by myitkyina.blog.com on June 20, 2012

ဒေါ့ဖုန်းယန်မြို့နယ်၊
ခလရ(၁၄၂)တပ်ရင်းဌာနချုပ်ဝင်းသို့ KIA တပ်ဖွဲ့မှ ကွန်မန်ဒိုများ
ဇွန်လ(၁၉)ရက် ညအချိန်တွင် ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ခလရ
(၁၄၂)တပ်ဖွဲ့ဝင် (၂)ဦး ကျဆုံးကာ အများအပြား ထိခိုက် ဒါဏ်ရာရရှိခဲ့ကြောင်း
သိရှိရသည်။ မြန်မာ့တပ်မတော်သား များ ညအချိန် ဗွီဒီယိုဇာတ်လမ်းကြည့်ရှုနေစဉ်
ဝင်ရောက် ပစ်ခတ်မှုပြုသဖြင့်
ထိခိုက်ကျဆုံးမှု များပြားကြောင်း သိရှိရသည်။
ခလရ(၁၄၂)တပ်ဖွဲ့ဝင်များသည် ဒေါ့ဖုန်းယန်မြို့အတွင်း ခရီးသွား၊
ကုန်သည်များထံ အတင်းအဓ္ဓမ ငွေကြေးကောက်ခံကာ၊ ခရီးသွား ကချင်လူမျိုးများကို
အဓိကပစ်မှတ်ထား၍ စစ်ဆေးမေးမြန်း၊ ဖမ်းဆီးမှု ပြုသော တပ်ဖွဲ့ဖြစ်သည်။
လွန်ခဲ့သည့် မေလတွင် KIA ၏ ပန်စွန်တပ်စခန်းကို ခလရ(၁၄၂)တပ်ဖွဲ့မှ
ဝင်ရောက်သိမ်းယူထားခဲ့သည်။
No comments:
Post a Comment