Social Icons

Wednesday, June 20, 2012

မြန်မာ့တပ်မတော် တပ်ပြေးပိုများလာ



ဇွန်လ(၁၇)ရက်နေ့တွင် ခလရ(၄၀)တပ်ရင်း၊ လဂျားယန်ရှေ့တန်းစခန်းမှ တပ်သား ပိုင်လေးနှင့် တပ်သား ကျော်လေး တို့သည် ၎င်းတို့၏ တပ်စခန်းမှ ထွက်ပြေးကာ KIA တပ်စခန်းသို့ လာရောက် အဖမ်းခံကြကြောင်း သိရှိရသည်။
ယင်းနေ့မှာပင် ခလရ(၁၀၅)တပ်ရင်းမှ တပ်သား ထွန်းမြတ်စိုးနှင့် တပ်သား သန့်ဇင်အောင် တို့သည် ၎င်းတို့၏ ရှေ့တန်းစခန်းမှ ထွက်ပြေးပြီး KIA တပ်စခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း သိရှိရသည်။
မြန်မာ့တပ်မတော်သားများသည် ဆန္ဒမပါဘဲ စစ်မှုထမ်းနေရခြင်း၊ အထက်အရာရှိများ၏ ညှင်းဆဲမှုကို ခံရခြင်း၊ ရှေ့တန်းစခန်းများတွင် ဒုက္ခခံနေရခြင်းကို မခံနိုင်တော့သဖြင့် ထွက်ပြေးသော တပ်ပြေး အများအပြား ပေါ်ထွက်လျက်ရှိသည်။ အချို့တပ်ပြေးများသည် ၎င်းတို့၏ နေရပ်သို့ အန္တရယ်ကင်းစွာ ပြန်လည်ရောက်သွားသော်လည်း အချို့မှာမူ မြန်မာစစ်တပ်က ပြန်ဖမ်းမိကာ သတ်ဖြတ်ခြင်းကို ခံကြရသည်။ အချို့မှာ ၎င်းတို့၏ လုံခြုံမှုကိုရရှိရန် KIA တပ်စခန်းတွင် ၀င်ရောက်အဖမ်းခံကြကြောင်း သိရှိရသည်။
အကြောင်းအမျိုးမျိုးကြောင့် တပ်ပြေးများ ဆက်လက်ပေါ်ထွက်လာဦးမည်သာ ဖြစ်သည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .