Social Icons

Saturday, June 30, 2012

ATM ဘဏ် စက်ခိုးရန်ကြိုးစားသူ ဗြိတိန် ၂ ဦး ထိုင်းရဲဖမ်း



Alexander Milbourn, 25, and Shaun Edward Tracy, 34-ဓာတ်ပုံ -Jerdsak Saengthongcharoen
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ဘက်မှာ ဗြိတိသျှ လူမျိုး ၂ ယောက်တို့ဟာ ဟောလီဝုဒ် ရုပ်ရှင် ဇာတ်ကား တကားဖြစ် တဲ့ Fast Five ထဲကလို ထိုင်း ဘဏ် ၃ ခုရဲ့ ATM စက်တွေကို ခိုးယူဖို့ ကြိုးစားမှုနဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူ တယောက်က သောကြာနေ့ မှာ ပြောလိုက်ပါတယ်။

သူတို့ ၂ ဦးကတော့ အက်လက်ဇန္ဒြား မီလ်ဘွန်း ( ၂၅ - နှစ်) နဲ့ ရှောင် အက်ဒ၀ါ့ဒ် ထရေ့စီ ( ၃၄ -နှစ်) ဆိုတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးပါဘဲ။


သူုတို့ ၂ ဦးအပြင် နောက်ထပ် တဦးလည်း ရှိနေသေးပြီး စုံစမ်းနေဆဲပါတဲ့။ အဖမ်းခံခဲ့ရတဲ့ ဗြိတိန် ၂ ဦး ကတော့ ရုပ်ရှင်ထဲကလို စွန့်စားခဲ့တာပါလို့ ထွက်ဆိုခဲ့ပါတယ်တဲ့။

အဲဒီ တရားခံအဖြစ် အဖမ်းခံထားရတဲ့ ၂ ယောက် ဟာ ထိုင်းနိုင်ငံမှာ နေထိုင်လာတာ ၁၀ နှစ်ကျော် ကြာနေပြီဖြစ်ပြီး အလုပ်အကိုင်ကလည်း မရှိ၊ ငွေကလည်း လိုနေတာဖြစ်တယ်လို့ ဇွန် ၂၉ ရက်နေ့က ချင်းရိုင်ပို့စ် သတင်းက ရေးထားပါတယ်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .