Social Icons

Saturday, June 9, 2012

အမျိုးသားလွတ်တော်ကိုယ် စားလှယ်၊ ကချင်ပြည်နယ် မှူးယစ်ဘုရင် ဦးဇခုန်တိန်းယိန့်၏ လုပ်ရပ်တချို့ကို ဖော်ထုတ်ခြင်း



index ၁၉၉၆  ခုနှစ် ဦးဇခုန်တိန့်ယိန်း၊ မူဆယ်မှ ကျန်းဆန်း၊မုံဂိုမှ ယန်ခိုင်း၊ လဂွယ်ဘောမ်လန်းတို့ ကမ်ပိုင်တီ ရွာနားတွင် ဘိန်းချက်စက်ရုံ တည်ဆောက်ပြီး ဘိန်းဖြူ၊ ယာမဆေးပြားများ ထုတ်လုပ်ခဲ့ကြ သည်။
၎င်းနှစ်မှာဘဲ အကူတပ်အဖြစ်ဖွဲ့စည်းပြီး ကျွန်တော်တို့ဒေသတွင် ဘိန်းမစိုက်ရင် သူများ၏ မူးယစ်ဆေးရောင်းဝယ်သည့် ဈေးကွက်ဖြစ်လာမည်ဆိုပြီး အကြောင်းပြကာ ၄င်းအကူတပ်ကို လျူချီခေါ်ဇခုန်ဇော်ရာ ဦးစီးပြီး ၀လိုင်းကူးဒေသတွင် ဘိန်းစိုက်ကြသည်။အရပ်သားပြည်သူများ ကိုလည်း အရင်းအနှီးထုတ်ပေးပြီး စိုက်ခိုင်းကြသည်။
ကမ်ပိုင်တီတွင် တည်ဆောက်ထားသော ဘိန်းချက်စက်ရုံ လုံခြုံမှုမရှိ ပေါက်ကြားလာသဖြင့် နယ်စပ်မှတ်တိုင် အမှတ် (၆) နား ပြန်ချက်ဖို့ပြောင်းရွှေ့ထားချိန် ဗမာစစ်တပ်၊ KIA ၊ NDA တပ်များပူး ပေါင်းပြီး သိမ်းဆည်း၍ မြစ်ကြီးနားမြောက်ပိုင်းတိုင်းသို့ ပို့ဆောင်ထားပြီးဖြစ်ပါသည်။ မှူးယစ်ဆေး ချက်ရာတွင် အသုံးပြုသော ဓာတုဆေးအမျိုးပေါင်းများစွာ ပါဝင်သည်။ု မသယ်နိုင်၍ ဖျက်ဆီးခဲ့တာ လည်းအများကြီးဖြစ်သည်။
ဆဒုံးပါ၊ ကမ်ပိုင်တီ၊ ပန်ဝါ၊ ဆောဇမ်၊ ဖီမော်၊ ကန်းဖန့်၊ ဖရဲ လမ်းခွဲ များတွင် တရုတ်ကုန်သည်များ နှင့်ပေါင်းပြီး ဟိုတယ်၊ လောင်းကစားရုံများကို ဆယ်စုနှစ်အချို့ မြေဌားရမ်းတည်ဆောက်ပြီး မှူးယစ် ဆေးရောင်းဝယ်ဖြန့်ဖြူးကြသည်။
ယခုချိန် ဘိန်းစိုက်ရာနေရာများသည် ကမ်ပိုင်တီဒေသ ဒွန်ဘန်ခူးဒေသ၊ ၀လိုင်းကူးဒေသ၊ နော့ဂိုဒေသ၊ ရှငေါ်ဒေသ၊ တမူးဒေသ၊ ချီဖွေဒေသ ဖြစ်ပြီး ဆော့လော်ပန်ကျီဒေသ အထိကူးစိုက်သွား ပြီဖြစ်ပါသည်။
မူးယစ်ဆေး ရောင်းဝယ်သုံးစွဲမှုသည် အရင်မကြားဘူးမမြင်ဘူးသည့် ထော့လန်ဒေသ၊ လန်ဆယ်ဒေသ အထိပြန့်နှံသွားပြီဖြစ်ပါသည်။
လူငယ်လူရွယ်များ နယ်ခြားစောင်တပ်ဖွဲ့ဝင်များ မူးယစ်ဆေးသုံးစွဲ၍ နေ့တိုင်းလိုလိုသေဆုံးသူ များ ပိုမိုများများလာနေပါသည်။မျော်ကျောင်းဒေသဆို ယောင်္ကျားလေးများမရှိသလောက်ဖြစ်သွားပါပြီ။    ကမ်ပိုင်တီဒေသ ဘိန်းမစိုက်သောအိမ်ထောင်မရှိသလို ပန်ဝါဌာနချုပ်ရှိရာ အိမ်ထောင်တိုင်းလို မှူးယစ်ဆေးသုံးစွဲ ရောင်းဝယ်တတ်နေကြပြ်ီဖြစ်သည်။ အိမ်ထောင်တချို့ မှူးယစ်ဆေးသုံးစွဲ၍ ဘ၀ ပျက်သွားတာလည်း ရှိနေပြီဖြစ်သည်။
မှူးယစ်ဆေး ဖမ်းဆီးအရေးယူဖို့ဟန်ပြ အမိန့်ထုတ်ထားပြီး အနည်းအကျင်း ရောင်းဝယ်သူ များကို သာ အရေးယူဟန်ပြပြီး ကီလိုအမြောက်အများ ပိသာလိုက်ဖမ်းဆီးမိရင် ဇခုန်တိန့်ယိန်းကို သွားပြောရင် အားလုံးပြန်ပေးရသည်။ ထို့ကြောင့် တာဝန်ရှိသူများလည်း ဖမ်းဆီးခြင်း မလုပ်ချင်ကြ တော့ပါ။
ဖမ်းဆီးရမိထားသော ဘိန်းစိမ်း၊ဘိန်းဖြူ၊ ယာမဆေးပြားများ သက်ဆိုင်ရာသို့အပ်ပေးခြင်း၊မီးရှို့ ဖျက်ဆီးခြင်းလည်းလည်း တစ်ခါမှမတွေ့ရ။
လူကြီးများကိုယတိုင် မှူးယစ်ဆေးရောင်းဝယ်မှုနှင့် မကင်းကြပါ ဦးဇခုန်တိန့်ယိန်း ကိုယ်တိုင် လည်း မှူးယစ်ဆေးသုံးစွဲသူဖြစ်ပါသည်။ ယခု လွတ်တော်ထဲရောက်နေချိန်တောင် ခေါပုတ်ထဲမှာထည့် ပြီး စားသုံးနေကြောင်း သူနှင့် အတူညီလာခံတက်ရောက်နေသူ တစ်ဦးမှသိရသည်။
၁၉၉၇ ခုနှစ် တရုတ်နယ်စပ်မှတ်တိုင် (၅) အနီး မှူးယစ်ကိစ္စနှင့် ရောက်လာသော တရုတ်ရဲ ၄ ဦး ကို ပစ်သတ်သည့် ကိစ္စ၊တရုတ်ပြည်မှ ဖေါ်ထုတ်ပေးရန် တောင်းဆိုခဲ့သည်။ ပစ်သတ်သူများကို ကာကွယ်ဖုံးခဲ့သည်။
၎င်ကိစ္စပေါက်ကြားသွားမှာစိုးလို့ ကမ်ပိုင်တီ ရုံးစိုက်ထားသော တရုတ်ပြည်ထင်ချုံး ဒုခရိုင်မှူး အဖွဲ့ကို ၅ ရက် အတွင်းထွက်သွားရန်မောင်းထုတ်ခဲ့သည်။
လက်ရှိပန်ဝါဒေသတိုက်ပွဲတွင်လည်း မှူးယစ်ဆေးသုံးစွဲသော အရပ်သားလူငယ်များ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို ဇခုန်တိန့်ယိန်း၏ သမီး ဇခုန်ယိန်းမျှော်နှင့် ဝေါဆောင်ဟောင်းခေါင် အိမ်နေ ဖုတ်လောက်ဒေါင်ဟောင်း တို့ မှူးယစ်ဆေးထုတ်ပေးပြီး တိုက်ခိုက်ခိုင်းနေကြောင်းကြားသိရ။
မိဘပြည်သူများ ခင်များ ဗမာစစ်အစိုးရအဆက်ဆက် မှူးယစ်ဘုရင်များကို အပြစ်ပေး အရေးယူခြင်း ဘယ်တော့မှ မရှိခဲ့ဘူး ယခု အရပ်ဝတ် စစ်အစိုးရ ကြီးမှူးသော အစိုးရလည်း ဘာမှလုပ် မှာမဟုတ် မှူးယစ်ဆေးသုံးစွဲမှု့၊ ရောင်းဝယ်မှု့ မရှိခဲ့ရင် ရဲများ၏ ၀င်ငွေများလည်း ထိခိုက်နိုင်ပါ ကြောင်း တင်ပြအပ်ပါသည်။
ဝန်ထမ်းဟောင်း တစ်ဦး
ဝိုင်းမော်

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .