Social Icons

Monday, January 14, 2013

အစိုးရဘက်မှ လက်နက်ကြီးကျည်ဆန်များ လိုင်ဇာ ရပ်ကွက်အတွင်း ထိမှန်၊ ၃ ဦးသေ

အစိုးရစစ်တပ်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်ဆန်များ လိုင်ဇာမြို့တွင်း ခကျန် ရပ်ကွက်ထဲသို့ ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသား ၁ ဦးသေဆုံးပြီး၊ ကလေး ၃ ဦး၊ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ပထမအကြိမ် ပစ်ခတ်မှုတွင် မီးလှုံနေသည့် မိသားစုအနီး ကျရောက်ပေါက်ကွဲပြီး အမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ကလေး ၂ ဦးနှင့် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦး ဒဏ်ရာရခြင်းဖြစ်ကြောင်း၊ ဒုတိယအကြိမ် ပစ်ခတ်မှုတွင် နေအိမ်ပေါ် တိုက်ရိုက်ကျခဲ့ပြီး အိမ်ထဲမှ ကလေးတဦး ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း သိရသည်။ နောက်ဆုံး ရရှိသည့် သတင်းများအရ ဒဏ်ရာ ရသူများကို ဆေးရုံပို့ရာ ၂ ဦး ထပ်မံသေဆုံးပြီး ကလေး၁ ဦး၊ လူကြီး ၁ ဦးဖြစ်ကြောင်း သိရသည်။
(irrawaddy)

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .