
၎င်းစစ်ကြောင်းသည် အထမ်းသမားပေါ်တာ(၁၀၀) ခန့်ကိုလည်း ခေါ်ဆောင်အသုံးချကာ လက်နက်ကြီးကျည်များကို အဓိကထမ်းပေး ရကြောင်း သိရှိရသည်။ ၎င်းတို့နှင့်အတူ ၈၁ မမ စိန်ပြောင်း လက်နက်ကြီး(၅)လက်၊ ၇၅ မမ စိန်ပြောင်း လက်နက်ကြီး(၄)လက်၊ RPG ပုခုံးထမ်းလောင်ချာ(၄)လက် အပြင် အခြားအလတ်စားလက်နက် အများ အပြား သယ်ဆောင်လာကြောင်း သိရှိရသည်။
ကာကွယ်ရေးဝန်ကြီးသည် လွန်ခဲ့သည့်လကပင်၊ တပ်မတော်က အထမ်းသမားကို အတင်းအဓ္ဓ မခေါ်ဆောင်ခြင်း မရှိတော့ကြောင်း ပြောဆိုထားသော်လည်း၊ ရှေ့တန်းဒေသများတွင် အထမ်းသမား ပေါ်တာများကိုအသုံးပြုဆဲ ဖြစ်ကြောင်း ရှေ့တန်းမှ ထွက်ပြေးလွတ်မြောက်လာသော ပေါ်တာများမှ တဆင့် သိရှိရသည်။`
No comments:
Post a Comment