ယင်းနေ့မှာပင် ပန်ကနိုင်းကျေးရွာတွင် အခြေချသော အစိုးရတပ်ဖွဲ့(တပ်ရင်းအမှတ် စုံစမ်းဆဲ)နှင့် KIA တပ်ရင်း(၈)တို့ တိုက်ပွဲဖြစ်ပွားရာ အစိုးရစစ်တပ်ဖွဲ့(၅)ဦး ကျဆုံးပြီး၊ အများအပြားဒါဏ်ရာရရှိသွား ကြောင်း သိရှိရသည်။
မေလ(၅)ရက်တွင် မူဆယ်မြို့နယ်၊ ဒုန်ခန်းကျေးရွာအနီးတွင် ခလရ(၁၂၃)တပ်ဖွဲ့ကို KIA တပ်ဖွဲ့မှ မိုင်းဖြင့်တိုက်ခိုက်ရာ ခလရ(၁၂၃)တပ်ဖွဲ့ဝင် (၂)ဦး သေဆုံးပြီး၊ (၈)ဦး ဒါဏ်ရာရရှိသွားကြောင်း သိရှိသည်။
မေလ(၆)ရက်နေ့တွင်လည်း ခလရ(၁၂၃)တပ်ဖွဲ့နှင့် KIA တပ်ရင်း(၃၆)တို့သည် နမ်တောနှင့် မုန်းဘော် ကြား၊ ပန်ခန်းအနီး ရှမ်းပြည်မြောက်ပိုင်းတွင် အစိုးရစစ်တပ်စစ်ကြောင်းများ စစ်ရေးလှုပ်ရှားမှု များလာသောကြောင့် ရင်ဆိုင်တိုက်ပွဲများလာခြင်း ဖြစ်သည်။
No comments:
Post a Comment