ရှမ်းပြည်မြာက်ပိုင်း၊
မုန်းကိုး(Munggu)မြို့နယ်ခွဲ၊ မန်ကန်(Mankang)ဒေသတွင် အခြေပြုလှုပ်ရှားသော
ခလရ(၁၂၅) (လောက်ကိုင် ဒကစ လက်အောက်ခံ)တပ်ဖွဲ့များနှင့် KIA တပ်ဖွဲ့အကြား
ဇွန်လ(၅)ရက် မနက်(၅)နာရီအချိန်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားကြောင်း
သတင်းရရှိသည်။ယင်းတိုက်ပွဲတွင် ခလရ(၁၂၅)တပ်ဖွဲ့မှ တပ်ကြပ်ကြီး(၁)ဦး၊ တပ်ကြပ်(၁)ဦး၊ တပ်သား(၂)ဦး ပေါင်း (၄)ဦး ကျဆုံးပြီး၊ တပ်ခွဲမှူး(ဗိုလ်မှူး)အပါအ၀င် တပ်ဖွဲ့ဝင်(၇)ဦး ဒါဏ်ရာပြင်းထန် (ဆက်လက် သေဆုံးဘွယ်ရှိ) စွာ ရရှိကြောင်း သတင်းရရှိသည်။
ယခုနောက်ပိုင်းတွင် ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ(၄)ဒေသသို့ မြန်မာ့တပ်မတော် တပ်ရင်း တပ်ဖွဲ့များ အလုံးအရင်းနှင့် ၀င်ရောက်လှုပ်ရှားလျက်ရှိသဖြင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ဟု ဒေသခံများက သုံးသပ်ကြကြောင်း သိရှိရသည်။
No comments:
Post a Comment