- ၀ိုင်းမော်မြို့နယ်၊ အူဒီယန်ကျေးရွာအနီးတွင် ခမရ(၃၁၈)တပ်ဖွဲ့မှ တပ်သားတစ်ဦးသည် အရပ်ဝတ်ဖြင့် လက်နက်ကို လုံခြည်အတွင်းဖွက်ကာ လှုပ်ရှားသွားလာစဉ် KIA တပ်ဖွဲ့က ဇွန်လ(၄)ရက်က ဖမ်းဆီးရမိသည်။
- ဖားကန့်ဒေသတွင် စစ်ဗျူဟာ(၄)ခုဖြင့် စစ်ဆင်ရေးပြုလုပ်ရန် စီမံနေကြောင်း သတင်းရရှိသည်။ တပ်မ(၃၃)၊ (၆၆) ကို ဖားကန့်ဒေသသို့ပို့ရန် အသင့်အနေအထား ညွှန်ကြားထားကြောင်း သတင်းရရှိ သည်။
- ဇွန်လ(၄)ရက်နေ့တွင် တာလောကြီးကျေးရွာအတွင်း လှုပ်ရှားနေသော ခလရ(၃၇)တပ်ဖွဲ့ဝင်များသည် ရွာပြင်ဖက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အချိန်အတော်ကြာ ပစ်ခတ်မှု ပြုလုပ်ကြောင်း သိရှိရသည်။ ထိခိုက်ပျက်စီးမှုကို စုံစမ်းဆဲဖြစ်သည်။
No comments:
Post a Comment