Social Icons

Thursday, June 21, 2012

“ထိတွေ့ဆက်ဆံ” နေတယ်ဆိုတာ ဘာလဲ … ဘယ်လဲ


Tu Maung Nyo –


 “ထိတွေ့ဆက်ဆံ” နေတယ်ဆိုတာ ဘာလဲ  … ဘယ်လဲ
တူမောင်ညို ၊ ဇွန် ၂၁၊ ၁၀၁၂

တကယ်တော့ သမ္မတဦးသိန်းစိန်အစိုးရနဲ့ (နဝတ-နအဖ) စစ်အစိုးရလို့ သာ ခွဲပြောနေရပေမယ့်
(နဝတ-နအဖ) စစ်အစိုးရမှာ ဝန်ကြီးချုပ်တာဝန်ယူခဲ့သူကလည်း (ဦး) ဗိုလ်သိန်းစိန် ပဲဖြစ်ပါတယ်။

ဇွန်လ ၁၉ နဲ့ ၂၀ ရက်နေ့ အစည်းအဝေးတွေမှာ သမ္မတဦးသိန်းစိန် မိန့်ခွန်းတွေပေးခဲ့တယ်။ သူပြောခဲ့သမျှထဲက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့ကိစ္စကိုပဲ အခုဆောင်းပါးမှာပြောပါမယ်။
မိမိတို့အစိုးရအထိ အမွေခံအဖြစ်ပါလာခဲ့
            တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပြဿနာကို ယခင်အစိုးရ အဆက်ဆက် ဖြေရှင်းခဲ့ကြသော်လည်း ပြီးပြတ်ပြေလည် မှု မရခဲ့၊ မိမိတို့အစိုးရလက်ထက်အထိပင်ဖြစ်တယ်လို့ အခုလို ဝန်ခံထားပါတယ်။
            “လူမျိုးစွဲ၊ ဒေသစွဲများကြောင့် အစိုးရကိုလက်နက်စွဲကိုင် ဆန့်ကျင်နေကြတယ်” လို့လည်း ဖေါ်ပြထားတယ်။
            နေက်တစ်ချက်က သူ့မိန့်ခွန်းထဲမှာ ငြိမ်းချမ်းရေးကို အမျိုးစားခွဲဖေါ်ပြထားတယ်။
“သာမန်မခိုင်မြဲသည့် ငြိမ်းချမ်းရေး” နဲ့ “ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေး” တဲ့။
ဒါဆိုရင်ပထမအချက်အနေဖြင့် ဒီလိုပြောနိုင်ပါလိမ့်မယ်။ ယခင်အစိုးရအဆက်ဆက် မှ ယခုဦးသိန်းစိန်အစိုးရ လက်ထက်အထိ “ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေး” မရရှိသေးဘူး။ တကယ်တော့ သမ္မတဦးသိန်းစိန်အစိုးရနဲ့ (နဝတ-နအဖ) စစ်အစိုးရလို့ သာ ခွဲပြောနေရပေမယ့် (နဝတ-နအဖ) စစ်အစိုးရမှာ ဝန်ကြီးချုပ်တာဝန်ယူခဲ့သူကလည်း (ဦး) ဗိုလ်သိန်းစိန် ပဲဖြစ်ပါတယ်။
ဒုတိယအချက်က (နဝတ-နအဖ) စစ်စိုးရလက်ထက် (သတင်းစာ၊ ရေဒီယို၊ ရုပ်သံ)တွေမှာ မိုးလုံးပြည့် ရေးခဲ့၊ ပြောခဲ့၊ ပြခဲ့ကြ တဲ့ ဘယ်အစိုးရလက်ထက်မှာမှ မရရှိခဲ့ဘူးတဲ့ ငြိမ်းချမ်းရေးဆိုတာတွေဟာ မုသားတွေချည်းသာ ဖြစ်တယ်ဆိုတာပါပဲ။
 “ယခင်တပ်မတော်အစိုးရလက်ထက်ကပျော့ပျောင်းသည့်နည်းဗျူဟာကိုကျင့်သုံးဆောင်ရွက်ခဲ့သဖြင့် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့ကြီး (၁၇) ဖွဲ့နှင့် အဖွဲ့ငယ် (၂၃) ဖွဲ့၊ စုစုပေါင်း အဖွဲ့(၄၀) ငြိမ်းချမ်းရေးရယူခဲ့တယ်”
ဆိုတာတွေဟာ  သာမန်ငြိမ်းချမ်းရေး၊ မခိုင် မြဲတဲ့ ငြိမ်းချမ်းရေး၊ ဟန်ပြငြိမ်းချမ်းရေး၊ အမည်ခံငြိမ်းချမ်းရေးတွေသာ ဖြစ်တယ်လို့ ပြောရမှာပေါ့။
ဦးသိန်းစိန် အစိုးရကတော့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး (နဝတ-နအဖ) စစ်အစိုးရလို အရေ အတွက်တွေ အများကြီးကြွားမပြောတော့ပါဘူး။ အဖွဲ့ (၁၁) ဖွဲ့ရှိတဲ့ အနက် အဖွဲ့ (၁၀) ဖွဲ့နှင့် ထိတွေ့ဆက်ဆံရာတွင် နားလည်မှု ၊ သဘော တူညီမှုအချို့ရရှိပြီး အချို့သောအဖွဲ့များနှင့် သဘောတူညီချက်အချို့ကိုပင် နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့သာပြောပါ တယ်။ ပဏာမ လက်မှတ်ထိုးထားတဲ့အဖွဲ့ကတော့ (၁၂) ဖွဲ့ရှိနေပါတယ်။ (KIO/KIA) နဲ့ကတော့အခုထိ အပစ် မရပ်နိုင်သေးပါဘူး။
ထို့အပြင် ရှမ်းပြည်နယ်တိုးတက်ရေးပါတီ(SSPP) ရှမ်းပြည်တပ်မတော် (SSA – မြောက်ပိုင်း) နဲ့ လည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။
စဉ်
အဖွဲ့အစည်းအမည်
ပဏာမ သဘောတူလက်မှတ်ရေးထိုးသည့်နေ့ရက်
၁။
“ဝ” အထူးဒေသ(၂)
၂၀၁၁ ခုနှစ်၊  အောက်တိုဘာ ၁ ရက်
၂။
မိုင်းလားအထူးဒေသ (၄)
၂၀၁၁ ခုနှစ်၊  အောက်တိုဘာ ၉ ရက်
၃။
DKBA စောလားပွယ်အဖွဲ့
၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်
၎။
RCSS/ SSA
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်
၅။
(CNF ) ချင်းအမျိုးသားတပ်ဦး
၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ  ၆ ရက်
၆။
(KNU) ကရင်အမျိုးသားအစည်းအရုံး 
၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ  ၁၂  ရက်
၇။
ရှမ်းပြည်နယ်တိုးတက်ရေးပါတီ(SSPP)ရှမ်းပြည်တပ်မတော်
၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ  ၂၈  ရက်
၈။
မွန်ပြည်သစ်ပါတီ (NMSP)
၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁  ရက်
၉။
KNU/KNLA ငြိမ်းချမ်းရေးကောင်စီ
၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီ ၇  ရက်
၁၀။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)
၂၀၁၂ ခုနှစ်၊ မတ် ၇   ရက်
၁၁။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)
၂၀၁၂ ခုနှစ်၊ ဧပြီ ၅    ရက်
၁၂။
နာဂလက်နက်ကိုင် NSCN (K)
၂၀၁၂ ခုနှစ်၊ ဧပြီ  ၉    ရက်
၁၃။
KIO/KIA
ယနေ့အထိ အပစ်အခတ်ရပ်စဲနိုင်ခြင်းမရှိသေး
ဒီနေရာမှာ သတိပြုသင့်တဲ့စကားလုံးအသုံးအနှုန်းက“ထိတွေ့ဆက်ဆံ”ဆိုတဲ့စကားလုံးဖြစ်ပါတယ်။
ဒီစကားလုံးကို သူတို့အသေအချာရွေးပြီး သုံးတာဖြစ်ပါတယ်။ “တွေ့ဆုံဆွေးနွေး” ဆိုတဲ့စကားလုံးကို ရည်ရွယ်ချက်ရှိရှိ တမင်မသုံး တာဖြစ်ပါတယ်။
 တိုင်းရင်းသားလက်နက်အင်အားစုတွေ အစဉ်တစိုက်တောင်းဆိုနေတာက “တန်းတူရည်တူရှိတဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေး” ဖြစ်ပါတယ်။ “သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး” လို့လည်း ရည်ညွန်း လေ့ရှိပါတယ်။
မေလ ၃ ရက်နေ့မှာ သမ္မတဦးသိန်းစိန် လက်မှတ်ထိုးပြီး ထုတ်ပြန်ခဲ့တဲ့ အမိန့်အမှတ် (၁၂/၂၀၁၂) မှာဖေါ်ပြထားတဲ့  “ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ” ရဲ့လုပ်ငန်းတာဝန်တွေထဲမှာ  နိုင်ငံရေးအရ အပြန်အလှန်တန်းတူ ရည်တူ ဆွေးနွေးရေး ဆိုတဲ့အချက် မပါဝင်ပါဘူး။  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက လက်ခံရေး သာလျှင်ဖြစ်ပါတယ်။
   ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက လက်ခံလာစေရေးအတွက်  တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေကို သူတို့ “ထိတွေ့ဆက်ဆံ” နေတာဖြစ်ပါတယ်။ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးနေတာမဟုတ်ပါဘူး။
နှစ်ယောက်ကြားမှာဆွေးနွေးမှုပဲဖြစ်တယ်
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့လည်း “တွေ့ဆုံဆွေးနွေး” ခဲ့ကြတယ်ဆိုတာကို အားလုံးရှိကြသိပြီးဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံနောက်ခံထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့အတူ ယှဉ်ရပ်နေတဲ့ဓါတ်ပုံဟာ သတင်းဓါတ်ပုံဆုရရှိ ခဲ့ပါတယ်။
အဲဒီ ဓါတ်ပုံနဲ့အတူပေါ်ထွက်လာခဲ့တဲ့ သမ္မတဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲကို (Oslo Forum) အော်စလိုဖိုရမ်  အပြီး သတင်းစာရှင်လင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က “ဦးသိန်းစိန်နဲ့ တစ်ယောက်နဲ့တစ်ယောက် တွေ့ပြီးတော့ ဆွေးနွေးတိုင်ပင်တာ ဟာ တကယ့်နိုင်ငံရေးဆွေး နွေးပွဲလို့မမြင်ဘူး။ ဒါဟာနှစ်ယောက်ကြားမှာ ဆွေးနွေးပဲမှုဖြစ်တယ်။ တကယ့်နိုင်ငံရေးဆွေးနွေးမှုဆိုတာဟာ ဒါထက် ပိုပြီးကျယ်ပြန့်ဖို့လို ပါတယ်”
“တကယ့်နိုင်ငံရေးဆွေးနွေးမှုဆိုတာဟာ အားလုံးစားပွဲဝိုင်းမှာထိုင်ပြီးတော့ သက်ဆိုင်တဲ့သူတွေ အထူးသဖြင့်တိုင်းရင်းသားတွေ လည်းပါရမယ်၊ ကျမတို့ အစိုးရဘက်က လူတွေလည်းပါရမယ်။ အတိုက်အခံဘက်က လူတွေလည်းပါရမယ်။ ကျမတို့တိုင်းရင်းသား လူမျိုးစုတွေကို ကိုယ်စားပြုတဲ့ပုဂ္ဂိုလ်တွေလည်းပါရမယ်၊ ဒါကိုမှ ကျမတို့က တကယ့်နိုင်ငံရေးဆွေးနွေးပွဲလို့ခေါ်နိုင်မှာပါ” လို့ပြောသွားပါ တယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ ဒီပြောဆိုချက်အရဆိုရင် သက်ဆိုင်တဲ့သူတွေအားလုံးပါဝင်တဲ့၊ တကယ့်တွေ့ဆုံဆွေးနွေးရေး၊ ပိုမို ကျယ်ပြန့်တဲ့တွေ့ဆုံဆွေးနွေးရေး၊ တိုင်းရင်းသား၊ အစိုးရ၊ အတိုက်အခံတွေ ပါဝင်တဲ့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဟာဖြစ်ကို ဖြစ်မြောက် မလာသေးဘူး၊ မစတင်ရသေးဘူးလို့ ရဲရဲကောက်ချပြီး ရှင်းရှင်းပြောရမှာပါ။
ဒါဆိုရင် သမ္မတဦးသိန်းစိန်အစိုးရ တာဝန်ပေးထားသူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ “ထိတွေ့ဆက်ဆံ” နေတယ်ဆိုတာ ဘာလဲ၊ ဘယ်လဲ။
ညွန်း
-       (ဘီဘီစီ ၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည် ဖြေကြားချက် – ဘီဘီစီမြန်မာဘာသာ- အွန်လိုင်း ၁၈ ဇွန် ၂၀၁၂)
-       ၁၉ ဇွန် သမ္မတဦးသိန်းစိန်တိုက်ရိုက်မိန့်ခွန်း (၂၀ ဇွန်၂၀၁၂ မြန်မာ့အလင်းသတင်းစာ)
-       သမ္မတ ဦးသိန်းစိန်အမှာစကား (၂၁ ဇွန် ၂၀၁၂၊ မြန်မာ့အလင်းသတင်းစာ)

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .