
In သတင်း
By KNG
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO) က ပဒန်ကောင်(Padang Kawng) ဟု အမည်ပေးပြီး၊ အိမ်ခြေ ၄၀ ရှိသော ရွာသစ်ကို မေ ၂၆ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်းသိရသည်။
ထိုရွာသစ်တွင် KIO/KIA တော်လှန်ရေး အမှု့ထမ်း မိသားစုများ နေထိုင်မည်ဖြစ်ပြီး၊ နေထိုင်မည့်မိတားစုများကို ကော်မတီ မှရွေးချယ် ဆုံးဖြတ်ပေးသွားမည်ဖြစ်သည်ဟု KIA တပ်ရင်း (၆) အရာရှိတစ်ဦးပြောသည်။
ပဒန်ကောင်ကျေးရွာသစ်သည် ဖားကန့်မြို့နယ် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆)၏ ထိန်းချုပ်နယ်မြေဖြစ်သော ဥရုချောင်းအနီး၊ အာလူးမှော်နှင့် ဂေါက်ကွင်းကြားတွင် တည်ရှိကြောင်းသိရသည်။
ရွာသစ်တွင် အိမ်သစ် ၄၀ အပါအ၀င် အိမ်သာ၊ ရေတွင်း နှင့် မူကြိုကျောင်း တစ်ကျောင်းကိုလည်း ဆောက်လုပ်ပေးထားသည်ဟု KIA အရာရှိတစ်ဦးပြောသည်။
KIA တပ်ရင်း ၆ ၏ စီမံမှုအောက် ရွာသစ်ဆောက်လုပ်ခြင်း ကုန်ကျစရိတ်ကို ဖားကန့် ဒေသခံအချို့နှင့် ကျောက်စိမ်းလောပန်းများ ထည့်ဝင်ကြသည်ဟု ယင်းအရာရှိက ဆက်ပြောသည်။
ရွာသစ်ဖွင့်ပွဲသို့ ဒေသခံပြည်သူများ၊ ကျောက်စိမ်းလောပန်းများ နှင့် KIA အရာရှိများ တက်ရောက်ပြီး ဂင်ဆီ (Ginsi) ဂိုဏ်းပေါင်းစုံ ကချင် ခရစ်ယာန်အသင်းတော်များမှ ဆရာများ ဆုတောင်းဖွင့်လှစ်ပေးခဲ့ကြောင်း
ယခုချိန် မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)
No comments:
Post a Comment