Social Icons

Wednesday, June 27, 2012

မြန်မာအစိုးရ စစ်ကြောင်းများ ရွာအတွင်းမိုင်းထောင်


မြန်မာအစိုးရတပ်ဖွဲ့တို့သည် ကျေးရွာများသို့ ၀င်ရောက်ရှင်းလင်းလျက် ရှိကြောင်း သတင်းရရှိသည်။ အချို့ရွာမှာ ရွာသားများအားလုံး စစ်ပြေးဒုက္ခသည်စခန်းသို့ တိမ်းရှောင်ပြေးပြီး ဖြစ်သည်။ အချို့ရွာတွင် ရွာသားအနည်းအကျဉ်း ခိုးကြောင်ခိုးဝှက် နေထိုင်ကြသော်လည်း စစ်ကြောင်းလှုပ်ရှားမှုရှိတိုင်း တောတောင်သို့ ထွက်ပြေးတိမ်းရှောင်လျက် ရှိသည်။ မြန်မာအစိုးရ တပ်ဖွဲ့ဝင်တို့သည် ရွာရှိ လူနေအိမ်သို့ ၀င်ရောက်ကာ ၎င်းတို့ ကြိုက်နှစ်သက်သည့် ပစ္စည်းများကို ယူငင်ကြလေ့ရှိသည်။ အချို့ရွာများသည် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရသည်။
ဇွန်လ(၂၆)ရက်နေ့တွင် တပ်မ(၈၈)နည်းဗျူဟာ(၂) လက်အောက်ခံ မခရ(၄၁၆)တပ်ရင်းမှူး ဦးစီးသော စစ်ကြောင်းသည် ၀ိုင်းမ်ာမြို့နယ်၊ ပန်းဆဲကျေးရွာသို့ ၀င်ရောက်ပြီး နေအိမ်အတွင်းမှ ပစ္စည်းများကို ယူငင်ခဲ့ကြောင်း သိရှိရသည်။ ရွာသားများအားလုံးမှာမူ ဒုက္ခသည်စခန်းသို့ လွန်ခဲ့သည့်နှစ်ကတည်းက ထွက်ပြေးတိမ်းရှောင်ပြီး ဖြစ်သည်။
ခလရ(၁၄၆)တပ်ဖွဲ့ စစ်ကြောင်းသည် ဇွန်လ(၂၆)ရက်နေ့တွင် ၀ိုင်းမော်မြို့နယ် အင်ဘူကေါင် ကျေးရွာသို့ ၀င်ရောက်လာသဖြင့် ရွာသားများ ထွက်ပြေးခဲ့ကြရကြောင်း သိရှိရသည်။ တပ်မတော် စစ်ကြောင်းသည် ရွာသားပိုင်ပစ္စည်းများကို ယူငင်ကြပြီး၊ အိမ်မွေးကြက်၊ ၀က် တို့ကို ပစ်ခတ်ယူငင်ကြ ကြောင်း သိရှိရသည်။ ၎င်းအပြင် ရွာသားများ ရွာတွင်းသို့ ပြန်လာလျှင် ထိခိုက်မှုရှိစေရန် ရည်ရွယ်၍ အင်ဘူကေါင်ရွာအ၀င် လမ်းပေါ်တွင် မိုင်း(၁၀)လုံး ထောင်ထားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .