Social Icons

Wednesday, June 27, 2012

မူဆယ်မြို့နယ်၊ မန်လုံလမ်းတွင် ရွာသားများ ပစ်ခတ်သတ်ဖြတ်ခံရ



ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုန်လုံလမ်းတွင် ဇွန်လ(၂၆)ရက်နေ့တွင် ခလရ(၂၄၁)စစ်ကြောင်း စစ်ဆင်ရေးပြုလုပ်စဉ် မိုင်းနှင်းမိပေါက်ကွဲခဲ့သဖြင့် မြန်မာစစ်တပ်ဖွဲ့တို့သည် ဘေးပတ်ဝန်းကျင်သို့ လက်နက်များဖြင့် ပရမ်းပတာပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ ပစ်ခတ်သောကြောင့် ကြံခင်းတွင် အလုပ်ဝင်နေသော ဂျဝူးဂျိုင်ကျေးရွာနေ ဦးယန်ဆီဆန်း    (၄၆ နှစ်) ကျည်ထိသေဆုံးပြီး၊ ကောင်းဝိုင်းကျေးရွာနေ ဦးဒါရှီမာဂေါင်သည် ထိခိုက်ဒါဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရှိရသည်။ ဒါဏ်ရသူကို တရုတ်နိုင်ငံ ၀မ်တိန် ဆေးရုံသို့ ရွာသားများ ပို့ဆောင်ကုသ ထားရကြောင်း သိရှိရသည်။ ဒါဏ်ရာရရှိသူ၏ အစ်ကို ဦးဒါရှီမာဆန်ကိုမူ ခလရ(၂၄၁)တပ်ဖွဲ့တို့က KIA တပ်ဖွဲ့ဝင်ဖြစ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .