Social Icons

Thursday, June 7, 2012

မိတ်ဆွေတို့ရေ

မိတ်ဆွေတို့ရေ

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေဟာ
နောက်ကွယ်မှာ ကစားနေတဲ့သူတွေက အကွက်စေ့စေ့ လုပ်နေကြတာ သိပ်သိသာတယ်။ ခု ကိစ္စမှာ သတင်းစာထဲ မှားယွင်းဖေါ်ပြသလိုနဲ့ သွေးထိုးပေးလိုက်ကတည်းက
ကျော်ဆန်း၊ အောင်သောင်းတို့ ပါနေပြီ၊ ဘာ ရဲ၊ ဘာ စစ်တပ်မှလည်း မထိန်းသိမ်းပဲ ပြည်သူကို ဆွသထက် ဆွ နေတာကိုးက ခင်ရီတို့၊ မင်းအောင်လှိုင်တို့ပါနေပြီ။
သတိထားကြပါ။ သမ္မတ လည်း ပျောက်နေတယ်။
အန်တီစု အတွက်လည်း စိတ်ပူမိတယ်။
ကိုပေါ်တို့ကေကျုကြီးတို့ ၈၈မျိုးဆက်ခေါင်းဆောင်တွေအားလုံ
း သတိထားကြပါ။
ကိုမြအေး ကိုလည်း အထူးသဖြင့် စိတ်ပူပါတယ်။
အဓိကရုဏ်းတွေဖြစ်လာတဲ့အခါ သွားရောက်ရှင်းလင်းတဲ့အခါ လုံခြုံရေးတွေ ဂရုစိုက်စေချင်ပါတယ်။ ကိုမြအေးလို မွတ်စလင်ခေါင်းဆောင်မျိုးကို သူတို့
မလိုလားပါဘူး။

မြန်မာပြည်သူတွေ ဆတ်ဆတ်ထိမခံတဲ့ ဘာသာရေး၊ လူမျိုးရေး ပြဿနာနဲ့
ကိုင်တွယ်ထားတဲ့အတွက် လူတွေရဲ့ စိတ်ထဲမှာ “တပ်ဝင်လာလို့တော်သေးတယ်” လို့ မ၀င်ဝင်အောင် အခြေအနေတွေကို
ဖန်တီးနေတယ်။

သိပ်မကြာတော့ဘူးနဲ့တူတယ်။
အခြေအနေတွေဟာ ၈၈ စက်တင်ဘာတုန်းက အာဏာသိမ်းတော့မယ် လို့ အသံထွက်နေရင်း သိမ်းခံလိုက်ရတာကို ပြန်အမှတ်ရစေတယ်။
အားလုံး တတ်နိုင်ရင် အဖမ်းမခံကြပါနဲ့တော့။
ဒီလူတွေဟာ အင်မတန်မှ အောက်တန်းကျ ယုတ်မာ လွန်းကြတယ်။
ပြည်သူရဲ့ သွေးခင်းပြီး အာဏာငန်းဖမ်းတာကိုက စက်ဆုပ်စရာကောင်းလှတယ်။

အန်တီစုအပါအ၀င်၊
၈၈ ခေါင်းဆောင်တို့ လုံခြုံရေးတွေ အထူးဂရုစိုက်ပေးကြပါ။

မွတ်စလင် ညီနောင်များအနေနဲ့ကော၊ အားလုံး ပြည်သူတွေအနေနဲ့ကော
ဒီအခြေအနေမှာ ဘယ်သူမှ လမ်းပေါ်မထွက်ကြရင် ပိုကောင်းပါတယ်။
အားလုံး လမ်းပေါ်မထွက်ရေး လှုပ်ရှားမှုကို လုပ်ကြရင် ပိုထိရောက်မယ်။
သူတို့ စွမ်းအားရှင်တွေဟာ နေရာတိုင်းမှာ လှုပ်ရှားနေကြတယ်။
အတတ်နိုင်ဆုံး ဒေါသတွေကို မြိုသိပ်ပြီး တရားနည်းလမ်းနဲ့ပဲ ဖြေရှင်းကြပါ။
ဒီအချိန်မှာ ပြည်သူက စိတ်လိုက်မာန်ပါ လုံးဝ ၀င်မပါမှ သူတို့ မအောင်မမြင်
ဖြစ်မှာ။ အကြောင်းကိစ္စမရှိဘဲ လမ်းပေါ်မထွက်ရေးမူ ကို ကျင့်သုံးကြပါ။
ဒါတောင် ရပ်ကွက်တွေ လမ်းတွေ ထဲကို အယောင်ဆောင်တွေက လာရောက်
ထိပါး တိုက်ခိုက်တာတွေ လုပ်လာနိုင်တယ်။
ရပ်ကွက်တွေ လမ်းတွေမှာလည်း သတိဝိရီယ နဲ့ နေကြပါ။

နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာသမားတွေကလည်း မျက်ခြေမပြတ်ကြဖို့လိုပါတယ်။
သံတမန်များ၊ နိုင်ငံတကာ မီဒီယာများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ ရဲ့ အကူအညီကို လိုအပ်ပါက တောင်းပါ။

လက်ရှိမြန်မာပြည်မှာ “အစိုးရ” ဆိုတာ မရှိဘူး။

ချိုတူးဇော် (on facebook)

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .