Social Icons

Monday, June 4, 2012

June 4 (သတင်းတို)


- ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ က၀ါးပန်ကျေးရွာတွင် ခမရ (၅၂၁)
တပ်ဖွဲ့ဝင် အင်အား(၃၀) ခန့်သည် ရွာသားများ၏ ဆန်၊ စပါးများနှင့်
အိမ်မွေးတိရိစ္ဆာန်တို့ကို ရိက္ခာအဖြင့် သိမ်းယူနေကြောင်း သိရှိရသည်။
- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပင်တောင်ကျေးရွာ၊ မလိခကျေးရွာဒေသတွင်
ယာခြံ လုပ်ကိုင်နေသူများကို ဇွန်လ ပထမပတ်အတွင်း အမြန်ဆုံးဖယ်ရှားရန်
အစိုးရတပ်က အမိန့်ထုတ်ထားကြောင်းသိရသည်။ လိုက်နာခြင်းမရှိသူများကို
ပစ်ခတ်မှုပြုလုပ်သွားမည် ဖြစ်ကြောင်း သတိပေးထားကြောင်း သိရှိရသည်။
- မေလ(၃၁)ရက်နေ့တွင် ၀ိုင်းမော်မြို့နယ်၊ ကန်တော်ယန် တပ်စခန်းတွင်
အခြေချသော တပ်ဖွဲ့ဝင် (၃)ဦးသည် ရွာသားများပိုင် ကျွဲတစ်ကောင်ကို ရိက္ခာအဖြင့်
ပစ်ခတ်သတ်ဖြတ်လိုက်ကြသည်။
- မေလ (၃၀)ရက်နေ့တွင် မန်စီမြို့နယ်၊ ချောင်းထောက်ကျေးရွာနေ ဦးလဗျနော်
(၅၀-နှစ်)၊ ဦးရှဒေါင်လနူး (၃၀-နှစ်)၊ မောင်ရှဒေါင်တန်ဂျီး (၂၁-နှစ်)တို့အား
ခမရ (၃၁၉)တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .