ရှေ့တန်းတပ်စခန်းတိုင်းတွင်
တာဝန်ကျသော မြန်မာ့တပ်မတော်သားများသည် ခရီးသွားပြည်သူများ၊
ကုန်သည်များထံမှ ငွေကြေး၊ ပစ္စည်းများကို အတင်းခြိမ်းခြောက်တောင်ခံကြသည်။
ပေးရန်ငွေကြေး မပါလာသူများထံမှ တန်ဖိုးရှိသောပစ္စည်းများ (နာရီ၊ လက်စွပ်၊
ဆွဲကြိုး၊ အပေါ်အင်္ကျီ၊ ဖိနပ်ကအစ…)ကို လုယူကြသည်။ အခြား မည်သည့်ပစ္စည်းမှ
မပါသောသူများသည် ရိုက်နှိက်ခြင်းကို ခံနေရသည်။ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ လွယ်မောက် တပ်စခန်းကုန်းတွင် တပ်စွဲထားသော ခလရ(၄၀)မှ တပ်မတော်သားများသည် ဗန်းမော်-လိုင်ဇာ လမ်းကြောင်းတွင် သွားလာသော ခရီးသွားပြည်သူများ၊ ကုန်သည်များထံမှ ငွေကြေးများကို တောင်းခံနေကြသည်မှာ သမရိုးကျလုပ်ငန်းဖြစ်နေပြီး တာဝန်တရပ် အဖြင့် လုပ်ဆောင်နေကြသည်။
ဇွန်လ(၃)ရက် မနက်(၁၀)နာရီခန့်တွင်လည်း ငွေကြေးတောင်းခံရန် စခန်းကုန်းမှ ကားလမ်းသို့ ဆင်းလာ၍ ခရီးသွားပြည်သူများကို စောင့်ဆိုင်းနေသော ခလရ(၄၀)မှ တပ်ဖွဲ့ဝင်(၆)ဦးကို KIA တပ်ဖွဲ့ က မိုင်းဖြင့် တိုက်ခိုက်သဖြင့် တပ်ဖွဲ့ဝင်(၅)ဦး ကျဆုံးသွားကြောင်း သတင်းရရှိသည်။
No comments:
Post a Comment