Social Icons

Friday, June 22, 2012

June 22 (သတင်းတို)



  • ဇွန်လ(၂၀)ရက်နေ့တွင် ဒေါ့ဖုန်းယန်မြို့၊ ခန်းကိုင်တောင် အမြောက်တပ်သည် နားလုံကျေးရွာ ဘုန်းကြီးကျောင်းသို့ ၁၀၅ မမ ဟော်ဝင်ဇာလက်နက်ကြီးဖြင့် (၅)ကြိမ် ပစ်ခတ်ခဲ့သည်။
  • ဇွန်လ(၂၀)ရက်နေ့တွင် ခမရ(၃၂၀)တပ်ဖွဲ့ဝင် အင်အား(၅၀)ခန့် စစ်ကြောင်းလှုပ်ရှားစဉ် ဖတ်ကေကျေးရွာအနီးတွင် မိုင်းဖြင့် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
  • ဇွန်လ(၁၉)ရက်နေ့တွင် ဆင်ဘိုအခြေစိုက် ခလရ(၂၇၄)တပ်ဖွဲ့မှ လှုပ်ရှားစစ်ကြောင်းသည် ဆီဆတ်ကျေးရွာနှင့် ၀၀မ်ကျေးရွာကြားတွင် မိုင်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။
  • ဇွန်လ(၁၉)ရက်နေ့တွင် မူဆယ်မြို့နယ်၊ မုန်းကူးဒေသ ဘန်ဆိုင်းတ၀ိုက် လှုပ်ရှားနေသော မြန်မာ့တပ်မတော်တပ်ဖွဲ့ဝင်ကို KIA တပ်ဖွဲ့ လက်ဖြေင့်တပ်သားမှ ပစ်ခတ်သဖြင့် အစိုးရစစ်သား (၁)ဦး ကျဆုံးသွားခဲ့သည်။
  • ဇွန်လ(၂၁)ရက်နေ့တွင် ခမရ(၃၂၀)စစ်ကြောင်းသည် ဒေါ့ဖုန်းယန် တပ်စခန်းသို့ ၀င်ရောက်လာစဉ် မိုင်းဖြင့် တိုက်ခိုက်ခြင်း ခံခဲ့ရသည်။
  • ဇွန်လ(၂၁)ရက်နေ့တွင် စစ်လက်နက်ရိက္ခာကို သယ်ဆောင်လာသော ခမရ(၃၀၁)စစ်ကြောင်းနှင့် KIA တပ်ရင်း(၃)တပ်ဖွဲ့တို့သည် ကန်ပိုင်တီသွားသော လမ်းကြောင်းရှိ လန်နာရေတံခွန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
  • ဇွန်လ(၂၁)ရက်နေ့ မနက်(၇)နာရီခန့်တွင် ရှမ်းပြည်မြောက်ပိုင်း၊ မုန်းပေါ်ဒေသတွင် ခလရ(၁၂၃) တပ်ဖွဲ့နှင့် KIA တပ်ရင်း(၃၆)တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
  • ခလရ(၇၇)တပ်ရင်းမှ အင်အား(၁၀၀)ခန့်ပါဝင်သော စစ်ကြောင်းသည် ၀ိုင်းမော်မြို့နယ်၊ မန်ဒေါင်သို့ ဆက်လက်ချီတပ်လျက်ရှိပြီး၊ အင်အား(၁၀၀)ကျော်ပါဝင်သော ခမရ(၅၂၁)စစ်ကြောင်းသည် အထမ်းသမားပေါ်တာ(၁၀၀)ခန့် ခေါ်ဆောင်လျက် ချီဖွေဒေသသို့ ဆက်လက်ချီတက်လျက်ရှိသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .