ဇန်န၀ါရီလ(၁၆)ရက်နေ့
မွန်းလွဲ(၃)နာရီအချိန်တွင် ဖားကန့်မြို့ ဗျူဟာကုန်းမှနေ၍
မော်ဝမ်းကျေးရွာရှိ နှစ်ခြင်းခရစ်ယန်အသင်းတော်၏
ဘုရားရှိခိုးဆုတောင်းကျောင်းဆောင်အား လက်နက်ကြီးဖြင့်ပစ်ခတ်
ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ ၎င်းအချိန်တွင် ယင်းဆုတောင်းကျောင်းဆောင်၌
မည်သူမျှမရှိခိုက်ဖြစ်သဖြင့် လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။
ယင်းကျောင်းဆောင်တွင် အသင်းသားများ ၂၄ နာရီမပြတ် ဆုတောင်းခြင်းအစီအစဉ်
ပြုလုပ်လေ့ရှိသည်ကို မနှစ်သက်သဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း
သိရှိရသည်။ ဘုရားရှိခိုးကျောင်းဆောင်သို့ လွန်ခဲ့သည့် ၂၀၁၂
ခုနှစ်ကုန်ပိုင်းတွင်လည်း လက်နက်ကြီးများပစ်ခတ်မှု ရှိခဲ့သေးသည်။
Thursday, January 17, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment