Social Icons

Thursday, January 10, 2013

KIO ကို နိုင်ငံရေး ဇာတ်ခုန်ပေါ် ရောက်မလာရေး တွန်းပို့ ခြင်းသာဖြစ်တယ်။

 
အပစ် အခတ် မရပ်ချင်တာ ကေအိုင်အေ မဟုတ်ပါဘူ... တခြား လက်နက်ကိုင် အဖွဲ့တွေက အပစ်ရပ်ပြီး ကေအိုင်အေ ပဲ မရပ်ချင်သယောင် အစိုးရ အနေနဲ့ တမင် ဒီလို ဇာတ်ထွင်ခဲ့တာ နိုင်ငံတကာ လေ့လာသူတွေအားလုံး သိနေပါတယ်။ ကေအိုင်အေ ဟာ ၁၉၉၄ အပစ်ရပ်ကတည်းက နိုင်ငံရေး ဆွေးနွေးပြီး ဖက်ဒရယ် ဖြစ်ပေါ်လာရေး ကြိုးစားခဲ့တာဖြစ်တယ်။ အစတုန်းက အခု KNU ကို ကြိုဆိုသလို ကြိုဆိုခဲ့တာပဲ။ တကယ်တော့ KNU ကို တိုက်ဖို့ ကေအိုင်အေ ကို အချိုသပ်ထားခဲ့တာပါ။

ကေအိုင်အေဟာ အခုထိ ခုခံစစ် ဆင်နွဲနေတာပါ။ မီဒီယာ အားလုံးသိပါတယ်။ လွတ်လွတ်လပ်လပ် သတင်းယူနေကြတာပါ။ အစိုးရ စစ်တပ်ဖက်မှာသာ သတင်းလိုက်ခွင့်မရတာ သူတို့မှာ အကြောင်းရှိပါတယ်။

အစိုးရ ရဲ့ သတင်းထုတ်ပြန်ချက်အားလုံးကို သုံးသပ်ကြည့်ခြင်းအားဖြင့်လဲ ကေအိုင်အေ ဟာ ခုခံ စစ် ဖြစ်တယ် ဆိုတာ စစ်ရေး အကဲခတ်များ ပြောကြပါတယ်။


KNU နဲ့ KIA ကြားမှာ အရင်တုန်းက မဟာမိတ် စစ်တပ် ဆိုပြီး တိုင်းရင်းသား လက်နက်ကိုင် အားလုံးကို စုစည်းနိုင်တဲ့ အထိ အင်အားရှိခဲ့ပြီး ဖက်ဒရယ် အတွက် အားလုံး တိုက်ပွဲဝင်မယ် ဆိုတဲ့ ဆုံးဖြတ်ချက် အတူချခဲ့ပါတယ်။ ဒါကို စစ်အစိုးရ ရဲ့ မဟာဗျူဟာအရ ဒီ အင်အားကြီး နှစ်ဖွဲ့ကို ခွဲတိုက်နေတာဖြစ်တယ်။ နိုင်ငံရေး အပြောင်းအလဲ အတွက် တွန်းအား အကောင်းဆုံး အဖွဲ့ကို ဖြိုနေခြင်းသာ ဖြစ်ပါတယ်။

တကယ်တော့ စစ်တပ်ရဲ့ သဘောတရားမှာ နိုင်ငံရေး အစစ်အမှန် ပြောင်းလဲဖို့ အစီအစဉ် မရှိပါဘူး။ စစ်တပ်ရဲ့ အခန်း ကဏ္ဍ ထာဝရ ချုပ်ကိုင်ထားမှု သာ ဖြစ်တယ်။ အခုလုပ်ထားတဲ့ နိုင်ငံရေး အပြောင်းအလဲ ဆိုတဲ့ အခင်းအကျင်းဟာလဲ တကယ်တမ်း လက်တွေ့ ဖြစ်လာစရာ အကြောင်းမရှိဘူး...စစ်ခေါင်းဆောင်တိုင်းက ၂၀၀၈ အခြေခံ ဥပဒေ ကို ပြင်ဆင်ဖို့ ဆန္ဒ လုံးဝမရှိပါဘူး။ ပိုဆိုးတာက ဦးပိုင် ကုမ္ပဏီ လို စစ်တပ် ခေါင်းဆောင်ပိုင်း အကျိုးအမြတ် များများ ရနိုင်တဲ့ စီးပွါးရေး ဟာလဲ ရှိနေတယ်။ 


ဖက်ဒရယ် လုပ်ခြင်း နဲ့ ဦးပိုင် အကျိုးစီးပွါးဟာ ပြောင်းပြန် အကျိုးသက်ရောက်မှု ရှိနေပါတယ်။

ခွဲထွက်ရေး ကို ကြောက်လို့၊ ဒါမှ မဟုတ် တရုတ် သြဇာခံ ဖြစ်သွားမှာ ကြောက်လို့ တိုက်မယ် ဆိုရင် ၀ အဖွဲ့ကို အရင် တိုက်ရမှာပါ။ ဒါပေမယ့် ၀ အဖွဲ့ဟာ တနိုင်ငံလုံး နဲ့ ဆိုင်တဲ့ နိုင်ငံရေး စကား မပြောဘူး။ သူတို့ နယ်အတွက် သီးသန့် ပဲ လုပ်တယ်။ ကေအိုင်အေ ဟာ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ နိုင်ငံရေး အခင်းအကျင်း အတွက် စကားတွေ ပြောခဲ့လို့ တိုက်နေတာဖြစ်တယ်။

ရှင်းရှင်းပြောရရင် လက်ရှိ စစ်ခေါင်းဆောင်များဟာ ဖက်ဒရယ် အင်အားစုများကို ပစ်မှတ်ထား ခွဲတိုက်နေခြင်းဖြစ်ပါတယ်။

တကယ်တော့ ကေအိုင်အေ ကို အမြစ်ပြတ် ချေမုန်းရေး ဆိုတာထက် ကေအိုင်အေ နိုင်ငံရေး ဇာတ်ခုန်ပေါ် ရောက်မလာရေး တွန်းပို့နေတာ ဖြစ်ပါတယ်။
(duwa kachin)

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .