Social Icons

Wednesday, January 16, 2013

အသက်စွန့်ပြီးစစ်ခွေးခေါ်ခံရတဲ့ဘဝကနေကင်းလွတ်ပါစေ။

ဒီနေ့မနက်က မကွေးမြသလွန်ဘုရားပေါ်မှာတွ့ခဲ့ရတဲ့ ကန်တော့ပွဲပါ။ရှေ့တန်းသွားသူများအတွက်ကျန်ခဲ့တဲ့မိသားစုများကဆုတောင်းကုသိုလ်ပြုပေးထားတာပါ။
ကျဆုံးသတင်းရောက်မလာပါစေနဲ့ဆိုပြီးနေ့တိုင်းဆုတောင်းရတဲ့ဘဝကနေအမြန်ကင်းလွတ်ပါစေ။ အသက်စွန့်ပြီးစစ်ခွေးခေါ်ခံရတဲ့ဘဝကနေကင်းလွတ်ပါစေ။
(Sunny Man မှ Jan. 15, 2013 နေ့ တင်ထားသော ဓါတ်ပုံ နဲ့ စာ ကို ကူးယူတင်ပြပါသည်)

++++++++++++++++++++

ထိုးစစ်မဆင်ပါဘူး... ဆိုတဲ့ သမ္မတ နဲ့ ကာချုပ်တွေရဲ့ စကား နဲ့ ဒီ မကွေးက တပ်မ တွေ ကချင်ပြည်ရောက်လာတာ ပြောင်းပြန်သဘော တက်ရောက်တယ်။ ထိုးစစ်မဆင်ဘူး ဆိုရင် ဘာသွားလုပ်ဖို့တက်သွားခိုင်းတာလဲ.. သွားအသေခံခိုင်းဖို့လား....

စကားမစပ် ပြောရအုံးမယ်...
၂၀၁၁ ဇွန်လ တိုက်ပွဲ မတိုင်မှီ ၂၀၁၀ မှာ သမ္မတ ဦးသိန်းစိန် က ၀န်ကြီးချုပ်ရာထူးနဲ့ ပူတာအို မှာ လူထု ရှေ့ ပြောခဲ့တဲ့ စကား ရှိပါတယ်။ နယ်ခြားစောင့်တပ် လက်မခံ တဲ့ ကေအိုင်အေ ကို ရွေးကောက်ပွဲ ပြီးတဲ့ နောက် အမြစ်ပျက် တိုက်မယ် ဆိုပြီး ကျူးံဝါးခဲ့တယ်။ (သူ သမ္မတ ဖြစ်လာမယ် ဆိုတာ ကျိန်းသေ တွက်ထားပုံပါ။)


၂၀၁၁ ဇွန်လ ၉ ရက်မတိုင်မှီ ဒီ တပ်မ ၈၈ တွေ ကချင်ပြည်ရောက်လာတယ်။ ပြီးတော့ တိုက်တယ်။ ၂၀၁၁ ဒီဇင်ဘာလ မှာတော့ မတိုက်ဖို့ အမိန့်ထုတ်တယ် လို့ ပြောတယ်။ သို့သော် တရားဝင်ထုတ်ထားတဲ့ အမိန့်စာ မတွေ့ဘူး။ (ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ကေအိုင်အေ က အဲဒီ အထောက်အထားတောင်းတာ မပြနိုင်ခဲ့ဘူး။)

ပြီးတော့ တိုင်းမှူးက စစ်သား ငါးသောင်း လောက်ကတော့ ထိုးကျွေးပြီး လိုင်ဇာ သိမ်းလိုက်မယ်.. ဘာမှတ်လဲ ဆိုပြီး ကျူံးဝါးထားတော့ ရှေ့တန်းရောက်နေတဲ့ စစ်သားတွေ တော်တော် ကြောက်သွားတယ်။ သူတို့ခင်မျာ ထိုးကျွေးတဲ့ စာရင်းထဲများ ပါသွားပြီလား ဆိုပြီး ကြောက်ခဲ့ရတယ်။

ဟုတ်လဲ ဟုတ်နေပါတယ်။ ၂၀၁၁ ဇွန်လ ၉ ရက်ကနေ ယနေ့ထိ ဆုံးသွားတဲ့ တပ်မတော်သား တွေ နဲ့ အဖမ်းခံရတဲ့ တုန့်ပန်းကိစ္စ ဘာမှ အရေးတယူ လုပ်ပေးတာ မတွေ့ရပါ။ ထိုးကျွေးလိုက်တဲ့ သဘောလို့ မြင်ပါတယ်။

အခုလောလောဆယ်တော့ တိုင်းရင်းသား စစ်သား (ချင်း၊ ရခိုင်၊ ရ၀မ် နဲ့ ရှမ်း ပြည်သူ့စစ်) များကို ရှေ့တန်းမှာ ထိုးကျွေးနေတယ် လို့ သိရပါတယ်။
(duwa kachin)

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .