by myitkyina.blog.com on June 19, 2012

ရှမ်းပြည်မြောက်ပိုင်း မုန်းကူးဒေသ နော့ဂူကျေးရွာသို့
ဇွန်လ(၁၈)ရက် နေ့ မနက်ပိုင်း ခလရ(၄၅)၊ (၁၂၃) တပ်ဖွဲ့များ ၀င်ရောက်သဖြင့်
ရွာသားများ ရှောင်ပြေးကြရာ၊ အချိန်မီ မထွက်ပြေးနိုင်သော တရုတ်
အဘိုးကြီးတစ်ဦးနှင့် အဖွားကြီးတစ်ဦး ပစ်သတ်ခံခဲ့ရသည်။
ယင်းနေ့ မွန်းလွဲပိုင်းတွင် ယင်းကျေးရွာအနီးတွင် KIA တပ်ဖွဲ့နှင့်
ခလရ(၄၅)၊ (၁၂၃) တပ်ဖွဲ့ကြား ရင်ဆိုင်တိုက်ပွဲဖြစ်ရာ မြန်မာ့တပ်တော်သား
(၁၀)ဦးကျော် ထိခိုက်ကျဆုံးမှုရှိကြောင်း သိရသည်။ KIA တပ်ဖွဲ့ဝင်(၁)ဦး
သေဆုံးကြောင်း သိရှိရသည်။
No comments:
Post a Comment