Social Icons

Thursday, January 17, 2013

ဇန်န၀ါရီလ(၁၅)ရက် ခယာတောင်တိုက်ပွဲသတင်း

  • မနက် ၉ နာရီခွဲ မှ ၁၀ နာရီခွဲအကြား တပ်မ(၈၈)လက်အောက်ခံ ခမရ(၄၁၆)တပ်ရင်း၏ အထူးကွန်မန်ဒို တပ်ဖွဲ့တို့သည် ခယာဘွမ်(Hka ya Bum) သို့ လျှပ်တပြက်ထိုးစစ်ဆင်လာခဲ့ရာ KIA တပ်ဖွဲ့က တွန်းလှန် တိုက်ခိုက်ခဲ့သဖြင့် ကွန်မန်ဒိုတပ်ဖွဲ့များ ထိခိုက်ကျဆုံးများကို ပရမ်းပတာဆုတ်ခွာထွက်ပြေးခဲ့ရကြောင်း သိရှိသည်။
  • မနက် ၁၀ နာရီ မှ မွန်းလွဲ ၁ နာရီခွဲအထိ လဂျားယန် လုံရောက်(Lung Rawk)တပ်စခန်းမှ 7.62 Machin Gun ဖြင့် လဂျားယန် KIA တပ်စခန်းသို့ ပစ်ခတ်နေခဲ့ကြောင်း သိရှိရသည်။
  • ခရာဘွမ်တ၀ိုက် မြေပြင်တိုက်ပွဲပြင်းထန်လျက်ရှိစဉ် မြန်မာအစိုးရတပ်ဖွဲ့များ ထိခိုက်ကျဆုံးမှုများလာသဖြင့် မွန်းလွဲ ၁ နာရီခွဲတွင် Jet Fighter(၂)စင်း လာရောက်၍ ဒုံးကျည်ပစ်ခတ်၊ ဗုံးကျဲခြင်း ပြုလုပ်ခဲ့သည်။ ညနေ ၃ နာရီ ၄၀ မိနစ်အချိန်တွင်လည်း Jet Fighter(၃)စင်းဖြင့် ထပ်မံလာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ မြေပြင်တွင် တပ်မ(၁၀၁)လက်အောက်ခံတပ်ရင်းများဖြင့် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရှိရသည်။
  • ညနေ ၂ နာရီ မှ ၃ နာရီအကြား ခလရ(၂၅၉)တပ်ဖွဲ့တို့သည် ခယာဘွမ်(Hka ya Bum) စခန်းသို့ တောင်ဖက်မှာ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာ KIA တပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့သဖြင့် ထိခိုက်ကျဆုံးမှုများစွာ ဖြင့် တပ်ဆုတ်ပြေးခဲ့ကြောင်း သိရှိရသည်။ ယင်းတိုက်ပွဲတွင် 7.62 Machin Gun (၁)လက်၊ MA-1 သေနတ် (၅)လက် နှင့် ကျည်များကို သိမ်းဆည်းရကြောင်း သိရှိရသည်။
  • မွန်းလွဲ ၂ နာရီအချိန်တွင် ခယာဘွမ်စခန်းသို့ အနောက်ဖက်မှ ထိုးစစ်ဆင်လာသော တပ်မ(၁၀၁) လက်အောက်ခံ ခလရ(၂၅၈) (၂၅၉) တပ်ဖွဲ့ကို KIA တပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့သဖြင့် ထိခိုက်မှုများစွာဖြင့် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။
  • ညနေ ၄ နာရီ မှ ၇ နာရီအကြား ခယာဘွမ်စခန်းသို့ ထပ်မံ၍ ထိုးစစ်ဆင်လာသော ခမရ(၃၈၂) (၃၈၈) တပ်ဖွဲ့များနှင့် KIA တပ်ဖွဲ့ကြား အနီးကပ်တိုက်ပွဲဖြစ်ပွားကြောင်း သိရှိရသည်။
  • ဒေါ့ဖုန်းယန်၊ ခန်းကိုင်တောင်အခြေချ အမြောက်တပ်ရင်းမှ ခယာဘွမ် KIA တပ်စခန်းဘက်သို့ ၁၀၅ မမ ဖြင့် ၎င်း၊ မန်တဲကျေးရွာဘက်မှ ၁၂၀ မမ ဖြင့်၎င်း၊ ဘွမ်ရေ(Bum Re Bum)တပ်စခန်း၊ တိဘက်တပ်စခန်း၊ ၀ိုင်းမော်တပ်စခန်းများမှ ၈၁ မမ၊ ၆၀ မမ စိန်ပြောင်း၊ အမြောက်များဖြင့် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .