Social Icons

Monday, January 14, 2013

ကချင်ဒုက္ခသည်များ လက်ခံရန် ယူနန် ပြင်ဆင်ထား

လတ်တလော စစ်ပွဲများဖြစ်ပွားနေသည့် ကချင်ပြည်နယ်မှ ထွက်ပြေးလာမည့် ဒုက္ခသည်များအား လက်ခံနိုင်ရန် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက ဒုက္ခသည် စခန်း ၄ ခုကို ပြင်ဆင်ထားကြောင်း The Global Times သတင်းစာက ဖော်ပြသည်။ အရေးပေါ် ကူညီရေး ပစ္စည်းများကိုလည်း စခန်းများတွင် ပြင်ဆင်ပေးထားကြောင်း၊ အဆိုပါ ဒုက္ခသည် စခန်းများတွင် ဒုက္ခသည် ၁ သောင်း ကျော်ကို လက်ခံနိုင်ကြောင်း သိရသည်။ ယနေ့နံနက် ၈ နာရီက လိုင်ဇာမြို့ရှိ ခကျန် ရပ်ကွက်အတွင်း အစိုးရတပ်ဘက်မှ လက်နက်ကြီး ကျည်ဆန် ၂ လုံး ကျရောက်ရာ ၁ ဦးပွဲချင်းပြီး သေဆုံးပြီး ဒဏ်ရာရသူ ၅ ဦးအနက် ၂ ဦး ထပ်မံသေဆုံးသည်။
(irrawaddy)

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .