘာမှလည်း မတတ်နိုင်ဘူး” လို့ အထက်ပါ ရဲဝန်ထမ်းတွေထဲက တဦးက ပြောပါတယ်။
အခက်အခဲပေါင်း များစွာကို နေ့စဉ်ရင်ဆိုင် ကျော်ဖြတ်နေရတဲ့ သာမန်ရဲဝန်ထမ်းတွေနဲ့ သူတို့ရဲ့မိသားစုဘဝတွေဟာ အစစအရာရာ ပြောင်းလဲတိုးတက်လာပြီ၊ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပြီဆိုတဲ့ မြန်မာပြည်ကြီးမှာ မပြောင်းမလဲ အရင်အတိုင်း ရှိနေဆဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့လယ် တိုက်သစ်တွေကြားက ဟောင်းနွမ်းနေပြီဖြစ်တဲ့ ကျောက်တံတားရဲစခန်း ဝန်ထမ်းလိုင်းခန်းတခု မှာတော့ ရဲတပ်ကြပ်ကြီးရဲ့ အသက် ၆၀ အရွယ် ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူ ပင်စင်ရမယ့် မကြာတော့မယ့် အချိန်တခုကို ကြွက်တွေနဲ့ အတူ နေထိုင်ရင်း စောင့်မျှော် နေတယ်လို့ ဆိုပါတယ်။
(irrawaddy)

Sunday, February 24, 2013

(Madat yu ga, saw lajin ai ) Meeting With Thura Shwe Mann, House Speaker, in Myitkyina 9 2 13

ကေအိုင်အေ တပ်ရင်း (၁၀) ဒေသတွင် တိုက်ပွဲပြန်လည်ဖြစ်ပွား

(JP kasa) ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) လက်အော်၊ ကေအိုင်အေ တပ်ရင်း (၁၀) ဒေသဖြစ်သော ချီဖွေနှင့် ဆော့လော်ကြားတွင် ဖေဖော်ဝါရီ (၂၃) ရက်မနက် (၈း၀၀) နာရီခန့်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာစစ်တပ်များ တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေ တပ်ရင်း (၁၀) မှ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရတပ် ခလရ (၂၉) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်သိရှိရပါသည်။

တပ်သားတိုးရေး အလေးပေး၍ ကလေးစစ်သား များလာရဟု အစီရင်ခံစာဆို

သတင်း - မဇ္ဈိမသတင်းဌာန
မြန်မာ့ တပ်မတော်အတွင်း တပ်သား တိုးပွားရေးကိုသာ အရေးထား ဆောင်ရွက်ခဲ့၍ ကလေးစစ်သား အသုံးပြုမှုများ ရှိနေရခြင်းဖြစ်ကြောင်း အစီရင်ခံစာတရပ်က ဆိုသည်။
‘မြန်မာနိုင်ငံတွင် ကလေးစစ်သား စုဆောင်းခြင်းနှင့် အသုံးပြုမှု အဆုံးသတ်ခြင်း’ ဟူသည့် ခေါင်းစဉ်ဖြင့် ကလေးစစ်သားဆိုင်ရာ နိုင်ငံတကာအဖွဲ့ (CSI)မှ ဇန်နဝါရီ လကုန်ပိုင်းက ထုတ်ပြန်ခဲ့သည့် သုသေသန စာတမ်းတွင် သုံးသပ်ထားခြင်းဖြစ်သည်။
“အကျင့်ပျက်ခြစားမှု၊ ကြီးကြပ်စစ်ဆေးမှု အားနည်းခြင်းနှင့် ပြစ်မှုကျူးလွန်သူများအား အရေးမယူဘဲ တပ်ဖွဲ့ဝင် အရေအတွက် မြင့်မားရေးကိုသာ အစဉ်တစိုက် အလေးထား လုပ်ဆောင်ခြင်းကြောင့် တပ်မတော် (ကြည်း) အတွင်း ကလေးစစ်သား စုဆောင်းမှုနှုန်း မြှင့်မားလာစေခြင်းဖြစ်ကြောင်း” ဟု အစီရင်ခံစာက ဖော်ပြထားသည်။
အသက်စိစစ် အတည်ပြုသည့် စနစ် အသုံးပြုခြင်း၊ ကလေး စစ်သား စုဆောင်းမှု ပြုလုပ်စေသည့် မက်လုံးများ
ပေးခြင်းကို မြန်မာ့တပ်မတော်အနေဖြင့် ပြုပြင်ရန် လိုအပ်ကြောင်းလည်း အစီရင်ခံစာက ဆိုသည်။
“နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေကြောင့် မြန်မာနိုင်ငံ၏ လုံခြုံရေးနဲ့ လူ့အခွင့်အရေး အခြေအနေ တွေမှာ အနည်းငယ်တိုးတက်မှု ရှိလာပါတယ်။ ဒီနိုင်ငံရေး ပြောင်းလဲမှု အစီအစဉ်မှာ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးတွေကို အကာအကွယ်ပေးတဲ့ကိစ္စကို အရေးကြီးဆုံး ဦးစားပေး လုပ်ငန်းအဖြစ် မြန်မာအစိုးရနဲ့
နိုင်ငံတကာ အသိုင်းအ၀ိုင်းက သေချာစွာ ဆောင်ရွက်ဖို့ လိုအပ်ပါ တယ်” ဟု CSI ၏ ညွှန်ကြားရေးမှူး Richard Clarke က ဆိုသည်။
စာမျက်နှာ ၄၀ ပါ ထိုစာတမ်းကို မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတွင်းမှ ကုလသမဂ္ဂမှအရာရှိများ၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ဲ့မှ အရာရှိများ၊ သံအမတ်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ အစိုးရ မဟုတ်သော အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ ကလေး စစ်သားဟောင်းများနှင့် ၎င်းတို့၏ မိသားစုများကို တွေ့ဆုံမှုများပြုလုပ်၍ CSI အဖွဲ့က သုသေသနပြုခဲ့ခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံကိုပေးသော နိုင်ငံတကာ အကူအညီများကို ကလေးများအား စုဆောင်းခြင်းနှင့် တိုက်ပွဲများတွင် ကလေးစစ်သားများကို အသုံးပြုခြင်းမှ ကာကွယ်ခြင်းတွင် ထည့်သွင်းအသုံးပြုရန်” ဟု အကြံပြုထားသည်။
တပ်မတော် (ကြည်း)တွင် စုစုပေါင်း ကလေးစစ်သား အရေအတွက် မည်မျှရှိသည်ကို ဖော်ပြရန် အလွန် ခက်ခဲပြီး ကုလသမဂ္ဂ အတွင်းရေးမှုး၏ ကလေးနှင့် လက်နက်ကိုင်ပဋိပက္ခ ၂၀၁၂ ခုနှစ် အစီရင်ခံစာတွင် အသက်အရွယ် မပြည့်သည့်သူများ စစ်သားစုဆောင်းခံရ၍ တိုင်ကြားမှုများ ဆက်လက် မြင့်တက်နေဆဲဟု ဆိုသည်။
၂၀၁၂ ခုနှစ် ဇွန်လက ကလေးစစ်သားစုဆောင်းခြင်းနှင့် အသုံးပြုမှု အဆုံးသတ်ရန် မြန်မာအစိုးရ နှင့် ကုလသမဂ္ဂ အကြား သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
“ပထမဆုံးခြေလှမ်းအဖြစ် ကုလသမဂ္ဂနှင့် အခြား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီတွေ လက်နက်ကိုင် အဖွဲ့များရှိရာသို့ လွတ်လပ်စွာ သွားလာနိုင်ခွင့် ထွက်မလာပါက ရေရှည်တည်တံ့စွာ အကာအကွယ်ပေးနိုင်မှု အခွင့်အလမ်း ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်” ဟု Richard Clarke က ပြောသည်။
မြန်မာ သမ္မတ အကြံပေး အရာရှိများ၊ ကလေးစစ်သားစုဆောင်းမှု တားဆီးရေး ကော်မတီ ဥက္ကဋ္ဌ၊
ရှေ့နေချုပ်၊ နိုင်ငံခြားရေးနှင့် ကာကွယ်ရေး ဝန်ကြီးဌာနများမှ သက်ဆိုင်ရာ အရာရှိများနှင့် တွေ့ဆုံခွင့်
တောင်းခဲ့သော်လည်း ခွင့်မရခဲ့သလို အစီရင်ခံစာ မူကြမ်းအား မြန်မာ နိုင်ငံခြားရေး ဌာနသို့ ပို့၍ ထင်မြင်ချက်
တောင်းခံခဲ့သော်လည်း ပြန်စာမရခဲ့ကြောင်း CSI က ဆိုသည်။
CSI သုတေသနပြုချက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ် (KNU/KNLA) နှင့် ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) တို့ အကြောင်းကို အဓိကထား ရေးသားထားသည်။
“KNLA ၏ စစ်သားစုဆောင်းရေးမှုများတွင် စိတ်ချရသော အသက်မှန် အတည်ပြုခြင်း လုပ်ထုံးလုပ်နည်းများ မရှိသည်ကို တွေ့ရသည်” ဟု ထောက်ပြထားသည်။
ထို့ပြင် “ကလေးများနှင့် သူတို့၏ ပတ်ဝန်းကျင်နှင့် မိသားစုကို တပ်မတော် (ကြည်း)၏ ရန်မှ ကာကွယ်ရန်၊ လက်စားချေရန်၊ တိုင်းရင်းသားလက္ခဏာနှင့် တိုင်းရင်းသားဖြစ်မှုတို့ကို အစိုးရမှ အသိအမှတ်ပြုရန် စသော ရည်ရွယ်ခံစားချက်များမှာလည်း ကလေးများကိုယ်တိုင် သဘောတူသဖြင့် စုဆောင်းခြင်းဖြစ်သည်” ဟု ဆိုထားပြီး “ခူမှုရေးဖိအားပေးမှုများနှင့် စစ်မိန့်များ၏ တာဝန်ပေးမှုများကြောင့်ဖြစ်သည်” ဟုလည်း CSI က ဆိုသည်။
သို့သော် အခြားလက်နက်ကိုင် အတိုက်အခံ အဖွဲ့အစည်း အားလုံးနှင့် လက်နက်ကိုင် တပ်ဖွဲ့များ၏ အခြေအနေ ကို ပိုမိုကျယ်ပြန့်စွာ ခြုံငုံတင်ပြထားခြင်း မရှိကြောင်း အစီရင်ခံစာက ဝန်ခံထားသည်။
ကလေးစစ်သား ဟူသည်မှာ လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် အဖွဲ့အစည်းများ နှင့် ဆက်စပ်ပတ်သက်
နေသော ကလေးငယ်များကို ကလေးစစ်သားအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုပြီး ကလေးငယ်များ၊ မိန်းကလေး၊
ယောက်ျားလေးဟု ကန့်သတ်မထားပဲ တိုက်ခိုက်ရေး သမားများ၊ ချက်ပြုတ် သူများ၊ ပစ္စည်းထမ်းသူများ၊ သူလျှိုများအဖြစ် သို့မဟုတ် လိင်မှုဆိုင်ရာ ရည်ရွယ်ချက်ဖြင့် အသုံးပြုရန် စုဆောင်းခံထားရသောအသက် ဆယ်ရှစ်နှစ်အောက် အရွယ် မည်သူ့ကိုမဆို ရည်ညွှန်းကြောင်း သိရသည်။
ကုလသမဂ္ဂနှင့် အစိုးရတို့ အကြား ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အောက်ရှိ အစိုးရ၏ လုပ်ဆောင်မှုများ အပေါ် ထိရောက်မှုရှိမရှိကို ရေရှည် လေ့လာစောင့်ကြည့်ရန်၊ လုပ်ငန်းစဉ်များ အတွင်း ထင်သာမြင်သာမှု ရှိစေရန် အစီရင်ခံစာက တိုက်တွန်းထားသည်။

တရုတ်နယ်စပ် ဖြတ်သန်းခွင့်စာအုပ် အတုဟုဆိုကာ မူစယ်တွင် သိမ်းဆည်း

သတင်း - သျှမ်းသံတော်ဆင့်သတင်း
တရုတ် - မြန်မာ နှစ်နိုင်ငံနယ်စပ် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ ဆင်ဖြူဂိတ်တွင် ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ် ဂျယ်မြို့မှ ထုတ်ပေးသည့် နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းခွင့် စာအုပ်များကို အတုဟု ဆိုကာ သိမ်းဆည်းမှုများ ပြုလုပ်နေ ကြောင်း စုံစမ်းသိရသည် ။
လွယ်ဂျယ်နယ်စပ်ဂိတ်မှ ထုတ်ပေးသည့် နယ်စပ် ဖြတ်သန်းခွင့် စာအုပ်ကိုင်ဆောင်သူများ မူစယ်မြို့ ဆင်ဖြူဂိတ်ပေါက်မှ တဆင့် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့သို့ ၀င်ရောက်ရာတွင် ဂိတ်တာဝန်ကျ မြန်မာ ဝန်ထမ်းများက သိမ်းဆည်းနေခြင်း ဖြစ် သည် ။
ယခုလ ၁၆ ရက်နေ့ တစ်ရက်အတွင်း စာအုပ်ပေါင်း ၃၀ ကျော်ခန့်ကို သိမ်းယူခဲ့ကြောင်း အကြားအမြင် များသည့် မူစယ် ဒေသခံကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“ဒီလထဲမှာ နည်းနည်းခြင်း သိမ်းနေတယ်။ ၁၆ ရက်နေ့ကတော့ တစ်ရက်ထဲ စာအုပ် ၃၀ ကျော်ကို သိမ်း လိုက်တယ်။ လူကိုတော့ အရေးမယူဘူး” ဟု ဆိုသည် ။
၎င်းနယ်စပ်ဖြတ်သန်းခွင့် စာအုပ်နှင့်ပတ်သက်၍ မူစယ်ဒေသခံနောက်တစ်ဦးက ပြောရာတွင် “ တကယ် တော့ လွယ်ဂျယ် ဘက်က ထုတ်ပေးတဲ့စာအုပ်တွေက အတုမဟုတ်ပါဘူး။ အတုဆိုရင် ဒီစာအုပ်ဘယ်က ထွက်တယ်ဆိုတာ သိနေတာပဲ။ သူတို့လဝက အချင်းချင်းပညာပြတာတဲ့ သဘောဖြစ်မှာပါ ” ဟု ဆိုသည် ။
မူစယ်မြို့နယ်စပ်ဂိတ်တွင် သျှမ်းပြည် (မြောက်ပိုင်း) အိမ်ထောင်စုစာရင်းရှိသူများကိုသာ အဆိုပါစာအုပ် ထုတ်ပေးကြောင်း သိရသည် ။
သို့သော် ရခိုင်ပြည်နယ်ဘက်မှလာသည့် မွတ်စလင်လူမျိုးများ မူစယ်အာဏာပိုင်များထံငွေပေး၍ အဆိုပါ စာအုပ်ပြု လုပ် နေကြောင်း ဆိုသည် ။
“ဒီစာအုပ်ရှိမှ အဆင်ပြေတာဆိုတော့ ကိုယ့်မြန်မာနိုင်ငံသားအားလုံးကို တရားဝင်ထုတ်ပေး သင့်ပါ တယ်။ စာအုပ်မရှိလို့ ခိုး ၀င် တယ်ဆိုရင် တစ်ဘက်နိုင်ငံက ဖမ်းမိတော့ ကိုယ့်ပြည်သူတွေပဲ ဒုက္ခ ရောက်ရတယ် ” ဟု ဆိုသည် ။
အဆိုပါ စာအုပ်ကိုင်ဆောင်သူများသည် တရုတ်နိုင်ငံ တယ်ဟုန်ခရိုင်အတွင်း တစ်ပတ်ခန့် ဖြတ်သန်းသွား လာနိုင်ကြောင်း သိရသည်။

Myen Hpyen dap a majan hkyen ai ladat hpe yu maram yu ga .(Battle of Wakahaung Karen State (Myanmar Victory over Rebels & Students ...

ဦးခင်ညွန့်ကို ခွင့်လွှတ် မြန်ကြသူများ အတွက်


ဦးခင်ညွန့်ကို လွှတ်လိုက် တာဟာ သူတို့ကို လူတွေက ဘယ်လောက် ခွင့်လွှတ်နိုင်လဲ ဆိုတာ စမ်းသပ် ကြည့်တာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ပြီးတော့ ဒီလောက် ဆိုးခဲ့တဲ့ လူဟာ ပြန်လည် ထင်ပေါ် လာနိုင်သေးလား ဆိုတာ စမ်းကြည့် တာလဲ ဖြစ်နိုင်တယ်။ သူလုပ်ခဲ့တာ ကောင်းခဲ့တာတွေ ရှိတယ် ဘာဘာ ညာညာ။

မြန်မာပြည် ဒီလောက် ဆိုးရွား သွားခဲ့တဲ့ အဓိက တရားခံ ထဲမှာ သူပါတယ်။ တရားခံ နံပါတ် ၁ ဟာ ဦးနေ၀င်း ဆိုရင် တရားခံ နံပါတ် ၂ ဟာ ဦးခင်ညွန့်ပဲ။ ၈၈ မှာ အတိုက်အခံ တွေဘက်က ကြားဖြတ် အစိုးရဖွဲ့ ဖို့  နှောင့်နှေး ခဲ့ရတဲ့ အခြေအနေမှာ သပိတ် တန်ပြန်ရေး ဖော်ဆောင် သွားတာ သူနဲ့ ထောက်တွေပဲ။ ၈၈ မှာ ခေါင်းဖြတ်ပြ၊ စက်ရုံတွေ ဖောက်ပြ မင်းမဲ့ စရိုက် ဆိုတဲ့ ဘက်ကို လုပ်ပြ သွားတာ သူပဲ။ အဲ့ဒါကြောင့် ဒီနေ့ တချို့ လူငယ်တွေ ၈၈ မှာ တပ်မတော်က ကယ်တင် လိုက်ရတယ် ဆိုတဲ့ ဗိုလ်ချုပ် ခင်ညွန့်ရဲ့ အလှည့်စား ခံလေးတွေ ဖြစ်သွားတာပဲ ဒီနောက်မှာ သပိတ် နှိမ်နှင်းရေး တွေကို လူ မဆန်အောင် ကြူပင်ခုတ် ကြူငုတ် မကျန် လုပ်ခဲ့တာ သူပါပဲ။

- ရေကြည်အိုင်လိုမျိုး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်ကြောရေး စခန်းတွေက ငရဲခန်း နှိပ်စက်ခန်း တွေဟာ သူ့ စနက်တွေ ချည်းပါပဲ။ ဆိုင်ကယ် မောင်းခိုင်း တာက အစ သောက်တဲ့ ရေထဲ မာကျူရီ ထည့်ပြီး ဦးနှောက် ပျက်အောင် လုပ်တဲ့ အထိ ဆိုးရွား ခဲ့တာ သူပါပဲ။

ရေကြည်အိုင်ကို ၀င်သွားတဲ့ သူမှန်သမျှ အကောင်းအတိုင်း ပြန်ထွက် လာတယ် ဆိုတာ အလွန် ရှားပါတယ်။ လူမသိ သူမသိ လက်လွန် သွားတဲ့ သူတွေ ဘယ်လောက် ရှိသလဲ ဆိုတာ ရေတွက်လို့ မရပါဘူး။ တကယ်တော့ မြန်မာ တပြည်လုံးကို အကြောက် တရားနဲ့ အုပ်ချုပ်ခဲ့တာ မျိုးကို စစ်ဗိုလ်ချုပ်တွေ မလုပ်တတ်ခဲ့ပါဘူး။ ညအချိန် မတော် အိမ်တံခါး လာခေါက်ပြီး ညီလေး အစ်ကို တို့နဲ့ ခဏ လိုက်ခဲ့ပါလို့ ဘယ်တော့များ အခေါ် ခံရမလဲ ဆိုတဲ့ အကြောက် တရားမျိုးကို လူတွေ စိတ်ထဲ ရိုက်သွင်း ခဲ့တာ ဗိုလ်ချုပ် ခင်ညွန့်ပါ။ နိုင်ငံရေး ဆိုတာ လုပ်တာနဲ့ သချိင်္ုင်း ကုန်းပဲ ပြေး မြင်အောင် လုပ်ထားတာ သူပါ။

စစ်သားတွေဟာ မျက်ကန်း မျိုးချစ်နဲ့ ငါ တကောကော အမှားတွေလုပ် တိုင်းပြည်ကို စစ်တပ်လို အုပ်ချုပ်ဖို့ ကြိုးစားပါတယ်။ တကယ်တော့ စစ်ဗိုလ်ချုပ်တွေ ချည်းပဲဆို စစ်တပ်က ဒီလောက် ဖိနှိပ်ဖို့ မလွယ်ပါဘူး။ ဗိုလ်ချုပ် ခင်ညွန့်လို ပါးပါး နပ်နပ်နဲ့ ကောက်ကျစ်တဲ့ စစ်သား မဟုတ်တဲ့ သူကြောင့်သာ စစ်တပ် သက်ဆိုးရှည် ခဲ့တာပါ။ အာဏာရှင်တွေရဲ့ ကယ်တင်ရှင် ပါပဲ။ ဒါကြောင့် သူဟာ တပ်ထဲမှာ နေရာ ပေးခြင်း ခံခဲ့ရတာပါ။

ဦးနေ၀င်း ဆင်းပြီး သူ့ သြဇာခံတွေလဲ ထည့်မရတဲ့ အဆုံးမှာ ဗိုလ်ခင်ညွန့်ကို နောက်ဆုံး လက်နက် အဖြစ် သုံးခဲ့တာပဲ။ အဲ့ဒီ အချိန်မှာ ဗိုလ်ချုပ် စောမောင်ဆိုတာ ရုပ်သေးပဲ။ နောက်က တကယ် လှုပ်ရှားခဲ့တာ တွင်း ၁ ၊ တွင်း ၂ နဲ့ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ် မျိုးညွန့်တို့ပဲ။ အဲ့ဒီ ၃ ယောက်မှာ စီမံခန့်ခွဲ သူက ဗိုလ်ချုပ် ခင်ညွန့်ပဲ။ ဗိုလ်ချုပ် သန်းရွှေ ကိုလဲ အစက ဟန်ပြ အဖြစ် တင်ခဲ့တာပဲ။ နောက်မှ သူတို့ အပေါ် ရောက်သွားလို့ ခံလိုက်ရတာ။



- သေနတ် ရှိမှ နေရာ မြဲတဲ့ စစ်တပ် ထဲမှာ စစ် ကောင်းကောင်း မတိုက်တတ်၊ စစ်တပ် ကျောထောက် နောက်ခံ မရှိတဲ့ ဗိုလ်ခင်ညွန့်ဟာ သူ့ အခြေအနေ မကောင်းဘူး ဆိုတာ သိပါတယ်။ ဒါကြောင့် တိုင်းရင်းသား တော်လှန်ရေး အုပ်စုတွေနဲ့ စစ်ပြေငြိမ်းရေး လုပ်တာကို ဘန်းပြပြီး ဘိန်းမှောင်ခို အဖွဲ့ ၊ လက်နက်ကိုင် သူပုန် အဖွဲ့ တချို့ကို ငြိမ်း အဖွဲ့တွေ အဖြစ် ဖန်တီးပြီး ကျောထောက် နောက်ခံ ရအောင် ကြိုးစား ခဲ့ပါတယ်။ ဒါကြောင့် ကိုးကန့် တို့ဟာ မြန်မာ လူမျိုးထဲတောင် ပါဝင်ခွင့် ရခဲ့ ပါတယ်။ သူ့ ကြောင့် ငြိမ်း အဖွဲ့တွေ သူတလူ ငါတမင်း လုပ်ချင်တိုင်း လုပ်တာကို ခံခဲ့ရပါတယ်။ စစ်တပ် ကျောထောက် နောက်ခံ မရှိတဲ့ သူအဖို့ ဒီလို ရည်ရှည် သွားတာဟာ နောက်ဆုံး သူ ဒုက္ခ ရောက်မယ် ဆိုတာကို သဘောပေါက် လာပါတယ်။

စစ်အစိုးရ အနေနဲ့ ရည်ရှည် သွားတာဟာ မကောင်းဘူးလို့ အစောဆုံး သဘောပေါက် တာလဲ ပါမယ် ထင်ပါတယ်။ ဒါကြောင့် အခု ပုဆိုးဝတ် စစ်သားကြီးတွေ ကပြနေတဲ့ ဇာတ်ကို သူက အရင် ရေးသွားခဲ့တာပါ။ အဲ့ဒီ အချိန်မှာသာ သူ့ကို ပေးက ခဲ့ရင် အခု ပုဆိုး ၀တ်ကြီးတွေကို ဗီလိန် နေရာထားပြီး သူက မင်းသား နေရာကနေ ကမှာကို မြင်ခဲ့လို့ စင်ပေါ်ကနေ ကန်ချ ခံခဲ့ရတာပါ။

တကယ်တော့ ဗိုလ်ချုပ် ခင်ညွန့်ဟာ စစ်သား စစ်စစ် မဟုတ် ပါဘူး။ ရှေ့တန်းတောင် ကောင်းကောင်း ရောက်ဖူးရဲ့လား မပြော တတ်ဘူး။ စစ် တက္ကသိုလ် ဆင်းလဲ မဟုတ် ပါဘူး။ စစ်သားတွေဟာ သေနတ်ကို သုံးပြီး ဉာဏ်နည်းနည်း နဲ့ပဲ လုပ်တတ် ပါတယ်။ သူကတော့ ဉာဏ်ရှိပြီး ကောက်ကျစ်တဲ့ သူပါ။ ကဲ ဘယ်သူဟာ ပို ကြောက်စရာ ကောင်းလဲ စဉ်းစားကြည့်ကြပါ။ သူလို လူမျိုးကို ကျနော်တို့ အာဃာဋ ထားစရာ မလိုဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒီ အတွက် အချိန် မရှိလို့ပဲ။ တခြား တိုးတက်ရေး လုပ်စရာတွေ အများကြီး ရှိနေတယ်။ ဒါပေမယ့် နိုင်ငံ တိုးတက်ရေးမှာ ၀င် မနှောင့်ယှက် နိုင်အောင်တော့ သတိထား နေရမယ်။ သူ လုပ်ခဲ့တာတွေကို တော့ မေ့မပစ်ပဲ ထပ်မခံ ရအောင် သင်ခန်းစာတော့ ယူရမယ်။

မောင်ညီ MMCP

-------------------------------

ဦးခင်ညွှန့် ဘာတွေလုပ်ခဲ့လဲ ဟုတ်လား

- ၁ - စစ်အစိုးရ တတ်ခါစမှာ သူ တစ်ဦးတည်းမှာ ပါဝါ အပြည့် ရှိတယ်လို့ ပြောလို့ ရလောက်အောင်ကို ပါဝါရှိပါတယ်… အဲ့အချိန်က သူဆန္ဒပြ ကျောင်းသားတွေ NLD နဲ့ လူ့ဘောင်သစ် ပါတီဝင်တွေကို ဘယ်လို့ ဘ၀တွေ ရိုက်ချိုး ခဲ့တယ် ဆိုတာ ပြန်ပြောပြဖို့ လိုမယ် မထင်ပါဘူး… မန္တလေး သံဃာ့ အရေးအခင်း ကနေစပြီး သံဃာတွေကို ဘယ်လိုသူ ထောင်သွင်း အကျဉ်းချ ခဲ့ပါသလဲ….

၂ - အာဏာ တည်ဆောက်ပုံ… ကြမ်းတဲ့ နေရာမှာ သူ့လောက် ဘယ်သူမှ မကြမ်းပါဘူး… သူ့ အထက်က ဦးစောမောင် ၊ သူ့ လယ်ဗယ်ထက် တဆင့်မြင့် ဦးမြင့်အောင်၊ ဦးထွန်းကြည်တို့ အုပ်စု ၊သူတွေကို ဘယ်လို ရှင်းသွားလဲ… အဲ့အချိန်မှာ ဦးသန်းရွှေတောင် သူ့ ပါဝါ သူအသာလေး စုနေရတဲ့ အဆင့်ဘဲ ရှိသေးပါတယ်… နောက် ဦးတင်ဦး ကေစ့်… မသေမချင်း လုပ်ကြံ ခံရတာ သူ့ကြောင့် မဟုတ်ဘူး ဆိုရင်တောင် သူ အကာအကွယ် မပေးနိုင်ခဲ့တာ ဟာလည်း သူ့ ကိုယ်သူ လုံလှပြီ လို့တော့ ပြောလို့ မရနိုင်ပါဘူး… နောင်သူ ဇွဲနေ၀င်းတို့ ဗယုတ် သုတ်ခ အလုပ်မှာ တချက်၊ သူ့ လူတွေ လည်လွန်းပြီး - ချီးနင်းမိ နေချိန်မှာ တချက် အခြေပျက် သွားလို့သာ သူ ခံလိုက်ရတာပါ။

အဲ့တော့ သမိုင်းမှာ ဘယ်သူ တာဝန် အရှိဆုံးလည်း ဆိုတာ ပေါ်လောက် ပါပြီ။ ဦးသန်းရွှေက သူ့လောက် မတော်ပါဘူး…. ဦးသန်းရွှေ မဟုတ်တာ လုပ်ရင် လူသိတာ များတယ်… သူ မဟုတ်တာ လုပ်တာ လူသိပ်မသိဘူး… သူက ဆင်ဖြုမရှင်နဲ့ စုဘုရားလတ် ပုံစံ တဘက်က ပွဲခင်းပြီး တဘက်က လူသတ်တဲ့ သူစားမို့ပါ… သူ လုပ်သွားတာ အားလုံးဟာ ဆန်းဆန်း ပြားပြား မပါပါဘူး…

တကယ်တော့ သူ သိပ်တော်ပါတယ် ပြောရင် ဗလလို ငမြောက် ငခြောက်ကောင် ကလည်း အဲ့လို နေရာလေးသာ ရပစေ မြန်မာပြည်ကို အနှစ် ၄၀ လောက် ပိတ်ထားလို့ ရတယ်လို့ ကြွေးကြော် ချင်ပါတယ်… ဘာကြောင့်လဲ မေးရင်တော့ မြန်မာ လူမျိုးတွေက မြန်မာ လူမျိုးတွေမို့ ပါဘဲ….

- အခုတောင် ဖေ့စ်ဘုတ်မှာ အရင် ထောက်လှမ်းရေး အတွက် အသုံးတော် ခံခဲ့တဲ့ 7days ၊ voice ၊ eleven တို့က တဖြည်းဖြည်းနဲ့ မင်းကိုနိုင် တပုံ သူ့ ပုံ တပုံ တင်ပြီး စည်းရုံးရေး ဆင်းနေပါပြီ… အားလုံး ကလည်း ဘဘကြီး နေကောင်းလားတို့ အရမ်း ၀မ်းသာတာဘဲတို့ ဖြစ်ကုန်ကြရော…. ကျုပ်တို့ လူမျိုး ကလည်း မေ့တတ်တာကို…. ၁၉၈၈ အရေးအခင်း ဖြစ်တယ်… အရေးအခင်း ပြီးတာနဲ့ အရပ်ထဲ နတ်ပွဲတွေနဲ့ တခြိမ်းခြိမ်းပေါ့… မေ့ကုန်ပြီ… မသေတဲ့ မိသားစု တွေက… ၁၉၉၀ ရွေးကောက်ပွဲ လုပ်တယ်… မနက်ဖြန်ဘဲ ပေးမလိုလို လုပ်နေလိုက်တယ်…

ကြားထဲမှာ ဖမ်းလိုက်တာ မနည်းမနော… အမှတ် မမှားရင် လွတ်တော် ခေါ်မယ်ကို ၁၉၉၁ - ၉၂ နှစ် လောက်မှ ကြေငြာတာ ရွေးကောက်ပွဲ ပြီးတယ်… ၁၉၉၃ ညီလာခံ ခေါ်တယ်… တနှစ် တကြိမ် တခါတလေ ၂ - ၃ကြိမ် ခေါ်တယ်… လူတွေ ဆူပူမှာ ဆိုးလို့ မြို့တော်ဝန် မာရသွန်….. ပြေးလိုက်ကြ တာဘဲ… တီကို ကားရအောင်လို့…. နအဖ ဖလား လှေသဘင်၊ မြင်းခင်း သဘင်၊ ဟောပြီးတော့ အမျိုးသား အားကစား ပွဲတော်၊ နောက်တော့ ကျောင်းသား အားကစား ပွဲတော် လုပ်ပေးတယ်၊ ဒါတွေဟာ ပုံမှန်ပါဘဲ…

တကယ်တော့ အလှည့်တွေထဲမတော့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ လူတယောက် အတွက် တကယ့်ကို ပုံမှန်ပါဘဲ…. အခု အွန်လိုင်းမှာ ဟော့နေတဲ့ မြန်မာ့ အင်တာနက် ဖောင်ဒါ ဆိုတဲ့ စကားလုံး…. မှားတယ်… ပုဂံ ဆိုက်ဘာကို စလုပ်တဲ့ ရည်ရွယ်ချက် ကိုက သူ့အတွက်ပါ။ သူ လုပ်ခဲ့တာ တကယ်တော့ ကကလှမ်း အတွက် ရည်ရွယ်ပြီး လုပ်ခဲ့တာပါ… သူမလုပ်ရင် သူ ကျန်ခဲ့တော့မယ်…

အဲ့နောက်ကနေမှ လူတွေ မသုံးနိုင်တဲ့ ဈေး၊ လူတွေ မသုံးနိုင်တဲ့ စပိဒ့်တွေနဲ့ လူတွေကြားထဲ ချထား ပေးလိုက်တာပါ… ဒါလည်း လေးစား လောက်စရာ မရှိပါဘူး… သူနိုင်ငံ အုပ်ချုပ် နေတဲ့ သူတယောက်… သူ့ အလုပ် သူ လုပ်ရမှာပေါ့… ဒါ ကျွန်တော် တို့က ပိုပြီး ချီးကျူး ထောပနာ ပြုနေစရာ ဘာလိုလို့လဲ….

ကောင်းတာကို ချီးကျူး ခံချင်ရင်တော့ ဘုန်းကြီးကျောင်းသွား အလှူလုပ်ပါ… ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လှူ … ဘုန်းဘုန်းတွေ ပြောတဲ့ သာဓု ဆိုတာကို ပီတိခံပေါ့… နောက် လူတွေ ပြောတဲ့ မာလ်တီ မီဒီယာ… ဟားတိုက်တာ ရယ်ချင်ရဲ့… စက်ရှိတယ်.. ရုပ်ပြ၊ အင်တာနက် ကနေ စာသင်မယ်တဲ့ မီးမလာဘဲ…

အဲ့တော့ အဲ့တာ တွေဟာ အပိုဆိုတာ သဘောပေါက်ပေါ့… ထမင်းကျွေးလို့ ထိုင်စားမယ့် လူကို ထမင်းသိုး ဟင်းသိုး ကျွေးတာ ထုတ်ပြီး ချီးကျူးလောက်တဲ့ သူဟာ ထမင်းသိုး ဟင်းသိုး ကြိုက်တဲ့ သူဘဲ ဖြစ်မှာပေါ့…

- နောက်တခု မိခင်နဲ့ ကလေး စောင့်ရှောက်ရေး အသင်း… ဒါဟာ တပ်တွင်း အားပြိုင်ဖို့လောက် နေရာ တခုပါ… အဲ့လိုနေရာမှာ ဒေါ်ကြိုင်ကြိုင် တို့က မတိုးဘူးလေ… သူ့ မိန်းမက ဒေါက်တာ ဆိုတော့ ပိုပြီး လူဝင်ဆန့်တော့ ဒါကို တည်ခဲ့တာဘဲ…. နောက် အတန်း ပညာရေးကို ဘယ်လောက်ထိ ဖျက်ဆီး ပစ်တယ် ဆိုတာ အားလုံး အသိပါ… မအောင် မနေရ အတန်းတင် ပညာရေး စနစ်ဟာ သူ့ကြောင့် ပေါ်ထွန်း လာတာပါ။ အဲ့ဒီ ပညာရေး စနစ်က ထွက်လာတဲ့ သူတွေ အခု အချိန်ထိ နိုင်ငံတကာမှာ ဘွဲ့ခြင်း တူရင် ဒီပလိုမာခြင်း တူရင် ဘယ်သူက ခေါင်းမော့ ရင်ကော့ ရပ်တည် နိုင်ပါသလဲ… ကိုယ့်ဘာသာ ကိုယ် မပြင်ထားရင် ဘာအဆင့်မှ မရှိလောက်အောင် အနှိမ်ခံရပါမယ်… အဲ့လောက် ဆိုရင် သူ့ ဘာလဲသိလောက်ပါပြီ…

သူဟာ ရုပ်ရှင် သရုပ်ဆောင် ကြက်သမား ၀င်းမြင့် (ဦးလူချော မှန်ပါတယ်နော်)ရဲ့ ညီလို့ မပြောရဘူး သရုပ်ဆောင် ကောင်းသူပါ… ဘုရား ထီးတော် တင်ရင် ဆုတခုဘဲ တောင်းတယ်… နိုင်ငံတော် သာယာဝပြောပြီး နိုင်ငံကြီး အေးချမ်းပါစေ… တဲ့ (နည်းနည်းတော့ စကားလုံး ကွဲနိုင်တယ်) အဲ့လို ဟန်ပါပါ မာန် ပါပါနဲ့ ဆုတောင်းလို့ လူကောင်း ထင်နေရင်တော့ မှားမှာပေါ့…

ကျွန်တော် အိမ်ကနေ ရှေ့ တပြက ဘုရား သူထီးတင်ခဲ့ သလို ကျွန်တော့် လမ်းထိပ်က ကကလှမ်း ရုံးမှာလည်း သူ့ တပည့်တွေ ဗျင်းနေတာ ကိုယ်တွေ့ မျက်မြင်…. အဲ့တော့ မိချောင်း မျက်ရည်လို့သာ ပြောချင်တယ်… သူ့ အကြောင်း ထဲကနေ ကောင်းတာလေး တခု နှစ်ခု လောက်တော့ ရှိတာပေါ့… သူ့ တပ်မတော် ဘ၀ နေ၀င်ချိန်မှာ အာဏာကို ပုံစံပြောင်း ယူဖို့ အကြံနဲ့ ဒေါ်စုကို သူက ဒီပရင်းမှာ ကယ်တဲ့ ပုံစံ ချိုးယူ တာမျိုး အာဆီယံမှာ သူ့တပည့် ဦးဝင်းအောင်ကို အလှည့် အပြောင်း လာတော့မယ် ဆိုတဲ့ စကားထွက် စေတာမျိုးကို ကြိတ်ပြီး ချီးကျူးမယ် ဆိုရင်ပေါ့…. ဒါပေမယ့် ဒီလူဟာ ကျွန်တော်တို့ ပုံနှိပ်စက်သမားတွေ ပြောသလို ပြောရရင် မှင်အနက်ဘဲ… ဘယ်လို မှင်နဲ့မှ သူ့ကို အရောင်ပြောင်းလို့ မရနိုင်ဘူး… သူဟာ လူ မကြမ်းဘဲ စိတ်ဓါတ်ကြမ်းတဲ့ အတွင်းကောက် သမားပါ…ကျေးဇူး

ဗလ (MMCP)

----------------------------

- ရွှေဝါရောင်ရဲ့ အရှေ့မှာ ၉၆ ကျောင်းသား အရေးအခင်း ဆိုတာ ရှိခဲ့တယ်ကွယ့်။ ဘယ်သူမှ အတိအကျ မသိဘဲလို့ ဆိုရအောင် အဲဒီ ကျောင်းသားတွေ မသေသေးဘူးကွယ့်။ အဲဒီ သူကြီးလဲ အပြင်ဘက်မှာ အရှင် လတ်လတ်ကြီး ညွှန်ကြား နေတာကွယ့်။ လှည်းတန်းမှာ နံနက် လင်းအားကြီး ကတ္တရာ လမ်းပေါ်ထိုင် လက်ချင်း ချိတ်တွဲ ထားတဲ့ ကျောင်းသားတွေကို မီးသတ်ပိုက်နဲ့ အနီးကပ် အတင်း ထိုးခွဲ ကားပေါ် ပစ်တင်ခိုင်းတာ အခု ရွှေဘို ထောင်က လွှတ်တဲ့ထဲ ပါတဲ့ ဗိုလ်ခင်ညွှန့် လက်ရုံး ဗိုလ်မှူးချုပ် ခင်အောင်တဲ့။ အဲဒီတုန်းက ဗမခ မဟုတ်သေးဘူး ထင်တယ်။ အမိန့်ရ အနီးကပ် ညွှန်ကြား သူပေါ့။ ထောက်လှန်းရေး တစ်စု ရက်ရက် စက်စက် နှိမ်နင်းခဲ့တဲ့ မန္တလေး သံဃာ့ အရေးအခင်း ဆိုတာလဲ မှီလိုက်သူတွေ ရှိသေးတယ်ကွယ့်။

ကျောင်းသား တစ်ယောက်ကို မမိလို့ အမေနဲ့ နှမကို (အလယ်တန်း ကျောင်းသူတောင် မချန်) ထောင်ထဲ ဖမ်းထည့် ပလိုက်တာကော သူ တော်တဲ့ အချက်လို့ ပြောဦး မလား။ မျှားခေါ် တတ်လိုက်တာ ပေါ့နော် အဲဒီ တ၀ိုက် စစ်ထောက်လှမ်းရေးတွေ သတင်းပေးတွေ စိုးမိုးချိန်က လက်ဖက်ရည်ဆိုင် ထိုင်ရင်တောင် ဘော်ဘော်တွေနဲ့ ကိုယ့်နိုင်ငံ အကြောင်း အကောင်း အဆိုး နည်းနည်းတောင် မဟ၀ံ့ ၊ ကချင် ပုဆိုးတောင် မ၀တ်ရဲ၊ အိမ်မှာ အန်တီစု ပုံတောင် မထားရဲတဲ့ သာမန် ကျောင်းသား ပြည်သူတွေရဲ့ ဘ၀တွေ ရှိခဲ့တယ်။ အဲဒါ ပုံပြင်တွေ ယုံတမ်း စကားတွေ မဟုတ်ဘူး။ အမှန်က ဒီလူကြီး အကြောင်း ပြောဖို့ ၀င်လာတာ မဟုတ်ဘူး။ ဖတ်ရတော့လဲ မနေနိုင်လို့။

…………………………………….

- ဘယ်သူတွေ ဘယ်လိုပဲ အဘညွှန့်ရဲ့ ဘုန်းတော် ဘွဲ့တွေ ရွတ်နေကြ ပါစေ ကျနော်တော့ သူ့မျက်နှာ မြင်တာနဲ့ ပထမဆုံး ပြေးမြင် မိတာက ကိုတင်နွယ် ဆိုတဲ့ ဇိမ်ခေါင်းကြီးပဲ။

အဘညွှန့် ဘာလုပ်ခဲ့ သလဲတော့ မသိပါဘူး အဘညွှန့်ရဲ့ သားသမီး အမ်အိုင် တွေကြောင့် တနိုင်ငံလုံး ဇိမ်နန်းတွေ ပေါ်ပေါ် တင်တင် ဖွင့်ရဲလာတာတော့ အတော် ထင်ထင် ရှားရှားပဲ။ တဖက်ကနေ လှည့်ပြီး ကျေးဇူးတင် ရမယ် ဆိုရင် ကိုရင် ချက်ကြီးတို့ ပြည်တွင်းဖြစ် ကုန်ကြမ်း ရစေဖို့ စတင် မိတ်ဆက် ကျေးဇူး ပြုခဲ့တာ အဘ ညွှန့်ရဲ့ အမ်အိုင် တွေပဲ။

ဒါပေမဲ့ သူ လွတ်ခြင်း မလွတ်ခြင်းကို ကျနော်တော့ ဘယ်လိုမှ မခံစား မိပါဘူး၊ အကျဉ်းကျ နေသူ လွတ်မြောက်တဲ့ အတွက် မုဒိတာပွား ပါတယ်။ ဒါပေမဲ့ သူဟာ တနိုင်ငံလုံး အကြောက်တရား နွံထဲ ဆွဲချ ခဲ့တဲ့ အဖွဲ့အစည်းကြီး တစ်ခုကို ဦးဆောင် ခဲ့တဲ့ သူတစ်ယောက် ဆိုတာ ဘယ်လိုမှ ငြင်းဆို ဖျောက်ဖျက်လို့ မရနိုင်ပါဘူး။

မော်ကင်းလေး

---------------------



- မခံခဲ့ရဘူးတဲ့ သူတွေကတော့ ခံခဲ့ရတဲ့ အမြင်ကို ဘယ်သိ မလဲဗျ။ မိသားစုတွေ သားတကွဲ၊ မယားတကွဲ.. ဖြစ်ခဲ့တာတွေ၊ လူဘ၀ သက်တမ်း တ၀က်လောက်ကို ထောင်ထဲမှာ ကုန်ဆုံးခဲ့ရတာတွေ၊ ကိုယ့်အိမ် ကိုယ်နေတာတောင် ကြီးလန့်စာ စားနေ ခဲ့ရတာတွေ၊.. ပြောရရင်တော့ ကုန်မှာတောင် မဟုတ်ဘူး။ ဒီလို လူမျိုးကို အကာအကွယ် ပေးတဲ့ သူတွေ facebook ပေါ်မှာလဲ အတော်များသား ကလား။ ဒီလူကြီးရဲ့ လက်တံက တော်တော် ရှည်သေးတာ တွေ့ရပါတယ်။ (သူတပည့် ဟောင်းတွေ တော်တော် များများလဲ facebook ပေါ်ရှိနေတာ သေချာတယ်) ထောက်လှမ်းရေး ဆိုတဲ့ အတိုင်း ဉာဏ်နီ ဉာဏ်နက်၊ ကလိမ်ကကျစ် ဉာဏ်ကတော့ တော်တော် ကြောက်ဖို့ ကောင်းရိုး အမှန်ပဲ။ မြွေပွေးလို လူမျိုးပါ။ ဒီလူကြီး အခုလို ထောင်ကျတာလဲ ယုံကြည်ချက်ကြောင့် မဟုတ်ပါ။

သွားလေသူကြီးက မြွေပွေး တစ်ကောင်ကို ပခြုပ်ထဲ ထည့်လိုက် တာပါ။ (သူတို့ အာဏာ ထိပါးမှာ မြင်လို့လား မသိ) ခုတော့ မြွေပွေး တစ်ကောင် ပြန်လွတ်လာပြီပေါ့။

xxMMCPxx

---------------------------------

သူတို့ တွေက ရန် ငါ ပြတ်တယ်။ ဒါကြောင့်လည်း သူတို့တွေက ပြတ်ပြတ် သားသား အသာစီးရ အပေါ်စီးက နေပြီး လုပ်ခြင် သလို လုပ်ခဲ့ကြတယ်။ ကျတော် တို့က မေတ္တာ ဂရုဏာ မုဒိတာ ဥပစ်ခါတွေကို ကျင့်သုံးတယ်။ နည်းနည်း အသာစီး ရလာရင် ဆက်ပြီး အနိုင်ယူဖို့၊ အမြစ်ပြတ် ချေမှုန်းဖို့ ဆိုတာ တွေကို စိတ်မ၀င်စား တော့ဘူး။ အားလုံး အတူတကွ လက်တွဲ နေထိုင်ရေးကို ပိုဦးစား ပေးတယ်။ ဒါကြောင့် သူတို့တွေ ထင်တိုင်းကြဲတာကို ခဏခဏ ခါးဆီး ခံခဲ့ကြရတယ်။

- တစ်ခါ တစ်လေ တော့လည်း ကိုယ်လည်း ရန် ငါ ပြတ်သူ ဖြစ်ချင် လာတယ်။ ဒါပေမဲ့ ငါဟာလူ၊ တိရစ္ဆာန် မဟုတ်ဘူး လို့ ပြန်စဉ်းစား လိုက်မိရင် ရန် ငါ မပြတ်နိုင်သူ ပြန်ဖြစ် သွားတယ်။ လူ အဖြစ်ကို အဆုံးရှုံး ခံပြီးမှရမဲ့ အနိုင် ထိုက်တန်ရဲ့လား တစ်ကယ်ကော လိုခြင်ရဲ့လားလို့ ပြန်စဉ်းစား စရာတွေ ဖြစ်လာ ခဲ့တယ်။

အခု အချိန်မှာ အခုလို လွှတ်ပေး လိုက်တာနဲ့ ပက်သက်ပြီး ဆိုက်ဝါးတွေ လုပ်နေတယ်လို ကျတော်လည်း ခံစားရတယ်။ ဇာတ်ရှိန်ကို မြှင့် သယ်သွားတယ်။ လူနည်းနည်း စိတ်ဝင်စားတဲ့ ကိစ္စကနေပြီး လူအများ စိတ်ဝင်စားတဲ့ ကိစ္စ ဖြစ်လာအောင် လုပ် ယူတယ်။ ပြီးမှ ဖြည့်ချလိုက်တယ်။ လူတွေ အားလုံး ရင်သပ် ရှုမော စရာ ဖြစ်သွားတယ်။ မြစ်ဆုံ ကိစ္စ အကျဉ်းသား လွတ်ပေးရေး ကိစ္စ တွေမှာ သေသေ ချာချာ ပလန် ဆွဲပြီး ဒါရိုက်တာ ကောင်းကောင်းနဲ့ ရိုက်တဲ့ ရိုက်ချက် တွေလို ကျတော်လည်း အစ်ကို တစ်ချို့နဲ့ အမြင် တူတယ်။

သစ်တာကြီးပေါ် ကျောက်တုံး တင်ပြီး ပြန်ချပေးတဲ့ အော်ပီကျယ် ကာတွန်း အဓိပ္ပါယ်မျိုး ဆိုတဲ့ အဖြစ်မျိုး ဆိုတာကိုလည်း လက်ခံတယ်။ ချုပ်ချုပ်ကြီးရဲ့ သမီးတော်တွေ ဌာနတွေ အားလုံးက တစ်ပြိုင်နက် ထွက်ပြီးမှ ဆိုတာ လေးကို ပိုပြီး သိခြင်လာတယ်။ အစ်ကို သိထားတာတွေကို ရှယ်ပေး ပါလား။

အခု တစ်လော မြောက်ပိုင်း ကျောင်းသား တပ်မတော် အတွင်းမှာ ဖြစ်ခဲ့တဲ့ ဖြုတ်ထုတ်သတ် အတွင်းရေးတွေ အရိုးတွန် နေတယ်။ ခွင့်လွှတ်နိုင်သူတွေ ခွင့်လွှတ်လို့ ရပေမဲ့ သမိုင်းကိုတော့ မေ့လိုမရဘူး။ ပြင်လို့ မရသင့်ဘူး။ သမိုင်း အပျောက် မခံ သင်ဘူး။ အရေး ယူတာ မယူတာက နောက် တစ်ပိုင်း အမှန်အတိုင်း သမိုင်းမှာ ရှိ ကျန်ရစ်ဖို့ နောက် တစ်ပိုင်းပါ။

ထို့အတူ ဒီပဲယင်း ဆိုတာလည်း လူ အများအပြား လူ မသိ သူမသိ၊ လူလို သူလို မဟုတ်ဘဲ အသက် ပေးခဲ့ရတဲ့ အရေးအခင်းပါ။ ခွင့်လွှတ် နိုင်သူတွေက အခြေအနေ အရပ်ရပ်ကို ရှေ့ရှု ချင့်ချိန်ပြီး ခွင့်လွှတ်ဦးတော့ သမိုင်း မှတ်တမ်း အမှန်အတိုင်း အပြည်အစုံ ရှိသင့်တယ်။ နောက် လူတွေလည်း သိသင့်တယ်။ အခုဘဲကြည့် ဘာမှ မကြာသေးတဲ့ နှစ် ကာလတွေ တုန်းက လုပ်သွားတဲ့ ညောင် နှစ်ပင်တောင် မသိသူတွေ ရှိနေပြီ။ မအအောင်လို့ သမိုင်း သင်တာပါ ဆိုတာ ဒေါက်တာ သန်းထွန်းရဲ့ စကား ပြန် အမှတ်ရကြပါ။

- ဦးခင်ညွှန်နဲ့ ပတ်သက်ပြီး သမိုင်းကြောင်းတွေ ကောင်း သလား ဆိုး သလား တော် သလား ဆိုတာတွေ ဆွေးနွေးခြင်ရင် နိုင်ငံရေး သရက်ထဲမှာ သူ့အမည်နဲ့ သီးခြား တစ်ခု ရှိပါတယ်။ အဲသည်ဖက်မှာ ဆိုရင် ပိုပြီး သင့်လျှော်လေ မလားလို့ အကြံ ပေးတာပါ။ ကျတော် ဂရုပြု မိသလောက် အမည်ကျော်တွေ ထဲမှာ ကိုယ်ကိုယ့်ကိုယ် publicity ဖြစ်အောင် promotion ကို သေသေချာချာ စဉ်စားပြီး စနစ်တစ်ကျနဲ့ အချိန် အကုန်ခံပြီး လုပ်ယူတဲ့ လူ နှစ်ယောက်ကို တွေ့မိတယ်။ တစ်ယောက်က ကျော်ဟိန်းပါ။ သူ ဘုန်းကြီး မ၀တ်ခင် နှစ် အနည်းငယ် အလိုမှာ နှစ်ရှည် ပလန်ချပြီး စနစ်တစ်ကျ လုပ်သွားတာပါ။ နောက် တစ်ယောက် အခု မြို့မေတ္တာ ခံယူ နေသူကြီးပါ။

လူတွေဟာ တစ်ခုခုကို အများထဲက ရွေးရတော့မယ် ဆိုရင် ယဉ်ပါးနေတဲ့ ကြားဘူးတဲ့ အရာကိုဘဲ ရွေးတယ် ဆိုတာ စနစ်တကျ လေ့လာချက် များမှာ တွေ့ရှိရတဲ့ လူ အကျင့်ပါ။ ဒါကြောင့် ကိုယ်ပစ္စည်းကို ကောင်းတဲ့ ကိစ္စနဲ့ တွဲပြီးတော့ဘဲ ဖြစ်ဖြစ် ဆိုးတဲ့ ကိစ္စနဲ့ဘဲ တွဲပြီးတော့ဘဲ ဖြစ်ဖြစ် လူတွေရဲ့ မျက်စိ ထဲကို နားထဲကို ခေါင်းထဲကို ထပ်ခါ တလည်းလည်း ၀င်အောင် လုပ်ပေးရမယ်။ အဲဒီ လုပ်ထားနိုင်ရင် အဲသည် လူဟာ တစ်ခုခုကို ရွေးရတော့ မယ်ဆိုရင် မသိ စိတ်ကနေပြီး သူ မကြာခဏ ကြားဘူး နေတဲ့ အမည် ကိုဘဲ ရွေးတော့တယ် ဆိုတာ အခြေခံ မားကက်တင်း နိယာမ တစ်ခုပါ။

ဒါကို တီဗီ မင်းသားကြီးက ကောင်းကောင်း နားလည်ပုံ ရပါတယ်။ လူမကြိုက်တဲ့ ပစ္စည်းကို လူ ကြိုက်များတဲ့ ပစ္စည်းနဲ့ တွဲထုတ်တာ ခေါက်ရိုးကျိုး နေတဲ့ မဆလ မားကက်တင်း နည်း စနစ်ပါ။ လူအများရဲ့ အသက် သွေး ဘ၀ မျက်ရည် တွေနဲ့မှ စားပျော် အိပ်ဝင်ပြီး လူ လုပ်ခဲ့သူတွေကို လွှတ်ပေးရင် လူထုက လက်ခံမှာ မဟုတ်ဘူး ဆိုတာကို သိလို့ လူထုကြီးက အောင့်သက်သက်နဲ့ စိတ်လျော့ပြီး လက်ခံ သွားရအောင်လို့ အခုလို တွဲပြီး ထုတ်လိုက်တာပါ။

အောင်အောင်ဦး

ခင်ရတနာ(facebook) မှ

-----------------------------------

ဒေါ်စု ကို အပျော့ဂိုဏ်း ခင်ညွန့်က စကား ပြောချင် နေတာ ခေါင်းမာတဲ့ သန်းရွှေကြောင့် ဆိုပြီး ဆရာ တပည့် နှစ်ယောက် အပျော့ဂိုဏ်း အမာဂိုဏ်း ဖန်တီးပြီး လူထုကို လိမ်။ သံတမန်တွေကို လိမ်။ ကမ္ဘာကို လိမ်ခဲ့တာ ခင်ညွန့်ပါ။

ထောက်လှမ်းရေး တွေကို သန်းရွှေက လိုက် ဖမ်းတော့ နယ်စပ်က ထောက်လှမ်းရေးတွေ အိမ်မှာ ရွှေတွေ ပိသာ များစွာ ဖမ်းမိတယ်။ ဒေါ်လာတွေ မြောက်များစွာ နံရံမှာ မြုပ်ထားတယ်။ ထူးခြား တာက ထောက်လှမ်းရေး အရာရှိတွေရဲ့ ဘုရားစင် တွေမှာ ဘုရား မရှိဘဲ ခင်ညွန့် ဓါတ်ပုံကြီးသာ ရှိပါသတဲ့။

- ခင်ညွန့် ပြုတ်တာ ၂၀၀၄ နှောင်းပိုင်းပါ။ မပြုတ်ခင် လပိုင်း အလိုမှာ ခင်ညွန့်နဲ့ ထောက်လှမ်းရေး တဖွဲ့လုံးကို ဒေါက် ဖြုတ်ရာမှာ အဓိက ဇာတ်ကောင်လို့ စွပ်စွဲ ခံရတဲ့ ထောက်လှမ်းရေး ဗိုလ်ချုပ် ကျော်ဝင်းက သူ့မယားငယ် ရီရီသာကို အမေရိကန် ပို့ပါတယ်။ ရီရီသာက အမေရိကန်ကို ၀င်တဲ့ နေရာမှာ ကျော်ဝင်း ခိုးဝှက် ထားတဲ့ အမေရိကန် ဒေါ်လာ သန်းပေါင်း များစွာ (ဆယ် ဂဏန်းလို့ နီးစပ် သူတွေက မှန်းပါတယ်) နဲ့ ၀င်ပါတယ်။ ဒီ အချိန်မှာ ထောက်လှမ်းရေး ဗိုလ်မှူး အောင်လင်းထွဋ် က ၀ါရှင်တန် မြန်မာ သံရုံးမှာ ရှိနေတုံးပါ။

ဒါကြောင့် ရီရီသာ အမေရိကန်မှာ အခြေချဘို့ အောင်လင်းထွဋ် က အကုန် စီစဉ် ပေးပါတယ်။ အောင်လင်းထွဋ် သံရုံးက ခုန်ချပြီး အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းတဲ့ အခါ ထောက်လှမ်းရေး ဗိုလ်ချုပ် ကျော်ဝင်း မယားငယ် ရီရီသာ အိမ်မှာ ခဏ နေပါတယ်။

ဒေါ်စု ကျေးဇူးကြောင့် အမေရိကန်က ဆန်ရှင်တွေ ဖွင့်ရင် ထောက်လှမ်းရေး ဗိုလ်ချုပ် ကျော်ဝင်းလဲ အမေရိကန်က မယားငယ်နဲ့ ပြန်ပေါင်းထုတ်။ ခိုးထားတဲ့ ဒေါ်လာတွေနဲ့ စည်းစိမ် ခံနိုင်မှာမို့ ဟန်ကို ကျလို့။ ကနေ့ အမေရိကန် အစိုးရက အောင်လင်းထွဋ်ကို လုံးဝ နိုင်ငံရေး ခိုလှုံခွင့် မပေးပါ။ အမေရိကန်မှာ နေခွင့်သာ ပေးတယ်လို့ နိုင်ငံခြား သတင်း တခုမှာ ဖတ်ရတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တချိန်က နှစ်ပြား မတန်အောင် မြန်မာ့ အလင်း သတင်းစာ ကနေ ဆောင်းပါး မျိုးစုံနဲ့ အပုတ် ချခဲ့တာ ခင်ညွန့်နဲ့ ထောက်လှမ်းရေး အရာရှိတွေ ဆိုတာ မေ့ကုန်ပလား။ ဒေါ်စုနဲ့ အန်အယ်လ်ဒီကို အောက်လမ်း နည်းမျိုးစုံနဲ့ တိုက်ခဲ့တာ ခင်ညွန့် ပါရှင့်။



မြင့်မိုရ်ဦး

Saturday, February 23, 2013

ငြိမ်းချမ်းရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ စီးပွါး ရှာနေပြီလား?

သိန်းစိန် အစိုးရ မတက်ခင် လက်ရှိသမ္မတ ၀န်ကြီးချုပ်ဘ၀ ကတည်းက ကိုးကန့်ကနေ ဇာတ်ရှုပ်လာတာ ကေအိုင်အေ ကိုလဲ အဲဒီတုန်းက ရာဇသံ ပေးဖူးတယ်။ မြစ်ကြီးနားမြို့ပေါ်က ကြံ့ဖွတ်ပါတီဝင်တွေ ရှေ့မှာ ၀န်ကြီးချုပ်ကြီး ဦးသိန်းစိန်ပြောသွားတာက အစိုးရ သစ်တက်လာရင် ကေအိုင်အေ ကို အရှေ့တောင်အာရှမှာ စံနမူနာ အနေနဲ့ တပတ်အတွင်း အပြီးတိုင် ချေမုန်းပြစ်မယ်၊ ဆိုသတဲ့။ သူကိုယ်တိုင် သမ္မတ ဖြစ်လာမယ် ဆိုတာ ကြိုတင်သိနေတဲ့ အတိုင်းပဲ။

တကယ်ပဲ သူ သမ္မတဖြစ်ပြီး ၃ လ အကြာမှာတော့ စတိုက်ပါတော့တယ်။ ဒါပေမယ့်၊ တဖက်မှာလဲ နိုင်ငံတကာ ရောက်နေတဲ့ မြန်မာ့နိုင်ငံရေး သမားများ နဲ့ ပညာရှင်များကို ဖိတ်ခေါ်ခဲ့တယ်။ ဒီတော့ အရင်က အတိုက်အခံ လုပ်နေတဲ့ ပညာရှင်အုပ်စု တွေနဲ့ ပေါင်းမိခဲ့တယ်။
အဲဒီ နိုင်ငံတကာ မှာ နှစ်ပေါင်းများစွာ နိုင်ငံတကာ အလှူရှင်တွေကြားမှာ ရှင်သန်လာတဲ့ ပညာရှင် အုပ်စုဟာ ကမ္ဘာ့ခေါင်းဆောင်တွေ၊ နိုင်ငံတကာ အလှူရှင်များ ဘာကြိုက်တယ် ဆိုတာ ကောင်းကောင်းသိနေတော့ သမ္မတကြီးကို အကြံအဥာဏ်တွေ ပေးလေပြီ။

အဲဒါကတော့…. ငြိမ်းချမ်းရေး…. ဆိုတဲ့ စာသားလေးပါ။
သမ္မတကြီးကလဲ သူ့အထင် တပတ်အတွင်း အပြတ်တိုက်ဖို့ကြံထားတဲ့ ကေအိုင်အေ စစ်ပွဲကလဲ မလွယ်မှန်းသိလာတယ်။ ဒီတော့ ၂၀၁၁ ဒီဇင်ဘာလ ကနေ ငြိမ်းချမ်းရေး ဆိုတဲ့ စကားကို စပြောပါတော့တယ်။

ဒီတော့ နော်ဝေ နိုင်ငံက ချက်ချင်း ဆိုသလို ငြိမ်းချမ်းရေး အတွက် အထောက်အပံ့ပေးမယ်ပေါ့။ ဒီတော့ Peace-center ဆိုတာ နေ့ချင်းညချင်းပေါ်လာတယ်။ နိုင်ငံခြားက ဒေါ်လာအလုံးအရင်း ၀င်လာဖို့ကလဲ အရေးကြီးတယ်လေ။ ဒါမှလဲ လက်နက်ဝယ်လို့ရမှာကိုး…. လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တယ် ဆိုတာ ဒါမျိုးနေမှာပါ။…

နောက်တခုက အဲဒီ ငြိမ်းချမ်းရေး ဆိုတဲ့ စာသားနဲ့ပဲ စီးပွါးရေး ပိတ်စို့မှုတွေ အတော်အသင့် ရုပ်သိမ်းပေးခဲ့တယ်။ ဦးပိုင် အုပ်စုတွေ ၀မ်းသာအားရနဲ့ သမ္မတကြီးကို လေဆိပ်မှာ ကြိုခဲ့ကြတယ်။
ခက်တာက နောက်ထပ် အပြီးတိုင် ရုပ်သိမ်းဖို့လိုနေတော့ ငြိမ်းချမ်းရေး ဆိုတာကြီးလဲ ဇာတ်မျောခဲ့ရတယ်။
ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့မှာ လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေး ညစာစားပွဲကြီး ပြစားဖို့ အပွကြီးကြံခဲ့ပေမယ့် ကေအိုင်အိုအဖွဲ့က ရောက်မလာခဲ့ဘူး။
ကေအိုင်အို ထင်ထားတဲ့ အတိုင်းပဲ အခု ရှမ်းကို ချနေပြီ။

ဦးအောင်မင်း နဲ့ ငြိမ်းချမ်းရေး အဖွဲ့ဟာ အစိုးရ ရဲ့ ထောက်ပံ့မှုလုံးဝ မလိုပဲ နိုင်ငံတကာ အကူအညီနဲ့ ငြိမ်းချမ်းရေး ခရီးတွေ သွားနေတာဟာ အကျိုးများများ ရစေတယ်။

(၁) လက်နက်ကိုင်အဖွဲ့အားလုံးကို တပြိုင်ထဲ တိုက်စရာမလိုအောင် ကျန်အဖွဲ့တွေကို ငြိမ်းချမ်းရေး ဇာတ်မျောအောက်မှာ ထိန်းထားပြီးသား ဖြစ်သွားတယ်။

(၂) နိုင်ငံတကာမှာ မျက်နှာရပြီး စီးပွါးရေး ပိတ်စို့မှု ရုပ်သိမ်းဖို့ အခြေအနေကောင်း ဖန်တီးပေးတယ်။ နောက်ပိုင်း လက်နက်ဝယ်ယူခွင့်ကိုပါ ရုပ်သိမ်းပေးဖို့ ငြိမ်းချမ်းရေး စကား ဆက်ပြောရအုံးမယ်။

(၃) နိုင်ငံတကာ အလှူရှင်များ၊ INGO, NGO များ အများအပြားဝင်လာပြီး ဘဏ်တွေမှာ ဒေါ်လာတွေ အလုံးအရင်းနဲ့ ၀င်လာတယ်။ လက်နက်ဝယ်ယူရေးမှာ နိုင်ငံခြားငွေဟာ မရှိမဖြစ်လိုအပ်ပါတယ်။
ဘယ်ဘဏ်မှာပဲ ရှိနေရှိနေ ပြည်တွင်းဘဏ်မှာ နိုင်ငံခြားငွေရှိနေတာဟာ အစိုးရ အလွယ်တကူ ၀ယ်ယူလို့ ရနေတယ်။ ပြည်သူတွေနဲ့ ဆိုင်တဲ့ လူမှုရေး ကိစ္စတွေမှာ NGO တွေ တာဝန်ယူနေတဲ့အချိန်၊ နိုင်ငံတော် ဘက်ဂျက်ကို စစ်အသုံးစရိတ် များများ သုံးလာနိုင်စရာ ရှိလာတယ်။

ဒေါ်စု ကို ငြိမ်းချမ်းရေး စကားဝိုင်းမှာ အပါမခံတာကလဲ ဒီအကြောင်းလေးတွေ ရှိနေလို့ပါ။ လက်ပံတောင်းတောင်မှာတော့ သူတို့ ရှုပ်ထားသမျှ ရှင်းပေးရမယ်လေ။ ဒေါ်စု တင်မက ပါဘူး၊ ငြိမ်းချမ်းရေး တကယ်လိုလားပြီး လှုပ်ရှားသူတွေကိုတော့ အစိုးရက ကြည်တာမဟုတ်။

ဒါတွေကြောင့် ငြိမ်းချမ်းရေး ဆိုတဲ့ ခေါင်းစဉ်ဟာ လက်ရှိအစိုးရ အတွက် မရှိမဖြစ် လိုအပ်နေဆဲပါ။

ဒါပေမယ့် လက်တွေ့မှာတော့.... ငရဲခန်းက ကျွတ်ပါအုံးမလား...
(Duwa kachin)

ပြည်ထောင်စု ဖျက်ဆီးသူ

                        လွတ်လပ်ရေးရ ကတည်းက
                        အတွင်း ကြိတ်က စခဲ့ကြ။
                                မြန်မာပြည် ပန်းပေါင်းစုံ
                                အုပ်ချုပ်ရခက်တဲ့ပုံ။
                        တောင်တန်းဒေသ တောင်ပေါ်သား
                        မတူညီ လွန်ကွဲပြား။
                                တရောင်တည်းမှ လွယ်ကူမယ်
                                အပေါ်စီးက အုပ်ချုပ်မယ်။
                        ရာသက်ပန် အုပ်ချုပ်သွားမှ
                        အစဉ် ထာဝရငြိမ်းချမ်းရ။
                                နိုင်ငံလုံး မြန်မာ - မြန်မာ
                                တသွေးတရောင်တည်း ဖြစ်စေမှာ။
                        လျို့ဝှက် စီမံကိန်းချကြ
                        အတွင်းကြိတ် အတွင်းကြံကြံခဲ့ကြ။
                                စီမံကိန်းကြီး နှစ်ပေါင်းကြာ
                                ယနေ့တိုင် မအောင်မြင်ရှာ။
                        စစ်မှန်သော အဖြေမဟုတ်
                        လူမျိုးကြီး ဝါဒ အကြံစုတ်။
                                တဖက်က ငြိမ်းချမ်းရေးယူ
                                တဖက် မီးလိုပူစေသူ။
                        ဆယ်ဖွဲ့ကို ငြိမ်းချမ်းရေးတဲ့
                        နှောက်ယှက် ကင်းဖို့ သူ့မျက်လှည့်။
                                လက်နက် ရိက္ခာ ပို့တလျှောက်
                                မရောက်ဖူးတဲ့ ဒေသရောက်။
                        ဆယ်ဖွဲ့နေရာ နှံ့ခဲ့ပြီ
                        မလှုပ်နိုင်အောင် ထိန်းထားပြီ။
                                နောက်ဆုံး သိမ်းပိုက်ဖို့ ချိန်ထား
                                အဖြေကတော့ ပေါ်ပြီးသား။
                                                                                           မနောမြေ - စိန်

ဒီနှစ်အတွက် စစ်တပ်ဘက်ဂျက်ထွက်ပြီ... ၂၁ ရာခိုင်နှုန်းတဲ့။ (အမေရိကန် ဒေါ်လာ သန်း နှစ်ထောင်လောက်)



စစ်တပ်ဘက်ဂျက်ကို နိုင်ငံတော် တခုလုံး အသုံးစရိတ်ရဲ့ ၂၁ ရာခိုင်နှုန်းတင်ပြထားတာ လွတ်တော်အမတ်တွေက ဘာတခုမှ မဆွေးနွေး (မဆွေးနွေးရဲ) ပဲ လက်ခံလိုက်ပြီတဲ့။ ပညာရေး နဲ့ ကျန်းမာရေး အတွက်တော့ ၃ ရာခိုင်နှုန်းတဲ့ကွာ... ကောင်းရော...

ဘီဘီစီမှာ ပြောကြ ဆိုကြတော့ ဒူဝါ လဲ နားထောင်ရင်းနဲ့ ကိုယ့်နိုင်ငံ အမတ်တွေရဲ့ အရည်အချင်း ကို ပိုပိုပြီး အော်ကလီဆန်လာတယ်။

စံတင်လောက်တဲ့ ဖွတ်အမတ် (ဘူးလက် လှဆွေ) ရဲ့ ဆွေးနွေးတင်ပြချက်ကိုလဲ နားထောင်နိုင်ပါတယ်။ သူပြောသွားတာက

(၁) မြန်မာ့ တပ်မတော်ဟာ ပတ်ဝန်းကျင် နိုင်ငံ စစ်တပ်တွေထက် အသုံးစရိတ် အများကြီးလျှော့နေသေးကြောင်း။ ဥပမာ ထိုင်းကိုပဲ ကြည့်၊ တဲ့။
(၂) ဘင်္ဂလားဒစ်က ၀င်တိုက်ရင် ဘယ်လို လုပ်မလဲ၊ တဲ့။
(၃) တပ်မတော်ကို ဒီထက် ပိုခေတ်မှီအောင် လုပ်ပေးသင့်ကြောင်း၊ အခုပေးတာတောင် မလောက်ဘူး၊ တဲ့။
(၄) ဗိုလ်ချုပ်အဆင့်တောင် အ၀တ်အစား ကောင်းကောင်းမလှဲ နိုင်ကြဘူး၊ တဲ့။
(၅) အခု ၀ယ်ထားတဲ့ လက်နက်တွေက ရုရှားလုပ်တွေပဲ ဆိုတော့ ခေတ်မမှီဘူး၊ ဒီထက်ပိုကောင်းတဲ့ လက်နက်တွေ ၀ယ်ရမယ်၊ ဒါပေမယ့် မြန်မာကို မရောင်းပေးလို့ ခက်တယ်၊ တဲ့။ (ရောင်းများ ရောင်းပေးလို့ကတော့ မတွေးဝံ့စရာပဲ၊ မြန်မာပြည်သားတွေ စားစရာ မရှိပဲ လက်နက်တွေဝယ်၊ ကိုယ့်အချင်းချင်း အနုမြူတွေကျဲပြီး ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်အုံးမယ်။)

ဦးလှဆွေရဲ့ အတွေးအခေါ်က အခုတလော MyanmarExpress, Opposite Eye, Myanmar Tar Kaung, Kachin Daily News တွေမှာ တွေ့တွေ့နေတဲ့ အာဘော်တွေနဲ့ ခတ်ဆင်ဆင် ဖြစ်နေတာ သတိထားမိတယ်။ ဦးလှဆွေ အပြောကို ထောက်ခံတဲ့ စာတွေလဲ သူတို့ ထပ်ရေးအုံးမယ် မြင်ယောင်သေးတယ်။
ဦးလှဆွေ နဲ့ ပုဇွန် ဦးနှောက် သမားများကို ပြောချင်တယ်...

(၁) မြန်မာပြည်ကြီးလွတ်လပ်ရေး ရလာတာ မြန်မာ့ တပ်မတော် တိုက်နိုင်လို့ မဟုတ်ဘူး၊ ဆိုတာ သမိုင်းကောင်းကောင်းလေ့လာသူများ သိပါတယ်။ အင်္ဂလိပ်တွေ စစ်ရှုံးလို့ ဆုတ်ခွါသွားခြင်း မဟုတ်ပါ။ ခေတ်ကိုက ကိုလိုနီခေတ် ကုန်သွားလို့ ဖြစ်တယ်။

(၂) အခုခေတ် အိမ်နီးချင်း နိုင်ငံမက၊ ဘယ်နိုင်ငံမှ ကျူးကျော်စစ် မ၀င်တာဟာ မြန်မာ့ တပ်မတော်ကြီးကို ကြောက်လို့ မဟုတ်ဘူး၊ ဆိုတာလဲ သတိရပါ။ အလကားနေရင်း ဘယ်သူမှ မ၀င်ပါ။ ဘင်လာဒင်လို အမေရိကန် ကို သွားတိုက်ရင်တော့ မပြောတတ်ဘူး။ နိုင်ငံတကာလဲ ရှိပါတယ်။

(၃) ပတ်ဝန်းကျင် နိုင်ငံတွေရဲ့ စစ်တပ်ဟာ ပြည်တွင်းစစ်မရှိလို့ နှစ် ၅၀ လောက် စုဆောင်းလာခဲ့တဲ့ စစ်တပ် ပစ္စည်းများ ဖြစ်ပါတယ်။ သူတို့ နိုင်ငံအသုံးစရိတ်ရဲ့ နဲနဲပဲ သုံးပါတယ်။ မြန်မာနိုင်ငံဟာ နှစ်တိုင်း စစ်အသုံးစရိတ်ဘက်ဂျက်ဟာ တရားဝင်တောင် ရာခိုင်နှုန်းအများဆုံး၊ တရားမ၀င်ရှိသေးတယ်။ ဂိတ်ထိုးကောက်စားတာတွေ၊ ဦးပိုင် လုပ်ငန်းတွေဟာ တနိုင်ငံလုံး စီးပွါးရေး ကို အခွန်မဲ့ စုပ်ယူနေတာပါ။

(၄) ပြည်တွင်းစစ်မရှိရင် စစ်အသုံးစရိတ်မလိုပါ။ ပြည်တွင်းစစ်မဖြစ်အောင် ဘာလုပ်သင့်သလဲ။ ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းကို အတူတူ ဆွေးနွေးပြီး သွားရင် ဘယ်သူမှ စစ်မတိုက်ချင်ပါ။ အခုလဲ အစိုးရ စစ်တပ် တိုက်နေလို့ ဖြစ်နေတဲ့ စစ်ပွဲများပဲ ဖြစ်ပါတယ်။

(၅) စစ်အသုံးစရိတ်လျှော့နိုင်ရင် ဘာအကျိုးရှိသလဲ? ကျန်းမာရေး နဲ့ ပညာရေးတွေမှာ ထည့်ဝင်နိုင်မယ်။ နိုင်ငံတကာ အကူအညီတွေကိုပဲ အားမကိုးပဲ ပြည်သူပြည်သားများ ကျန်းမာပြီး ကလေးတွေရဲ့ ပညာရေး မြင့်မားလာရင် နိုင်ငံတိုးတက်ပါမယ်။ ဒါဟာ နိုင်ငံ့ဂုဏ် သိက္ခာ အစစ်အမှန် ဖြစ်တယ်။ အခုတော့ ကိုယ်ရတဲ့ ငွေကျတော့ လက်နက်ဝယ်၊ ပြည်သူ့အကျိုးကျတော့ နိုင်ငံတကာ အကူအညီတောင်း။ ဆိုတော့... မနိပ်သေးဘူး။

(၆) စစ်တပ်အင်အား လျှော့ရင် နိုင်ငံ့လုံခြုံရေး စိုးရိမ်ရမလား? ပြည်တွင်းတိုင်းရင်းသား အားလုံး ညီတူမျှတူ တန်းတူ အခွင့်အရေး ရပြီး ပြည်တွင်းစစ်မရှိရင်၊ တိုင်းရင်းသား စစ်အင်အား ပေါင်းလိုက်တော့ အင်အား လိုတာထက်တောင် ပိုလာပါမယ်။

(ရ) တိုင်းရင်းသား စစ်အင်အားကို စိုးရိမ်ရသလား? မြန်မာ စစ်တပ်အင်အား ဒီလောက်များတာတောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အမြစ်ပြတ် တိုက်ဖို့ မဖြစ်နိုင်ရင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သေးသေးလေးတွေက ဘယ်လိုလုပ်ပြီး လက်ရှိ အင်အားကို ယှဉ်နိုင်မလဲ။ ဗမာ လူထု ရှိနေရင် စစ်တပ်အင်အား အချိန်မရွေး ကြီးအောင်လုပ်နိုင်သည်။ (တိုင်းရင်းသားတွေကို ဗမာလူထု ကြောက်တယ် ထင်ရင်ပြောတာပါ။) တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တော်လှန်ရေးဟာ နိုင်အောင် တိုက်ဖို့ မဟုတ် (မနိုင်မှန်းလဲ သိတယ်၊ အရူးထတာ မဟုတ်ပါ)၊ ကိုယ်တောင်းဆိုချင်တဲ့ အခွင့်အရေး တောင်းဆိုသံကို လက်နက်နဲ့အသံပိုကျယ်အောင် ချဲ့နေခြင်းသာ ဖြစ်တယ်။
(ဥပမာ... ကချင် စစ်ပွဲမှာ ဗမာလူထုရဲ့ မေးခွန်းတွေ အများကြီး ပေါ်လာတယ်။ ကေအိုင်အေ က ဘာလိုချင်တာလဲ၊ ဘာအတွက်လဲ၊... စသည်ဖြင့်..... ။... ကချင် အပါအ၀င် လက်နက်မဲ့တိုင်းရင်းသား နိုင်ငံရေး သမားများ ခေတ်အဆက်ဆက် ဖက်ဒရယ် တောင်းဆိုနေသူတွေရဲ့ အသံ ဘယ်သူမှ မသိခဲ့ပါ။ ကေအိုင်အေ ကြောင့်ပဲ ဖက်ဒရယ် ဆိုတာ လူပြော သူပြောများလာရတယ်။ ဒီတော့ ကေအိုင်အေ စစ်တပ်ရဲ့ လက်နက်သံဟာ တိုင်းရင်းသားများရဲ့ ဖက်ဒရယ်တောင်းဆိုသံ တခု ဖြစ်တယ်။)

http://www.bbc.co.uk/burmese/multimedia/2013/02/130220_bd_budget.shtml

ကချင်ပြည်မှာလွတ်နေခဲ့တဲ့ ငရဲခွေး ရှမ်းပြည် ပြန်ရောက်။


ဗိုလ်ချုပ်အောင်ဆန်း အယ်ဒီတာလုပ်ခဲ့တဲ့ အိုးဝေ မဂ္ဂဇင်းက ငရဲခွေးလွတ်နေသည် ဆိုတဲ့ အင်္ဂလိပ် ကဗျာလေးက အင်္ဂလိပ် အစိုးရ ကိုတော်တော်လေး အထိနာခဲ့ပါတယ်။

ကဗျာလေးရဲ့ ဆိုလိုရင်းကတော့....

သူ့ဟာသူ လူကြီးလူကောင်းလိုလိုပြော... သူ့ဟာသူ ကြွားလုံးထုတ်ပြီးတော့ လုပ်နေတာတွေက လူတွေရွံစရာကောင်းတဲ့ အလုပ်တွေပဲ သူလုပ်တတ်တယ်... ပါးစပ်က ဘုရားဘုရား.. လက်က ကိုးရိုးကားရား... သူဟာ ငရဲပြည်က လူမသိသူမသိထွတ်ပြေးနေတဲ့ ခွေးဖြစ်ပါတယ်... ၀ိုင်းဖမ်းပြီး ပြန်ပို့ပေးကြပါ... ဆိုပြီး အင်္ဂလိပ်လို သရော်ထားတဲ့ ကဗျာလေးပါ။...


အခု သတ်မတော်ကြီးလဲ ငရဲခွေးလွတ်နေတဲ့ အတိုင်းပါပဲ.... အထိန်းအကွပ်မဲ့... သူ့ဟာသူ ပြည်ထောင်စုရဲ့ ကယ်တင်ရှင်ကြီးလိုလို ပြောလိုပြော... လက်မတင်လေးကယ်ခဲ့ပါသတဲ့... ဟုတ်တော့လဲ ဟုတ်ပါတယ်.. ဒါပေမယ့် ပြည်သူ့အာဏာကို ကယ်ခဲ့တာတော့ မဟုတ်... အာဏာရှင်တွေရဲ့ အချုပ်အချာ အာဏာကို စဉ်ဆက်မပျက် ကယ်ခဲ့တာပါ... ပြည်သူ့အားနဲ့ အာဏာရှင် ပြုတ်တော့မယ် ဆိုတာနဲ့ သတ်မတော်ကြီးက ချီလာပါပြီ.... လက်မတင်လေးမှာပဲ အာဏာရှင်အတွက် ကယ်ကယ်ပေးခဲ့တာ... သူများနိုင်ငံတွေလို လက်ရှိရာထူးရနေတဲ့ စစ်ဗိုလ်ချုပ်တွေ ပြည်သူဖက်က မားမားမတ်မတ် ရပ်ပြီး အာဏာရှင် ဖြုတ်ချရေး ဦးဆောင်ခဲ့သူ မရှိခဲ့၊ ရာထူးပြုတ်မှပဲ ဟိုလိုလို ဒီလိုလို ပြည်သူ ချစ်ပြနေတဲ့ ဗိုလ်ပြုတ်တွေလောက်ပဲ ရှိတယ်... မြန်မာ ပြည်သူတွေ ခင်မျာ ငရဲတွင်းထဲကကို မကျွတ်နိုင်တော့ဘူး.... 
 
ကချင်ပြည်မှာ ၂၀၁၁ ဇွန်လ ကတည်းက လွတ်နေခဲ့တာ... လွတ်တော်အမိန့်လဲ မပါ... သမ္မတ အမိန့်လဲ မနာပဲ.. ထင်ရာဆိုင်းနေခဲ့ရာက.. သမ္မတ နဲ့ လွတ်တော်က ငပေါကြီးတွေ ဖြစ်လို့... ထုတ်လိုက်ရတဲ့ အမိန့် နဲ့ တိုက်တွန်းစာ... သမ္မတ နဲ့ လွတ်တော်က စစ်တပ်ကို စစ်ပွဲရပ်အောင် မစွမ်းဆောင်နိုင်တာ မြန်မာ တနိုင်ငံထဲ ရှိအုံးမှာပါ။ တိုက်နေတာဖြင့် ၂၀၁၁ ဇွန်လ ကတည်းက... လွတ်တော်မှာ Bullet ကမ်းဖို့ ဖွတ်အမတ် တိုက်တွန်းနေတာက ၂၀၁၂ ဒီဇင်ဘာလမှာ...

အခုတော့ ရှမ်းကို ရောက်နေပြီ.....

ကဲ... အဲဒီ ငရဲခွေးကို ဘယ်သူတွေက အမိန့်ပေးပြီး ... ဘယ်လူမျိုးတွေက တိုက်ခိုင်းနေပါလိမ့်.... ရှမ်းသမ္မတ တိုက်ခိုင်းမယ်လို့တော့ မထင်.. ကချင်အမတ်တွေလဲ မဖြစ်နိုင်... ဘယ်တိုင်းရင်းသား အမတ်တွေမှ စစ်ပွဲဆိုတာ စိတ်မ၀င်စားပါ.... ဖွတ်အမတ်တွေကော သိပါသေးလား... အန်အယ်ဒီ အမတ်တွေကော??? ဘယ်လွတ်တော် အမတ်မှလဲ ပြောသံ မကြားသေးပါဘူး... ဒီတော့... အခု ရှမ်းပြည်မှာ ရောက်နေတဲ့ ငရဲခွေးတွေက ဘယ် ပြည်သူတွေရဲ့ လခ စားတွေလဲ....

မြန်မာ နိုင်ငံမှာ စရိတ်ငြိမ်း နဲ့ လစာ အများဆုံးက စစ်တပ်ပါ။ ဒါကိုများ ကိုယ်ကျိုးစွန့်တယ်လေး... ဘာလေး လုပ်နေသေးတယ်....

ခင်များတို့ဟာ ပြည်ထောင်စု မြန်မာ နိုင်ငံတော်ကို စနစ်မကျ ဖျက်စီး နေတဲ့ ငရဲခွေးတွေဖြစ်တယ် ဆိုတာ သိပါသလား....

မန္တလေး ကျောက်ဝိုင်း မဖျက်ရေး တောင်းဆို

 
 
မန္တလေး မဟာအောင်မြေကျောက်မျက်ဝိုင်းတွင် ကျောက်အရောင်းဝယ် လုပ်နေသူများကို တွေ့မြင်ရစဉ် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရတနာဈေး ပြောင်းရွှေ့ရမည်ဆိုလျှင် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း မန္တလေးကျောက်ဝိုင်း မပြောင်းရွှေ့ရေးကော်မတီက ပြောသည်။
“ခုဆို ကျွန်တော်တို့က ကျောက်အရောင်းဝယ်ထက် ခုလက်ရှိ ကျောက်မျက်ဝိုင်း မပြောင်းရွှေ့ရေး အဓိကထားပြီး ဆောင်ရွက်နေပါတယ်။ ပြောင်းရွှေ့ဖို့ဆိုတာ ဖြစ်လာခဲ့ရင် ဆန္ဒထုတ်ဖော်ဖို့တွေ ဖြစ်လာမှာပါ” ဟု မန္တလေးကျောက်ဝိုင်း မပြောင်းရွှေ့ရေးကော်မတီ ဥက္ကဌ ဦးစိန်ဝင်းက ယနေ့ ကျင်းပပြုလုပ်သည့် ၈၄လမ်း ၃၂လမ်းနှင့် ၃၃လမ်းကြားရှိ D & G စားသောက်ဆိုင် သတင်းစာရှင်းလင်းပွဲတွင်  ပြောသည်။
ကျောက်မျက်ဈေး အသစ်ကြီးကို မန္တလေးမြို့ တောင်ဘက် ဆင်ရွာနှင့် မြင်းမူးကျေးရွာတွင် မြေဧက ၆ဧကနှင့် တည်ဆောက်သွားမည် ဖြစ်ပြီး လက်ရှိ ကျောက်ဝိုင်း ရှေ့အလားအလာ မသေချာတော့သောကြောင့် မန္တလေးကျောက်ဝိုင်း မပြောင်းရွှေ့ရေးကော်မတီကို ဖေဖော်ဝါရီလ၂၀ရက်နေ့ စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ဈေးသစ်ကြီးတွင် ဆိုင်ခန်းများတည်ဆောက်သွားမည်ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ကျောက်စိမ်းဈေးကွက်ကြီး ဖြစ်ပေါ်ရန်တွက် အဓိကထားလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း အဆိုပါကျောက်မျက်ဈေးကို ဖော်ဆောင်နေသည့် အေးအေးခိုင် ကျောက်မျက်ကုမ္ပဏီမှ ကိုစိုးနိုင်က ပြောသည်။
“မန္တလေး ကျောက်ဝိုင်း ရွှေ့ရမယ်၊ မရွှေ့ရဘူးဆိုတာ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေက ညှိနှိုင်းပေးပါလိမ့်မယ်။ ကျွန်တော်က လက်ရှိ မြေဧကတွေကို လှူပြီး နိုင်ငံတကာ ကျောက်မျက်ဈေးကြီးတစ်ခု ဖော်ဆောင်ဖို့အတွက် လုပ်နေတာပါ” ဟု ၄င်းကဆိုသည်။
အေးအေးခိုင်ကုမ္ပဏီအနေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ မြေဧက ၂၀ကျော် လှူဒါန်းပြီး ကျောက်စိမ်းဘုရားအတွက် မြေ ၂ ဧက၊ ကျောက်မျက်ဈေးအတွက် မြေ ၆ဧက နှင့် ကျောက်ဝိုင်းဈေးသူ ဈေးသားများအတွက် ၁၂ ဧက အသုံးပြုရန် လှူဒါန်းထားပြီး ဖြစ်သည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များအနေဖြင့် အဆိုပါဈေးသစ်ကြီးကို တည်ဆောက်ခွင့်ပြုထားသော်လည်း လက်ရှိ ကျောက်မျက်ဝိုင်းရွှေ့ပြောင်းရေးကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုထားခြင်း မရှိသေးပေ။ မန္တလေးမြို့တော် စည်ပင်အနေဖြင့် ယင်းကျောက်မျက်ဝိုင်းကို ဖျက်သိမ်းမည် ဆိုသည့် စာများထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။
သို့သော် မန္တလေးတိုင်းဒေသကြီး သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးသန်းစိုးမြင့်က မန္တလေးမှာ ကျောက်မျက်ဈေးကွက်ကို ဖွံ့ဖြိုးအောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ လေလံစနစ်ကို ဖွံ့ဖြိုးအောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားချက်ကို ကျောက်မျက်ဝိုင်းအဖွဲ့ အင်အား ၁သောင်းကျော်က လက်မှတ်ထိုး ကန့်ကွက်ခဲ့သည်။
ယင်းလက်မှတ်ထိုးသည့်စာရွက်များနှင့်အတူ ကျောက်မျက်ဈေး မပြောင်းရွှေ့ရေးအတွက် တောင်းဆိုချက်များကို နိုင်ငံတော် သမ္မတထံ စာတင်သွားမည် ဖြစ်ကြောင်း ကျောက်ဝိုင်းအကျိုးတော်ဆောင် ဒုဥက္ကဌ ဦးဇော်ဇော်က ပြောသည်။
ကျောက်မျက်လုပ်ငန်းရှင် တစ်ဦးဖြစ်သော ကိုဖြိုးကလည်း “လက်လုပ်လက်စား ကလေးငယ်တွေနဲ့ အခြေခံ ကျောက်မျက်လုပ်ငန်းသမားတွေအတွက် ဒုက္ခရောက်မယ့် ကိန်းပါ။ ဒါ့ကြောင့် ကျွန်တော်တို့ကတော့ ဒီကျောက်မျက်ဈေးကြီးကို မရွှေ့ပြောင်းစေချင်ပါဘူး” ဟု ဆိုသည်။
လက်ရှိ မန္တလေး ကျောက်ဝိုင်းကို ၂၀၀၀ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး နေ့စဉ် ကျောက်မျက်အရောင်းဝယ် လုပ်ဆောင်နေသည့် ကျောက်သမား သောင်းချီရှိကြောင်း သိရသည်။
(irrawaddy)

အင်းတော်ကြီးအိုင် ထိန်းသိမ်းရန် လိုအပ်


လက်ရှိ အင်းတော်ကြီးအိုင် မြင်ကွင်း တစိတ်တဒေသ (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)

အရှေ့တောင် အာရှတွင် အကြီးဆုံး ကုန်းတွင်းရေအိုင်ဖြစ်သော အင်းတော်ကြီးအိုင် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ စွန့်ထုတ် လိုက်သည့် အမှိုက်သရိုက်များ၊ တရားမ၀င် ရွှေတူးဖော်ရာမှ နုန်းပို့ချမှုများကြောင့် ယခုနှစ်များအတွင်း သိသိသာသာ အင်းကောလာသောကြောင့် ထိန်းသိမ်းသင့်ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
၂၀၀၆ ခုနှစ်ခန့်မှ စတင်ပြီး နုန်းအနယ် ပို့ချမှု များပြားလာသောကြောင့် လယ်မြေဖော်ထုတ် လုပ်ကိုင်နိုင်သော်လည်း ရေရှည်တွင် အန္တရာယ် ရှိနိုင်ကြောင်း ၎င်းတို့က ဆိုသည်။
“လယ်မြေဖော်နိုင်တာပဲ ဆိုပြီးတော့ ကျနော်တို့ ပေါ့ပေါ့ တွေးလို့ မရဘူး။ မိုးရာသီ အင်းရေ များလာရင်၊ အင်းကလည်း ကောနေမယ်ဆိုရင် အင်းရေက ကျနော်တို့ ရွာတွေကို ဖုံးသွားမှာ” ဟု အင်းတော်ကြီးဒေသ နမ့်မွန်းကျေးရွာမှ ဒေသခံ တဦးက ဆိုသည်။
အင်းတော်ကြီး အတွင်းသို့  မြစ်ချောင်းများက စီးဝင်သော်လည်း စီးထွက်ရာတွင် မိုးကောင်းချောင်း တချောင်းသာ ရှိသဖြင့် မိုးရာသီတွင် ရေတက်လွယ်ပြီး ရေကျရန် ခက်ခဲကြောင်း၊ ထို့အပြင် အင်းတော်ကြီး၏ ရေဝေရေလဲ ဒေသရှိ သစ်တောများ ပြုန်းတီးမှု ကြောင့် မိုးရာသီ ရေစီးဆင်းမှုနှင့် နုန်းပို့ချမှုမှာ ပိုများလာကြောင်း သိရသည်။
“နုန်းပို့လာတယ် ဆိုတာကတော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ဘယ်လောက်အထိ နုန်းပို့ထားတယ် ဆိုတာ သတ်သတ် မှတ်မှတ် ကောက်ယူထားတဲ့ ဒေတာတွေတော့ မရှိနိုင်ဘူး။ အခုအချိန်မှာ အင်းတော်ကြီးကို ထိန်းသိမ်းဖို့ စီမံကိန်းတွေ ချပေးချင်တယ်၊ လုပ်ချင်တယ် ဆိုရင်တောင် ပညာရှင်တွေ သွားဖို့ အခက်အခဲ ရှိနေတယ်” ဟု မြန်မာ့ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
အင်းတော်ကြီး ဒေသနှင့် ပတ်သတ်ပြီး သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ စစ်တမ်းကောက်ယူမှုကို ၂၀၀၄ ခုနှစ်က နောက်ဆုံး ပြုလုပ်ခဲ့ပြီး ၂၀၀၄ ခုနှစ် နောက်ပိုင်းတွင် လာရောက် လေ့လာမှု မရှိကြောင်း ဒေသခံများက ဆိုသည်။
အင်းတော်ကြီး ဒေသသည် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်မဟာ ၆ နှင့် မြန်မာ့ တပ်မတော် စစ်ကြောင်း များ၏ ထိန်းချုပ်မှု အောက်တွင် တလှည့်စီ ရှိနေခဲ့ပြီး နိုင်ငံရေးအရ တည်ငြိမ်မှု မရှိသော ဒေသတခု ဖြစ်ကြောင်း သိရသည်။
“အခု အင်းလေးဒေသကို ထိန်းသိမ်းနေသလို အင်းတော်ကြီးကိုလည်း လုပ်စေချင်တယ်။ ကျမတို့ ဆီမှာ သဘာဝ အရင်းအမြစ် တွေ ကြွယ်ဝလျက်သားနဲ့ ထိန်းသိမ်းမှု ညံ့ဖျင်းလို့၊ အင်းတော်ကြီးဟာ အင်းလေးလို ဖြစ်မှ ထလုပ်မယ် ဆိုရင်တော့ ကျမတို့ အသုံး မကျတာပဲလို့ ယုံကြည်တယ်” ဟု သဘာဝ ပတ်ဝန်းကျင် ပညာရှင် တဦးဖြစ်သူ ဒေါ်ဒေ၀ီသန့်စင်က ဧရာဝတီကို ပြောသည်။
“ကျနော်တို့ လယ်မြေက အရင်က ဒီလောက် မကျယ်ဘူး။ တနှစ်ထက် တနှစ် အင်းရေက ကျကျသွားတော့ တကွက်ခြင်း တကွက်ခြင်း တိုးပြီးတော့ လယ်ဖော်ကြတယ်။ အင်းရေက လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆိုရင် အခု ကျနော့်လယ် အစွန် နေရာအထိ ရှိတယ်” ဟု အင်းတော်ကြီးဒေသ လယ်ပုံလေး ကျေးရွာမှ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။
ထို့အပြင် အင်းတော်ကြီး ဒေသ မိုင်းနောင် ကျေးရွာ အနီး အင်းတော်ကြီး အိုင်အတွင်း စီးဝင်သည့် ခေါင်းတုန်း ချောင်းတွင် ချောင်းကမ်းပါးများ၊ ချောင်းအောက်ခြေ ကြမ်းပြင်ကို တူး၍ ရွှေ တူးဖော်မှုများ ပြုလုပ်နေသဖြင့် ယင်း ဒေသ တ၀ိုက်တွင် နုန်းပို့ချမှု သိသိသာသာ ဆိုးဝါးနေကြောင်း၊ ရွှေကျင်ယူရာတွင် သုံးသည့် ပြဒါးများကြောင့် ရေသတ္တ၀ါနှင့် ကျေးငှက်များ ပြဒါးဆိပ်သင့် သေဆုံးမှုများ တွေ့ကြုံရကြောင်း ဒေသခံများထံမှ သိရသည်။
“အမှန်က အင်းတော်ကြီးနဲ့ ၅ မိုင်ပတ်လည် အတွင်း ရွှေတူးခွင့်မရှိဘူး။ အဲဒီ ချောင်းထဲမှာ တူးခွင့်ရနေတဲ့ သူက ချောင်း ကောနေတာကို ပြုပြင်ပေးမယ်၊ ဘက်ဟိုးစက်ကြီးတွေနဲ့ နုန်းတွေကို ယက်ထုတ်ပေးမယ် လို့ သက်ဆိုင်ရာနဲ့ နားလည်မှု ယူပြီး လုပ်နေတာ လေးနှစ်လောက်ရှိနေပြီ။ ချောင်းကောကို ပြင်မပေးတဲ့ အပြင်၊ အဲဒီချောင်းက နုန်းရေတွေက အင်းထဲကို စီးနေတာ အင်းရေတောင် နုန်းရောင် ပေါက်နေပြီ” ဟု မိုင်းနောင်ကျေးရွာမှ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာန မိုးညှင်းခရိုင် ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းက “အင်းထဲက ရေက များနေရင်၊ ဒီဘက်က နုန်းပို့ချမှုက နည်းရင် ဆိုးဆိုးဝါးဝါးတော့ မထိခိုက်နိုင်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် အင်းရေဘက်က ခုခံနိုင်မှု နည်းမယ် ဆိုရင်တော့ ရေသတ္တ၀ါတွေကို ထိခိုက်နိုင်ပါတယ်။ ဧရိယာ ဧက သိပ်များတဲ့ အင်းကြီးကို ဒီလောက် ချောင်းလေးတွေထဲက နုန်းပို့ချမှုဟာ သိပ်ထိခိုက်နိုင်မယ် လို့တော့ မထင်ပါဘူး” ဟု ၎င်း၏ အမြင်ကို ပြောသည်။
အင်းတော်ကြီး ကန်သည် ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း တည်ရှိပြီး ပင်လယ် ရေမျက်နှာပြင် အထက် အမြင့်ပေ ၇၀၀ ကျော်တွင် တည်ရှိနေသည့် ၂၉၉ ဒဿမ ၃၂ စတုရန်းမိုင် ကျယ်ဝန်းသည့် ကုန်းတွင်း ရေအိုင်ကြီးဖြစ်ပြီး အင်းတော်ကြီးကန် ပတ်ဝန်းကျင်တွင် လယ်မြေဧက သောင်းချီရှိကာ ကချင်ပြည်နယ်၏ ဆန်စပါး အများဆုံးထွက်ရှိရာ ဒေသလည်း ဖြစ်သည်။
ကမ္ဘာပေါ်တွင် ထိန်းသိမ်းရန် သတ်မှတ် ပြဌာန်းထားသည့် သဘာဝ ရေ၀ပ်မြေများ (Ramsar Site) ပေါင်း ၂၀၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံရှိ မိုးယွန်းကြီးအင်းသည် တခု အပါအ၀င်ဖြစ်သည်။
မုတ္တမ ပင်လယ်ကွေ့ကို (Ramsar Site) စာရင်း တင်သွင်းရန် ကြိုးစားလျှက်ရှိပြီး အင်းလေးကန်နှင့် အင်းတော်ကြီး ကန်တို့သည်လည်း သဘာဝရင်းမြစ် ပေါကြွယ်ဝသော ရေ၀ပ်မြေများဖြစ်ကြောင်း သိရသည်။
(irrawaddy)

နိုင်ငံသား တစ်ယောက်ချင်းရဲ့ အသိကညာ မြင့်မားမှု နဲ့ နိုင်ငံတိုးတက်မှု ဆက်နွယ်ခြင်း။





ကမ္ဘာမှာ ဒီမိုကရေစီ နိုင်ငံ ဖြစ်လာပြီး ရင်းနှီးမြုပ်နှံသူများလာလို့ အလိုလို တိုးတက်လာတာ မရှိပါဘူး။ နိုင်ငံသား တစ်ယောက်ချင်းရဲ့ စိတ်ဓါတ်အခြေခံကလဲ အရေးကြီးပါတယ်။ မြန်မာနိုင်ငံလို စနစ်တကျ စိတ်ပိုင်းဆိုင်ရာ ဖျက်ဆီးထားတဲ့ နိုင်ငံအဖို့ ပိုပြီး နှစ်ဆ သုံးဆ ကြိုးစားရမှာပါ။

ဂျပန် နိုင်ငံ နဲ့ ဂျာမဏီ နိုင်ငံက ဥပမာ နှစ်ခုကိုပဲ ဖေါ်ပြချင်ပါတယ်။

ဂျပန် နိုင်ငံမှာ အလုပ်သွားလုပ်တဲ့ မြန်မာနိုင်ငံသားတွေကို ယေဘုယ အားဖြင့် မြန်မာ နိုင်ငံထဲမှာ သူဌေးစာရင်း သွင်းထားပါတယ်။ တကယ်တော့ မြန်မာနိုင်ငံသားများ (အားလုံးမဟုတ်၊ အများပိုင်း) ဂျပန်နိုင်ငံမှာ လုပ်နေတဲ့ အလုပ်တွေဟာ ဂျပန် နိုင်ငံသားတွေ မလုပ်ချင်တဲ့ 3D (ရုပ်ရှင်မဟုတ်ပါ) အလုပ်တွေပါ။ 3D ဆိုတာကိုတော့ အထူးတလေ မရှင်းပြတော့ပါဘူး၊ နာမည်ကြီးပြီးသား မို့လို့ပါ။ (ဂျပန်မှာ အလုပ်လုပ်တဲ့ လူတွေကို စော်ကားလိုခြင်း မဟုတ်ပါ။ ဖြစ်ရပ်မှန်တခုကို တင်ပြလိုခြင်းသာ ဖြစ်ပါတယ်။)

ဘာဖြစ်လို့ ဒီလို ကွာသွားသလဲ.... ဂျပန်တွ အလုပ်ကျိုးစားကြတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် အလုပ်ကျိုးစားခြင်း တခုထဲတော့ မဟုတ်။ သူတို့မှာ စံနမူနာ ယူစရာ အများကြီးရှိတဲ့ အနက် တခုကို ပြောပြချင်ပါတယ်။



ဥပမာ...

ဂျပန်မှာ အမိုက်ပစ်မယ် ဆိုရင် အမိုက်ပုံး အမျိုးအစား တစ်မျိုးထက်မက ထားပေးတာ တွေ့ပါလိမ့်မယ်။ (မြန်မာနိုင်ငံမှာတော့ တမျိုးတွေ့ဖို့တောင် အနိုင်နိုင်)။ အဲဒီ အမိုက်ပုံးထဲကို ထည့်ရမဲ့ ပစ္စည်းအမျိုးအစား ကို အမိုက်ပုံးရှေ့မှာ ရေးထား (ပုံနဲ့တကွ) ပါတယ်။ အနဲဆုံးသုံးမျိုးတွေ့ရတတ်တာကတော့... (၁) ပလားစတစ် (၀ါ) မဆွေးမည့်တတ်တဲ့ ပစ္စည်းများထည့်ရန်။ (၂) ပြန်သုံးလို့ရမဲ့ ပစ္စည်းများ၊ သောက်ရေဗူးခွံ၊ အချိုရည်ဗူးခွံများ။ (၃) ပုပ်သိုးလွယ်တဲ့ အမျိုးအစားများ။..... စသည်ဖြင့်ပါ။

ဒီတော့... လူတွေကော လိုက်နာပါ့မလား... ဘယ်သူက စောင့်ကြည့်နေလဲ... မှားထည့်မိရင် ဒဏ်ငွေဆောင်ရသလား....

ဒဏ်ငွေလဲ မဆောင်ရပါ... လူတစ်ယောက်မှလဲ တာဝန်ယူပြီး စောင့်ကြည့်မနေနိုင်ပါ... ၀န်ထမ်းတစ်ယောက်ခန့်ဖို့ လစာက မနဲဘူး... လူတိုင်းက အသိစိတ် ရှိရှိနဲ့ ထည့်ပါတယ်။ မှားထည့်တဲ့ ပစ္စည်းရှိတယ် ဆိုရင် ဂျပန် မဟုတ်ဘူး.. လို့ တွက်ကြပါတယ်။ ဂျပန်လူမျိုးတွေဟာ အမိုက်ပုံးမှာ ပစ်မဲ့ ဗူးခွံအထဲမှာ အနံ့ဆိုးထွက်မဲ့ အရည်မျိုးပါရင် ရေဆေးပြီးမှပဲ ပစ်လေ့ရှိပါတယ်။ တကယ်တော့ ဘယ်သူမှ မြင်မဲ့အရာတော့မဟုတ်ပါ။ အဲဒါကြောင့် ဂျပန်တွေက ဘယ်နေရာ နိုင်ငံခြားသား ပိုများသလဲ ဆိုတာ သိရအောင် အမိုက်ပုံးမှာ ကြည့်တယ်လို့ ဆိုပါတယ်။

ဂျာမဏီ နိုင်ငံက မြို့ပတ် ရထားတွေ အကြောင်း ပြန်စလိုက်ရအောင်....

ဂျာမဏီ ရထားဘူတာ တွေမှာ ထူးခြားချက်က ရထားပေါ်တက်လမ်းတစ်လျှောက် စင်ကာပူ ဘူတာ တွေမှာလို ပိုက်ဆံထည့် (သို့) စမတ်ကတ် တခုခု ကပ်လိုက်မှ ဖွင့်လာတဲ့ တံခါးမျိုးလဲ မရှိသလို... လက်မှတ်စစ်လဲ မထားပါဘူး။ လမ်းဘေးမှာ မထင်မရှားနဲ့ ရှာယူရတာက လက်မှတ်ရောင်းတဲ့ စက်ကလေးပါ။ ကိုယ့်ပျက်ဆံ နဲ့ ကိုယ့်ဟာကိုယ် ဘယ်သွားမယ် ဆိုတာ နှိပ်ပြီး လက်မှတ်ဝယ်တယ်။ ပြီးတော့ လက်မှတ်ပြစရာ မလိုတဲ့ ရထားပေါ် တက်စီးသွားပါတယ်။ လက်မှတ်မ၀ယ်ပဲ စီးသွားလဲ ဘယ်သူမှ တိုင်ပြောမဲ့လူလဲ မရှိသလို၊ ဖမ်းမဲ့လူလဲ မရှိပါဘူး။ အခါအားလျှော်စွာ တွေ့ရခဲတဲ့ လက်မှတ်စစ် တနှစ်တခါ ပေါ်လာတတ်တယ် လို့ ဆိုပါတယ်။ ဒါပေမယ့် တသက်နေလို့ လက်မှတ်စစ် တခါမှ မတွေ့ဖူးတဲ့ မြန်မာ နိုင်ငံသားတွေလဲ အများကြီးပါ။ လူအများပိုင်းက တစ်နှစ်လက်မှတ်လုပ်ထားပြီး စီးကြတယ်။ တစ်နှစ်လုံး တခါမှ လက်မှတ် ၀ယ်စရာမလိုတော့ တခါတလေ တစ်နှစ်လက်မှတ်တောင် အိမ်မှာ မေ့ကျန်ခဲ့တာတွေ ရှိတယ်။

ဒီနေရာမှာ ဂျာမဏီ နိုင်ငံသားတွေက စည်းကမ်း ရှိတယ်။ တစ်ယောက်မှ အချောင် မစီးဘူး။ အချောင်စီးတတ်တဲ့ လူအများပိုင်းဟာ အာရှနိုင်ငံသားတွေပဲ ဖြစ်ပါသတဲ့။

မြန်မာနိုင်ငံလဲ ကမ္ဘာမှာ နာမည်ကြီးတဲ့ အချက်တွေ ရှိပါတယ်။ ဒါကတော့ ဥပဒေမဲ့ လူသတ်မှုတွေ၊ ဖမ်းဆီးထောင်ချမှုတွေ၊ မဒိမ်းမှုတွေ၊ အကတိလိုက်စားမှုတွေ၊ လိမ်ညာမှုတွေပါ။

ဒီတော့ ဒို့နိုင်ငံလဲ တိုးတက်ချင်တယ် ဆိုရင်တော့ ရွှေနိုင်ငံသား တစ်ယောက်ချင်းစီရဲ့ စိတ်ဓါတ်တော့ အရေးကြီးလာပြီနော့။ မိုးကျရွှေကိုယ်တော့ လုပ်လို့မရဘူး။

 Duwa Kachin

မိုင်ဂျာယန်ဒေသရှိ နေရပ်ပြန် ကချင်ဒုက္ခသည်များ ဆေးဝါး ကုသမှုလိုအပ်

စောခါးစူးညား (ကေအိုင်စီ)
မိုင်ဂျာယန်ဒေသရှိ ကချင်ဒုက္ခသည်
 ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသ၌ စစ်ပြေးတိမ်းရှောင် ခဲ့ရာမှ နေရပ်ကျေးရွာများသို့ ပြန်လည်နေထိုင်သည့် ကချင် ဒုက္ခသည်များသည် ဆေးဝါးများလိုအပ်လျှက်ရှိ သည်ဟု ထိုဒေသတွင် သွားရောက်ဆေးဝါး ကုသပေးနေသည့် ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ(KWAT) က ပြောသည်။ ကချင်ဒေသတွင် ယခင်လ ဇန်န၀ါရီလက စစ်ပွဲဖြစ်ပွားမှု ငြိမ်သက်လာသည့်နောက်ပိုင်း နေရပ်ပြန်နေသည့် ဒေသခံများသည် ဒုက္ခသည်စခန်းတွင် နေထိုင်တုန်းကကဲ့သို့ ဆေးဝါးလုံလောက်မှု မရရှိသည့်အပြင် သွား ရောက်ကူညီပေးမည့်သူလည်း မရှိကြောင်း ဆေးဝါးသွားရောက်ကုသနေသည့် KWAT မှ ဆေးဝန်ထမ်းအမျိုး သမီးတဦးဖြစ်သူ ဒွဲဇင်က ကေအိုင်စီသို့ ပြောသည်။
“ကျမတို့ မနေ့က မိုင်ကျုံမှာ ဆေးလိုက်ကုတယ်။ ဒီနေ့တော့ ဘွမ်ကထော်မှာ ကုတယ်။ တရွာသွားကုရင် လူနာ က ငါးဆယ်နဲ့ ငါးဆယ်အထက် ရှိတယ်။ ကျမတို့ ရွာတိုင်းတော့ သွားဖို့ အခက်အခဲ ရှိတယ်။ ဒါကြောင့် အခြား ကူညီတဲ့ အဖွဲ့တွေလည်း လာကူညီကြဖို့ ကျမတို့ မျှော်လင့်တယ်”ဟု ဒွဲဇင်က ပြောဆိုသည်။
မိုင်ဂျာယန်ဒေသရှိ နေရပ်ပြန်သည့် ဒုက္ခသည်များသည် မိုင်ကျုံ၊ ဘွမ်ကထော်၊ ဂျေကော်၊ ပလော်ကော်၊ ဂိုကော်၊ ခါနာယန်နှင့် အူရာပါ အပါအ၀င် ကျေးရွာခန့်ရှိပြီး အဆိုပါ ကျေးရွာများသည် အိမ်ခြေအရေအတွက် ၂၀ မှ ၃၀ ကျော်အထိရှိသည်ဟု သိရသည်။
ဆက်လက်၍ အဆိုပါ ရွာများတွင် သွေးတိုး၊ ထုံကျေခက်ခဲနှင့် နာစေးချောင်းဆိုး ဖြစ်ပွားမှု များပြားလျှက်ရှိပြီး လူနာသည်များသည် အသက်ကြီးရင့်သူ အမျိုးသမီးအများဆုံး ပါဝင်သည်ဟု KWAT က ဆိုသည်။
ဒွဲဇင်က “အခု ရောဂါသည်တွေက လူကြီးများတယ်။ သူတို့ ဆေးကုချင်ရင် အနီးဆုံးဖြစ်တဲ့ ခေါင်းပါဒုက္ခသည် စခန်းကို သွားရတယ်။ သွားရင် လမ်းကလည်း မကောင်း၊ တောင်လည်း တက်ရတော့ လူနာတွေအတွက် အဆင်မပြေဘူး။ အထူးသဖြင့် လူနဲ့ ဖြစ်ဖြစ်၊ ဆိုင်ကယ်နဲ့ဖြစ်ဖြစ် ဆေးခန်းသွားရင် ကိုယ်ဝန်ဆောင်အမျိုးသမီး တွေအတွက် ပိုခက်ခဲတယ်”ဟု ပြောသည်။
လက်ရှိ နေရပ်ပြန် စစ်ပြေးဒုက္ခသည်များသည် မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်-KIA တို့အကြား တိုက်ပွဲပြင်းထန်သည့် ကာလအတွင်း မိုင်ဂျာယန်ဒေသရှိ ခေါင်းပါဒုက္ခသည်စခန်းနှင့် အနီးအနားတ၀ိုက် နေရာများတွင် ပုန်းအောင်းနေထိုင်ကြသည်ဟု သိရသည်။
ကချင်ဒေသတွင် ယခင်လ ဇန်န၀ါရီလကုန်ပိုင်းကမှစ၍ တိုက်ပွဲများ ရပ်တန့်သွားသော်လည်း နေရပ်မပြန်ရဲသေး ဘဲ ခေါင်းပါဒုက္ခသည်စခန်းတွင် ဆက်လက်နေထိုင်သေးသည့် ကချင်ဒုက္ခသည်ဦးရေ ၂,၀၀၀ (နှစ်ထောင်) ကျော် ရှိသေးသည်ဟု KWAT က ဆိုသည်။
(KIC)

Thursday, February 21, 2013

အိမ်မြှောင်လေးရဲ့ဖြစ်ရပ်မုန်တစ်ခုကိုမျှဝေပေးလိုက်ပါတယ်




ဂျပန်မှာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးစာ အိမ်အဟောင်းကို ပြုပြင်ဖို့ နံရံကို ချိုးဖျက်ခဲ့တယ်။ ဂျပန်အိမ်တွေမှာ သစ်သားနံရံတွေကြား အခေါင်းပေါက်နေရာလပ်တစ်ခုရှိတယ်သူဟာနံရံကိုဖြိုချတဲ့အခါ ညပ်နေတဲ့ အိမ်မြှောင်တစ်ကောင်ကို မြင်ခဲ့တယ်။ အပြင်က သံတစ်ချောင်းက အဲဒီအိမ်မြှောင်ရဲ့ ခြေတစ်ဖက်ကို ဖောက်ရိုက်ထားတာ သူတွေ့ခဲ့တယ်။ သူဟာ အိမ်မြှောင်လေးအပေါ်သနားစိတ်ဝင်ခဲ့တယ် ။ တစ်ချိန်ထဲမှာလည်း ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို သိချင်လို့ သံချောင်းလေးကိုစစ်ဆေးလိုက်တဲ့အခါ သံချောင်းလေးရဲ့သက်တမ်းဟာ ပထမဆုံး အိမ်ဆောက်တဲ့ အချိန်နဲ့တွက်ကြည့်ရင် ( ၁၀ ) နှစ်လောက်ရှိနေတာကို တွေ့ရှိခဲ့ရတယ်။
ဘယ်လိုဖြစ်ရတာလဲ......။

အိမ်မျြောင်လေးဟာ တစ်နေရာထဲမှာပဲ ( ၁၀ ) နှစ်ကြာကြာ အသက်ရှင်ခဲ့တယ်။ မှောင်ပြီး ခွဲကန့်ထားတဲ့နံရံမှာ ( ၁၀ ) နှစ်ကြာကြာမရွေ့လျားဘဲ ရှိနေတဲ့အတွက် သူဟာ စိတ်ထဲမှာ မဖြစ်နိုင်သလို ခံစားရပြီး အံ့သြသင့်မှုတွေနဲ့ တုန်လှုပ်သွားခဲ့တယ်။ ပြီးတော့ ခြေထောက်မှာ သံရိုက်ခံရလို့ ခြေလှမ်းတစ်လှမ်းမှ မရွေ့လျားဘဲ ( ၁၀ ) နှစ်ကြာကြာ အသက်ရှင်နေတဲ့ ဒီအိမ်မြှောင်ကို သူအရမ်းအရမ်းအံ့သြမိတယ်။ ဒါကြောင့် သူ့အလုပ်ကိုရပ်ပြီး အိမ်မြှောင်ကလေး ဘာတွေလုပ်ပြီး ဘယ်လိုစားခဲ့လဲဆိုတာ့ လေ့လာကြည့်ခဲ့တယ်။

ဒီလိုနဲ့ သူ့စိတ်ထဲဖြစ်နေတဲ့ ခံစားချက်အတွက် အဖြေဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒါတော့ အခြား အိမ်မြှောင်လေးတစ်ကောင်က အစာတွေကို ပါးစပ်ထဲမှာ ထည့်ပြီး ဒုက္ခိတအိမ်မြှောင်လေးကို လာကျွေးနေလို့ပါပဲ။ အဲဒီမြင်ကွင်းကို သူမြင်ရတဲ့အခါ အသက်ရှူမှားလောက်အောင် ဖြစ်ပြီး အ၇မ်းခံစားခဲ့ရတယ်။

( ၁၀ ) နှစ်ကြာကြာ မမောမပန်း ၊မျှော်လင့်ချက်မစွန့်ဘဲ အဖော် အိမ်မြှောင်လေးကို ပြုစုခဲ့တဲ့ အိမ်မြှောင်လေးကို စဉ်းစားကြည့်ပါ။ မင်းလည်း မင်းရဲ့အဖော် ( သူငယ်ချင်း ၊ မိဘ ၊ မောင်နှမ ၊ ဆွေမျိုး ၊ အတူလက်တွဲလုပ်ဆောင်ရတဲ့သူ ) တွေအပေါ်မှာ အိမ်မြှောင်လေးလို ပြုစုပေးမှာလား......။

အထူးသဖြင့် ( ၉ ) လတိုင်တိုင်ကြီးမားတဲ့ ၀န်ထုပ်ကို လွယ်ပြီး မင်းကိုလူဖြစ်အောင် ဒီလောကထဲယူဆောင်ပေးခဲ့တဲ့ မင်းရဲ့အမေကို ဒီလိုပြုစုပေးမှာလား..............။

သေးငယ်တဲ့တိရစ္ဆာန်လေးတောင်မှ ဒုက္ခရောက်နေတဲ့ အဖော်ကို ဒီလိုပြုစုတတ်ရင်.....အရမ်းထက်မြက် ကျွမ်းကျင်ပြီး ပါရမီတွေထူးတဲ့ လူသားတွေအနေနဲ့ ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ..........

ကျေးဇူးပြုပြီး မင်းချစ်ရတဲ့သူတွေကို ဘယ်တော့မှ စွန့်ပစ်မထားပါနဲ့။ မင်းရဲ့အကူအညီကို အမှန်တကယ်လိုလားနေတဲ့သူကို ....အလုပ်များတယ်.....လို့မပြောပါနဲ့။

နှလုံးသားကို အသုံးပြုပြီး အသက်ရှင်ပါ။ ဦးနှောက်ကို အသုံးပြုပြီး အသက်ဆက်ပါ။ ဒါဆိုရင် မင်းရဲ့ဘ၀ဟာ ကောင်းကင်သုခ ဖြစ်လာပါလိမ့်မယ်။

 Tsawmyit Nga Rai facebook

UNFC MEETING CHINANG MAI 20.FEBRUARY part 2

ကြေးနီစီမံကိန်းဆိုင်ရာ သယံ ဇာတကျိန်စာ ဓါတ်ပုံပြပွဲကျင်းပ

ဖဖော်ဝါရီ ၂၁ရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်သည့် “သယံဇာတကျိန်စာဓါတ်ပုံပြပွဲ”အမည်ရှိ ဓါတ်ပုံပြပွဲ တရပ်ကို ပြည်တွင်းရှိ Green Hearts Environment Network မှ ဦးစီး၍ ဖေဖော်ဝါရီ ၂၀ရက်မှ ၂၂ရက်အထိ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်အနီး တော်ဝင်နှင်း ဆီခမ်းမ၌ ယမန်နေ့ နံနက်ပိုင်းက စတင်ကျင်းပခဲ့သည်။
လက်ပံတောင်းတောင်သဘာဝပတ်ဝန်းကျင်မည်မျှပျက်စီးနေမှုနှင့် ဒေသခံများ၏ အခက်အခဲကို စာနာနားလည် နိုင်ရန် ရည်ရွယ်၍ ထိုသို့ ကျင်းပရခြင်းဖြစ်ကြောင်း ပြပွဲဦးဆောင်ကျင်းပသူတစ်ဦးဖြစ်သည့် ပန်းချီ၊ ဓါတ်ပုံ ဒီဇိုင်း ပညာရှင် ဦးစိုးဝင်းငြိမ်းက ကေအိုင်စီသို့ ပြောသည်။
ဦးစိုးဝင်းငြိမ်းက “ဒီပြပွဲကို ကျင်းပတာဟာ လက်ပံတောင်းတောင်မှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ ဘယ် လောက် ဖြစ်နေတယ်။ လူမှုရေးအခြေအနေတွေ၊ ဒေသခံတွေ ကိုယ့်ဒေသစွန့်ခွာရတော့ လုပ်ကိုင်စားသောက်ဖို့ အခက်အခဲတွေရှိ လားဆိုတာကို တင်ပြဖို့ပါ။ ဒီပြပွဲကို အဓိကဒေသခံတွေရဲ့ အခြေအနေကို စာနာနားလည်နိုင် အောင် ကြိုးစားတင်ပြထားပါတယ်”ဟု ပြောဆိုသည်။
အဆိုပါ ဓာတ်ပုံပြပွဲတွင် အထူးသဖြင့် ကြေးနီတူးနေပုံ၊ ဒေသခံများ ဆန္ဒပြပုံနှင့် ဒေသခံများ၏ အသက်မွေး ကျောင်း လုပ်ကိုင်ပုံများ ပါဝင်ပြီး တက်ရောက်လာသူများကို ဓါတ်ပုံစာအုပ် ဝေပေးသလို မြန်မာဝမ်ပေါင်ကုမဏီ မှလည်း ၎င်းတို့ လူမှုဆောင်ရွက်ချက် စစ်တမ်းဟုဆိုကာ သတင်းထောက်များကို စာအုပ်လာဝေသွားသည်ဟု သိရသည်။
ပြပွဲ တက်ရောက်ခဲ့သည့် သတင်းထောက်တစ်ဦးက “သူတို့က သူတို့ ဒေသခံတွေကို ဘာတွေလုပ်ပေးတယ် ဆိုတာ စာအုပ်လုပ်ပြီး သတင်းထောက်တွေကို ဓါတ်ပုံ ပြပွဲက ပေးသလိုလိုနဲ့ လာဝေသွားတယ်။ အဲဒီမြန်မာဝမ် ပေါင်ကုမ္ပဏီက အဲ့ဒီမှာ ဦးပိုင်နဲ့ ပေါင်းပြီး ကြေးနီတူးနေတဲ့ ကုမ္ပဏီ ဒီကလှုပ်ရှားမှုကို လာအကဲခတ်တဲ့ သဘောပဲ”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းပြပွဲတွင် ဓါတ်ပုံနှင့် ကာတွန်းပေါင်း ၉၀ကျော်ကို ပြသထားပြီး ပြပွဲကျင်းပနေစဉ် နေ့စဉ် မွန်းလွဲ ၂နာရီတွင် ကဗျာရွတ်ပွဲ များကျင်းပသွား မည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ဆိုသည်။
ပြပွဲတွင် ပါဝင်သည့် ဓါတ်ပုံဆရာ မုံရွာဒေသခံ ဦးအံ့မောင်ကလည်း ယခုပြပွဲသည် ကြေးနီတောင်စီမံကိန်း ရပ် တန့်ရေးအတွက် ဖြစ်သလို ကြေးနီစီမံကိန်းသည် အားလုံးနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်ပြီး စီမံကိန်း ဆက်လက် လုပ်ကိုင်မည်ဆိုပါက မြန်မာလူမျိုးများသည် တရုတ်အစိုးရအပေါ် နာကြည်းမုန်းတီးမှု ကြီးမားလာနိုင်သည့် အပြင် မြန်မာ အစိုးရအပါအ၀င် တရုတ်အစိုးရကိုပါ ထိခိုက်မှုရှိနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဆက်လက်၍ လက်ပံတောင်းတောင်သည် ချင်းတွင်းမြစ်နှင့် တစ်မိုင်ကျော်သာ ကွာဝေးသောကြောင့် စီမံကိန်း စွန့်ပစ် အက်စစ် ရည်များသည် မြစ်အတွင်းသို့ ရောက်ရှိပြီး ထိုမှတဆင့် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ကာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအများအပြား ထိခိုက်နိုင်ကြောင်းလည်း ဦးအံ့မောင်က ထောက်ပြပြောဆိုသည်။
လက်ရှိတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းထားပြီး ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို မတ်လကုန်တွင် ထုတ်ပြန်သွားရနှ်ရှိကြောင်း သိရသည်။
(KIC)

Thai ဖုန်းကဒ်များဖြင့် အင်တာနက် လိုင်းစမတ်နည်း


ထိုင်းဖုန်း 12 call ဖြင့် အင်တာနက်လိုင်းဖွင့်မယ်ဆိုရင်

နာရီ (၁၀၀) ဆိုရင် -၃၅၀-ဘတ် ကျပ် ကျပါမယ် အောက်က ကုဒ်ကိုခေါ်ရပါမယ်

  *138*0334*653688#

နာရီ (၂၀) ဆိုရင် - ၁၀၀ -ဘတ်

  *138*0333*653688#

၆ နာရီ ဆိုရင် ၅၀ ဘတ်

  *138*0332*653668#

၃ နာရီ ၃၀ ဘတ်

*138*0331*653668#

အင်တာနက်နာရီစစ်ဆေးရန်

*139#

Happy Detect ဒီထက်-အတွက် စမာနည်း

*101*4#

detect အတွက်က*1004 ဖြင့်ခေါ်ပါ

mobile internet ရွေးရန်၁ ကိုနှိပ်ပါ

လဖြင့်သုံးရန်   ကိုထပ်ရွေးပါ မိမိသုံးလိုသည့်  နာရီကို ရွေးချယ်ရန် ... ၁၂၃၄၅  ထဲမှ  ရွေးချယ်ပါ .ဥပမာ နာရီ ၅၀... ၄ နှိပ်ြပီးပါက
အတည်ပြုရန် ၁ ကိုနှိပ်ပါ  message  ပြန်ဝင်လာရင် သုံးလို့ရပါပြီး ဘာရယ်ညာရယ်တော့ မဟုတ်ပါဘူး တင်လိုက်တယ်ဆိုတာက ဒီနည်းတွေကို ဖုန်းကိုင်တဲ့ လူတစ်ထောင်မှာ ငါးယောက်မသိပါဘူး ဒါကြောင့်တင်လိုက်တာပါ။
(arkaphyo)

ဖုန်းတွေကို Custom ROM တင်နည်း








ကျွန်တော်တို့ ဖုန်းတွေကို Custom ROM တင်နည်းလေး တစ်ခုပြောကြည့်ရအောင် နည်းကတော့ မြားမြောင်လှပါပေရဲ့ ခုပြောပေးမှာကတော့ လွယ်ကူရိုးရှင်းတာလေးကို ပြောပေးမှာပါ ဘာကြောင့် လွယ်တာပဲ ရွေးပြောရသလဲဆိုရင်တော့ ကျွန်တော့် စာဖတ်ပရိတ်သတ် တွေက အားလုံးက ပရော်ဖက်ရှင်နယ်တွေ ဖြစ်ချင်မှ ဖြစ်မှာ မို့ပါ အတန်းစားအသီးသီး က စာဖတ်ပရိတ်သတ်များ အားလုံးကို ရည်ရွယ်တာမို့ လွယ်ကူရိုးရှင်းတဲ့ နည်းကို ရွေးပြောပါတယ် ဒါက အမှားနဲအောင်ရယ် နောက်တစ်ချက်က ပထမဆုံး စာဖတ်ပြီး လုပ်ကိုင်သူ ဖြစ်ခဲ့ရင် မ၀ံ့မရဲ လုပ်ရတာ လွယ်လွယ်လေးရသွားရင် နောက်နောင် ထပ်ထပ်ပြီး လုပ်ဖို့ အင်အား တစ်ခု ရလာစေဖို့ ရည်ရွယ်ပါတယ်
ကဲ အခု ကျွန်တော် လူသုံးများပြီး နာမည်ကြီးတဲ့ Cyanogen Mod ကို တင်တာ လေး ပြောမှာပါ စိတ်ချရမှု အများဆုံး Custom ROM တစ်ခုပါ Custom ROM အကြောင်းကိုတော့ တီးခေါက်မိလောက်အောင် ကျွန်တော့်ဆိုဒ်မှာ ရှင်းပြထားပြီးပါပြီ မဖတ်ရသေးသူများ www.akarphyoe.com က မိုဘိုင်းဆိုင်ရာ မှာ ဘာလဲဟ Custom ROM ဆိုတဲ့ နာမည်နဲ့ ရေးထားပါတယ် ဖတ်ကြည့်လိုက်ပေါ့ အခုကတော့ Custom ROM ကို တင်နည်းပါ လာပါပြီနော် Custom ROM တွေက ဖုန်းအမျိုးအစား ကိုလိုက်ပြီး သီးသန့် ROM တစ်ခု စီထုတ်ပေးတာပါ ဘယ်လိုလဲဆိုတော့ Sansaung ဖုန်း တစ်ခုအတွက်ထုတ်ထားတာကို အခြား Sansaung ဖုန်း တစ်လုံးမှာ တောင် မှ အသုံး ပြုလို့ မရဘူး ဒီသဘောပါ ဒါပဲလား ဆို မဟုတ်သေးဘူးဗျ ROM Update တွေက အချိန်နဲ့ ကိုက်ညီအောင် ကို ထွက်နေတာဆိုတော့ ကိုယ့်ဖုန်းအတွက် ROM ကို http://download.cyanogenmod.com မှာ ရွေးချယ်ဒေါင်းယူ လို့ရပါတယ် ဒေါင်းရင်လဲ နောက်ဆုံးအပ်ဒိတ်ရွေးဒေါင်းပေါ့
ဒေါင်းထားတယ်မှတ်လိုက်ပြီနော် ကဲ အခု ပထမဆုံး ကျွန်တော်တို့ SD Card ကို Custom ROM မတင်မီမှာ အရင် ဖော့မက်ချထားလိုက်ပါမယ် Format ချတာကိုတော့ ကျော်မယ်နော် မလိုတော့ဘူးထင်လို့ ဖော့မက်တောင် မချတတ်သေးရင်တော့ ဒီစာကို ဖတ်နေတာ ဒီနားမှာ ရပ်ထားလိုက်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်
နောက် ဖော့မက်ချပြီးတဲ့ အခါမှာ ခုဏဒေါင်းယူထားတဲ့ Custom ROM ရဲ့ Zip file ကို SD ကဒ်ထဲ ကူးထည့်ထားလိုက်ပါ
နောက် ROM manager လေးကို အသုံးပြုပါမယ်
ROM Manager ထဲကနေ Reboot into Recovery ကနေ Clockwork Mod Recovery ကို ၀င်ပါမယ်
နောက် Wipe data/Factory reset  အရင်လုပ်ပါ
နောက် wipe cache partition လုပ်ပါ ဒါလုပ်တာက system error တွေကို ရှောင်ချင်လို့ပါ လိုရင်းပဲပြောတာမို့ တိုတိုတုတ်တုတ်ဖြစ်နေချင်ဖြစ်နေပါမယ် အဓိကက တင်တတ်ဖို့ပဲ မဟုတ်လား လျှောက်ပြောမနေတော့ဘူးနော်
နောက် Install zip form sdcard ကို ရွေးပြီး choose zip from sdcard ကိုထပ်ရွေးပေးပါ ဒါဆို Sd card ထဲက File တွေ ဆီရောက်နေပါပြီ အဲထဲကမှ ကိုယ်ဒေါင်းပြီးထည့်ထားတဲ့ Custom ROM ရဲ့ zip file ကို ရွေးပေးလိုက်ပါ
ClockworkMod Recovery ဟာ သူ့ဘာသာသူ Run ပါလိမ့်မယ် တင်တဲ့ အချိန် ၁၀ မီနစ် ၁၂ မီနစ်ခန့်လောက်တော့ စောင့်ရပါမယ် နောက်ပြီးရင် Reboot system Now ကိုနှိပ်ပြီး Reboot ပြန်လုပ်ပေးပါ
နောက် CyanogenMod  ကို loading လုပ်ပါလိမ့်မယ် နဲနဲတော့ ကြာမယ်နော် ပထမဆုံးတက်လာရတာမို့ပါ နောက်ဆိုရင် မြန်ပါတယ်  တက်လာတဲ့ အခါမှာ CyanogenMod ကို ကိုယ့်ဖုန်းမှာ မြင်ရပါပြီ ဟိဟိ
ဒါဆို ပြီးပြီ>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
 ဒီမှာ လက်ဆောင်လေးတွေ နဲနဲ ထည့်ပေးလိုက်ပါတယ် ကလိပေါ့ဗျာ ကိုယ်မှားလို့ ကိုယ်ပျက် ရင်ကိုယ့် ပြသနာကိုယ်ရှင်းနော် ကျွန်တော်နဲ့ အဆိုင်ဘူး ကျွန်တော်က နည်းအမှန်ပြောထားပေးတာ ပေါက်ကရလုပ်ရင်တော့ ဟိဟိ ပဲ 
(arkaphyo)

Google Play က Free App တွေကို ကွန်ပျူတာသို့ Download ချနည်း

အခုပြောမယ့်နည်းလေးကတော့ ဖုန်းကနေ google play
ကိုဝင်ပြီး download ဆွဲရတာအဆင်မပြေတဲ့သူတွေအတွက်ပါ ဘာကြောင့်လဲဆို့ မြန်မာမှာဆို လက်ကို မခံတာ အားလုံးတော့ မဟုတ်ဘူးပေါ့လေ တော်တော်များများ ၉၈%လောက်က မရပါဘူး ဒီတော့ ဘယ်လိုဒေါင်းမလဲ ဆိုတာကို ခဏခဏလာလာမေး တတ်ကြပါတယ် ဒီပြသနာကို အဆင်ပြေအောင်လို့ ပိုစ့်တစ်ခု တင်ပေးလိုက်တာပါ ဘာမှ ခက်တာတော့ မဟုတ်ပါဘူး မသိလို့ သိရင်လွယ်တယ် မဟုတ်လား ဟီး
ပထမ လိုအပ်တာလေးတွေက တော့
Google Chrome version 20.0 နှင့် အထက် web browsers ကို စက်မှာ အင်စတော လုပ်ထားပါ ဒါကိုတော့ တင်မပေးတော့ပါဘူး အလကားရတာ ဘယ်မှာဒေါင်းဒေါင်းရတယ်လေ

နောက် Apkdownloader လေး ဒေါင်းရပါမယ် အောက်မှာ ထည့်ပေးလိုက်ပါတယ် 

ကဲ Google Chrome ကို စက်မှာထည့်ထားပြီးပြီလို့ ယူဆထားလိုက်ပြီ ဆက်ကြည့်လိုက်ရအောင် 

ဒတ်စတော့ပေါ်က Google Chrome အိုင်ကွန်မှာ မြှားတင်ပြီး ညာကလစ်နှိပ်ပါ
နောက် Properties ကို နှိပ်ပါ ပေါ်လာတဲ့နေရာမှာ Shortcut Tab ကိုရွေးလိုက်ပါ 
နောက် Target : နေရာက ဘောက်မှာ စာတွေ ရှိပါတယ် အဲစာမှာ ပြင်ရပါမယ် Gtalk ပွားတာနဲ့ ဆင်တူပါတယ် ဖြည့်တဲ့ စာပဲ ကွာသွားတာ ဘာဖြည့်ရမလဲ ဆိုတော့ Chrome.exe နေရာမှာ spacebar ခြားပြီး --ignore-certificate-errors ဆိုတာလေးထည့်ပေးလိုက်ပါ 

နောက် OK နှိပ်ပြီး Google Chrome ကို ပြန်ဖွင့်လိုက်ပါ 

နောက် Google Chrome ဘယ်ဖက်မှာ Extensions ဆိုတာ ရှိပါတယ် အဲဒါကိုနှိပ်ပါ Apkdownloader လေးမရှိရင် ရှာပေးလိုက် နောက် Apkdownloader အောက်က Option ကို နှိပ်ပါ

နောက် မိမိ မေးလ်ရယ် ပတ်ဝရယ်အဲမှာ ဖြည့်ရမယ် နောက်တစ်ခုက Android ID ကိုဖြည့်ရပါမယ် Android ID က ၁၆ လုံးရှိပါတယ် ဒါကို မိမိ ဖုန်းကနေ ရှာရမှာပါ ရှာပြီးထည့်ပါ မတတ်ရင်လဲ တတ်တဲ့ သူရှာခိုင်းလိုက်နော် ဖုန်းအားလုံးအတွက် ကျွန်တော် ရေးလို့ အဆင်မပြေလို့ပါ
ဖြည့်ပြီးတာနဲ့ login လုပ်ပါ နောက် Sim Operator ဆိုတဲ့နေရာလေးမှာ မိမိကြိုက်ရာနိုင်ငံနဲ့ ဖုန်းလိုင်းကို  ရွေးပေးလိုက်ပါ နောက် Save Setting ကိုနှိပ်ပါ 

ဒါဆိုရင် ဒေါင်းလို့ရပါပြီ အဲ မရဘူးဆိုရင်တော့ login လုပ်တာကို ပြန်ထွက်ပြီး နှစ်ခါသုံးခါလောက် ပြန်ဝင် ပြန်ထွက်လုပ်ပေးပါ အဆင်ပြေသွားပါလိမ့်မယ် 

Download Apkdownloader

Mediafire
(arkaphyo) 

ချင်းမိုင် ပူးတွဲကြေညာချက်

မင်းကိုနိုင်၊ ကျောင်းသားအရေးနဲ့ အော်စလို ဆွေးနွေးဝိုင်း


အော်စလိုတက္ကသိုလ်ဟာ နော်ဝေမှာ ရှေးအကျဆုံးနဲ့ ဥရောပမြောက်ပိုင်းရဲ့ အကောင်းဆုံး တက္ကသိုလ်တခု
နော်ဝေနိုင်ငံကို ရောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ဟာ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့က အော်စလိုတက္ကသိုလ်မှာ ဟောပြောပွဲတခု ကျင်းပခဲ့ပါတယ်။ ”The role of students in Burma’s development”  မြန်မာနိုင်ငံ ဖွံ့ဖြိုးတက်ရေးနဲ့ ကျောင်းသားများရဲ့ အခန်းကဏ္ဍလို့ အမည်ပေးထားတဲ့ ဒီဟောပြောပွဲဆီ မြန်မာအပါအ၀င် ပရိဿတ် ၁၀၀ နီးပါးတက်ပါတယ်။
ထူးခြားတာကတော့ အဖွင့်စကားပြောသွားတဲ့ အော်စလိုတက္ကသိုလ် ပါမောက္ခဟာ ပြီးခဲ့တဲ့လအတွင်းကမှ မြန်မာနိုင်ငံကနေ ပြန်လာသူဖြစ်ပြီး မြန်မာနိုင်ငံ ပညာရေးဖွံ့ဖြိုးဖို့၊ မြန်မာနဲ့ နော်ဝေးတက္ကသိုလ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ သွားရောက်ဆွေးနွေးခဲ့သူဖြစ်ပါတယ်။ တခါ ထူးထူးခြားခြား မြန်မာနိုင်ငံမှာ ဆရာဝန်ဘွဲ့ရပြီး အော်စလိုတက္ကသိုလ်မှာ မဟာတန်း လာတက်နေတဲ့ မန္တလေးက ကျောင်းသားတဦးကိုလည်း ဟောပြောပွဲမှာ တွေ့ရပါတယ်။
ကိုလိုနီခေတ်ကနေ ၁၉၈၈ ခေတ်အထိ ကျောင်းသားလှုပ်ရှားမှုသမိုင်းကြောင်းကို ကိုမင်းကိုနိုင်က ၁၀ မိနစ်ခန့်ပြောပါတယ်။ ပြီးတော့ ပရိဿတ်နဲ့ အမေးအဖြေကဏ္ဍပေါ့။ ပရိဿတ်က အမေးအမြန်းထူပါတယ်။ မေးတဲ့လူတချို့ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအကြောင်း သုတေသနလုပ်နေတဲ့ တက္ကသိုလ်ဆရာတွေဖြစ်ပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံအတွင်း လူပေါင်း ၃၀၀၀ လောက် အသတ်ခံရပြီး စစ်တပ်အကြမ်းဖက် နှိပ်ကွပ်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အတိုက်ခံတွေဘက်ကလည်း သေနတ်ကိုင်ပြီး အကြမ်းဖက်တဲ့နည်းနဲ့ ပြန်တိုက်တာပဲ မဟုတ်လား၊ အကြမ်းဖက်တာဟာ စစ်တပ်ဘက်က တခုတည်းလို့ ဘယ်ပြောလို့ရမလဲ တဲ့။ အဲဒါ မင်းကိုနိုင်အတွက် အော်စလိုတက္ကသိုလ်ရဲ့ ပထမဆုံးမေးခွန်းပါ။
”လက်နက်ကိုင် တော်လှန်ရေး ဆိုတာဟာ လိုအပ်ချက်အရ ပေါ်လာတာ ဖြစ်ပါတယ်” လို့ မင်းကိုနိုင်က ဖြေပါတယ်။ အခြေနေတခုမှာ အော်တဲ့လူက အော်ပြောမယ်။ တုတ်ကောက်ပြီး ပြန်ရိုက်သင့်ရင် ရိုက်ရမယ်။ ခဲနဲ့ပေါက် တန်ပေါက်ရမယ်။ နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်ဖို့ လိုပါတယ်လို့ သူကပြောပါတယ်။ မင်းကိုနိုင် ဒီလို ပွင့်ပွင့်လင်းလင်းပြောတာကို ကြားရတော့ ဘေးနားမှာထိုင်နေတဲ့ ABSDF တပ်ဖွဲ့ဝင်ဟောင်း တချို့ လက်ခုပ်ထတီးပါတယ်။
ဒါပေမယ့် မင်းကိုနိုင် ဆက်ပြောတာက ဒီနည်းဟာ အမြဲတန်း ရှိနေလို့တော့ မရဘူး။ လိုအပ်ချက်အရ ပေါ်လာတာဖြစ်တဲ့အတွက် လိုအပ်တဲ့ အချိန်အတိုင်းတာအတွင်းမှာပဲ ရှိနေသင့်တယ်။ အမြဲတန်း ရှိနေရမှာက အကြမ်းမဖက် လှုပ်ရှားမှုသာဖြစ်ပြီး အဲဒီနည်းထဲမှာ လူထုတရပ်လုံး ပါဝင်ရင် အောင်ပွဲရမှာဖြစ်တယ်။ ဥပမာ ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံကိုကြည့်ပါလို့ မင်းကိုနိုင်က ရှင်းပါတယ်။
ကျောင်းသားနဲ့ဆိုင်တဲ့ ဒုတိယ မေးခွန်းကတော့ ၈၈ အလွန် လက်ရှိ ဗကသနဲ့ ကျောင်းသားလှုပ်ရှားမှု အခြေနေ၊ တက္ကသိုလ်ပညာရေးပါ။ ဒီအတွက် မင်းကိုနိုင်က အခု ဒီအ ခန်းထဲမ၀င်ခင် အပြင်နားက အဆောင်တခုရှေ့မှာ ”ကျောင်းသားပါလီမန်” ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို သူ တွေ့ မိကြောင်း၊ အတော်အံ့သြသွားကြောင်း အစချီပြီး မြန်မာနိုင်ငံမှာတော့ ကျောင်းသားပါလီမန် မပြောနဲ့ ကျောင်းသားသမဂ္ဂဖွဲ့တာကိုတောင် အာဏာပိုင်တွေက ကြောက်နေလို့ မနည်းကြိုးစားနေရတဲ့ အခြေအနေ ရှိနေဆဲလို့ ပြောပြပါတယ်။
တကယ်ဆိုရင် ဒီမှာတွေ့ရတဲ့ ကျောင်းသားပါလီမန်မျိုး မြန်မာနိုင်ငံမှာလည်း မြင်ချင်ပါတယ်။ ”ကျောင်းသား ပါလီမန်မှာကတည်းက အသေအချာလေ့ကျင့်ထားတဲ့ လူငယ်တွေ တကယ့် ပါလီမန်ထဲ ရောက်သွားတဲ့ ခေတ်၊ ရောက်သွားတဲ့ စနစ်မျိုးဖြစ်လာအောင် ကျောင်းသားတွေကို လေ့ကျင့်ပေးခွင့်ရချင်ပါတယ်” လို့ မင်းကိုနိုင်ကပြောပါတယ်။
တတိယ မေးခွန်းထမေးသူကတော့ မြန်မာနိုင်ငံ (နယ်စပ်ဒုက္ခသည်စခန်းမှာလည်း ဖြစ်နိုင်ပါတယ်) မွေးပြီး နော်ဝေးမှာကြီးတဲ့ လက်ရှိ တက္ကသိုလ်တက်နေသူ အသက် ၂၀ ကျော် အရွယ် ကျောင်းသူတဦး ဖြစ်ပါတယ်။ ”အပြင်က ကျောင်းသား ကျောင်းသူတွေအနေနဲ့ အထဲမှာ ဘာတွေကူညီပေးနိုင်မလဲ” လို့ ရိုးရိုးလေး မေးသွားတာပါ။
မင်းကိုနိုင်ဖြေပုံကလည်း ရိုးရိုးလေးပါ။ ပညာရေး သမိုင်းက ၂ ပိုင်းရှိပါတယ်။ ပထမ တပိုင်းဖြစ်တဲ့ တော်လှန်ရေးကာလမှာ အသက်ပေးပြီး တိုက်ပွဲဝင်တဲ့ကျောင်းသားတွေ၊ ထောင်နန်းစံရတဲ့ ကျောင်းသားတွေ အများကြီးရှိခဲ့ကြောင်း၊ အခုချိန်မှာတော့ ဒီလိုပေးဆပ်တိုက်ပွဲဝင်ရတဲ့ အခြေအနေတွေကနေ လွန်မြောက်စေချင်ပါပြီ၊ ပြန်လည်တည်ဆောက်ရေး အပိုင်းကို ရောက်စေချင်ပါပြီလို့ နိဒါန်းချီပြီး အခုလိုပြောပါတယ်။
”အခု ဒုတိယပိုင်း ပြန်လည်တည်ဆောက်ရေးလုပ်တဲ့အခါ ပထမပိုင်းမှာ ပါဝင်ခဲ့သူတွေ တတ်ချင်လည်း တတ်မယ်၊ မတတ်ချင်လည်း မတတ်ဘူး။ ကျနော် ကိုယ်တိုင်ကတော့ တည်ဆောက်ရေးအတွက် ဘာမှမတတ်ဘူး” လို့ ပြောချလိုက်ပါတယ်။ ဒီအတွက် အခု မေးခွန်းထမေးတဲ့ ကျောင်းသူလေးအပါအ၀င် မျိုးဆက်သစ် တတ်သိပညာရှင်တွေ လိုနေတယ်လို့ မင်းကိုနိုင်က ပြောပါတယ်။
အခုချိန်ထိ သူတွေ့မိသလောက်ကတော့ ပြည်ပရောက်မြန်မာတွေ၊ နိုင်ငံခြားသားတွေ အတော်များများဟာ ကျောင်းတွေဆောက်ဖို့၊ ကျောင်းသားတွေ စားဖို့၊ ဒုက္ခသည်တွေကို ကူညီဖို့ ငွေအား၊ ပစ္စည်းအား စသဖြင့် ရုပ်ဝတ္တုပစ္စည်းကူဖို့ပဲ ကမ်းလှမ်းတာများနေပြီး စနစ်တခုပြောင်းအောင် ကူညီဖို့၊ သင်ကြားရေးစနစ်အတွက် စဉ်းစားဖို့ သိပ်မတွေ့ရသေးဘူးလို့ မင်းကိုနိုင်က ထောက်ပြပါတယ်။
”ကျောင်းတွေပြင်ဖို့၊ ကျောင်းတွေဆောက်ဖို့ ကူညီတာကတော့ဟုတ်ပါပြီ၊ အဲဒီကျောင်းတွေဆောက်ပြီး သွားရင် ဘာစာတွေကို ဘယ်လိုသင်မှာလဲ” လို့ သူက မေးခွန်းပြန်ထုတ်ပါတယ်။ သင်ရိုးညွန်းတန်း အသစ် မရှိဘူးဆိုရင် စစ်တပ်က တိုင်းပြည်ကယ်တင်ရှင်ဖြစ်ကြောင်း၊ ကျေးဇူးရှင်ဖြစ်ကြောင်း လက်ရှိသင်နေဆဲ သင်ရိုးညွန်းတန်း အဟောင်းကိုပဲ ပြန်သင်နေရရင် အဲဒီကျောင်းသစ်ဟာ ဘာမှအဓိပ္ပါယ်မရှိဘူး လို့ မင်းကိုနိုင်က ထောက်ပြပါတယ်။
”Critical Thinking တွေ၊ Debate ယဉ်ကျေးမှုတွေ၊ Dialogue လုပ်တဲ့ အလေ့အကျင့်တွေပါတဲ့ ပညာရေးစနစ် တခု၊ Mindset ကိုပါပြောင်းနိုင်တဲ့ စနစ်တခု ကျနော်တို့နိုင်ငံမှာ ပြင်ဆင်ပြဌာန်းဖို့ လိုနေပါတယ်” လို့ မင်းကိုနိုင်ကပြောပါတယ်။
မြန်မာမိသားစုနဲ့ တွေ့ဆုံပွဲမှာရော၊  နော်ဝေ ကျောင်းသားတွေနဲ့ တွေ့ဆုံပွဲမှာပါ အများဆုံးမေးတာက ပြည်တွင်းစစ်၊ ငြိမ်းချမ်းရေးနဲ့ အနာဂတ်ပြည်ထောင်စု ပုံစံ အကြောင်းပါ။ ဒီမေးခွန်းကို ၄ ဦးလောက်က ဒေါင့်မျိုးစုံကနေမေးမြန်းပါတယ်။
မင်းကိုနိုင်က ”ခင်ဗျားတို့ဆီမှာ Ceasefire ကို ဘယ်လို အဓိပ္ပါယ်ဖွင့်သလဲ မသိဘူး။ ကျနော်တို့ဆီမှာတော့ Cease နဲ့ Fire ကို တခုစီခြားပြီး ပြောကြတဲ့အတွက် Cease လုပ်လိုက် ပြန်ပြီး Fire လုပ်လိုက် Cease လုပ်လိုက် ပြန်ပြီး Fire လုပ်လိုက်ဖြစ်ပါတယ်” ဆိုပြီး မင်းကိုနိုင်က အရွန်းဖေါက်ပါတယ်။ ပြီးတော့ ၁၉၄၈ လွတ်လပ်ရေးရတဲ့အချိန်ကစ လွတ်လပ်ရေးနဲ့အတူ တွဲပါလာတဲ့ ပြည်တွင်းစစ် သမိုင်းနောက်ခံအကျဉ်းကို ရှင်းပြပါတယ်။
ပထမပိုင်းမှာ Ism နိုင်ငံရေး အယူဝါဒပေါ် အခြေခံထားတဲ့ လက်နက်ကိုင်အဖွဲ့ပေါ်လာပြီး အဲဒီနောက်မှာ လူမျိုးစု လက်နက်ကိုင်တွေ ပေါ်လာကြောင်း၊ အခုချိန်မှာတော့ နိုင်ငံရေး အယူဝါဒပေါ် အခြေခံတဲ့ လက်နက်ကိုင်လှုပ်ရှားမှု မှေးမှိန်သွားပြီး အမျိုးသားရေးအခြေခံတဲ့ လက်နက်ကိုင်လှုပ်ရှားမှုက အားကောင်းလာတယ်လို့ မင်းကိုနိုင်ကပြောပါတယ်။
လူမျိုးစုတွေလိုလားတဲ့ ဖက်ဒရယ်မူဟာ တန်းတူရည်တူ အတူတကွ ပေါင်းစည်းနေထိုင်ခြင်းမူ ဖြစ်ပေမယ့် နှစ်ပေါင်းများစွာ စစ်အစိုးရရဲ့ဝါဒဖြန့်မှုကြောင့် ဖက်ဒရယ်ဆိုရင် လူတွေက မပြောရဲ မဆိုရဲ မတို့ရဲ မထိရဲ ဖြစ်နေကြတယ်လို့ သူကထောက်ပြပါတယ်။ ဒါကြောင့် ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို လေသံကျယ် ကျယ်နဲ့ပြောခွင့်ရတာတောင် အချိန်ကာလအားဖြင့် တနှစ်မပြည့်သေးဘူး။ ဖက်ဒရယ်ကို လူတွေအားလုံး နားလည်အောင် လုပ်သွားဖို့လိုတယ်လို့ဆိုပါတယ်။
”ကျနော်တို့ငယ်ငယ်က လူကြီးတွေခြောက်သလိုပေါ့ဗျာ။ ဟိုနားမသွားနဲ့ ကောင်ကောင်ကြီးကိုက်လိမ့် မယ်ဆိုတာမျိုး။ ဘာကောင်ကြီးမှန်းလည်း မသိဘူး။ တကယ်ကြောက်စရာလား၊ ချစ်စရာလားလည်း မသိဘူး။ မမြင်ရသေးတဲ့အရာနဲ့ အခြောက်ခံထားရတာမျိုးပေါ့” လို့ မင်းကိုနိုင်က ပြောပါတယ်။
နောက်တခါ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ခဏခဏလုပ်နေပေမဲ့ တခါမှ ကောင်းကောင်း အောင်မြင်မှု မရသေးတာဟာ ပြည်သူတွေမပါသေးတာကြောင့် ဖြစ်တယ်လို့ သူကဆိုပါတယ်။ “အခုငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ခင်ဗျားတို့ကြည့်ပါလား၊ ဟိုဖက်က ဗိုလ်ချုပ်နဲ့ ဒီဖက်ကဗိုလ်ချုပ်တွေ ထိပ်သီးအချင်းချင်း ပြောနေကြတာလေ။ ပြည်သူလူထုမပါသေးဘူး” လို့ မင်းကိုနိုင်က ထောက်ပြပါတယ်။
ပြီးတော့ Mindset ပြောင်းနိုင်ဖို့ အရေးကြီးကြောင်း သူကထောက်ပြပါတယ်။ ”စစ်သားတွေရဲ့ ထုံးစံက စစ်မြေပြင်မှာ လူများများသတ်နိုင်သူကို Hero အဖြစ်ဂုဏ်ယူကြပါတယ်။ ဒါပေမယ့် အခုခေတ်ပြောင်းသွား ပြီ။ စစ်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးလုပ်နိုင်သူကို Hero အဖြစ် သဘောထားနေကြပါပြီ” လို့မင်းကိုနိုင်က ပြောပါတယ်။
ဒီဆွေးနွေးပွဲအတွင်း နောက်ဆုံးမေးခွန်းကို ထမေးသူကတော့ မြန်မာနိုင်ငံထဲမှာ အလုပ်လုပ်ဖို့ပြင်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတခုက အမျိုးသမီးတဦးဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ အစိုးရက ဖန်တီးထားတဲ့ တီးကွက်ထဲ အတိုက်အခံတွေ လိုက်ကနေရတာမျိုးဖြစ်နေတယ် မဟုတ်လား တဲ့။
”အဲဒီလို Passive အမြင်တွေကို ကျနော် လက်မခံပါဘူး။ သူတို့ ပေးသနားတော်မူမှ ရတဲ့ဟာမျိုး မဟုတ်ပါဘူး။ အစိုးရကွင်းထဲမှာ ကျနော်တို့ ကစားနေရတာမျိုးလည်း မဟုတ်ပါဘူး” လို့ မင်းကိုနိုင်က ခပ်ပြတ်ပြတ် ပြောပါတယ်။ ပြီးတော့ ”တကယ်တန်းပြောမယ်ဆိုရင် ကျနော်တို့ပြောတဲ့အတိုင်း၊ ကျနော်တို့တောင်းဆိုခဲ့တဲ့အတိုင်း အစိုးရက လိုက်လုပ်နေရတာပါ။ ဒီမိုကရေစီလို့ ကျနော်တို့ တောင်းဆိုနေ၊ ပြောနေတာကြာပြီ၊ အစိုးရက အခုမှ ဒီမိုကရေစီအကြောင်း စပြောနေတာလေ” လို့ သူကထောက်ပြပါတယ်။
”မတရားတဲ့ နည်းမျိုးစုံနဲ့ ရယူထားတဲ့အတွက် အာဏာနဲ့ လုပ်ပိုင်ခွင့်တွေ သူတို့လက်ထဲမှာ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ပြည်သူလုထုရဲ့ မေတ္တာနဲ့ထောက်ခံမှုက ကျနော်တို့ဆီမှာ ရှိတယ်ဆိုတာကို ကျနော်ရဲရဲ ကြီးပြောရဲပါတယ်” လို့ မင်းကိုနိုင်က အားရပါးရ ပြောချလိုက်တော့ ပရိဿတ် အားလုံး မတ်တတ်ထရပ်ပြီး လက်ခုတ်တီးကြပါတယ်။ အခန်းနားကို အောင်မြင်စွာရုတ်သိမ်းကြောင်း ကြေငြာတဲ့သဘောပေါ့။
ကျနော့်အတွက်တော့ အခန်းအနားပြီးမှ မေးခွန်းက ပေါ်လာသလို ဖြစ်နေပါတယ်။ ခုနက အမျိုးသမီး မေးသွားတဲ့မေးခွန်းက ကျနော်စိတ်ထဲ ကပ်ပါလာနေဆဲ။ ”ဘယ်သူ့ တီးကွက်ထဲ ဘယ်သူတွေက ကနေရတာလဲ” ဆိုတာဟာ အရေးကြီးသလား။ ”တီးကွက်နဲ့ ကကွက်ညီဖို့” က ပိုအရေးကြီးသလား။
ရှေ့သီတင်းပတ်ကျရင် အော်စလိုကို ရောက်လာမယ့် သမ္မတဦးသိန်းစိန်ကို ဒီမေးခွန်းသွားမေးရင် ဘယ်လိုဖြေလေမလဲ၊ သမ္မတက အခုအချိန်မှာ ပြည်ပရောက် မြန်မာတွေနဲ့ တွေ့ဖို့စီစဉ်ထားတာဟာ ဒေါ်အောင်ဆန်းစုကြည်တို့၊ မင်းကိုနိုင်တို့နောက်ကို သမ္မတက လိုက်နေရတဲ့ သဘောမျိုးလား။ ဘယ်သူက ရှေ့ကသွားပြီး ဘယ်သူက နောက်က လိုက်နေရတာလဲ။
တီးကွက်က အရေးကြီးသလား၊ ကကွက်က အရေးကြီးသလား။ စင်ပေါ်က လူတွေ တီးပြ ကပြတာကို စင်အောက်က ကြည့်နေတဲ့ သန်း ၆၀ လူထုတွေရော နှစ်ခြိုက်သဘောတွေ့ရဲ့လား။ သူတို့အားလုံးပါ ဝင်ကနိုင်မယ့် အခြေအနေနဲ့ အချိန်အခါကရော ဘယ်တော့လဲ။

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .