Social Icons

Thursday, June 7, 2012

နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် ဆံပင်ကို ဘယ်လိုဂရုစိုက်ကြမလဲ။



ရာသီဥတုအလိုက် အသားအရေတွေ ပြောင်းလဲတတ်သလို ဆံပင်ဦးရေပြားကလည်း ပြောင်းလဲလာတာမို့ ရာသီအလိုက် ဂရုတစိုက် ဆောင်သင်၊့ရှောင်သင့်တဲ့ ဆံကေသာအကြောင်းတွေကို ဆံကေသာ ချစ်မြတ်နိုးကြတဲ့ ရွှေမြန်မာမလေးများ ဗဟုသုတရရှိစေရန် ဘာသာပြန် ဝေမျှလိုက်ပါတယ်။
၁)နွေရာသီ

နွေရာသီမှာ နွေနေပူပူက နေ လာတဲ့ ခရမ်းလွန်ရောင်ခြည်တွေ နဲ့ ပူလို့ ထွက်လာတဲ့ ခေါင်းက ချွေးငွေ့တွေဟာ ဆံပင်ကို အလွန်ပျက်စီးစေပါတယ်။

  • ပထမဆုံးအရေးကြီးတဲ့ အချက်ကတော့ ရေဓာတ်အရမ်းဆုံးရှုံး တဲ့ နွေရာသီမှာ ရေများများသောက်ပေးမှ ဆံပင်ခြောက်တာတွေ ကို ကာကွယ်နိုင်ပါမယ်။
  • နွေရာသီမှာ သုံးတဲ့ Conditioner ဟာ Sunscreen ပါတဲ့ Conditioner မျိုးကို အသုံးပြုသင့်ပါတယ်။
  • ဆံပင် အခြောက်ခံရာမှာ Leave-in Hair Cream, Leave-in Hair Lotion, Leave-in Conditioner တို့ကို သုတ်လိမ်းပြီးမှသာ အခြောက်ခံသင့်ပါတယ်။
  • နွေရာသီမှာ ရေကူးလေ့ရှိတဲ့ ပျိုမေတွေအတွက် ရေကူးအပြီး ဆံပင်လျှော်ရာမှာ သာမာန်လျှော်တာထက် ပိုပြီး ဂရုစိုက်သင့်ပါတယ်။ ရေကူးကန်ထဲက ကလိုရင်းဓာတ်တွေ ဆံပင် ဦးရေပြားထဲ ကျန်မနေအောင် Clarifier ခေါင်းလျှော်ရည် အပြင်းစား ကို သုံးသင့်ပါတယ်။ ခေါင်းလျှော်ရည်အပြင်းစား ဆိုသည့်အတိုင်း ခဏခဏ လျှော်ဖို့မသင့်တဲ့ ခေါင်းလျှော်ရည်ဆိုတာကို တော့ သတိပြုသင့်ပါတယ်။
၂)ဆောင်းရာသီ

ဆောင်းရာသီ မှာ ဆံကေသာဟာ အပြင်က ခြောက်သွေ့တဲ့ လေအေးနဲ့ ထိတွေ့ လိုက်  ကိုယ့်အခန်းထဲက လေနွေးနဲ့ ထိခိုက်လိုက် နဲ့ ဆံပင်ဟာ ပျက်စီးဖို့ အလွန် လွယ်ကူပါတယ်။
  • ဆံပင်ခြောက်သွေ့ခြင်း အများဆုံးဖြစ်တဲ့ ဆောင်းရာသီမှာ  Hair Coat  လို အဆီမျိုးကို ဆံပင်ပေါ်မှာ တစ်ပတ် ၂ ခါ သို့ ၃ ခါ ဂရုတစိုက်လိမ်းပေးရမယ့် ရာသီဖြစ်ပါတယ်။
  • စိုနေတဲ့ဆံပင်နဲ့ အပြင်ကလေအေးကို ပေးတွေ့မယ်ဆိုရင် ဆံပင်ဟာ ကျွတ်ဆတ်ပြီး ပိုမိုလွယ်ကူစွာ ပျက်စီးနိုင်လို့ ဆံပင် အစိုနဲ့ အပြင်မထွက်သင့်ပါဘူး။
  • ဆောင်းရာသီမှာ တော့ “Replenish” ဆိုတာပါတဲ့ ခေါင်းလျှော်ရည်နဲ့ conditioner ကို ရွေးဝယ်သုံး သင့်ပါတယ်။ ဆံပင်ကို အစိုဓာတ် အပြည့်အ၀ပေးနိုင်လို့ပါ။
  • ဆောင်းရာသီမှာ ဆံပင်အပူချောင်းသုံးပြီးကောက်ခြင်း ဖြောင့်ခြင်းများဟာ ခြောက်သွေ့ပြီးသားဆံပင်ကို ပိုမိုပျက်စီးစေတာမို့ တတ်နိုင်သလောက် ရှောင်ရမယ့်အချိန်လည်းဖြစ်ပါတယ်။
  • ဆောင်းရာသီမှာ ဖြစ်လေ့ရှိတဲ့ အအေးပတ်ခြင်း၊ တုပ်ကွေးမိခြင်းများဖြစ်ပါက ဆံပင်ကို ပိုမို ကျွတ်စေပြီး အဆိုးဝါးဆုံးပျက်စီးစေတာမို့ အဖျားမမိအောင် ကျန်းမာရေး ဂရုစိုက်ခြင်းဟာ ဆံပင်အလှအပကို အထိရောက်ဆုံး ကာကွယ်နည်းဖြစ်ပါတယ်။
၃)မိုးရာသီ

စိုစွတ်တဲ့ လေကြောင့် ဆံပင်ဟာစိုထိုင်းထိုင်း ဖြစ်နေတဲ့ မိုးရာသီမှာတော့ ဆံပင်အကျွတ်များမယ့် အချိန်လည်းဖြစ်ပါတယ်။
  • ဒီရာသီမှာ ခေါင်းလျှော်ရည် ၊ Conditoner အပြင်းစားတွေ မသုံးဘဲ အပျော့စား တွေကိုသာ သုံးပြီး ပုံမှန်လျှော်ရမယ့်အချိန်ဖြစ်ပါတယ်။
  • မိုးရာသီမှာ အေးလို့ ရေသောက်ဖို့ မေ့လို့မဖြစ်ပါဘူး။ ဘယ်ရာသီပဲ ပြောင်းပြောင်း ကိုယ်သောက်ရမယ့်ရေပမာဏ ထက် မလျော့နည်းအောင် ဂရုစိုက်ခြင်းဟာ ဆံကေသာအတွက် များစွာ အထောက်အကူပြုနိုင်ပါတယ်။
  • ပရိုတင်းဓာတ်ပါတဲ့ အစားအစာ နဲ့ အသီးအနှံ အရွက်များများစားပေးပြီး ဆံပင်အားကို များများဖြည့်ပေးမှ ဆံပင်အကျွတ်နည်းပါလိမ့်မယ်။
Reference Links : http://haircarefacts.com
ပျိုမေတို့ ဆံကေသာ အလှကို ရာသီအလိုက် အမြတ်တနိုး ထိန်းသိမ်းဂရုစိုက်နိုင်ကြပါစေ။
ကဗျာ။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .