Social Icons

Wednesday, June 6, 2012

မြန်မာ့လယ်ယာထွက်ကုန် တရုတ်ဖမ်းဆီးနေမှု စီးပွား/ကူးသန်း သွားရောက်ဖြေရှင်းမည်


Share
ရန်ကုန်၊ ဇွန် ၎
နယ်စပ်ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် ကျော်ဖြတ်သွားသော မြန်မာ့လယ်ယာထွက်ကုန်သီးနှံများအား တရုတ်ဘက်မှ ဖမ်းဆီးနေ မှုအပေါ် ဖြေရှင်းရန်အတွက် စီးပွား/ကူးသန်းအဆင့်မြင့်ခေါင်းဆောင်အချို့ ယခုလအတွင်း သွားရောက်ကြမည်ဟု သိရသည်။
 ”ဒုတိယဝန်ကြီးနဲ့ ညွှန်ချုပ်တို့ သွားမယ်။ ဒီကိစ္စကိုပြောကြမယ်” ဟု စီးပွား/ကူးသန်းမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။ဇွန်လလယ်အတွင်း တရုတ် နိုင်ငံ၌ ကျင်းပမည့်စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲအတွင်း အထက်ပါကိစ္စ အပြင် နှစ်နိုင်ငံကုန်သွယ်မှု၊ ပူးပေါင်း ဆောင်ရွက်မှုများကို ထည့်သွင်း ဆွေးနွေးကြရန်လည်း ရှိသည် ဟု ၄င်းက ဆက်လက်ပြောသည်။တရုတ်ယူနန်ပြည်နယ်၊ နိုင်ငံ ခြားရေးဌာနမှ အမျိုးသမီးဝန်ထမ်း တစ်ဦးအားပေါ်ပြူလာနယူးစ်မှ မေး မြန်းခဲ့ရာ၎င်းကမိမိတို့ဘက်၌ လယ် ယာထွက်ကုန်သီးနှံအပေါ်သတ်မှတ် ထားသော အခွန်နှုန်းထားများရှိပါ ကြောင်း၊ အခွန်ဆောင်လာသည့် ဆန်များအပေါ်၌ ဖမ်းဆီးမှုပြုခြင်း ဆိုသည်မှာမဖြစ်နို င်ကြောင်း၊ တရား မဝင်ဝင်ရောက်လာခြင်းကိုသာဖမ်းဆီး ခြင်းဖြစ်နိုင်ကြောင်း ပြောသည်။ မြန်မာနယ်စပ် ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်း အရာရှိက တရုတ်မူဆယ်အပါအဝင် နယ်စပ်ကုန်သွယ်ရေးစခန်း အချို့တို့ တွင်လည်း အလားတူဖမ်းဆီးမှုများ ရှိနေရာ အဓိကအနေဖြင့် ကျန်းမာ ရေးအကြောင်းပြချက်ဖြင့် ဖြစ် သည် ဟု ဆိုသည်။”တရားမဝင်သွားတာ မဟုတ် ဘူး။ တရားဝင်သွားတာ။ ဒီမှာ သတ်မှတ်တဲ့  FDAလိုပုံစံမျိုး၊ သူတို့ က နာမည်တစ်မျိုးနဲ့ ဖမ်းနေတာ” ဟု ၄င်းက ရှင်းပြသည်။ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းမှ ဒေါက်တာစိုးထွန်းက တရုတ်ဘက်မှ ကျောက်မျက်အခွန် တိုးမြှင့်လိုက်မှုနည်းတူ လယ်ယာ ထွက်ကုန်သီးနှံ တင်ပို့မှုအပေါ်တွင် လည်းတိုးမြှင့်လိုက်ခြင်းကြောင့် ကုန် သွယ်မှုကိုဖွင့်နေသည်ဟုဆို သော် လည်းတံခါးဖွင့်ထားပြီးခြေထိုးခံနေ သောပုံစံဖြစ်နေသည်ဟု ဝေဖန်ပြော ဆိုခဲ့သည်။ ”လာပါပေါ့။ ဒါပေမဲ့ မလာနိုင် အောင် တရုတ်ကလုပ်ထားသလို ဖြစ်နေတယ်။ ဒီကိစ္စကိုအစိုးရပိုင်းက လုပ်ပေးမှ အဆင်ပြေလိမ့်မယ်”ဟု ဒေါက်တာ စိုးထွန်း က ဆက်လက် ပြောသည်။ ပြည်ပသို့ ဆန်တင်ပို့မှု ယခင် ကလောက်မသွက်တော့ခြင်းကြောင့် ပြည်တွင်း ဆန်စပါးရောင်းဝယ်မှုလည်း အေးစက်သွားသည်ဟုရန် ကုန်ဘုရင့် နောင်နှင့် ဝါးတန်း-ကလီကုန်စည်ဒိုင် တို့ရှိကုန်သည်များထံမှ သိရသည်။၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် အတွင်း တရုတ်နယ်စပ်တစ်လျှောက် ရှိ မူဆယ်၊ လွယ် ဂျယ်၊ ချင်းရွှေ ဟော်၊ ကန်ပိုက်တီးကုန်သွယ်ရေး စခန်းများ၏ ကုန်သွယ်မှုတွင် မြန်မာ ဘက်မှ ပို့ကုန်မှာတရုတ်ဘက်မှ သွင်းကုန်ထက် သာနေကြောင်း တရားဝင်စာ ရင်းများအရ သိရသည်။လက်ရှိ၌ မြန်မာ-တရုတ်နယ် စပ်ဒေသအချို့တို့တွင် ပစ်ခတ်ခံရမှု အချို့ရှိနေရာ ကုန်သည်အချို့မှ နယ် မြေအေးချမ်းမှုကိုလိုလားနေပြီး တချို့ မှာကုန်သွယ်နေမှုအပေါ် ဆုံးရှုံးမှု ရှိလာနိုင်မည်ကို စိုးရိမ်၍ ခေရပ် ဆိုင်းကာ အခြေအနေစောင့်ကြည့် နေကြသည်ဟုလည်း နယ်စပ်ကုန် သွယ်မှု ပြုလုပ်နေသူအချို့က ဆို သည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .