Social Icons

Thursday, January 10, 2013

မွန်ပြည်နယ်ရှိ လက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြား လူငယ်တစ်ဦးထိမှန် သေဆုံး

သတင်း - လွတ်လပ်သော မွန်သတင်းအေဂျင်စီ
မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ထားဝယ်ခရိုင်ရှိ ကျေးရွာအချို့တွင် နိုင်အလွန်နှင့်အစောင်း ဦးဆောင်သော လက်နက်ကိုင်အဖွဲ့တဖွဲ့က နှစ်စဉ်ကြေးကောက်ခံစဉ် မွန်ပြည်သစ်ပါတီနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ လူငယ်တစ်ဦး လက်နက်ထိမှန်ပြီး သေဆုံးသွားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
လွန်ခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့က ထိမှန်ခဲ့ခြင်းဖြစ်ပြီး “သေဆုံးသွားတဲ့ကောင်လေးက နှစ်စဉ်ကြေးသွားပေး ရင်း ပစ်သတ်ခံရပြီးတော့ မော်လမြိုင်ဆေးရုံကို အရေးပေါ်တင်လိုက်တယ်၊ အဲမှာဆေးကုသရင်းနဲ့သေဆုံးသွား တယ်” ဟု ဒေသခံတဦးက ပြောသည်။
သေဆုံးသူလူငယ်မှာ တနင်္သာရီတိုင်း ရေဖြူမြို့နယ် အလယ်စခန်းရွာနေ အမိ ဒေါ်မိမိဝင်းနှင့် နိုင်ငြိမ်းတို့၏သား အသက် ၁၇ နှစ်ရှိ မင်းအောင်ဒိန်းဖြစ်၍ တောင်းခံငွေသွားရောက်ပို့ဆောင်စဉ် ငွေကောက်ခံသည့်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တို့ တိုက်ပွဲဖြစ်ပွားရာမှ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဇန်နဝါရီလ ၃ ရက်နေ့က မော်လမြိုင်မြို့၌ သေဆုံးခဲ့ခြင်းဖြစ်သည်။
နှစ်စဉ်ကြေးကောက်ခံသော အဖွဲ့ဝင် ၁၀ ဦးရှိ လက်နက်ကိုင် “နိုင်အလွန်နှင့် အစောင်း” အဖွဲ့နှင့်မွန်ပြည်သစ် ပါတီ ထာဝယ်ခရိုင်မှ တပ်သား ၁၃ ဦးတို့သည် ၂၀၁၂ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင်တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟုလည်း မွန်ပြည်သစ်ပါတီ ထာဝယ်ခရိုင် အရာရှိတစ်ဦးက ပြောသည်။
အထက်ပါ ထိခိုက်သေဆုံးသူကလေးငယ်ကိစ္စအား မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ပြီး ထိုကလေးငယ် အသက်ဆုံးရှုံးမှုအပေါ် သင့်လျော်သော နစ်နာကြေးများအတွက် မိမိတို့အနေဖြင့် မကြာမီဆုံးဖြတ်ချက်တရပ်ချမှတ်ပေးရမည်ဟု မွန်ပြည်သစ်ပါတီ ထာဝယ်ခရိုင် ဥက္ကဌ နိုင်ဗညားလယ်က ပြောသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .