Social Icons

Saturday, June 9, 2012

တပ်များဖယ်ရှားရန် တောင်းဆို



ကချင်ပြည်နယ်၊ ဖါးကန့်မြို့ပေါ်မှ လူထုများအား ဇွန်လ(၅)ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးရုံး၌ အစည်းအဝေးပြုလုပ်၍ မေလ(၃၀)ရက်နေ့တွင် အစိုးရစစ်တပ် ခမရ(၁၅)မှ ဆိုင်းတောင်ရွာတွင်းသို့ ပစ်ခတ်မှုနှင့်ပါတ်သက်၍ ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဒေသခံလူထုများ တောင်းဆိုရာတွင် မြို့ပေါ်တွင် တပ်စွဲထားသော အစိုးရစစ်စခန်းအားလုံးကို မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းမှ အမြန်ဖယ်ရှားပေးရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
အစိုးရစစ်ကြောင်းများသည် လူထုကိုအကာအကွယ်ပြု၍ လှုပ်ရှားကြသော်လည်း၊ ၎င်းတို့အဖွဲ့ ထိုခိုက်မှု ရှိလာသောအခါ ရွာအတွင်းသို့ ပရမ်းပတာ ပြန်လည်ပစ်ခတ်လေ့ရှိသည်။ ထို့ကြောင့် လူထုသည် အစိုးရစစ်စခန်းကို ရွာအပြင်တွင်ထားရှိရန် တောင်းဆိုမှု များလာကြောင်း သိရှိရသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .