Social Icons

Wednesday, June 6, 2012

ကချင် စစ်ဘေးသင့် ကလေးများ ပညာရေး အတွက် မော်လမြိုင်တွင် ရန်ပုံငွေပွဲ ကျင်းပမည်



( မော်လမြိုင်၊ ဇွန် ၄)
ကချင်ပြည်နယ် စစ်ဘေးသင့်ဒေသ တစ်နှစ်ပြည့် အတွက် အဖြူရောင် တွဲလက်များ အဖွဲ့မှ မော်လမြိုင်တွင် ရန်ပုံငွေပွဲ ကျင်းပမည်ဟု သိရသည်။
ကချင်ပြည်နယ်ရှိ တိုင်းရင်း သားများ၏ လက်ရှိ ကြုံတွေ့နေရ သော လူမှုဘဝအား မွန်ပြည်နယ် ရှိ တိုင်းရင်းသား များမှ နက်ရှိုင်း ကျယ်ပြန့်စွာ သိစေလိုသော ရည် ရွယ်ချက်နှင့် စစ်ဘေးရှောင်စခန်း များမှ ကျောင်းနေ အရွယ်ကလေး များ စာသင်ခန်းထဲသို့ ပြန်လည် ရောက်ရှိစေလိုသော ရည်ရွယ်ချက် ဖြင့် ဆောက်လုပ်ထားသော မန့်ဝိုင်းကြီး စစ်ဘေးရှောင် စခန်းရှိ စာသင်ကျောင်းတွင် လိုအပ်နေသည့် သင်ထောက်ကူ ပစ္စည်းများအတွက် ရည်ရွယ်၍ ရန်ပုံငွေပွဲ ပြုလုပ်မည် ဟု အဖြူရောင် တွဲလက် များမှ သိရ သည်။
အဆိုပါပွဲကို မော်လမြိုင်မြို့ရှိ ပြည်နယ် ခန်းမတွင် ကျင်းပရန် ရည် ရွယ်ခဲ့သော်လည်း ခွင့်ပြုချက် မရသ ဖြင့် မော်လမြိုင်ရှိ ရွှေမြင့်မိုရ်ထွန်း ဟိုတယ်၌ ဇွန်လ ၁ဝ ရက်နေ့  မွန်းလွဲ  ၁ နာရီမှ ညနေ ၄ နာရီ အထိ ကျင်းပမည်ဟု သိရသည်။
ကြည်ငြိမ်းသော်

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .